အခန်း (၆၀၃-၆၀၄)
Vol. 61 Ch. 603-604
အခန်း ၆၀၃ - နှင်းပြိုခြင်း
မသေမျိုးချင်မျိုးနွယ်စု ဘိုးဘေးသည် ချင်နယဲ့ကို စိုက်ကြည့်ရင်း အချိန်အတော်ကြာ တိတ်ဆိတ်နေသည်။
ခဏအကြာမှ သူက နှုတ်ဖွင့်ပြောဆိုလာသည်။
"ဘာလို့ ဒါကို လုပ်ခဲ့တာလဲ"
ချင်နယဲ့က ခေတ္တမျှ တိတ်ဆိတ်နေပြီးမှ ပြန်ဖြေသည်။
"ဘိုးဘေး ချင်ဖုန်းရဲ့ ဝိညာဉ်ကို ကြေမွစေပြီး သံသရာလမ်းကို ဖြတ်တောက်ပစ်ရမယ်လို့ ပြောခဲ့တာ ဘိုးဘေးကိုယ်တိုင် မဟုတ်လား"
"ဟုတ်တယ် ငါ အဲဒီလို ပြောခဲ့တာ မှန်တယ် ဒါပေမဲ့ အခုတော့ ငါ့ရည်ရွယ်ချက်က အောင်မြင်သွားပြီ"
"ငါတို့ ချင်မျိုးနွယ်စုနဲ့ လန်ယာမျိုးနွယ်စုဟာ စစ်ဖြစ်တော့မယ် နောက်ခြောက်လအတွင်းမှာ ငါဟာ လန်ယာမျိုးနွယ်စုရဲ့ ဘိုးဘေးဘုရားကျောင်းထဲမှာ ခြေချနိုင်စေရမယ်"
ချင်ဘိုးဘေးက တည်ငြိမ်စွာ ဆိုသည်။
"ချူလန်က နေမင်းအသီးကို ရှာတွေ့ခဲ့တာပဲ ကျိုးကြောင်းဆီလျော်မှုအရ ကြည့်ရင်တော့ ချင်ဖုန်းကို အသက်ရှင်ခွင့် ပေးသင့်တယ်"
"ဒါပေမဲ့ အဲဒီ နေမင်းအသီးက မူလက ဘိုးဘေးရဲ့ ပစ္စည်းပဲလေ"
ချင်နယဲ့က အသံတိုးတိုးဖြင့် ဆိုသည်။
ဘိုးဘေးက နေမင်းအသီးကို ထုတ်ယူကာ ခေတ္တမျှ စစ်ဆေးပြီးနောက် ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
"ငါ့ပစ္စည်း ဖြစ်နေရင်ရော ဘာဖြစ်လဲ ဒီအသီးကို သူတို့က မင်းဆီကနေ ရအောင်ယူသွားနိုင်တယ်ဆိုကတည်းက မင်းက မသတိမထားမိခဲ့လို့ပဲ မင်းရဲ့ ဒီအကွက်က ရှုံးနိမ့်သွားပြီ"
သူက ဆက်ပြောသည်။
"ချင်ဖုန်းကို အရေးကြီးတဲ့ တာဝန်တွေ ပေးလို့ရ မရ စမ်းသပ်ကြည့်ဖို့ မင်း ငါ့ကို အကြံပေးခဲ့တယ် သူကတော့ ငါ့ကို စိတ်ပျက်အောင် လုပ်ခဲ့တာပေါ့"
" ဒီအသီးသာ မရှိခဲ့ရင် သူက နှိပ်စက်ခံရပြီး ဝိညာဉ်ပါ ကြေမွသွားမှာ ဒါက မျိုးနွယ်စုထဲက လူငယ်တွေအတွက် သတိပေးချက်တစ်ခု ဖြစ်သွားတာပေါ့"
ဘိုးဘေးက ချင်နယဲ့ကို ကြည့်ကာ ပြုံးလိုက်သည်။
"နှမြောစရာကောင်းတာက မင်းက ချူလန်ကို လျှော့တွက်ခဲ့တာပဲ ဒါကြောင့် သူမက ချင်ဖုန်းကို ကယ်ဖို့ နည်းလမ်းရှာနိုင်ခဲ့တာ"
" ဒီလို ရှုံးနိမ့်မှုက ဘာမှ မဟုတ်ပါဘူး မင်းက မင်းရဲ့ ကျင့်ကြံခြင်းနဲ့ အပြာရောင်တာအိုနယ်မြေ ရဲ့ ကိစ္စတွေကိုပဲ အာရုံစိုက်ပါ"
"အခုလက်ရှိ နယ်စားမင်း က ဘာအရည်အချင်းမှ မရှိတော့ဘူး ငါတို့ လန်ယာမျိုးနွယ်စုကို အောင်နိုင်ပြီး အာဏာကို စုစည်းနိုင်တာနဲ့ နယ်စားမင်း ရာထူးက ငါ့ဆီ အလိုလို ရောက်လာမှာပဲ အဲဒီအချိန်ကျရင် မင်းက ဒီမျိုးနွယ်စုရဲ့ နောက်မျိုးဆက် ခေါင်းဆောင် ဖြစ်လာမှာပဲ"
ဘိုးဘေးက နေမင်းအသီးကို ချင်နယဲ့ဆီ ပစ်ပေးလိုက်ပြီး လက်ခါပြကာ
"ပြန်ပြီး ပြင်ဆင်ထားတော့ ဒီစစ်မြေပြင်ဟာ မင်းရဲ့ စင်မြင့်ထက် ဖြစ်လာလိမ့်မယ် ငါ မင်းကို စစ်ဗျူဟာကျတဲ့ နေရာတစ်ခုနဲ့ မျိုးနွယ်စုရဲ့ အထူးတပ်ဖွဲ့အချို့ကို ကွပ်ကဲဖို့ ပေးမယ်"
ဟု ဆိုသည်။
"ကျွန်တော် နှုတ်ဆက်ပါတယ်"
ချင်နယဲ့က အသီးကို ယူကာ လက်အုပ်ချီ ဦးညွှတ်ပြီး ထွက်သွားတော့သည်။
ဖန့်ချန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
ချင်မျိုးနွယ်စု ဘိုးဘေးသည် လန်ယာမျိုးနွယ်စုကို အလွယ်တကူ သိမ်းပိုက်နိုင်မည်ဟု ယုံကြည်နေပုံရသည်။
သူ၏ တကယ့်ရည်မှန်းချက်မှာ ဝိညာဉ်သွေးဆေးလုံး မဟုတ်ဘဲ နယ်စားမင်း ရာထူး ဖြစ်နေသည်။
ဆိုလိုသည်မှာ ချင်မျိုးနွယ်စု ဘိုးဘေးသည် ဝိညာဉ်သွေးဂိုဏ်းဝင် တစ်ဦး မဟုတ်နိုင်ပေ။
သူသည် လာမည့်စစ်ပွဲနှင့် ပတ်သက်ပြီး အမှန်တရားကို မသိဘဲ အရူးလုပ်ခံထားရခြင်း ဖြစ်နိုင်သည်။
ချင်နယဲ့သည် သူ၏ နေအိမ်သို့ ပြန်ရောက်လာရာ နကျော်လွှားနဂါး စစ်သူကြီး က စောင့်ကြိုနေသည်ကို တွေ့ရသည်။
"သခင်လေးချင်နယဲ့ အစည်းအဝေးမှာ သခင်လေးရဲ့ စိတ်တွေ မတည်မငြိမ် ဖြစ်နေခဲ့တယ်နော်"
ကျော်လွှားနဂါးစစ်သူကြီးက အနက်အဓိပ္ပာယ်ပါပါ ပြောလိုက်သည်။
ချင်နယဲ့က ခေါင်းညိတ်လိုက်သည်။
"မှန်တယ် ချင်ဖုန်းလို ကောင်ကို ဖက်တွယ်နေမိတာ ငါ့အမှားပဲ အခုချိန်မှာ ချင်ဖုန်းက ငါ့အာရုံစိုက်မှုကို ခံရဖို့တောင် မတန်တဲ့ ပုရွက်ဆိတ်လေး တစ်ကောင်ပဲ"
"ဒါကို သခင်လေး နားလည်သွားတာ ဝမ်းသာပါတယ်"
"ဒါပေမဲ့ အဲဒီ ပုရွက်ဆိတ်ကိုရော ချူလန်နဲ့ ဖန့် ဆိုတဲ့ တစ်ယောက်ကိုပါ ငါ အစိမ်းလိုက် ဝါးစားချင်နေတုန်းပဲ"
ချင်နယဲ့က ဒေါသနှင့် ခံပြင်းမှုများ ပြည့်နှက်နေသော အသံဖြင့် ဆိုသည်။
"အဲဒါရော ပြဿနာရှိလား"
ကျော်လွှားနဂါးစစ်သူကြီးက ခေတ္တမျှ ဆွံ့အသွားပြီးမှ ပြုံးလျက်
"ဘာပြဿနာမှ မရှိပါဘူး သခင်လေးချင်နယဲ့က စမ်းသပ်မှုကို အောင်မြင်ပြီးသားပဲ နေမင်း ဝိညာဉ်ဘုရင် က ဒီသတင်းကို ကြားရင် တကယ်ကို ကျေနပ်မှာပါ"
"တကယ်တော့ အကုန်မပြီးသေးဘူး အဖိုးကြီးက ချင်မျိုးနွယ်စုက အသာစီးရနေတယ်လို့ ထင်နေတာ"
"ဒီနေမင်းအသီးက ပိုင်ချွမ်းမျိုးနွယ်စု ရဲ့ ဘိုးဘေးလက်ထဲ ရောက်သွားတာနဲ့ သူတို့က ငါတို့ဘက်ကနေ ရပ်တည်ပြီး လန်ယာမျိုးနွယ်စုကို ဆောင်းဦးလေပြေလို တိုက်ထုတ်ပစ်လိမ့်မယ်လို့ ထင်နေတာ"
ချင်နယဲ့က အသီးကို ကစားရင်း အထင်အမြင်သေးစွာ ပြုံးလိုက်သည်။
"သူက ငါရှုံးတယ်လို့ ပြောတာလား တကယ့်ကို ရယ်စရာပဲ တကယ်ရှုံးနေတာ သူကိုယ်တိုင်ပဲ"
"ကျွန်တော် ဘာလုပ်ပေးရမလဲ"
ကျော်လွှားနဂါးစစ်သူကြီးက တိုးညှင်းစွာ မေးသည်။
"ဒီအသီးကို ယူပြီး လန်ယာပါထျန်း ဆီ ပို့လိုက် သူ ဘာဆက်လုပ်ရမလဲဆိုတာ သိလိမ့်မယ်"
ချင်နယဲ့က အမိန့်ပေးလိုက်သည်။
"လန်ယာမျိုးနွယ်စုဆီ မသွားခင် အဲဒီ တာအိုတစ်ထာင် ဂိုဏ်း က လူကိုပါ ငါ့အတွက် ရှင်းပေးခဲ့ဦး"
"သခင်လေး ရှုပ်ထွေးမှုတွေ မဖြစ်အောင် အားလုံးပြီးမှ လုပ်ရင် မကောင်းဘူးလား"
စစ်သူကြီးက မျက်မှောင်ကြုတ်ကာ မေးသည်။
"ရှုပ်ထွေးမှု မင်းက ဝိညာဉ်သန္ဓေသားအဆင့် တစ်ယောက် ဖြစ်နေပြီးတော့ ရွှေအမြုတေအဆင့် လို့ ပြောထားတဲ့လူကို ရှင်းဖို့ ကြောက်နေတာလား မစိုးရိမ်နဲ့"
" မင်းကို ချင်မျိုးနွယ်စုထဲမှာ လုပ်ခိုင်းတာ မဟုတ်ဘူး မင်းမှာ သုံးရက် အချိန်ရှိတယ် အခွင့်အရေး မရရင် လန်ယာမျိုးနွယ်စုဆီသာ သွားတော့ သူ့ကို ခဏလောက် အသက်ဆက်ရှင်ခွင့် ပေးထားလိုက်မယ်"
ချင်နယဲ့က လှောင်ရယ်ရင်း ဆိုသည်။
စစ်သူကြီးက ခေတ္တစဉ်းစားပြီး ခေါင်းညိတ်လိုက်သည်။
"နားလည်ပါပြီ"
"ခဏနေဦး"
ချင်နယဲ့က လှမ်းခေါ်လိုက်ပြန်သည်။
"သူ့ကို အရှင်ဖမ်းခဲ့ သတ်ဖို့ မလိုဘူး ငါ သူ့ကို ပြောစရာ စကားတွေ ရှိသေးတယ်"
စစ်သူကြီးက နားလည်သွားသည်။
ချင်နယဲ့သည် ထိုလူကို နှိပ်စက်ပြီး ဒေါသဖြေဖျောက်ချင်နေခြင်း ဖြစ်သည်။
သူ ခေါင်းညိတ်ပြပြီး ချက်ချင်းပင် ထွက်ခွာသွားတော့သည်။
'ပိုင်ချွမ်းမျိုးနွယ်စု ဟုတ်လား'
ဖန့်ချန် စဉ်းစားနေမိသည်။
လာမည့်စစ်ပွဲတွင် ထိုမျိုးနွယ်စုက အဓိကနေရာမှ ပါဝင်နေပုံရသည်။
ချင်နယဲ့၏ အစီအစဉ်အရ နေမင်းအသီးသည် လန်ယာမျိုးနွယ်စုဆီ ရောက်သွားမည်ဖြစ်ပြီး၊ ထိုမှတစ်ဆင့် ပိုင်ချွမ်းမျိုးနွယ်စုကို စည်းရုံးကာ ချင်မျိုးနွယ်စုကို ပြန်လည် တိုက်ခိုက်မည့်ပုံပင်။
ဖန့်ချန် သက်ပြင်းတစ်ချက် ချလိုက်သည်။
"ဒီစစ်ပွဲကို ရပ်ဖို့ဆိုရင် ပြင်ပအားအင်တစ်ခု လိုလိမ့်မယ် မဟုတ်ရင်တော့ ဘယ်လိုအကွက်ဆင်ဆင် အလကားပဲ"
၎င်းမှာ နှင်းပြိုကျခြင်းနှင့် တူသည်။
နှင်းမပြိုခင် တားဆီးရန် နည်းလမ်းရှိသော်လည်း တစ်ခါပြိုကျလာသည်နှင့် အရာအားလုံးကို ဖုံးလွှမ်းသွားပေလိမ့်မည်။
ဖန့်ချန် သူ၏ ကိုယ်ထဲသို့ ဝိညာဉ်ပြန်ဝင်လာပြီး အခန်းတံခါးကို ဖွင့်လိုက်ရာ လီတောက်ယဲ့ မှာ ပူပန်သောက ရောက်နေသည်ကို တွေ့ရသည်။
"ဘာဖြစ်တာလဲ"
ဖန့်ချန်က ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
"ဖန့်ချန် ငါ ကြားတာတော့ ချင်မျိုးနွယ်စုနဲ့ လန်ယာမျိုးနွယ်စု စစ်ဖြစ်တော့မယ်ဆို ဒါကို တားလို့ မရတော့ဘူးလား"
လီတောက်ယဲ့က တိုးညှင်းစွာ မေးသည်။
"တားလို့ မရတော့ဘူး ဒီစစ်ပွဲကို အလိုချင်ဆုံးက ဝိညာဉ်သွေးဂိုဏ်း မဟုတ်ဘဲ ချင်မျိုးနွယ်စု ဘိုးဘေး ကိုယ်တိုင် ဖြစ်နေတာ သူက ခြောက်လအတွင်း လန်ယာမျိုးနွယ်စုကို နှိမ်နင်းနိုင်မယ်လို့ ယုံကြည်နေတယ်"
ဖန့်ချန်က ခေါင်းခါလျက် ဆိုသည်။
ထိုစကားကို ကြားသည်နှင့် လီတောက်ယဲ့မှာ အထုပ်အပိုးပြင်ရန် ပြင်တော့သည်။
"ဘယ်ကို သွားမလို့လဲ"
"ပစ္စည်းတွေ သိမ်းပြီး ထွက်ပြေးမလို့လေ"
လီတောက်ယဲ့က ဖြေသည်။
"ချင်နယဲ့က ချူလန် ချင်ဖုန်းနဲ့ ငါ့ကို ပစ်မှတ်ထားနေတာ မင်းကတော့ ဒီမျိုးနွယ်စုထဲမှာ နေတာက ပိုဘေးကင်းလိမ့်မယ် မင်းသာ ဒီကနေ ထွက်သွားရင် ခဏအတွင်းမှာပဲ ငရဲရောက်သွားလိမ့်မယ်"
ဖန့်ချန်က သတိပေးလိုက်သည်။
လီတာ့ယဲ့မှာ ခဲရာခဲဆစ် ရပ်လိုက်ပြီး ဖန့်ချန်ဘက်သို့ ပြန်လှည့်လာသည်။
"ဖန့်ချန် ငါ့ကို လမ်းစလေး တစ်ခုလောက် ပြပေးပါဦးကွာ"
အခန်း ၆၀၄ - နတ်ဘုရားမ ရှန်ကျီ
ဖန့်ချန်က လီတောက်ယဲ့၏ ပုခုံးကို ခပ်ဖွဖွပုတ်ကာ အားပေးလိုက်သည်။
"လောလောဆယ်တော့ မသေမျိုးချင်မျိုးနွယ်စုရဲ့ ဝင်းအိမ်ထဲမှာပဲ ခဏအောင်းနေတာက အကောင်းဆုံးပဲ ချင်နယဲ့က ဒီမှာတော့ မင်းကို ပေါ်ပေါ်ထင်ထင် လုပ်ရဲမှာ မဟုတ်ဘူး"
" အထူးသဖြင့် ချင်ဘိုးဘေးက စစ်ပွဲအတွက် ပြင်ဆင်နေချိန်မှာ မျိုးနွယ်စုအတွင်း အချင်းချင်း သတ်ဖြတ်ကြတာကို မြင်ချင်မှာ မဟုတ်ဘူးလေ"
"ဒါ့အပြင် ချင်မျိုးနွယ်စုထဲမှာ မတည်ငြိမ်တဲ့ အကြောင်းရင်းတွေ ရှိနေသေးတယ် မင်းမယုံရင် မင်းရဲ့ ကြယ်တာရာ ဟောကိန်း ပညာနဲ့ စမ်းကြည့်လိုက်ဦးလေ"
လီတောက်ယဲ့လည်း စမ်းသပ်ကြည့်ရန် သဘောတူလိုက်သည်။
ခဏအကြာတွင် သူသည် သက်ပြင်းတစ်ချက်ချကာ စိတ်သက်သာရာရသွားဟန်ဖြင့် ခေါင်းညိတ်ပြသည်။
"တကယ်ပဲ ချင်မျိုးနွယ်စုထဲမှာပဲ နေတာက ကျွန်တော့်အတွက် အဘေးကင်းဆုံးပဲ"
"ဒါဆိုရင်တော့ ကျင့်ကြံခြင်းကိုပဲ ပြန်အာရုံစိုက်တော့"
ဖန့်ချန်က ပြုံးလျက် ဆိုသည်။
လီတောက်ယဲ့သည် စိတ်နည်းနည်းကြည်လင်သွားပြီး သူ၏ တရားထိုင်ခန်းသို့ ပြန်သွားလေသည်။
ဖန့်ချန်လည်း အခြေအနေကို ပြန်လည်သုံးသပ်ပြီးနောက် သူ၏ အခန်းသို့ ပြန်လာခဲ့သည်။
ထို့နောက် ဝိညာဉ်သုတ်သင်ရေးဌာန ၏ ဆက်သွယ်ရေးတံဆိပ်ပြားမှတစ်ဆင့် သတင်းစကားတစ်ခု ပေးပို့လိုက်သည်။
"အပြာရောင်တာအိုနယ်မြေ မသေမျိုးချင်မျိုးနွယ်စု ဘိုးဘေးက လန်ယာမျိုးနွယ်စုကို စစ်ကြေညာတော့မယ် ဝိညာဉ်သွေးဂိုဏ်းက ချင်နယဲ့ဟာ နေမင်း ဝိညာဉ်ဘုရင် ရဲ့ ကျောထောက်နောက်ခံနဲ့ ဒီကိစ္စမှာ ပါဝင်နေတယ်ချင်ဘိုးဘေးကို ဖျောင်းဖျနားချပေးနိုင်မယ့်သူ တစ်ယောက်ယောက် ရှိပါသလား"
မကြာမီမှာပင် တုံ့ပြန်မှုတစ်ခု ရောက်ရှိလာသည်။
"ငါ ချင်မျိုးနွယ်စုဆီကို ရောက်ဖို့ တစ်ရက်ခရီးပဲ လိုတော့တယ် ငါ ကြိုးစားကြည့်ပေးမယ် ဒါပေမဲ့ ချင်ဘိုးဘေးက ငါ့စကားကို နားထောင်လိမ့်မယ်လို့တော့ အာမမခံနိုင်ဘူး"
"ကျေးဇူးတင်ပါတယ် မိတ်ဆွေ"
ဟု ဖန့်ချန်က ပြန်ပို့လိုက်သည်။
"ဒါက ဝိညာဉ်သုတ်သင်ရေးဌာနရဲ့ အဖွဲ့ဝင်တစ်ယောက်အနေနဲ့ ငါ့ရဲ့ တာဝန်ပဲ ကျေးဇူးတင်နေဖို့ မလိုပါဘူး"
ထိုစကားပြန်ပြီးနောက် နောက်ထပ် မက်ဆေ့ဂျ်များ ထပ်မလာတော့ပေ။
ဤနယ်မြေတစ်ဝိုက် မိုင်ထောင်ချီအတွင်း ဝိညာဉ်သုတ်သင်ရေးဌာန အဖွဲ့ဝင် တစ်ယောက်တည်းသာ ရှိနေပုံရသည်။
သို့သော် ထိုသူသည် ချင်ဘိုးဘေးနှင့် စကားပြောဆိုနိုင်သည်ဆိုသောအချက်က စိတ်အေးစရာပင်။
နောက်တစ်နေ့ နံနက်စောစောတွင် ချူလန်က အစေခံတစ်ဦးကို စေလွှတ်ကာ ဖန့်ချန်ကို ဖိတ်ကြားလိုက်သည်။
"သခင်လေးဖန့် ကျွန်မ တစ်ညလုံး စဉ်းစားလို့ မရတဲ့ ကိစ္စတစ်ခု ရှိနေတယ်"
ချူလန်က သူမ၏ နားထင်ကို ပွတ်ရင်း ပြောဆိုလာသည်။ သူမ၏ မျက်ဝန်းများတွင် ဇဝေဇဝါဖြစ်မှုများ ပြည့်နှက်နေသည်။
"ဘာကိစ္စများလဲ သခင်မကြီး"
"မနေ့က ချင်နယဲ့က နေမင်းအသီးဟာ ချင်မျိုးနွယ်စုရဲ့ ဆေးဥယျာဉ်ထဲက အသီးဖြစ်တယ်လို့ အတိအလင်း ပြောခဲ့တာ ဘိုးဘေးရဲ့ အစွမ်းနဲ့ဆိုရင် ဒါကို မသိဘဲ မနေဘူး"
"ဒါကို သူက ဘာကြောင့် လန်ယာယွီကို ချက်ချင်းသတ်ပစ်ပြီး ဒီကိစ္စကို ထပ်မစုံစမ်းတော့တာလဲ အသီးခိုးယူမှုရဲ့ နောက်ကွယ်က တကယ့်အကြောင်းရင်းကို သူ မသင်္ကာဘူးလား"
ချူလန်က တိုးညှင်းစွာ မေးသည်။
"တကယ်ပဲ သိချင်တာလား သခင်မကြီး"
ဖန့်ချန်က ပြန်မေးလိုက်သည်။
"သခင်လေးဖန့် ဒါကို သိနေမယ်ဆိုတာ ကျွန်မ ရိပ်မိပါတယ် ကျေးဇူးပြုပြီး ကျွန်မကို ရှင်းပြပေးပါ"
ဖန့်ချန်က ခပ်ဖွဖွပြုံးကာ ရှင်းပြသည်။
"တကယ်တော့ လန်ယာမျိုးနွယ်စုကို စစ်တိုက်ချင်နေတဲ့ တကယ့်လူက ချင်မျိုးနွယ်စု ဘိုးဘေးကိုယ်တိုင်ပဲ ဝိညာဉ်သွေးဂိုဏ်းက ဒါကို သိလို့ အခွင့်ကောင်းယူခဲ့တာ"
"ချင်နယဲ့က ဒီအစီအစဉ်ကို အကောင်အထည်ဖော်ရင်း ချင်ဖုန်းဟာ တာဝန်ကြီးကြီးမားမား ထမ်းဆောင်နိုင် မထမ်းဆောင်နိုင် စမ်းသပ်ခဲ့တာပေါ့"
"တကယ်လို့ ချင်ဖုန်းဟာ အဲဒီအချိန်မှာ အလိမ်အညာတွေကို မယုံဘဲ မိသားစုအကျိုးကိုပဲ ရှေ့တန်းတင်ခဲ့မယ်ဆိုရင် သူဟာ ဘိုးဘေးရဲ့ မျက်နှာသာပေးမှုကို ရပြီး မျိုးနွယ်စုက မြေတောင်မြှောက်ပေးတာ ခံရမှာ"
"နှမြောစရာကောင်းတာက သူ စမ်းသပ်မှုကို ကျရှုံးခဲ့တယ် ဒါကြောင့် ချင်ဘိုးဘေးက သူ့ကို သုံးပြီး မျိုးနွယ်စုက လူငယ်တွေကို သတိပေးချက်ထုတ်ဖို့ ဆုံးဖြတ်ခဲ့တာပဲ"
"နေမင်းအသီးက မျိုးနွယ်စုဆေးဥယျာဉ်က လာမှန်း သူ အစကတည်းက သိပါတယ် ဒါပေမဲ့ သခင်မကြီးက ချင်ဖုန်းအတွက် မျှော်လင့်ချက်အလင်းတန်းကို ရှာပေးနိုင်ခဲ့လို့သာ ဘိုးဘေးက သူ့ကို မသတ်ဖို့ ဆုံးဖြတ်လိုက်တာပါ"
"တကယ်ပဲ... ကျွန်မ သံသယဖြစ်ခဲ့သလိုပါပဲလား..."
ချူလန်က ရေရွတ်လိုက်ရင်း ခါးသီးစွာ ပြုံးလိုက်သည်။
"ဒီမသေနိုင်တဲ့ အဖိုးကြီးတွေဟာ ကိုယ့်မိသားစုဝင်တွေကိုတောင် နယ်ရုပ်တွေလို အသုံးချရဲကြတာပဲ ချင်ဖုန်းရဲ့ အဖေလည်း အတူတူပဲ"
"ချင်မျိုးနွယ်စုဟာ ဆွေမျိုးသားချင်း သံယောဇဉ်တွေ ပျောက်ဆုံးနေတာ ကြာလှပြီ ကျင့်ကြံခြင်းကျင့်ကြံခြင်း ဒါတွေကိုပဲ သူတို့ အာရုံစိုက်ကြတယ် သူတို့မှာ လူသားဆန်မှု မရှိတော့ဘူး"
ဖန့်ချန်က ချင်မျိုးနွယ်စု ခေါင်းဆောင်အကြောင်း ရှင်းပြရန် ပြင်နေစဉ်မှာပင် ချူလန်က သူ့ရှေ့သို့ တိုးလာပြီး နူးညံ့သိမ်မွေ့သော မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။
"သခင်လေးဖန့် ရှင်သာ ကူညီမပေးခဲ့ရင် ဖုန်းအာကတော့ သေချာပေါက် သေရမှာ ကျွန်မက ဝိညာဉ်သန္ဓေသားအဆင့် ရှိတဲ့သူပါ"
" ကျွန်မမှာ တစ်ခါမှ မသုံးဖူးသေးတဲ့ စုံတွဲကျင့်စဉ် တစ်ခု ရှိပါတယ် အဲဒါက သခင်လေးရဲ့ အဆင့်တက်လှမ်းမှုအတွက် တစ်ဖက်တစ်လမ်းက အထောက်အကူ ဖြစ်စေမှာပါ"
ဟု ဆိုလိုက်ရာ သူမ၏ ပါးပြင်လေးများမှာ ပန်းရောင်သန်းသွားတော့သည်။
ချူလန်သည် ရှက်ကိုးရှက်ကန်း ဖြစ်နေသော်လည်း ကျေးဇူးတင်စိတ်နှင့် သူမ၏ အခက်ခဲဆုံးအချိန်တွင် လက်ကမ်းပေးခဲ့သူအပေါ် ထားရှိသည့် အထူးခံစားချက်ကို မထိန်းချုပ်နိုင်တော့ပေ။
ဖန့်ချန်က ချက်ချင်းပြန်မဖြေသည်ကို မြင်သောအခါ ချူလန်က ပိုတိုးလာပြီး
"သခင်လေးဖန့် ရှင့်မျက်စိက မမြင်ရပေမယ့် ကျွန်မမျက်နှာကို ထိတွေ့ကြည့်နိုင်ပါတယ် ကျွန်မ ရုပ်မဆိုးပါဘူး..."
ဟု တိုးတိုးလေး ကပ်ပြောလိုက်သည်။
ဖန့်ချန်က သူ၏ မီးခိုးဖြူရောင် မျက်လုံးများကို ဖွင့်ကြည့်လိုက်ကာ
"သခင်မကြီးက ရုပ်မဆိုးပါဘူး မဟုတ်ရင် မသေမျိုးချင်မျိုးနွယ်စုရဲ့ သခင်မ ဘယ်လိုလုပ် ဖြစ်လာမှာလဲ"
ဖန့်ချန်၏ မျက်ဝန်းထဲတွင် တည်ကြည်မှုအချို့ကို မြင်လိုက်ရသဖြင့် ချူလန် ခေတ္တမျှ ဆွံ့အသွားသည်။
မကြာမီမှာပင် သူမ၏ မျက်နှာတွင် မိမိကိုယ်ကိုယ် လှောင်ပြောင်သည့် အပြုံးတစ်ခု ပေါ်လာသည်။
ဖန့်ချန်က သူမကို ယဉ်ကျေးစွာ ငြင်းပယ်လိုက်ခြင်းဖြစ်ကြောင်း သူမ သိလိုက်သည်။
"မသေမျိုးချင်မျိုးနွယ်စု ခေါင်းဆောင်ဟာ ချင်ဖုန်းသာ သေဒဏ်ချမှတ်ခံရမယ်ဆိုရင် သူ့ရဲ့ ယုံကြည်ရတဲ့ လက်အောက်ငယ်သား ယွီလုံ ကို သုံးပြီး ချင်ဖုန်းကို မျိုးနွယ်စုကနေ လွတ်အောင် ခိုးထုတ်ဖို့ စီစဉ်ထားခဲ့တာပါ"
ဟု ဖန့်ချန်က ညင်သာစွာ ပြောလိုက်သည်။
ချူလန်၏ မျက်လုံးများ အံ့သြမှုကြောင့် ဝိုင်းစက်သွားသည်။ သူမ ဖန့်ချန်ကို သေချာစိုက်ကြည့်ရင်း
"ဒါ... ဒါ တကယ်လား သခင်လေး ဒါကို ဘယ်လိုသိတာလဲ"
"ကျွန်တော့်မှာ ကိုယ်ပိုင်သတင်းရင်းမြစ် ရှိပါတယ် သတင်းအချက်အလက် မရှိဘဲနဲ့ ဝိညာဉ်သွေးဂိုဏ်းကို ဘယ်သူက ရင်ဆိုင်ရဲမှာလဲ"
ဖန့်ချန်က ပြုံးလျက် ဆိုသည်။
"ဒါက အမှန်တရားပါ ချင်မျိုးနွယ်စုခေါင်းဆောင်ဟာ ချင်ဖုန်းကို အသေမခံနိုင်လို့ သူ့ရာထူးကိုတောင် စွန့်လွှတ်ဖို့ ပြင်ထားတာ ဖခင်တစ်ယောက်အနေနဲ့ သူ တာဝန်ကျေခဲ့ပါတယ်"
ချူလန်သည် အမှန်တရားကို လက်ခံရန် အချိန်အနည်းငယ် ယူလိုက်ရသည်။
သူမ၏ မျက်နှာတွင် နောင်တရဟန် အပြုံးတစ်ခု ပေါ်လာသည်။
"ဒါကို ပြောပြပေးလို့ ကျေးဇူးတင်ပါတယ် သခင်လေးဖန့် မဟုတ်ရင် ကျွန်မ နောင်နှစ်ပေါင်းများစွာ နောင်တရနေမိမှာ"
"ဒါပေမဲ့..."
ဖန့်ချန်က ဆက်ပြောသည်။
"ချင်ခေါင်းဆောင်ရဲ့ ဘေးမှာရှိတဲ့ ယွီလုံ ဆိုတဲ့လူကလည်း ချင်နယဲ့ရဲ့ လူပဲ ဒါမှမဟုတ် သူက ဝိညာဉ်သွေးဂိုဏ်းဝင် တစ်ယောက်ပဲ"
ချူလန် ထိတ်လန့်သွားသည်။
"ယွီလုံက ကျွန်မခင်ပွန်းနဲ့ ငယ်သူငယ်ချင်းတွေလေ သူက ဘယ်လိုလုပ် ဝိညာဉ်သွေးဂိုဏ်းဝင် ဖြစ်နိုင်မှာလဲ"
"ချင်နယဲ့ ဝိညာဉ်သွေးဂိုဏ်းနဲ့ ပတ်သက်သွားတာဟာ သူ့ကြောင့် ဖြစ်နိုင်တယ်လို့ ကျွန်တော် သံသယရှိတယ်"
ဟု ဖန့်ချန်က ဆိုသည်။
ချူလန်သည် ထိတ်လန့်တုန်လှုပ်မှု လှိုင်းလုံးကြီး ရိုက်ခတ်ခြင်းကို ခံလိုက်ရသည်။
မျိုးနွယ်စု၏ အဆင့်မြင့်ပုဂ္ဂိုလ်တစ်ဦးက ဝိညာဉ်သွေးဂိုဏ်းနှင့် ဆက်နွှယ်နေသည်ဆိုသောအချက်က သူမကို ကြောက်ရွံ့စေသည်။
"သခင်မကြီး ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားပါချင်နယဲ့ အခွင့်အရေးရတာနဲ့ ဝိညာဉ်သွေးဂိုဏ်းကို သုံးပြီး ခင်ဗျားတို့ကို ရှင်းပစ်လိမ့်မယ်"
ဟု အကြံပေးကာ ဖန့်ချန် ထွက်ခွာလာခဲ့သည်။
ညနေစောင်းတွင် ဖန့်ချန်၏ ဝိညာဉ်အာရုံသည် ချင်ဘိုးဘေး၏ ခြံဝင်းအတွင်းသို့ ရောက်ရှိနေသည်။
မကြာမီမှာပင် မိန်းကလေးငယ်တစ်ဦးသည် ခြံဝင်းအတွင်းသို့ ဖြည်းညှင်းစွာ လမ်းလျှောက်ဝင်လာသည်။
ချင်မျိုးနွယ်စု ဘိုးဘေးက သူမကို ပြုံးရွှင်စွာ ဆီးကြိုလိုက်သည်။
ထိုအချိန်တွင် ချင်ဘိုးဘေးသည် တန်ခိုးကြီးသော ပုဂ္ဂိုလ်တစ်ဦးနှင့်မတူဘဲ သာမန်အဖိုးအိုတစ်ဦးကဲ့သို့ပင်။
ထိုမိန်းကလေးငယ်မှာမူ အလွန်ထူးဆန်းသည်။
သူမ၏ ဘောင်းဘီရှည်ကို ဒူးဆစ်အထိ လိပ်တင်ထားပြီး ခြေဗလာနှင့် ဖြစ်သည်။
သို့သော် သူမ၏ ခြေထောက်များတွင် ဖုန်မှုန့်တစ်စပင် မရှိပေ။
"နတ်ဘုရားမ ရှန်ကျီ ဘာကိစ္စများ ရှိလို့ ဒီအဖိုးကြီးဆီကို ရောက်လာတာလဲ အပြာရောင်တာအိုနယ်မြေကို အလည်ဖြင့် ရောက်လာတာလား"
ချင်ဘိုးဘေးက အံ့သြတကြီး မေးလိုက်သည်။
ဖန့်ချန်သည် ထိုမိန်းကလေးကို မြင်လိုက်ရသဖြင့် မှင်သက်သွားသည်။
သူမသည် အခြားသူမဟုတ် ဖန့်ချန်ကို တစ်ချိန်က ရှေးဦးနတ်ဘုရားမျက်လုံး ပညာ သင်ပေးခဲ့သည့် လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးပင် ဖြစ်သည်။
သူမသည် စွမ်းအားမြင့်ဗလာ ကျောင်း ကို ဖျက်ဆီးခဲ့သူဟု ဖန့်ချန် သံသယရှိထားသူလည်း ဖြစ်သည်။
သူ သတင်းပို့ပြီးနောက်တွင် သူမ ရောက်လာသည်ကို ကြည့်ခြင်းအားဖြင့် သူမသည် ဝိညာဉ်သုတ်သင်ရေးဌာန၏ အဖွဲ့ဝင်တစ်ဦး ဖြစ်နေသည်မှာ သေချာသလောက်ရှိနေပြီ။
"အဖိုးကြီးချင် ရှင့်ရဲ့ ချင်မျိုးနွယ်စုက လန်ယာမျိုးနွယ်စုကို စစ်တိုက်တော့မယ်လို့ ငါကြားတယ်"
မိန်းကလေးက တည်ငြိမ်စွာ မေးလိုက်သည်။
"နတ်ဘုရားမ ရှန်ကျီတောင် ဒါကို ကြားနေပြီလား"
ချင်ဘိုးဘေးက အနည်းငယ် အံ့သြသွားသော်လည်း ခေါင်းညိတ်ပြသည်။
"လန်ယာမျိုးနွယ်စုက ရည်မှန်းချက်ကြီးပြီး ကောက်ကျစ်လွန်းတယ် ငါ့ရဲ့ နေမင်းအသီးကို ခိုးယူဖို့အထိ ကြံစည်ခဲ့တာ ဒီရန်ငြိုးကို ငါ ပြန်ဆပ်ရမယ် ဒါကြောင့် ဒီစစ်ပွဲက ရှောင်လွှဲလို့ မရဘူး"
"ဒါဟာ ဝိညာဉ်သွေးဂိုဏ်းရဲ့ အကွက်ဆင်မှုပဲ ဒီစစ်ပွဲကို မဆင်နွှဲသင့်ဘူး"
ဟု မိန်းကလေးက အေးဆေးစွာ ပြောလိုက်သည်။
"ဝိညာဉ်သွေးဂိုဏ်း"
ချင်ဘိုးဘေး ဆွံ့အသွားပြီးနောက် သူ၏ မျက်နှာထား တည်ကြည်သွားသည်။
"နတ်ဘုရားမ... ဒါကို ဘယ်လိုလုပ် သိတာလဲ"