← Chapters

အခန်း (၆၀၇-၆၀၈)

Vol. 61 Ch. 607-608

အခန်း (၆၀၇-၆၀၈)

Vol. 61 Ch. 607-608

အခန်း ၆၀၇ - သူ အကုန်လုံးကို သိနေတယ်

ယွီလုံက ပြုံးလိုက်ရင်း

"ငါ နောက်မကျသေးဘူးမလား"

ဟဲပိုင်ယန့်က ချက်ချင်း မတ်တပ်ရပ်လိုက်သည်။

"ညီအစ်ကိုယွီ အချိန်ကိုက်ပါပဲ ကြွပါ ထိုင်ပါဦး"

ယွီလုံသည် အဓိကနေရာတွင် သဘာဝကျကျ ဝင်ထိုင်လိုက်ပြီးနောက် လီတောက်ယဲ့ကို တစ်ချက်ဝေ့ကြည့်ကာ နောက်ဆုံးတွင် ဖန့်ချန်ထံသို့ အကြည့်တို့ ရောက်ရှိသွားသည်။

သူက ခပ်ဖွဖွ ပြုံးလိုက်ရင်း

"မိတ်ဆွေဖန့် မင်းရဲ့ ကျေးဇူးကြောင့် သခင်လေးဖုန်း အသက်ဘေးက လွတ်ခဲ့ရတာပဲ"

ထိုစဉ်မှာပင် ဟဲပိုင်ယန့်က ရုတ်တရက် မတ်တပ်ရပ်လိုက်သည်။ သူက ပြုံးလျက်

"လူကြီးမင်းတို့ ခဏလောက် ထိုင်နေကြပါဦး ကျွန်တော် ခဏနေရင် ပြန်လာခဲ့ပါ့မယ်"

ပြောပြောဆိုဆိုနှင့် ဟဲပိုင်ယန့်မှာ အခန်းထဲမှ ထွက်ခွာသွားတော့သည်။

"တာအိုမိတ်ဆွေဟဲက အပေါ့အပါးသွားတာလား ဝိညာဥ်သန္ဓေသား အဆင့် ကျင့်ကြံသူတစ်ယောက်က အဲဒီလို လုပ်ဖို့ လိုလို့လား"

လီတောက်ယဲ့က အံ့အားသင့်စွာ မေးလိုက်သည်။

"တာအိုမိတ်ဆွေဟဲမှာ ကိုယ်ရေးကိုယ်တာ ကိစ္စလေးတွေ ရှိလို့ ဖြစ်မှာပါ"

ယွီလုံက ခပ်အေးအေးပင် ပြန်ဖြေသည်။

"နောက်ဖြစ်လာမယ့် ကိစ္စတွေက သူနဲ့ ဘာမှမဆိုင်တော့ဘူးလေ သူ ဒီမှာ ရှိနေလို့ရော ဘာထူးမှာမို့လို့လဲ"

"ဒါပေမဲ့ ဒါက မဟုတ်သေးဘူးလေ တာအိုမိတ်ဆွေဟဲက ဖန့်ချန်ကို တောင်းပန်ဖို့ ဒီထမင်းစားပွဲကို လုပ်ပေးတာ မဟုတ်ဘူးလား သူ မရှိတော့ရင် ဒီထမင်းဖိုးကို ဘယ်သူ ရှင်းမှာလဲ"

လီတောက်ယဲ့က ဇဝေဇဝါ မျက်နှာပေးဖြင့် ဆိုသည်။

"ထမင်းဖိုး ဘာထမင်းဖိုးလဲ မင်းတို့နှစ်ယောက်က ဒီကို ထမင်းစားဖို့ လာတာမှ မဟုတ်တာ ငါ့ကို နားလည်ပေးပြီး ငါနဲ့အတူ လိုက်ခဲ့ပေးဖို့ တောင်းဆိုချင်တယ်"

ယွီလုံက တည်ငြိမ်စွာ ပြောလိုက်သည်။

"သခင်လေး ချင်နယဲ့ က မင်းတို့နှစ်ယောက်လုံးကို တွေ့ချင်နေတယ်"

လီတောက်ယဲ့သည် ချင်နယဲ့ ဟူသောအမည်ကို ကြားလိုက်ရသည်နှင့် ထိတ်လန့်သွားတော့သည်။

ဒါဆို ဒါက အကွက်ဆင်ထားတာပေါ့ သခင်လေးဖန့်ရဲ့ အထောက်အထားကို သူတို့ သိသွားတာလား ဒါမှမဟုတ် ချင်နယဲ့က ရန်ငြိုးထားနေတာလား ချင်ဖုန်းကို ဖန့်ချန် ကယ်လိုက်လို့ သူက မကျေနပ်တာလား

အကြောင်းပြချက်က ဘာပဲဖြစ်ဖြစ်၊ တစ်ဖက်လူက သူတို့ကို တွေ့ချင်သည်ဆိုလျှင် ဒါဟာ သာမန်ကိစ္စတော့ မဟုတ်နိုင်ကြောင်း လီတောက်ယဲ့ သိလိုက်သည်။

"မိတ်ဆွေဖန့် မင်းမှာ လှည့်ကွက်တချို့ ရှိနေတာကို ငါ သိပါတယ် ဒါပေမဲ့ ဝိညာဥ်သန္ဓေသားအဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ ရှေ့မှာတော့ အဲဒီလှည့်ကွက်တွေကို မင်းရဲ့ အိတ်ကပ်ထဲမှာပဲ သိမ်းထားတာ အကောင်းဆုံး ဖြစ်လိမ့်မယ် ဒီနေရာမှာ သွေးမြေကျတာမျိုး ငါ မမြင်ချင်ဘူး"

ယွီလုံက ဖန့်ချန်ကို ကြည့်ရင်း အေးဆေးတည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။

သူ့ထံမှ အားကောင်းသော ဖိအားများ ထွက်ပေါ်လာပြီး ဖန့်ချန်နှင့် လီတောက်ယဲ့တို့ကို လွှမ်းမိုးထားလိုက်သည်။

လီတောက်ယဲ့မှာ ရင်ဘတ်ထဲတွင် မွန်းကြပ်လာသဖြင့် အလိုအလျောက်ပင် ဖန့်ချန်ကို လှမ်းကြည့်မိသည်။

"တာအိုမိတ်ဆွေယွီ သခင်လေးချင်နယဲ့က ကျွန်တော့်အပေါ် ရန်ငြိုးထားပြီး တစ်ခုခု လုပ်ဖို့ ကြံစည်နေတာလား ဒါပေမဲ့ အကယ်လို့ သခင်မ ချူလန်သာ ဒါကို သိသွားရင် သခင်လေးချင်နယဲ့တောင် ရှင်းပြဖို့ ခက်လိမ့်မယ် ထင်တယ်"

ဖန့်ချန်က တည်ငြိမ်စွာ တုံ့ပြန်သည်။

ယွီလုံက ခပ်တိုးတိုး ရယ်လိုက်သည်။

"သခင်မ ချူလန် သူမကိုယ်သူမတောင် ကာကွယ်ဖို့ ခဲယဉ်းနေတာ မင်းတို့လို ပုရွက်ဆိတ် နှစ်ကောင်ကို သူမက ဘယ်လိုလုပ် ကာကွယ်ပေးနိုင်မှာလဲ မင်းတို့ကိုယ်မင်းတို့ပဲ အပြစ်တင်လိုက်ပါ မဆိုင်တဲ့ ကိစ္စထဲ ဝင်ပါမိတာကိုး"

ပြောပြောဆိုဆိုနှင့် ယွီလုံက မတ်တပ်ရပ်ကာ သူတို့နှစ်ဦးကို လိုက်ခဲ့ရန် အမူအရာ ပြလိုက်သည်။

"ကြွပါ လူကြီးမင်းတို့"

ဆယ့်ငါးမိနစ်ခန့် ကြာပြီးနောက်။

ယွီလုံသည် သူတို့ကို ဆိတ်ငြိမ်သော ခြံဝင်းတစ်ခုသို့ ခေါ်ဆောင်လာခဲ့သည်။

ထိုနေရာတွင် ချင်နယဲ့မှာ သစ်ပင်တစ်ပင်အောက်၌ တိတ်ဆိတ်စွာ ရပ်စောင့်နေသည်။

သူအပြင် အနီးနားတွင်လည်း အခြားသော လူတစ်ဒါဇင်ခန့် ပုန်းအောင်းနေကြပြီး သူတို့၏ အရှိန်အဝါများမှာ တစ်ဦးနှင့်တစ်ဦး မတူညီကြပေ။

ချင်နယဲ့က ပြုံးလိုက်ပြီး သူတို့နှစ်ဦးအနားသို့ တိုးလာသည်။

"တာအိုမိတ်ဆွေဖန့် ကျွန်တော်တို့ ပြန်ဆုံကြပြန်ပြီနော်"

"ခင်ဗျား မေ့နေပုံရတယ် တာအိုမိတ်ဆွေဖန့်က မျက်စိမမြင်ဘူးလေ ခင်ဗျားကို မြင်ရမှာ မဟုတ်ဘူး"

လီတောက်ယဲ့က မျက်မှောင်ကြုတ်လျက် ဆိုသည်။

"ကဲ ပြောစရာရှိတာ မြန်မြန်ပြော ဒါက ချင်ဖုန်းနဲ့ ပတ်သက်တာဆိုရင် သူ့ကို သွားရှာ ကျုပ် တို့နဲ့ ဘာမှမဆိုင်ဘူး"

ချင်နယဲ့က လီတောက်ယဲ့ကို တစ်ချက်ကြည့်လိုက်ကာ အပြုံးက ပိုကျယ်လာသည်။

"ယွီလုံ သူ့လျှာကို ဖြတ်ပစ်လိုက်"

လီတောက်ယဲ့သည် ကျောရိုးထဲအထိ စိမ့်တက်သွားကာ ဖန့်ချန်ကို အလျင်အမြန် လှမ်းကြည့်လိုက်သည်။

"ဖန့်ချန် မင်းမှာ လှည့်ကွက်ရှိရင် အခုပြမှ ဖြစ်တော့မယ်"

"လှည့်ကွက် ဟဲဟဲ..."

ချင်နယဲ့က ခပ်တိုးတိုး ရယ်လိုက်သည်။

သူ့မျက်လုံးထဲတွင် လှောင်ပြောင်မှုများ ပြည့်နှက်နေသည်။

"သူ့မှာ ဘာလှည့်ကွက်များ ရှိနိုင်မှာမို့လို့လဲ"

"သခင်လေးချင် ဟဲပိုင်ယန့်က မင်းရဲ့ လူလား"

ဖန့်ချန်က ရုတ်တရက် မေးလိုက်သည်။

"ဟဲပိုင်ယန့် သူ့ကို ငါ့လူလို့ ပြောဖို့တော့ မထိုက်တန်သေးပါဘူး ဒါပေမဲ့ သူက သခင်မ ချူလန်ရဲ့ ဘေးမှာနေရင် အနာဂတ်မရှိဘူးလို့ ခံစားရတာရယ် သူမရဲ့ ယုံကြည်မှုကို မရတာရယ်ကြောင့် ငါ့ဆီမှာ ခိုလှုံဖို့ လာပြီး သစ္စာခံတာပေါ့"

ချင်နယဲ့က ခပ်ပေါ့ပေါ့ပင် ပြောသည်။

"ဝိညာဥ်သန္ဓေသားအဆင့် ကျင့်ကြံသူတစ်ယောက်က ငါ့အတွက် အလုပ်လုပ်ပေးချင်တယ်ဆိုတော့ ငါက ဘာလို့ ငြင်းရမှာလဲ သူက အသုံးမကျရင်တောင်မှ ခွေးတစ်ကောင် မွေးထားရတာ မဆိုးပါဘူး"

ယွီလုံ၏ မျက်လုံးများထဲတွင် အေးစက်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။

ဝိညာဥ်သန္ဓေသားအဆင့် ကျင့်ကြံသူတစ်ယောက်ကို ခွေးတစ်ကောင်နဲ့ နှိုင်းယှဉ်တာလား ဒါက သူ့ကိုပါ အရိပ်အမြွက် ပြောနေတာလား

"မင်း အထင်မမှားနဲ့ ငါက ဟဲပိုင်ယန့်အကြောင်း ပြောနေတာ၊ မင်းအကြောင်း မဟုတ်ဘူး"

ချင်နယဲ့က ယွီလုံကို ကြည့်ကာ ပြောလိုက်သည်။

ထို့နောက် သူက ဖန့်ချန်ထံသို့ လှည့်လိုက်သည်။

"တာအိုမိတ်ဆွေဖန့် ငါ ဘာလို့ မင်းကို ဒီနေ့ ဖိတ်ခေါ်ရတာလဲဆိုတာ မင်း သိလား"

"ကောင်းတဲ့ကိစ္စအတွက်တော့ မဟုတ်နိုင်ဘူးလို့ ထင်တယ်"

ချင်နယဲ့က ခေါင်းညိတ်ပြလိုက်သည်။

"မှန်တယ် ဒါက ပျော်စရာကိစ္စ မဟုတ်ဘူး ငါ မင်းကို မေးစရာတစ်ခု ရှိတယ် နေမင်းသီး ငါ့လက်ထဲမှာ ရှိနေတာကို မင်း ဘယ်လို သိတာလဲ"

ဖန့်ချန်က ဘာမှမသိဟန် ဆောင်လိုက်သည်။

"သခင်လေးချင် ခင်ဗျား ဘာတွေ ပြောနေတာလဲ"

"ဟန်ဆောင်နေဖို့ မလိုပါဘူး ဝိညာဥ်ရင်းမြစ်ရပ်ကွက်မှာ တုန်းက ငါ့ရဲ့ သိုလှောင်လက်စွပ်ကို လုဖို့အတွက် မင်း ငါတို့ကို တမင် သတိလစ်အောင် လုပ်ခဲ့တာ မဟုတ်လား"

ချင်နယဲ့က တည်ငြိမ်စွာ ဆိုသည်။

"အဲဒီဖြစ်ရပ်ကြောင့် ငါ့မှာ ရက်အတော်ကြာအောင် ကွယ်ရာမှာ လှောင်ပြောင်တာ ခံခဲ့ရတယ်"

ချင်နယဲ့၏ မျက်လုံးများထဲတွင် အေးစက်သော အလင်းတန်းများ ပေါ်လာသည်။

"ပြောစမ်း နေမင်းသီး ငါ့လက်ထဲမှာ ရှိတာကို မင်း ဘယ်လို သိတာလဲ သခင်မလေး ချူလန်က ပြောပြတာလား ဒါမှမဟုတ် တခြားလူဆီက ကြားတာလား"

ဖန့်ချန်သည် ချင်နယဲ့၏ မေးခွန်းကို ဂရုမစိုက်ဘဲ ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်သည်။

"သခင်လေးချင် ခင်ဗျားရဲ့ ယုံကြည်ရတဲ့ လက်အောက်ငယ်သားတွေ အကုန်လုံး ဒီမှာ ရှိနေတာလား"

"ငါက မေးခွန်းမေးနေတာလေ"

ချင်နယဲ့၏ မျက်လုံးများက အရောင်တောက်သွားပြီး ယွီလုံကို အချက်ပြလိုက်သည်။

"ယွီလုံ သူ့ကို အရင်ဆုံး နာကျင်မှုရဲ့ အရသာကို ပေးလိုက်စမ်း အဲဒီကျမှ သူ ငါ့ကို ဘယ်လို ပြန်ဖြေရမလဲဆိုတာ သိလာလိမ့်မယ်"

ယွီလုံက အနည်းငယ် ပြုံးလိုက်ပြီး ဖန့်ချန်ထံသို့ လက်လှမ်းလိုက်သည်။

သို့သော် သူ၏ လက်မောင်းက ဖန့်ချန်ဆီသို့ မရောက်မီမှာပင် အနက်ရောင် ဝတ်စုံစတစ်ခု ပေါ်လာသည်။

ဖြူဖျော့သော လက်တစ်ဖက်က ယွီလုံ၏ လက်မောင်းကို ဖမ်းချုပ်လိုက်ရာ၊ သူသည် ကျောက်ရုပ်ကြီးကဲ့သို့ တောင့်တင်းသွားတော့သည်။

အလွန်အေးစက်သော စွမ်းအားတစ်ခုက သူ၏ ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်လာပြီး သူ့ကို မလှုပ်ရှားနိုင်အောင် လုပ်ထားလိုက်သကဲ့သို့ပင်

ဒါ... ဒါက ဘာလဲ...

ယွီလုံ၏ ဘေးနားတွင် အနက်ရောင် စက္ကူရုပ်တစ်ခု ပေါ်လာသည်ကို မြင်လိုက်ရသဖြင့် အားလုံး၏ မျက်လုံးများထဲတွင် အံ့သြမှုများ ပြည့်နှက်သွားသည်။

ယွီလုံ၏ လက်မောင်းကို ဖမ်းထားသော လက်မှာ ထိုအနက်ရောင် စက္ကူရုပ်၏ လက်ပင် ဖြစ်သည်။

ချင်နယဲ့၏ မျက်နှာ ပျက်သွားသည်။

"' ဝိညာဉ်တာအိုဂိုဏ်း ရဲ့ တာအိုကျင့်စဉ်တွေလား"

သူ တစ်ခုခု ထပ်ပြောရန် ပြင်လိုက်စဉ်မှာပင် သူ၏ အနီးနားရှိ လက်အောက်ငယ်သားများမှာ ခေါင်းပြတ်ထွက်ကာ အသက်မဲ့စွာ မြေပေါ်သို့ လဲကျသွားသည်ကို တွေ့လိုက်ရသည်။

ချက်ချင်းပင် အဖြူရောင် စက္ကူရုပ်တစ်ခုက ဖန့်ချန်၏ အနားသို့ ချဉ်းကပ်လာကာ တိုးညှင်းစွာ အစီရင်ခံသည်။

"အရှင် ဆယ်မိုင်ပတ်လည်အတွင်းမှာ အသက်ရှင်နေတဲ့သူ တစ်ယောက်မှ မကျန်တော့ပါဘူး"

လီတောက်ယဲ့၏ မျက်နှာမှာ ထိတ်လန့်မှုများဖြင့် ဖုံးလွှမ်းသွားသည်။

ဒါက ဘာလှည့်ကွက်လဲ စကားပြောတတ်တဲ့ စက္ကူရုပ်တွေလား ဒါက တကယ့်ကို ကြောက်စရာကောင်းလွန်းတယ်...

ဖန့်ချန်က ယွီလုံကို ကြည့်ကာ ပြုံးလိုက်သည်။

"ယွီလုံ နေမင်းသီးကို မင်းဘာသာမင်း ထုတ်ပေးမလား ဒါမှမဟုတ် ငါကပဲ ကူညီပေးရမလား"

"သူ့ဆီမှာ နေမင်းသီး ရှိနေတာကို မင်း ဘယ်လို သိတာလဲ"

ချင်နယဲ့က ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီး အလိုအလျောက် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်မိသွားသည်။

သူ့ရှေ့က အခြေအနေမှာ တကယ့်ကို ထူးဆန်းလွန်းလှသည်

ဖန့်ချန်သည် အစကတည်းက တည်ငြိမ်နေခဲ့ခြင်းကို သူ ထူးဆန်းသည်ဟု ထင်ခဲ့မိသည်။

သို့သော် ယခု စက္ကူရုပ်နှစ်ခု ပေါ်လာသောအခါမှသာ တစ်ခုခု မှားနေပြီဖြစ်ကြောင်း သူ အမှန်တကယ် ခံစားလိုက်ရသည်။

ဝိညာဥ်သန္ဓေသားအဆင့် အထွတ်အထိပ်မှာ ရှိနေတဲ့ ယွီလုံကိုတောင် ဒီအနက်ရောင် စက္ကူရုပ်က လုံးဝ မလှုပ်နိုင်အောင် ဖမ်းချုပ်ထားနိုင်တာလား

"ဘာလို့ ဒီမေးခွန်းတွေကိုပဲ ထပ်ခါတလဲလဲ မေးနေရတာလဲ နေမင်းသီး ဘယ်သူ့ဆီမှာ ရှိလဲဆိုတာ ငါ သိတယ် ဒါပေမဲ့ အဲဒါက မင်းနဲ့ ဘာဆိုင်လို့လဲ"

ယွီလုံ၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများ စိမ့်ဝင်လာပြီး သူက လည်ချောင်းသံဖြင့်

"မင်း တကယ်တော့ မင်းက ဘယ်သူလဲ ငါတို့ရဲ့ တကယ့် အထောက်အထားကို မင်း သိနေတာလားဒါက နားလည်မှု လွဲတာပါ ငါတို့..."

"မင်းတို့ရဲ့ တကယ့် အထောက်အထား မင်းတို့က ဝိညာဉ်သွေးဂိုဏ်း က ကျင့်ကြံသူတွေ မဟုတ်ဘူးလား ဒါမှမဟုတ် မင်းက မသေမျိုး ဖြစ်ပြီး သူက မသေမျိုးဘုရင် လို့ ပြောချင်တာလား"

ဖန့်ချန်က ယွီလုံနှင့် ချင်နယဲ့တို့ကို ကြည့်ကာ တည်ငြိမ်အေးဆေးစွာ ပြောလိုက်သည်။

ယွီလုံနှင့် ချင်နယဲ့တို့မှာ ဆွံ့အသွားကြသည်။

သူတို့၏ ကျောရိုးထဲတွင် အေးစက်သော အအေးဓာတ်တစ်ခု ဖြတ်ပြေးသွားတော့သည်။

သူ အကုန်လုံးကို သိနေတယ်

အခန်း ၆၀၈ - မင်း ငါ့ကိုပဲ ယုံကြည်လို့ရမယ်

ချင်နယဲ့နှင့် ယွီလုံတို့၏ မျက်နှာများမှာ တင်းမာသွားကြသည်။

တစ်ဖက်လူက သူတို့ဟာ ဝိညာဉ်သွေးဂိုဏ်း က ကျင့်ကြံသူတွေမှန်း ဘယ်လိုလုပ် သိနေတာလဲ ဒါ့အပြင် အခုမှ သိတာလား ဒါမှမဟုတ် အစကတည်းက သိနေခဲ့တာလား ဒီအချက်က သူတို့အတွက် အလွန်အရေးကြီးပါသည်။

ချင်နယဲ့သည် စိတ်ကို အတတ်နိုင်ဆုံး တည်ငြိမ်အောင် ထိန်းထားပြီး အေးစက်သော အမူအရာကို ဆက်လက်ထိန်းသိမ်းထားသည်။

သူသည် ကြောက်ရွံ့နေသည့် အရိပ်အယောင်ကို လုံးဝ မပြဝံ့ပေ။

"မင်း တကယ်တော့ ဘယ်သူလဲ"

လီတောက်ယဲ့က အဖြူနှင့် အနက်ရောင် စက္ကူရုပ်များထံမှ အကြည့်ကို လွှဲလိုက်ပြီး ချင်နယဲ့ကို လှောင်ပြောင်သော မျက်နှာပေးဖြင့် ကြည့်လိုက်သည်။

"မင်းက ဘာလို့ ဒီလောက် မိုက်မဲတဲ့ မေးခွန်းတွေကိုပဲ ထပ်ခါတလဲလဲ မေးနေရတာလဲ သခင်မချူလန်က တာအိုတစ်ထောင်ဂိုဏ်းက တာအိုမိတ်ဆွေဖန့်ကို ဖိတ်ထားတာလေ ဒါက ရှင်းနေတာပဲ မဟုတ်ဘူးလား"

အခြေအနေက ထိန်းချုပ်မှုအောက် ရောက်သွားပြီဖြစ်ကြောင်း လီတောက်ယဲ့ သိလိုက်သည်။

ဖန့်ချန်တွင် အစွမ်းထက်သော ဝှက်ဖဲများ ရှိနေသဖြင့် သူတို့အနေဖြင့် ရန်သူ့ထောင်ချောက်ထဲသို့ အလွယ်တကူ ကျရောက်တော့မည် မဟုတ်ပေ။

ချင်နယဲ့၏ မျက်နှာက အနည်းငယ် ညှိုးနွမ်းသွားသည်။

"မိုက်မဲတဲ့ မေးခွန်းတွေ ဟုတ်လား"

အခြေခံတည်ဆောက်ခြင်း အဆင့်ကျင့်ကြံသူလေး တစ်ယောက်၏ အစော်ကားခံရခြင်းမှာ သူ့အတွက် အကြီးမားဆုံး အရှက်ရမှုပင်။

သူသည် ဝိညာဉ်သွေးဂိုဏ်း၏ အရေးပေးမှုကို ခံရခြင်းမှာ သူ၏ ထက်မြက်သော အမြင်နှင့် တခြားကျင့်ကြံသူများထက် သာလွန်သော ဉာဏ်ရည်ကြောင့် ဖြစ်သည်။

"မင်း ဘယ်သူပဲဖြစ်ဖြစ် ငါတို့က ဝိညာဉ်သွေးဂိုဏ်းကမှန်း မင်း သိနေပြီဆိုမှတော့ ငါတို့ အေးအေးဆေးဆေး ထိုင်ပြီး စကားပြောကြရင် မကောင်းဘူးလား"

ချင်နယဲ့က ဖြည်းဖြည်းချင်း ပြောလိုက်သည်။

"စကားပြောချင်ရင် ဒူးထောက်ပြီး ပြော"

ဖန့်ချန်က ပေါ့ပေါ့ပါးပါးပင် အမိန့်ပေးလိုက်သည်။

အနက်ရောင် စက္ကူရုပ်က ယွီလုံကို ဖိနှိပ်လိုက်ရာ သူ၏ ဒူးများမှာ ကွေးညွတ်သွားပြီး မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားတော့သည်။

ချင်နယဲ့ တစ်ခုခု တုံ့ပြန်ရန် မပြင်နိုင်မီမှာပင် အဖြူရောင် စက္ကူရုပ်က သူ၏ ဦးခေါင်းခွံကို ဖိနှိပ်လိုက်သည်။

အလွန်အမင်း အားကောင်းသော စွမ်းအားတစ်ခုက သူ့ကို ရိုက်ခတ်သွားပြီး သူသည် လုံးဝ ခုခံနိုင်စွမ်း မရှိတော့ပေ။

သူ၏ ဒူးများမှာလည်း နာကျင်စွာဖြင့် မြေပြင်ပေါ်သို့ ကျရောက်သွားတော့သည်။

အရှက်ရမှု....ဒေါသ

ချင်နယဲ့၏ မျက်နှာမှာ ဒေါသကြောင့် တွန့်လိမ်နေသည်။

သူသည် မသေမျိုး ချင်မျိုးနွယ်စု၏ အမွေခံဖြစ်ပြီး ဝိညာဉ်သွေးဂိုဏ်း၏ အထက်လူကြီးများ၏ အလေးပေးခြင်းကို ခံရသူဖြစ်သည်။

သူသည် အနာဂတ်တွင် အလားအလာ ကောင်းသော မသေမျိုးတစ်ဦး ဖြစ်လာမည့်သူ မဟုတ်ပါလား။

သူ့လိုလူမျိုးက တခြားသူ၏ ရှေ့တွင် ဘယ်လိုလုပ် ဒူးထောက်နိုင်မည်နည်း

သူသည် ခုခံရန် ကြိုးစားလိုက်ပြီး သူ၏ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်စွမ်းအင်များ ပေါက်ကွဲထွက်လာသည်။

သို့သော် အဖြူရောင် စက္ကူရုပ်အတွက်မူ ချင်နယဲ့မှာ ပုရွက်ဆိတ်လေး တစ်ကောင်ထက် မပိုပေ။

သူ မည်မျှပင် ရုန်းကန်ပါစေ သူ၏ ခန္ဓာကိုယ်ကို မြေပြင်မှ မတင်နိုင်ခဲ့ပေ။

"အခုကစပြီး ငါက မေးမယ် မင်းက ဖြေရမယ် ငါ မေးတာထက် ပိုပြီး အသေးစိတ် ဖြေနိုင်ရင်တော့ အကောင်းဆုံးပဲ"

ဖန့်ချန်က ခပ်ဖွဖွ ပြုံးလျက် ဆိုသည်။

"မသေမျိုး ချင်မျိုးနွယ်စုထဲမှာ မင်းအပြင် တခြား ဝိညာဉ်သွေးဂိုဏ်းက အမှိုက်တွေ ဘယ်နှယောက် ရှိသေးလဲ"

"မင်းက ငါတို့ ဝိညာဉ်သွေးဂိုဏ်းကို ပစ်မှတ်ထားနေတာလား မင်းက ဝိညာဉ်သုတ်သင်ရေးဌာန "

ယွီလုံ၏ အသံမှာ ထိတ်လန့်မှုနှင့် ဒေါသတို့ ရောယှက်နေသည်။

ဖန့်ချန်က ခေါင်းကို အသာအယာ ခါလိုက်သည်။

"အဖြေမှားတယ်"

အနက်ရောင် စက္ကူရုပ်က ချက်ချင်းပင် ယွီလုံ၏ ရင်ဘတ်ထဲသို့ လက်နှိုက်ကာ သူ၏ နှလုံးသားကို ဆွဲထုတ်လိုက်ပြီး တစ်လုပ်တည်းဖြင့် ဝါးမြိုလိုက်တော့သည်။

ထို့နောက် ဖန့်ချန်ထံသို့ လှည့်ကာ

"အရှင် တစ်စုံတစ်ယောက်က သဲလွန်စတွေ ရှာမတွေ့အောင် သူတို့ရဲ့ ကံကြမ္မာ တွေကို ဖယ်ရှားပစ်ရမလား"

နှလုံးသား အထုတ်ခံလိုက်ရသော်လည်း ယွီလုံမှာ အသက်ရှင်နေသေးသည်။

သို့သော် သူ၏ မျက်လုံးများမှာ ဗလာနတ္ထိ ဖြစ်နေပြီ။

ကံကြမ္မာ ဟူသော စကားလုံးကို ကြားလိုက်ရချိန်တွင် သူ ရုတ်တရက် သဘောပေါက်သွားသည်။

"မင်း... မင်းက အဲဒီ မသေမျိုး ဂူသင်္ချိုင်းက..."

ဖန့်ချန်က လက်ကို အသာအယာ ဝေ့ယမ်းလိုက်ရာ အနီးနားရှိ သေဆုံးနေသော ကျင့်ကြံသူများ၏ ခန္ဓာကိုယ်ပေါ်မှ လူအရေခွံ တစ်လွှာစီ ကွာကျလာသည်။

ထိုအရေခွံများထဲတွင် သူတို့၏ မွေးဖွားချိန်မှ သေဆုံးချိန်အထိ ပြုလုပ်ခဲ့သမျှ ကံကြမ္မာ အလုံးစုံ ပါဝင်နေသည်။

အဖြူနှင့် အနက်ရောင် စက္ကူရုပ်များသည် တုံ့ဆိုင်းမှုမရှိဘဲ ထိုအရေခွံများကို ဝတ်စုံကဲ့သို့ ဝတ်ဆင်လိုက်ကြသည်။

ထိုအရေခွံများက စက္ကူရုပ်များနှင့် ပေါင်းစပ်သွားသည်နှင့်အမျှ စက္ကူဝတ်စုံများမှာ တကယ့်လူသား တစ်ယောက်၏ အသားအရေကဲ့သို့ပင် ပိုမို ပီပြင်လာတော့သည်။

လီတောက်ယဲ့မှာ ထိုမြင်ကွင်းကို ကြည့်ရင်း အသက်ရှူပင် မှားသွားမိသည်။

ဒါဟာ တကယ့်ကို ကြောက်စရာကောင်းလွန်းလှသည့် ကျင့်စဉ်တစ်ခု မဟုတ်ပါလား။

ဒါဟာ ဘယ်လို ကျင့်စဉ်မျိုးလဲဆိုတာကို သူ စဉ်းစားလို့ပင် မရတော့ပေ။

ချင်နယဲ့၏ မျက်နှာမှာ ပြာနှမ်းသွားသည်။

"အဖြူနဲ့ အနက် စက္ကူရုပ်တွေ ဒါဆို ကောလာဟလတွေက အမှန်ပဲပေါ့ ဟန်နဂါး စစ်သူကြီး က မင်းလက်ထဲမှာ သေခဲ့တာလား"

ဖန့်ချန်က အမှန်တရားကို ဖုံးကွယ်မနေတော့ဘဲ ခေါင်းညိတ်ပြလိုက်သည်။

မသေမျိုး ဂူသင်္ချိုင်းနှင့် ပတ်သက်သည့် အဖြစ်အပျက်ကို မြင်တွေ့ခဲ့သူ များပြားလှသဖြင့် ကောလာဟလများ ပြန့်နှံ့နေခြင်းမှာ မဆန်းပေ။

ထို့ကြောင့်ပင် သူသည် မလိုအပ်သော အာရုံစိုက်မှုများကို ရှောင်ရှားရန်အတွက် စက္ကူရုပ်များကို အလွန်အကျွံ မသုံးစွဲခဲ့ခြင်း ဖြစ်သည်။

"မင်းရဲ့ တပည့်တွေက ငါ့လက်ထဲမှာ သေခဲ့တာ သူတို့ကပဲ ငါ့ကို မသေမျိုး ချင်မျိုးနွယ်စုဆီ လာပြီး မင်းကို ရှာခိုင်းလိုက်တာလေ"

ဖန့်ချန်က ခပ်အေးအေးပင် ဆိုလိုက်သည်။

"မင်းက ဝိညာဉ်သွေးဂိုဏ်း ကျင့်ကြံသူတွေကို တကူးတက လိုက်သတ်နေတာပဲ မင်း ဝိညာဉ်သုတ်သင်ရေးဌာနက ဖြစ်ရမယ်"

ချင်နယဲ့က သံသယများဖြင့် ခန့်မှန်းလိုက်သည်။

လီတောက်ယဲ့သည် ခဏမျှ ကြောင်သွားပြီး ဖန့်ချန်ကို လှမ်းကြည့်လိုက်သည်။

"ဝိညာဉ်သုတ်သင်ရေးဌာန"

"ဝိညာဉ်သုတ်သင်ရေးဌာနဆိုတာ ဘာလဲ"

ဖန့်ချန်က မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။

သူက ခေါင်းကို အသာခါကာ

"ငါ ဘယ်ကလာလဲဆိုတာ မင်း ခန့်မှန်းနေဖို့ မလိုပါဘူး အဲဒါက မင်းနဲ့ ဘာမှမဆိုင်ဘူး မင်း အခု အာရုံစိုက်ရမှာက ငါ့မေးခွန်းတွေကို ဖြေဖို့ပဲ မင်း ပူးပေါင်းဆောင်ရွက်မှာလား မဆောင်ရွက်ဘူးလား"

ပြောပြောဆိုဆိုနှင့်ပင် ဖန့်ချန်သည် ယွီလုံ၏ ခန္ဓာကိုယ်ပေါ်တွင် အရေခွံခွာခြင်း ကျင့်စဉ် ကို စတင် အသုံးပြုလိုက်သည်။

ယွီလုံသည် ဝိညာဥ်သန္ဓေသားအဆင့် ကျင့်ကြံသူ ဖြစ်သော်လည်း အနက်ရောင် စက္ကူရုပ်၏ ဖိနှိပ်ခြင်းကို ခံထားရပြီး နှလုံးသားလည်း အထုတ်ခံထားရသဖြင့် သူ၏ ကံကြမ္မာ အရေခွံကို ခွာထုတ်ရန်မှာ အလွန်လွယ်ကူနေသည်။

ယွီလုံ၏ ဦးခေါင်းခွံမှ အရေခွံများ စတင် ကွာကျလာသည်နှင့်အမျှ သူသည် နာကျင်စွာ အော်ဟစ်တော့သည်။

ဒီမြင်ကွင်းကို ကြည့်ပြီးနောက် ချင်နယဲ့က ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်သည်။

"ငါ မင်းကို ဝိညာဉ်သွေးဂိုဏ်း ကျင့်ကြံသူတွေရဲ့ စာရင်းကို ပေးမယ် ငါ့ကို အသက်ချမ်းသာပေးမှာလား"

ဖန့်ချန်က ခေါင်းညိတ်သည်။

"ဒါကတော့ သဘာဝကျတာပေါ့ မင်း ပူးပေါင်းဆောင်ရွက်သရွေ့ မင်းရဲ့ အသက်ဘေးက လွတ်မှာပါ"

ချင်နယဲ့က မျက်မှောင်ကြုတ်လျက်

"ငါက မင်းကို ဘယ်လို ယုံရမှာလဲ"

"မင်း ငါ့ကိုပဲ ယုံကြည်လို့ရမယ် "

ဖန့်ချန်၏ မျက်လုံးများ ပတ်လည်တွင် ရွှေရောင် အဆင်တန်ဆာများ ပေါ်လာပြီး သူ၏ မျက်သူငယ်အထိ ပြန့်နှက်သွားတော့သည်။

ယွီလုံမှာ ပြောမပြနိုင်သော နာကျင်မှုကို ခံစားနေရသော်လည်း အော်ဟစ်နေဆဲပင်။

"ချင်နယဲ့ မင်း သူ့ကို မယုံနဲ့ တကယ်လို့ မင်းသာ ဝိညာဉ်သွေးဂိုဏ်းကို သစ္စာဖောက်ရင် မင်းတစ်ယောက်တည်း သေမှာ မဟုတ်ဘူး"

ဖန့်ချန်က ခပ်ဖွဖွ ပြုံးလိုက်သည်။

"မင်း ကိုယ့်ကိုယ်ကိုယ်ပဲ အရင် စိတ်ပူလိုက်ပါ အရေခွံ အခွာခံရပြီးရင် မင်းမှာ ပြန်လည်မွေးဖွားခြင်း အခွင့်အရေးတောင် ရှိတော့မှာ မဟုတ်ဘူး"

ပြန်လည်မွေးဖွားခြင်း လမ်းကြောင်းကို ဖြတ်တောက်နိုင်သော နည်းလမ်းများစွာ ရှိသည်။

သို့သော် ထို အရေခွံခွာခြင်း ကျင့်စဉ် က ပိုမို ထိရောက်သည်။

၎င်းသည် ကံကြမ္မာကို ပစ်မှတ်ထားသဖြင့် ပြန်လည်မွေးဖွားခြင်းကို တားဆီးရုံသာမက ထိုသူ၏ တည်ရှိမှု သဲလွန်စအားလုံးကိုပါ ကမ္ဘာပေါ်မှ ဖျက်ဆီးပစ်နိုင်သောကြောင့် ဖြစ်သည်။

ဝိညာဉ်သွေးဂိုဏ်းက ပုဂ္ဂိုလ်ကြီးတွေ ဘယ်လောက်ပဲ ထူးခြားတဲ့ နည်းလမ်းတွေနဲ့ ရှာဖွေပါစေ၊ သူတို့ ဘာမှ သိခွင့်ရတော့မှာ မဟုတ်ပေ။

"ချင်နယဲ့ မင်းလည်း ဒီအရေခွံခွာခြင်း ကျင့်စဉ်ကို ကိုယ်တိုင် စမ်းကြည့်ချင်လား"

ဖန့်ချန်က ချင်နယဲ့ကို ကြည့်ကာ မေးလိုက်သည်။

ချင်နယဲ့သည် ခဏမျှ စဉ်းစားပြီးနောက် ဖြည်းညှင်းစွာ ပြောလိုက်သည်။

"ငါ မင်းကို စာရင်းပေးမယ် မသေမျိုး ချင်မျိုးနွယ်စုထဲမှာ ပုန်းအောင်းနေတဲ့ ဝိညာဉ်သွေးဂိုဏ်းဝင် တစ်ရာနီးပါး ရှိတယ် မင်း ကတိအတိုင်း ငါ့အသက်ကို ချမ်းသာပေးဖို့ မျှော်လင့်ပါတယ်"

ထိုအချိန်တွင် ယွီလုံ၏ အရေခွံမှာ ပခုံးအထိ ကွာကျသွားပြီ ဖြစ်သည်။

သူ၏ မျက်နှာမှာ ပြုတ်ထားသော ပုစွန်တစ်ကောင်ကဲ့သို့ နီရဲကာ ဖောင်းကြွနေတော့သည်။

"ချင်နယဲ့ မင်း သေထိုက်တယ်"

"ယွီလုံ ငါက မင်းနဲ့ မတူဘူး ငါ ဝိညာဉ်သွေးဂိုဏ်းထဲ ရောက်တာ မကြာသေးဘူး ငါက နောက်ခံကောင်းတစ်ခု ရဖို့အတွက်ပဲ ဝင်ခဲ့တာ မင်းက သူတို့အတွက် အသေခံချင်ရင်တော့ မင်းကိစ္စပဲ ဒါပေမဲ့ ငါ့ကိုပါ ဆွဲမထည့်နဲ့"

ချင်နယဲ့က အေးစက်စွာ တုံ့ပြန်လိုက်သည်။

"ပညာရှိဆိုတာ အခြေအနေကို ကြည့်ပြီး ပြောင်းလဲတတ်တာပဲ"

ဖန့်ချန်က ချီးကျူးလိုက်သည်။

ချင်နယဲ့သည် စာရင်းတစ်ခုကို အလျင်အမြန် ရေးသားလိုက်သည်။

အဖြူရောင် စက္ကူရုပ်က ထိုစာရင်းကို ယူပြီး ဖန့်ချန်ထံသို့ ပေးလိုက်သည်။

ဖန့်ချန်က ထိုစာရင်းကို စစ်ဆေးနေစဉ် ချင်နယဲ့၏ စိတ်ထဲတွင် ထိတ်လန့်သွားသည်။

ဖန့်ချန်သည် မျက်စိမမြင်သော်လည်း အရာအားလုံးကို မြင်နေရသည်မှာ ထင်ရှားလှသည်။

သူ၏ ထက်မြက်သော မျက်လုံးများမှာ တစ်စုံတစ်ရာသော ကျင့်စဉ်ကြောင့် ဖြစ်ရပေမည်။

အဖြူအနက် စက္ကူရုပ်များ၊ မျက်စိကျင့်စဉ်၊ အရေခွံခွာခြင်း ကျင့်စဉ် ဒါတွေအားလုံးက ဖန့်ချန်ဟာ သူထင်ထားတာထက် အများကြီး ပိုပြီး အစွမ်းထက်တဲ့ နောက်ခံရှိနေမှန်း သက်သေပြနေသည်။

ယခုအချိန်တွင် ချင်နယဲ့မှာ အသက်ရှင်ဖို့ကိုသာ မျှော်လင့်နိုင်တော့သည်။

"ဒီစာရင်းက အစစ်အမှန် ဟုတ်မဟုတ် ငါ မသေချာသေးဘူး"

ဖန့်ချန်က ရုတ်တရက် ပြောလိုက်သည်။

ချင်နယဲ့သည် သူ၏ ဦးခေါင်းထိပ်တွင် စူးရှသော နာကျင်မှုကို ခံစားလိုက်ရသည်။

သူ၏ အရေခွံမှာ ချက်ချင်းပင် ကွာကျသွားတော့သည်။

သူ၏ ဝိညာဉ်မှာ သူ၏ အရေခွံထဲတွင် ပိတ်မိနေပြီး သူ၏ သွေးချင်းချင်းနီနေသော ခန္ဓာကိုယ်ကို သူ ကိုယ်တိုင် ပြန်မြင်နေရသည်။

"မင်း... မင်း ကတိမတည်ဘူး"

ချင်နယဲ့က ရူးသွပ်စွာ အော်ဟစ်တော့သည်။

အဖြူရောင် စက္ကူရုပ်က ရှေ့သို့ တိုးလာကာ ထိုအရေခွံကို ယူပြီး သူ၏ ဝတ်စုံအဖြစ် ဝတ်ဆင်လိုက်တော့သည်။

လီတောက်ယဲ့မှာ ထိုမြင်ကွင်းကို ကြည့်ရင်း ကြောက်လန့်တကြားဖြင့် ကြက်သီးမွှေးညင်းများ ထနေတော့သည်။

All Chapters