← Chapters

အခန်း (၆၁၅-၆၁၆)

Vol. 62 Ch. 615-616

အခန်း (၆၁၅-၆၁၆)

Vol. 62 Ch. 615-616

အခန်း ၆၁၅ - အမြုတေ ဖြစ်တည်ခြင်း

“ဟင် ပတ်ဝန်းကျင်က ကောင်းကင်နဲ့ မြေကြီး ဝိညာဉ်စွမ်းအင်တွေ အကုန်လုံး ဘယ်ရောက်ကုန်တာလဲ”

“ပျောက်သွားတာမဟုတ်ဘူး ဟိုဘက်ကို မြစ်ရေစီးသလို တဟုန်ထိုး စီးဝင်သွားတာ”

“အဲဒါ... ဦးလေးဖန့် ကျင့်ကြံနေတဲ့ ဂူရှိတဲ့ နေရာပဲ”

ကွမ်းအာနှင့် အခြားအကြီးအကဲများသည် သူတို့၏ ကျင့်ကြံရာဂူများထဲမှ အံ့ဩတကြီး ပြေးထွက်လာကြပြီး ဖန့်ချန်ရှိရာ အရပ်သို့ ပါးစပ်အဟောင်းသား ငေးကြည့်နေကြသည်။

တာအိုတစ်ထောင်ဂိုဏ်း၏ အတွင်းနန်းဆောင်ဝင်းသည် နတ်ဘုရားနယ်မြေတစ်ခုကဲ့သို့ ဝိညာဉ်စွမ်းအင် အလွန်အမင်း ကြွယ်ဝသည့် နေရာမျိုး မဟုတ်သော်လည်း ယခုကဲ့သို့ တစ်နယ်လုံးက စွမ်းအင်တွေ ခမ်းခြောက်သွားသည်အထိ စုပ်ယူနေခြင်းမှာ သာမန်ကျင့်ကြံသူတစ်ဦး လုံးဝ မလုပ်နိုင်သည့် ကိစ္စဖြစ်သည်။

‘ဦးလေးဖန့်က ဘယ်လို အစွမ်းထက်တဲ့ ကျင့်စဉ်မျိုးကို လေ့ကျင့်နေတာလဲ ဒါမှမဟုတ် သူ အဆင့်တက်သွားတာလား’

ဟု ကွမ်းအာက စိုးရိမ်စိတ်နှင့် မျှော်လင့်ချက် ရောပြွမ်းစွာဖြင့် စိတ်ထဲမှ ရေရွတ်နေမိသည်။

ဂူအတွင်း၌မူ အနက်ရောင်နှင့် အဖြူရောင်စက္ကူရုပ်နှစ်ရုပ်မှာ သူတို့၏ သခင်အတွက် ဝမ်းသာအားရ ဖြစ်နေကြသည်။

“အရှင်က ရွှေအမြုတေ ကို အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့ပြီ”

အဖြူရောင်စက္ကူရုပ်က ကျင့်ကြံခြင်းအခန်းထဲသို့ လေပြင်းမုန်တိုင်းသဖွယ် အဆက်မပြတ် စီးဝင်နေသည့် ဝိညာဉ်စွမ်းအင်များကို စောင့်ကြည့်ကာ

“အရှင်ဖော်ဆောင်တဲ့ ရွှေအမြုတေက သာမန်ထက် အဆပေါင်းများစွာ ထူးကဲနေတယ် ဒါက ခြောက်ဆင့်အထက် တောင် ဖြစ်နိုင်တယ်”

ဟု အံ့ဩတကြီး မှတ်ချက်ပေးသည်။

အနက်ရောင်စက္ကူရုပ်က လေးနက်သော မျက်နှာထားဖြင့်

“ငါတို့ရဲ့ သခင်ဟောင်းက တစ်ခါတုန်းက ပြောဖူးတယ် အကယ်၍ သူ့ရဲ့ ရွှေအမြုတေကသာ ခြောက်ဆင့်အထက် ရှိခဲ့မယ်ဆိုရင် သူဟာ အခုလို ဒီလောကထဲမှာ သောင်တင်မနေဘဲ အထက်ဘုံံကို တက်လှမ်းနိုင်ခဲ့မှာတဲ့”

ဟု ပြန်ပြောပြသည်။

ထိုစကားများကို ကြားလိုက်ရသော အစိမ်းရောင်ဝတ်စုံဝတ်လူနှင့် အကြီးအကဲဟွမ်တို့မှာ နေရာမှာတင် ဆွံ့အသွားကြသည်။

‘အထက်ဘုံကို တက်လှမ်းနိုင်တယ် ဟုတ်လား ဒါဆို ဒီစက္ကူရုပ်တွေက ဟုန်ချင်းရဲ့ ဝိညာဉ်စေခိုင်းသူတွေ မဟုတ်နိုင်ဘူး သူတို့နောက်ကွယ်က တကယ့်သခင်က ဘယ်လောက်တောင် အစွမ်းထက်လို့လဲ’

အစိမ်းရောင်ဝတ်စုံဝတ်လူမှာ တုန်လှုပ်ခြောက်ခြားမှုများ ဝင်လာသည်။

ထိုစက္ကူရုပ်နှစ်ရုပ်မှာ နတ်ဘုရားနန်းတော် ကဲ့သို့သော အဆင့်မြင့်ဂိုဏ်းကြီးများက စေလွှတ်လိုက်သူများ ဖြစ်နိုင်သည်ဟု သူ ထင်ကြေးပေးလိုက်မိသည်။

တကယ်လို့ ထိုသို့သာဆိုလျှင် သူ၏အရှင် ကိုးဆက်မြောက်ဘုရင် ပင် လာရောက်တောင်းပန်ရမည့် အခြေအနေဖြစ်သည်။

“မင်းတို့က တကယ်တော့ ဘယ်သူတွေ....”

သူက အားနည်းသောအသံဖြင့် မေးရန် ကြိုးစားသော်လည်း စက္ကူရုပ်နှစ်ရုပ်က

“ပါးစပ်ပိတ်ထားစမ်း”

ဟု တစ်ပြိုင်နက် ဟောက်လိုက်သဖြင့် ချက်ချင်းပင် လည်ပင်းကျုံ့ကာ ငြိမ်ကျသွားတော့သည်။

ရက်အနည်းငယ် ကုန်လွန်သွားပြီးနောက်...

ကွမ်းအာနှင့် အတွင်းစည်းတပည့် ဒါဇင်ပေါင်းများစွာမှာ ဖန့်ချန်၏ ဂူရှေ့သို့ စုရုံးရောက်ရှိလာကြသည်။

ရှစ်ရက်တိုင်တိုင် ဝိညာဉ်စွမ်းအင်များ ခမ်းခြောက်နေသဖြင့် သူတို့ ကျင့်ကြံ၍ မရတော့ပေ။

“အကြီးအကဲကွမ်းအာ ဦးလေးဖန့်က ဘာလုပ်နေတာလဲ သိလား အဆင့်တက်တာက ဒီလောက်အထိ အရှိန်အဝါကြီးတာ တစ်ခါမှ မမြင်ဖူးဘူး”

ဟု တပည့်တစ်ဦးက တီးတိုးမေးသည်။

ကွမ်းအာက သက်ပြင်းချကာ

“ဦးလေးဖန့် ကျင့်ကြံမှုပြီးလို့ ထွက်လာတဲ့အခါ အခြေအနေတွေ အားလုံး ပြောင်းလဲသွားမှာပါ အခု ဘိုးဘေးတွေက စစ်မြေပြင်မှာ အခြေအနေ သိပ်မကောင်းဘူးလို့ သတင်းတွေ ကြားနေရတယ် အရှင်ဖန့်သာ ထွက်လာရင် သူတို့ကို ကူညီနိုင်လိမ့်မယ်”

ဟု အားကိုးတကြီး ပြန်ဖြေသည်။

နောက်တစ်နေ့တွင်မူ...

ရူးသွပ်စွာ စီးဝင်နေသော ဝိညာဉ်စွမ်းအင်များမှာ ရုတ်တရက် ငြိမ်သက်သွားပြီး ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားသည်။

အားလုံးက စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေစဉ် ကျင့်ကြံခြင်းအခန်းတံခါးမှာ ဝုန်းခနဲ ပွင့်လာပြီး ဖန့်ချန်သည် တည်ငြိမ်သောအရှိန်အဝါဖြင့် ထွက်လာခဲ့သည်။

ဖန့်ချန်၏ ဝိညာဉ်ပင်လယ် ထဲတွင် နဂါးမျက်လုံးအရွယ်အစားရှိသော ဓားအမြုတေ တစ်ခု တည်ရှိနေပြီဖြစ်သည်။

၎င်းထံမှ ထွက်ပေါ်နေသော စွမ်းအင်များမှာ သာမန်စွမ်းအင်မဟုတ်ဘဲ ဓားတစ်စင်းကဲ့သို့ ထက်မြက်အေးစက်လှသည်။

သူ၏ စွမ်းအားမှာ သာမန် ရွှေအမြုတေအဆင့်အစောပိုင်း ကျင့်ကြံသူတစ်ဦးထက် အဆပေါင်းတစ်ရာမက ပိုမိုသိပ်သည်း မြင့်မားနေပြီဖြစ်သည်။

“ဂုဏ်ပြုပါတယ် အရှင် ရွှေအမြုတေအဆင့်ကို အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့တဲ့အတွက်”

စက္ကူရုပ်နှစ်ရုပ်က ဒူးထောက်ဦးညွတ်ကာ ခါးသီးစွာ ဂုဏ်ပြုကြသည်။

ဖန့်ချန်က အသာအယာ ပြုံး၍

“အားလုံးပဲ ကျေးဇူးပါ”

ဟု ပြောပြီးနောက် အနက်ရောင်သံကြိုးဖြင့် တုတ်နှောင်ခံထားရသော အစိမ်းရောင်ဝတ်စုံဝတ်လူနှင့် နံရံဘက်မျက်နှာမူ ဒူးထောက်နေသော အကြီးအကဲဟွမ်ကို ကြည့်ကာ

“ဒါက ဘယ်သူတွေလဲ”

ဟု မေးလိုက်သည်။

“အရှင်... သူတို့က ကိုးဆက်မြောက်ဘုရင် ရဲ့ နန်းတော်ကလို့ ပြောပါတယ်”

ဟု အနက်ရောင်စက္ကူရုပ်က ဖြေသည်။

“အော်... ကိုးဆက်မြောက်ဘုရင်ရဲ့ နန်းတော်ကလား”

ဖန့်ချန်က အံ့ဩသွားဟန်ဖြင့်

“ဒါဆိုရင် ငါတို့က ရိုရိုသေသေ ဆက်ဆံရမှာပေါ့ သူ့ရဲ့ သံကြိုးတွေကို ဖြုတ်ပေးလိုက်ပါဦး”

ဟု ပြောလိုက်သည်။

အစိမ်းရောင်ဝတ်စုံဝတ်လူမှာ ဖန့်ချန်၏ လေသံပျော့ပျောင်းမှုကို ကြားလိုက်ရသဖြင့် ပြန်လည်ရဲတင်းလာကာ

“မင်းရဲ့ ဝိညာဉ်စေခိုင်းသူတွေကို ကောင်းကောင်း မထိန်းကျောင်းနိုင်ဘူးလား ငါ့ကို စကားပြောခွင့်တောင်မပေးဘဲ ကိုယ်တွင်းအင်္ဂါတွေကို ဖောက်ထုတ်ပြီး တိုက်ခိုက်ခဲ့ကြတာ”

ဟု ဒေါသတကြီး ရန်တွေ့လိုက်သည်။

ဖန့်ချန်က လက်ကာပြလိုက်ပြီး

“နေဦး... သံကြိုးတွေကို မဖြုတ်ပေးနဲ့ဦး”

ဟု ပြန်ပြောကာ ထိုလူကို စူးစိုက်ကြည့်လိုက်သည်။

“မင်းက ငါ့ကို ဘာလုပ်ရမယ်၊ ဘယ်လိုထိန်းကျောင်းရမယ်ဆိုတာ လာသင်ပေးနေတာလား”

ထိုလူမှာ ဖန့်ချန်၏ အေးစက်လှသော အကြည့်ကြောင့် ကြောက်စိတ်ပြန်ဝင်သွားပြီး

“ငါ... ငါက အဲဒီလို မောက်မာချင်လို့ ဆိုလိုတာမဟုတ်ပါဘူး...”

ဟု ကယောင်ကတမ်း ငြင်းဆိုသည်။

“ကောင်းပြီ မင်း ဘာကိစ္စနဲ့ ဒီကို အတင်းအဓမ္မ လာတာလဲ ပြောစမ်း”

ထိုလူက လိမ်လည်ပြောဆိုရန် ပြင်စဉ်မှာပင် အကြီးအကဲဟွမ်က နေရာရလိုဇောဖြင့် ကြားဖြတ်၍ ဖော်ကောင်လုပ်တော့သည်။

“အရှင်ဖန့် ကျွန်တော် အကုန်သိပါတယ် သူက အရှင်ဟာ ဟုန်ချင်းရဲ့ တပည့်ဆိုတော့ တာအိုကျမ်းဝှက်တွေကို သိနေလိမ့်မယ်လို့ ထင်ပြီး လုယူဖို့ လာတာပါ သူက အရှင့်ကို သတ်ဖို့အထိ ကြံစည်ထားတာ”

“သစ္စာဖောက်ကောင် ပါးစပ်ပိတ်ထားစမ်း”

အစိမ်းရောင်ဝတ်စုံဝတ်လူက အကြီးအကဲဟွမ်ကို ဒေါသတကြီး စိုက်ကြည့်ကာ

“မင်းကို နန်းတော်ကနေ အစအနမကျန်အောင် သုတ်သင်ပစ်လိမ့်မယ်”

အကြီးအကဲဟွမ်က ဂရုမစိုက်ဘဲ ဖန့်ချန်ဘက်သို့ လှည့်ကာ ဆက်ပြောသည်။

“ပြီးတော့ အရှင်ဖန့်ဆီမှာရှိတဲ့ ကျောက်သေတ္တာ ကြောင့်လည်း ပါပါတယ် အဲဒီသေတ္တာက အရင်က နန်းတော်မှာ ရှိခဲ့တာပါ သူတို့ ဖွင့်လို့မရလို့ ပြန်ပေးလိုက်တာဘအခု အရှင်က အဲဒါကို ဖွင့်နိုင်တယ်ဆိုတဲ့ သတင်းကြားတော့ သတ်ပြီး လုယူဖို့ ကိုယ်တိုင်လာတာပါ”

အစိမ်းရောင်ဝတ်စုံဝတ်လူမှာ မျက်နှာတစ်ခုလုံး ပြာနှမ်းသွားကာ စကားမထွက်နိုင်တော့ပေ။

ဖန့်ချန်က ကျောက်သေတ္တာကို တစ်ချက်ကြည့်လိုက်ပြီး

“အော်... ဒါဆို ဒီသေတ္တာက အရင်က မင်းတို့ဆီမှာ ရှိခဲ့တာပေါ့ ဟုတ်လား”

ဟု ခပ်အေးအေးပင် မေးလိုက်တော့သည်။

အခန်း ၆၁၆ - ဘေးဒုက္ခကို အခြားသို့ လွှဲပြောင်းခြင်း

အကြီးအကဲဟွမ်၏ တုန်ရီနေသော ဖွင့်ဟဝန်ခံချက်များသည် ဖန့်ချန်အတွက်တော့ အလွန်တန်ဖိုးရှိသော သတင်းအချက်အလက်များ ဖြစ်လာခဲ့သည်။

တာအိုတစ်ထောင်ဂိုဏ်း အပေါ် ပြင်ပဂိုဏ်းအသီးသီးက ထားရှိသော မထီမဲ့မြင်ပြုမှု၊ စောင့်ကြည့်မှုနှင့် လှောင်ပြောင်လိုသော သဘောထားများသည် အတိတ်က တာအိုသုံးထောင်ဂိုဏ်း၏ အမွေအနှစ်များနှင့် တိုက်ရိုက်ပတ်သက်နေကြောင်း သူ ကောင်းကောင်း သဘောပေါက်သွားခဲ့သည်။

အကြီးအကဲဟွမ်က ခေါင်းကို တငြိမ့်ငြိမ့်လုပ်ရင်း၊ သူ၏ မျက်ဝန်းထဲတွင် ကြောက်ရွံ့မှုနှင့်အတူ အသက်ရှင်လိုဇောများ ယှက်သန်းလျက် ဆက်ပြောသည်။

"မှန်ပါတယ် အရှင် အဲဒီကျောက်သေတ္တာက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ဂိုဏ်းအတော်များများရဲ့ လက်ထဲကို အငှား ဆိုတဲ့ ခေါင်းစဉ်နဲ့ လက်ပြောင်းလက်လွှဲ ရောက်ခဲ့ဖူးတာပါ"

" ဒါပေမဲ့ ဘယ်လောက်ပဲ အစွမ်းထက်တဲ့ ပညာရှင်တွေ ဖြစ်ပါစေ အဲဒီသေတ္တာကို ဘယ်သူမှ မဖွင့်နိုင်ခဲ့ကြဘူး အဲဒါကြောင့်ပဲ သူတို့က မတတ်သာဘဲ မူရင်းနေရာကို ပြန်ပို့ထားကြတာပါ"

"သူတို့က လက်လျှော့လိုက်တာ မဟုတ်ဘူး အဲဒီသေတ္တာကို ဖွင့်နိုင်မယ့် ကံထူးရှင် ပေါ်လာမှာကိုပဲ ချောင်းနေကြတာ"

"အဲဒီလူ ပေါ်လာတာနဲ့ သူတို့က အဆင်သင့် ခုတ်ယူစားသောက်ဖို့ လုပ်အားခမပါဘဲ အသီးအနှံကို ခူးဆွတ်ဖို့ စောင့်နေကြတာပါ အရှင်"

ဖန့်ချန်သည် စိတ်ထဲမှ ခါးသီးစွာ သက်ပြင်းချလိုက်မိသည်။

လက်ရှိဂိုဏ်းချုပ် ဖေချင်းဖုန်းသည် ရွှေအမြုတေအဆင့် ဦးပိုင်းမျှသာ ရှိသေးသဖြင့်၊ ရန်သူဂိုဏ်းများအနေဖြင့် အဆင့်မြင့် ကျင့်ကြံသူများကို စေလွှတ်ရန်ပင် မလိုပေ။

ဝိညာဥ်သန္ဓေသား အဆင့်ရှိသူတစ်ဦးသည်ပင် တာအိုတစ်ထောင်ဂိုဏ်း၏ အစောင့်အရှောက်များကို ကျော်ဖြတ်ကာ စိတ်ကြိုက် ဝင်ထွက်သွားလာနိုင်သည် မဟုတ်ပါလား။

သူ ထိုဂိုဏ်းသို့ မရောက်ရှိလာမီကတည်းက အတွင်းစည်းထဲတွင် သူလျှိုများ မည်မျှအထိ ပျံ့နှံ့နေမည်ကို ခန့်မှန်းရုံနှင့်တင် ကျောချမ်းစရာ ကောင်းလှသည်။

ဖေချင်းဖုန်းသည်လည်း ထိုအခြေအနေကို သိရှိနိုင်သော်လည်း၊ ဂိုဏ်းငယ်လေး ပြိုကွဲမသွားစေရန်အတွက် သိသိကြီးနှင့် လျစ်လျူရှုကာ အားလုံးနှင့် သင့်မြတ်အောင် နေထိုင်ခဲ့ရပုံရသည်။

"ဟွမ်ကန်းရှောင် မင်းကတော့ သစ္စာဖောက်အဖြစ်နဲ့ ဒီနေ့ပဲ အသက်ပျောက်တော့မယ်"

အစိမ်းရောင်ဝတ်စုံဝတ်အမျိုးသားက အကြီးအကဲဟွမ်ကို အသားကုန် လှောင်ပြောင်လိုက်သည်။

သူ၏ အကြည့်များမှာ အလောင်းတစ်ကောင်ကို ကြည့်နေသကဲ့သို့ အေးစက်လှသည်။

"အရှင်... အရှင်က သိမြင်ခြင်းအဆင့် တောင် ရောက်နေတဲ့ ပညာရှင်ကြီးဖြစ်ပြီးတော့တောင် အခုလို အရှက်တကွဲ အကျိုးနည်းဖြစ်နေတာပဲ ကျွန်တော်ကတော့ အခြေခံတည်ဆောက်ခြင်း အဆင့်ပဲရှိတဲ့ လူသေးလေးပါ"

" ကျွန်တော့်အတွက် သေခြင်း၊ ရှင်ခြင်းက အရေးမကြီးတော့ဘူး၊ အခုလက်ရှိ အရှင့်ထက် သာလွန်တဲ့ အခြေအနေမှာ ရှိနေတာကပဲ ကျွန်တော့်အတွက် ကျေနပ်စရာပဲ"

ဟု အကြီးအကဲဟွမ်က အောက်ကျနောက်ကျမခံဘဲ ပြန်လည်တုံ့ပြန်လိုက်သည်။

ဖန့်ချန်သည် သူတို့နှစ်ဦး၏ စကားများမှတစ်ဆင့် ဂိုဏ်းကြီးများ၏ ရည်ရွယ်ချက်ကို ပိုမိုနက်နက်ရှိုင်းရှိုင်း တွေးတောကြည့်လိုက်သည်။

သူတို့အားလုံးက ကျောက်သေတ္တာထဲတွင် တာအိုပေါင်းစပ်ခြင်း အဆင့်ရှိသော လျှို့ဝှက်ကျင့်စဉ်များ ရှိနေမည်ဟု ထင်မှတ်နေကြခြင်းဖြစ်သည်။

အကယ်၍သာ ထိုသေတ္တာထဲရှိ ကျောက်စိမ်းလုံးသည် တာအိုသုံးထောင်နယ်မြေ သို့ သွားရာ လမ်းစဖြစ်ကြောင်း အထဲတွင် ဆယ်နှစ်သည် အပြင်ကမ္ဘာတွင် တစ်ရက်သာ ရှိကြောင်းကိုသာ သိသွားခဲ့လျှင် ထိုနယ်မြေတစ်ခုလုံးသည် သွေးချောင်းစီးသွားမည်မှာ မြေကြီးလက်ခတ်မလွဲပေ။

ထိုသို့ဆိုလျှင် မသေမျိုးဘုရင် များသာမက၊ ကောင်းကင်ဘုံမှ နတ်ဘုရားများပင် ဆင်းသက်လာကြလိမ့်မည်။

"တာအိုတစ်ထောင်ဂိုဏ်းထဲမှာ မင်းလို သူလျှိုတွေ ဘယ်နှစ်ယောက် ကျန်သေးလဲ"

ဖန့်ချန်က အေးအေးဆေးဆေးပင် မေးလိုက်သည်။

"ဦးလေးဖန့် ကျွန်တော် သိသလောက်တော့ ကိုးဆက်မြောက်ဘုရင်အတွက် အလုပ်လုပ်နေတာ ကျွန်တော် တစ်ယောက်တည်းပါ "

"ဒါပေမဲ့ တခြားဂိုဏ်းတွေက လွှတ်ထားတဲ့သူတွေ အများကြီး ရှိဦးမှာပါ အခုလက်ရှိ ဂိုဏ်းထဲမှာကျန်တဲ့ အခြေခံတည်ဆောက်ခြင်းအဆင့် ငါးယောက်ထဲမှာ ကွမ်းအာကလွဲရင် ကျန်တဲ့ သုံးယောက်စလုံးက သူလျှိုတွေချည်းပဲ"

ဟု အကြီးအကဲဟွမ်က အကုန်အစင် ဖွင့်ချလိုက်တော့သည်။

ဖန့်ချန်သည် ခဏမျှ ဆွံ့အသွားသည်။

ဂိုဏ်းတစ်ခုလုံး၏ အရေးပါသော အကြီးအကဲအားလုံးနီးပါးမှာ သူလျှိုများ ဖြစ်နေသည်ဟူသော အချက်က ရယ်စရာပင် ကောင်းနေတော့သည်။

သူသည် လက်ကို ဝေ့ယမ်းလိုက်ရာ အစိမ်းရောင် အလင်းတန်းနှစ်ခု ထွက်ပေါ်လာပြီး ထိုလူနှစ်ဦး၏ ကိုယ်ထဲသို့ စီးဝင်သွားသည်။

နောက်တစ်ခဏတွင်... ထိတ်လန့်စရာ မြင်ကွင်းတစ်ခု ပေါ်လာသည်။

အကြီးအကဲဟွမ်၏ အရေခွံမှာ အလိုအလျောက် ကွာကျလာပြီး အဖြူရောင်စက္ကူရုပ်သည် ထိုအရေခွံကို ကောက်ယူကာ သူ့ကိုယ်ပေါ်တွင် လွှမ်းခြုံလိုက်သည်။

စက္ကန့်ပိုင်းအတွင်းမှာပင် အဖြူရောင်စက္ကူရုပ်သည် အကြီးအကဲဟွမ်နှင့် ထပ်တူကျသော ပုံစံသို့ ပြောင်းလဲသွားသည်။

အလားတူပင်၊ အနက်ရောင်စက္ကူရုပ်ကလည်း အလယ်အလတ်အရွယ် အမျိုးသား၏ အရေခွံကို ဝတ်ဆင်လိုက်သည်။

ထိုသည်မှာ ဖန့်ချန်၏ အရေခွံဆုတ်ခြင်းအတတ် ပင် ဖြစ်သည်။

ဂူအပြင်ဘက်တွင်မူ...

ကွမ်းအာနှင့် အခြားအကြီးအကဲ သုံးဦးသည် ဖန့်ချန်၏ ကျင့်ကြံခြင်း ပြီးဆုံးမည့်အချိန်ကို စိုးရိမ်တကြီး စောင့်ဆိုင်းနေကြသည်။

ရုတ်တရက် ဂူအတွင်းမှ ဒေါသတကြီး အော်ဟစ်သံများ ကြားလိုက်ရပြီး သက်လတ်ပိုင်းအရွယ် အမျိုးသား အရေခွံဝတ်ထားသော အနက်ရောင်စက္ကူရုပ် နှင့် အကြီးအကဲဟွမ် အရေခွံဝတ်ထားသော အဖြူရောင်စက္ကူရုပ် တို့သည် တစ်ခုခုကို လုယူလာသည့်အလား ရူးသွပ်စွာ ရယ်မောရင်း ကောင်းကင်သို့ ပျံတက်သွားကြသည်။

"ဘာဖြစ်တာလဲ အဲဒါ အကြီးအကဲဟွမ် မဟုတ်လား"

သူတို့အားလုံး ထိတ်လန့်သွားကြသည်။

ကွမ်းအာသည် အခြေအနေ မဟန်ကြောင်း ရိပ်မိလိုက်ပြီး

"ဒုက္ခပဲ တစ်ယောက်ယောက်က ဦးလေးဖန့်ဆီက ပစ္စည်းတွေကို လုသွားပြီ"

ဟု အော်ဟစ်ကာ ဖန့်ချန်၏ ဂူအတွင်းသို့ လျှပ်စီးကဲ့သို့ ပြေးဝင်သွားသည်။

သူတို့ ဂူအတွင်း ရောက်ရှိချိန်တွင် ဖန့်ချန်သည် မျက်နှာတစ်ခုလုံး ဖြူလျော်ကာ၊ အလွန်အမင်း ဒေါသထွက်နေဟန်ဖြင့် ထွက်လာသည်ကို မြင်လိုက်ရသည်။

"ဦးလေးဖန့် ခုနက ဘာဖြစ်တာလဲယ အကြီးအကဲဟွမ်က ဘာလို့ သူစိမ်းတစ်ယောက်နဲ့အတူ ထွက်ပြေးသွားတာလဲ"

ဟု ကွမ်းအာက အသက်ရှူမဝဘဲ မေးလိုက်သည်။

"အကြီးအကဲဟွမ်က... သူက သစ္စာဖောက်ပဲ"

ဖန့်ချန်က အသံကို တုန်ရီအောင် ဟန်ဆောင်ကာ ပြောလိုက်သည်။

"သူက ငါ့ရဲ့ ကျင့်ကြံခြင်းကို နှောင့်ယှက်ပြီး ဆရာ ချန်ထားခဲ့တဲ့ ကျောက်သေတ္တာ ကို ခိုးယူသွားပြီ ငါ တားဖို့ ကြိုးစားပေမယ့် အတူပါလာတဲ့သူက အရမ်းအစွမ်းထက်တယ်"

"ဘာ"

ကွမ်းအာ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားသည်။

"အဲဒီသေတ္တာက ဂိုဏ်းအတွက် ဘယ်လောက်အရေးကြီးလဲ သူ သိရက်နဲ့"

ဖန့်ချန်က ဆက်လက်၍ လမ်းကြောင်းလွှဲလိုက်သည်။

"ကြည့်ရတာ အကြီးအကဲဟွမ်က နတ်ဆိုးတစ္ဆေဂိုဏ်း က လွှတ်လိုက်တဲ့ သူလျှိုဖြစ်ပုံရတယ် ငါ့ကို တိုက်ခိုက်သွားတဲ့ ပညာရှင်ကလည်း အဲဒီဂိုဏ်းကပဲ ဖြစ်ရမယ်"

ကျန်ရှိနေသော အကြီးအကဲသုံးဦးသည်လည်း သူတို့၏ သစ္စာရှိမှုကို ပြသလိုသဖြင့်

"ဒီသစ္စာဖောက်ကောင် ငါတို့ သူ့ကို လုံးဝ ခွင့်မလွှတ်ဘူး"

ဟု ဝိုင်းဝန်း ဆဲဆိုကြသည်။

သို့သော် ဖန့်ချန်၏ ထက်မြက်သော အာရုံခံစားမှုအရ ထိုသုံးဦး၏ မျက်ဝန်းထဲတွင် ဝမ်းသာအားရ ဖြစ်နေသည့် အရိပ်အယောင်များကို မြင်နေရသည်။

ဖန့်ချန်က စိတ်ဓာတ်ကျဟန်ဖြင့်

"ဆရာ့ရဲ့ အမွေအနှစ်တွေတော့ ဆုံးရှုံးသွားပြီ ထင်ပါရဲ့ ငါ့မှာ ခုခံနိုင်စွမ်း မရှိခဲ့ဘူး"

ဟု ဆိုကာ သက်ပြင်းချလိုက်သည်။

ထို့နောက် ကွမ်းအာက စစ်မြေပြင်အခြေအနေမှာ အလွန်စိုးရိမ်ရကြောင်း၊ ချင် မိသားစု၏ တိုက်ခိုက်မှုကြောင့် ဘိုးဘေးများ အန္တရာယ်ရှိနေကြောင်း သတင်းစကားပါးသဖြင့် ဖန့်ချန်သည် သူ၏ စွမ်းအားအသစ်ကို စမ်းသပ်ရန်နှင့် ဂိုဏ်းကို ကူညီရန် မီးလျှံတာအိုဂိုဏ်း ရှိရာသို့ ကိုယ်တိုင် သွားရောက်ရန် ဆုံးဖြတ်လိုက်တော့သည်။

အကြီးအကဲများ လူစုခွဲသွားသောအခါ ကွမ်းအာမှလွဲ၍ ကျန်အကြီးအကဲ သုံးဦးစလုံးသည် တိတ်တဆိတ် ကိုယ်စီနေရာများသို့ ပြန်သွားပြီး သူတို့၏ သခင်များထံသို့ သတင်းပို့လိုက်ကြသည်။

"သတင်းကောင်း ကျောက်သေတ္တာကို ကိုးဆက်မြောက်ဘုရင်ရဲ့ နန်းတော်က လူတွေ လုယူသွားပြီ နတ်ဆိုးတစ္ဆေဂိုဏ်းလည်း ပါဝင်ပတ်သက်နေတယ်"

ဖန့်ချန်သည် ဂူအတွင်း၌ ရပ်နေရင်း အပြင်က သတင်းပို့သံများကို စိတ်ထဲမှ သိနေကာ အေးစက်စက် ပြုံးလိုက်သည်။

ဤသည်မှာ သူ လိုချင်သော ရလဒ်ပင်။

ရန်သူအချင်းချင်း တိုက်ခိုက်ခိုင်းပြီး ဘေးကနေ ကြည့်နေရုံသာ။

ဂူအတွင်း၌ စက္ကူရုပ်နှစ်ရုပ် က ဖန့်ချန်ကို ကြည့်ကာ

"အရှင်... အရှင့်ရဲ့ ဒီပရိယာယ်က တကယ့်ကို ပါးနပ်လွန်းပါတယ် အခုဆိုရင် အကုန်လုံးက ကိုးဆက်မြောက်ဘုရင်ရဲ့ နန်းတော်ကိုပဲ ဝိုင်းတိုက်ကြတော့မယ်"

ဟု ချီးကျူးကြသည်။

ထို့နောက် အဖြူရောင်စက္ကူရုပ်က စိတ်ဝင်တစားဖြင့်

"ဒါနဲ့... အရှင့်ရဲ့ ဓားအမြုတေ က ဘယ်နှစ်ဆင့် အထိ ရှိသလဲ ကျွန်တော်တို့ စစ်ဆေးပေးရမလား"

ဟု မေးလိုက်သည်။

ဖန့်ချန်သည်လည်း သူ၏ အမြုတေက သာမန်ရွှေအမြုတေနှင့် မတူဘဲ ထူးခြားနေသဖြင့်

"ကောင်းပြီ... ကြည့်ပေးကြပါဦး"

ဟု ဆိုကာ သူ၏ ကိုယ်တွင်းမှ ဝင်းလက်တောက်ပနေသော၊ ဓားအရှိန်အဝါများ ဖုံးလွှမ်းနေသော အမြုတေကို ထုတ်ပြလိုက်သည်။

စက္ကူရုပ်နှစ်ရုပ်မှာ ထိုအမြုတေကို မြင်လိုက်ရသည်နှင့် တစ်ကိုယ်လုံး တုန်ရီသွားပြီး၊ မျက်နှာများမှာ မှင်တက်ကာ

"ဒါ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ဒါက ခြောက်ဆင့် မဟုတ်ဘူး... ကိုးဆင့်လည်း မဟုတ်ဘူး... ဒါက..."

All Chapters