အခန်း (၆၁၉-၆၂၀)
Vol. 62 Ch. 619-620
အခန်း ၆၁၉ - ငါ နောက်ကျသွားသလား
"အကြီးအကဲရွှီ"
လျိုတုန်းသည် အကြီးအကဲရွှီ၏ အနားသို့ အပြေးအလွှား သွားရောက်ကာ သူ့ကို တွဲထူလိုက်သည်။
အကြီးအကဲရွှီ၏ ကိုယ်ပေါ်တွင် ပြင်းထန်သော ဒဏ်ရာဟောင်းများအပြင် လတ်လတ်ဆတ်ဆတ် ရရှိထားသော နှိပ်စက်ရာများကို မြင်လိုက်ရသည့်အခါ လျိုတုန်းမှာ ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ရီလာတော့သည်။
သူသည် တဲအတွင်းမှ ထွက်လာသော ထွားကျိုင်းသော ကျင့်ကြံသူကို ရန်လိုသော အကြည့်များဖြင့် စိုက်ကြည့်လိုက်သည်။
"အိုး မင်းတို့ကလည်း တာအိုတစ်ထောင်ဂိုဏ်း ကပဲလား"
ထိုထွားကျိုင်းသော ကျင့်ကြံသူက ခနဲ့တဲ့တဲ့ ရယ်မောရင်း ဖန့်ချန်ကို အကဲခတ်နေသည်။
ဖန့်ချန်မှာ ဒဏ်ရာတစ်စုံတစ်ရာ မရှိဘဲ သပ်သပ်ရပ်ရပ် ဖြစ်နေသည်ကို မြင်သောအခါ သူ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားပုံရသည်။
"မင်းက ဘယ်သူလဲ ဘာလို့ ဒီသစ္စာဖောက် တာအိုတစ်ထောင်ဂိုဏ်းသားတွေနဲ့ ရောနှောနေရတာလဲ သူတို့က လန်ယာ မျိုးနွယ်နဲ့ ပူးပေါင်းပြီး ယုတ်မာတဲ့ ကိစ္စတွေ လုပ်နေကြတဲ့သူတွေကွ"
ထိုအချိန်မှာပင် အနီးနားရှိ သစ်သားတဲများအတွင်းမှ အခြားသော တာအိုတစ်ထောင်ဂိုဏ်းသားများလည်း အပြေးအလွှား ရောက်ရှိလာကြသည်။
သူတို့အားလုံးမှာ စစ်ရှုံးစစ်သည်များကဲ့သို့ ဖရိုဖရဲ ဖြစ်နေကြပြီး မျက်နှာများမှာ ညှိုးငယ်နေကြသည်။
သို့သော် ထိုထွားကျိုင်းသော ကျင့်ကြံသူကတော့ ဂရုမစိုက်ပေ။
တာအိုတစ်ထောင်ဂိုဏ်းသားများ လူစုလူဝေး ဖြစ်လာသည်ကို သူက မထီမဲ့မြင် ပြုနေဆဲ ဖြစ်သည်။
ဆူညံသံများကြောင့် အနီးနားရှိ အခြားဂိုဏ်းများမှ ကျင့်ကြံသူများလည်း ထွက်လာကြပြီး ဖန့်ချန်တို့ကို မကောင်းသော အကြည့်များဖြင့် ဝိုင်းရံလာကြသည်။
ဖန့်ချန်သည် အခြေအနေကို ကြည့်ရင်း အမှန်တရားကို ရိပ်မိလိုက်သည်။
မီးလျှံတာအိုဂိုဏ်း သည် ချင် မျိုးနွယ်ကို အမှန်တကယ် ကူညီလိုစိတ် မရှိပေ။
သူတို့သည် ဤစစ်ပွဲကို အခွင့်ကောင်းယူကာ အခြားဂိုဏ်းငယ်လေးများကို သွေးစုပ်ဖျက်ဆီးပြီး ကိုယ်ကျိုးရှာလိုကြခြင်းသာ ဖြစ်သည်။
အကယ်၍သာ သူတို့တွင် ကူညီလိုစိတ်ရှိလျှင် ဒဏ်ရာရနေသော ကျင့်ကြံသူများကို ဤကဲ့သို့ တိရစ္ဆာန်များသဖွယ် ပစ်ထားမည် မဟုတ်ဘဲ ဆေးဝါးများဖြင့် ကုသပေးမည် ဖြစ်သည်။
အမှန်စင်စစ် အကြီးအကဲရွှီနှင့် လျိုတုန်းတို့၏ ဒဏ်ရာများသည် ရွှေအမြုတေအဆင့် ကျင့်ကြံသူ တစ်ဦးအတွက် ကုသပေးရန် အလွန်လွယ်ကူသော ကိစ္စဖြစ်သော်လည်း မီးလျှံတာအိုဂိုဏ်းကတော့ သူတို့ကို သေတွင်းထဲ ပို့ရန်သာ ဆန္ဒရှိနေပုံရသည်။
"ဒါ... ဒါက ဘိုးဘေး မဟုတ်လား..."
တာအိုတစ်ထောင်ဂိုဏ်းသားတစ်ဦးက မသေချာသော လေသံဖြင့် မေးလိုက်သည်။
သူ၏ မျက်ဝန်းများမှာ မှေးမှိန်နေပြီး စိတ်ဓာတ်များ ပြိုလဲနေရှာပြီ။
ဖန့်ချန်ကို တစ်ခါနှစ်ခါသာ မြင်ဖူးသော ထိုတပည့်များမှာ ပင်ပန်းနွမ်းနယ်လွန်းသဖြင့် ရှေ့တွင် ရပ်နေသူမှာ မည်သူမှန်းပင် ကောင်းကောင်း မခွဲခြားနိုင်တော့ပေ။
"ဟုတ်တယ် ဒါ ငါတို့ ဘိုးဘေးပဲ"
လျိုတုန်းက သွားကြိတ်ရင်း ပြန်ဖြေလိုက်သည်။
"ငါတို့ ဒီမှာ ဆက်နေပြီး အနိုင်ကျင့်ခံနေစရာ မလိုတော့ဘူး အားလုံး ပြင်ဆင်ထားကြ ငါတို့ ဘိုးဘေးနဲ့အတူ ဒီနေရာကနေ ထွက်သွားကြမယ်"
အကြီးအကဲရွှီ၏ မှေးမှိန်နေသော မျက်ဝန်းများမှာ ချက်ချင်းဆိုသလို တောက်ပလာသည်။
"စီနီယာ ဦးလေး..."
ရှေ့တွင် ရပ်နေသူမှာ ဖန့်ချန် အမှန်ဖြစ်ကြောင်း အတည်ပြုနိုင်လိုက်သောအခါ၊ အကြီးအကဲရွှီ၏ မျက်နှာတွင် အရှက်ရမှု၊ ဒေါသနှင့် နာကျည်းမှုများ ရောပြွမ်းသွားတော့သည်။
"ကောင်းပြီ ဘာမှ ပြောမနေနဲ့တော့ မင်းတို့ အခြေအနေကို ငါ အကုန်ကြားသိပြီးပြီ"
ဖန့်ချန်က ခေါင်းငြိမ့်ကာ ပြောလိုက်သည်။
သူသည် ဝတ်ရုံစကို ဝေ့ယမ်းလိုက်ရာ ဝိညာဉ်စွမ်းအား အလင်းတန်းများ ကျရောက်လာပြီး လူတိုင်း၏ ဒဏ်ရာများအတွင်းမှ အဆိပ်အတောက် ဖြစ်နေသော ဝိညာဉ်စွမ်းအားဟောင်းများကို ဖယ်ရှားပေးလိုက်သည်။
နှိပ်စက်နေသော ထိုစွမ်းအားများ ကင်းစင်သွားသည်နှင့် တပြိုင်နက် သူတို့၏ ဒဏ်ရာများမှာ သိသိသာသာ ပြန်လည်သက်သာလာတော့သည်။
ဖန့်ချန်၏ အစွမ်းကို မြင်လိုက်ရသောအခါ ဝိုင်းရံထားသော ကျင့်ကြံသူများမှာ တုံ့ဆိုင်းသွားကြပြီး အခြေအနေကို အသာကြည့်နေကြသည်။
ထွားကျိုင်းသော ကျင့်ကြံသူမှာလည်း ခဏမျှ မှင်တက်သွားပြီး သူ၏ မျက်ဝန်းထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
သူသည် အနောက်သို့ တိတ်တဆိတ် ဆုတ်လိုက်ပြီး သူ့ကို ကူညီမည့်သူ ရှိမရှိ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။
ဖန့်ချန်က ထိုသူကို လက်ညှိုးညွှန်ကာ
"အကြီးအကဲရွှီ... သူက ဘယ်သူလဲ"
အကြီးအကဲရွှီက အားယူကာ ထရပ်လိုက်ပြီး ထိုသူကို သတ်ဖြတ်လိုသော အကြည့်ဖြင့် စိုက်ကြည့်ကာ
"သူက ယွမ်ချွမ်း ဂိုဏ်းက ကျင့်ကြံသူပါ"
ဟု ဖြေသည်။
"မင်း... မင်း ငါ့ကို ဘာလုပ်မလို့လဲ ဒါက မီးလျှံတာအိုဂိုဏ်းရဲ့ နယ်မြေနော် တာအိုတစ်ထောင်ဂိုဏ်း မဟုတ်ဘူး"
ထွားကျိုင်းသော ကျင့်ကြံသူမှာ ကြောက်စိတ်ဝင်လာသော်လည်း လေသံကို မာအောင် အတင်းလုပ်ထားသည်။
"မင်းက သူတို့အတွက် ဘယ်သူပဲဖြစ်ဖြစ် သတိထားဦး ဒီနေရာက မီးလျှံတာအိုဂိုဏ်းရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိတာ"
"မင်းတို့ရဲ့ ရွှေအမြုတေအဆင့် ဖေချင်းဖုန်းတောင် ဒီမှာပဲ ကျဆုံးသွားတာကို မမေ့နဲ့ မင်း ဒီမှာ ပြဿနာ လာမရှာတာ ကောင်းလိမ့်မယ်"
ဖန့်ချန်က ဘာမှပြန်မပြောဘဲ တိတ်ဆိတ်နေသည်ကို မြင်သောအခါ ထိုသူမှာ ပို၍ စိုးရိမ်လာပြီး လေသံလျော့ကာ
"ငါက အကြီးအကဲရွှီကို သစ္စာဖောက်တွေနဲ့ ပတ်သက်မှုရှိလားဆိုတာ မေးမြန်းရုံတင်ပါ နည်းနည်း လက်လွန်သွားတာ ရှိကောင်းရှိနိုင်ပေမဲ့ ဒါကလည်း သတင်းရဖို့ လုပ်ရတာပဲလေ ဒါ လူ့သဘာဝပဲ မဟုတ်လား"
ထိုအချိန်မှာပင် ဖန့်ချန်၏ လက်ချက်ဖြင့် သတိလစ်သွားခဲ့သော ဦးလေးမြောင် ရောက်ရှိလာသည်။
သူသည် အဝေးကနေ ဖန့်ချန်ကို လှမ်းအော်လိုက်သည်
"သူခိုး ငါတို့ဂိုဏ်းထဲမှာ မင်း သောင်းကျန်းနိုင်မယ် မထင်နဲ့ ငါ အကြီးအကဲတွေကို သတင်းပို့ထားပြီးပြီ သူတို့ ရောက်လာတာနဲ့ မင်းကို နှိမ်နင်းတော့မှာ"
အင်အားဖြည့်တင်းမှု ရှိလာပြီဖြစ်သဖြင့် ထွားကျိုင်းသော ကျင့်ကြံသူမှာ အားတက်သွားပြီး ဖန့်ချန်ကို လက်ညှိုးငေါ့ကာ
" မြောင် ခင်ဗျား အချိန်မီ ရောက်လာတာပဲ ဒီ တာအိုတစ်ထောင်ဂိုဏ်းသားတွေက ဒီလူနဲ့ပေါင်းပြီး ဒီကနေ ထွက်ပြေးဖို့ ကြံနေကြတာ သူတို့အားလုံးက သစ္စာဖောက်တွေပဲ"
"ငါတို့ဂိုဏ်းထဲကနေ ထွက်ပြေးမလို့လား ဟားဟားဟား... မင်းတို့ သေလမ်းကို ရွေးလိုက်တာပဲ"
မြောင်က ဒေါသတကြီး လှောင်ပြောင်လိုက်သည်။
"ဒီလိုအချိန်မှာ ငါတို့ဂိုဏ်းကို သစ္စာဖောက်တာဟာ ချင် မိသားစုကို သစ္စာဖောက်တာပဲ ချင် မိသားစုက အပြစ်မပေးရင်တောင် ငါတို့ ဘိုးဘေးကို စော်ကားတဲ့အတွက် မင်းတို့ ကောင်းကောင်း သေရမှာ မဟုတ်ဘူး"
ဖန့်ချန်က သူ့ကို အဖက်မလုပ်ဘဲ
"အကြီးအကဲရွှီ တခြားနေရာကို စေလွှတ်ခံရတဲ့သူတွေကလွဲရင် ကျန်တဲ့ တပည့်တွေ အကုန် ဒီမှာ ရှိရဲ့လား"
"ညီငယ် လီ တစ်ယောက်ပဲ ကျန်တော့တယ်"
အကြီးအကဲရွှီက တိုးညှင်းစွာ ဆိုသည်။
"ကျန်တဲ့သူတွေတော့ ဒီမှာ အကုန်ရှိပါတယ်"
အကြီးအကဲရွှီ၏ မျက်ဝန်းများမှာ နီရဲလာပြီး အသံမှာ တုန်ရီလာသည်
"ဘိုးဘေး... သူကတော့..."
"သူ ပျောက်ဆုံးနေတာပဲရှိတာ အခု ဝမ်းနည်းနေဖို့ မလိုသေးဘူး သူ သေချင်မှ သေဦးမှာပါ"
ဖန့်ချန်က ခေါင်းခါရင်း ပြောလိုက်သည်။
သူသည် ဦးလေးမြောင်ဘက်သို့ လှည့်ကာ မေးလိုက်သည်
"မင်းပြောတဲ့ အကြီးအကဲတွေက ဘာလို့ အခုထိ ရောက်မလာသေးတာလဲ"
"ငါ နောက်ကျသွားသလား"
မြောင် စကားမပြောမီမှာပင် ကောင်းကင်ယံမှ မသေမျိုးအရှိန်အဝါများ ပြည့်နှက်နေသော အဘိုးအိုတစ်ဦးသည် စိမ်းလန်းသော ဝါးပုလွေတစ်ချောင်းကို စီးနင်းလျက် ဆင်းသက်လာသည်။
ဖန့်ချန်က မျက်မှောင်ကြုတ်ကာ
"မင်းရဲ့ လက်နက်က ပုလွေဖြစ်နေရက်သားနဲ့ ဘာလို့ ဓားပျံလို စီးနေရတာလဲဘအဲ့ဒါကို ပြန်မှုတ်တဲ့အခါ သန့်ရှင်းရေး လုပ်ဦးမှာလား"
ဟု ခနဲ့လိုက်သည်။
မြေပြင်သို့ ဆင်းသက်ခါနီးဖြစ်သော ထိုအဘိုးအိုမှာ ဖန့်ချန်၏ စကားကြောင့် ခြေချော်လက်ချော် ဖြစ်သွားကာ ဟန်ချက်ပင် ပျက်မလို ဖြစ်သွားသည်။
"အကြီးအကဲ ဟော် အဲ့ဒီလူပါပဲ"
မြောင်က ရိုသေစွာဖြင့် ရှေ့သို့တိုးကာ ဖန့်ချန်ကို ညွှန်ပြသည်။
"ကောင်းပြီ"
အကြီးအကဲဟော်က ခေါင်းငြိမ့်ကာ လက်ထဲမှ ဝါးပုလွေကို ကစားနေသည်။ သူသည် ဖန့်ချန်ကို အကဲခတ်ရင်း
"မင်းက ရွှေအမြုတေအဆင့် ကျင့်ကြံသူလား ငါသိသလောက် တာအိုတစ်ထောင်ဂိုဏ်းမှာ ရွှေအမြုတေအဆင့် တစ်ယောက်ပဲ ရှိတာ မင်းက ကြားထဲက ဝင်လာတဲ့သူလား"
"အဲ့ဒီလိုပဲ ပြောလို့ရပါတယ်"
ဖန့်ချန်က အေးအေးဆေးဆေးပင် ပြန်ဖြေသည်။
"မင်းက မီးလျှံတာအိုဂိုဏ်းမှာ အမိန့်ပေးနိုင်တဲ့သူလား ဘာလို့ မင်းတို့ရဲ့ ဝိညာဥ်သန္ဓေသား နဲ့ သိမြင်ခြင်းအဆင့် ဘိုးဘေးတွေကို ခေါ်မထုတ်တာလဲ"
"ရယ်စရာပဲ အဲ့ဒီ ဘိုးဘေးနှစ်ယောက်က ဘယ်လိုပုဂ္ဂိုလ်မျိုးတွေလဲဆိုတာ မင်းသိလား သူတို့ရဲ့ ကျင့်ကြံချိန်က အရမ်းတန်ဖိုးရှိတယ် မင်းလိုလူစားမျိုးအတွက်နဲ့ သူတို့က တရားထိုင်ရာကနေ ဘာလို့ ထွက်လာရမှာလဲ"
အကြီးအကဲဟော်က နှာခေါင်းရှုံ့လိုက်သည်။
"ဂိုဏ်းချုပ်က တစ်ယောက်ယောက် မီးလျှံတာအိုဂိုဏ်းမှာ လာသောင်းကျန်းနေတယ်လို့ ကြားလို့ ငါ့ကို လွှတ်လိုက်တာ မင်း ကိုယ့်ဘာသာ ဒူးထောက်ပြီး တောင်းပန်မလား၊ ဒါမှမဟုတ် ငါ့လက်နဲ့ပဲ အပြစ်ပေးရမလား"
အကြီးအကဲရွှီနှင့် အခြားသူများ၏ မျက်နှာတွင်တော့ လှောင်ပြုံးများ ပေါ်လာကြသည်။
အဖြူအမည်း စက္ကူရုပ်တွေသာ ထွက်လာရင် ဒီအဘိုးကြီး အရှက်တကွဲ သေရတော့မှာကို သူတို့ သိနေကြသည်။
ဖန့်ချန်က ဘာမှမပြောဘဲ တိတ်ဆိတ်နေသည်ကို မြင်သောအခါ၊ အကြီးအကဲဟော်က ရယ်မောရင်း ဝါးပုလွေကို သူ့နှုတ်ခမ်းဆီသို့ ယူဆောင်သွားလိုက်သည်။
ထိုခဏမှာပင် ဖန့်ချန်၏ ပုံရိပ်မှာ နေရာတင် ပျောက်ကွယ်သွားပြီး၊ မျက်တောင်တစ်ခတ်အတွင်းမှာပင် အကြီးအကဲဟော်၏ ရှေ့တည့်တည့်သို့ ရောက်ရှိသွားကာ လက်ဝါးဖြင့် အသာအယာ ရိုက်လိုက်သည်။
"ဖု"
ခနဲ မြည်သံနှင့်အတူ အကြီးအကဲဟော် မှုတ်တော့မည့် ဝါးပုလွေမှာ သူ၏ လည်ချောင်းအတွင်းသို့ တိုးဝင်သွားပြီး ဦးခေါင်းအနောက်ဘက်မှ လျှံထွက်သွားတော့သည်။
အကြီးအကဲဟော်၏ မျက်နှာမှာ ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားသည်။
"မင်း..."
ဖန့်ချန်၏ မျက်နှာမှာတော့ မည်သည့် ခံစားချက်မျှ မရှိပေ။
သူသည် လက်ကို ထပ်မံ ဝေ့ယမ်းလိုက်ရာ အကြီးအကဲဟော်၏ ခန္ဓာကိုယ်အထက်ပိုင်းမှာ အပိုင်းပိုင်းအစစ ကြေမွသွားပြီး အောက်ပိုင်းသာ မြေပေါ်သို့ ဘုတ်ခနဲ ကျန်ရစ်တော့သည်။
ဖန့်ချန်က အဝေးတွင် ကြောက်လန့်တကြား ကြည့်နေသော မြောင်ဘက်သို့ လှည့်ကာ အေးစက်စွာ ပြောလိုက်သည်
"အကြီးအကဲတွေကိုပဲ ခေါ်ထုတ်နေတာ ငါ့အတွက် မလုံလောက်ဘူး မင်းတို့ရဲ့ ဝိညာဥ်သန္ဓေသာူနဲ့ သိမြင်ခြင်းအဆင့် ဘိုးဘေးတွေကို အခုချက်ချင်း ထွက်လာခိုင်းလိုက်စမ်း"
မြောင်၏ ကျောရိုးတလျှောက် စိမ့်ခနဲ အေးသွားပြီး တစ်ကိုယ်လုံး ကြက်သီးမွှေးညှင်းများ ထလာတော့သည်။
သူသည် နေရာတွင် ကျောက်ရုပ်ကဲ့သို့ ရပ်နေမိပြီး စကားတစ်လုံးမှပင် မဟနိုင်တော့ပေ။
အခန်း ၆၂၀ - ကျေနပ်လောက်တဲ့ ရှင်းပြချက်တစ်ခုလား
"မဖြစ်နိုင်တာဘ အကြီးအကဲဟော်က ရွှေအမြုတေအဆင့် ကျင့်ကြံသူလေ ဘယ်လိုလုပ် ဒီလောက်လွယ်လွယ်နဲ့ သေသွားရတာလဲ"
"ရွှေအမြုတေအဆင့်ချင်း တူရင်တောင် စွမ်းအားချင်းက ကွာခြားမှု ရှိနိုင်တာပဲ ငါကြားတာတော့ အကြီးအကဲဟော်က ရွှေအမြုတေအဆင့် အစောပိုင်းပဲ ရှိသေးတာတဲ့ ဒီ တာအိုတစ်ထောင်ဂိုဏ်း ရဲ့ ဘိုးဘေးက ရွှေအမြုတေအဆင့် အလယ်ပိုင်းလောက် ဖြစ်နိုင်တယ်"
"သူ ဘယ်လောက်ပဲ သန်မာပါစေဦးတော့ ဘာအသုံးကျမှာလဲ မီးလျှံတာအိုဂိုဏ်းကို စိန်ခေါ်တာက တစ်ပိုင်းပေါ့ ဒါပေမဲ့ ဝိညာဉ်သန္ဓေသားအဆင့် ဒါမှမဟုတ် သိမြင်ခြင်းအဆင့် ဘိုးဘေးတွေသာ ထွက်လာရင်တော့ ဇာတ်လမ်းက တစ်မျိုးပြောင်းသွားမှာပဲ"
ပတ်ဝန်းကျင်ရှိ ထောင်ပေါင်းများစွာသော ကျင့်ကြံသူများသည် တစ်ဦးနှင့်တစ်ဦး တိုးတိုးဖော်ဖော် ပြောဆိုနေကြသလို၊ အချို့ကလည်း သတင်းပို့မှော်စာလိပ် များဖြင့် သတင်းဖလှယ်နေကြသည်။
သူတို့၏ မျက်ဝန်းများထဲတွင် ဖန့်ချန်ကို အံ့ဩမှုနှင့်အတူ လှောင်ပြောင်လိုသော အရိပ်အယောင်များဖြင့် ကြည့်နေကြသည်။
သူတို့သည် ရွှေအမြုတေအဆင့် ကျင့်ကြံသူများကို မကြာခဏ မြင်ဖူးသလို၊ အချို့ ကျဆုံးသည်ကိုလည်း တွေ့ဖူးကြသည်။
တစ်ချိန်က မမှီနိုင်သော တည်ရှိမှုကြီးဟု ထင်ရသော်လည်း ယခုအခါတွင်မူ ထိုအဆင့်မှာ အရင်လောက် အထင်ကြီးစရာ မကောင်းတော့သလို ဖြစ်နေသည်။
မျက်နှာပြည့်ပြည့်နှင့် ထွားကျိုင်းသော ကျင့်ကြံသူမှာမူ အသက်ရှူမှားသွားကာ လူအုပ်ကြီး၏ နောက်ဘက်သို့ တိတ်တဆိတ် ဆုတ်ခွာသွားသည်။
သူ၏ မျက်ဝန်းထဲတွင် ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသည်။
ဒါ ဘာတွေ ဖြစ်နေတာလဲ တာအိုတစ်ထောင်ဂိုဏ်းမှာ ဖေချင်းဖုန်းအပြင် နောက်ထပ် ရွှေအမြုတေအဆင့် ဘိုးဘေးတစ်ယောက် ရှိနေသေးတာလား အဲ့ဒီလူက ဒီလောက်တောင် ရက်စက်နေတာလား
ဤနေရာသည် မီးလျှံတာအိုဂိုဏ်း ၏ နယ်မြေဖြစ်သည်။
ထို့အပြင် မီးလျှံတာအိုဂိုဏ်းသည် လန်ယာ မျိုးနွယ်ကို ခုခံရန်အတွက် ချင် မိသားစုနှင့် မဟာမိတ် ဖွဲ့ထားသဖြင့် သူတို့၏ အဆင့်အတန်းနှင့် သြဇာအာဏာမှာ သိသိသာသာ မြင့်တက်နေသည်။
သူတို့ လုပ်ဆောင်သမျှ ကိစ္စတိုင်းကို ချင်မိသားစု၏ အမိန့်ဟု အကြောင်းပြချက် ပေးနိုင်သည့် အခြေအနေဖြစ်သည်။
ကျင့်ကြံသူတစ်ဦး၏ နောက်ခံမှာ မည်မျှပင် မြင့်မားပါစေ၊ မီးလျှံတာအိုဂိုဏ်းကို ဆန့်ကျင်သူတိုင်းကို သစ္စာဖောက်ဟု တံဆိပ်ကပ်ကာ ချင်မိသားစု၏ အပြစ်ပေးခြင်းကို ခံရစေနိုင်သည်။
ထိုကဲ့သို့သော အခြေအနေမျိုးတွင် မီးလျှံတာအိုဂိုဏ်း၏ ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးကို လူသိရှင်ကြား ဒဏ်ရာရအောင် လုပ်ဆောင်ခြင်းသည် ချင်မိသားစုရော၊ မီးလျှံတာအိုဂိုဏ်းကိုပါ စစ်ကြေညာလိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။
"အကြီးအကဲဖန့်.ာ အကြီးအကဲရဲ့ ကျင့်ကြံမှုက ဒီလောက်တောင် မြင့်မားတာလား ဘိုးဘေးဖေထက်တောင် မနိမ့်ဘူးပဲ"
တာအိုတစ်ထောင်ဂိုဏ်းမှ ချီသန့်စင်ခြင်းအဆင့် တပည့်များမှာ အလွန်အံ့ဩသွားကြသည်။
အကြီးအကဲရွှီမှာမူ အသက်ပြင်းပြင်း ရှူလိုက်မိသည်။
ဖန့်ချန်သည် အဖြူအမည်း စက္ကူရုပ်များကို အားကိုးသဖြင့် သန်မာသည်ဟု သူ အမြဲထင်ခဲ့သော်လည်း ယခုအခါတွင်မူ ဖန့်ချန်၏ ကိုယ်ပိုင်ကျင့်ကြံမှုမှာလည်း အလွန်အမင်း မြင့်မားနေသည်ကို တွေ့လိုက်ရသဖြင့် မှင်တက်နေမိသည်။
ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက် ဒီအတိုင်းပဲ သေလုမျောပါး ဖြစ်သွားရတာလား
"ဟား... ဟား..."
အကြီးအကဲဟော်၏ လည်ချောင်းထဲမှ ထူးဆန်းသော အသံများ ထွက်ပေါ်နေသည်။
သူသည် စကားပြောရန် ကြိုးစားနေသော်လည်း ပုလွေမှာ သူ၏ လည်ချောင်းကို ထိုးဖောက်သွားရုံတင်မက ဦးနှောက်ကိုပါ ဒဏ်ရာရစေခဲ့သဖြင့် စကားတစ်ခွန်းမှ မထွက်နိုင်တော့ပေ။
ဖန့်ချန်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီးမှ ဦးလေးမြောင်ဘက်သို့ လှည့်ကာ
"မင်း ဘာကို စောင့်နေတာလဲ သူ ဒီအတိုင်းဆို ကြာကြာမခံတော့ဘူး သူက ရွှေအမြုတေအဆင့် ကျင့်ကြံသူ ဖြစ်နေရင်တောင် ကုသမှု မခံယူရရင် နာရီဝက်အတွင်း သေသွားလိမ့်မယ်"
ဟု ပြောလိုက်သည်။
ဦးလေးမြောင်၏ မျက်နှာမှာ ဖြူလျော်သွားပြီး
"ဟုတ်... ဟုတ်ကဲ့ပါ..."
သူသည် ချက်ချင်းပင် သတင်းပို့မှော်စာလိပ်ကို ထုတ်ကာ မီးရှို့လိုက်သည်။ ထို့နောက် သတိထားကာ ပြောလိုက်သည်
"ကျွန်တော်က တခြားလုပ်ဖော်ကိုင်ဖက်တွေနဲ့ အကြီးအကဲ တချို့ဆီကိုပဲ သတင်းပို့လို့ ရတာပါ ဘိုးဘေးတွေကိုတော့ ကျွန်တော့်မှာ ဆက်သွယ်ပိုင်ခွင့် မရှိပါဘူး..."
"ရပါတယ် မင်းတို့ရဲ့ ဘိုးဘေးတွေ လာနေကြပါပြီ"
ဖန့်ချန်က အသာအယာ ပြုံးလိုက်ပြီး မသေမျိုးတောင်တန်း၏ အတွင်းဘက်သို့ လှည့်ကြည့်လိုက်သည်။
သူ၏ ရှေးဦးနတ်ဘုရားမျက်လုံး ကို အသုံးပြုလိုက်သည့်အခါ ရွှေအမြုတေအဆင့်ထက် ပိုမိုသန်မာသော အရှိန်အဝါတစ်ခု ချဉ်းကပ်လာနေသည်ကို မြင်လိုက်ရသည်။
ဦးလေးမြောင်မှာ သိသိသာသာ အံ့ဩသွားသည်
"ဘိုးဘေး ထွက်လာတာလား"
သူသည် ဖန့်ချန်ကို ထပ်မံ မစော်ကားမိစေရန် သူ၏ အမူအရာကို ချက်ချင်း ပြုပြင်လိုက်သည်။
ပညာရှိသောသူသည် ပြိုလဲလုဆဲ နံရံအောက်တွင် မရပ်သင့်ပေ
ဝိညာဉ်သန္ဓေသားအဆင့် ဟု သံသယရှိရသော အရှိန်အဝါတစ်ခုသာမက၊ အကြီးအကဲဟော်နှင့် စွမ်းအားတူညီသော အခြားအရှိန်အဝါများစွာသည်လည်း သူတို့ဆီသို့ ဦးတည်လာနေသည်။
စက္ကန့်အနည်းငယ်အကြာတွင် ရွှေအမြုတေအဆင့် ကျင့်ကြံသူ ခုနစ်ဦးသည် တစ်ယောက်ပြီးတစ်ယောက် ပေါ်လာကြသည်။
သူတို့၏ အရှိန်အဝါများမှာ ကွဲပြားကြပြီး အချို့မှာ အကြီးအကဲဟော်နှင့် တူညီကာ အချို့မှာမူ သာလွန်နေကြသည်။
ထိုရွှေအမြုတေအဆင့် ကျင့်ကြံသူများသည် အကြီးအကဲဟော်၏ အခြေအနေကို မြင်သောအခါ ဖန့်ချန်ကို အေးစက်စက် အကဲခတ်ရုံသာ ကြည့်နေကြသည်။
သူတို့သည် ရှေ့သို့ တိုးမလာဘဲ တစ်ခုခုကို စောင့်ဆိုင်းနေပုံရသည်။
ထိုရွှေအမြုတေအဆင့်များ ရောက်ရှိလာခြင်းကြောင့် ပတ်ဝန်းကျင်ရှိ တင်းမာမှုမှာ အနည်းငယ် လျော့ပါးသွားသလို၊ ဦးလေးမြောင်လည်း စိတ်သက်သာရာ ရသွားသည်။
အကြီးအကဲဟော်၏ ဖြူလျော်နေသော မျက်နှာသည်လည်း အနည်းငယ် ပြန်လည်ကောင်းမွန်လာပြီး၊ သူ့ကို ကယ်တင်ရန် လုပ်ဖော်ကိုင်ဖက်များကို အားကိုးတကြီး ကြည့်နေသည်။
အကြီးအကဲရွှီနှင့် အခြားသူများမှာမူ သူတို့၏ စိတ်ထဲတွင် စိုးရိမ်တုန်လှုပ်မှု အနည်းငယ် ဖြစ်ပေါ်လာသော်လည်း၊ ဖန့်ချန်၏ အံ့မခန်းစွမ်းရည်များကို ပြန်လည်သတိရကာ အားတင်းထားကြသည်။
တစ်ကယ်လို့သာ အဖြူအမည်း စက္ကူရုပ်တွေ ထွက်လာရင် ဒီရွှေအမြုတေအဆင့် တစ်စုလုံးက ခြိမ်းခြောက်မှု ဖြစ်နိုင်ပါဦးမလား
လူငယ်တစ်ဦး ရောက်ရှိလာသည့်အခါတွင်မူ တင်းမာနေသော လေထုမှာ လုံးဝ ပြိုကွဲသွားတော့သည်။
ပတ်ဝန်းကျင်ရှိ ရွှေအမြုတေအဆင့် အကြီးအကဲများနှင့် ဦးလေးမြောင်တို့မှာ စိတ်လှုပ်ရှားစွာဖြင့် လက်အုပ်ချီကာ
"ကျွန်တော်မျိုးတို့ ဘိုးဘေးကို ဂါရဝပြုပါတယ်"
ဟု ညီညာစွာ နှုတ်ဆက်လိုက်ကြသည်။
ဒါ ဝိညာဉ်သန္ဓေသားအဆင့်လား၊ သိမြင်ခြင်းအဆင့် ဘိုးဘေးလား
ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများမှာ အံ့အားသင့်ကာ ထိုလူငယ်၏ မည်သူမည်ဝါဖြစ်ကြောင်းကို အမျိုးမျိုး ခန့်မှန်းနေကြသည်။
မျက်နှာပြည့်ပြည့်နှင့် ကျင့်ကြံသူမှာမူ သက်ပြင်းချလိုက်မိသည် မီးလျှံတာအိုဂိုဏ်း၏ ဘိုးဘေးကိုယ်တိုင် ပေါ်လာပြီဆိုလျှင် ထိုကိစ္စမှာ ပြီးဆုံးသွားပြီဟု သူ ယူဆလိုက်သည်။
လူငယ်က ခပ်အေးအေးပင် ခေါင်းငြိမ့်ပြလိုက်ပြီး ဖန့်ချန်ကို စိုက်ကြည့်လိုက်သည်။
ခဏအကြာတွင် ဖန့်ချန်၏ အရှိန်အဝါမှာ လုံးဝ ခန့်မှန်း၍မရနိုင်အောင် ဖြစ်နေသဖြင့် သူ၏ ကျင့်ကြံမှုအဆင့်ကို မသိနိုင်ကြောင်း သူ ရိပ်မိလိုက်သည်။
ထို့နောက် သူ၏ အကြည့်မှာ အကြီးအကဲဟော်ဆီသို့ ရောက်သွားသည်။
သူ၏ သနားစဖွယ် အခြေအနေကို မြင်သောအခါ လူငယ်က ခပ်တိုးတိုး ရယ်မောလိုက်သည်။
"မင်း မီးလျှံတာအိုဂိုဏ်းမှာ နေတာ ကြာသွားလို့ အောက်ခြေလွတ်နေပြီပဲ ဒီလောကမှာ တကယ့်ပညာရှင်တွေ မရှိတော့ဘူးလို့ မင်းထင်နေတာလား အခုတော့ တောင်ထက်မြင့်တဲ့ တောင်ဆိုတာ ရှိသေးတယ်ဆိုတာ မင်းယုံပြီလား"
ပတ်ဝန်းကျင်ရှိ လူများမှာ ဇဝေဇဝါ ဖြစ်သွားကြပြီး တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။
ထိုလူငယ်က ဖန့်ချန်ကို ထပ်မံကြည့်ကာ ပြုံးလျက်
"မင်းနဲ့ တာအိုတစ်ထောင်ဂိုဏ်းနဲ့က ဘာပတ်သက်တာလဲ မင်းက သူတို့တပည့်လို့တော့ ငါ့ကို မပြောနဲ့ဦး"
"ဒီဂိုဏ်းမှာ ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူတစ်ယောက် ရှိခဲ့ဖူးပြီး ပျောက်ဆုံးနေတာ ကြာပြီဆိုပေမဲ့၊ ငါ ဟုန်းချင်း နဲ့ အကြိမ်အနည်းငယ် ဆုံဖူးတယ် မင်းက သူ မဟုတ်ဘူး"
ပတ်ဝန်းကျင်ရှိ လူများမှာ ထိတ်လန့်သွားကြသည်။
"ဝိညာဉ်သန္ဓေသားအဆင့်"
မီးလျှံတာအိုဂိုဏ်း ဘိုးဘေး၏ စကားအရ သူသည် ဖန့်ချန်ကိုလည်း ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူတစ်ဦးဟု ယူဆထားကြောင်း ထင်ရှားနေသည်။
၎င်းမှာ သာမန်ကျင့်ကြံသူများ အိပ်မက်ပင် မမက်ရဲသော အထွတ်အထိပ် အဆင့်ဖြစ်သည်။
အကြီးအကဲရွှီမှာလည်း မှင်တက်သွားသည်
"စီနီယာ ဦးလေးဖန့်က ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူလား"
တစ်ကယ်လို့သာ အဲ့ဒီလိုဆိုရင် သူက အကြီးအကဲဟုန်းချင်းရဲ့ တပည့် ဖြစ်နိုင်ပါဦးမလား
"မင်း ငါ့ကို တွေ့ချင်တယ်ဆို"
ဖန့်ချန် တိတ်ဆိတ်နေသည်ကို မြင်သောအခါ လူငယ်က ဆက်ပြောသည်
"ငါက တရားထိုင်ရာကနေ ထွက်ခဲတဲ့သူပါ မင်းက ဘာလို့ ဘာမှမပြောဘဲ တိတ်ဆိတ်နေတာလဲ အကြောင်းရင်း ရှိလို့လား ဒါမှမဟုတ် မင်း ကြောက်နေတာလား ဟုတ်ပါတယ်၊ မင်း ကြောက်သင့်တာပေါ့"
"ငါ့ဂိုဏ်းကို လာပြီး ငါ့ရဲ့ ရွှေအမြုတေအဆင့် ကျင့်ကြံသူကို ဒဏ်ရာရအောင် လုပ်ခဲ့တာဆိုတော့ မင်း တစ်ခုခု ရှင်းပြသင့်တယ် မဟုတ်လား"
ဖန့်ချန်က သူ၏ မီးခိုးဖြူရောင် မျက်ဝန်းများဖြင့် ထိုလူငယ်ကို ကြည့်ကာ ပြုံးလျက် ပြန်ပြောလိုက်သည်
"ဟုတ်ပါတယ် မင်းတို့ဂိုဏ်းက တာအိုတစ်ထောင်ဂိုဏ်းကို တစ်ခုခု ရှင်းပြဖို့ တကယ် လိုအပ်နေတာပါ ငါတို့ တပည့်တွေက မင်းတို့အတွက် အသက်ပေး တိုက်ခိုက်ပေးခဲ့ကြတာ"
"ဒါပေမဲ့ မင်းတို့က သူတို့ရဲ့ ဒဏ်ရာတွေကို လျစ်လျူရှုထားရုံတင်မကဘဲ၊ ချင်မိသားစုက ပေးထားတဲ့ ဆေးလုံးတွေကိုပါ ခိုးယူထားကြတယ်"
"မင်းတို့သာ ရှင်းလင်းတဲ့ ရှင်းပြချက်တစ်ခု မပေးနိုင်ရင် ဒီနေ့ဟာ မီးလျှံတာအိုဂိုဏ်းရဲ့ နောက်ဆုံးနေ့ ဖြစ်သွားလိမ့်မယ်"
လူငယ်မှာ ခဏမျှ မှင်တက်သွားသည်။ မကြာမီတွင် သူ၏ မျက်နှာပေါ်၌ ထူးဆန်းသော အပြုံးတစ်ခု ပေါ်လာသည်။
သူ စကားပြောရန် ပြင်လိုက်စဉ်မှာပင် ဖန့်ချန်က ကြားဖြတ်ပြောလိုက်သည်
"မင်း စကားမပြောခင် သေချာစဉ်းစားပါ စကားလုံးတွေ ထွက်သွားပြီးရင် ပြန်လှည့်လို့ မရတော့ဘူး"
လူငယ်၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားသည်။
သူ၏ ပေါ့ပေါ့ပါးပါး အမူအရာများ ပျောက်ကွယ်သွားပြီး လေးနက်သော အသွင်သို့ ကူးပြောင်းသွားသည်။
ဖန့်ချန်သည် သူ့ကို လုံးဝ မကြောက်ရွံ့ဘဲ ယုံကြည်ချက် အပြည့်ရှိနေပုံရသည်။
မီးလျှံတာအိုဂိုဏ်းမှ ရွှေအမြုတေအဆင့် ကျင့်ကြံသူများမှာ ဒေါသတကြီးဖြင့် စိုက်ကြည့်နေကြပြီး၊ သူတို့၏ ဝိညာဉ်စွမ်းအားများကို စုစည်းကာ အချိန်မရွေး တိုက်ခိုက်ရန် ပြင်ဆင်နေကြသည်။
ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူမှာ သန်မာသော်လည်း၊ သူတို့အားလုံး ပူးပေါင်းတိုက်ခိုက်လျှင် ဒဏ်ရာရအောင် လုပ်နိုင်လိမ့်မည်ဟု သူတို့ ယုံကြည်နေကြသည်။
"ကောင်းပြီ မင်းက သူတို့အတွက် ရပ်တည်ပေးနေမှတော့ ငါ မင်းကို မျက်နှာသာ ပေးပါ့မယ်"
လူငယ်က ခေါင်းငြိမ့်လိုက်ပြီး ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးကို လှမ်းကြည့်လိုက်သည်
"ဂိုဏ်းချုပ်ကျန်း သူတို့ ရသင့်ရထိုက်တဲ့ နှင်းဖြူဆေးလုံးတွေကို ပေးလိုက်စမ်း"
ရွှေအမြုတေအဆင့် ကျင့်ကြံသူများမှာ အနည်းငယ် အံ့ဩသွားကြပြီး သူတို့၏ မျက်နှာများမှာ မသာမယာ ဖြစ်သွားကြသည်။
သို့သော် ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေး၏ အမိန့်ကို မလွန်ဆန်ရဲကြပေ။
ဂိုဏ်းချုပ်ကျန်း၏ မျက်နှာမှာ မည်းမှောင်သွားပြီး၊ အကြီးအကဲရွှီတို့ကို နှင်းဖြူဆေးလုံး ဘယ်နှစ်လုံး ပေးရမလဲဆိုသည်ကို ဦးလေးမြောင်အား တိုးတိုးလေး မေးမြန်းလိုက်သည်။
အချက်အလက်များကို သိရှိပြီးနောက် သူသည် နှင်းဖြူဆေးလုံး နှစ်ပုလင်းကို ထုတ်ယူကာ ဖန့်ချန်ထံသို့ ကမ်းပေးလိုက်သည်။
"ဒါ မင်းတောင်းဆိုတဲ့ နှင်းဖြူဆေးလုံးတွေပဲ ဒီလောက်ဆို ကျေနပ်ပြီလား အဲ့ဒီလိုဆိုရင်တော့ မင်းဘက်က ပြန်ပေးရမယ့် အရာကို ငါတို့ ဆွေးနွေးကြတာပေါ့"
ဟု လူငယ်က အပြုံးဖြင့် ပြောလိုက်သည်။