အခန်း (၆၂၅-၆၂၆)
Vol. 63 Ch. 625-626
အခန်း ၆၂၅ - လေဦးရာအရပ်ကြည့်၍ ရွက်တိုက်ခြင်း
ဖန့်ချန်က ခေါင်းကို အသာအယာ ညိတ်ပြလိုက်သည်
"ကျေးဇူးပဲ"
စက္ကူရုပ်ဖြူနှင့် အမည်းတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် ထိုနေရာမှာပင် ပျောက်ကွယ်သွားကြတော့သည်။
သူတို့ ပျောက်ကွယ်သွားသော်လည်း ယခုလေးတင် မြင်တွေ့ခဲ့ရသည့် မြင်ကွင်းနှင့် ဘိုးဘေးရွှယ်၏ လက်ရှိ အခြေအနေတို့ကြောင့် ထိုနေရာရှိ လူအားလုံးမှာ အသက်ရှူပင် ကျပ်လာသကဲ့သို့ ခံစားနေကြရသည်။
ယခင်က ဖန့်ချန်အပေါ် ထားရှိခဲ့သော လှောင်ပြောင်သည့် အကြည့်များမှာ ပျောက်ကွယ်သွားပြီး၊ ထိုနေရာတွင် ကြောက်ရွံ့မှုနှင့် ဇဝေဇဝါဖြစ်မှုများသာ အစားထိုး ဝင်ရောက်လာသည်။
ပတ်ဝန်းကျင်တစ်ခုလုံးမှာ သေလောက်အောင် တိတ်ဆိတ်နေပြီးမှ ဘိုးဘေးရွှယ်၏ ဒဏ်ရာများ အနည်းငယ် သက်သာလာကာ နာကျင်စွာ ညည်းတွားသံ ထွက်ပေါ်လာသည့် အခါမှသာ လူတိုင်း၏ အာရုံမှာ သူ့ထံသို့ ပြန်ရောက်သွားတော့သည်။
"ကျန်းချွန်ဖုန်း ကို ဖမ်းဆီးလိုက်ကြစမ်း"
ဘိုးဘေးရွှယ်သည် မြေပြင်မှ အနိုင်နိုင် ထရပ်ရင်း ဝူချော့ချိုင်ကို အက်ကွဲသောအသံဖြင့် အမိန့်ပေးလိုက်သည်။
ကျင့်ကြံသူများအားလုံး မှင်တက်သွားကြပြီး ဂိုဏ်းချုပ်ကျန်းမှာ သူ၏ သားဖြစ်သူကို အလိုအလျောက် လှည့်ကြည့်လိုက်မိသည်
"ကျန်းချွန်ဖုန်းကို ဖမ်းဆီးရမှာလား"
ဝူချော့ချိုင်မှာ ခဏမျှ အံ့ဩသွားသော်လည်း ချက်ချင်းပင် တုံ့ပြန်လိုက်ကာ ဝိညာဉ်စွမ်းအားများဖြင့် ထိုလူငယ်ကို တုပ်နှောင်လိုက်တော့သည်။
လူငယ်ဖြစ်သူမှာ သူ့ကို အလွန်မျက်နှာသာ ပေးခဲ့သော ဘိုးဘေးရွှယ်က ထိုကဲ့သို့ ဆုံးဖြတ်ချက်မျိုး ချလိမ့်မည်ဟု မယုံကြည်နိုင်ဖြစ်နေသည်
"ဘိုးဘေးရွှယ်"
"နောက်ထပ် ဘာလုပ်ရမလဲ ဘိုးဘေး"
ဝူချော့ချိုင်က ဂရုတစိုက် မေးလိုက်သည်။
ဘိုးဘေးရွှယ်သည် ဖန့်ချန်ကို ကြည့်လိုက်သည်။
သူ၏ ပျက်စီးနေသော မျက်နှာထက်တွင် နာကျင်မှုကို အောင့်အီးကာ အတင်းအကျပ် ပြုံးလိုက်ပြီး ကျိုးနေသော လက်မောင်းများကြားမှ လက်အုပ်ချီကာ
"ဒီကောင်လေးကို ဘယ်လို စီရင်ဖို့ မိတ်ဆွေ စိတ်ကူးထားသလဲ"
ဟု မေးလိုက်သည်။
သူ၏ အစွမ်းထက်သော ဝိညာဉ်စွမ်းအားများသာ မရှိလျှင် သူသည် လှည့်ရန်ပင် မပြောနှင့် မတ်တတ်ရပ်နိုင်ရန်ပင် ခဲယဉ်းပေလိမ့်မည်။
မီးလျှံတာအိုဂိုဏ်းမှ ရွှေအမြုတေအဆင့် ကျင့်ကြံသူများမှာမူ လုံးဝ မျှော်လင့်ချက်မဲ့သွားကြပြီ ဖြစ်သည်
"ငါတို့တော့ ပြီးပြီပဲ..."
ဘိုးဘေးရွှယ်၏ အမူအရာမှာ သူတို့ဂိုဏ်းအနေဖြင့် ယနေ့တွင် မယှဉ်နိုင်သော ရန်သူကြီးတစ်ဦးနှင့် ရင်ဆိုင်နေရကြောင်း ဖော်ပြနေသည်။
"ဘိုးဘေးရွှယ်... ဒါ ကျွန်တော် ချွန်ဖုန်းလေ၊ ဘိုးဘေး အချစ်ဆုံး ချွန်ဖုန်းပါ..."
ကျန်းချွန်ဖုန်းမှာ မယုံကြည်နိုင်ဘဲ ဘိုးဘေး၏ စိတ်ကို ပြောင်းလဲရန် ကြိုးစားနေသည်။
"ပါးစပ်ပိတ်စမ်း"
အကြီးအကဲရွှယ်က အေးစက်စက် ကြိမ်းမောင်းလိုက်သည်
"မင်းရဲ့ လုပ်ရပ်တွေက ငါတို့ဂိုဏ်းတစ်ခုလုံးကို အန္တရာယ်ဖြစ်စေခဲ့တာတောင် မင်းရဲ့ အမှားကို မသိသေးဘူးလား နောက်တစ်ခွန်း ထပ်ပြောရင် မင်းကို ငါကိုယ်တိုင် ရိုက်သတ်ပစ်မယ်"
ကျန်းချွန်ဖုန်းသည် ဘိုးဘေးရွှယ်ကို မျှော်လင့်ချက်မဲ့စွာ ကြည့်ရင်း ဆက်မပြောရဲတော့ပေ။
ဘိုးဘေးက သူ့ကို တကယ် ရိုက်သတ်မည်ကို သူ အမှန်တကယ် ကြောက်သွားခြင်း ဖြစ်သည်။
အစောပိုင်းက ကျန်းချွန်ဖုန်းနှင့်အတူ လီတောက်ယဲ့ကို စစ်ဆေးမေးမြန်းနေသည့် တပည့်လူငယ်များမှာလည်း တရားထိုင်နေသည့်အလား သူတို့၏ ခြေဖျားကိုသာ စိုက်ကြည့်နေကြတော့သည်။
ဂိုဏ်းချုပ်ကျန်းမှာ ပါးစပ်ဟလိုက်သော်လည်း နောက်ဆုံးတွင် သူ၏ သားအတွက် ဝင်မပြောရန်သာ ဆုံးဖြတ်လိုက်သည်။
"နှစ်ပေါင်း ၈၀၀ ကျော် အသက်ရှင်ခဲ့တဲ့ သိမြင်ခြင်းအဆင့် ကျင့်ကြံသူဆိုတာ တကယ်ပဲ မတူဘူးပဲ အခြေအနေအရပ်ရပ်ကို ကြည့်ပြီး လိုက်လျောညီထွေဖြစ်အောင် လုပ်နိုင်စွမ်းက ငါလို လူငယ်လေးထက် အများကြီး သာတာပဲ"
ဟု လီတောက်ယဲ့က တိုးတိုးလေး ရေရွတ်လိုက်သည်။
သူ၏ အသံမှာ တိုးသော်လည်း ထိုနေရာရှိ ကျင့်ကြံသူအားလုံး ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။
လူအချို့မှာ အရှက်ရသဖြင့် မျက်နှာများ နီမြန်းသွားကြသည်။
သို့သော် ကာယကံရှင်ဖြစ်သူ ဘိုးဘေးရွှယ်မှာမူ မည်သည့် အမူအရာမျှ မပြဘဲ ဖန့်ချန်၏ ဆုံးဖြတ်ချက်ကိုသာ ရိုသေစွာ စောင့်ဆိုင်းနေသည်။
"အကြီးအကဲရွှယ် သူ့ကို ဘယ်လို ကိုင်တွယ်မလဲဆိုတာကတော့ အကြီးအကဲ သဘောပါပဲ"
ဖန့်ချန်က ပြုံးလျက် ပြောလိုက်သည်။
"ကျွန်တော့်ကို အကြီးကဲ လို့ မခေါ်ပါနဲ့ ဒီလောက်အထိ ယဉ်ကျေးနေဖို့ မလိုပါဘူး"
အကြီးအကဲရွှယ်က အမြန်ပင် လက်ခါကာ တားလိုက်သည်
"ကျွန်တော့်ကို ဆုံးဖြတ်ခိုင်းတယ်ဆိုရင်တော့ ကျန်းချွန်ဖုန်းရဲ့ အပြစ်တွေဟာ သေဒဏ်နဲ့ပဲ ထိုက်တန်တယ်လို့ ကျွန်တော် ယူဆပါတယ်"
ဂိုဏ်းချုပ်ကျန်း၏ နှလုံးသားမှာ တုန်လှုပ်သွားသည်။
ဘေးပတ်ဝန်းကျင်ရှိ ရွှေအမြုတေအဆင့် ကျင့်ကြံသူများမှာလည်း ထိတ်လန့်သွားကြသည်။
ကျန်းချွန်ဖုန်းမှာ အသက်ရှူပင် မှားသွားပြီး အကြီးအကဲရွှယ်ကို ငေးကြည့်နေမိသည်။
သူ၏ မျက်နှာမှာ ရုတ်တရက် ဒေါသကြောင့် ပျက်ယွင်းသွားပြီး အော်ဟစ်လိုက်သည်
"ဘိုးဘေးရွှယ် ဘိုးဘေးပဲ အမြဲပြောခဲ့တာ မဟုတ်လား ကျွန်တော်ဟာ နောင်တစ်ချိန်မှာ မီးလျှံတာအိုဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဖြစ်လာမှာ
ဝိညာဉ်သန္ဓေသားအဆင့်တင်မက သိမြင်ခြင်းအဆင့်အထိတောင် တက်လှမ်းနိုင်တဲ့ အလားအလာရှိတယ်ဆိုပြီး ကျွန်တော့်အပေါ် အများကြီး မျှော်လင့်ခဲ့တာလေ အခုကျမှ ဘာလို့ ကျွန်တော့်ကို သေခိုင်းရတာလဲ"
"ငါ မင်းကို အကဲခတ် မှားခဲ့တာပဲ အခု ငါ့ကို ပြန်ပြီး ရန်တွေ့နေတဲ့ မင်းရဲ့ လုပ်ရပ်က အဲ့ဒါကို သက်သေပြနေတာပဲ"
အကြီးအကဲရွှယ်က အေးစက်စက် ပြောလိုက်သည်။
"မင်း"
ကျန်းချွန်ဖုန်းမှာ ဒေါသကြောင့် စကားပင် ဆက်မပြောနိုင်တော့ပေ။
"ဝူချော့ချိုင် ဘာကို စောင့်နေတာလဲ"
အကြီးအကဲက မေးလိုက်သည်။
ဝူချော့ချိုင်သည် မတွန့်ဆုတ်တော့ဘဲ ကျန်းချွန်ဖုန်းကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
ကျန်းချွန်ဖုန်းမှာ အခြေခံတည်ဆောက်ခြင်းအဆင့်သာ ရှိသဖြင့် ဝူချော့ချိုင်ကို မယှဉ်နိုင်ပေ။
သူ၏ ခန္ဓာကိုယ်မှာ ချက်ချင်းပင် အလင်းစက်များအဖြစ် ပျက်စီးသွားတော့သည်။
ဘေးမှ ကြည့်နေသူများမှာ ထိတ်လန့်တုန်လှုပ်သွားကြပြီး ရွှေအမြုတေအဆင့် ကျင့်ကြံသူများပင်လျှင် ကျန်းချွန်ဖုန်း၏ ကံကြမ္မာကို ကြည့်ပြီး ကျောချမ်းသွားကြသည်။
"ငါတို့ဂိုဏ်းအပေါ်မှာ မကျေနပ်တာ တစ်ခုခုရှိသေးလို့ ဖြေရှင်းပေးစေချင်တာမျိုး ရှိပါသေးသလား"
အကြီးအကဲရွှယ်က တိုးတိုးလေး မေးလိုက်သည်။
ဖန့်ချန်က သက်ပြင်းတစ်ချက် ချလိုက်သည်
"ကျင့်ကြံသူတစ်ယောက်ဟာ ခန္ဓာကိုယ်တင်မက စိတ်ကိုပါ ကျင့်ကြံရမှာပါ မီးလျှံတာအိုဂိုဏ်းက ကျင့်ကြံသူတွေဟာ ဒီအပိုင်းမှာ အများကြီး လိုအပ်နေသေးတယ်လို့ ငါ ထင်တယ် တာအိုကို အတူတူ လေ့လာနေကြသူတွေဖြစ်တော့ ဒါကို ငါ ဒီအတိုင်း ကြည့်မနေနိုင်ဘူး"
လူအုပ်ကြီးမှာ တင်းမာသွားပြီး အကြီးအကဲရွှယ်က အနည်းငယ် အံ့ဩသွားဟန်ဖြင့်
"ဒါဆို ဘာလုပ်ဖို့ အကြံပေးချင်သလဲ"
"ဘေးဒုက္ခ ဆိုတာ စိတ်ဓာတ်ကို စမ်းသပ်တာပဲလို့ ဆိုကြတယ် ငါ့ရဲ့ မိုးကြိုးပညာရပ်ဟာ မိုးကြိုးဘေးဒုက္ခနဲ့ ဆင်တူတာကြောင့် မင်းတို့ဂိုဏ်းက ကျင့်ကြံသူတွေရဲ့ စိတ်ဓာတ်ကို တည်ဆောက်ဖို့ ဒါကို သုံးလို့ရနိုင်တယ် ဘယ်သူ အရင်လာမလဲ"
ဖန့်ချန်က အကြံပြုလိုက်သည်။
လူအုပ်ကြီးမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသော်လည်း မည်သူမျှ မပြောရဲကြပေ။
မည်သူမျှ ကိုယ့်သဘောနှင့်ကိုယ် ရှေ့ထွက်မလာသည်ကို မြင်သောအခါ ဖန့်ချန်က ဝူချော့ချိုင်ကို လက်ညိုးထိုးပြလိုက်သည်
"ဝူလေး... မင်း အရင် လာခဲ့"
"စီနီယာဖန့် ကျွန်တော်က ဘေးဒုက္ခ နှစ်ကြိမ်တောင် ကြုံဖူးပြီးပြီဆိုတော့ ကျွန်တော့်ရဲ့ စိတ်ဓာတ်က မြင့်မားနေပါပြီ ဒီအခွင့်အရေးကို ဒီ ရွှေအမြုတေအဆင့် ကျင့်ကြံသူတွေကိုပဲ ပေးလိုက်တာ ပိုကောင်းမယ်လို့ ထင်ပါတယ်"
ဟု ဝူချော့ချိုင်က လက်အုပ်ချီကာ ပြန်ပြောလိုက်သည်။
ထို့နောက် သူက ဂိုဏ်းချုပ်ကျန်းနှင့် အခြားသူများကို လှည့်ကြည့်လိုက်သည်
"သူတို့က နှစ်ပေါင်းများစွာ ကျင့်ကြံလာကြတော့ မူလရည်ရွယ်ချက်တွေကို မေ့နေကြပြီ စီနီယာရဲ့ မိုးကြိုးပညာရပ်နဲ့သာ အချောကိုင်ခံရမယ်ဆိုရင် သူတို့ရဲ့ နောင်ခရီးလမ်းအတွက် အများကြီး အကျိုးရှိမှာပါ"
ဝူချော့ချိုင်ဟာ အင်မတန်လေးနက်သော အမူရာဖြင့်ပြောလိုက်တော့သည်။
ကူညီတာလား အဓိပ္ပာယ်မရှိတာ
ဂိုဏ်းချုပ်ကျန်းနှင့် အခြားသူများမှာ ဒေါသထွက်သွားကြပြီး ဝူချော့ချိုင်ကို သတ်ချင်သောအကြည့်များဖြင့် စိုက်ကြည့်လိုက်ကြသည်။
"ဝူလေး... မင်းနဲ့ ရွှယ်လေး က ငါ့ရဲ့ မိုးကြိုးပညာရပ်ကို သင်ချင်ခဲ့ကြတာ မဟုတ်လား အခုမှ ကြောက်နေမယ်ဆိုရင် နောင်မှာ ဘယ်လိုလုပ်ပြီး တတ်မြောက်နိုင်မှာလဲ"
ဖန့်ချန်က တည်ကြည်စွာ ပြောလိုက်သည်
"ဒီလို အခွင့်အရေးမျိုးက ရှားပါတယ် မင်းကိုယ်တိုင်ပဲ ဆုပ်ကိုင်ရမယ်"
ဝူချော့ချိုင်၏ မျက်နှာမှာ အေးခဲသွားသည်
"ကျွန်တော့်ရဲ့... အခွင့်အရေးကို ဆုပ်ကိုင်ရမယ် ဟုတ်လား"
ဘိုးဘေးရွှယ်က သက်ပြင်းချလိုက်သည်
"ဝူချော့ချိုင် ဒါဟာ တကယ်ပဲ မင်းအတွက် အခွင့်အရေးပါပဲ သွားပြီး ဘေးဒုက္ခကို ရင်ဆိုင်လိုက်ပါ ဒါကို ကျော်ဖြတ်နိုင်သွားရင် မင်းရဲ့ ရှေ့ဆက်လမ်းက ပိုပြီး ကျယ်ပြန့်လာလိမ့်မယ်"
သူ၏ နောက်ဆုံးစကားများမှာ သိသာထင်ရှားသော အရိပ်အယောင်များ ပါဝင်နေသည်။
ဝူချော့ချိုင်သည် ခဏမျှ စဉ်းစားလိုက်သည်။
အစောပိုင်းက မိုးကြိုးနှစ်ချက်အောက်တွင် သူ ဘယ်လိုရှင်သန်ခဲ့သည်ကို ပြန်တွေးပြီး ဆုံးဖြတ်ချက် ချလိုက်သည်။
"ကောင်းပါပြီ... ကျေးဇူးတင်ပါတယ် စီနီယာဖန့်"
ဝူချော့ချိုင်က လက်အုပ်ချီကာ ပြောလိုက်သည်။
ရုတ်တရက် မိုးကြိုးတစ်ချက် ကျဆင်းလာပြီး သူ့ထံသို့ တည့်တည့် ထိမှန်သွားသည်။
ထိုတစ်ကြိမ်တွင်မူ သူ၏ ပတ်လည်ရှိ ဝိညာဉ်စွမ်းအား အကာအကွယ်မှာ တို့ဟူးကဲ့သို့ ကြေမွသွားရုံတင်မကဘဲ၊ မိုးကြိုး၏ စွမ်းအား အနည်းငယ်ကိုသာ လျော့ချနိုင်ခဲ့သည်။
ကျန်ရှိသော စွမ်းအား ၆ ပုံ ၇ ပုံမှာ သူ၏ ခန္ဓာကိုယ်ကို တိုက်ရိုက် ထိမှန်သွားတော့သည်။
သူ၏ ပုံသဏ္ဌာန်မှာ ပျောက်ကွယ်သွားပြီး၊ မီးကျွမ်းနေသော အသားစိုင်ကဲ့သို့ အရာတစ်ခုသာ ကျန်ရစ်ကာ အစိမ်းရောင်မီးခိုးများ ထွက်ပေါ်နေတော့သည်။
အကြီးအကဲရွှီနှင့် အခြားသူများမှာ ထိတ်လန့်သွားကြသည်
"မိုးကြိုးနိယာမ က တကယ်ကို ကြောက်စရာကောင်းတာပဲ"
ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူတစ်ယောက်ဟာ ဒီအတိုင်းပဲ ပျောက်ကွယ်သွားတာလား
ဂိုဏ်းချုပ်ကျန်းနှင့် အခြားသူများမှာ လုံးဝ တုန်လှုပ်သွားကြသည်။
ဤသည်မှာ အစောပိုင်းက သူတို့မြင်ခဲ့ရသည်နှင့် လုံးဝ ကွဲပြားနေသည်။
ဝူချော့ချိုင်မှာ ယခင်က မိုးကြိုးဒဏ်ကို ခံနိုင်ရည်ရှိခဲ့ပြီး ဒဏ်ရာအနည်းငယ်သာ ရခဲ့သော်လည်း၊ ယခုမူ တိုက်ခိုက်မှု တစ်ချက်တည်းနှင့် ချက်ချင်း အသတ်ခံလိုက်ရခြင်း ဖြစ်သည်
"ဟူး"
ဖန့်ချန်က သက်ပြင်းအသာချလိုက်သည်
"ကြည့်ရတာ ဝူလေးမှာ ဒီအခွင့်အရေးနဲ့ ကံမပါဘူး ထင်တယ် သူသာ ဒါကို တောင့်ခံနိုင်ရင် ငါ့ရဲ့ ပညာရပ်တွေကို ဆက်ခံဖို့ ထိုက်တန်မှာပဲ နှမြောစရာပါပဲ"
ရွှေအမြုတေအဆင့် ကျင့်ကြံသူများမှာ တိတ်ဆိတ်နေကြပြီး၊ အကြီးအကဲရွှယ်မှာလည်း ဝူချော့ချိုင်၏ အကြွင်းအကျန်များကို ကြည့်ကာ ဘာပြောရမှန်း မသိဖြစ်နေသည်။
"ကဲ ကျန်တဲ့သူတွေရော ဘယ်သူ အရင်ဆုံး စိတ်ဓာတ်ကို အချောကိုင်ခံမလဲ"
ဖန့်ချန်က ဂိုဏ်းချုပ်ကျန်းနှင့် အခြားသူများဘက်သို့ ကြည့်ကာ ထပ်မံ မေးလိုက်ပြန်သည်။
ရွှေအမြုတေအဆင့် ကျင့်ကြံသူများမှာ ချွေးစေးများ ထွက်လာကြပြီး၊ အကူအညီတောင်းသော မျက်လုံးများဖြင့် ဘိုးဘေးရွှယ်ကို လှမ်းကြည့်လိုက်ကြသည်။
သို့သော် ဘိုးဘေးရွှယ်မှာမူ ဘာမှမဆိုင်သကဲ့သို့ တစ်ခွန်းမှ မပြောဘဲ ကြည့်နေပါတော့သည်။
အခန်း ၆၂၆ - ရွှယ်လင်ကျွင်းအား ပို့ဆောင်ခြင်း
မီးလျှံတာအိုဂိုဏ်း၏ တပည့်များသည် ကောင်းကင်ယံရှိ တစ်နေရာတည်းသို့ မိုးကြိုးဘေးဒုက္ခများ ဆက်တိုက် ကျဆင်းနေသည်ကို မြင်တွေ့ရပြီး ထိတ်လန့်တုန်လှုပ်နေကြသည်။
သူတို့၏ စိတ်ထဲတွင် ရှုပ်ထွေးလှသော အတွေးများဖြင့် ပြည့်နှက်နေတော့သည်။
ဂိုဏ်းချုပ်ကျန်းနှင့် အခြားသူများမှာမူ မိုးကြိုးပညာရပ်၏ စွမ်းအားအောက်တွင် ကျဆုံးသွားခဲ့ကြပြီ ဖြစ်သည်။
ဘိုးဘေးရွှယ်သည် အပြင်ပန်းတွင် တည်ငြိမ်နေသယောင် ရှိသော်လည်း သူ၏ လက်ဖဝါးထဲမှ ထွက်နေသော ချွေးအေးများက သူ၏ စိုးရိမ်ပူပန်မှုကို ဖော်ပြနေသည်။
အစောပိုင်းက အမည်းရောင် စက္ကူရုပ်၏ ရိုက်နှက်မှုကို ခံခဲ့ရစဉ်ကပင် ထိုစက္ကူရုပ်မှာ သူ၏ မျက်လုံးထဲတွင် မယှဉ်နိုင်သော သူရဲကောင်းတစ်ဦးကဲ့သို့ ဖြစ်နေခဲ့သည်။
ထို့ပြင် အဖြူရောင် စက္ကူရုပ် တစ်ခုလည်း ရှိနေသေးသည် မဟုတ်လား။
အမည်းရောင် စက္ကူရုပ်၏ တိုက်ခိုက်မှုကို ခံရပြီးနောက်တွင် သူသည် ပြန်လည် ခုခံလိုစိတ် လုံးဝ ပျောက်ကွယ်သွားပြီး မိမိအသက်ကို မည်သို့ ကယ်တင်ရမည်နည်း ဆိုသည်ကိုသာ တွေးတောနေတော့သည်။
ဝူချော့ချိုင်နှင့် ရွှေအမြုတေအဆင့် ကျင့်ကြံသူ အများအပြား သေဆုံးသွားခြင်းမှာ သူ့အတွက် အရေးမကြီးပေ။
သူသာ အသက်ရှင်နေပါက ဂိုဏ်းအတွက် မျှော်လင့်ချက် ရှိသေးသည် သူ၏ အသက်သည်သာ မီးလျှံတာအိုဂိုဏ်း၏ အခြေခံအုတ်မြစ် ဖြစ်သည်
ဘိုးဘေးရွှယ်၏ စိတ်ထဲတွင် ရုန်းကန်နေရသည်
'ငါ ကြိုတင် သိသင့်တာ တာအိုတစ်ထောင်ဂိုဏ်းမှာ ဒီလို အစွမ်းထက်တဲ့ ပညာရှင်တွေ ရှိနေလိမ့်မယ်လို့ ဒီလူကို ဘယ်ဂိုဏ်းကြီးက လွှတ်လိုက်တာလဲ မသိဘူး ကောလာဟလတွေက မှန်နေတာပဲ တာအိုတစ်ထောင်ဂိုဏ်းကို ပညာရှင်တစ်ယောက်က စောင့်ရှောက်နေတယ် ဆိုတာ'
သူသည် ရှုပ်ထွေးနေသော အတွေးများကို နှိမ်နင်းကာ ဖန့်ချန်ကို ဂရုတစိုက် ကြည့်လိုက်သည်။
"ရွှယ်လေး..."
"ရှိပါတယ်"
ဘိုးဘေးရွှယ်က ချက်ချင်း ထူးလိုက်သည်။
" ချင်မိသားစုနဲ့ လန်ယာမျိုးနွယ်ကြားက လက်ရှိ အခြေအနေက ဘယ်လိုလဲ ဘယ်သူက အနိုင်ရဖို့ အခွင့်အရေး ပိုများလဲ"
ဖန့်ချန်က
အေးအေးဆေးဆေး မေးလိုက်သည်။
ဘိုးဘေးရွှယ်၏ မျက်နှာတွင် အနေရခက်ဟန် ပေါ်လာသည်
"ကျွန်တော် မကြာသေးခင်ကမှ ဂူအောင်းကျင့်ကြံရာက ထွက်လာတာဆိုတော့ ဒီကိစ္စရဲ့ အသေးစိတ်ကို မသိသေးပါဘူး ဒါကို ဂိုဏ်းထဲက ရွှေအမြုတေအဆင့် ကျင့်ကြံသူတွေပဲ ကိုင်တွယ်ခဲ့ကြတာ"
ဖန့်ချန်၏ မျက်နှာထားမှာ မကျေနပ်သလို ဖြစ်သွားသည်။
ဘိုးဘေးရွှယ်က အမြန်ပင် ထပ်ပြောလိုက်သည်
"ခဏလောက် စောင့်ပေးပါ သူတို့ဆီမှာ မှတ်တမ်းတွေ ရှိမှာပါ တစ်ယောက်ယောက်ကို သွားယူခိုင်းလိုက်ပါ့မယ်"
ဖန့်ချန်က ခေါင်းကို အသာအယာ ညိတ်ပြလိုက်သည်
"သွားလေ"
ဘိုးဘေးရွှယ်သည် ချီသန့်စင်ခြင်းအဆင့် တပည့်တစ်ဦးကို ဂိုဏ်းချုပ်ကျန်း၏ နေအိမ်သို့ အမြန်လွှတ်လိုက်သည်။
မကြာမီတွင် ထိုတပည့်သည် ကျောက်စိမ်းပြား အချို့နှင့်အတူ ပြန်ရောက်လာသည်။
ဖန့်ချန်သည် ထိုပြားများကို ယူကာ ကြည့်ရှုလိုက်သည်။
၎င်းတို့ထဲတွင် တိုက်ပွဲမှတ်တမ်းများ ပါဝင်သော်လည်း အနည်းငယ်သာ ရှိပြီး အဓိကအားဖြင့် ပဋိပက္ခအတွင်း ချင်မိသားစုကို အသုံးချကာ မီးလျှံတာအိုဂိုဏ်း၏ အင်အားကို မည်သို့ မြှင့်တင်မည်နည်း ဆိုသည်ကိုသာ အလေးပေး ရေးသားထားသည်။
ခဏမျှ ကြည့်ရှုပြီးနောက် ဖန့်ချန်သည် အခြေအနေကို နားလည်သွားသည်။
ချင်မိသားစုမှာ ယခုအခါ လုံးဝ အသာစီးအပေးခံထားရသည်။
အစောပိုင်းက လန်ယာမျိုးနွယ်၏ နယ်မြေကို ကျူးကျော်ရန် စီစဉ်ခဲ့သော်လည်း ယခုမူ ဆက်တိုက် ရှုံးနိမ့်နေပြီး လန်ယာမျိုးနွယ်နှင့် သူတို့၏ မဟာမိတ်များက ချင်မိသားစုကို သူတို့၏ ကိုယ်ပိုင်နယ်မြေအတွင်းအထိ ပြန်လည် မောင်းထုတ်နေကြပြီ ဖြစ်သည်။
အင်အားချင်း မျှခြေမှာ လုံးဝ ပျက်စီးသွားပြီး ချင်မိသားစုမှာ ခုခံရုံသာ တတ်နိုင်တော့သည့် အခြေအနေသို့ ရောက်နေသည်။
"ဝိညာဉ်သွေးဂိုဏ်း က ဝင်ပါနေတာ သေချာတယ် ဒါပေမဲ့ လန်ယာမျိုးနွယ်ကလည်း ကြိုတင်ပြင်ဆင်ထားပုံရတယ် သူတို့က ချင်မိသားစုရဲ့ ရည်ရွယ်ချက်ကို အစကတည်းက သိနေခဲ့တာပဲ"
ဖန့်ချန်က နှမြောတသဟန်ဖြင့် ရေရွတ်လိုက်သည်။
ဒီမျိုးဆက်ဟောင်း ပညာရှင်တွေက ကိုင်တွယ်ရ လွယ်ကူသူတွေ မဟုတ်ပေ။
လန်ယာမျိုးနွယ်သာ ကြိုတင်မပြင်ဆင်ထားခဲ့ပါက လက်ရှိ အခြေအနေမှာ အနိုင်အရှုံး မပေါ်ဘဲ ဆွဲနေလိမ့်မည်။
၎င်းမှာ ဝိညာဉ်သွေးဂိုဏ်း အရှိချင်ဆုံး အနေအထားပင် ဖြစ်သည်။
ဖန့်ချန်သည် ကျောက်စိမ်းပြားများကို သိမ်းဆည်းကာ လှည့်ထွက်လိုက်သည်
"သွားကြစို့"
လီတောက်ယဲ့၊ အကြီးအကဲရွှီနှင့် အခြားသူများမှာ အမြန်ပင် နောက်မှ လိုက်လာကြသည်။
အနီးအနားရှိ မီးလျှံတာအိုဂိုဏ်း တပည့်များမှာ သူတို့ကို မတားရဲကြပေ။
ကြောက်ရွံ့စွာဖြင့် နောက်သို့ ဆုတ်ပေးကြပြီး သူတို့ ထွက်ခွာသွားသည်ကို စိုးရိမ်တကြီး ကြည့်နေကြသည်။
အကြီးအကဲရွှယ်သည် ဖန့်ချန်နှင့် သူ၏အဖွဲ့မှာ ဆက်နေရန် ရည်ရွယ်ချက် မရှိတော့သည်ကို သေချာမှသာ သက်ပြင်းအရှည်ကြီး တစ်ချက် ချလိုက်နိုင်သည်။
သူသည် ပတ်ဝန်းကျင်ရှိ ရှုပ်ထွေးနေသော မြင်ကွင်းကို ကြည့်ကာ မျက်နှာမှာ ပိုမို ညိုမှောင်သွားသည်။
ဘေးပတ်လည်ရှိ တပည့်များကို နောက်ဆုတ်ရန် အချက်ပြလိုက်ပြီးနောက် ကောင်းကင်လျှို့ဝှက်ကြေးမှန် တစ်ချပ်ကို ထုတ်ယူလိုက်သည်။
"ရွှယ်လင်ကျွင်း ဘာကိစ္စရှိလို့လဲ"
ဆွဲဆောင်မှုရှိသော အသံတစ်သံမှာ မှန်အတွင်းမှ ထွက်ပေါ်လာသည်။
အသံအနေအထားအရ ထိုအသံရှင်သည် ခန့်ညားထည်ဝါပြီး အရှိန်အဝါရှိသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပုံရသည်။
"တောက်ပသောနေမင်း ဝိညာဉ်သခင်ကြီး ... ဒီမှာ..."
ဘိုးဘေးရွှယ် စကားစရုံသာ ရှိသေးသည်။
မှန်မှာ သူ၏ လက်ထဲမှ လွတ်ထွက်သွားသည်ကို ခံစားလိုက်ရသည်။
၎င်းကို အမည်းရောင် စက္ကူရုပ်က ကိုင်ထားခြင်း ဖြစ်သည်။
"မင်း..."
အကြီးအကဲရွှယ်သည် ပြန်လည်ရောက်ရှိလာသော စက္ကူရုပ်ဖြူမည်း နှစ်ပါးနှင့် ဖန့်ချန်ကို မြင်လိုက်ရသဖြင့် တုန်လှုပ်သွားသည်။
မှန်ထဲမှ လူ၏ အသံမှာ ဆက်လက် ထွက်ပေါ်လာသည်
"ရွှယ်လင်ကျွင်း... မင်း ဒုက္ခရောက်နေပုံရတယ်"
ဖန့်ချန်သည် ကောင်းကင်လျှို့ဝှက်ကြေးမှန်ကို မကြည့်ဘဲ စက္ကူရုပ်မည်းလက်ထဲမှ ယူကာ သူ၏ သိုလှောင်လက်စွပ် ထဲသို့ ထည့်လိုက်သည်။
ဘိုးဘေးရွှယ်သည် ဝိညာဉ်သွေးဂိုဏ်း၏ ဝိညာဉ်သခင် တစ်ဦး ဖြစ်သော်လည်း ဤ တောက်ပသောနေမင်း ဝိညာဉ်သခင် ကို အလွန်ပင် ရိုသေစွာ ဆက်ဆံနေသည်။
ချက်ချင်း သတင်းပို့ရန် ကြိုးစားမှုအရ သူတို့နှစ်ဦးကြားတွင် အဆင့်အတန်း ကွာခြားမှု ရှိနေကြောင်း ထင်ရှားသည်။
တစ်ဖက်လူမှာ ဝိညာဉ်ခွဲဖြာခြင်းအဆင့် သို့မဟုတ် ပေါင်းစပ်ခြင်းအဆင့် ပင် ဖြစ်နိုင်ရာ၊ ဖန့်ချန်အနေဖြင့် လက်ရှိ အခြေအနေတွင် တိုက်ရိုက် ရင်ဆိုင်ရန် မသင့်လျော်သေးပေ။
"ရွှယ်လေး မင်းက ဝိညာဉ်သွေးဂိုဏ်းရဲ့ ဝိညာဉ်သခင် တစ်ယောက်လား"
ဖန့်ချန်က ပြုံးလျက် မေးလိုက်သည်။
အကြီးအကဲရွှယ်မှာ မှင်တက်သွားသည်
"ဝိညာဉ်သွေးဂိုဏ်းရဲ့ ဝိညာဉ်သခင် မင်း နားလည်မှုလွဲနေပြီ ငါက ဝိညာဉ်သွေးဂိုဏ်းနဲ့ ဘာမှမဆိုင်ဘူး သူတို့ဂိုဏ်းက ကျင့်ကြံသူကိုတောင် တစ်ခါမှ မမြင်ဖူးဘူး"
"ဝိညာဉ်သခင် တစ်ယောက်အနေနဲ့ မင်းမှာ လူစာရင်း အတော်များများ ရှိမှာပဲ အဲ့ဒီစာရင်းကို မင်းရဲ့ အသက်နဲ့ လဲမလား"
ဖန့်ချန်က အကြံပြုလိုက်သည်။
သူ၏ ငြင်းဆိုမှုကို ဖန့်ချန်က လျစ်လျူရှုကာ စာရင်းအကြောင်း တိုက်ရိုက်ပြောလိုက်သည်ကို မြင်သောအခါ ဘိုးဘေးရွှယ်၏ မျက်နှာမှာ ပျက်ယွင်းသွားသည်။
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူသည် ရုတ်တရက် ရယ်မောလိုက်ပြီး ပို၍ တည်ငြိမ်သွားပုံရသည်
"မင်း ငါ့ရဲ့ တရားဝင် အဆင့်အတန်းကို သိနေပြီပဲ မဟုတ်လား အစောပိုင်းက ကိစ္စတွေက သရုပ်ဆောင်နေတာပဲပေါ့ ဒါကို သိရင် ငါ အသက်ဘေးအတွက် ကြောက်ပြနေဖို့ မလိုပါဘူး ငါ့တပည့်တွေ ရှေ့မှာ ငါ သိက္ခာကျရုံပဲ ရှိတာပဲ"
"ငါ မမှားဘူးဆိုရင် မင်းက ဝိညာဉ်သုတ်သင်ရေးဌာန က ဖြစ်ရမယ် ဒီနှစ်တွေထဲမှာ သူတို့ပဲ ငါတို့ကို တောက်လျှောက် ဒုက္ခပေးနေတာ"
" အခြား ကျင့်ကြံသူတွေ နတ်ဘုရားနန်းတော်ကလူတွေတောင် ဝိညာဉ်သွေးဂိုဏ်း အကြောင်းကို မပြောရဲကြဘူး ငါတို့ကို လိုက်ရှာဖို့ဆိုတာ ပိုတောင် မဖြစ်နိုင်သေးတယ်"
ဘိုးဘေးရွှယ်က သက်ပြင်းချလိုက်သည်
"မင်းရဲ့ စွမ်းရည်တွေအရဆိုရင် ဝိညာဉ်သွေးဂိုဏ်းရဲ့ ရည်မှန်းချက်တွေကို မင်း နားလည်သင့်ပါတယ် ငါတို့ဟာ မင်းတို့ ထင်သလို ယုတ်မာတဲ့ ကျင့်ကြံသူတွေ မဟုတ်ဘူး ငါတို့ လုပ်သမျှဟာ ဒီလောကက ကျင့်ကြံသူတွေ အားလုံးရဲ့ အကျိုးအတွက်ပဲ"
"ဒါဆိုရင် စာရင်းကို အသက်နဲ့ မလဲချင်ဘူးပေါ့"
ဖန့်ချန်က အေးစက်စက် မေးလိုက်သည်။
ဘိုးဘေးရွှယ်က ပြုံးလိုက်သည်
"ငါ မင်းကို စာရင်းပေးလိုက်ရင်တောင် ဘာထူးမှာလဲ အဲ့ဒီထဲက လူတွေဟာ ဝိညာဉ်သွေးဂိုဏ်းကြီး တစ်ခုလုံးနဲ့ ယှဉ်ရင် သမုဒ္ဒရာထဲက ရေတစ်စက်လောက်ပါပဲ"
"ငါတို့ဂိုဏ်း တည်ထောင်သူက သတ္တဝါအားလုံးရဲ့ ကောင်းကျိုးအတွက် ဘယ်လောက်အထိ ကြိုးစားထားတယ်ဆိုတာ မင်း သိမှာ မဟုတ်ဘူး ငါတို့ ကျင့်ကြံသူတွေဟာ မြောက်ဘက် နဲ့ ကောင်းကင်ဘုံ အထိတောင် ပြန့်နှံ့နေပြီ"
"ဒါအပြင် ဝိညာဉ်သုတ်သင်ရေးဌာနအကြောင်း ငါသိသလောက်ဆိုရင် ငါ စာရင်းပေးလိုက်လည်း ငါ သေရမှာပဲ မင်းတို့က ဝိညာဉ်သွေးဂိုဏ်းသားတွေကို ဘယ်တော့မှ အလွတ်ပေးမှာ မဟုတ်ဘူး ဒါဆိုရင် ငါ ဘာလို့ ပေးရမှာလဲ"
ဘိုးဘေးရွှယ်က သူ၏ ဂိုဏ်းအပေါ် ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်သည်။
ထိညမျှ ဒုက္ခရောက်နေသည့် အခြေအနေတွင်ပင် သူသည် ထူးဆန်းသော ဂုဏ်ယူမှုကို ပြသနေသည်။
ဖန့်ချန်က ခေါင်းညိတ်လိုက်သည်
"ဒါဆိုရင်တော့... ဖြူလေး မည်းလေး... သူ့ကို လမ်းပို့လိုက်ကြတော့"
ဘိုးဘေးရွှယ်သည် ခုခံရန် မကြိုးစားတော့ပေ။ သူ မည်သို့ပင် ခုခံစေကာမူ စက္ကူရုပ်ဖြူမည်း နှစ်ပါး၏ လက်ထဲတွင် သေရမည်ကို သူ သိနေပုံရသည်။
မကြာမီတွင် မြေပြင်ပေါ်၌ အကြွင်းအကျန် အသားစိုင်များသာ ကျန်ရစ်တော့သည်။
သို့သော် ပျက်စီးသွားသော ခန္ဓာကိုယ်မှ အရိပ်တစ်ခု ထွက်ပေါ်လာပြီး ဖန့်ချန်ကို တစ်ချက်ကြည့်ကာ ထွက်ပြေးရန် ကြိုးစားသည်။
၎င်းမှာ ဘိုးဘေးရွှယ်၏ ဝိညာဉ်သန္ဓေသား မဟုတ်ပေ။
စက္ကူရုပ်များက သူ၏ ဝိညာဉ်သန္ဓေသားကို အစောကတည်းက ဖျက်ဆီးလိုက်ပြီ ဖြစ်သည်။
"အရှင်... သူ့ရဲ့ ကံကြမ္မာကြိုး ကို ဖြတ်တောက်လိုက်ရမလား"
စက္ကူရုပ်ဖြူက တိုးတိုးလေး မေးလိုက်သည်။
ဖန့်ချန်က ခေါင်းညိတ်လိုက်ပြီး သူ၏ ဝတ်ရုံစကို အသာအယာ ဝေ့ယမ်းလိုက်သည်။
မြေပြင်ရှိ အကြွင်းအကျန်များမှ အရေပြားများသည် တစ်လွှာချင်းစီ ကွာကျလာသည်။
ထွက်ပြေးရန် ပြင်နေသော အရိပ်မှာ မမြင်ရသော စွမ်းအားတစ်ခုဖြင့် ပြန်လည် ဆွဲခေါ်ခြင်း ခံလိုက်ရသည်။
၎င်း၏ တည်ငြိမ်နေသော အမူအရာမှာ အတိုင်းအဆမဲ့သော ကြောက်ရွံ့မှုအဖြစ် ပြောင်းလဲသွားပြီး ကွာကျလာသော အရေပြားများနှင့်အတူ အလောင်းအတွင်းသို့ ပြန်လည် ဆွဲသွင်းခံလိုက်ရသည်။
ထိုအရေပြားကို စက္ကူရုပ်ဖြူက ဝတ်ဆင်လိုက်ပြီး အရည်ပျော်ကာ ပျောက်ကွယ်သွားစေသည်။
ထိာအရာများ ပြီးဆုံးသွားပြီးနောက် ဖန့်ချန်သည် ဘိုးဘေးရွှယ် ချန်ထားခဲ့သော သိုလှောင်လက်စွပ်ကို ကောက်ယူကာ စက္ကူရုပ်ဖြူမည်း နှစ်ပါးနှင့်အတူ ခန့်ညားစွာ ထွက်ခွာသွားတော့သည်။