← Chapters

မီးအိမ်နှစ်ခုမြို့တော်

Vol. 24 Ch. 238

မီးအိမ်နှစ်ခုမြို့တော်

Vol. 24 Ch. 238

တင့်ထျန်းမြို့ကိုရှုံးနိမ့်ရခြင်း၏တန်ဖိုးမှာ အလွန်ကြီးမားလှသည်။ အနှစ်သာရဖျက်ဆီးခံရပြီး အဆင့်တက်စင်မြင့်ပြိုလဲသွားပါက နိုင်ပွဲအကြိမ်တစ်ရာရှိသောမြို့ပင် အဆင့်သတ်မှတ်ချက်မှဖယ်ရှားခံရပြီး နောက်ဆုံးအဆင့်သို့ပြုတ်ကျသွားပေလိမ့်မည်။

နိုင်ပွဲအကြိမ်တစ်ရာပြည့်ပြီးနောက်တွင် နီးစပ်ရာပစ်မှတ်များနည်းပါးသွားသဖြင့် အဆင့် ၁၀ ဆင့်အထိ ကျော်လွန်စိန်ခေါ်ခွင့်ကို ခွင့်ပြုထားပြီး အကြိမ်ကြိမ်ထပ်၍စိန်ခေါ်နိုင်သည်။

အချို့သောအင်မော်တယ်မြို့များသည် တင့်ထျန်းမြို့နှင့်မတွေ့ဆုံစေရန်အတွက် ကြံရာမရသည့်အဆုံး အရှုံးပေး အဆင့်လျှော့နည်းလမ်းများကိုပင် အသုံးပြုလာကြသည်ဟုဆို၏။ ဥပမာအားဖြင့် အခြားမြို့တစ်မြို့ကို အရင်စိန်ခေါ်ပြီး ထိုမြို့ကိုတမင်တကာရှုံးပေးလိုက်၍ အဆင့်ကျစေခြင်းဖြင့် ရှောင်ရှားကြရသည်။

တစ်ကြိမ်ရှုံးနိမ့်သွားပါက တစ်နှစ်ကြာ အကာအကွယ်ပေးသည့်ကာလရရှိသဖြင့် နောက်ထပ်စိန်ခေါ်မှုများကို ရှောင်လွှဲနိုင်၏။ ၎င်းသည် မတတ်သာသည့်အဆုံး မဖြစ်မနေပြုလုပ်ရသော ရွေးချယ်မှုပင်။

သို့သော် ထိပ်ဆုံးဆယ်မြို့မှာမူ ထိုမျှမကြောက်ရွံ့ကြချေ။ သူတို့အားလုံးမှာ နိုင်ပွဲအကြိမ်တစ်ရာထက်မကရှိကြပြီး စည်းမျဉ်းစွမ်းအားများဖြင့် အကြိမ်ပေါင်းများစွာ သန်မာအောင်လုပ်ထားသဖြင့် သူတို့၏အနှစ်သာရများမှာ အလွန်ခိုင်မာနေပြီဖြစ်သည်။

ထို့အပြင် ထိုမြို့များ၏မြို့စားမင်းများမှာ ရွှေအင်မော်တယ်အဆင့် ၉ များဖြစ်ကြသည်။ အချို့မှာမူ အလယ်အင်မော်တယ်လောကမှ ဆင်းသက်လာသူများဖြစ်ရာ သူတို့၏အစွမ်းမှာ သာမန်ရွှေအင်မော်တယ်များထက် များစွာသာလွန်ရာ ကျန်းချန်က သူတို့နေရာကိုလှုပ်ခါနိုင်လိမ့်မည်ဟု မယုံကြည်ကြချေ။

တစ်ဖက်တွင်မူ တင့်ထျန်းမြို့ရှိမြို့စားမင်းအသစ်မှာ ယခုအခါ နတ်ဘုရားတစ်ပါးကဲ့သို့ ကိုးကွယ်ခံနေရလေပြီ။ ရက်ပေါင်းတစ်ရာအတွင်းမှာပင် အဆင့်ခြောက်သန်းရှိသောမြို့ကို အဆင့်ရှစ်အထိမြှင့်တင်ပေးနိုင်ခဲ့ခြင်းမှာ အံ့ဖွယ်တစ်ပါးပင်။ တက်လှမ်းခြင်းစစ်ပွဲ၏စည်းမျဉ်းများအရ တင့်ထျန်းမြို့သည် ဆယ်နှစ်ပြည့်စာရင်းရှင်းချိန်ကိုစောင့်ဆိုင်းရုံဖြင့် အလယ်အင်မော်တယ်လောကသို့ ကူးပြောင်းခွင့်ရရှိမည်ဖြစ်သည်။

အမှန်စင်စစ် မြို့အတွင်းရှိ မည်သူမျှ အလယ်အင်မော်တယ်လောကသို့သွားရောက်ရန် စိတ်မဝင်စားကြတော့ချေ။ ဤနေရာရှိ စည်းမျဉ်းစွမ်းအားနှင့် အင်မော်တယ်အနှစ်သာရသိပ်သည်းဆမှာ အထက်အင်မော်တယ်လောကရှိ မည်သည့်မြို့ထက်မဆို သာလွန်နေလေပြီ။

၁၁၀ ပွဲဆက်တိုက်နိုင်ပွဲကြောင့် မူလအခြေအနေထက် ၅၅ ဆအထိ တိုးပွားလာခဲ့သည်။ အင်မော်တယ်လောက၏ အခြားတစ်နေရာတွင် ဤကဲ့သို့သော နေရာမျိုး ရှိ၊ မရှိသံသယဖြစ်စရာပင်။ ရှိခဲ့လျှင်ပင် ၎င်းမှာ အင်မော်တယ်ဧကရာဇ် သို့မဟုတ် မိစ္ဆာဧကရာဇ်များစိုးစံရာ ကောင်းချီးပေးထားသည့်နယ်မြေမျိုးသာဖြစ်ပေလိမ့်မည်။

ဤနေရာတွင် ကျင့်ကြံရခြင်း၏ရလဒ်မှာ မှန်းဆကြည့်ရုံနှင့် သိနိုင်သည်။ ဤကာလအတွင်း ဒေသခံအချို့မှာပင် အင်မော်တယ်အဖြစ်သို့ တက်လှမ်းနိုင်ခဲ့ကြသည်။ အဆင့်တက်လှမ်းသူများထဲတွင် ကွေ့ချန်းနှင့် ရှုယွမ်ကဲ့သို့သော ထိပ်တန်းပညာရှင်များမှာ အစစ်အမှန်အင်မော်တယ်အဆင့် ၉ သို့ ရောက်ရှိသွားကြ၏။ နှလုံးသားဌာနမှ ချင်းစော့နှင့် အခြားသူများမှာလည်း အစစ်အမှန်အင်မော်တယ်များဖြစ်လာကြပြီး မြို့စားမင်း၏တပည့်များဖြစ်ကြသော ကျိလင်းဟန်၊ လန်ယီနှင့် လင်းနင်တို့မှာလည်း အစစ်အမှန်အင်မော်တယ်အဆင့် ၉ ဖြစ်လာကြသည်။

မြင့်မြတ်အင်မော်တယ်နှင့် ရွှေအင်မော်တယ်အဆင့်များအထိ ဤကဲ့သို့ပင် မြန်ဆန်နေဦးမည်ဖြစ်ပြီး ထိုအဆင့်ကျော်မှသာ တဖြည်းဖြည်းနှေးကွေးသွားနိုင်သည်။ အမှန်စင်စစ် ရွှေအင်မော်တယ်မှ အင်မော်တယ်အရှင်မြတ်အဆင့်သို့တက်လှမ်းရန်မှာ ကောင်းမွန်သောကျင့်ကြံခြင်းနယ်မြေရှိရုံနှင့် မလုံလောက်ပေ။

ယခုအခါ တင့်ထျန်းမြို့မှာ အလွန်စည်ပင်နေပြီး အင်မော်တယ်ပေါင်းသုံးသောင်းကို စစ်မြေပြင်သို့ စေလွှတ်နိုင်ပြီဖြစ်သည်။ ထိုနေ့တွင် အစ်ကိုကြီးချန်သည် ထုံးစံအတိုင်း နောက်ထပ်ပြိုင်ဘက်ကိုရွေးချယ်ရန် အဆင့်တက်ခြင်းစာရင်းကို ဖွင့်လိုက်၏။ သူသည် ရပ်တန့်ရန် အစီအစဉ်မရှိချေ။ ဟန်ထုတ်ခြင်းဘုရင်တစ်ပါးဖြစ်သူ သူသည် နံပါတ်တစ်နေရာကိုမရမချင်း မည်သို့ကျေနပ်နိုင်ပါ့မည်နည်း။

သို့သော် ယခုတစ်ကြိမ်တွင် သူ၏ကလေးနှစ်ယောက်မှာ တိုက်ပွဲစတင်ရန် လာရောက်မတိုက်တွန်းကြချေ။ ထူးဆန်းလှသည်။ နောက်ပိုင်းတွင် သူတို့မှာ နေ့တိုင်းစိတ်မရှည်ဖြစ်နေကြသည် မဟုတ်ပါလား။ သူ အလျင်အမြန်သွားရောက်ရှာဖွေရာ ကလေးနှစ်ယောက်မှာ အဆင့်တက်စင်မြင့်အောက်တွင်အိပ်ပျော်နေသည်ကို တွေ့လိုက်ရ၏။

“ဟေ့... မင်းတို့ဘာဖြစ်နေတာလဲ”

“ထကြတော့... တိုက်ပွဲဝင်ရမယ့်အချိန်ရောက်ပြီ”

အဖြူလေးမှာ မျက်လုံးပင်မဖွင့်ဘဲ ဟိုဘက်လှည့်သွားသည်။ အဝါလေးကမူ...

“မေမေ... သမီးတို့ အနှစ်သာရတွေကို ထပ်ပြီးမမျိုနိုင်တော့ဘူး... အရမ်းဗိုက်ပြည့်နေပြီ...”

ဟု တိုးတိုးလေးပြောရှာသည်။

ဘာ... အနှစ်သာရတွေကို ဝါးမြိုရာမှာလည်း ကန့်သတ်ချက်ရှိတာလား။ သူ စိုးရိမ်တကြီးဖြင့် ဒူးထောက်ထိုင်လိုက်သည်။

“မင်းတို့ ဘာမှမဖြစ်ပါဘူးနော်”

ဖခင်တစ်ဦးအနေဖြင့် သူတို့၏အံ့ဖွယ်စွမ်းရည်များပျောက်ကွယ်သွားလျှင်ပင် သူတို့ကိုဘာမှမဖြစ်စေချင်ပေ။

“ဘာမှမဖြစ်ပါဘူး... အစာကြေဖို့ အချိန်နည်းနည်းလိုလို့ပါ”

အစ်ကိုကြီးချန် စိတ်အေးသွား၏။ သို့သော် သူ၏ကြီးကျယ်သော စိန်ခေါ်မှုစီမံကိန်းကိုမူ ခေတ္တရပ်နားထားရတော့မည်ဖြစ်သည်။ ပထမပွဲတွင် ပြိုင်ဘက်မြို့စားမင်းကိုအနိုင်ယူနိုင်မည်ဟု သူယုံကြည်သော်လည်း ကလေးနှစ်ယောက်မပါဘဲနှင့် တတိယပွဲကိုသေချာပေါက်ရှုံးပေလိမ့်မည်။

ဒုတိယပွဲအတွက်မူ လူတိုင်း၏ကျင့်ကြံမှုမြင့်တက်လာသည်ဆိုသော်လည်း ထိပ်ဆုံးဆယ်မြို့နှင့်ယှဉ်ရန်မဖြစ်နိုင်သေးပေ။ ထိုမြို့များသည် ဒုတိယပွဲတွင် အနည်းဆုံး ကောင်းကင်အင်မော်တယ်များ၊ ရာနှင့်ချီသော မြင့်မြတ်အင်မော်တယ်များနှင့် ရွှေအင်မော်တယ်အချို့ကပါ ဦးဆောင်နေသောကြောင့်ဖြစ်သည်။

“ဒါဆိုရင်တော့ ခဏလောက်နားရမှာပေါ့”

တကယ်တော့ တစ်နေ့တစ်ပွဲတိုက်ခိုက်နေရသည်မှာ သူလည်းပင်ပန်းသည်။ အခုတော့ အနားယူရန် အခွင့်အရေးကောင်း ရရှိလေပြီ။

ထိုနေ့တွင် လူအများစောင့်ကြည့်နေသော တင့်ထျန်းမြို့၏နိုင်ပွဲမှတ်တမ်းမှာ ပြောင်းလဲခြင်းမရှိခဲ့ချေ။ နေ့ကုန်ဆုံးချိန်အထိ လူပေါင်းများစွာမှာ အဆင့်တက်ခြင်းစာရင်းကို မျက်စိမလွှဲတမ်း ကြည့်နေကြသည်။

“တင့်ထျန်းမြို့က ရပ်သွားပြီ”

“ဒီနေ့ သူတို့စိန်ခေါ်မှုမလုပ်ဘူးပဲ”

အခြားမြို့များအတွက်သာမန်ဖြစ်သော်လည်း တင့်ထျန်းမြို့အတွက် ထူးဆန်းနေသည်။

“ဘာဖြစ်လို့လဲ... ဘာလို့ဆက်မလုပ်တော့တာလဲ”

“သိသာတာပဲလေ... သူတို့လည်း ကန့်သတ်ချက်ရောက်သွားပြီပေါ့”

“ဟုတ်တယ်... ထိပ်ဆုံးခုနစ်မြို့က လျှော့တွက်လို့မရဘူး။ ရှုံးသွားရင် နိုင်ပွဲတွေအနှုတ်ခံရမှာလေ”

“သူတို့က ထိပ်ဆုံးဆယ်မြို့ထဲရောက်နေပြီဆိုတော့ စွန့်စားနေစရာမလိုတော့ဘူးပေါ့”

“ငါကတော့ သူတို့နံပါတ်တစ်အထိတက်သွားမယ်လို့ ထင်နေတာ”

“ဝူဟိုင်မြို့တို့လိုမြို့တွေကို မင်းက အချဉ်မှတ်နေတာလား”

ရက်ပေါင်းများစွာကုန်ဆုံးသွားသော်လည်း တင့်ထျန်းမြို့မှာ ထပ်မံစိန်ခေါ်ခြင်းမရှိတော့ချေ။ အဆင့်နီးစပ်သောမြို့များမှာ ယခုမှသက်ပြင်းချနိုင်ကြတော့သည်။

မိုင်ပေါင်းများစွာဝေးကွာသောပင်လယ်ပြင်ထက်တွင် မည်းမှောင်နေသောတိမ်တိုက်များက နေရောင်ကိုကွယ်ထားသည်။ ဤနေရာတွင် တစ်နှစ်ပတ်လုံးညအချိန်ကဲ့သို့ဖြစ်နေသော်လည်း ပင်လယ်ပြင်ထက်တွင် တောက်ပသောအလင်းတန်းနှစ်ခုရှိနေ၏။ အနီးကပ်သွားကြည့်ပါက ကြီးမားသောအင်မော်တယ်မြို့ကြီးတစ်မြို့ကို တွေ့ရပေလိမ့်မည်။ မြို့အထက်တွင် ထာဝရလင်းလက်သောမီးအိမ်ကြီးနှစ်လုံးမှာ ညပင်လယ်ပြင်ရှိ မီးပြတိုက်များကဲ့သို့ ထွန်းလင်းနေသည်။

မြို့၏ပတ်ဝန်းကျင်တွင်မူ ကျင့်ကြံသူများသည် ပင်လယ်ထဲသို့အဆက်မပြတ်ငုပ်လျှိုးနေကြ၏။ မကြာမီတွင်ပင် မီတာသောင်းချီရှည်လျားသော ပင်လယ်သားရဲကြီးများကိုသတ်ဖြတ်ကာ မြို့ထဲသို့ သယ်ဆောင်လာကြသည်။ ပြင်ပလူမည်သူမဆိုသိနိုင်သည်မှာ ဤမြို့သည် အောက်အင်မော်တယ်လောကတွင် ကျော်ကြားလှသော မီးအိမ်နှစ်ခုမြို့တော်ပင်။

ယခုအခါ နိုင်ပွဲ ၁၀၂ ကြိမ်ဖြင့် အဆင့် ၁၁ တွင် ရှိနေသည်။ ရွှေအင်မော်တယ် ၆ ဦးနှင့် မြင့်မြတ်အင်မော်တယ် ၃၀၀ တို့က အင်အားတောင့်တင်းစွာ အခြေစိုက်ထားသဖြင့် မည်သူမျှ မနှောင့်ယှက်ရဲကြချေ။ သို့သော် နောက်ပိုင်းတွင် မြို့စားမင်း၏စိတ်အခြေအနေမကောင်းလှပေ။ တင့်ထျန်းမြို့ ရုတ်တရက်မြင့်တက်လာခြင်းက အောက်အင်မော်တယ်လောက၏ဟန်ချက်ကို ပျက်ပြားစေ၏။

မီးအိမ်နှစ်ခုမြို့တော်သည် ကျန်းချန်၏စိန်ခေါ်ခြင်းကိုမခံရသဖြင့် ကံကောင်းသည်ဟုဆိုနိုင်သော်လည်း ထိပ်ဆုံးဆယ်မြို့စာရင်းမှဖယ်ရှားခံလိုက်ရသဖြင့် အထိခိုက်ဆုံးဖြစ်ခဲ့ရသည်။ အဆင့် ၁၁ ဖြစ်နေသဖြင့် သူတို့သည် အလယ်အင်မော်တယ်လောကသို့ တက်လှမ်းခွင့်မရတော့ချေ။ ဤဆုံးရှုံးမှုမှာ ကြီးမားလွန်းသဖြင့် မည်သူမျှ လက်မခံနိုင်ကြ။

အဆင့်ပြန်ရရန်အတွက် သူတို့သည် မကြာသေးမီက စိန်ခေါ်မှုနှစ်ကြိမ်ပြုလုပ်ခဲ့ပြီး နိုင်ပွဲမှာ ၁၀၀ မှ ၁၀၂ သို့ တက်လာခဲ့သည်။ သို့သော် ပြင်ဆင်မှုမလုံလောက်သဖြင့် ကြီးမားသောတန်ဖိုးကို ပေးဆပ်ခဲ့ရ၏။

“ငါတို့နောက်ကမြို့တွေကို ဆက်တိုက်စိန်ခေါ်ပြီး အမှတ်ယူရမှာပဲ”

“နောက်ကမြို့တွေကလည်းမလွယ်ဘူး... ပြီးခဲ့တဲ့အခေါက် ရွှမ်ကွမ်းမြို့နဲ့တိုက်တုန်းက မြင့်မြတ်အင်မော်တယ် ၃၂ ယောက်နဲ့ ကောင်းကင်အင်မော်တယ် ၅၅၀ ဆုံးရှုံးခဲ့ရတယ်... အထိနာလွန်းတယ်”

“ဟုတ်တယ်... အားလုံးရဲ့အစွမ်းကအရမ်းမကွာတော့ နိုင်ဖို့တကယ်ခက်ခဲတယ်”

“နိုင်ပွဲ ၉၀ ကျော်ရှိတဲ့ မြို့တော်တော်များများကလည်း အကာအကွယ်ပေးတဲ့ကာလထဲရောက်နေတော့ စိန်ခေါ်လို့မရဘူး”

“ငါတို့ရှေ့က အဆင့်ကိုးမှာရှိတဲ့ ငွေခေါင်းလောင်းမြို့က နိုင်ပွဲ ၁၀၇ ကြိမ်ရှိတယ်... ငါတို့ထက် ၅ ကြိမ်သာနေတော့ လိုက်ဖို့ကမဖြစ်နိုင်သလောက်ပဲ”

“ငွေခေါင်းလောင်းမြို့မှာ ရွှေအင်မော်တယ် ၇ ယောက် ရှိတာ... ငါတို့ သူတို့ကိုမနိုင်ဘူး”

“အဲဒီ တင့်ထျန်းမြို့ကကောင်ကို အသေသတ်ချင်တယ်”

မြို့စားမင်းမှာ ဒေါသထွက်နေတော့သည်။ သူတို့သည် ထိပ်ဆုံးဆယ်မြို့စာရင်းဝင်ရန် နှစ်ပေါင်းကိုးဆယ်တိုင်ကြိုးစားခဲ့ရ၏။ အချိန်ပြည့်ခါနီးတွင် လက်လွတ်လိုက်ရသဖြင့် မည်သို့ကျေနပ်နိုင်ပါ့မည်နည်း။

“ငါတို့ တင့်ထျန်းမြို့ကိုပဲ စိန်ခေါ်ကြည့်ရင်ရော”

“တင့်ထျန်းမြို့ကို စိန်ခေါ်မယ်ဟုတ်လား... မင်း ရူးနေတာလား။ ငါတို့ရဲ့ အနှစ်သာရသာဖျက်ဆီးခံလိုက်ရရင် အားလုံးပြီးသွားပြီ”

All Chapters