← Chapters

အခန်း (၁၃၅)

Vol. 12 Ch. 135

အခန်း (၁၃၅)

Vol. 12 Ch. 135

"ဒီသစ်ပင်တွေက ထူးဆန်းလွန်းတယ် မဟုတ်လား? အပင်တွေက လဲကျတော့မလိုဖြစ်နေတာလေ၊ ဒါပေမယ့် မသေသေးဘူးပဲ"

"ဒီအပင်တွေကို ဒီလိုပုံစံမျိုးဖြစ်အောင် ဘယ်သူစိုက်တာလဲ?"

ဒီလိုဆန်းပြားလှတဲ့သစ်ပင်ကို သူ အလွန်စိတ်ဝင်စားမိပေသည်။

တိုင်ဖွန်းမုန်တိုင်းကြောင့် ဒီသစ်ပင်တွေ မကြာခဏ ပြိုလဲပျက်စီးခဲ့ရတယ်ဆိုတာ သူ မသိတာကြောင့် ဒီပုံစံအနေအထားမှာ သူ့မျက်လုံးထဲတွင် အလွန်ထူးဆန်းနေလေ၏။

လုရွှမ်: "…"

"နင်က ဘာလို့ ငါ့သားနဲ့တူနေရတာလဲ?"

အစ်မဖြစ်သူ လုရွှမ်က သူမရဲ့သားကို ပျိုးထောင်ရတာဟာ သိပ်မပင်ပန်းသော်ငြား ဒီနံစော်နေတဲ့မောင်လေးကိုတော့ သည်းမခံနိုင်တော့ဘူးလို့ ခံစားလိုက်ရ၏။

"ဟေး လုစန်းကျဲ နင်ဒီလိုပြောစရာမလိုပါဘူး။ နင့်သားထက် ငါက ပိုဒုက္ခပေးတယ်ဆိုတာ ငါသိပါတယ်။ ဒါကြောင့် ငါ လုံးဝအိမ်ထောင်မပြုချင်ဘူး၊ သားတစ်ယောက်လည်း မလိုချင်ဘူးလေ။ သားတစ်ယောက်ကို ပြုစုပျိုးထောင်ရတာ ဘယ်လောက် ဒုက္ခများလိုက်သလဲ"

လုရွှမ်: "နင် အရင်က ကလေးမှမထိန်းဖူးတာ၊ ဒီတော့ တစ်ခုမှ နင်နားလည်မှာမဟုတ်ဘူးလေ"

လုစန်းကျဲက သူမရဲ့သားဟာ အတော်လေးချစ်စရာကောင်းပေမယ့် အရမ်းဆူညံတယ်လို့ ခံစားရသည်။

"လုယန် ငယ်ငယ်တုန်းက ငါ့ကို ဒုက္ခအများကြီးပေးခဲ့တာလေ။ ဒီတော့ ငါ ကလေးမထိန်းချင်တော့ဘူး"

အစ်ကိုကြီးတစ်ယောက်အနေနဲ့ ကလေးကို ပြုစုပျိုးထောင်ဖို့ လုံလောက်တဲ့ ဝေဒနာကို ခံစားခဲ့ရပေသည်။

လုရှောင်းက ဤနေရာရှိ အုန်းပင်တွေကို စူးစမ်းလေ့လာနေစဉ်တွင် အုန်းသီးကောက်ဖို့လာကြတဲ့ အုပ်စုတစ်စုနှင့် တွေ့ဆုံခဲ့ရာ သူလည်း ဝင်ပါခဲ့ပြီး စိတ်အားထက်သန်စွာ ပြောဆိုလိုက်၏။

"ညီအစ်ကိုတို့ရေ ငါက သစ်ပင်တက်ကျွမ်းတော့ ငါ့အကူအညီအတွက် အဖိုးအခမတောင်းပါဘူးကွာ"

လုရွှမ်: "... ငါ့သားကို ထိန်းရတာထက် နင့်ကို ထိန်းရတာ ပိုခက်ပါတယ်ဟယ်။ နင် ငယ်ငယ်တုန်းက ငါ့ကို ဒုက္ခတွေမပေးခဲ့ဘူးလို့ နင်ထင်နေတာလားဟမ်?"

လုရှောင်းက ဒေသခံအနည်းငယ်နှင့် စိတ်လှုပ်ရှားဖွယ်စကားဝိုင်းရှိခဲ့ကာ ကျွန်းပေါ်တွင် သူဘာပဲလုပ်လုပ် လုရွှမ်ကတော့ ဒီတိုင်းထိုင်ပြီး စောင့်နေရုံသာ။ သူလည်း သစ်ပင်တစ်ပင်ပေါ်တက်ကာ အရိပ်ရရန်အတွက် အုန်းလက်ကို ခူးလိုက်၏။

လုရှောင်းက ဒေသခံများကြားတွင် အလွန်ကောင်းမွန်စွာ ပေါင်းသင်းဆက်ဆံနိုင်ခဲ့သည်။ နောက်ဆုံး သူထွက်သွားတဲ့အခါ အုန်းသီးသုံးလုံးနဲ့ လတ်လတ်ဆတ်ဆတ် ပုဇွန်အရှင်တွေ အများကြီးရခဲ့သလို ရှဉ့်သေးသေးလေးတစ်ကောင်ပါ ရခဲ့ပါသေးသည်။

သူ ရှဥ့်ကလေးကို သစ်ပင်ပေါ်က ဖမ်းမိခဲ့တာဖြစ်သည်။

ဤဒေသရှိ ရှဉ့်ကလေးတွေက အရမ်းဉာဏ်ကောင်းပြီး အလွန်လျင်မြန်တာကြောင့် ဖမ်းရခက်ကြောင်းကို ဒေသခံတွေကတစ်ဆင့် ကြားထားခဲ့ရာ သူ မယုံကြည်သောကြောင့် သူ့သူငယ်ချင်းအသစ်တွေကို ပြသဖို့ တစ်ကောင်လောက် ဖမ်းခဲ့ခြင်းပင်။ သူတို့ မြင်ကြတဲ့အခါ သူ့အား ချီးမွမ်းကြတော့သည်။

"မင်း တအားလက်မြန်တာပဲကွာ"

"ဝိုးးး!"

*

လုရှောင်းလည်း အမှန်တကယ်ပျင်းရိငြီးငွေ့နေခြင်းကြောင့် ဂုဏ်ယူစွာဖြင့် အနှီရှဥ့်ငယ်လေးကို ဆော့ကစားဖို့ ယူဆောင်လာခဲ့သည်။ ရှဥ့်ငယ်လေး ထွက်မပြေးနိုင်စေရန်အတွက် လုရှောင်းက အုန်းသီးတစ်လုံး ခွဲကျွေးလိုက်သေးသည်။

ရှဉ့်ငယ်လေး အကိုက်ပေါင်းများစွာ စားသောက်ပြီးနောက် ဗိုက်ပြည့်သွားကာ သူ့အပေါ် ခုန်တက်လာခဲ့သည်။

ဒီရှဉ့်ကလေးက သူ့ကို အရမ်းခင်တွယ်နေပြီပဲ။

လုရှောင်း ကစားပြီးတဲ့နောက် သူ့ညီလေးအိမ်သို့ သွားရတော့မည်ဖြစ်ရာ အပြင်မှာ ရှဥ့်လေးနှင့် ဆက်မကစားနိုင်တော့ကြောင်း သတိရသွားခဲ့ချေပြီ။

သူက ရှဉ့်ငယ်လေးကို မြေကြီးပေါ်ချလိုက်ကာ အုန်းသီးတစ်လုံး ချန်ထားပေးခဲ့ပြီး ရှဥ့်လေးကို နှုတ်ဆက်ရန် ကြံရွယ်ထားသော်လည်း သူ လှည့်ထွက်တော့မယ့်အချိန်မှာပဲ ရှဉ့်လေးက သူ့ပုခုံးပေါ် တွယ်တက်လာပြန်သည်။

ရှဉ့်ငယ်လေးရဲ့ တွယ်တက်လာတဲ့ လှုပ်ရှားမှုတွေက အထူးတလည် လိုက်လျောညီထွေရှိနေပြီး ၎င်းရဲ့ အနက်ရောင် မျက်လုံးတွေဟာ တောက်ပနေကာ နားရွက်လေးတွေကလည်း သေးကွေးလွန်းတာမို့ ချစ်စရာကောင်းတယ်လို့ ဆိုရမည်ဖြစ်သည်။

လုရှောင်းက ၎င်းရဲ့ ပျော့ပျော့ပျောင်းပျောင်းခန္ဓာကိုယ်ကို ဆွဲညှစ်လိုက်ကာ မြေပြင်ပေါ်ထပ်မံပြန်ချပေးလိုက်သော် ရှဉ့်လေးက ဒီတစ်ခါတော့ လုရှောင်းရဲ့ ပခုံးပေါ် မတက်တော့ဘဲ သူ့နောက်ကျောဆီသို့ တက်သွားလိုက်၏။

လုရှောင်းက ရှဥ့်ငယ်လေးကို အကြိမ်ပေါင်းများစွာ အပြန်ပြန်အလှန်လှန် ဖမ်းဆုပ်နေရပြီး ရှဥ့်လေးကလည်း လုရှောင်း ခန္ဓာကိုယ်ပေါ်သို့ တွားသွားဝင်လာပြန်သည်။

လုရှောင်း: "ဘုရားရေ၊ ဒီရှဥ့်လေးက ငါ့ကို မှီခိုအားကိုးနေတာပဲဟ"

သူ ဖယ်ထုတ်ပစ်လို့မရဘူးပဲ...

လုရွှမ်: "…"

အနှီမြင်ကွင်းကို မြင်ကွင်းကျယ်ကျယ်မြင်နေရတဲ့ လုရွှမ်ကတော့ သူမရဲ့မောင်လေးဟာ ရှဥ့်ငယ်လေးရဲ့ ခံစားချက်တွေနှင့် ဆော့ကစားနေမှန်း သဘောပေါက်သွားခဲ့သည်။

လုရွှမ်က လက်နှစ်ဖက်ကိုပိုက်ကာ သူ့အား လှမ်းကြည့်လိုက်ရင်း

"မင်း တောထဲမှာ မစ်ရှင်တွေ တာဝန်ထမ်းဆောင်ရတဲ့အခါ ဒီပုံစံနှင့် အချိန်တွေဖြတ်သန်းခဲ့တာလား?"

လုရှောင်း: "...ဒါပထမဆုံးအကြိမ်ပါပဲ..."

ရှဥ့်က​လေးကတော့ အရှုပ်တွေလုပ်နေလျက်။

လုရှောင်းလည်း ရှဥ့်ငယ်လေးကို ခွာချဖို့ တခြားနည်းလမ်းမရှိတော့တဲ့အတွက် သူ့ညီလေးအိမ်ကို ဧည့်သည်အဖြစ်သာ ခေါ်သွားနိုင်ရုံသာ။

ဒီရှဉ့်လေးဟာ သူ့ရင်ဘတ်နဲ့ နောက်ကျောပေါ် ခုန်တက်လိုက်၊ ခုန်ဆင်းလိုက်လုပ်နေပြီး တစ်ခါတရံ သူ့ခေါင်းပေါ်တောင် ရောက်သွားလေသည်။ ရလဒ်အနေနှင့် လမ်းတစ်လျှောက်လုံး ထူးဆန်းတဲ့အကြည့်တွေကို သူ အများကြီးလက်ခံရရှိခဲ့လေ၏။

လုရှောင်း: "..." မဟုတ်ဘူးနော်၊ သူ ဆပ်ကပ်အဖွဲ့က လာတာ မဟုတ်ပါဘူး...

ဒါဟာ ရှဥ့်ငယ်လေးနှင့် ဆော့ကစားခဲ့တဲ့ သူ့ရဲ့ဈေးပေါလှတဲ့ လက်တွေရဲ့ အပြစ်ပါပဲ။

အနှီရှဥ့်ငယ်လေးဟာ ရှဥ့်တစ်ကောင်ဘယ်လိုနေသလဲဆိုတာ မသိပေ။ အရင်တုန်းက သူထွက်ပြေးချင်တဲ့အခါတိုင်းပြေးခဲ့ပေမယ့် အခုတော့ ပြေးမရအောင်လို့ သူ့အမြှီးကို ဆွဲထားလိုက်သည်။

လုရွှမ် သူ့ကိုကြည့်ကာ ပြုံးလိုက်ရင်း "ရှောင်မင်ရှီးကြည့်ဖို့အတွက် ယူခဲ့လေ"

သူ့ခေါင်းပေါ်က ရှဉ့်ငယ်လေးကို ယူလိုက်ကာ သူ့ပုခုံးပေါ်တင်လိုက်ပြီးနောက်မှ မျက်လုံးတွေကို မှိတ်လိုက်မိသော လုရှောင်း : "..."

အရမ်းကြမ်းတမ်းတာပဲကွာ!!

နှစ်ယောက်သား မိသားစုခြံဝင်းဆီသို့ ရောက်သွားကြတဲ့အခါ သူစိမ်းတွေအများကြီး တွေ့လိုက်ရ၍ ရှဥ့်ငယ်လေးက တကယ်ပင် အနည်းငယ်ကြောက်လန့်သွားသဖြင့် လုရှောင်းရဲ့ လက်မောင်းတွင်း တိုးဝင်ကာ တုန်ယင်နေလျက် ဘောလုံးလေးတစ်လုံးနှယ်ကွေးနေပါတော့သည်။

ထို့နောက်တွင်မူ ဘာမှမဖြစ်တာကို တွေ့ရှိသွားပြီးနောက် နားရွက်လေးတွေလှုပ်သွားကာ သူ့လက်မောင်းထဲကနေ ခေါင်းသေးသေးလေး ထွက်လာခဲ့၏။

လုရှောင်း သူ့ခေါင်းလေးကို ပွတ်ပေးလိုက်ရာ အတော်လေး သက်တောင့်သက်သာရှိမှန်း တွေ့လိုက်ရလေသည်။

"ငါတို့ညီလေးအိမ်က ဒီမှာပဲ ဟုတ်တယ်မလား? သူ ဒေါသကြီးတဲ့ဇနီးလေးကို လက်ထပ်လိုက်တယ်လို့ ငါကြားမိတယ်"

လုရွှမ်: "ငါတို့မောင်ကရော ဒေါသအိုးပဲလေဟယ်"

"ငါတို့ညီလေးရဲ့ ဒေါသကို သူ့ဇနီး ခံနိုင်ရည်ရှိဖို့ ခက်မှာပဲ။ သူက အဲဒီမိန်းကလေးတွေအပေါ် ကြမ်းတမ်းရိုင်းပျခဲ့ဖူးတယ်လေ"

လုရွှမ်: "နင်က ပိုကောင်းတယ်လို့ နင့်ကိုယ်နင် ထင်နေတာလား?"

"ငါလည်း စိတ်​​သဘောကောင်း​ပါတယ်​လို့ ပြောနေတာမဟုတ်​ဘူးလေ"

လုရွှမ်က သူမမောင်လေးရဲ ခြံဝင်းဆီ ခေါ်သွားလိုက်၏။ လုရှောင်းက သူ့ညီလေးရဲ့ ခြံရှေ့တွင် ရှဉ့်လေးတစ်ကောင်ကို ပွေ့ချီထားလျက် ရပ်လိုက်ကာ စူးစမ်းစွာ ကြည့်လိုက်တဲ့အခါ ခြံဝင်းတစ်ခုလုံး လွန်စွာလှပနေပြီး ပန်းရနံ့သင်းသင်းလေး မွှေးပျံ့နေသည်ကို တွေ့ရှိလိုက်ရသည်။

သို့သော် ထိုအချိန်တွင် သူ့လက်ထဲက ရှဉ့်ကလေးက ခုန်ထွက်သွားပြီး သူ့ညီလေးရဲ့ အိမ်ခြံဝင်းဆီ ပြေးသွားကာ သစ်သားဘောင်ပေါ် ​တက်သွားလေ၏။ သူ့ရဲ့နူးညံ့တဲ့ကိုယ်လေးဟာ ပျော့ပျောင်းလှပြီး ခရမ်းချဉ်သီးအနီသေးသေးလေးများစွာကို ခူးနေပါတော့သည်။

ခရမ်းချဥ်သီးတွေထဲက ရှဥ့်ငယ်လေးမှာ မြေပြင်ပေါ်သို့ လှိမ့်ချလာခဲ့သည်။ ရှဥ့်ငယ်လေးက လုရှောင်းလက်မောင်းဆီ ပြန်တက်လာချိန်တွင် သူ့ဆီမှာ ခရမ်းချဉ်သီးသေးသေးလေးနှစ်လုံးသာ ကျန်ရှိတော့၍ တစ်လုံးကို သူစားလိုက်ကာ တစ်လုံးကိုတော့ ဘော့စ်ဆီ ပေးအပ်ခဲ့လေသည်။

လုရှောင်း: "…"

ငါက ငါ့ညီလေးအိမ်က ခရမ်းချဥ်သီးတွေကို ခိုးဖို့ ရှဥ့်တစ်ကောင်ခေါ်လာမိတာပဲဟ။ ညီလေးနှင့် ခယ်မလေးတို့ရဲ့ ဟင်းသီးဟင်းရွက်ဥယျာဉ်က အရမ်းလှတာပဲကွာ... အသီးတွေလည်း အများကြီးသီးနေလိုက်တာ...

"ကူး ကူး"

ရှဉ့်ကလေးက သူ့လက်ဖဝါးပေါ်မှာ အသိုက်ဖွဲ့နေလျက် သူပေးနေတာကို လုရှောင်းမလိုချင်မှန်း တွေ့လိုက်ရ၍ သူ့လက်သည်းလေး မြှောက်ကာ ဆူပူသည့်အလား လုရှောင်းရဲ့ ရင်ဘတ်ကို တွန်းလိုက်လေ၏။

- စားပါ!

လုရှောင်း: "...ငါ့ကို သူ့သူငယ်ချင်းလို ဆက်ဆံနေတာလားဟ?"

ရှဥ့်လေးက သူ့ကို အစာတောင်မျှဝေကျွေးလိုက်သေးတယ်၊ အရမ်းရက်ရောတာပဲ...

သူ ရှဥ့်တစ်ကောင်ဆီကနေ ညီအစ်ကိုအဖြစ် အသိအမှတ်ပြုခံရလိမ့်မယ်လို့ တစ်ခါမှ မတွေးမိခဲ့ဖူးဘူး...

ဤသည်ကိုမြင်တော့ လုရွှမ်က ထူးဆန်းစွာပြောလာခဲ့သည်။

"နင့်ကို သူ့ချစ်သူအဖြစ် ယူဆနေတယ်လို့ နင်ထင်လား? နင် သူ့ကို အခုပဲထိလိုက်တာဆိုတော့လေ"

တခြားသူတွေရဲ့ ခန္ဓာကိုယ်နဲ့ ကစားခဲ့ပြီးတော့ အခု ဂရုမစိုက်တော့ဘူးပေါ့လေ။

လုရှောင်း: "…"

All Chapters