← Chapters

အခန်း (၁၃၆)

Vol. 12 Ch. 136

အခန်း (၁၃၆)

Vol. 12 Ch. 136

"ကျဲရေ နင်တို့ အမျိုးသမီးစစ်သည်တွေက နေ့တိုင်း ဘယ်လိုထူးဆန်းတဲ့အရာတွေကို ကြည့်နေတာတုန်းဟ?"

လုရွှမ်: "နင်က ထူးဆန်းလို့လား?"

"နင့်လို ထူးဆန်းတဲ့ မောင်လေးမျိုး ငါ တစ်ခါမှ မတွေ့ဖူးဘူး"

သူတို့နှစ်ယောက် လုယန်အိမ်သို့ ရောက်သွားတဲ့အချိန် လုယန်နှင့် ချင်းရို့တို့က အိမ်မှာမရှိသလို ရှီးရှီးကလည်း မူကြိုကနေပြန်မရောက်သေးသဖြင့် လောင်လုနှင့် သူ့ဇနီးနှစ်ယောက်သာ သူတို့မြေးပေါက်စလေးနှစ်ယောက်အား အဖော်ပြုလျက် ရှိနေကြသည်။

လောင်လုနှင့် ကျန်းဖျင်တို့က သူတို့သားနှင့်သမီး လာနေတာကို သိ၍ ဒီမှာလာနေပြီး စောင့်နေခြင်းပင်။

"လောင်စန်းနှင့် လောင်စစ်တို့ ရောက်လာပြီပဲ"

"ဒီကိုလာ၊ မြန်မြန်လာခဲ့ကြ။ ငါ့မှာပြောစရာတွေ အများကြီးရှိတယ်... ငါ့အတွက် မြေးမလေးတစ်ယောက်လောက် မွေးပေးစမ်းပါ... ငါ ဂရုမစိုက်ဘူး၊ မြန်မြန်အိမ်ထောင်ပြုဖို့ လက်တွဲဖော်ရှာတော့ကွာ"

"မင်းတို့မောင်နှမတွေ ဘာလုပ်ခဲ့ကြတာလဲ? ကိုယ့်အတွက်ကိုယ် လက်တွဲဖော်မရှာနိုင်ဘဲ မင်းတို့သူငယ်ချင်းတွေကို သွားကူညီပေးနေကြသေးတယ်"

*

လုကျုံးရီ သူ့မိန်းမနှင့် စကားပြောနေလေလေ၊ ပိုထူးဆန်းလေလေ ခံစားလိုက်ရ၏။ ဤကမ္ဘာကြီးမှာ အလွန်အံ့အားသင့်ဖွယ်ကောင်းလှပေသည်။

သူတို့က လောင်ဝူ(လုယန်) အိမ်ထောင်ပြုဖြစ်မယ်လို့ မထင်ထားခဲ့ပေမယ့် အဆုံးတွင်မူ သူကအရင်အိမ်ထောင်ကျသွားကာ လောင်စစ်ကတော့ မရသေးပေ။

လောင်လုက သူ့ကို အိမ်ထောင်ပြုဖို့ အတင်းအကြပ် မလုပ်ခဲ့သော်လည်း လူကြီးတစ်ယောက်အနေနဲ့ သူ့ကို ပါးနပ်စွာ ပြောရမယ်မှန်း သူသိပေသည်။

"ဟေး ကျွန်တော့်တူပေါက်စလေးနှစ်ယောက်က တကယ်ကြီး ရုပ်ဆင်ကြတာပဲ"

လုရှောင်းက သူ့ညီလေးရဲ့ သားနှစ်ယောက်တစ်ဖြစ်လဲ သူ့တူလေးနှစ်ယောက်ကို တွေ့လိုက်ရတဲ့အခါ လွန်စွာ အံ့အားသင့်သွားရသည်။

သူတို့လုမိသားစုတွင် ရုပ်တူတဲ့ အမြွှာလေးတွေရှိလာပြီဖြစ်သလို ကလေးတွေကလည်း သူ့ရဲ့ နံစော်နေတဲ့ညီလေးနှင့် ရုပ်တူနေကြတယ်...

လုရှောင်း: "..." နံစော်နေတဲ့သူ့ညီလေးနဲ့တူရင်တော့ သိပ်ချစ်စရာကောင်းမှာ မဟုတ်ပါဘူး...

လောင်လုက စာကြည့်မျက်မှန် တပ်ထားကာ သူ့အရှေ့က လုရှောင်းအား ထူးထူးခြားခြား ကြည့်နေခဲ့သည်။ သူ့သားဟာ အရပ်ရှည်သူဖြစ်ပြီး သူ့အင်္ကျီမှာ တွန့်ကြေနေသလို သူ့လက်ထဲမှာ ရှဥ့်ငယ်လေးတစ်ကောင်ကို ကိုင်ထားလေ၏။

သူက ရှဉ့်လေးတစ်ကောင်ကို ပြန်ခေါ်လာတာပဲ...

"မင်းလက်ထဲက အဲဒါကို ဘယ်ကရလာတာလဲ?"

လုရွှမ် အပြုံးလေးနှင့် ပြောလိုက်ခဲ့သည်။

"ရှဥ့်လေးက ပါးရဲ့ သားကို ကြွေနေတာတော်"

လောင်လုရဲ့မျက်နှာမှာ ခပ်တည်တည်ဖြစ်နေလျက် အတွေးပွားနေလေသည်။ 'ငါ့သားက အမျိုးသမီးတွေကို မဆွဲဆောင်နိုင်ပေမယ့် ရှဥ့်တွေကိုတော့ ဆွဲဆောင်နိုင်နေတာပဲ...'

ချင်းရို့ အိမ်ပြန်မလာခင် လုယန်ရဲ့ တတိယအစ်မနှင့် စတုတ္ထအစ်ကို ဒီနေ့ရောက်လာမယ်ဆိုတာကို သိထားပြီးဖြစ်၏။ ခြံထဲမှာ တတိယအစ်မကို တွေ့လိုက်ရတော့ သူတို့ရောက်နေပြီမှန်း သိလိုက်လေပြီ။

လုမိသားစုရဲ့ တတိယအစ်မကို သူမတွေ့ဖူးသော်လည်း လုယန်ရဲ့ စတုတ္ထအစ်ကိုကို မတွေ့ဖူးသေးပေ။ ထိုသူမှာ လုယန်ပြောပြခဲ့တဲ့ ငယ်ငယ်တုန်းက ဆော့ကစားစဥ်တိုင်း သစ္စာဖောက်အဖြစ် မကြာခဏရွေးချယ်ခံရတတ်တဲ့သူပင်။

"မောင်လေးနဲ့ ယောက်မလေး ပြန်လာပြီပဲ"

"စန်းကျဲ"

လုယန်ရဲ့ စတုတ္ထအစ်ကိုဖြစ်သူ လုရှောင်းကို သူမတွေ့လိုက်ရတဲ့အခါ ချင်းရို့က အံ့သြမနေတော့ပေ။ လုရှောင်းနှင့် လုယန်တို့က ညီအစ်ကိုတွေဖြစ်ကြသည့်အလျောက် ရုပ်နည်းနည်းဆင်တူကြသော်လည်း လုရှောင်းကတော့ လုယန်လိုချောမောတဲ့ မျက်နှာမျိုးနှင့်မတူညီစွာပင် သူ့မျက်နှာက ကြမ်းတမ်းပြီး အနည်းငယ်တင်းမာပုံရပေသည်။

ချင်းရို့ကို အံ့အားသင့်သွားစေတာကတော့ သူ့လက်ထဲမှာ အရမ်းပျော့ပျောင်းနူးညံ့တဲ့ ချစ်စဖွယ်ရှဥ့်လေးတစ်ကောင်ရှိနေလို့ပါပဲ။ သူ့လက်မောင်းထဲတွင် ရှဥ့်ညိုငယ်လေးက သူ့လက်သည်းလေးတွေကို ရှေ့သို့ဆန့်ထုတ်၍ လုရှောင်းရဲ့ အခြားလက်တစ်ဖက်ဆီ ရောက်ရန် ကြိုးစားနေသော်လည်း လုရှောင်းက လုံးဝနှောင့်ယှက်ခြင်းမရှိသဖြင့် ရှဥ့်လေးက သူ့ပခုံးပေါ်သို့ တန်းတန်းမတ်မတ်ခုန်ဆင်းသွားခဲ့လေ၏။

အမြီးလေးက အနောက်မှာ ဖွားဖွားလေးဖြစ်နေတယ်...

အမွှေးဖွာဖွာလေး...

ချင်းရို့: "!" ဝိုး!!

ချစ်ဖို့ကောင်းလိုက်တာနော်....

လုယန်ရဲ့ အစ်ကိုက တကယ်ကြီး ရှဥ့်တွေကို မွေးထားတယ်ပေါ့...

ချင်းရို့က အရင်တုန်းက သူမအိမ်မှာ အုန်းသီးတွေ လာလာခိုးတဲ့ ရှဉ့်ငယ်လေးကိုသာ တွေ့ဖူးသော်လည်း ဒီလို မိသားစုသဖွယ်ဖြစ်နေပြီး နူးနူးညံ့ညံ့၊ ချစ်စရာကောင်းတဲ့ ရှဉ့်ကလေးကိုတော့ တစ်ခါမှ မတွေ့ဖူးပါချေ။

အဲဒီတုန်းက ရှဉ့်ကလေးက အုန်းသီးတွေလာလာခိုးလေ့ရှိတယ်၊ အရမ်းကြမ်းတမ်းတာပဲနော်!

အခုဒီရှဥ့်ငယ်လေးကတော့ အရမ်းလိမ္မာနေတာပဲ၊ မိသားစုဝင်ကိုယ်တိုင် မွေးထားတာပဲဖြစ်ရမယ် ဟုတ်တယ်မဟုတ်လား?

"ဒါ... အရမ်းနာခံတတ်တာပဲနော်၊ ငယ်ငယ်ကတည်းက မွေးထားတာလားဟင်?"

လုရှောင်း: "…"

လုစန်းကျဲ: "သူ ဒီနေ့ပဲ အဲ့အကောင်လေးကို ဖမ်းမိလာတာလေ။ သူက လောင်စစ်နဲ့ အချိန်တော်ကြာ ကစားပြီးတဲ့နောက် သူ့ကို ထားမသွားနိုင်တော့ပုံပဲ"

ချင်းရို့: "…"

ချင်းရို့က သူမဘာသာတွေးနေမိသည်မှာ 'ငါလည်း ရှဥ့်လေးနဲ့ ကစားချင်ပေမယ့် ကစားလို့မရဘူး...'

"သူ မင်းရဲ့ခြံထဲရောက်ခါစက မင်းရဲ့ခရမ်းချဥ်သီးတွေကို ခိုးခဲ့တာ"

"အဆင်ပြေပါတယ်"

"ကျွန်မ သူ့ကို ထိကြည့်လို့ရလား?"

ချင်းရို့ ကျယ်လောင်စွာ မေးလိုက်မိသည်။ သူမက ချစ်ဖို့ကောင်းတဲ့အကောင်လေးကို အမှန်ပင် ထိကြည့်ချင်ခဲ့လေသည်။ ချစ်စရာအိမ်မွေးတိရစ္ဆာန်လေးရဲ့ ဆွဲဆောင်မှုကို ဘယ်သူက ခံနိုင်ရည်ရှိမှာလဲနော်...

ရှဥ့်ငယ်လေးက သွက်လက်မြန်ဆန်လွန်း၏။ အပြင်လူတွေဆီမှ အထိမခံဘဲ ဆင်းလိုက်တက်လိုက် ထွက်ပြေးနေလျက်။

သူက လုရှောင်းရဲ့ ခန္ဓာကိုယ်ကို သူ့ရဲ့သစ်ပင်အဖြစ်ယူဆထားပြီး လက်ကိုတော့ အသိုက်အဖြစ် မှတ်ယူထားလေသည်။

အဆုံးမှာတော့ တခြားလူကိုယ်ပေါ်က ရှဥ့်ငယ်လေးဖြစ်တာကြောင့် ချင်းရို့လည်း ရှဥ့်လေးရဲ့ သားမွေးတွေကို အတင်းအကြပ် သွားပွတ်လို့မကောင်းသဖြင့် သူမလည်း လက်လျှော့လိုက်ရုံသာ။

ကလေးတွေ ကြီးပြင်းလာတဲ့အခါ သူမလည်း ရှဉ့်လေးတွေ မွေးမြူချင်ပါသေးတယ်...

လုရှောင်းက သူ့ရဲ့ခယ်မလေးကို တွေ့လိုက်ရတဲ့အခါ အမှန်တကယ် အံ့သြသွားခဲ့ရသည်။ လုယန်က ဒီလောက်လှပတဲ့ မိန်းကလေးတစ်ယောက်ကို လက်ထပ်ထားလိမ့်မယ်လို့ သူမမျှော်လင့်ထားခဲ့။ နောက်ပြီးတော့ သူမရဲ့ အသံက အရမ်းချိုသာပြီး သာယာနေရောပဲ...

ဟုတ်ပါတယ်၊ ဒါက အပေါ်ယံနူးညံ့ညင်သာပြနေတာလား ဘာလားတော့ သူလည်း မသိဘူးပေါ့။

ပြောစမှတ်ရှိကြတာပဲလေ....

အတွေ့အကြုံများစွာရှိကြဖူးသူတွေဆီမှ သူလည်း ကြားခဲ့ဖူးပေသည်။ အပြင်လူတွေရှေ့မှာ နူးညံ့သိမ်မွေ့တဲ့ချွေးမမျိုးဟာ နောက်ကွယ်မှာတော့ ဒေါသကြီးကြတယ်လို့ ပြောကြလေသည်။ သူအသိ လောင်ကျန်းရဲ့ ချွေးမဆို အခန်းတံခါးပိတ်ပြီး သူမရဲ့ ခင်ပွန်းကို သင်ခန်းစာပေးတတ်သည်။

သူ့ညီလေးက ဒေါသကြီးတဲ့ မိန်းကလေးနဲ့ လက်ထပ်ခဲ့တာမဟုတ်လား? တံခါးပိတ်ထားတဲ့အခါ ပိုကောင်းလာဖို့ သူ့အပေါ်မှာ မူတည်နေတာပဲလို့ ခံစားမိပေသည်။

သို့သော် သူ့ညီလေးလုယန်ကလည်း စိတ်ရှည်သူမဟုတ်ပေ။ ဒီလိုဆို နှစ်ယောက်သား အခန်းထဲမှာရှိကြတဲ့အခါ နေ့တိုင်း ယမ်းမှုန့်နံ့တွေ ပြည့်နေလောက်မှာပဲနော်။

လုရှောင်းကတော့ အိမ်ထောင်မပြုချင်ပါပေ။ ဘယ်သူ့ကိုမှ ဂရုစိုက်စရာမလိုတော့ ဘယ်လောက်ကောင်းလိုက်သလဲ... လူတစ်ယောက်တည်းဆို စားသောက်ဖို့ လုံလုံလောက်လောက်ရှိပြီး တစ်မိသားစုလုံး ဆာလောင်မှာ မဟုတ်ဘူး။

သူ့ရဲဘော်တွေရဲ့ ဘယ်သူ့မိန်းမက ဘာဖြစ်တာ၊ ဘယ်သူ့မိန်းမနဲ့ ယောက္ခမက ဘာဖြစ်ကြတာ စတဲ့ ညည်းညူသံတွေကိုလည်း သူ ပျော်ပျော်ကြီး နားထောင်နိုင်လေတယ်။

ဟုတ်တာပေါ့၊ စိုးရိမ်ပူပန်နေရတဲ့လူတွေက ကောင်းကောင်းအိပ်မပျော်နိုင်ဘူးလေ။

လုရှောင်း တောင်ပေါ်မှာ နေခဲ့စဥ်အခါက သူ့ရဲဘော်ရွာသားတွေရဲ့ မိသားစုထဲမှာ ပဋိပက္ခတွေဖြစ်ကြတဲ့စကားသံတွေကို နားထောင်ရတာ နှစ်သက်လေသည်။ နေရာအနှံ့မှာ ရန်ဖြစ်နေကြတာချည်းပဲကွာ...

အိုးမိုင်ဂေါ့ သူတို့တွေက အရမ်းဆူညံကြတာပဲ... ထိတ်လန့်စရာကြီးကွာ...

ညီအစ်ကိုကောင်းတစ်ယောက်က သူ့ကို သွေးမျက်ရည်တွေနှင့် ပြောပြခဲ့သည်မှာ -

- ဇနီးတစ်ယောက်ကို လက်ထပ်မယ်ဆိုရင် ကိုယ်ကျင့်သီလကောင်းတဲ့ မိန်းမမျိုးနဲ့ လက်ထပ်ရမယ်...

ရုပ်ရည်ချောမောတဲ့ ချွေးမဟာ မျက်စိပသာဒရှိသော်လည်း မျက်နှာချောချောလေးကို စားလို့ရလို့လား?

"ဦးလေး!! ဒေါ်လေး!! အာ... မားပဲ!!"

ရှမင်ရှီးရဲ့ အသံစာစာလေးက အပြင်ဘက်မှ ထွက်ပေါ်လာလေ၏။ သူ အိမ်ပြန်ရောက်သည်နှင့် သူ့ဒေါ်လေးကို စတင်အော်ခေါ်ခဲ့ပေမယ့် မထင်မှတ်စွာပင် သူ့အမေကို တွေ့လိုက်ရသည်။

အတန်းဖော်ရှောင်မင်က သူ့မွေးမိခင်ကို ပွေ့ဖက်ပေးရမှာပေါ့။

ပွေ့ဖက်ပြီးတဲ့နောက် သူ့ရဲ့ စတုတ္ထဦးလေးကို တွေ့လိုက်ပြန်ရာ အော်ခေါ်လိုက်သည်။

All Chapters