← Chapters

အခန်း (၁၄၀)

Vol. 12 Ch. 140

အခန်း (၁၄၀)

Vol. 12 Ch. 140

သရက်သီးတွေကို အစ်မဖြစ်သူမှ ယူလာပေးတဲ့အပြင် မိသားစုခြံဝင်းရှိ လူတွေဆီကလည်းအများကြီးရထားခဲ့ရာ လုမိသားစုလည်း သရက်သီးတွေကို အမျိုးမျိုးအဖုံဖုံစားရန် ကြိုးစားခဲ့ကြရသည်။ သရက်သီးကောက်ညှင်း၊ အုန်းနို့စမ်းထားတဲ့ သရက်သီးအတုံးလေးတွေ စသဖြင့် သရက်သီးစားရန် နည်းလမ်းမျိုးစုံကို ဆန်းသစ်ခဲ့ကြလေ၏။

ကလေးလေးနှစ်ယောက်ဟာ ရှစ်လကျော်လာပြီဖြစ်၍ သရက်သီးနည်းနည်းစားလို့ရလေပြီ။ ချင်းရို့က သရက်သီးတွေကို သေးသေးလေးတွေ လှီးဖြတ်ကာ ကလေးတွေကို ကျွေးခဲ့သည်။

ကျိုးကျိုးနှင့် ဖက်ထုပ်လေးတို့က သွားတွေမကြီးသေးပေမယ့် သူတို့နို့စို့တဲ့အချိန်တိုင်း သူတို့အမေကို ကိုက်တတ်ကြ၏။ ကလေးနှစ်ယောက်က အဆိုးလေးတွေပါပဲ...

ချင်းရို့က သူမသားတွေရဲ့ ပါးဖောင်းဖောင်းလေးတွေကို ဆွဲညှစ်လိုက်ပြီး သူတို့အတွက် ဘီစကွတ်နည်းနည်း ပြုလုပ်ကာ ဖြည်းဖြည်းချင်း ကိုက်စေခဲ့သည်။

ဒီအဆိုးလေးနှစ်ယောက်က အချင်းချင်းရဲ့ လက်တွေကိုတောင် ကိုက်စားနေကြတယ်ကွယ်...

သူတို့နှစ်ဦးဟာ တစ်ပုံစံတည်း တူညီနေကြသလို သူတို့အတူတူအိပ်ကြတဲ့အခါ ဖက်ထုပ်လေးရော သူ့အစ်ကိုကြီးကပါ အချင်းချင်းရဲ့ လက်ချောင်းတွေကို အားပါးတရကိုက်စားတတ်ကြလေသည်။ သူတို့လေးတွေက ကိုယ့်လက်ချောင်းကိုယ် ကိုက်နေတယ်လို့ပဲ ထင်နေတာ ဖြစ်နိုင်လေရဲ့။

သို့သော်လည်း လက်တွေကို ကိုက်စားနေတဲ့အခါ ညီအစ်ကိုနှစ်ယောက်ဟာ ဝေမျှကြတယ်ဆိုပေမယ့် ခြေချောင်းတွေကို ကိုက်ဝါးရင်တော့ ကိုယ့်ခြေချောင်းတွေကိုသာ ကိုက်ကြပါလိမ့်မည်။

သူတို့လေးတွေ ကြီးပြင်းလာပြီး သူ့အဖေလို ခြေတံရှည်တွေရှိလာတဲ့အခါ ဒီလိုကိုက်ဝါးနိုင်ကြတော့မှာမဟုတ်ဘူးလေ...

ပစ္စုပ္ပန်ကာလကို မြတ်နိုးရမယ်...

ချင်းရို့သည် ကလေးတွေရဲ့ ခြေချောင်းလေးတွေ ကိုက်ဝါးနေတဲ့ ချစ်စရာဓာတ်ပုံလေးကို ရိုက်မယ်လို့ တွေးထားခဲ့သည်။ ဘာလို့ဆို ဒါဟာ ရှားပါးတဲ့ အခိုက်အတန့်လေးဖြစ်တာကိုး...

သူမဓာတ်ပုံရိုက်ထားခဲ့ရင် ဒီညီအစ်ကိုနှစ်ယောက် ကြီးပြင်းလာတဲ့အခါ ထုတ်ပြပြီး ပြောလိုက်မယ် - ကြည့်လိုက်၊ မင်းတို့ညီအစ်ကိုတွေ ငယ်ငယ်တုန်းကတော့ မျှဝေရတာ အရမ်းကြိုက်တယ်လေ။ အချင်းချင်းရဲ့ လက်ချောင်းတွေတောင် ကိုက်ဝါးခဲ့ကြသေးတာ...

ချင်းရို့ကတော့ ကလေးနှစ်ယောက်ရဲ့ အပြုအမူကို မတားခဲ့ဘဲ အဲဒီအစား သူတို့လေးတွေရဲ့ ခြေချောင်းလက်ချောင်းလေးတွေကိုသာ သေချာဆေးကြောပေးထားခဲ့၏။

ဒါက အကျင့်ဆိုးတစ်ခုမဟုတ်ပါချေ။ သူတို့ကြီးလာကြတဲ့အခါ ကိုက်ဝါးချင်ရင်တောင်မှ လုပ်လို့မရတော့ဘူးလေနော်။

ဥပမာအားဖြင့် ချင်းရို့ကိုယ်တိုင် ကြိုးစားကြည့်ခဲ့သော်လည်း သူမခြေထောက်ကို သူမကိုက်ဝါးဖို့ဆိုတာ တော်တော်ခက်ခဲနေဆဲ....

ငယ်ငယ်တုန်းက ခြေချောင်းတွေ ကိုက်ဝါးရတာကို ကြိုက်တဲ့ ကလေးငယ်လေးတွေဟာ ကြီးပြင်းလာတဲ့အခါ ပိုမိုထက်မြက်လာကာ သူတို့ရဲ့ ခန္ဓာကိုယ်လှုပ်ရှားမှုတွေလည်း ပို၍ပင် သွက်လက်ချောမွေ့လာမယ်လို့ ဆိုကြလေ၏။

တကယ်တော့ ကိုယ့်ခြေချောင်းကိုယ် ကိုက်ဝါးခြင်းဟာလည်း အတော်လေး ခက်ခဲပြီး စိန်ခေါ်မှုတစ်ရပ်ပင်။

ပါးစပ်သည် ကမ္ဘာကြီးကို စူးစမ်းလေ့လာဆက်သွယ်ဖို့အတွက် ပထမဆုံး လမ်းကြောင်းဖြစ်သည်။ ယခု သူတို့ အစာစားချင်စိတ်ကို ဖြည့်ဆည်းပေးတော့မယ့်အချိန်တွင် သူတို့ရဲ့ ခန္ဓာကိုယ်၊ ခြေလက်သေးသေးလေးတွေနှင့် ရင်းနှီးရမှာပေါ့။

ကလေးပိစိလေးနှစ်ယောက်ဟာ သူတို့ရဲ့ခြေချောင်းတွေကို ကိုက်ဝါးနေကြစဥ် ချင်းရို့က ကလေးတွေရဲ့ပါးပါးကို လှမ်းခေါ်ပေလိမ့်မည်။ အကြီးတစ်ယောက် အသေးလေးနှစ်ယောက်မှာ တော်တော်လေး ဆင်တူနေကြလေရဲ့။

ဒါက တကယ့်ကို ​စိတ်အပန်းပြေစရာအခိုက်အတန့်လေးတစ်ခုပါပဲ...

ကလေးတွေရဲ့ ပါးပါးကရော သူငယ်ငယ်တုန်းက သူ့ခြေထောက်သူ ကိုက်ခဲ့လား? ဓာတ်ပုံလေးရှိသင့်တာဟယ်... ဟားဟားဟား

ချင်းရို့ ပျော်ရွှင်စရာ အခိုက်အတန့်လေးကို ရယ်ကာမောကာဖြင့် ဓာတ်ပုံရိုက်ခဲ့ပေသည်။

လုယန်: "…"

အပြစ်ကင်းစင်တဲ့ ပေါက်စလေးနှစ်ယောက်ကတော့ သူတို့ရဲ့ ခြေချောင်းလေးတွေကို ကိုက်ဝါးနေရင်း သူတို့မိဘတွေကို ကြည့်နေကြ၏။

ကလေးလေးတွေ တွားသွားလာခဲ့သည်မှာ လအနည်းငယ်ကြာခဲ့ပြီ။ ချင်းရို့က ကလေးတွေကို လေ့ကျင့်ခန်းလုပ်စေကာ သူတို့ရဲ့ တွားသွားနိုင်စွမ်းကို တိုးတက်စေခဲ့သည်။

လုယန် ပင်လယ်ထဲ ဆယ်ရက်ကျော် သွားပြီးတဲ့နောက် အားလပ်ရက်ရတဲ့အခါ အိမ်ပြန်လာခဲ့၏။ ထိုအခါ ချင်းရို့က မိဘနှင့် ကလေးတွေရဲ့ ဆက်ဆံရေးကို တိုးမြှင့်စေရန်အတွက် ကလေးလေးတွေကို သူတို့အဖေအနားမှာ တွားသွားခိုင်းလိုက်သည်။

သူတို့အဖေလို လူကြီးကြီးတစ်ယောက်ပေါ်တက်ရတာဟာ သူတို့အမေ အပေါ်တက်ရတာထက် ပိုအဆင်ပြေသည်မှာ ထင်ရှားနေလျက်။ ကလေးငယ်တွေက သစ်ပင်ပေါ်ရှိ ခူကောင်လေးတွေလို သူတို့အဖေရဲ့ ခန္ဓာကိုယ်ပေါ်မှာ တွယ်ကပ်နေကြလျက် သွားရည်တွေကျနေတော့သည်။

အငယ်လေး ဖက်ထုပ်လေးက သူ့အဖေရဲ့ ဗိုက်ပေါ်မှာ သေသေချာချာလေး ထိုင်နေကာ သူ့တင်ပါးလေးတွေက အရမ်းတောင့်တင်းနေလျက်။ ကျိုးကျိုးကလည်း အကောင်းဆုံးအနေအထားကို လိုချင်တာကြောင့် သူ တွန်းလိုက်ကာ သူ့အဖေရဲ့ ရင်ဘတ်ပေါ်မှာ ထိုင်လိုက်လေသည်။

ချင်းရို့က လုယန်အား အင်တာဗျူးလိုက်၏။

"ရှင် ဘယ်လိုခံစားရလဲ?"

လုယန်: "အရမ်းကြီးမကောင်းပါဘူး။ မင်းစမ်းကြည့်ချင်လား?"

"ရှင်ပဲလုပ်ပါ... ဖခင်မေတ္တာက တောင်နဲ့တူတယ်လေ"

ချင်းရို့က သူ့သားတွေရဲ့ သေးတွေနှင့် မဖုံးလွှမ်းချင်တာကြောင့် သူမခင်ပွန်းသည်နှင့်ပဲ လွှတ်ထားလိုက်လေပြီ။

"ကျိုးကျိုးရေ ဖက်ထုပ်လေးရေ လာ၊ မားဆီ လာကြ"

ချင်းရို့က ကောင်လေးနှစ်ယောက်ကို ဆွဲဆောင်ဖို့ ပလုတ်တုတ်ကို လှုပ်လိုက်လေသည်...

"ပါးပါးက ကလေးတွေကို အောက်ချပေးပြီး ဒီဘက်လှည့်ပေးထားလိုက်၊ သူတို့ နောက်တစ်ကြိမ် တွားသွားကြပါစေ"

"လိမ္မာတယ်နော်... သားတို့က ပါးပါးကို ထားခဲ့ပြီးတော့ မားမားဆီ လာခဲ့ကြ"

ကလေးလေးတွေက သူတို့အဖေရဲ့ အင်္ကျီအနားကို ဆုတ်ဖြဲလိုက်ရာ အင်္ကျီအောက်ရှိ ဝမ်းဗိုက်ကြွက်သားတွေကို ထွက်ပေါ်လာခဲ့၏။ ချင်းရို့ ဝမ်းဗိုက်ကြွက်သားတွေကို ထိကြည့်လိုက်ပြီးနောက် ဘေဘီလေးတွေကို ဆက်လက်တွားသွားလာရန် အားပေးခဲ့သည်။

"လာကြ မားမားဆီလာ"

ကောင်းပါပြီလေ၊ ဘေဘီလေးတွေက သူတို့အမေကို စိုက်ကြည့်ကာ ဆင်းလာကြ၏။ ကြာပန်းသဖွယ် လက်ကလေးတွေဟာ သူတိူ့အဖေရဲ့ ခန္ဓာကိုယ်ပေါ် ဆွဲထားကြဆဲ။

ယခုဆို ကောင်ငယ်လေးနှစ်ယောက်ရဲ့ ခြေလက်လေးတွေက အရမ်းသန်မာနေချေပြီ။

"အာ?!"

"အာ...!"

သူတို့ညီအစ်ကိုနှစ်ယောက်ကတော့ လူကြီးတွေနားမလည်နိုင်တဲ့ စကားတွေကို ပြောနေကြလေသည်။

ဒီအမိုက်အမဲလေးနှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ စကားတွေပြောနေကြရင်း ရယ်မောကြမယ်၊ ဒါမှမဟုတ် အချင်းချင်း ပွေ့ဖက်ထားကြမယ်...

ယခုဆို ချင်းရို့က သူမရဲ့ဆံပင်တွေအားလုံး အနောက်မှာစုသိမ်းထားကာ ကလေးတွေကို ဆွဲဖို့ အခွင့်အရေး လုံးဝမပေးတော့ချေ။

အခုအချိန်မှာ ကလေးတွေက အရာအားလုံးကို စူးစမ်းချင်စိတ်တွေ ပြည့်နှက်နေကာ ဟိုတစ်မျိုး ဒီတစ်မျိုး ရှုပ်ထွေးအောင်လုပ်ချင်နေကြ၏။ တကယ်ချစ်ဖို့ကောင်းသလို စိတ်ရှုပ်စရာလည်းကောင်းနေတော့သည်။

သူမရဲ့ ဆံပင်တွေကို မတော်တဆ အဆွဲခံရတာ၊ သို့မဟုတ် ကလေးတွေဆီက အကန်ခံရတာဟာ အင်မတန်နာကျင်လှပေသည်။

"လာကြ မားရဲ့ဘေဘီလေးတွေ ဒီကိုလာ"

ချင်းရို့က ဘေးမှကြည့်နေကာ သူတို့အဖေရဲ့ ဝမ်းဗိုက်ကြွက်သားတွေကို မကန်ထုတ်တဲ့ ကလေးဘဝဟာ မပြည့်စုံသေးတဲ့ ကလေးဘဝဖြစ်တယ်လို့ တွေးနေမိလျက်။

'မားမားက သားတို့ဆီ သားတို့ပါးပါးရဲ့ absတွေ ခဏလောက်ငှားပေးလိုက်ပါမယ်လေ'

"ဖခင်တစ်ဦးရဲ့ ချစ်ခြင်းမေတ္တာက တောင်ကြီးနဲ့တူတယ်တဲ့။ လာကြ ကျိုးကျိုး ဖက်ထုပ်လေး ဒီတောင်ကို ဖြတ်ကျော်လိုက်တော့!"

လုယန်ရဲ့ မျက်နှာချောချောလေးကို ကျိုးကျိုးက ကန်လိုက်တဲ့အခါ ချင်းရို့က နံဘေးမှ ရယ်မောနေရင်း

"ရှင် စမ်းကြည့်ပါလား? ဘေဘီလေးတွေရဲ့ ခြေဖဝါးလေးတွေကို မြည်းကြည့်လေ၊ သူတို့စားတုန်းကတော့ ကောင်းတဲ့ပုံပဲ"

လုယန်: "…"

သူက မေးစေ့ကို လက်ဖြင့်ကိုင်ကာ ချင်းရို့ကို ကြည့်၍ မေးလိုက်သည်။

"မင်းက မင်းကိုယ်မင်း အရသာမရှိဘူးလို့ ထင်နေတာလား?"

ချင်းရို့: "..."

ကောင်းပြီလေ၊ ကလေးတွေက ပိပိပုစွန်လိုမျိုး ကြီးပြင်းလာတယ်ဆိုရင် မိခင်မှာလည်း တာဝန်တစ်ဝက်ရှိတာပေါ့...

ချင်းရို့: "..."

ချင်းရို့က သူမဟာ အကျင့်စာရိတ္တကောင်းမွန်ပုံမပေါ်မှန်း လေးလေးနက်နက်နားလည်လေ၏။

"လုကောရေ ရှင် အားလပ်ရက်ရနေတာဆိုတော့ ကလေးတွေနဲ့ ခဏလောက် ကစားပေးလိုက်နော်"

ချင်းရို့အတွေးထဲတွင် သူ့ယောကျ်ားနှင့် ကလေးတွေ အတူတူရှိနေတာကို မြင်ရတာ သဘောအကျဆုံးပင်။

ဖခင်ဖြစ်သူကို တခါတလေ ကလေးထိန်းခိုင်းတာလည်း ပိုကောင်းတယ်လေ၊ ဒါဆို သူမလည်း အနားယူလို့ရတာပေါ့နော်။ အရင်ကဆို သူမက အင်တာနက်ရှိ comicsတွေဖတ်လေ့ရှိသဖြင့် မိခင်တွေဟာ ကလေးလေးတွေကို ဂရုတစိုက် ပြုစုစောင့်ရှောက်ပေးတတ်သလို ကလေးတွေကို သူတို့ရင်ခွင်ထဲမှာ သိမ်းထားတယ်လို့ ဆိုထားကြသည်။

သို့သော် ဖခင်ဖြစ်သူက ကလေးတွေကို ပြုစုစောင့်ရှောက်တဲ့အခါမှာတော့ သစ်ပင်ပေါ်က လင်းယုန်ငှက်ကြီးက လင်းယုန်အသေးလေးကို ကန်ကျောက်ပြီး နံစော်နေတဲ့ကောင်စုတ်လေးကို မြန်မြန်ပျံသန်းဖို့ ပြောနေသည့်အလားပင်။

ဖခင်ရဲ့ ချစ်ခြင်းမေတ္တာဟာ တောင်ကြီးတစ်တောင်နှင့်တူတယ်လေ...

ကလေးတွေ ကိုယ်တိုင်လုပ်နိုင်တဲ့ အရာဆိုရင် သူတို့အတွက် မလုပ်ပေးမိအောင် ကြိုးစားပြီး ကလေးတွေကို တစ်ယောက်တည်း လုပ်တတ်အောင် သင်ယူခွင့်ပေးလိုက်တာ ကောင်းတယ်လို့ ချင်းရို့လည်း ခံစားရသည်။

All Chapters