← Chapters

အခန်း (၁၄၁)

Vol. 12 Ch. 141

အခန်း (၁၄၁)

Vol. 12 Ch. 141

ချင်းရို့က အပြုံးလေးနှင့် ကုတင်အစွန်းမှာ ထိုင်ကာ ကုတင်ပေါ်မှာ လူကြီးကြီးတစ်ယောက်နှင့် အသေးလေးနှစ်ယောက်တို့ အတူတူ တိုးဝှေ့ဖက်တွယ်နေကြတာကို ကြည့်ရင်း ရှင်းပြရခက်တဲ့ ပျော်ရွှင်မှုတစ်ခုကို ခံစားလိုက်ရ၏။

တစ်ယောက်က ကမ္ဘာပေါ်မှာ သူမနှင့် အရင်းနှီးဆုံးယောက်ျားဖြစ်ပြီး ကျန်နှစ်ယောက်မှာ သူမရဲ့ ကိုယ်ပိုင်သွေးသားလေးတွေဖြစ်သည်။

ကျစ် ကျစ်... သူမက မျက်နှာချောချောလေးကို အမှန်ပင် သဘောကျပေသည်။ ဝကစ်ကစ်မျက်နှာလေးဖြစ်နေရင်တောင်မှ ပို၍မျက်စိပဒေသာဖြစ်စေနေရောပဲ။

အရာရှိလုသည် သူ့သားနှစ်ယောက်အပေါ် လှည့်စားမှုပေါင်းများစွာကို အသုံးပြုပြီးနောက် နောက်ဆုံးတွင် ထထိုင်လိုက်ချေပြီ။ ဘေဘီလေးတွေကလည်း သူတို့အဖေလိုမျိုး ခြေလက်လေးတွေဖွင့်ကာ ထိုင်လိုက်ကြသည်။

သူတို့ ခဏလောက် ထိုင်ပြီးတဲ့နောက် ရိုးသားမှုတွေ ပျောက်ဆုံးသွားကြကာ သူတို့လေးတွေရဲ့ သန်မာတဲ့ လက်မောင်းသေးသေးလေးတွေနှင့် အုပ်စုတစ်စုဖြစ်အောင်လို့ သူတို့အဖေဆီ တွားသွားဖို့ ဆုံးဖြတ်လိုက်လေ၏။ သူတို့အဖေရဲ့ ခန္ဓာကိုယ်ပေါ်ကို တွယ်တက်ရတာ အရမ်းပျော်စရာကောင်းတာပဲ...

ကလေးတွေက သူတို့အဖေနှင့် ရင်းနှီးလာပြီးတဲ့နောက် ဖက်ထုပ်လေးက စိန်ခေါ်စိတ်တွေ ပွင့်ထွက်လာသောကြောင့် သူ့အဖေလက်ရဲ့ အကူအညီနှင့် မတ်တပ်ရပ်ဖို့ ကြိုးစားခဲ့သော်လည်း ကံမကောင်းစွာဖြင့် သူ့စွမ်းရည်မှာ သူ့ရည်မှန်းချက်ကို မဖြည့်ဆည်းနိုင်ခဲ့ပေ။ ထို့ကြောင့် သူ ထိုင်ချရုံသာ တတ်နိုင်တော့သည်။

သူ မငိုယိုဘဲ မတ်တတ်ရပ်ဖို့ ကြိုးစားပေမယ့် သူ့ခြေသလုံးတွေက တကယ့်ကို အားရှိမနေဘဲ ညွတ်ကျသွားပြန်သည်။

ချင်းရို့လည်း ဘေဘီလေးနှစ်ယောက်ကို သေသေချာချာ အာရုံစိုက်ကြည့်ရှုလိုက်ရာ ထိုကလေးနှစ်ယောက်ဟာ တွားသွားနိုင်ရုံသာရှိပြီး လမ်းမလျှောက်နိုင်မှန်း သူမမြင်လိုက်ရသောအခါ သူတို့ဆီမှာ ထားစရာမရှိတဲ့ စွမ်းအင်တွေကို ထုတ်လွှတ်လိုက်ပုံရလေသည်။

အရင်တုန်းက သူမရဲ့ ယောက္ခမပြောတာတွေကို ပြန်တွေးကြည့်လိုက်တော့ ချင်းရို့က အကျပ်အတည်းတစ်ခု နီးကပ်လာတယ်လို့ ခံစားမိခဲ့သည်။

လူသားဘေဘီလေးတွေက လှည့်ပတ်လျှောက်သွားဖို့လိုအပ်ပြီး ထားစရာမရှိတဲ့ သူတို့ရဲ့အင်အားတွေကို ချေဖျက်ဖို့ နည်းလမ်းရှာရပေမည်ဖြစ်တာကြောင့် သူတို့လေးတွေဟာ မိဘတွေကို စိတ်အနှောင့်အယှက်မဖြစ်အောင်လို့ အိမ်ကို ဖျက်ဆီးဖို့ စိတ်အားထက်သန်ကြမှာ မဟုတ်ပါချေ။

သူတို့အိမ်ရဲ့ အားသာချက်ကတော့ ခြံအကျယ်ကြီးနှင့် မြက်ခင်းငယ်လေးတစ်ခုရှိသဖြင့် ဘေဘီလေးတွေ သူတို့ဆန္ဒအလျောက် ဆော့ကစားနိုင်ကြပေသည်။ ခေတ်မီလူ့အဖွဲ့အစည်းမှာရှိတဲ့ ၁၀၀၀စတုရန်းမီတာအကျယ်ရှိတဲ့ တိုက်ခန်းသေးသေးလေးတွေနှင့်မတူပါချေ။

သူတို့အိမ်က လုံလုံလောက်လောက် ကျယ်ဝန်းသော်လည်း ကလေးတွေ လမ်းလျှောက်ထွက်ဖို့အတွက် အပန်းဖြေပန်းခြံတော့မရှိဘူးပေါ့။

သူတို့က လျှောသေးသေးလေးတွေ၊ ဆီးဆောလေးတွေ ကြိုလုပ်နိုင်ခဲ့ကြသလို သစ်သားမြင်းရုပ်လေးတွေ၊ မျိုးစုံသောblockတုံးလေးတွေနှင့် ကလေးတွေ ပျော်ပျော်ကြီး ရေကစားနိုင်စေရန်အတွက် ရေချိုးကန်လို ရေကူးကန်ကြီးတစ်ခု ပြုလုပ်နိုင်ကြသည်။

အိမ်ထဲက အခန်းတစ်ခန်းကို ရှင်းလင်းပြီးတော့ အရုပ်ခန်းလုပ်လို့ရတာပဲ...

သူတို့မှာ အပန်းဖြေပန်းခြံမရှိ၊ ကလေးတွေအတွက် ကာတွန်းတွေ ကြည့်လို့မရပေမယနီလည်း အနီးနားမှာ ကမ်းခြေတစ်ခု ရှိနေလေရဲ့။ ကလေးတွေကို သဲနဲ့ ကစားဖို့ ကမ်းခြေကို ခေါ်သွားနိုင်ကာ ပုံးတစ်ပုံးနဲ့ ဂေါ်ပြား ယူသွားလိုက်ရုံနဲ့ သူတို့တွေက ကမ်းခြေမှာ သဲမြို့တော်တစ်ခုကို ပျော်ပျော်ကြီးလုပ်လို့ရနိုင်ပေသည်။

ချင်းရို့က သူမစိတ်ထဲတွင် အစီအစဥ်တွေ ချမှတ်ဖို့ ကြိုးစားနေစဥ်တွင် လုယန်ကတော့ ကလေးနှစ်ယောက်နှင့်အတူတူ နောက်တစ်ခေါက်ဆော့ကစားပြီးသွားလေပြီ။ လုယန်က သူ့မျက်နှာပေါ်တွင် အလွန်လျှို့ဝှက်ဆန်းကြယ်တဲ့ အမူအရာမျိုးဖြင့် တစ်ခုခု စိတ်ဝင်စားစရာကောင်းတာကို တွေ့ရှိသွားလိုက်ရသည့်နှယ် ချင်းရို့အား ခေါ်လိုက်ကာ

"မိန်းမရေ ဒီမှာ ကလေးကို လာဖက်ပါဦး"

"ဘာဖြစ်လို့လဲ?"

ချင်းရို့က လမ်းလျှောက်လာကာ လုယန်ဆီက သားငယ်လေးကို ပွေ့ချီလိုက်၏။

သူမက ဖက်ထုပ်လေးကို ပွေ့ချီထားချိန်တွင် ကလေးငယ်လေးရဲ့ အမူအရာမှာ ထူးထူးခြားခြား တည်ငြိမ်နေလေသည်။

ချင်းရို့: "သူ ဘာဖြစ်နေတာလဲ?"

လုယန်က ကျိုးကျိုးကို ပွေ့ဖက်လိုက်ပြီး ဘာမှမပြောဘဲ သားအမိအတွဲကို အပြုံးလေးနှင့် ကြည့်နေလိုက်သည်။

ချင်းရို့ တစ်ခုခုပြောလိုက်တော့မယ့်အချိန်မှာပင် သူမက ရုတ်တရက် နွေးထွေးမှုတစ်ခုကို ခံစားလိုက်ရပြီး ရေစီးကြောင်းတစ်ခုက သူမလက်မောင်းပေါ်သို့ စိမ့်ထွက်လာတာကို ခံစားလိုက်ရ၏။

နူးညံ့ပြီး ချစ်စရာကောင်းတဲ့ ကလေးငယ်လေးက ပြုံးဖြဲဖြဲလုပ်ကာ အပြစ်ကင်းစင်စွာဖြင့် မျက်လုံးပြူးပြူးလေးနှင့် စိုက်ကြည့်နေလေသည်။

ချင်းရို့: "? ? ? ! ! !"

လုယန်: "Pfft—"

ဒါ တကယ် သူ့သားပါပဲ...

အရမ်းကို ပူးပေါင်းဆောင်ရွက်တတ်လိုက်တာကွာ...

"လုယန်!!! ကလေးက ဆီးသွားချင်နေတာကို ရှင်က ကျွန်မဆီ တမင်တကာ ပစ်ပေးလိုက်တာပေါ့လေ?!!! ရှင် အယုတ်တမာကောင် ရှင် အနှီးသွားလဲလိုက်တော့!"

"ရှင့်မိန်းမကို ရှင်မချစ်တော့ဘူးပဲ အယုတ်တမာလုယန်!"

သေးပန်းခံလိုက်ရတဲ့ ချင်းရို့ကတော့ ဒေါသထွက်လွန်းလို့ အော်ရယ်လုမတတ်ပင်။

လုယန်က တည်ငြိမ်စွာ ပြောလာသည်မှာ "မင်းက သားလေးရဲ့ ဆီးတွေကို မကြိုက်ဘူးပေါ့လေ"

- ကိုယ်ကတော့ မရေမတွက်နိုင်တဲ့ အနှီးတွေ လျှော်ပြီးပြီလေကွာ...

"ရှင် မကြိုက်တာမဟုတ်ဘူးဆိုတော့ ကျွန်မ ရှင့်ကို ပေးလိုက်မယ်"

ချင်းရို့က မှီလိုက်ကာ လုယန်ကိုယ်ပေါ်မှာ ဆီးတွေကို သုတ်ပစ်လိုက်သော်လည်း လုယန်က မပုန်းကွယ်ဘဲ သူ့ဇနီးလေးကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်ကာ အကြိမ်ပေါင်းများစွာ နမ်းလိုက်လေ၏။

ချင်းရို့ တကယ့်ကို ဒေါသထွက်နေပေမယ့်လည်း နမ်းနေတုန်းပင်။ သူမဘာမှလုပ်လို့မရရင်တောင်မှ သူ့မျက်နှာကို ဆီးတွေနှင့် သုတ်ပစ်ရမယ်...

ထိုအချိန်တွင် ကလေးလေးနှစ်ယောက်လည်း ရောက်လာကြကာ အကြီးလေးကျိုးကျိုးကလည်း ထိတွေ့လာခဲ့သည်။

ကောင်းပြီလေ... မိသားစုတစ်စုလုံးက သန့်ရှင်းသေသပ်ကြတာပဲ....

ချင်းရို့: "..."

အဖေဖြစ်သူက ကလေးတွေနှင့်အတူတူ ပြဿနာတွေ ပိုဆိုးအောင် လုပ်လိမ့်မယ်...

ဒီအမေအိုကြီးကတော့ သူမကိုယ်သူမ နှစ်သိမ့်နိုင်ရုံသာ။ ကံကောင်းထောက်မစွာဖြင့် ချုံကျိုးကျွန်းတွင် အဝတ်တွေက အရမ်းမြန်မြန်ခြောက်လို့သာပါပဲ။

*

ဘေးအိမ်က ကျန်းချန်ပေ့ကတော့ မကြာခင် ရောက်လာတော့မယ့် သူ့သမီးလေးအကြောင်း တွေးနေခဲ့သည်။

မွေးမယ့်ရက် နီးလာလေပြီ။ ဇနီးမောင်နှံနှစ်ယောက်စလုံးက ကလေးရဲ့ လိင်ကို ကြိုတင်မစစ်ဆေးခဲ့ကြဘဲ သမီးလေးဖြစ်လိမ့်မယ်လို့ ယူဆထားခဲ့ကြသည်။

ဆရာဝန်ကလည်း သမီးလေးမွေးမယ်လို့ ထင်ခဲ့သည်ပင်။

ယင်းသည်လည်း သူ့ဇနီး ဟွမ်ရှင်းရင်မှာ သမီးလေးကိုယ်ဝန်လွယ်ထားရတယ်လို့ ကျန်းချန်ပေ့ ယုံကြည်ထားတဲ့ အကြောင်းရင်းနောက်တစ်ခုပင်။

*

ကပ္ပတိန်ကျန်းဟာ ယန်ယွီဖုန်းရဲ့ ခင်ပွန်းဖြစ်လေသည်။ ယန်ယွီဖုန်းကတော့ ချင်းရို့ မိသားစုခြံဝင်းဆီသို့ ပထမဆုံးရောက်လာတဲ့နေ့မှာ သူမအား လှိုက်လှိုက်လှဲလှဲ လာရောက်ကြိုဆိုနှုတ်ဆက်ခဲ့တဲ့ အမျိုးသမီးပင်။

(XH: ကပ္ပတိန်ကျန်းက Jiangနဲ့စာလုံးပေါင်းတာပါ၊ ကျန်းချန်ပေ့ကတော့ Zhangနဲ့ ပေါင်းပါတယ်။ အသံထွက်ကတော့ အတူတူပါပဲ၊ ရောနေမှာစိုးလို့ပါ)

ကပ္ပတိန်ကျန်းက ကျန်းချန်ပေ့အား လျှို့ဝှက်ဆန်းကြယ်တဲ့ အမူအရာဖြင့် စကားပြောဖို့ ဘေးကို ဆွဲခေါ်သွားလိုက်၏။

"လောင်ကျန်းရေ ငါ့မှာ မင်းကိုပြောစရာတစ်ခုရှိလို့ကွ"

ကျန်းချန်ပေ့ စိတ်ရှုပ်ထွေးသွားကာ "ဘာဖြစ်လို့လဲ?"

ကပ္ပတိန်ကျန်းက အသက်ပြင်းပြင်းရှူလိုက်ရင်း သူ့အမူအရာက သံသယဖြစ်စရာကောင်းလောက်အောင်ဖြစ်နေလျက်။

"မင်းဘေးမှာ သရဲလေးတစ်ကောင်ကို ငါတွေ့ခဲ့တယ်၊ သူက မင်းဘေးနားမှာ ရှိနေတာ"

"ဟုတ်တယ်၊ သူက အဲ့ဒီမှာ၊ အဲ့ဒီမှာပဲ"

ကျန်းချန်ပေ့: "? ? ? ! ! !"

မင်း ငါ့ကို လာနောက်နေတာလားကွ? ဒီလိုအယူသီးတာတွေ မလိုအပ်ဖူးလေကွာ...

သူ့ဘေးမှာ သရဲတစ်ကောင်ရှိနေတယ်ပေါ့၊ ဒါပေမယ့် သူကတော့ မမြင်နိုင်ဘဲ ကပ္ပတိန်ကျန်းတစ်ယောက်ပဲ မြင်နိုင်တယ်ပေါ့လေ... သူ့မှာ ယင်းယန်မျက်လုံးရှိနေလို့လား...?

သို့ရာတွင် အနှီကပ္ပတိန်ကျန်းဟာ နောက်ပြောင်တတ်တဲ့လူစားမျိုးမဟုတ်ဘဲ ရိုးသားသူတစ်ယောက်ပင်။

ဒီတော့ သူ့ကို ဒီလိုမျိုး လာလိမ်ပြောနေစရာ အကြောင်းမရှိဘူးလေ... သူ့ဘေးနားမှာ သရဲတစ်ကောင်ကို တကယ်ပဲတွေ့လိုက်ရတာများလား....

ကျန်းချန်ပေ့က သူ့သမီးလေးများ ဖြစ်နေမလားလို့ တွေးနေမိသွားလျက်။ သူ ငယ်ငယ်တုန်းက နတ်သမီးဒဏ္ဍာရီပုံပြင်တွေလည်း ကြားဖူးထားခဲ့သည်ဖြစ်ရာ သူ့သမီးလေး ပြန်လည်မွေးဖွားခါနီးဖြစ်တာမို့ သူ့မိဘတွေနှင့် လာနေနေတာများလား...

"ဘယ်လိုပုံစံမျိုးလဲ? ယောက်ျားလေးလား မိန်းကလေးလား?"

"ရောင်စုံပဲ"

ရောင်စုံ? ပန်းပွင့်ဝတ်စုံနဲ့ မိန်းကလေးများလား?

သူ့သမီးလေး ဖြစ်လာနိုင်ချေရှိကြောင်းတွေးတောမိသွားတဲ့အခါ ကျန်းချန်ပေ့တစ်ယောက် နဂိုအုံ့မှိုင်းနေတဲ့ ခံစားချက်တွေ ရုတ်ချည်း ပျောက်ကွယ်သွားလေပြီ။

သူ အိမ်ပြန်ရောက်တဲ့အခါ ကျန်းချန်ပေ့နှင့် သူ့ဇနီးသည်တို့က သမီးလေး ချောချောမွေ့မွေ့ မွေးဖွားနိုင်မယ်လို့ မျှော်လင့်၍ ငွေစက္ကူတစ်ချို့ကို လျှို့ဝှက်စွာ မီးရှို့ပေးလိုက်သေးသည်။

All Chapters