← Chapters

အခန်း (၁၄၂)

Vol. 12 Ch. 142

အခန်း (၁၄၂)

Vol. 12 Ch. 142

သို့သော် ထိုအချိန်တွင် ယန်ယွီဖုန်းဟာ ရူးသွပ်သွားပြီဖြစ်ကြောင်း မိသားစုခြံဝင်းထဲမှာ ပျံ့နှံ့လာလေ၏။ သူမက လီချင့်ဟွားရဲ့သား လျိုယွဲ့ကို ပဲငံပြာရည်ပုလင်းအဖြစ် ထင်ယောင်ထင်မှားဖြစ်နေပြီး သူမရဲ့ ပဲငံပြာရည်ပုလင်းဟာ ထွက်ပြေးသွားကြောင်း၊ နေရာတိုင်းမှာ သရဲလေးတွေ ပျံသန်းနေကြကြောင်း ပြောခဲ့ပေသည်။

မည်သို့ပင်ဆိုစေကာမူ ၎င်းမှာ အဓိပ္ပာယ်လုံးဝမရှိသော်လည်း အခြားသူတွေက သူမအား ရပ်တန့်ဖို့ရာ မဆွဲဆောင်နိုင်ခဲ့ပေ။ သူမက ပဲငံပြာရည်ပုလင်းကို ယူပြီး အိမ်ပြန်ရမယ်လို့ ဆိုနေ၏။ ကပ္ပတိန်ကျန်းကလည်း ဆီပုလင်းပြုတ်ကျသွားတုန်းက သူမအား မကူညီခဲ့ကြောင်း ပြောနေခဲ့တာကြောင့် မြင်ကွင်းမှာ ရှုပ်ထွေးနေလေရဲ့။

ထိုအချိန်တွင် ချင်းရို့လည်း အပျော်ကြည့်ဖို့ သွားခဲ့ပေသည်။ သူမ အနှီအခြေအနေကို မြင်တဲ့အခါ အစ်မယန်က ရူးသွားတာမဟုတ်ဘဲ တောရိုင်းမှိုတွေကို စားလိုက်သကဲ့သို့ အဆိပ်သင့်သွားတာလို့ သံသယဖြစ်မိသည်။

နောက်ပိုင်းတွင် မိသားစုတစ်စုလုံးကို ဆေးရုံသို့ ပို့ဆောင်ခဲ့ရပြီးမှ တစ်မိသားစုလုံး အဆိပ်သင့်ခဲ့ကြောင်း တွေ့ရှိခဲ့ရလေ၏။ ကပ္ပတိန်ကျန်းက ကောင်းကင်ထက်မှာ jellyfishလေးတွေ ပျံသန်းနေတာကို မြင်ဖူးတဲ့အကြောင်း လူတွေကို ပြောပြနေဆဲလို့ ပြောကြလေသည်...

ထို့နောက်တွင်မူ သူငယ်ချင်းတစ်ယောက်က ပေးပို့ခဲ့တဲ့ တောရိုင်းမှိုခြောက်တွေကို သူစားခဲ့တယ်လို့ သိခဲ့ရ၏။ နောက်ပိုင်းတွင် မိသားစုတစ်စုလုံး ပြန်လည်ကောင်းမွန်လာခဲ့ပါသည်။

ဒီအဖြစ်အပျက်ဟာလည်း မိသားစုခြံဝင်းထဲတွင် အထူးတလည် မှော်ဆန်လှတဲ့ ဇာတ်လမ်းတစ်ခုလည်း ဖြစ်လာပါတော့သည်။

ဤအဖြစ်အပျက်ဟာ အမှားကြီးတစ်ခုဖြစ်သော်ငြား ကျန်းချန်ပေ့ကတော့ သူ့ဇနီးလေးမှာ သမီးလေးကိုယ်ဝန်ရှိနေတယ်လို့ ယုံကြည်နေဆဲပင်။

အနှီဇာတ်လမ်းမှာ အလွန်မှော်ဆန်နေပေမဟ့်လည်း ကံကြမ္မာတစ်ခုလည်း ဖြစ်ပေသည်။ သို့မဟုတ်ပါလျှင် ကပ္ပတိန်ကျန်းရဲ့ မိသားစုက မနက်ပိုင်းမှာ အဆိပ်သင့်တဲ့မှိုတွေ စားမိမှာ မဟုတ်သလို သူ့ကို ဒီလိုစကားတွေ လာပြောဖြစ်မှာ မဟုတ်ဘူးလေ...

အထူးတလည်အချိန်တစ်ခုမှာ ထူးထူးခြားခြားအရာတွေကို ကြုံတွေ့နိုင်ခဲ့တာပဲ...

"ငါ သမီးလေးနှစ်ယောက်ရမှာသေချာပါတယ်ကွာ"

သူ့ဇနီး ဟွမ်ရှင်းရင်ကို သားဖွားခန်းထဲ ပို့လိုက်ပြီးနောက် သမီးလေးမွေးလာဖို့ကို စောင့်ဆိုင်းနေဆဲပင်။ ကလေးငိုသံကို ကြားလိုက်ရချိန်တွင် သူ့သမီးလေး အရမ်းငိုနေတယ်လို့ပဲ တွေးခဲ့ပေသည်။

သို့သော် သူနာပြုဆရာမက အပြုံးလေးနှင့် သူ့ဆီ သတင်းလာပြောပြတဲ့အခါ "ဂုဏ်ယူပါတယ်ရှင်၊ ခြောက်ပေါင်နဲ့ သုံးအောင်စရှိတဲ့ ဝဝကစ်ကစ်သားလေးမွေးပါတယ်"

ကျန်းချန်ပေ့ ငိုယိုနေတဲ့ ဝတုတ်ကောင်လေးကို ပွေ့ချီထားရင်း ကြောင်အနေမိလျက်။

ငါ့သမီးလေးရော ဘယ်မှာတုန်းဟ?

ငါ့သမီးလေးရော?

ကျန်းချန်ပေ့: "... မင်း မှားနေတာများလား?"

သူနာပြုဆရာမက ပြုံး၍ "အခုပဲ သူ့အမေရဲ့ သားအိမ်ထဲက ထုတ်လိုက်တာပါ၊ ဘာမှမှားစမရှိပါဘူးရှင်၊ သေချာကြည့်ကြည့်ပါ"

ကျန်းချန်ပေ့က သူ့သားကို ဆွံ့အစွာ စိုက်ကြည့်နေမိလျက်။

တကယ်ကြီး သားတစ်ယောက်ပဲဟ!

"ဂုဏ်ယူပါတယ်ရှင်၊ ဒီကလေးက ရှင်နဲ့ တော်တော်လေးတူတာပဲ၊ ပြီးတော့ ကျန်းမာတဲ့ ကလေးလေးပါရှင်"

သူနာပြုဆရာမလည်း ဒီလိုမှော်ဆန်တဲ့ ယောက်ျားမျိုးကို အရင်က တစ်ခါမှမမြင်ဖူးသဖြင့် ကျီစယ်လိုက်လေ၏။ လူတိုင်းက သားလေးမွေးလာဖို့ စောင့်မျှော်နေချိန်မှာ ဒီလူကတော့ ရှားရှားပါးပါး သမီးလေးမွေးလာဖို့ မျှော်လင့်နေတာပဲ...

အထူးသဖြင့် သားဖွားမီးယပ်ဌာနတွင် ကလေးရဲ့ လိင်အမျိုးအစားကို ကြားတဲ့အခါ ပြောင်းလဲသွားတဲ့ လူတွေရဲ့ အမူအရာကို တွေ့ရတတ်သည်။ ချွေးမတွေမှာ သမီးမိန်းကလေးမွေးလာမှန်း သိသွားကြတဲ့အခါ ယောက္ခမတွေက ချွေးမတွေကို အေးစက်စက်ပုခုံးပေးလိုက်ပြီး ဆေးရုံမှ ထွက်သွားတတ်ကြ၏။

အခုတော့ သူနာပြုဆရာမဟာ မတူတဲ့လူတစ်ယောက်ကို တွေ့လိုက်ရသဖြင့် မနေနိုင်ဘဲ သူ့အတွက် စကားနှစ်ခွန်းလောက် ထပ်ပြောခဲ့ခြင်းပင်။

ကျန်းချန်ပေ့က အလွန်ရုပ်ဆိုးပြီး ရှုံ့တွနေတဲ့ သားလေးကို စိုက်ကြည့်ပြီးနောက် သူ့ရှေ့ရှိ သူနာပြုဆရာမရဲ့ အပြုံးမျက်နှာကို ပြန်ကြည့်ပြီး စိတ်ထဲတွင်တော့ "..."

ဒီကလေးက ငါနဲ့တူတယ်တဲ့လား?

ငါ့သားက အရမ်းရုပ်ဆိုးနေတာမဟုတ်ဘူးလား?

သားမွေးလာလို့ ကျေးဇူးတင်သင့်တာလား? သူ့လိုမျိုး သူရဲကောင်းဆန်တဲ့ သမီးလေးသာဆိုရင်...

သူ့စိတ်ထဲမှာ သူ့ကိုယ်သူ နှစ်သိမ့်နေရင်တောင်မှ ကျန်းချန်ပေ့ရဲ့ နှလုံးသားထဲတွင် မဆုံးနိုင်သော အတွေးပေါင်းများစွာနှင့် ပြည့်နေသေးဆဲ။

အိုး... ဒါက နောက်ထပ်သားတစ်ယောက်ပဲ။

ကျန်းရိချောင်: "ပါးပါးရေ သားညီမလေး ဘယ်မှာလဲ?"

ဘယ်လိုဖြစ်ပြီးတော့ ငါ့ညီမလေးကနေ ညီလေးဖြစ်သွားရတာလဲ?!

ကျန်းချန်ပေ့: "..."

သူလည်း ဘာကြောင့်လဲလို့ မေးချင်တာပေါ့...

နောက်တစ်နေ့ ဟွမ်ရှင်းရင် နိုးလာချိန်မှာတော့ သူမရဲ့ သားငယ်လေးကို တွေ့လိုက်ရလေ၏။ ငိုနေတဲ့ ကလေးငယ်လေးကို လောင်ကျန်းက ပွေ့ချီထားပေးကာ သမီးလေးဆိုတဲ့ အတွေးတွေကတော့ သွားလေပြီ။

ယခင်တုန်းက ဒီလင်မယားနှစ်ယောက်က ဘေးအိမ်က အမြွှာလေးတွေကို သားမက်တော်ဖို့ ဖြစ်နိုင်ချေတစ်ချို့ စဥ်းစားထားခဲ့ပါသေးသည်။

အခုတော့ ဆက်တိုက်ရိုက်ချက်တွေကြောင့် လင်မယားနှစ်ယောက်လုံး စကားမပြောနိုင်လောက်အောင် ဖြစ်သွားခဲ့ရလေပြီ။

ပိုလို့တောင် အံ့သြစရာကောင်းသည်မှာ ရက်ပိုင်းအတွင်းမှာပဲ လီချင့်ဟွားက ခုနစ်ပေါင်ရှိတဲ့ ဝကစ်ကစ်သမီးမိန်းကလေးကို မွေးဖွားခဲ့လေသည်။

ကျန်းချန်ပေ့ရှေ့မှာ နိုင်ငံရေးအရာရှိလျိုက အားပါးတရ ရယ်ကာမောကာဖြင့် ပြောလာ၏။

"အိုက်ယား ငါ့သမီးလေးကို ပွေ့ဖက်လို့ရပြီကွာ"

"ငါ့သမီးလေးကို နာမည်မပေးရသေးဘူး၊ ငါ့သမီးလေးအတွက် နာမည်ကောင်းကောင်းလေးတစ်ခုရွေးဖို့ အဘိဓာန်မှာ ရှာကြည့်ရမယ်။ ငါ့မိသားစု ချင့်ဟွားနဲ့ ဆွေးနွေးပြီးသွားပြီလေ၊ သမီးကို အိမ်နာမည်​ အရင်ဆုံးပေးထားမယ်။ ငါ့သားကြီးနာမည်က လျိုယွဲ့ဆိုတော့ ငါ့သမီးလေးကို ထျောင့်ထျောင့်လို့ခေါ်မယ်ကွာ။ ငါ့ရဲ့ ဝကစ်ကစ်သမီးလေး ထျောင့်ထျောင့်"

"ထျောင့်ထျောင့်... ထျောင့်ထျောင့်... ဒီနာမည်ကောင်းသားပဲ။ ရှောင်ထျောင့်ထျောင့်... ထျောင့်ထျောင့်မားမားရော၊ ငါရော၊ သူ့ကောကောရော အားလုံးသဘောကျကြတယ်။ ထျောင့်ထျောင့်က နာမည်ကောင်းတစ်ခုပဲ"

ကျန်းချန်ပေ့: "..."

ထျောင့်ထျောင့်၊ ထျောင့်ထျောင့်နဲ့ ဆက်တိုက်ပြောနေလိုက်တာ ကျန်းချန်ပေ့ခေါင်းမှာ ဖူးယောင်သလို ခံစားလာရချေပြီ။

(T/N: ထျောင့်ထျောင့်က ခုန်တာ `Jump´လို့ အဓိပ္ပါယ်ရှိတာမို့ပါ)

ထျောင့်ထျောင့်ထျောင့်ထျောင့်... မင်းရဲ့ဖင်ကိုပဲ ခုန်နေလိုက်! မင်း လှေးဖြစ်မှာကို မကြောက်ဘူးလားကွ?!

ဒီမိသားစုက ဘယ်လိုသရဲနာမည်တွေပေးနေတာလဲကွာ...

နိုင်ငံရေးအရာရှိလျိုက သူ့မှာ သမီးလေးတစ်ယောက်ရလာတာကို အလွန်ဝမ်းသာနေလေ၏။ သူ ကောင်းကောင်း အိပ်မပျော်နိုင်လောက်အောင် စိတ်လှုပ်ရှားနေပြီး အနာဂတ်ကို နေ့တိုင်းတွေးနေပေသည်။

ကျန်းချန်ပေ့လိုမျိုးပါပဲ... သူလည်း မကြာခင်မှာ ယောက္ခထီးဖြစ်လာတော့မယ့်အကြောင်း တွေးနေခြင်းပင်။

နိုင်ငံရေးအရာရှိလျိုက သူ့မှာ သမီးလေးတစ်ယောက်ရလာတာကို အလွန်ဝမ်းသာနေလေ၏။ သူ ကောင်းကောင်း အိပ်မပျော်နိုင်လောက်အောင် စိတ်လှုပ်ရှားနေပြီး အနာဂတ်ကို နေ့တိုင်းတွေးနေပေသည်။

ကျန်းချန်ပေ့လိုမျိုးပါပဲ... သူလည်း မကြာခင်မှာ ယောက္ခထီးဖြစ်လာတော့မယ့်အကြောင်း တွေးနေခြင်းပင်။

"ဟေး... ဘယ်ကောင်စုတ်ကလေးက ငါ့သမီးလေးနဲ့ လက်ထပ်မှာလဲ ငါမသိဘူးကွာ"

"ငါ အဲ့ကောင်စုတ်လေးကို ရိုက်ပစ်ချင်တယ်၊ ငါ့သမီးထျောင့်ထျောင့်လေး"

"အဲဒီလူက ငါ့မိသားစုအပေါ် မကောင်းရင် ဘယ်နှယ့်လုပ်မလဲ? ဟေး... ငါ အရမ်းစိုးရိမ်လွန်နေတာပဲ။ ငါ့သမီးလေးက လူအရွေးမှားပြီး လက်ထပ်လိုက်မှာကို စိုးရိမ်ပေမယ့်လည်း ငါ့သမီးကိုတော့ အနိုင်ကျင့်ခွင့်မပေးနိုင်ပါဘူး။ သမီးလေးတစ်ယောက်ရှိတော့ ပူပန်စရာတွေများလာလိုက်တာကွာ..."

"ဒီအဖေအိုကြီးအတွက် တကယ်ခက်ခဲလိုက်တာကွာ... လောင်ကျန်းရေ မင်းမိသားစုက ပိုကောင်းတယ်နော်။ မင်းမိသားစုက ကောင်လေးနှစ်ယောက်က အရာရှိရှောင်လုတို့ မိသားစုနဲ့ တူသွားပြီပဲ။ ဟင်း သားနှစ်ယောက်က ကောင်းတယ်၊ ဒါပေမယ့် ငါ့မှာမရှိဘူး။ ဒါက ဘဝပါပဲ... ငါ မင်းကို အားကျလိုက်တာကွာ။ ငါ့မှာတော့ သားတစ်ယောက်နဲ့ သမီးတစ်ယောက်ပဲရှိတယ်..."

ကျန်းချန်ပေ့က 'မင်း သရုပ်ဆောင်ချင်ရင် ပိုကောင်းအောင် သရုပ်ဆောင်သင့်တယ်'လို့ တွေးရင်း လောင်လျိုအား အမူအရာမဲ့စွာ စိုက်ကြည့်နေခဲ့သည်။ မင်းက သက်ပြင်းချနေပေမယ့် မင်းမျက်လုံးထဲက ဂုဏ်ယူဝံ့ကြွားမှုတွေက ပေါက်ကွဲထွက်နေတယ်ကွ...!!!

အင်းပါ... မင်းမှာ သားတစ်ယောက် သမီးတစ်ယောက်ရှိပါတယ်၊ မင်းက အံ့သြစရာပါပဲကွာ...

ငါ့ရှေ့မှာ လာကြွားဝါရဲတယ်ပေါ့လေ... ငါဆိုတဲ့ လောင်ကျန်းက အရာရာကို ရှုံးနိုင်တယ်ဆိုပေမယ့် ယောက်ျားတစ်ယောက်ရဲ့ မျက်နှာကိုတော့ မဆုံးရှုံးစေရဘူးကွ !

All Chapters