← Chapters

အခန်း (၁၄၄)

Vol. 12 Ch. 144

အခန်း (၁၄၄)

Vol. 12 Ch. 144

သတင်းပြန်ကြားရေးဌာနမှ တစ်စုံတစ်ဦးကတောင် ချင်းရို့ဆီ ရောက်လာကာ နောက်နှစ်ပြက္ခဒိန်မျက်နှာဖုံးအတွက် ကလေးနှစ်ယောက်ရဲ့ ဓာတ်ပုံတွေကို ရိုက်ယူလိုကြောင်း ပြောကြားခဲ့သည်ပင်။

ချင်းရို့က ထိုအကြောင်းကို တွေးကြည့်ပြီးနောက် ငြင်းဆန်လိုက်၏။

သူမရဲ့ သားလေးတွေက သူ့အဖေနဲ့ တူကြတာလေ... သူမကတော့ တခြားသူတွေကို မမျှဝေချင်ပါဘူးနော်။ အကယ်၍ ကလေးလေးတွေရဲ့ ဖင်တုံးလုံးဓာတ်ပုံတွေ သူမရိုက်ထားခဲ့မယ်ဆိုရင် အနာဂတ်မှာ ကလေးနှစ်ယောက် ကြီးပြင်းလာတဲ့အခါ ဘယ်လောက်ရှက်ဖို့ကောင်းလိုက်မလဲ...

တကယ်လို့ အိမ်က ကလေးလေးနှစ်ယောက်လုံးက အနာဂတ်မှာ ခြေတံရှည်ရှည်နဲ့ အမိုက်စားကောင်လေးတွေအဖြစ် ကြီးပြင်းလာကြမယ်ဆိုရင်... သိပ္ပံပညာရှင် ဒါမှမဟုတ် နာမည်ကျော်ပုဂ္ဂိုလ်တွေဖြစ်လာမယ်ဆိုရင်... သူတို့လေးတွေ သတင်းတွေထဲမှာ ပါလာကြမယ်ဆိုရင်... ဒီအတိတ်ဟောင်းတွေကို ဖိုရမ်ထဲမှာ ဝိုင်းဆွေးနွေးခံကြရမှာ ဖြစ်ကောင်းဖြစ်နိုင်လေရဲ့....

အဲ့ဒီအချိန်ကျ တစ်ချို့လူတွေက ကျိုးကျိုးနှင့် ဖက်ထုပ်လေးတို့ရဲ့ ချောမောခန့်ညားတဲ့ ဓာတ်ပုံတွေကို ထုတ်လာကြချိန်မှာ တစ်ချို့လူတွေကတော့ သူတို့ရဲ့ ဖင်တုံးလုံးဓာတ်ပုံတွေ ဒါမှမဟုတ် ချစ်စရာကလေးလေးဓာတ်ပုံတွေ ထုတ်လာကြရင်…

ဒီတော့ ကလေးတွေ မျက်နှာမပျက်စေဖို့အတွက် သူတို့ရဲ့ ဓာတ်ပုံတွေကို အိမ်မှာပဲ သိမ်းထားလိုက်တာ ပိုကောင်းပါတယ်လေ...

*

လီချင့်ဟွားအိမ်တွင်ဖြစ်၏။ လီချင့်ဟွားရဲ့ ယောက္ခမဖြစ်သူက သူမရဲ့မီးတွင်းကာလမှာ အဖော်ပြုပေးဖို့အတွက် သူမရဲ့ ယောက်မကိုပါ ခေါ်လာခဲ့လေသည်။

ကျန်းချန်ပေ့အိမ်တွင်မူ ကျန်းချန်ပေ့ရဲ့ မိခင် ရောက်မလာခဲ့ပေမယ့် ဟွမ်ရှင်းရင်ရဲ့ မိခင်နှင့် အစ်မဖြစ်သူ ဟွမ်ယွဲ့ရင် ရောက်လာခဲ့သည်။

ဟွမ်ရှင်းရင်ရဲ့ မိခင်က သူ့သမီးလေးဟာ ဝကစ်ကစ်သားလေးနောက်ထပ်တစ်ယောက် ထပ်မွေးဖွားတဲ့အကြောင်း သိလိုက်ရတဲ့အခါ အလွန်ပျော်ရွှင်နေကာ ဟွမ်ရှင်းရင်ရဲ့ စွမ်းဆောင်မှုကို ချီးကျူးခဲ့လေ၏။

"အခု ရိချောင်ကလည်း ကြီးလာပြီဆိုတော့ နောက်ထပ်သားလေးမွေးလိုက်တာ ကောင်းတယ်။ သားတွေများများမွေးပေါ့"

မျိုးဆက်ဟောင်းတွေက သားသမီးမြေးမြစ်အများကြီးနှင့် ပျော်ပျော်ရွှင်ရွှင်နေထိုင်ကြဖို့ အမြဲလိုလို မျှော်လင့်နေကြသည်ပင်။

"ထပ်မယူတော့ဘူး၊ မယူတော့ဘူး"

အခုချိန်မှာ ဟွမ်ရှင်းရင် အရမ်းပင်ပန်းလို့နေလေပြီ။ သူမခန့်မှန်းတွက်ချက်ထားတဲ့ သမီးလေးလည်း မရှိတော့ဘူး... နောက်ထပ် သားတစ်ယောက်မွေးလာတာမို့ စိုးရိမ်နေမိပြီ။

သူမရဲ့ အစ်မဖြစ်သူ ဟွမ်ယွဲ့ရင်က နံဘေးမှ ပြောလာခဲ့သည်။

"ငါ့ညီမက ကျောင်းမှာလည်းစာသင်ရ၊ ကျန်းမိသားစုက အဖေနဲ့သားကိုလည်း ပြုစုရနဲ့ ငါ့ညီမအတွက် မလွယ်ဘူးပဲနော်။ ကလေးတွေပိုများလာရင် နင်သေလောက်အောင် ပင်ပန်းရလိမ့်မယ်"

ဟွမ်ယွဲ့ရင်က သူမရဲ့ မျက်နှာပေါ်မှာ တောက်တောက်ပပ အပြုံးလေးနှင့် ရှိနေလျက်။ သူမက ညီမဖြစ်သူရဲ့ မီးတွင်းကာလမှာ ပြုစုစောင့်ရှောက်ပေးဖို့ ရောက်လာခြင်းဖြစ်သလို ရှိုးကြည့်ချင်၍လည်းဖြစ်၏။ ဤနေရာရှိ မိသားစုခြံဝင်းကြီး၌ "နာကျည်းမုန်းတီးတဲ့မိန်းမတွေ" များပြားလွန်းတယ်လို့ သူမခံစားမိခဲ့သည်။

တပ်မတော်သားတွေကို လက်ထပ်ကြတဲ့ အမျိုးသမီးအများစုကတော့ ဒီလိုမျိုးတွေချည်းပဲပေါ့။ အမျိုးသားတွေရဲ့ ဂုဏ်သိက္ခာရှိတဲ့ အသွင်အပြင်ကိုပဲ မကြည့်ကြလေနဲ့... သူတို့လို စစ်သားတွေဟာ ယောကျ်ားဝါဒီသမားဖြစ်ကြပြီး မိသားစုကို လစ်လျူရှုတတ်ကာ ကိုယ့်ဇနီးကိုယ် ညှာတာထောက်ထားရမယ်မှန်းလည်း မသိကြဘူးလေ။

အမျိုးသမီးတစ်ယောက်တည်း အိမ်မှာ ကလေးတွေကို ပြုစုစောင့်ရှောက်ရင်း အလုပ်ရှုပ်နေရတယ်ဆိုရင် နာကြည်းတတ်တဲ့ မိန်းမတစ်ယောက်အဖြစ် မပြောင်းလဲသွားဘဲ ဘယ်နေမလဲနော်...

ဟွမ်ယွဲ့ရင်က စက်ရုံအလုပ်သမားတစ်ဦးနှင့် အိမ်ထောင်ကျခဲ့ပြီး သူမတို့မိသားစုက *ထုံကျစ်လုံအဆောက်အဦးတွင် နေထိုင်ကြ၏။ လူနည်းနည်းများသော်လည်း နေထိုင်ဖို့သင့်လျော်နေဆဲပင်။

(*​ကော်ရစ်တာနှစ်ဖက်စလုံးမှာ အခန်းတွေရှိပြီးတော့ ရေချိုးခန်း၊ မီးဖိုချောင်ကိုတော့ မျှသုံးရတဲ့ အဆောက်အဦး)

သူမရဲ့ ခင်ပွန်းသည်ကတော့ သူမအား ညှာတာထောက်ထားတတ်သူဖြစ်ရာ အိမ်အလုပ်တွေလည်း ကူညီလုပ်ပေးသဖြင့် ဟွမ်ယွဲ့ရင်ရဲ့ ဘဝဟာ တော်တော်လေး သာယာနေတော့သည်။

သို့ပေသိ သူမရဲ့ ခင်ပွန်းက စာနာညှာတာတတ်သူတစ်ဦးဖြစ်သော်လည်း သူ့ရဲ့ အသက်မွေးဝမ်းကြောင်းအလုပ်မှာတော့ အမှန်တကယ် အသုံးမကျသူပင်။ သူက များစွာမတိုးတက်တာကြောင့် တစ်လကို ငွေအနည်းငယ်သာရှာနိုင်ပြီး မိသားစုက ကျပ်ကျပ်တည်းတည်းနေထိုင်ခဲ့ရသည်။

ဒါပေမဲ့လို့ သူမတို့ ပတ်ဝန်းကျင်က လူတိုင်းကတော့ ဒီလိုပါပဲလေ၊ ဒီတော့ ဟွမ်ယွဲ့ရင်ကို အလယ်အလတ်အဆင့်လို့ သတ်မှတ်နိုင်တာပေါ့...

သို့သော်လည်း သူမရဲ့ ညီမဖြစ်သူကတော့ ကျန်းချန်ပေ့နှင့် လက်ထပ်ခဲ့သည်။ အတိတ်တစ်ချိန်တုန်းက ဒီအမျိုးသားကို လက်ထပ်ရမယ့်သူဟာ သူမဖြစ်ခဲ့ဖူးပါ၏။ သို့ငြား သူဟာ တပ်မတော်ကဖြစ်ပြီး အိမ်ထောင်ကျပြီးတာနဲ့ သူ့နောက်လိုက်သွားရမယ်မှန်း သူမကြားလိုက်ရသည့်အခါ... လူသူကင်းမဲ့နေတဲ့ကျွန်းဟာ ဘယ်မှာရှိမှန်း သူမ မသိသလို သွားလည်းမသွားလိုခဲ့ပေ။

ထို့နောက် ညီမဖြစ်သူ ဟွမ်ရှင်းရင် သွားတွေ့လိုက်သောအခါ နှစ်ယောက်သား ချစ်ကျွမ်းဝင်သွားကြကာ လက်ထပ်ခဲ့ကြသည်။

ရလဒ်အနေဖြင့် ကျန်းမျိုးရှိးအမည်ရှိ

လူက အိမ်ထောင်ပြုပြီးနောက်တွင် အတော်လေး အောင်မြင်လာကာ တပ်ရင်းမှူးရာထူးအထိ လျှောက်လှမ်းနိုင်ခဲ့ရာ ယခင်နှင့် မတူတော့ပေ။

အိမ်သည်လည်း ခြံဝင်းတစ်ခုပါတဲ့ နှစ်ထပ်အိမ်ငယ်လေးဖြင့် အစားထိုးသွားခဲ့သည်။ ကျေးလက်ဒေသ၌ ဒီလိုနှစ်ထပ်အိမ်မျိုးဟာ မရှားပါးဘဲ အိမ်ကြီးကြီး၊ ခြံကျယ်ကျယ်တွေ အများအပြားရှိသော်လည်း ဒီလောက်မလှပပေဘူး။

နေရာထိုင်ခင်းသိပ်မကောင်းတဲ့ အနှီကျွန်းဟာ အမှန်တကယ်တော့ အရမ်းလှပပြီး ကောင်းကင်မှာ ပြာလဲ့နေကာ တိမ်တွေဟာလည်း ဖွေးဆွတ်နေလျက် နေလုံးသည်လည်း အတန်ကြီးပုံပေါ်နေလျက်။

နေကို ပိတ်ဆို့ထားသရွေ့တော့ ပူအိုက်တယ်လို့ ခံစားရမှာမဟုတ်ဘူး။ ပင်လယ်လေညင်းကလည်း အလွန် သက်တောင့်သက်သာရှိနေလေသည်။

ယခု သူမရဲ့ ညီမက တပ်ရင်းမှူးရဲ့ ဇနီးဖြစ်လာတာကို မြင်လိုက်ရသဖြင့် ဟွမ်ယွဲ့ရင်ရဲ့ နှလုံးသားထဲတွင် မညည်းညူဘဲနေဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။ ကျန်းချန်ပေ့ကို သူမသာ သွားတွေ့ခဲ့ရင်ဆိုတဲ့အတွေးကို မတွေးဘဲမနေနိုင်ခဲ့ဘူး...

"ငါ မိုက်မဲတဲ့ မိန်းမ မဖြစ်ချင်ဘူး"

ဟွမ်ယွဲ့ရင် သူမဘာသာ အတွေးဝင်နေခဲ့၏။ သူမသာ ကျန်းချန်ပေ့နှင့် လက်ထပ်ဖြစ်ခဲ့ရင်ရော ဘာတွေဖြစ်လာမလဲ...? ကျန်းချန်ပေ့ဆိုတဲ့ အမျိုးသားဟာ ယောကျ်ားဝါဒီသမားဖြစ်သလို သူမျက်နှာကို ဂရုစိုက်ဖို့တောင် ပျင်းရိလွန်းသူပင်။

သူမရဲ့ ညီမက နွားအိုတစ်ကောင်လိုမျိုး နေ့ရောညပါ အလုပ်တွေ ပင်ပင်ပန်းပန်းလုပ်နေရ၏။ တခြားသူတွေတောင်မှ သူမကို ဇနီးကောင်းတစ်ယောက်လို့ ချီးကျူးကြသည်။

ဟမ့်... ဟွမ်ယွဲ့ရင်ကတော့ ဒီလိုမျိုး ဇနီးကောင်းအမည်တပ်ခံရခြင်းဟာ နွားဖြစ်တာနဲ့ မထူးမခြားနားဘူးလို့ တွေးမိလေ၏။

သူမရဲ့ ညီမကလည်း တုံးအမိုက်မဲသူပါပဲ….

ဟုတ်ပါတယ်... အကြောင်းပြချက်တစ်စိတ်တစ်ပိုင်းကတော့ ဟွမ်ယွဲ့ရင်နှင့် အမေဟွမ်တို့က ဟွမ်ရှင်းရင်ရှေ့မှာ ဦးနှောက်ဆေးခဲ့ကြလို့ပါပဲ။ သူတို့အမေက မိန်းမတွေဟာ ကိုယ့်ယောက်ျားကို မမောမပန်းပြုစုသင့်တယ်လို့ ယုံကြည်တဲ့ ရှေးခေတ်အမျိုးသမီးဖြစ်သည်။

"ဘယ်လိုလုပ်ပြီး ယောက်ျားတစ်ယောက်ကို အဝတ်လျှော်ဖို့ ခွင့်ပြုရမှာလဲ?"

"ငါတို့မိသားစုမှာ ယောက်ျားတစ်ယောက်က အိမ်ထောင်ပြုခဲ့ရင်တောင် ပထမတစ်ယောက်မှာ ယောက်ျားရဲ့ မျိုးရိုးရှိရမယ်..."

"စိတ်ရှည်သည်းခံခြင်းဟာ အားလုံးကောင်းတယ်။ အိမ်မှာ နင် မိသားစုကိစ္စအဝဝကို ကောင်းကောင်းထိန်းသိမ်းနိုင်ပြီးတော့ ဇနီးကောင်းတစ်ယောက်ဖြစ်ပစေနော်။ လူတွေ နင့်ကို ချီးကျူးကြသလား၊ မချီးကျူးကြဘူးလား ကြည့်လိုက်။ နင့်အခြေအနေနဲ့ ကျန်းချန်ပေ့ကို လက်ထပ်နိုင်တာ မဆိုးပါဘူး။ ရှောင်ကျန်းက ဒီအရွယ်မှာ တပ်ရင်းမှူးဖြစ်လာတော့ ဒီလိုလူကို အပြင်မှာ နင် ဘယ်လိုများရှာတွေ့နိုင်ပါ့မလဲ? သူ့ရဲ့ လစဉ်လစာကလည်း အရမ်းများနေသေးတယ်လေ...''

ဟွမ်ယွဲ့ရင်လည်း သူမရဲ့ ညီမရှေ့မှာ ပြောလာလေ၏။

"ငါ့မတ်လေးက ဒီအသက်အရွယ်မှာ တပ်ရင်းမှူးတစ်ယောက်ဖြစ်လာနိုင်တာ နင့်လိုဇနီးကောင်းတစ်ယောက်ရဲ့ ကျေးဇူးတွေကြောင့်ပဲပေါ့။ အစ်မတစ်ယောက်အနေနဲ့ ငါတောင် နင်နဲ့ မယှဥ်နိုင်ပါဘူးဟယ်။ နင့်ခဲအိုကတော့ အသုံးကိုမကျဘူး၊ သူက စက်ရုံမှာအလုပ်လုပ်နေပြီး လစာရပေမယ့်လည်း လစာအဖြတ်ခံရတာတွေရှိ..."

"နင်က အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ရမယ်။ နင့်ယောကျ်ားရဲ့ အနာဂတ်ကို မထိခိုက်စေနဲ့"

ညီမဖြစ်သူက တပ်ရင်းမှူးရဲ့ ဇနီးဖြစ်လာသော်လည်း တပ်ရင်းမှူးရဲ့ ဇနီးဖြစ်ရတာလည်း မလွယ်ကူလှပါပေ။ ဟွမ်ယွဲ့ရင်က ဟွမ်ရှင်းရင်ဟာ နွားတစ်​ကောင်လိုမျိုး တစ်နေကုန်တစ်နေခမ်း ကြိုးစားလုပ်ကိုင်နေရတာကို မြင်တွေ့တဲ့အခါ သူမနှလုံးသားထဲက မမျှမတခံစားနေရတဲ့ အတွေးတွေကို လွှတ်ချလိုက်တော့သည်။

ထို့ကြောင့် သူမက ညီမဖြစ်သူရဲ့ မီးတွင်းကာလအတွင်း အတူနေထိုင်ပေးရန် တမင်တကာ ရောက်လာခဲ့ခြင်းပင်။ ပျင်းရိလွန်းတဲ့ သူမရဲ့ မတ်လေးနှင့် မောပန်းနွမ်းနယ်လွန်းစွာ အလုပ်လုပ်နေရတဲ့ ညီမဖြစ်သူကို မြင်တွေ့ချင်နေမိသည်။

ယခုတစ်ကြိမ်တွင်လည်း သူမက နောက်ထပ်ကလေးတစ်ယောက် မွေးလာလေပြီ။ သူမရဲ့ ညီမက အနာဂတ်မှာ စိတ်သောကရောက်ရတော့မှာပဲနော်။ သူတို့သုံးယောက်ကို ပြုစုစောင့်ရှောက်ဖို့အတွက် ပိုလို့တောင် ပင်ပန်းနေဦးမှာ။

All Chapters