← Chapters

အခန်း (၁၄၅)

Vol. 12 Ch. 145

အခန်း (၁၄၅)

Vol. 12 Ch. 145

ဟွမ်ယွဲ့ရင် မိသားစုခြံဝင်းဆီရောက်ပြီး ရက်အနည်းငယ်အကြာတွင် သူမ ဒုတိယထပ်မှာ ရပ်နေချိန် သူမရဲ့မတ်ကျန်းချန်ပေ့ အနှီးလျှော်နေတာကို တွေ့လိုက်ရမယ်လို့ ဘယ်သူသိမလဲနော်။

မတ်လေးက အနှီးလျှော်ဖို့ သွားတယ်လား? ! !

ဒါ ဘယ်လိုဖြစ်နိုင်မှာလဲဟ?!

ဟွမ်ယွဲ့ရင်ရဲ့ မျက်လုံးတွေ ပြူးထွက်တော့မလိုဖြစ်ကာ "ညီမလေးရေ ငါတို့မတ်က ဘာလို့ အနှီးတွေလျှော်နေတာလဲ!!"

ကျန်းချန်ပေ့ ခြံဝင်းထဲမှာ အနှီးလျှော်နေတာဟာ ဟွမ်ယွဲ့ရင်ကို ထိတ်လန့်စေရုံတင်မကဘဲ ဟွမ်ရှင်းရင်ရဲ့ အမေဖြစ်သူ ဝမ်ချိုးမင်ကိုပါ ထိတ်လန့်စေခဲ့၏။ သူမရဲ့ သားမက်က ဘယ်လိုဖြစ်ပြီး အနှီးတွေလျှော်နေတာတုန်းဟ?!

သူမရဲ့ သားမက်က တပ်ရင်းမှူးလေ... တပ်ရင်းမှူးတစ်ယောက်ကို အနှီးတွေလျှော်ခိုင်းဖို့ သူမ ဘယ်လိုလုပ်ပြီး ခွင့်ပြုနိုင်မှာလဲ...

ဝမ်ချိုးမင် ယခင်က ဂုဏ်အယူဆုံးအရာမှာ သူ့သမီးက အရာရှိတစ်ဦးနှင့် လက်ထပ်ခဲ့ခြင်းဖြစ်ပြီး ယခုဆို ထိုသားမက်လေးက တပ်ရင်းမှူးဖြစ်လာလေပြီ။

သူမတို့မိသားစုက သားမက်ကောင်းလေးတစ်ယောက်ကို အပီချုပ်ထားနိုင်ခဲ့ပြီဟေ့။ ကံကောင်းထောက်မစွာဖြင့် သူမသမီးဟာလည်း အောင်အောင်မြင်မြင်နဲ့ ဝကစ်ကစ်သားနှစ်ယောက်ကို မွေးဖွားပေးခဲ့တယ်လေ။

ဝမ်ချိုးမင် အလွန်ပျော်ရွှင်နေသောကြောင့် သမီးဖြစ်သူရဲ့ မီးတွင်းကာလမှာ ပြုစုရန် ရောက်လာခဲ့ခြင်းပင်။

"ချန်ပေ့ရေ မင်းကို အနှီးတွေ ဘယ်လိုလုပ်ပြီး ငါလျှော်ခိုင်းနိုင်မှာတုန်းကွယ်? ငါ့ကိုလုပ်ခွင့်ပေး"

"မဟုတ်ဘူး! ကျွန်တော် လျှော်ရမှာ။ အခုကစလို့ ကျွန်တော် အိမ်မှာရှိတဲ့အချိန်ဆို ကျွန်တော့်သားရဲ့ အနှီးတွေကို ကျွန်တော်လျှော်မယ်"

ကျန်းချန်ပေ့ သုန်မှုန်နေတဲ့မျက်နှာထားနှင့် ပြောလိုက်၏။ သူ့စိတ်ထဲမှာတော့ အရမ်းကြီးဆန္ဒမရှိသော်လည်း သူကတော့ ဆုံးဖြတ်ထားပြီးသားပင်။

သူ အနှီးတွေကို လျှော်ပြီး ဘေးအိမ်က ရဲဘော်ရှောင်လုကို ပြရမယ်ကွ...

ဟမျ့!

နိုင်ငံရေးအရာရှိလောင်လျိုသည်လည်း မကြာသေးမီက အိမ်တွင် သမီးလေးရဲ့ အနှီးတွေကို ပျော်ပျော်ကြီး လျှော်ဖွပ်နေခဲ့သည်။ သူ့ဆီမှာ သမီးလေးတစ်ယောက်ရလာပြီလို့ ပြောဆိုနေရင်း လွန်စွာပျော်မြူးနေလေ၏။

သူ့သမီးလေးရဲ့ အနှီးတွေကို သူကိုယ်တိုင်လျှော်ဖွပ်နေကာ သမီးလေးရဲ့ အနှီးတွေက မွှေးကြိုင်တယ်လို့ ထင်နေလေရဲ့။

''အရာရှိရှောင်လုက သူ့သားနှစ်ယောက်ရဲ့ အနှီးတွေကို လျှော်နေခဲ့တုန်းက အရမ်းပျော်နေခဲ့မှာပဲ။ သူ့မိန်းမက တပြိုင်တည်း သားနှစ်ယောက်ကို မွေးပေးခဲ့တာဆိုတော့ကွာ။ ဒီလူပျော်နေတဲ့အခါ အနှီးလျှော်တာဟာ ဘာမှမဟုတ်တော့ဘူး"

နိုင်ငံရေးအရာရှိလျိုက ဒီလိုမှတ်ချက်ပြုခဲ့လေသည်။ ​

ယခင်က သူ့အရှေ့မှာ လာလာကြွားဝါပြနေတတ်သူမှာ ကျန်းချန်ပေ့ဖြစ်ခဲ့သော်လည်း ယခု နောက်ဆုံးမှာတော့ သူ့အလှည့်ရောက်လာလေပြီ။ သူ့မှာ သမီးလေးတစ်ယောက်ရှိလာတော့ အလုံးစုံလုံလောက်သွားပြီလေ။ ငါ့မှာ သမီးတစ်ယောက်ရှိတယ်... ဒါပေမဲ့ မင်းမှာ မရှိဘူးကွာ... ငါကတော့ ငါ့သမီးလေးအတွက် အရာရာလုပ်ပေးဖို့ ဆန္ဒရှိတယ်ကွာ...

နိုင်ငံရေးအရာရှိလျိုက သူ့သမီးအကြောင်း နေ့တိုင်း ပြောပြောနေခဲ့သည်။

ကျန်းချန်ပေ့ရဲ့ မျက်နှာမှာ မဲ့ရွဲ့နေလျက် "... ငါ့မှာလည်း သားတစ်ဦးထပ်ရလို့ ပျော်နေတာကွာ။ ငါ့ရဲ့ ဒုတိယရတနာလေးအတွက် အနှီးလျှော်ပေးချင်တာ''

ယောက်ျားတစ်ယောက်ရဲ့ မျက်နှာကို ဟန်မပျက်အောင် ထိန်းသိမ်းကာကွယ်ရမှာပဲ!

ယခင်က ခြံထဲမှာ အဝတ်တွေအားလုံးလျှော်ခဲ့ပြီးပြီပဲလေ။ အနှီးလျှော်တာက ဘာမှမဟုတ်ပါဘူး...

ဘေးအိမ်က ရှောင်လုနှင့် သူ့မိန်းမတို့ကို ပြဖို့အတွက် လျှော်ကိုလျှော်ရမယ်ကွ။

မင်းလျှော်ရင် ငါလည်းလျှော်နိုင်တယ်လေ... ဘယ်သူက ဘယ်သူ့ကို ကြောက်နေရမှာလဲ?!

လောင်လျိုကိုလည်း ပြရမယ်... မင်းတစ်ယောက်ထဲ ပျော်ရွှင်နေတယ်လို့ မထင်လိုက်လေနဲ့... ငါလည်း သားနှစ်ယောက်ရှိလို့ ပျော်နေတယ်ကွာ...

- မင်း ကောင်းချီးပေးချင်ရင် ငါလည်း မင်းအတွက် ကောင်းချီးတွေ ပြန်ပေးမှာပေါ့...

အရာရှိကျန်းဟာ အနှီးတွေကို လျှော်ဖို့ ကြိုးစားနေရင်း သူ့ကိုယ်သူ ဦးနှောက်ဆေးနေပေမယ့်...

ငါ့သားက ဘာလို့ ဒီလောက်အနံ့ဆိုးရတာတုန်းကွာ...

ဒီကလေးက ဘာမှလည်းမစားဘဲ တစ်နေ့လုံး နို့ပဲသောက်နေတာ သိသာနေတာချည်းကို... ဘယ်လိုလုပ်ပြီး အနံ့တွေ အရမ်းဆိုးနေရတာလဲ...?

ဒီကောင်စုတ်လေးက ကြည့်ရတာ ငါနဲ့တူနေတာပဲ...

ကျန်းချန်ပေ့ သူ့နှလုံးသားထဲမှာ မျက်ရည်တွေ စီးကျနေပေမယ့် အနှီးတွေကို လျှော်ဖွပ်နေဆဲ။

သားနှစ်ယောက်မွေးပြီးလို့ တော်သေးတာပေါ့.... နောက်ထပ်သမီးတစ်ယောက်လိုချင်သေးပေမယ့် နောက်ထပ်ကလေးတစ်ယောက်ရှိလာမှာကိုတော့ သူ တော်တော်လေးကြောက်နေမိပြီနော်။

အိုးမိုင်ဂေါ့... ကလေးသုံးယောက်နဲ့ သူ့ရဲ့နေ့ရက်တွေကို ဘယ်လိုဖြတ်သန်းရမလဲ?!

အားးး ! ! !

"မင်း... မင်း တကယ်ကြီး လျှော်မလို့ပေါ့။ ဒါပေမဲ့ ဘယ်လိုလျှော်ရမလဲဆိုတာ မင်းမသိဘူးလေ"

"မင်း အရင်သွားနှင့်လိုက်ပါလား၊ ငါ လျှော်လိုက်မယ်လေ...''

ဝမ်ချိုးမင် အရမ်းစိုးရိမ်နေတာကြောင့် ဒီသားမက်က ဘာမှားနေမှန်းမသိပေဘူး။ သူ့လို လူကြီးလူကောင်းတစ်ယောက်က ခြံထဲမှာ ဘယ်လိုလုပ်ပြီး အနှီးတွေလျှော်မှာတုန်း?!

ငါ သူ့ကို နားမချနိုင်သေးဘူးဟ! ! !

ထိုအချိန်တွင် ဟွမ်ယွဲ့ရင်လည်း အောက်ထပ်သို့ဆင်းလာကာ နားချပြန်လေသည်။

"မတ်လေးရေ ခြံထဲမှာ ဘာလို့ အနှီးတွေလျှော်နေတာလဲ? နင် ဒါတွေလုပ်ဖို့ မလိုအပ်ဘူးလေ။ နင့်လို တပ်ရင်းမှူးတစ်ယောက်က အနှီးတွေကို လျှော်နေတာကို အပြင်လူတွေမြင်သွားရင် အနာဂတ်မှာ နင် တပ်ဖွဲ့ကို ဘယ်လိုဦးဆောင်မလဲဟယ်?"

"အဖွဲ့ခေါင်းဆောင်တစ်ယောက်အနေနဲ့ နင့်အတွက် အနှီးလျှော်ရတာ ရှက်စရာကြီးဖြစ်နေမှာလေ မဟုတ်ဘူးလား? ကြည့်လိုက်၊ ဒီမှာ လူတွေအများကြီးရှိနေတာကို"

ဟွမ်ယွဲ့ရင်က သူမရဲ့ မတ်လေးမှာ ဂုဏ်သိက္ခာကို ထိန်းသိမ်းတတ်သူမှန်း သိလေတာကြောင့် တစ်ခါတည်း ဆေးပြင်းပြင်းတိုက်လိုက်လေ၏။ ဒီတံခါးဝမှာ အနှီးလျှော်ရတာ နင့်အတွက် ရှက်စရာလို့ မထင်ဘူးလားဟယ်?

အပြင်လူတွေ နင့်ကိုမြင်သွားရင် တပ်ရင်းမှူးဖြစ်တဲ့ နင့်မျက်နှာကို ဘယ်သွားထားမတုန်း?

ဟွမ်ယွဲ့ရင်က သူမရဲ့ အကွက်ဟာ တခါတည်းထိမိသွားပြီလို့ တွေးထင်နေခဲ့ပေမယ့် သူမ အရမ်းဂုဏ်ယူရတဲ့ မတ်လေးဟာ ဒီတစ်ခါတော့ လေးလေးနက်နက် မရှိတော့ဘူးပဲ။

ကျန်းချန်ပေ့: "…"

ရှက်စရာလား? ဘာရှက်စရာရှိလို့လဲ?

ဒီမိသားစုခြံဝင်းကြီးထဲမှာ သူတစ်ယောက်တည်း လျှော်ဖွပ်နေရတာဆိုရင်တော့ ရှက်စရာဖြစ်မှာ သေချာတာပေါ့လေ... ဒါပေမယ့် အခု သူတစ်ယောက်တည်းမှမဟုတ်ဘဲ... ဘာရှက်စရာရှိလို့တုန်း...

အဓိကအချက်ကတော့ ဘေးအိမ်က လောင်လုနှင့် နိုင်ငံရေးအရာရှိလောင်လျိုတို့လည်း သူတို့လက်နှင့် အနှီးတွေကို လျှော်နေကြတယ်လေ... သူ ကျန်းချန်ပေ့က သူ့လက်နှင့် မလျှော်ဘူးဆိုရင် မလျော်ကန်ပေဘူးပေါ့...

- သူတို့က ငါ့ကို အတင်းအကြပ်လုပ်ခဲ့ကြတာပဲ ! ! ! !

ကျန်းချန်ပေ့က သစ္စာဖောက်ဖြစ်ကြတဲ့ ဒီလူနှစ်ယောက်ကို တိတ်တဆိတ် ကျိန်ဆဲနေခဲ့သည် ! !

သူ့ဘဝလေးကို တစ်နေ့ထက်တစ်နေ့ ပိုမိုဝမ်းနည်းကြေကွဲစရာကောင်းလာစေတာ! !

ဘုရားသခင်ရေ... အဘယ့်ကြောင့်များ သူ ဒီအရာတွေကို လုပ်နေရတာလဲဗျာ...?

"ဒါတွေမပြောနဲ့တော့၊ ကျွန်တော် အနှီးတွေကို သန့်နေအောင် လျှော်ဖွပ်လိုက်မယ်"

ဝမ်ချိုးမင်က စိုးရိမ်တကြီး ခြေဆောင့်လိုက်ရင်း သူ့သမီး ဟွမ်ယွဲ့ရင်ပြောတာတွေ မှန်တယ်လို့ ခံစားရသဖြင့် "မင်းက အရာရှိကြီးဖြစ်နေပြီလေ၊ ဘာလို့ အနှီးတွေ လာလျှော်နေတာတုန်းကွယ်? ဒီကို ဘယ်သူမှရောက်မလာသေးခင် မြန်မြန် ရပ်လိုက်ပါတော့"

ကျန်းချန်ပေ့ အတွေးကတော့: ငါက လူတွေတွေ့သွားဖို့အတွက် စောင့်နေတာလေကွာ။

ဘယ်သူမှမမြင်ရင် ဒါတွေကို ငါဘာလို့လျှော်နေရမှာလဲ...?

"မလျှော်နဲ့တော့၊ မလျှော်ပါနဲ့တော့။ မင်းလို တပ်ရင်းမှူးတစ်ယောက်အနေနဲ့ အနှီးလျှော်နေရတာဟာ ရှက်စရာကြီးဖြစ်နေမှာ။ ဘယ်လိုလုပ်ပြီး မင်းလက်တွေကို အနှီးလျှော်တဲ့နေရာမှာ သုံးနေရတာလဲ?"

ကျန်းချန်ပေ့ အရှိန်လျှော့လိုက်ပြီး "ဒါက ဘာမှရှက်စရာမလိုပါဘူးဗျာ။ ကျွန်တော်တို့ဘေးအိမ်က အရာရှိလုလည်း အနှီးတွေလျှော်ပေးတယ်လေ"

ဝမ်ချိုးမင်: " ? ? ! ! "

ဟွမ်ယွဲ့ရင်: " ? ? ! ! "

သူမရဲ့ သားမက်လေး (မတ်လေး)က ဘာမှားနေတာလဲဆိုတာ သူတို့မသိပေမယ့် ဒီလိုယောကျ်ားမျိုးရှိသေးတယ်တဲ့လားဟ ? ? ?

"ဘယ်အရာရှိလုလဲ? သူ့အသက်ဘယ်လောက်တုန်း? မင်းက တပ်ရင်းမှူးလေ။ အရည်အချင်းမရှိတဲ့ အမျိုးသားတွေပဲ ဒါတွေကိုလုပ်ကြတာ"

"မင်းရဲ့ ယောက်ဖလိုလူမျိုးပေါ့"

ဟွမ်ယွဲ့ရင်ရဲ့ မျက်နှာမှာ အေးခဲသွားရကာ နောက်ဆုံးတွင်မူ သူမအမေဆီမှ အမှန်တရားတစ်ခုကို သူမကြားလိုက်ရလေပြီ။

သူမအမေက တကယ်ကြီး ဒီလိုတွေးထင်နေခဲ့တာပဲ...

ဟွမ်ယွဲ့ရင် ဒေါသဖြစ်သွားခဲ့ပေမယ့်လည်း ဒါကိုတော့ ဝန်ခံရပေမည်။ အရည်အချင်းမပြည့်မီတဲ့ အမျိုးသားတွေကသာ သူတို့ဇနီးသည်ရဲ့ အိမ်မှုကိစ္စတွေကို ဝိုင်းဝန်းကူညီကြမှန်း သူမလည်း ခံစားမိပါသည်။

သူ့မတ်လေးပြောတဲ့ အရာရှိလုဟာ အရည်အချင်းမပြည့်မီတဲ့ အဘိုးကြီးပဲဖြစ်ရမယ်။

"ရှောင်လုက အသက် ၂၇ပဲရှိသေးပေမယ့် သူက အရာရှိကြီးဖြစ်နေပြီလေ။ သူ့အသက် ၂၅နှစ်အရွယ်ကတည်းကပဲ။ နောက်နှစ်အနည်းငယ်အတွင်းမှာ ရာထူးတိုးခံရလိမ့်ဦးမှာ၊ နောက်နှစ်ဆို..."

ကျန်းချန်ပေ့က ရှောင်လုဟာ ယောက်ျားများကြားတွင် သစ္စာဖောက်တစ်ဦးဖြစ်ခဲ့သော်ငြား သူ့အရည်အချင်းကောင်းတွေကိုတော့ အသိအမှတ်မပြုလို့မရဘူးလေ...

ထိပ်ဆုံးကို တက်နိုင်တဲ့သူတွေ အများကြီးမရှိပါပေ။ ရှောင်လုက သူ့ရဲ့ အိမ်ထောင်သည်ဘဝမှာရော အလုပ်မှာပါ ထူးချွန်သူဖြစ်တာကြောင့် သူ့အတွက်ဆို နေရာတစ်နေရာအမြဲရှိနေမှာ အသေအချာပါပဲ။

"၂၇နှစ်?" ဝမ်ချိုးမင် အံ့အားသင့်သွားရလျက်။ ဒီလောက်တောင်ငယ်ရလားဟဲ့?!

ဟွမ်ယွဲ့ရင်လည်း မယုံကြည်နိုင်စွာဖြင့် "သူက ဇနီးလှလှလေးနဲ့ လက်ထပ်ခဲ့တာလား?"

"မင်း ပြောတာမှန်တယ်၊ သူ့ရဲ့ ရှောင်ချင်းက အရမ်းလှတယ်"

"ဒါဆို ဒီအရာရှိလုက ရုပ်ဆိုးတဲ့လူပဲဖြစ်ရမယ်။ သူက သူ့ဇနီးချောလေးကို ထောက်ပံ့ပေးဖို့အတွက် ကြိုးကြိုးစားစား အလုပ်လုပ်ရမှာပေါ့။ ငါ မင်းကို ပြောပြမယ်နော်... ဇနီးမယားတစ်ယောက်ကို လက်ထပ်မယ်ဆိုရင် အကျင့်သီလရှိတဲ့သူနဲ့ လက်ထပ်ရမယ်..."

ဟွမ်ယွဲ့ရင်အတွေးသည်လည်း ထို့အတူပင်။ ဒီအရာရှိလုက ရုပ်ဆိုးကြီးဖြစ်ရမယ်... မဟုတ်ရင်လည်း သူ့ဇနီးချောလေးကို အရမ်းဂရုစိုက်ဖို့ ကြိုးစားရမှာပဲ... သူလည်း တောသားတစ်ယောက်ပဲဖြစ်ရမယ်....

All Chapters