← Chapters

အခန်း (၁၄၇)

Vol. 13 Ch. 147

အခန်း (၁၄၇)

Vol. 13 Ch. 147

ဆရာမဟွမ်က ယခုအခါ စိတ်ငြိမ်သွားချေပြီ။

လီချင့်ဟွားက သမီးလေးမွေးပြီး သူမလေးကို ထျောင့်ထျောင့်လို့ အမည်ပေးခဲ့တာကို ဟွမ်ရှင်းရင် ကြားသိရတဲ့အခါ ဒေါသူပုန်ထကာ စိတ်ငြိမ်ဖို့ ခဲယင်းခဲ့ရသည်။

အိုး မဟုတ်သေးဘူး... လောင်ကျန်းကလည်း သူမတို့သားလေးကို သွင်းသွင်းလို့နာမည်ပြောင်ပေးထားတဲ့အကြောင်း ပြောခဲ့တာပဲ... ဟွမ်ရှင်းရင်လည်း သဘောတူခဲ့သည်။

နင့်ဖင်ကြီးကိုပဲ ခုန်နေလိုက်!

သူမသည်လည်း သမီးလေးမွေးခဲ့ရင်တော့ ခုန်ပေါက်နေမှာပေါ့လေနော်...

ဟွမ်ယွဲ့ရင်က ဘေးမှာ စကားတွေပြောနေကာ ​​ဟွမ်ရှင်းရင်ကတော့ အစ်မဖြစ်သူရဲ့ စကားတွေကို သိပ်အာရုံထားမနေဘဲ

"မမရယ် လောင်ကျန်းလုပ်ချင်တယ်ဆိုရင် လုပ်ပလေ့စေ"

သူမ သက်ပြင်းတိုးတိုးလေးချလိုက်ရင်း

"မမရေ ငါ အိမ်ထောင်ကျတာ တော်တော်ကြာခဲ့ပြီလေ၊ အခုတော့ ပျော်ပျော်ရွှင်ရွှင်နဲ့ နေနေရပြီ!!"

ဟွမ်ရှင်းရင်က သူမလည်း ရှောင်ချာကျင်းရဲ့ ဘဝလိုမျိုးနေထိုင်ချင်တယ်လို့ သူမဘာသာ တွေးနေခဲ့လေရဲ့။

ဟွမ်ယွဲ့ရင်ရဲ့ မျက်နှာမှာ ကွဲအက်လုမတတ်ပင်။

သူမညီမ အခု ဘာတွေပြောနေတာလဲ ကြည့်လိုက်ပါဦး...

ပျော်ရွှင်မှုဆိုတာဘာလဲ? ကောင်းတဲ့နေ့ရက်တွေဆိုတာဘာတုန်း?

နင်ပျော်နေတယ်ဆိုရင် ဒါဆို ငါ နင်နဲ့ နှိုင်းယှဥ်မယ်လေ။

ဒါက ငါ့မတ်လေးပဲ ပြောင်းလဲသွားတာဆိုရင် ကိစ္စမရှိပါဘူး... ဒါပေမယ့် ညီမဖြစ်သူကပါ ဘာလို့ပြောင်းလဲသွားရတာတုန်း?

"ညီမလေး နင့်အတွေးတွေ တစ်ခုခုမှားနေပြီနော်။ နင်က တပ်ရင်းမှူးရဲ့ ဇနီးပဲလေ၊ ဘယ်လိုလုပ်ပြီး အခက်အခဲတွေကို ရှောင်လွှဲနိုင်မှာလဲ...''

"နင်က အိမ်မှာ အိမ်အလုပ်တွေလုပ်သင့်တယ်။ နင့်ယောကျ်ားကို အစစအရာရာ ကူညီပေးသင့်တာလေ"

…

ဟွမ်ယွဲ့ရင် ပြောရတာများလွန်း၍ ပါးစပ်တောင်ခြောက်သွားရသော်လည်း ညီမဖြစ်သူ ဟွမ်ရှင်းရင်က ဘာမှမထူးခြားသေးပေ။

ဟွမ်ရှင်းရင်က သူမရဲ့ သားငယ်လေး အိပ်ပျော်နေတဲ့ပုံလေးကို ကြည့်နေလျက်။ သူမ ပိုကြည့်လေလေ၊ သူမကိုယ်သူမ ချစ်တတ်လွန်းတဲ့ မိခင်တစ်ဦးဖြစ်​မှန်း ခံစားရလေလေပင်။

အမှန်တကယ်တော့ သူမရဲ့ သားနှစ်ယောက်စလုံးက မဆိုးပါဘူးနော်။ ဘေးအိမ်က ရှောင်ချာကျင်းရဲ့ သားတွေလိုမျိုးပဲ...

"ရှင်းရင်ရေ ကျေးဇူးပြုပြီး တစ်ခုခုပြောပါဦးဟယ်"

ဟွမ်ယွဲ့ရင်က ညီမဖြစ်သူဟာ မသင့်လျော်တဲ့လူတစ်ယောက်ဖြစ်လာပြီလို့ ယူဆမိလေပြီ။

"မမ ငါအရင်တရေးအိပ်လိုက်ဦးမယ်နော်"

ဆရာမဟွမ်ရဲ့ နှလုံးသားမှာ အေးချမ်းတည်ငြိမ်နေကာ သူမရဲ့ အစ်မဖြစ်သူဟာ စကားများလွန်းတယ်လို့ တွေးနေမိလျက်။ ဘေးအိမ်က ရှောင်ချာကျင်းကို ဆွဲဆောင်နိုင်ရင်တော့ သူမ မျက်လုံးပြူးနေမိမှာပဲ။

ဟွမ်ယွဲ့ရင်: "…"

အလုပ်ကြိုးစားတဲ့ ဇနီးတစ်ဖြစ်လဲ သူမရဲ့ ညီမက ဘယ်လိုဖြစ်သွားရတာလဲ!!

သူမ ဘယ်လိုလုပ်ပြီး ဒီလောက်ပျော်ရွှင်နိုင်ရမှာလဲ!!!

လုယန် သူ့သားနှစ်ယောက်နှင့်အတူ အိမ်ပြန်လာခဲ့ပြီးနောက် ကလေးလေးတွေဟာ သူတို့အမေကို ရှာဖို့ မစောင့်နိုင်ကြတော့ပေ။

သူတို့ အရင်ဆုံး နို့သောက်ချင်တယ်၊ ပြီးရင် အားလုံး ညစာစားကြတဲ့အခါ သူတို့လည်း ထပ်စားမယ်။

ချင်းရို့လည်း လုယန်ရဲ့ ရင်ခွင်ထဲတွင် အစားမက်ကြတဲ့ ကလေးပိစိနှစ်ယောက်ကို တွေ့လိုက်တဲ့အခါ ခေါင်းနပန်းကြီးသွားရ၏။ ယခု သူတို့ဆီမှာ သွား ၄ချောင်း၊ ၅ချောင်းခန့်ရှိနေပြီဖြစ်သလို အစားကောင်းကောင်းစားကြသည်ပင်။

ဘယ်လိုပဲဖြစ်ဖြစ် သူမကတော့ ဒီဆူညံတဲ့ ဝက်ကလေးနှစ်ကောင်ကို မချီနိုင်တော့သောကြောင့် ဝက်ကလေးနှစ်ကောင်အား ခေါင်းအုံးပေါ်တွင် နို့ထိုင်စို့စေလိုက်၏။

ဆူညံကြတဲ့ ဝက်ကလေးနှစ်ကောင်ပဲ...

ချင်းရို့က ဝက်ကလေးရဲ့ မျက်နှာလေးကို ဖျစ်လိုက်ကာ ဝက်ကလေးနှစ်ကောင်ကို နို့ဖြတ်ရန် စီစဉ်နေလေပြီ။

"မားမား"

စားသောက်ပြီးတဲ့နောက် အစ်ကိုကြီးကျိုးကျိုးက အရင်ဆုံးခေါ်လိုက်ကာ သူ့ရဲ့ မျက်နှာဖောင်းဖောင်းလေးကို မော့ကာ ချင်းရို့ကို ခေါင်းစောင်းကြည့်လိုက်၏။

ကလေးလေးဟာ သူ့ပါးစပ်မှ ထွက်လာတဲ့ စကားလုံးတွေရဲ့ အဓိပ္ပါယ်ကို မသိနားမလည်သေးသော်လည်း ဒီအတိုင်းခေါ်လိုက်ခြင်းဖြစ်လေသည်။

ဟုတ်တာပေါ့... အစ်ကိုကြီးဆီမှာ အားနည်းချက်ကို မပြလိုတဲ့ ညီငယ်လေးကလည်း ဗလုံးဗထွေးနှင့် ပူဖောင်းတွေမှုတ်ထုတ်လျက် "မာ... မားမား ဟီးဟီး..." လို့ အော်ခေါ်လာလေရဲ့။

ကလေးလေးနှစ်ယောက်ရဲ့ နူးညံ့ညင်သာတဲ့အသံတွေကို နားထောင်ရင်း ချင်းရို့ဟာ ပင်လယ်ထဲမှာ မျောပါနေချိန်၌ နေပူထဲတွင် ကုန်းပတ်ပေါ်မှာ သက်တောင့်သက်သာရှိစွာ နေပူစာလှုံနေသလိုမျိုး သူမနှလုံးသားထဲမှာ နွေးထွေးတဲ့ရေစီးကြောင်းလေးတစ်ခု စီးဆင်းသွားသလို ခံစားလိုက်ရ၏။

သူမရဲ့ ပါးစပ်ထောင့်တွင် အပြုံးလေးတစ်ခု ဖြစ်တည်လာကာ သူမရဲ့ နှလုံးသားလေးမှာ ချိုမြိန်သလို ခံစားလိုက်ရ၏။ သူတို့လေးတွေဟာ သူမရဲ့ ချစ်စဖွယ်အကောင်ပေါက်လေးတွေပဲလို့ တွေးနေမိလျက်။

ချင်းရို့က သူစိုက်ပျိုးထားတဲ့ ဖရဲသီးတွေကို ကြီးထွားလာတာကို ကိုယ်တိုင်စောင့်ကြည့်နေခဲ့တဲ့ ဖရဲစိုက်သမားတွေလိုမျိုး ကျေနပ်အားရဂုဏ်ယူနေလေသည်။

သူတို့အဖေအရှေ့မှာ သွားကြွားရမယ်ဟေ့...

ဟားဟား... သူမရဲ့ ဝက်ကလေးတွေ....

"လာလာ... လိမ္မာတယ်နော်၊ မားမားလို့ ခေါ်ပါဦး"

သူတို့လေးတွေကို အကာအရံ ကုတင်ပေါ်တွင် ထိုင်စေကာ ချင်းရို့က ကလေးတွေအား မားမားလို့ ထပ်ခေါ်ရန် ချော့မော့နေလေရဲ့။

"မားမား မားမား မားမား..."

"မားမား"

စကားတစ်ခွန်းဆက်တိုက်ထွက်ပေါ်လာတဲ့အခါ နောက်ကနေ လိုက်ပြောတတ်ကြလေ၏။ ကလေးလေးတွေက လူကြီးတွေရဲ့ စကားတွေကို နားမလည်သေးသော်လည်း ကလေးတွေအနေနှင့် လူကြီးတွေရဲ့ စိတ်ခံစားချက်အတက်အကျကို ရှင်းရှင်းလင်းလင်း ခံစားနိုင်လေသည်။

သူတို့မားမားက အရမ်းပျော်နေတယ်လို့ သူတို့ခံစားရတယ်နော်...

ကလေးတွေက အပြုသဘောဆောင်တဲ့ အားပေးမှုတွေကို ရရှိပြီးတဲ့နောက် မားမားလို့ ဆက်တိုက်ခေါ်နေကြကာ လူကိုပျော်ရွှင်အောင်လုပ်ပေးခဲ့လေသည်။

"လုကောရေ လာနားထောင်ကြည့်၊ ကျွန်မတို့သားလေးတွေက မားမားလို့ ခေါ်နိုင်နေပြီ"

ချင်းရို့က လှည့်လာကာ ဂုဏ်ယူစွာ ပြုံးပြလျက် မျက်လုံးတွေကိုတောင် မှိတ်တုတ်မှိတ်တုတ်လုပ်ပြနေလေရဲ့။

လုယန်က ပုံမှန်လေ့ကျင့်ရေးဝတ်စုံကို ၀တ်ထားပြီး ဦးထုပ်မဆောင်းထားပေ။ သူက တံခါးလက်ကိုင်မှာ လက်တစ်ဖက်တင်ထားစဥ် ဒီအသံတွေကို ကြားလိုက်ရတဲ့အခါ ချောမောလှတဲ့ မျက်ခုံးတွေ မြင့်တက်သွားရလျက်။

သူ တံခါးနားမှာကတည်းက ကလေးတွေရဲ့ အသံတွေကို ကြားနေခဲ့တာ ကြာနေပါပြီနော်...

- ပါးပါး စိတ်မကောင်းဘူးကွာ...

အခုလေးတင် သားတွေကိုခေါ်ပြီး လမ်းလျှောက်ထွက်ခဲ့တာ သူဆိုတာ သိသာနေတာချည်းကို...

ကလေးတွေရှေ့မှာ ပါးပါးလို့ ခေါ်ဖို့ အချိန်အကြာကြီး သင်ပေးခဲ့ပေမယ့် ဒီနံစော်နေတဲ့ သားလေးနှစ်ယောက်က သူ့ကို ပါးပါးလို့ခေါ်ဖို့ ငြင်းဆန်နေခဲ့တယ်၊ အခုတော့ သူတို့အမေကိုတော့ မားမားလို့ ခေါ်ကြပြီပေါ့လေ...

အိမ်မပြန်ခင်မှာ သူတို့လေးတွေကို မားမားလို့ ခေါ်တတ်အောင် သင်ပေးထားခဲ့ပေမယ့်လည်းပေါ့လေ...

ယခု သူ့ဇနီးလေး အရမ်းပျော်နေတာကို သူတွေ့ရတော့ သူလည်းပျော်တယ်လေ၊ နည်းနည်းလေး မနာလိုဖြစ်ရတာကို လစ်လျူရှုလိုက်ပြီကွာ...

လုယန် အနားရောက်လာပြီး ဇနီးဖြစ်သူရဲ့ မျက်နှာလေးကို ဖျစ်လိုက်ကာ သားနှစ်ယောက်ရဲ့ ပါးဖောင်းဖောင်းလေးတွေကိုလည်း ပွတ်လိုက်၏။

"အရမ်းများသွားပြီနော်"

ချင်းရို့ ပြုံးနေရင်း သူမမျက်နှာသူမ ပွတ်ပြီးနောက် လုယန်အနားမှီကာ သူ့မျက်နှာကို နမ်းလိုက်ပြီး

"အဲဒါကို သင်ပေးပါလား လုကောရေ"

ပထမတော့ သူမက ကလေးတွေကို သင်ပေးထားကာ လုယန်ကို အံ့သြစေချင်ခဲ့ပေမယ့်လည်း ကလေးတွေကတော့ ပါးပါးလို့ အရင်မခေါ်ကြဘဲ မားမားလို့သာ အရင်ခေါ်လာခဲ့ကြလေရဲ့။

စုံထောက်ရှောင်ချင်းကတော့ အနှီကိစ္စကို စက္ကန့်ပိုင်းအတွင်း အဖြေရှာနိုင်ခဲ့ကာ ယင်းကို ကလေးတွေရဲ့ အဖေဖြစ်သူက သင်ပေးထားမှန်း သိလိုက်လေ၏။

လုယန်က သူမရဲ့ပါးကို နမ်းလိုက်လေ၏။ ချင်းရို့ရဲ့ သိချင်နေတဲ့ အမူအရာလေးဟာ အရမ်းချစ်စရာကောင်းနေလေရဲ့။

ချင်းရို့ အလွန်ပျော်ရွှင်နေသဖြင့် ပြုံးနေကာ သူ့မျက်နှာချောချောလေးကို ပွတ်လိုက်ရင်း သူ့ရင်ခွင်တွင်း ပစ်ဝင်လိုက်ကာ

"အပြင်သွားတုန်းက ကျိုးကျိုးနဲ့ ဖက်ထုပ်လေးဆီက ပါးပါးလို့ ခေါ်တာကို ရှင်ကြားပြီးခဲ့ပြီလား" 
​
ထိုအကြောင်း ပြောတဲ့အခါ လုကောက သူ့ဇနီးလေးကို ပွေ့ဖက်လိုက်ကာ ညည်းညူပါတော့သည်။

"ကိုယ်တော့ ပါးပါးလို့ခေါ်သံ မကြားရသေးဘူးကွာ"

- ဆန့်ကျင်ဘက်အနေနဲ့ ကိုယ်ကတော့ သူတို့တွေကို ပါးပါးလို့ အကြိမ်ကြိမ်ခေါ်ခဲ့ရတာကွာ။

ဤသည်မှာ ကလေးလေးတွေကို ပြုစုပျိုးထောင်ခြင်းရဲ့ ဝေဒနာတွေ ဖြစ်နိုင်လေ၏။ 




All Chapters