← Chapters

အခန်း (၁၄၉)

Vol. 13 Ch. 149

အခန်း (၁၄၉)

Vol. 13 Ch. 149

ချင်းရို့ မီးဖိုချောင်ထဲ ဝင်သွားတဲ့အခါ တွယ်ကပ်လွန်းတဲ့ ကြောင်လေးတွေလည်း လိုက်ပါလာခဲ့ကြသည်။

သူမက ခုံပုလေးနှစ်ခုံကို ယူကာ ညီအစ်ကိုနှစ်ယောက်အား နာနာခံခံလေး ထိုင်နေရန် ပြောလိုက်ကာ

"ကောကောက တိတိလေးကို ကောင်းကောင်းဂရုစိုက်ထားနော်"

"မားမားက မင်းတို့အတွက် ထမင်းချက်ပေးမယ်နော်"

အငယ်လေး ဖက်ထုပ်လေးက "စား"ဆိုတဲ့ စကားလုံးကို ကြားလိုက်တာနဲ့ အလွန်စိတ်လှုပ်ရှားလာကာ မျက်လုံးလေးတွေ တောက်ပလာပြီး ပါးစပ်မှ လေဆာသေနတ် ထွက်လာသည့်အလား "စစ် စစ် စစ် စစ် ......."

အစ်ကိုဖြစ်သူ ကျိုးကျိုးလည်း စားရတာကြိုက်နှစ်သက်သူပင်။

မားမားက အရသာရှိတဲ့ အစားအစာတွေနဲ့ ပြန်လာပါပြီ။

ချင်းရို့က ယောက္ခမဖြစ်သူ ချက်ပြုတ်ထားတဲ့ ဂျုံယာဂုပန်းကန်လုံးကို အရင်ယူလာပေးခဲ့သည်။ ညီအစ်ကိုနှစ်ယောက်ဟာ ဂျုံယာဂုကိုမြင်သည်နှင့် ADHDရှိနေသကဲ့သို့ ပြတ်ပြတ်သားသား ငြင်းဆန်ကြကာ ဝက်ပေါက်လေးတွေလိုမျိုး ငိုသည်းသံတွေ ထွက်ပေါ်လာလေ၏။

မစားချင်ဘူးလို့!

"မင်းတို့ ဒါကိုစားပြီးသွားရင် ထပ်စားဖို့ ပုစွန်မုန့်ကြော်လုပ်ပေးမှာနော်"

"မုန့်မုန့်စား..." သား ယာဂုမစားချင်ဘူးလို့...

အဖွားက အိမ်မှာ သူတို့တွေကို ယာဂုကျွေးသော်လည်း သူမကိုယ်တိုင်ကတော့ မစားခဲ့ပေ။

ခုံပုလေးပေါ်တွင် ထိုင်နေတဲ့ ဖက်ထုပ်သေးသေးလေးဟာ အထူးတလည် ဝမ်းနည်းနေလျက် အစ်ကိုဖြစ်သူရဲ့ လက်မောင်းကို ဖက်၍ ငိုကြွေးနေကာ

"မစားနဲ့နော် ကောကော"

အကြီးလေးကျိုးကျိုးက "ဖက်ထုပ်စားချင်!" လို့ပြောလိုက်လေ၏။

သူကတော့ ပုစွန်မုန့်ကြော်တွေထက် ဖက်ထုပ်ကို စားရတာ ပိုကြိုက်လေရဲ့။

"ဖက်ထုပ်ကို မစားရဘူး!"

ညီငယ်လေး ဖက်ထုပ်သေးသေးလေးဟာ အစားခံရမှာကို ကြောက်ရွံ့နေလေပြီ။

"ဖက်ထုပ်မစားရင် သားဘာစားမတုန်း?"

ချင်းရို့ ပြုံးလျက် မေးလိုက်၏။

ဖက်ထုပ်လေးက "ယာဂုစားမယ်" လို့ ပြောလာလေသည်။

"ကျိုးကျိုးကို မစားပါနဲ့!!"

သူ ယာဂုစားရတာကို အရမ်းမုန်းတယ်နော်... ကျိုးကျိုးက သူ့ညီလေးကို ပွေ့ဖက်လိုက်ကာ

"ဖက်ထုပ်စားနော်"

(ယာဂုအသံထွက်ကလဲ ကျိုးကျိုးပါပဲ၊ စာလုံးပေါင်းပဲမတူတာပါနော်)

ချင်းရို့က ဂျုံယာဂုကို ကိုင်ထား၍

"ဒါဆို ဂျုံယာဂုကို အရင်စားရအောင်၊ ပြီးရင် ပုစွန်မုန့်တွေ၊ ဖက်ထုပ်တွေ စားကြမယ်နော်"

ကျိုးကျိုးနှင့် ဖက်ထုပ်လေးတို့က တစ်ယောက်ကိုတစ်ယောက် စိတ်ပျက်လက်ပျက်ကြည့်လိုက်ကြစဥ် ချင်းရို့လည်း သူတို့ကို တစ်ဇွန်းစီ ခွံ့ကျွေးလိုက်လေသည်။

မားမားပြန်လာရင် ယာဂုစားရမယ်...

သူတို့ပြဿနာလုပ်ဖို့ အသုံးမဝင်လှချေ။ သူတို့သာ ယာဂုကို မစားဘူးဆိုရင် နောက်ကျရင် မားမားလုပ်ထားတဲ့ ပုစွန်မုန့်တွေ၊ ဖက်ထုပ်တွေကို မားမားက ကျွေးမှာမဟုတ်ဘူးလေ။

ညီအစ်ကိုနှစ်ယောက်က မစားချင်ကြောင်း ညည်းတွားနေခဲ့ကြသည်။ ဒီကလေးနှစ်ယောက်ဟာ ငယ်သေးသော်လည်း အသားကို ချစ်တဲ့ သူတို့ရဲ့ သဘာဝကို ထုတ်ဖော်ပြသနေခဲ့၏။

ဟုတ်တာပေါ့၊ ဘယ်ဘေဘီလေးတွေက အသားစားရတာ မကြိုက်ဘဲနေမှာလဲနော်?

ဒါပေမယ့် သူတို့က အသားစားရတာ နှစ်သက်ကြ၏။ သူတို့က ပုစွန်၊ ဝက်သား၊ သိုးသားနှင့် ကြက်သားတွေကို စားချင်ပေမယ့် အသီးအရွက်တွေကိုတော့ မကြိုက်ကြ။

အမုန်းဆုံးကတော့ မုန်လာဥနီပါပဲ။ ပြီးတော့ ယာဂုကိုလည်း မကြိုက်ဘူး...

"ယာဂုက အရသာမရှိဘူးလား? နောက်တစ်ခါ မားမားက ယာဂုထဲမှာ မုန်လာဥနီ ထည့်ထားပေးမယ်နော်။ အဲဒါဆို နီနီလေးတွေနဲ့ လှနေမှာပဲ"

"မုန်လာဥနီမစားချင်ဘူး"

"မုန်လာဥနီမစားချင်ဘူး"

.....

ပေါက်စလေးနှစ်ယောက် စကားပြောတတ်တာ အရမ်းမြန်ဆန်ကြသလို ဘာသာစကားကို မြန်မြန်ဆန်ဆန် သင်ယူနိုင်ကြ၏။

သူတို့ဘေးတွင် စကားအလွန်များတဲ့ ဝမ်းကွဲတစ်ယောက်ရှိတာကြောင့်လည်း ဖြစ်နိုင်ပေသည်။

အချိန်အတော်ကြာနားထောင်ပြီးတဲ့နောက် စကားတတ်မြန်လာကာ လူကြီးတွေရဲ့ စကားလုံးတွေကိုလည်း နားလည်နိုင်ပြီး ရိုးရိုးရှင်းရှင်း တုံ့ပြန်ဆက်ဆံနိုင်ကြလေရဲ့။

မုန်လာဥတွေကို ကလေးလေးတွေက မုန်းတီးကြတာကို သိရသဖြင့် ထူးဆန်းတယ်လို့ ချင်းရို့ ခံစားမိလိုက်၏။ မုန်လာဥတွေက အရမ်းအရသာရှိတာကိုနော်...

သို့သော်လည်း သူမရဲ့ ကလေးဘ၀ကို ပြန်တွေးမိလိုက်တဲ့အခါ သူမသည်လည်း ငယ်ငယ်တုန်းက မုန်လာဥနီစားရတာကို မုန်းတီးခဲ့​တယ်ဆိုတာကို ပြန်သတိရလိုက်မိ၏။

ဘာလို့ဆို မုန်လာဥနီတွေရဲ့ အနံ့က ထူးဆန်းတယ်လို့ သူမ ခံစားရသောကြောင့်ပင်။ မူလတန်းကျောင်းတက်ပြီးတဲ့နောက်မှာတော့ မုန်လာဥနီတွေ အရသာရှိတယ်ဆိုတာ ရုတ်တရက် သိရှိသွားရ၏။

မုန်လာဥနီတွေ ဘယ်လောက်စားကောင်းလိုက်သလဲနော်....

သို့သော် မုန်လာဥနီတွေကို အရသာရှိစေဖို့က ဆီရှိဖို့ လိုအပ်တယ်လို့ ချင်းရို့တွေးမိပေသည်။

ဘယ်အသီးအရွက်မဆို ဆီများများပိုထည့်လေလေ ပိုပြီးတော့ အရသာရှိလေလေပဲလေ...

အိမ်မှာဟင်းချက်တဲ့အခါ ဆီသုံးဖို့ တုံ့ဆိုင်းမနေပါနဲ့....

ညီအကိုနှစ်ယောက်ကို ယာဂုပန်းကန်သေးသေးနှစ်လုံး ကျွေးပြီးနောက် ချင်းရို့က သူတို့လေးတွေနှင့် ကစားဖို့အတွက် blockတုံးလေးတွေ ယူလာခဲ့ပြီး ကလေးတွေအရှေ့မှာ စက်ဝိုင်းသဏ္ဍာန်ပြုလုပ်ကာ သစ်သားရုပ်ပုံသေးသေးလေးတွေ နည်းနည်းထားလိုက်၏။

သူမရဲ့ ယောက္ခမကျန်းဖျင်က သူတို့နှစ်ယောက်ကို ကြည့်ရှုဖို့ ရောက်လာခဲ့ကာ

"မင်းတို့လေးတွေ ခဏလောက် အရင်ကစားနေကြဦးနော်"

ကလေးနှစ်ယောက်ဟာ ပျိုးထောင်ရတာ အရမ်းလွယ်ကူလှသည်။ သူတို့အတူတူကစားနေကြတဲ့အခါ အထီးကျန်နေမှာမဟုတ်သလို အချင်းချင်း စိတ်အားထက်သန်စွာဖြင့် စကားတွေ မကြာမကြာပြောနေတတ်ပါသေးသည်။

ချင်းရို့လည်း သူတို့နှစ်ယောက်ကြားက စကားဝိုင်းကို ဂရုတစိုက်နားထောင်ခဲ့ပြီး ဒီညီအစ်ကိုနှစ်ယောက်ပြောနေတာကို နားမလည်နိုင်သော်လည်း သူတို့နှစ်ယောက်ကတော့ စိတ်အားထက်သန်စွာ စကားပြောနေကြဆဲ။

အမြွှာတွေကြား တယ်လီပသီရှိတာ​ကြောင့်လား၊ ဒါမှမဟုတ် သူတို့ကိုယ်ပိုင်စကားဝှက်တွေ တီထွင်ထားခြင်းကြောင့်လားတော့ သူမလည်း မသိပါချေ။

ကလေးပေါက်စနှစ်ယောက်ကတော့ အချင်းချင်း ပျော်ပျော်ကြီး စကားပြောနေကြလေရဲ့။

"သာ သ …"

နူးနူးညံ့ညံ့ ကပ်စေးလေး ဖက်ထုပ်လေးက သူ့အစ်ကိုကို ခေါ်လိုက်၏။

အစ်ကိုဖြစ်သူကျိုးကျိုးက ညီငယ်လေးကို ပွေ့ဖက်ကာ သူ့ပါးလေးကို အနမ်းပေးလိုက်ပြီး ညီအစ်ကိုနှစ်ယောက် အချင်းချင်း ပူးကပ်နေကြလေပြီ။

ရိုးရိုးသားသားပြောရလျှင် ဖက်ထုပ်လေးက နူးညံ့သိမ်မွေ့ပုံပေါ်သော်လည်း ဖက်ထုပ်လေးရဲ့ အလေးချိန်က သူ့အစ်ကို့ထက် အနည်းငယ် ပိုလေးပေသည်။

ကျိုးကျိုးက သူ့ညီလေးကို ပွေ့ချီနေလို့ ကိုယ်အလေးချိန်ကျသွားတာလားတော့ သူမလည်း မသိပါချေ။

ဟုတ်တာပေါ့... အစ်ကိုဖြစ်သူကလည်း ညီလေးကို မချီထားနိုင်ပါဘူး။

ညီအစ်ကိုနှစ်ယောက်စလုံးဟာ တကယ့်ကို ချစ်စရာကောင်းလှတဲ့ အကောင်ပေါက်လေးတွေပါပဲ။

ချင်းရို့ ညင်ညင်သာသာလေး ပြုံးလိုက်မိလျက်၊ သူမတို့မိသားစုရဲ့ ဘေဘီလေးတွေကြားက ဆက်ဆံရေးက အရမ်းကောင်းကြပေသည်။

တစ်ခါတစ်လေ ရန်ဖြစ်တတ်ကြပေမယ့် အချိန်အများစုတွင်တော့ မင်းက ငါ့ကို ကပ်တွယ်မယ်၊ ငါက မင်းကို ကပ်တွယ်မယ်လုပ်နေကြကာ ညီအစ်ကိုအချင်းချင်း စကားတွေပြော၊ အနမ်းတွေပေးနေတတ်ကြ၏။

သူတို့လေးတွေဟာ မိသားစုထဲရှိ သာမာန်ညီအစ်ကိုများထက် ပိုလို့တောင်ရင်းနှီးနေသည်ပင်။

ချင်းရို့ကတော့ ဒီညီအစ်ကိုတွေဟာ စိတ်သောကရောက်နေခဲ့တာကြောင့် ဖြစ်နိုင်တယ်လို့ ကောက်ချက်ချခဲ့သည်။

အနှီပေါက်စလေးနှစ်ယောက်ဟာ အမွှာတွေဖြစ်သည့်အလျောက် ကိစ္စအမျိုးမျိုးတွင် သူတို့ရဲ့ နှစ်သက်မှုက အတူတူနီးပါးပင်။

အစ်ကိုကြီးက တစ်ခုခုကို စားဖို့ မုန်းရင် ညီငယ်လေးကလည်း အဲဒါကိုစားရတာ မုန်းတယ်လေ။ အဲဒါကပဲ သူတို့ညီအစ်ကိုနှစ်ယောက်ကို "ဘုံဘာသာစကား" ဖြစ်စေတယ်လို့ ထင်မှတ်ရ၏။

ထိုစိတ်သောကကို ညီအကိုတွေအချင်းချင်းသာ နားလည်နိုင်ကြသည်ပင်။

နောက်တစ်ခုက ဒီမိသားစုထဲမှာ ဘယ်သူကမှ ကလေးတွေကို အလိုလိုက်တဲ့လူမရှိကြဘူး။

လုကျုံးရီနှင့် ကျန်းဖျင်တို့ကလည်း ကလေးတွေကို အလိုလိုက်လေ့မရှိကြ။ သူတို့က ကလေးများစွာကို ပျိုးထောင်ခဲ့ပြီးဖြစ်သည်။

သူတို့မြေးလေးတွေဟာလည်း ကောင်စုတ်လေးနှစ်ယောက်ဖြစ်နေဆဲဖြစ်ရာ ကောင်စုတ်လေးတွေက သိပ်မကောင်းကြပေမယ့် သူတို့ကတော့ စိတ်ရှည်ကြဆဲပင်။

သူတို့ပျိုးထောင်ခဲ့တဲ့ ဝတုတ်ရှောင်ရှီးလေးကို ကြည့်ပါက မင်းတွေ့နိုင်တယ်လေ။

ငါးမန်းလေးနှစ်ကောင်... မင်းတို့ ဘာတွေစားကြမှာလဲ?

မင်းတို့မစားချင်ဘူးလား... ဒါဆိုလည်း မစားနဲ့ပေါ့။ ဘယ်လောက်ခံနိုင်မလဲ ကြည့်ကြတာပေါ့လေ။ ဘာပဲဖြစ်ဖြစ် ချော့မော့တာတွေရှိမှာမဟုတ်ဘူးနော်။ မင်းတို့မှာ အရည်အချင်းရှိရင် မင်းတို့အဖွားလုပ်ထားတာတွေ စားလိုက်ကြ။

မင်းတို့အဖွားရဲ့ လက်ရာတွေကို များများစားကြည့်ပြီးမှ မင်းတို့အမေက ဘယ်လောက်ကောင်းသလဲဆိုတာ သိလာလိမ့်မှာ။

ပြိုင်တူငိုနေလည်း အသုံးမဝင်ဘူးနော်...

မင်းတို့အမေ့ကို ရှာနေတာလား? အဖေ့ကို ရှာနေတာလား?

ညီအစ်ကိုတွေ အချင်းချင်းပွေ့ဖက်ညည်းညူနေရင်း တစ်ယောက်ယောက်ကို သွားရှာပြီး ချွဲနေလို့လည်း အသုံးမဝင်ဘူး...

သေချာတာပေါ့... ဒီကောင်လေးနှစ်ယောက်ဟာ တိတ်ဆိတ်နေမှာမဟုတ်ဘူးလေ။

သူတို့လေးတွေ စားသောက်ဖို့ စောင့်ဆိုင်းနေချိန်မှာတော့ အနာခံဆုံး အလိမ္မာဆုံး ဘေဘီလေးတွေပါပဲ။

ညီအစ်ကိုနှစ်ယောက်မှာ အပြည့်အဝစားသောက်၍ ကောင်းကောင်းအိပ်ပြီးတဲ့နောက် ခွန်အားတွေပြည့်ဝနေကာ တွန်းလှည်းလေးကို လေကဲ့သို့ ရှေ့တိုးနောက်ဆုတ် တွန်းလိုက်ဆွဲလိုက်လုပ်နေကြပြီး blockတုံးတွေနှင့် အိမ်ဆောက်ဖို့ အလုပ်များနေကြလေရဲ့။

တစ်ခါတစ်ရံတွင် ဒီကလေးနှစ်ယောက်ဟာ အမှန်တကယ်ပင် ရှန်တုန်းပြည်နယ်ရှိ ဘိုးဘွားတွေ မျှော်လင့်ထားသလိုမျိုး တူးဖော်လေ့လာရန်အတွက် သင့်လျော်ကြောင်း ချင်းရို့ ခံစားမိ၏။ 





All Chapters