အခန်း (၁၅၀)
Vol. 13 Ch. 150
ချင်းရို့က သူတို့လေးတွေအတွက် ရေးခြစ်ဖို့ ဘောပင်တွေ ပြင်ဆင်ပေးထားခဲ့ပါသေးသည်။ သူတို့က ပုံဆွဲရတာ၊ ရေးခြစ်ရတာ သိပ်မကြိုက်ဘဲ ဘေးကို တွန်းဖယ်ပစ်ခဲ့ကြလေရဲ့။
ဤကလေးနှစ်ယောက်ဟာ အိမ်ဆောက်blockတုံးတွေကို အလွန်နှစ်သက်ကြ၏။ ညီအစ်ကိုနှစ်ယောက်က blockတုံးတွေကို စီတန်းပြီး အတူတကွ အိမ်ဆောက်ကြသည်မှာ အလွန်ချစ်စဖွယ်ကောင်းလှပေမယ့်လည်း....
blockတုံးတွေကို အစီအရီ ဆင့်ပုံထားကြရင်း...
ပလုပ်!
blockတုံးတွေ ပြန့်ကျဲသွားချေပြီ...
ပုံမှန်အားဖြင့် တခြားကလေးတွေဆို ဒီလိုအချိန်မှာ ငိုယိုလိမ့်မည်ပင်။
ဘာလို့ဆို သူတို့ အရမ်းခက်ခက်ခဲခဲ ကြိုးကြိုးစားစား တည်ဆောက်ထားတဲ့ blockတုံးတွေ ပျက်စီးသွားတာကိုး။
ဒါပေမယ့် ဒီကလေးနှစ်ယောက်ကတော့ မငိုကြဘဲ ပျော်တောင်ပျော်နေသေးတယ်!!
- သူတို့အကြိုက်ဆုံးအချိန်ကတော့ ပြိုလဲပျက်စီးသွားတဲ့အချိန်ပါပဲ ! ! ! !
ပြိုလဲသွားပြီးနောက် သူတို့က blockတုံးတွေကို ပြန်စုစည်းကာ နောက်တစ်နေရာတွင် "အိမ်ဆောက်ခြင်း"ကို ဆက်လက်လုပ်ဆောင်ကြလေရဲ့။
ချင်းရို့: "…"
မင်းတို့အမေက အချိန်ခရီးသွားမလာခင်မှာ အိမ်ရှင်မြေရှင်ကြီးဖြစ်ခဲ့တာကြောင့် မင်းတို့က ဒီအမေကို ပိုက်ဆံပိုရှာဖို့ သတိပေးနေတာလားနော်?
လုချန်၊ ရှန်းချန်၊ ကွမ်ချန်တွေမှာ မင်းတို့နေဖို့အတွက် မြန်နိုင်သမျှမြန်မြန် အိမ်ဘယ်လောက်များများ ဝယ်ထားရမလဲ...
မင်းတို့အလည်လေးနှစ်ယောက်ကတော့...
ချင်းရို့က သူတို့အတွက် jigsaw puzzlesတွေကိုလည်း ပြင်ဆင်ထားပေမယ့် သူတို့တွေက အလွန်စိတ်ဝင်စားခြင်းမရှိကြပေ။
ယခုအချိန်တွင် သူတို့က ရေပုံးသေးသေးလေးနှင့် ဂေါ်ပြားသေးသေးလေးတွေကို နှစ်သက်ကြပြီး အနှီ"တူးဖော်သမား"သေးသေးလေးနှစ်ယောက်က သူတို့အမေရဲ့ မြက်ခင်းပြင်ကြီးဘက်ကို လှည့်လာကြလေပြီ။ နေရာတော်တော်များများ နုတ်ပစ်လိုက်ကြပြီပဲ။
တကယ့်ကို အဖျက်သမားအဖွဲ့လေးပဲဟ...
ကောင်စုတ်လေးတွေဆီမှ အရယ်မောခံရတဲ့ မေမေချင်းရို့က ဘေဘီလေးတွေအတွက် သစ်သားထွန်ခြစ်သေးသေးလေးနှစ်ခုကို ပြုလုပ်ပေးထားကာ သူတို့ပုခုံးပေါ် တင်ထားခိုင်းကာ စာရွက်နှင့် ပြုလုပ်ထားတဲ့ ဝက်နားရွက်ဦးထုပ်လေးကို ဆောင်းပေးထားလိုက်သည်။
မေမေဆိုး ချင်းရို့ကတော့ သူတို့ရဲ့ ဝက်ပုံစံလေးကို ဓာတ်ပုံရိုက်ခဲ့သည်။
ဒီကလေးနှစ်ယောက်က ဝက်အကြောင်းတွေကို ဂရုမစိုက်ပါဘူး။ ထွန်ခြစ်သေးသေးလေးတွေဟာ သူတို့အကြိုက်ဆုံး ကစားစရာအသစ်ပင်။ အရုပ်တွေကို ရှင်းလင်းတာ၊ ဖြိုဖျက်ပစ်တာတွေမှာ အသင့်တော်ဆုံးဖြစ်နေလေရဲ့။
ချင်းရို့သည် အနှီညီအကိုနှစ်ယောက်ရဲ့ ဝက်ပုံစံဓာတ်ပုံလေးတွေကို ကြည့်ကာ ကြည့်တိုင်းကြည့်တိုင်း အမြဲလိုလို ရယ်မိလေသည်။
"ကျိုးကျိုး ဖက်ထုပ်လေး... ဒီကိုလာ၊ ပါးပါးရဲ့ ဓာတ်ပုံကို ကြည့်ရအောင်"
ချင်းရို့က ကလေးနှစ်ယောက်ကို ခေါ်လိုက်၏။ သူတို့အိမ်မှာ တခြားအရာတွေအများကြီးမရှိပေမယ့် ဓာတ်ပုံအယ်လ်ဘမ်တွေတော့ အတော်လေးများလှသည်။ သူတို့မိဘတွေ၊ ညီအစ်ကိုမောင်နှမတွေရဲ့ ဓာတ်ပုံများစွာရှိလေ၏။
"ဒါဘယ်သူလဲ?"
"ဒါက ပါးပါး"
"ဒါကရော?"
".... ဒါက မားမား"
"မင်းတို့မားမားကို အသိအမှတ်ပြုဖို့အတွက် ဘာလို့ တွန့်ဆုတ်နေကြတာတုန်း"
ဩဂုတ်လနှင့် စက်တင်ဘာလအစောပိုင်းတွင် လုယန်က အိမ်ပြန်လာတာ ကျဲပါးလာခဲ့ပြီး အခြေအနေတွေ စတင်တင်းမာလာခဲ့သည်။ ရှီးရှားငါးဖမ်းလှေတွေလည်း ပင်လယ်ပြင်သို့ ထွက်သောအခါတွင် ပြည်သူ့စစ်အဖွဲ့သားကိုပါ ခေါ်သွားခဲ့ရ၏။
စက်တင်ဘာလတွင် ရွှယ်ရှောင်ဟွေ့သည် ဝမ်ယွမ်ကျန်းအတွက် သမီးလေးတစ်ဦးကို မွေးဖွားပေးခဲ့သည်။
ကျန်းချန်ပေ့ကတော့ အလွန်ပင် မနာလိုအားကျနေခဲ့ရသော်လည်း ယခုတော့ သူလည်း အလုပ်များလွန်းနေပြီး အခြားသူတွေရဲ့ သမီးတွေအကြောင်းကို ဂရုစိုက်ရန် အချိန်မရှိတော့ပေ။
ထိုအချိန်တွင် ချင်းရို့က ဝမ်အိမ်က မွေးကင်းစကလေးလေးကို ကြည့်ဖို့အတွက် သူမသားလေးနှစ်ယောက်ကို ခေါ်သွားခဲ့သည်။
ဝမ်ယွမ်ကျန်းရဲ့ မိခင်က မြေးမလေးမွေးလာတာကို သဘောမကျ၍ ကလေးထိန်းပေးဖို့အတွက် ကျွန်းဆီမလာလိုခဲ့ပေ။ ထို့ကြောင့် ရွှယ်ရှောင်ဟွေ့ရဲ့ မိခင် ရှဲ့လန်ကျစ်က သူမအား ပြုစုစောင့်ရှောက်ရန် ရောက်ရှိလာခဲ့သည်။
သူမရဲ့ ခင်ပွန်းအတွက် သားလေးတစ်ယောက်မြန်မြန်မွေးဖွားနိုင်စေရန်အတွက် သူမရဲ့ ကျန်းမာရေးကို တတ်နိုင်သမျှမြန်မြန် ဂရုစိုက်ဖို့ ပြောဆိုနေခဲ့သည်။
ရှဲ့လန်ကျစ်သည် ကျိုးကျိုးနှင့် ဖက်ထုပ်လေးတို့ကို မြင်တဲ့အခါ မျက်လုံးတွေတောက်ပလာပြီး
"နင် ဒီကလေးနှစ်ယောက်ကို များများချီထားမယ်ဆိုရင် နောက်ကျ ကံကောင်းပြီးတော့ ဒီလိုအမွှာလေးတစ်စုံတော့ ရလိမ့်မယ်"
"ဒီကလေးနှစ်ယောက် ဘယ်လောက်ကံကောင်းလိုက်သလဲ ကြည့်စမ်း၊ နင့်ဆီမှာ ဘာလို့ ဒီလိုကောင်းချီးတွေ မရှိရတာလဲ?"
"နောက်တစ်ယောက် အမြန်ရအောင် ကြိုးစား"
ရွှယ်ရှောင်ဟွေ့သည် သူမအမေရဲ့ အပြောအဆိုကို နေ့တိုင်းကြားနေရပြီး သူမကိုယ်တိုင်လည်း အနည်းငယ် စိုးရိမ်နေမိပြီ။ သူမရဲ့ အမေက သူမဟာ သားယောက်ျားလေးတစ်ဦးကို မြန်မြန်ဆန်ဆန် မွေးသင့်ကြောင်း အမြဲပြောနေခဲ့သည်။
သမီးလေး မွေးဖွားထားပြီး သူမလေးကို ကြည့်ရတာ ပျော်ရွှင်နေတဲ့ ရွှယ်ရှောင်ဟွေ့မှာ သူမအမေရဲ့ စကားတွေကြောင့် စိတ်မချမ်းမသာဖြစ်ခဲ့ရသည်။
ဝမ်ယွမ်ကျန်းအမေပါ ပါဝင်ပတ်သက်လာတဲ့အခါ သူမလည်း ကလေးမွေးပြီးနောက် နေ့တိုင်းလိုလို သက်ပြင်းချနေရလေရဲ့။
ပိုအဆင်မပြေဖြစ်ရသည်မှာ နို့တိုက်ရခြင်းပင်။ သူမက မိခင်နို့သိပ်မထွက်သဖြင့် ဘေဘီလေးက သူမအား စုပ်ယူလိုက်တဲ့အခါ အပ်တစ်ချောင်းထိုးသလိုမျိုး နာကျင်ခံစားခဲ့ရလေ၏။ ဘေဘီလေးကို နို့မတိုက်ချင်တော့လောက်အောင် နာကျင်ရသဖြင့် ငိုကြွေးမိသည်။
သူမအမေက သူမအား ရာဇဝတ်မှုတစ်ခုကို ကျူးလွန်ထားသည့်အလား ပြောဆိုခဲ့လေသည်။
"နင်က ဘယ်လိုအမေမျိုးလဲဟဲ့? ဒါလေးကို သည်းခံနိုင်ရမယ်လေ၊ ဒီလိုက ဖြစ်နေကြပဲဟာ"
"အခု နင်က မိခင်တစ်ယောက်ဖြစ်လာပြီ။ ဒီဝေဒနာသေးသေးလေးကိုတောင် မခံနိုင်ဘူးလား?"
"ဘာလို့နာရမှာလဲ? ဘာ့ကြောင့်နာနေရပြန်တာတုန်း? ငါ့တုန်းကလည်း နင့်ကို အမြဲဒီလို..."
ရွှယ်ရှောင်ဟွေ့က အားနည်းတဲ့စရိုက်ရှိသူဖြစ်ရာ သူမအမေဆီက နေ့တိုင်း ပြစ်တင်ပြောဆိုခံရတဲ့အခါ သူမလည်း ကူကယ်ရာမဲ့ဖြစ်လာကာ သူမကိုယ်သူမ အပြစ်တင်နေမိ၏။ သူမ မျက်ရည်တွေကိုသာ တိတ်တိတ်လေး သုတ်ခဲ့ရသည်။ သို့သော် သူမရဲ့ ခင်ပွန်းကလည်း ပင်လယ်ထဲသွားနေပြီး အခုထိပြန်မလာသေးပေ။
ယခုဆို ဒီမိသားစုရဲ့ အတွင်းရော အပြင်မှာပါ သူမရဲ့ အမေ ရှဲ့လျန်ကျစ်က တာဝန်ယူထားသူဖြစ်လာ၏။ သူမကိုလည်း တနေကုန် ဆူပူကြိမ်းမောင်းနေတတ်ကာ ရွှယ်ရှောင်ဟွေ့မှာ မခုခံဝံ့ဘဲ စွမ်းအားမဲ့နေလေသည်။
"နင့်လို စိတ်ပျက်စရာကောင်းတဲ့သမီးကို ငါ ဘာလို့များ မွေးခဲ့မိပါလိမ့်?"
…
လောင်ဝမ်က အလုပ်များနေသဖြင့် အိမ်ပြန်မလာနိုင်ချိန်၌ ရွှယ်ရှောင်ဟွေ့မှာ တနေ့ထက်တနေ့ စိတ်ဓာတ်ကျဆင်းလာတာကို ချင်းရို့ တွေ့ရတဲ့အခါ ထပ်ပြီးသည်းမခံနိုင်တော့ပေ။
ရွှယ်ရှောင်ဟွေ့အား သူမရဲ့ အမေကို အိမ်ပြန်ပို့ပြီး ယန်မိသားစုရဲ့ အစ်မကို ပြုစုဖို့အတွက် အကူအညီတောင်းခံဖို့ အကြံတစ်ခုပေးလိုက်လေသည်။
အကယ်၍ သူမအမေကို ဒီမှာ ထပ်နေခွင့်ပေးထားလိုက်ရင်တော့ သူမ စိတ်ကျလာတော့မှာပဲ....
"နောက်ဆုံးတော့ နင့်ရဲ့ ဒီအကျင့်တွေ ဘယ်လိုရလာသလဲဆိုတာ ငါသိသွားရပြီ။ ဒါတွေအားလုံး နင့်အမေကြောင့် ဖြစ်ရတာပဲ။ သူမကို ဒီကိုလာခွင့်မပြုနဲ့တော့"
တခြားသူတွေကို အပြစ်တင်ရှုံ့ချတတ်လွန်းတဲ့ ဒီလိုအမေမျိုးဟာ တကယ့်ကို သည်းမခံနိုင်စရာပင်။
ရွှယ်ရှောင်ဟွေ့က "ငါ့အမေ့ကို ငါဘယ်လိုပြောရမလဲဟာ၊ သူမက ဒီကိုရောက်နေပြီလေ..."
"နင် ဒီတိုင်းမေ့ထားလိုက်ပြီးတော့ လွှတ်ထားလိုက်ပါတော့ဟာ"
"WTH!"
ချင်းရို့ကိုယ်၌က အရမ်းကြမ်းတမ်းသူ မဟုတ်သော်လည်း သူမက ဒီလို ဒေါသထွက်စရာကို မြင်ရတဲ့အခါ အော်မဆဲဘဲ မနေနိုင်တော့ပေ။
ကြည့်ရတာတော့ လုယန်ရဲ့ လွှမ်းမိုးမှုကြောင့်လည်း ဖြစ်နိုင်လေရဲ့။
သူ့ကံဆိုးမှုအတွက် ဝမ်းနည်းပူဆွေးရပြီးတော့ ပြန်မတိုက်ခိုက်ရဲတဲ့အတွက် ပိုပြီးဒေါသဖြစ်ရတယ်နော်...
''နင့်ကိုယ်နင်အတွက် မရပ်တည်နိုင်ရင် ဘယ်သူက နင့်ကို ကူညီပေးမယ်လို့ မျှော်လင့်နေတာလဲ? နင် ဘဝကို အေးအေးချမ်းချမ်းဖြတ်သန်းချင်လားလို့ ငါမေးချင်တယ်"
"ဒါက နင့်အိမ်လေ၊ နင်က ဒီအိမ်ရဲ့ အရှင်သခင်မပဲ။ လူတွေက နင့်သမီးကို မကြိုက်တဲ့အကြောင်း ဘာလို့ နေ့တိုင်းလာပြောနေရမှာလဲ? လောင်ဝမ်ရဲ့ သမီးလေးအတွက် မတရားလွန်းလိုက်တာ"
"ဘဝကောင်းကောင်းနေရဖို့အတွက် နင် ကိုယ်တိုင်ပဲ ကြိုးစားရမှာ။ သက်တောင့်သက်သာရှိတဲ့ဘဝကို ဖြတ်သန်းချင်ရင် နင့်အမေကို မြန်နိုင်သမျှမြန်မြန် ထွက်သွားခိုင်းလိုက်တော့။ နင် နေ့တိုင်း ဒီလိုပဲ ဆက်လုပ်နေရင် ငါလည်း နင့်ကို လာတွေ့မှာမဟုတ်ဘူး"