← Chapters

အခန်း (၁၅၁)

Vol. 13 Ch. 151

အခန်း (၁၅၁)

Vol. 13 Ch. 151

ချင်းရို့က စကားတွေအများကြီးပြောပြီး ပြန်သွားခဲ့ပေမယ့် သူမ အရမ်းဒေါသထွက်နေဆဲပင်။ သူမက အားနည်းသူလိုမျိုး ဆက်ဆံခံရတာကို မနှစ်သက်ပေ။

ဒေါသကြီးတဲ့ မိန်းကလေးဖြစ်ရတာ သက်တောင့်သက်သာအရှိဆုံးပါပဲ။

ရွှယ်ရှောင်ဟွေ့ရဲ့ မိခင်က ချုံကျိုးကျွန်းမှ ထွက်သွားခဲ့လေပြီ။

မိသားစုခြံဝင်းထဲရှိ အမျိုးသမီးတော်တော်များများက မကြာခဏ အတင်းပြောလေ့ရှိကြပြီး လူတွေရဲ့ နောက်ကွယ်မှာ အဆင်အခြင်မဲ့စွာ မှတ်ချက်ပြုတတ်ကြသော်လည်း မိသားစုခြံဝင်းထဲက မိသားစုမှာ အခက်အခဲရှိခဲ့ရင် လာရောက်ကူညီကြပေလိမ့်မည်။

ချင်းရို့၊ ယန်မိသားစုကခယ်မနှင့် တခြားအမျိုးသမီးစစ်သည်တော်တော်များများက ဝမ်မိသားစုအိမ်ကို ကူညီစောင့်ရှောက်ပေးဖို့ ဝမ်အိမ်သို့ သွားခဲ့ကြ၏။

ချင်းရို့က သူမကို နို့တိုက်တဲ့ ပုံစံအနေအထားပြောင်းလဲဖို့ သင်ပေးပြီး ပိုသက်တောင့်သက်သာဖြစ်စေမယ့် နည်းလမ်းကို ရှာဖွေပေးခဲ့သလို လီချင့်ဟွားကလည်း သူ့သမီးကို နို့တိုက်နေချိန်ဖြစ်တာကြောင့် မိန်းကလေးနှစ်ယောက်ကို အတူတူတိုက်ကျွေးဖို့ ဆုံးဖြတ်ခဲ့သသည်။ ရွှယ်ရှောင်ဟွေ့က သူမအား အလွန်ကျေးဇူးတင်နေခဲ့ပါသည်။

"ရပါတယ်ဟယ်၊ ငါတို့မှာ အစားအစာတွေ၊ နို့တွေ လုံလုံလောက်လောက်ရှိပါတယ်"

အမှန်တကယ်ပင် မေမေဟွားမှာ နို့အလုံအလောက်ရှိပြီး ဝမ်မိသားစုရဲ့ သမီးသေးသေးလေးဟာ တစ်နေ့ထက်တစ်နေ့ ဖြူဖွေးနူးညံ့လာလေပြီ။

လီချင့်ဟွားတစ်ယောက် ဒါကိုမြင်တော့ အလွန်အားကျမနာလိုဖြစ်ရကာ တခြားသူရဲ့ သမီးလေးက ပို၍လှပလာတယ်လို့ သူမခံစားလိုက်ရ၏။

သူမတို့မိသားစုရဲ့ ကောင်မလေးထက် ပိုကြည့်ကောင်းလှပနေတာပဲ...

ဝမ်မိသားစု သမီးလေးရဲ့ အိမ်နာမည်မှာ နျန့်နျန့်ဖြစ်ပြီး သူမလေးဟာ သူမအမေရဲ့ ကြီးမားပြီး လုံးဝန်းတဲ့ ဗာဒံစေ့မျက်လုံးတစ်စုံကို အမွေဆက်ခံထားလေသည်။ သူမက နို့ကြောင်သေးသေးလေးသဖွယ် အလွန်နူးညံ့ကာ ချစ်စရာကောင်းလှ၏။

လီချင့်ဟွားက သူမရဲ့အမျိုးသားကို မပြောလိုက်ဘဲ မနေနိုင်တော့။

"ဒီကလေးကြီးပြင်းလာရင် ကျွန်မတို့သားလေး လျိုယွဲ့နဲ့ လက်ထပ်ပေးလိုက်မယ်ဆို ဘယ်လိုသဘောရလဲ?"

နိုင်ငံရေးအရာရှိလျို: "မင်း ဘာတွေစဥ်းစားနေတာတုန်း။ အခုခေတ်မှာ ကြိုတင်သဘောတူထားတဲ့လက်ထပ်ပွဲတွေ ရေပန်းမစားတော့ဘူးလေကွာ"

လီချင့်ဟွားက နှာမှုတ်လိုက်ကာ "ရှင် ကြိုတင်သဘောတူထားတဲ့လက်ထပ်ပွဲကို မလုပ်ထားချင်ရင် ကျွန်မတို့ လျိုယွဲ့ကို လူတွေက သိပ်သဘောကျကြမှာမဟုတ်ဘူးနော်။ ဘာလို့ဆို သူက ရှင်နဲ့တူနေလို့လေ"

နိုင်ငံရေးအရာရှိလျိုက အသက်ပြင်းပြင်းတစ်ချက်ရှိုက်၍

"ငါနဲ့တူတာ ဘာဖြစ်နေလို့လဲ? ငါက ရုပ်ဆိုးလို့လားကွ?"

"ရှင်က အရာရှိလုလောက် ရုပ်ချောနေလို့လား?"

နိုင်ငံရေးအရာရှိလျို: "အနည်းဆုံးတော့ ငါက လောင်ကျန်းထက် ပိုကြည့်ကောင်းတယ်ကွ"

"အဲဒါ ရှင့်တစ်ယောက်ထဲ ထင်နေတာလေနော်"

"သမီးနဲ့သားနှစ်ယောက်လုံးက ရှင်နဲ့တူတာ​မို့ သူတို့လေးတွေက တခြားသူတွေနဲ့ မယှဉ်နိုင်တော့ဘူး။ ကျွန်မသားလေးအတွက်၊ ကျွန်မသမီးလေးအတွက် စိတ်မကောင်းဖြစ်လိုက်တာနော်။ တောင်းပန်ပါတယ် ကလေးတွေရယ်။ မားမားရဲ့အပြစ်တွေချည်းပါပဲ"

"လီချင့်ဟွားရေ မင့်သမီးရဲ့ မျက်နှာကို သေချာကြည့်စမ်းပါကွာ... သူမက မင်းနဲ့တူတယ်မဟုတ်လား?"

…

၁၉၇၄ခုနှစ် ဇန်နဝါရီလတွင်ဖြစ်၏။

နှစ်တစ်နှစ်ရဲ့ အဆုံးသတ်ရောက်လာခဲ့ပြီးနောက် နွေဦးပွဲတော် နီးကပ်လာပြီဖြစ်သော်လည်း လူအများစုကတော့ နှစ်သစ်ကူးကျင်းပဆင်နွှဲဖို့အတွက် စိတ်ကူးမရှိကြပေ။

ချင်းရို့ မိသားစုသည်လည်း ဒီနှစ်ကိုတော့ ပြန်လည်ဆုံဆည်းကြဖို့အတွက် ဖက်ထုပ်ပြုလုပ်ရန်သာ ရိုးရိုးရှင်းရှင်း စီစဥ်ထားပေသည်။ နွေဦးပွဲတော်မတိုင်မီ ရက်အနည်းငယ်အလိုတွင် အောင်ပွဲသတင်းကို ရရှိခဲ့ကြ၏။

မိသားစုခြံဝင်းထဲရှိ လူတိုင်း အလွန်ပျော်ရွှင်နေကြလျက်။ ပျော်ရွှင်စရာတွေရှိသလို ဝမ်းနည်းစရာတွေလည်းရှိလေရဲ့။ အဆုံးသတ်မှာ အနစ်နာခံမှုတွေလည်း ရှိလိမ့်မယ်လေ။

ဒီနှစ်ကတော့ အရမ်းကို မြန်မြန်ဆန်ဆန်ကြီး ကုန်လွန်သွားလေပြီ။

ခုခံကာကွယ်ရေးကို အားကောင်းစေရန်အတွက် အခြေစိုက်စခန်းကို စဉ်ဆက်မပြတ် တိုးချဲ့ခဲ့ပြီး လူများစွာလည်း မိသားစုခြံဝင်းဆီသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။

လုယန်က ခုခံကာကွယ်ရေးအတွက် ကျွန်းတစ်ဝိုက်တွင် နေထိုင်ခဲ့ရပြီး မေလမတိုင်ခင်အထိ လုံးဝအိမ်မပြန်ခဲ့ရ။

ချင်းရို့က ကလေးပေါက်စလေးနှစ်ယောက်နှင့်အတူတူ ခင်ပွန်းသည်ကို သွားကြိုဖို့အတွက် ဆိပ်ကမ်းသို့ သွားချေပြီ။

ယနေ့ ရာသီဥတုမှာ ထူးထူးခြားခြား ကောင်းမွန်နေလေရဲ့။ တိမ်ထူနေပြီး မိုးမရွာခဲ့သလို နေလည်းမထွက်ခဲ့ပေ။

ဤအချိန်အခါတွင် ဆိပ်ကမ်း၌ မိသားစုဝင်များစွာ ရှိနေခဲ့ကြသည်။

ချင်းရို့ ခေါ်လာခဲ့တဲ့ ကလေးငယ်လေးနှစ်ယောက်မှာ မျက်စိအဖမ်းစားဆုံးဖြစ်နေလေရဲ့။ ပိဘိကောင်လေးနှစ်ယောက်ဟာ တစ်ပုံစံတည်းတူနေကြပြီး ဖြူဖွေးအုဖတ်ကာ ချစ်စဖွယ်ကောင်းနေကြသည်ပင်။

ကလေးတွေက အသစ်စက်စက် အဖြူရောင်အင်္ကျီကို ဝတ်ဆင်ထားကြ၏။ သူတို့ရဲ့ ရင်ဘတ်ပေါ်မှာ ရေမှုတ်ထုတ်နေတဲ့ ဝေလငါးငယ်လေးတစ်ကောင်ပုံရှိနေလေရဲ့။

အောက်ပိုင်းတွင်မူ အပြာရောင်ဘောင်းဘီကို ဝတ်ထားကြပြီး သူတို့အမေက ဘောင်းဘီပေါ်မှာ ယုန်အမြီးနှစ်ချောင်းကို အပျော်သဘောနဲ့ ချုပ်ထားပေးခဲ့ရာ သူတို့ လမ်းလျှောက်တဲ့အခါတိုင်း လှုပ်ယမ်းနေလေရဲ့။

မေမေချင်းရို့ရဲ့ လက်မှုပညာမှာ သိပ်မတော်တာကြောင့် သူမက ယုန်အမြီးလုံးလေးသာ ထည့်ပေးနိုင်ခဲ့သည်ပင်။ အဝတ်အစားတွေကိုတော့ ကလေးတွေရဲ့ ဒေါ်လေးချင်းမျန့်က ချုပ်ပေးခဲ့တာဖြစ်သည်။

အနီးနားရှိ မိသားစုဝင်များက ကလေးငယ်လေးနှစ်ယောက်ကို မြင်တဲ့အခါ ဝိုင်းဝန်းချီးကျူးကြကာ

"ကလေးနှစ်ယောက်က တကယ်ကြည့်ကောင်းတာပဲကွယ်"

"အရာရှိလုမိသားစုရဲ့ ကလေးလေးတွေပဲ"

"ဒီဝတ်စုံသေးသေးလေးက အရမ်းချစ်စရာကောင်းတာပဲနော်"

ချင်းရို့က သူမကလေးတွေကို ချီးကျူးသံတွေ ကြားရတာ အရမ်းပျော်ရွှင်နေလေ၏။ ဒီနေ့ သူမလည်း စကတ်၀တ်ဆင်ထားခဲ့သည်။

ဖက်ထုပ်သေးသေးလေးက သူမစကတ်ရဲ့ အနားစကို ဆွဲလိုက်လေ၏။

"မားမား ဒါ ပင်လယ်ပဲ!"

"ပါးပါးက ငါးမန်းကြီးဆိုတော့ ပင်လယ်ကနေ သူ ပြန်လာနေပြီ..."

ဘေးပတ်ဝန်းကျင်ကလူတွေ: "????" ငါးမန်းကြီးလား?

ချင်းရို့: "…"

လွန်ခဲ့သော ရက်အနည်းငယ်က ချင်းရို့တစ်ယောက် ထိန်းမထားနိုင်တော့ဘဲ သူမရဲ့ သားနှစ်ယောက်အား သူမ ရေးဆွဲထားတဲ့ "ငါးမန်းလေးမိသားစု" ပုံကြမ်းစာအုပ်ကို ပြသခဲ့သည်ပင်။

သူမ ကလေးတွေကို ပျိုးထောင်နေရင်း ရုတ်ချည်း စိတ်ကူးတစ်ခုရလာကာ သူမရဲ့ နေ့စဥ်ဘဝကို မှတ်တမ်းတင်သည့်အနေဖြင့် နေ့တိုင်း ပုံဆွဲခဲ့လေ၏။

အဓိကဇာတ်ကောင်မှာ အဘယ်ကြောင့် ငါးမန်းဘေဘီလေးတစ်ကောင်ဖြစ်ရတာလဲဆိုတော့ သူမတို့အိမ်မှာ ငါးမန်းဘေဘီလေးနှစ်ကောင်ရှိလို့ပဲပေါ့။

လူတိုင်းက ကြက်တွေ၊ ဘဲတွေ၊ သိုးတွေ၊ ဝေလငါးတွေ ရေးဆွဲကြမည်ဖြစ်သော်လည်း သူမကတော့ ငါးမန်းငယ်လေးတွေ ရေးဆွဲထားခဲ့သည်။

ချစ်စရာငါးမန်းလေးမိသားစုမှာ ရက်စက်ကြမ်းကြုတ်ပေမယ့် အလွန်နွေးထွေးပြီး ချစ်စရာကောင်းလှပေသည်။

စကားမစပ် ဒါကို ရေအောက်ကမ္ဘာမှ စတင်မိတ်ဆက်ပေးထားခဲ့သည်။

အစာကွင်းဆက်ထိပ်ဆုံးမှာ ရပ်နေတဲ့ ငါးမန်းဘေဘီလေးက စားသောက်ပုံ၊ ဆော့ကစားပုံ၊ သန္တာကျောက်တန်းတွေကို စူးစမ်းလေ့လာပုံတွေ၊ ခရုခွံတွေကောက်ပြီး ပုလဲတွေရှာတဲ့ပုံတွေ၊ ငါးသေးသေးလေးတွေ၊ ပုစွန်ငယ်လေးတွေနှင့် သူငယ်ချင်းဖြစ်ဖို့ ဘယ်လိုကြိုးစားနေသလဲဆိုတဲ့ ပုံတွေရှိခဲ့ပေမဲ့ ရလဒ်ကတော့ သူ့သူငယ်ချင်းတွေဟာ သူ့​ကို သေလောက်အောင်ကြောက်ရွံ့နေကြလေရဲ့....

ကလေးနှစ်ယောက်မှာ ငါးမန်းဘေဘီလေးရဲ့ နေ့စဉ်ဘ၀ကို ကြည့်ရှုပြီးနောက် သဘောကျသွားကြသလို ချင်းရို့သည်လည်း အလွန်နှစ်သက်ပေသည်။

သူမရဲ့ ပန်းချီစွမ်းရည်က သိပ်မကောင်းပေမယ့် ဆိုးတော့မဆိုးပါဘူးနော်။ ပြီးတော့ ဒါတွေက ချစ်စရာကောင်းတဲ့ ပုံလေးတွေဆိုတာ ပြောနေဖို့တောင်မလိုပါဘူးလေ။

သူမ ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်တဲ့အခါ ကလေးဆန်ဆန် အပြစ်ကင်းစင်တာ​ကြောင့် ရေးဆွဲထားတဲ့ ငါးမန်းဘေဘီလေးရဲ့ ပုံပြင်မှာ ထူးထူးခြားခြား နွေးထွေးနေပြီး ရင်ထဲထိရှစေလေသည်။

ချင်းရို့က ငါးမန်းဘေဘီလေးရုပ်ပြစာအုပ်ကို မိသားစုအတွက် အမှတ်တရအဖြစ် ကိုယ်ပိုင်ထုတ်ဝေရန် ရည်ရွယ်ထားခဲ့သည်။

သူမက ထိုအကြောင်းကို မေးမြန်းစုံစမ်းထားပြီးဖြစ်သလို ကိုယ်ပိုင်ထုတ်ဝေမှုမှာ ယွမ်တစ်ရာ သို့မဟုတ် နှစ်ရာသာကုန်ကျမည်ဖြစ်တာကြောင့် အမှတ်တရအဖြစ် အုပ်ရေ ၄၀၀-၅၀၀ခန့် ပုံနှိပ်ထုတ်ဝေလိုက်ပေသည်။

မကြာမီတွင် ကလေးနှစ်ယောက်ရဲ့ ဒုတိယမြောက်မွေးနေ့ကို နီးကပ်လာချေပြီ။

မူလကတော့ သူတို့မွေးနေ့မှာ ငါးမန်းဘေဘီလေးစာအုပ်ကို ပေးမယ်လို့ စိတ်ကူးထားပေမယ့် ချင်းရို့ စိတ်မထိန်းနိုင်တော့တဲ့အတွက် ကလေးတွေကို အရင်ပြလိုက်တာပဲဖြစ်သည်။

ချင်းရို့က သူမကိုယ်တိုင်ရေးဆွဲထားတဲ့ ငါးမန်းလေးရုပ်ပြစာအုပ်အပြင် ချင်းမျန့်ရဲ့ ယောက္ခမဖြစ်သူ ချန်ယွီပိုင်ကိုလည်း ငါးမန်းဘေဘီရုပ်ပြအတွက် ဇာတ်လမ်းတစ်ပုဒ်ကို ကူညီရေးဆွဲပေးဖို့ အကူအညီတောင်းခဲ့ပေသည်။

မစ္စတာချန်က ပန်းချီမဆွဲတော့တာ အတော်ကြာပြီဖြစ်၍ ပထမတော့ သူ သဘောမတူချင်ခဲ့ပေမယ့် ဒီနှစ်တွေထဲမှာ မူလတန်းကျောင်း၌ နေထိုင်ခဲ့ပြီးနောက် ကလေးပိုဆန်လာခဲ့သလို ကလေးများအတွက် ရုပ်ပြပန်းချီစာအုပ်ဆွဲရမှာဖြစ်၍ သဘောတူခဲ့ပေသည်။

ကလေးများအတွက် ရိုးရှင်းလှပတဲ့ ရုပ်ပြစာအုပ်တစ်ဆက်ကို ရေးဆွဲရန် လအနည်းငယ်ကြာ ကြိုးစားခဲ့ရလေ၏။ 



All Chapters