← Chapters

အခန်း (၁၅၃)

Vol. 13 Ch. 153

အခန်း (၁၅၃)

Vol. 13 Ch. 153

ချင်းရို့ကတော့ ကလေးတွေ သူတို့ပါးပါးကို ကပ်တွယ်နေတာကို အေးစက်စွာ ကြည့်နေလိုက်၏။ သို့သော် အမေတစ်ယောက်အနေနဲ့ သူမကတော့ လုံးဝမနာလိုမဖြစ်ပါချေ။ သူမက ရယ်တောင်ရယ်ချင်ပါသေးရဲ့....

ဟားဟားဟား

အရမ်းကောင်းတာပဲ... ဒီကောင်စုတ်လေးတွေက ရှင့်အပိုင်ပါပဲနော်...

တစ်နှစ်၊ နှစ်နှစ်အရွယ် ကလေးတွေကို လိမ်ဖို့ လွယ်ကူမယ်လို့ မထင်လိုက်နဲ့နော်။ ကလေးတွေအများစုက မွေးကတည်းက ဥာဏ်ကောင်းနေကြပြီးသားပဲ... သူတို့က လူကြီးတွေရဲ့ လစ်မစ်ကို စမ်းသပ်ဖို့ အမြဲကြိုးစားနေတတ်တာ။

မင်း သူတို့တွေကို ဂရုမစိုက်ရင် မင်းရဲ့မျက်နှာအရိုက်ခံရပြီးတော့ သူတို့အချိုးတွေလည်း ပြောင်းလဲသွားလိမ့်မှာ။ မင်း သူတို့နဲ့ ငြင်းခုံချင်ရင် မင်းဘာသာမင်း သေလောက်အောင် ဒေါသထွက်ရဦးမှာပဲ။

ပိုပြီးစိတ်တိုစရာကောင်းတာကတော့ သူတို့အရင်က ပေးထားတဲ့ ကတိတွေကို မိနစ်အနည်းငယ်အတွင်း မေ့ပစ်တတ်တာပဲ။ ကလေးတွေက မင်း သူတို့ကို ကတိပေးခဲ့တာတွေကိုပဲ မှတ်မိပြီးတော့ သူတို့အမေကို သူတို့ ကတိပေးခဲ့တာတွေကိုတော့ မမှတ်မိတော့ဘူးလေ။

သူတို့လေးတွေ နာခံမှုရှိတဲ့အချိန်မှာ အရမ်းနာခံနေတတ်ကြတယ်။ ဒါ့ကြောင့် ကလေးတွေက အရမ်းကို နာခံတတ်ပြီး လိမ္မာရေးခြားရှိလို့ ချစ်စဖွယ်ကောင်းတယ်လို့ ထင်မြင်စေတယ်။

သူတို့လေးတွေ မလိမ္မာတဲ့အချိန်ဆိုရင်တော့ အရမ်းကို မနာခံကြတော့ဘူး။ ငရဲလို ခေါင်းမာတတ်ကြပြီးတော့ အရာရာတိုင်းမှာ မင်းကို အတိုက်အခံလုပ်လိမ့်မယ်။

ယခု သူတို့က သူတို့မေမေကို တမင်တကာ စိတ်ဆိုးအောင် စနောက်နေကြခြင်းပင်။ 
မေမေချင်းရို့ကို ကွတ်ကီးလေးတစ်ခု ခွံ့ကျွေးသလိုဟန်ဖြင့် မေမေချင်းရို့ ပါးစပ်ထဲထည့်ခါနီးမှာ ကွတ်ကီးကို ချက်ခြင်းပြန်ယူလိုက်ပြီး သူ့ပါးစပ်ထဲ ပျော်ပျော်ကြီး စားပစ်လိုက်ရော။

ညီအစ်ကိုနှစ်ယောက်ရဲ့ ဆက်ဆံရေးမှာလည်း နက်နဲလှ၏။

တစ်ခဏအတွင်းမှာပင် "ငါ့ကော​ကော(တိတိ)က ငါ့ထက်ပိုကြီးတဲ့ ကိတ်ကို စားလိုက်လို့ ငါမကျေနပ်ဘူး" "ငါ့ကောကော(တိတိ)က ငါ မုန်လာဥနှစ်ခု စားပြီးချိန်မှာ သူက ဘာလို့တစ်ခုပဲ စားရသေးတာလဲ" စသဖြင့် ရန်ဖြစ်တတ်ကြသည်ပင်။

နောက်တစ်စက္ကန့်အတွင်းမှာပဲ ငါ့ကောကော (တိတိ) နဲ့ ငါဟာ အကောင်းတကာ့ အကောင်းဆုံးညီအစ်ကိုတွေပဲဖြစ်သွားကြလေရဲ့။ နောက်တစက္ကန့်မှာ ငါတို့တွေ ညီအကိုတွေ မဟုတ်ကြတော့ဘူး ဖြစ်ကြပြန်တယ်။ ဘိုင့်ဘိုင်ပဲဟေ့... ငါနဲ့ မားမားကသာ အကောင်းဆုံးပဲ...

ညီအစ်ကိုတွေဟာ သူတို့အမေနှင့် တူညီတဲ့ဆက်ဆံရေးရှိကြသည်။

တခါတရံ သူတို့က မားမားကိုသာ အချစ်ဆုံးပဲ ဖြစ်ကြကာ တခါတရံ ကမ္ဘာကြီးထဲမှာ မားမားကို အမုန်းဆုံးပဲလို့ ဆိုကြလေရဲ့။ ဟမ့် မားမားကို ထပ်ပြီး ဂရုမစိုက်တော့ဘူးနော်။

သူတို့က သူတို့မားမားကို အမှန်တကယ် လျစ်လျူရှုပြီးတဲ့နောက်တွင်မူ သူတို့ကပဲ သူတို့မားမားဆီ အရှက်မဲ့စွာ ပြန်လည်ချဥ်းကပ်သွားမှာဖြစ်ပြီး သူတို့ဟာ လိမ္မာရေးခြားအရှိဆုံး၊ အနာခံတတ်ဆုံး ဘေဘီလေးတွေသဖွယ် ပြုမူပြောဆိုကြတယ်။ ကောကော(တိတိ)နဲ့ မတူဘဲ သူကသာ သူ့မားမားကို အချစ်ဆုံးပါလို့ ပြောကြလေရဲ့။

ဒီတော့ သူမလည်း နေ့တိုင်း နတ်သမီးနှင့် နတ်ဆိုးသဖွယ် အလှည့်ကျ ပြောင်းလဲနေရတာပေါ့...

ချင်းရို့ တိတ်တိတ်လေး သက်ပြင်းချလိုက်၏။

ယခု ကလေးလေးရဲ့ ပါးစပ်မှ သူမအား "မားမား သား မားမားကို အချစ်ဆုံး" ဆိုတဲ့ စကားလုံးကနေ "မားမား သားဗိုက်ဆာပြီ။ သား သရေစာ လိုချင်တယ်" လို့ အလိုအလျောက် ပြောင်းလဲသွားလေပြီ။

တကယ့်ကိုပါပဲ... ဟန်ဆောင်အကောင်းဆုံးသူလေးတွေ...

ဒီကောင်စုတ်လေးနှစ်ယောက်က ချင်းရို့အား နောင်ပြန်ဆုတ်ဖို့ တိုက်တွန်းလေ့ရှိသည်။

တခြားတော့မဟုတ်ပါဘူးလေ... သူမရဲ့ သနားစရာကောင်းတဲ့ ခြံဝင်းလေးပေါ့... 
သူမသားတွေက ဘယ်နှစ်ကြိမ်လောက် ဖျက်ဆီးပစ်ခဲ့သလဲဆိုတာ သူမမသိတော့ဘူးကွယ်။ ပန်းတွေခူးတာလား... မေ့လိုက်ပါတော့ဟယ်... သူတို့အမေအတွက် မြေတူးစက်တောင် မောင်းပြီးတော့ အမြစ်တွေရော အရွက်တွေပါ ဖျက်ဆီးပစ်နေတာလေ...

ဒီလူဆိုးလေးနှစ်ကောင်ကတော့နော်...

ဟိုနေရာနည်းနည်း ဒီနေရာနည်းနည်း လိုက်ဖျက်ဆီးနေတာကြောင့် အမေအိုကြီးက ပြန်လည်ဖာထေးနေရလေရဲ့။

အမေအိုကြီး ချင်းရို့က သူမရဲ့ ပန်းတွေ၊ အပင်တွေကို ဖျက်ဆီးခံရခြင်းမှ ကာကွယ်ရန်အလို့ငှာ သူမရဲ့ ကိုယ်ပိုင်ခြံဝင်းလေးကို ထိန်းသိမ်းဖို့ ကြိုးစားနေခဲ့သည်။

"ပါးပါး ပါးပါး ..." ငါးမန်းဘေဘီလေးနှစ်ကောင်က သူတို့အဖေနောက်ကို လိုက်ဖမ်းနေကြ၏။

ပြန်လာခါစဖြစ်၍ သားတွေဆီမှ အထင်ကြီးလေးစားခံနေရတဲ့ လုယန်မှာ နက်ရှိုင်းလှတဲ့ သားအဖဆက်ဆံရေးကို ခံစားနေခဲ့ရသည်။ "ငါ့သားတွေက အရမ်းတော်တာပဲကွာ"

"ပါးပါးရဲ့ အလိမ္မာတုံးလေးတွေ"

ချင်းရို့နှင့် ကျန်းဖျင်တို့က စိတ်ထဲမှာ ရယ်မောနေကြလျက်။

"ကိုယ်ပြန်ရောက်နေတော့ ကျိုးကျိုး၊ ဖက်ထုပ်လေးတို့နဲ့အတူတူ ပိုနေပေးမယ်လေ"

"ကောင်းပြီ ကိုယ် သူတို့ကို ကစားဖို့ ခေါ်သွားလိုက်မယ်"

နောက်ဆုံးတွင်မူ ချင်းရို့၊ ကျန်းဖျင်နှင့် လောင်လုတို့မှာ စိတ်လက်ပေါ့ပါးသွားကြကာ အားလပ်ချိန်ရခဲ့ချေပြီ။

သူတို့အားလုံးက ဒီသားအဖသုံးယောက်ကို လျစ်လျူရှုထားဖို့ ဆုံးဖြတ်လိုက်ကြသည်။

ဒီကလေးနှစ်ယောက်အကြောင်းပြောရရင်တော့ လောင်လုရော သူ့မိန်းမမှာပါ ပြောစရာတွေ အများကြီးရှိလေရဲ့။ ဒီကောင်လေးနှစ်ယောက်က တအားချစ်ဖို့ကောင်းကြပေမယ့် ညီအကိုတွေ အတူတူရှိနေတဲ့အခါ သူတို့ရဲ့ အဖျက်စွမ်းအားက နှစ်ဆတိုးလာလေတယ်။ ပြီးတော့ အရာရာတိုင်းအတွက် ရန်ဖြစ်ငြင်းခုံနေကြရောပဲ။

အကြီးဆုံးဝမ်းကွဲ ရှမင်ရှီးဆိုရင် သူတို့ကို ကြောက်နေရပါပြီနော်။ ဒီစကားများလွန်းတဲ့နှစ်ယောက်ကို သူ မယှဥ်နိုင်ပါဘူး။

ဒီကြောက်စရာကောင်းတဲ့ ညီအစ်ကိုနှစ်ယောက်ကတော့လေ... တစ်ယောက်ကို ဖိချလိုက်ရင် နောက်တစ်ယောက်က ပြန်ပေါ်လာတယ်။ သူတို့နဲ့ရင်ဆိုင်ဖို့ ကြောက်နေပါပြီ။

ဒီငါးမန်းလေးနှစ်ကောင်နဲ့ ရောထွေးရတာလည်း အရမ်းကို ဒုက္ခရောက်ရပါတယ်နော်။

သူတို့သုံးယောက်ရဲ့ ပလပ်စတစ် ညီအကိုဆက်ဆံရေးဟာ သိပ်မကောင်းသည်မှာ သိသာသော်လည်း အစ်ကိုကြီးဖြစ်တဲ့ ရှမင်ရှီးက အပြင်ထွက်ဆော့ဖို့ ချိန်းထားတဲ့အခါ ညီအကို နှစ်ယောက်က သူတို့အမေ့ကို ချက်ချင်းကြီး မချစ်ကြတော့ဘဲ သူတို့အစ်ကိုဝမ်းကွဲကိုသာ အချစ်ဆုံးဖြစ်သွားကြလေရဲ့။ သူတို့ကို မခေါ်သွားမချင်း သူ့အား ဆွဲထားကြပြီး အပြင်ထွက်ခွင့်မပေးကြချေ။

ကောကောအပြင်ထွက်ရင် သားတို့ကိုပါ ခေါ်သွားရမယ် မဟုတ်ရင်တော့....

"သား တခြားလူကို မလိုချင်ဘူး၊ ရှီးရှီးကောကောနဲ့ပဲ ကစားချင်တာ!"

"ကောကောနဲ့ပဲ!"

ရှမင်ရှီး: "…"

ငါကတော့ အခု မင်းတို့နဲ့ မကစားချင်ဘူးလေဟ!

အတန်းဖော်ရှောင်မင်လေးက သူနဲ့သက်တူရွယ်တူကလေးတွေနဲ့ ကစားချင်ရုံလေးပါနော်။

ချန်ကျင်းရိလည်း အနှီဝမ်းကွဲကလေးနှစ်ယောက်ကို အလွန်ကြောက်ရွံ့လေ၏။ သူတို့ဟာ ဘယ်တော့မှ တစ်ယောက်တည်း မဟုတ်ဘဲ အုပ်စုဖွဲ့ထားကြတာလေ။ ညီအကိုနှစ်ယောက်က အမြဲတမ်း အတွင်းရေးပဋိပက္ခတွေရှိကြပေမယ့် အပြင်လူတွေကို ရင်ဆိုင်တဲ့အခါ အကြံတူဥာဏ်တူ စည်းလုံးကြလေရဲ့။

"ကျင်းရိကောကော သားနဲ့အတူတူ ကိတ်မုန့်ပုံဆွဲကြမယ်နော်..."

"ဟီးဟီး"

"ရှီးရှီးကောကောကို အမုန်းဆုံးပဲ၊ သား ကျင်းရိကောကောနဲ့ ကစားချင်တယ်"

…

ချန်ကျင်းရိ: "..." မဟုတ်ဘူးလေ ငါ မင်းတို့နဲ့ မကစားချင်ပါဘူးနော်...

သူတို့က ဂျပုလေးနှစ်ယောက်ဖြစ်နေကြသေးပေမယ့် အခုတော့ သူငယ်ချင်းကြီးကြီးတွေရဲ့ ဂိမ်းတွင် ပါဝင်ရန် အထူးစိတ်အားထက်သန်နေကြလေပြီ။

ကောင်းပြီ ကောင်းပြီ ဒါဆိုလည်း ဒီဂျပုလေးနှစ်ယောက်ကို ပါခိုင်းလိုက်ပေါ့။

သို့သော်လည်း ခုနစ်နှစ်၊ ရှစ်နှစ်အရွယ် ရှမင်ရှီးနှင့် ချန်ကျင်းရိတို့က ကျိုးကြောင်းဆင်ခြင်စပြုနေလေပြီ။ စည်းမျဉ်းအခြေခံထားတဲ့ဂိမ်းအချို့မှာ ပျော်စရာကောင်းပေမယ့် ဒီဂျပုလေးနှစ်ယောက်နဲ့ တော်တော်လေးကို မသင့်လျော်နေဘူးလေ ! !

မသင့်လျော်သည်မှာ လူတစ်​​ယောက်​ဆိုရင် ပြဿနာမရှိသော်လည်း နှစ်​​ယောက်ဆိုရင်တော့ မကောင်းဘူးလေ ! ! !

- အားးးး ငါတို့ဂိမ်းထဲကထွက်သွားပါတော့ ! !

ဒီကပ်စေးကိတ်လေးနှစ်ယောက်နှင့် မကစားချင်ဘူးလို့...

"ပါးပါး ပါးပါး မြင်းစီးမယ်..."

ဤဂိမ်းမျာ ကောင်လေးနှစ်ယောက် အချိန်အတော်ကြာ စောင့်မျှော်နေခဲ့ရတဲ့ ဂိမ်းတစ်ခုပင်။ ခြံကြီးထဲမှာ သူတို့အဖေနဲ့ပဲ ကစားလို့ရတာဆိုတော့လေ။

ကံဆိုးတာကတော့ သူတို့မှာ အဖေတစ်ယောက်ပဲရှိတော့ အလှည့်ကျပဲစီးရတာပေါ့။

လုယန်: "..." ကယ်... ကယ်ကြပါဦး...

"လုကောရေ ရှင်ပြန်ရောက်လာပြီဆိုတော့ ကလေးတွေကို သိပ်ဖို့ ရှင်ပဲတာဝန်ယူလိုက်နော်"

ချင်းရို့က ကလေးတွေကို အိပ်ဖို့ ချော့သိပ်ရတာကို အမုန်းဆုံးပင်။ ဒီကောင်စုတ်လေးတွေက အိပ်ရာမဝင်ခင်မှာဆို "သား အရမ်းပင်ပန်းနေပြီ မားမား သားအိပ်ချင်ပြီ"လို့ ပြောပေမယ့် အိပ်ရာလည်းဝင်ရော တက်ကြွလန်းဆန်းနေကြရောပဲ ! ! !

'မားမား ပုံပြင်ပြောပြပါဦး' 'မားမား သားတို့နဲ့ ကစားပေးပါဦး' ဆိုပြီး အမျိုးမျိုးလုပ်တတ်ကြသည်။

All Chapters