← Chapters

အခန်း (၁၅၅)

Vol. 13 Ch. 155

အခန်း (၁၅၅)

Vol. 13 Ch. 155

ကျောင်းအုပ်ဝူမင်က စာမျက်နှာတွေကို လှန်လှောကြည့်နေရင်း

"ဒီစာအုပ်က တကယ်ကောင်းတာပဲနော်"

"ဒီကလေးရုပ်ပြစာအုပ်က သုံးလေးနှစ်သားလေးတွေအတွက် ပိုပြီးသင့်တော်တယ်။ ဒီပန်းချီတွေကလည်း အရမ်းလှပြီးတော့ ရိုးရိုးရှင်းရှင်းနဲ့ ပညာပေးဇာတ်လမ်းလေးပဲ။ နောက်ပြီးတော့ အနောက်ဘက်မှာ စက္ကူဖြတ်တာ၊ စစ်တုရင်အကွက်တွေလိုမျိုးဂိမ်းတွေအများကြီးပါသေးတယ်ပေါ့လေ? တော်တော်လေးကောင်းတာပဲ..."

ဝူမင် သူမရှေ့က စာအုပ်နှစ်အုပ်ကို ကောက်ကိုင်လိုက်ပြီး စာမျက်နှာတွေကို သေချာလှန်လှောကြည့်ရှုနေပြီးမှ

"က​လေး​တွေထိဖို့ ဒီစာမျက်​နှာတွေမှာ အပေါက်​အ​ပေါက်​​တွေ အများကြီး ဘာလို့ရှိနေရတာလဲ? ဟုတ်သားပဲ... ကလေးတွေက ဒီလိုအရာလေးတွေကို လက်ချောင်းလေးတွေနဲ့ လိုက်ထိရတာ ကြိုက်တာကိုး..."

ချင်းရို့လည်း သူမလက်ထဲတွင် ငါးမန်းဘေဘီစာအုပ်လေးကို ကိုင်ထားကာ ကျောင်းအုပ်ဝူမင်နှင့်အတူတူ ကြည့်ရှုနေခဲ့သည်။

တခြားစာအုပ်တွေနဲ့ ယှဉ်ရင်တော့ သူမလက်ထဲက ငါးမန်းဘေဘီလေးစာအုပ်ကို အကြိုက်ဆုံးပင်။ ချစ်စရာကောင်းပြီး နာခံမှုရှိကာ မိုက်မဲလောဘကြီးတဲ့ ငါးမန်းဘေဘီလေးတွေကို တွေ့တိုင်းတွေ့တိုင်း အိမ်မှာရှိနေတဲ့ ငါးမန်းလေးနှစ်ကောင်ကို အမြဲတွေးမိနေတယ်လေ။

ရုံးခန်းထဲ၌ လူကြီးနှစ်ယောက်ဟာ ကလေးတွေရဲ့ ရုပ်ပြစာအုပ်တွေကို သဘောတကျ ဖတ်ရှုနေလျက်။

"စက်တင်ဘာလအထိ စောင့်ပေးပါ။ ကျွန်မတို့ မူကြိုမှာလည်း ကလေးတွေ ဖတ်ရှုဖို့အတွက် ဒီရုပ်ပြစာအုပ်တွေ ထည့်သွင်းပေးသွားမှာပါ"

…

"ဒီငါးမန်းဘေဘီလေးက အရမ်းကလေးဆန်တာပဲနော်။ ဇာတ်လမ်းက ရိုးရှင်းပေမယ့် ဆွဲချက်တွေကတော့ အရမ်းချစ်ဖို့ကောင်းတာပဲ။ ကျွန်မ ကြည့်ရင်းကြည့်ရင်း သဘောမကျမိဘဲကို မနေနိုင်ဘူး။ ဒီငါးမန်းဘေဘီလေးက သူ့အမေနဲ့ ကလေးလေးလို ပြုမူတဲ့အခါ အရမ်းချစ်ဖို့ကောင်းတာပဲကွယ်..."

ကလေးတွေရဲ့ ရုပ်ပြစာအုပ်တွေဟာ ကလေးတွေအတွက် ပို၍သင့်လျော်သော်လည်း လူကြီးတစ်ယောက်အနေဖြင့် ကျောင်းအုပ်ဝူမင်ကတော့ ရိုးရိုးရှင်းရှင်းဇာတ်လမ်းလေးနှင့် ငါးမန်းဘေဘီစာအုပ်ကို ပို၍နှစ်ခြိုက်သည်ပင်။

ချင်းရို့က ငါးမန်းဘေဘီလေးကို ရိုးရိုးရှင်းရှင်း ရေးဆွဲထားသော်လည်း ခေတ်သစ်ရုပ်ပြတွေရဲ့ စုတ်ချက်တွေဖြင့် ရေးဆွဲထားတာကြောင့် ပို၍ချစ်စရာကောင်းနေသည်ပင်။

ငါးမန်းမေမေအနားတွင်ရှိနေသော ငါးမန်းငယ်လေးရဲ့ ခန္ဓာကိုယ်ဝိုင်းဝိုင်းလေးမှာ ပိုပြီးဝတုတ်ဖောင်းကားနေသလို သူ့ရဲ့အနက်ရောင်ပဲစေ့မျက်လုံးလေးကြောင့်လည်း ပိုလို့တောင် ချစ်စဖွယ်ကောင်းနေလေ၏။

ငါးမန်းဆူးတောင်လေးတွေကလည်း ပျော့ပျောင်းနေပြီး သူ့ရဲ့လုံးဝိုင်းသေးငယ်တဲ့ကိုယ်လေးက သူ့မေမေရဲ့ ခေါင်း၊ ကျောနှင့် အမြီးပေါ်မှာ လဲလျောင်းနေကာ ချစ်ဖို့ကောင်းအောင် အမျိုးမျိုးသရုပ်ပြနေလေရဲ့။ ငါးမန်းသေးသေးလေးမှန်း သိသာထင်ရှားနေသော်လည်း မောင်းထုတ်လို့မရတဲ့ ယင်ကောင်တွေလိုမျိုးပါပဲ။

ကြည့်နေရုံနဲ့တင် ချစ်စရာကောင်းနေရောပဲ။

"တခြားငါး"ရဲ့ ရှေ့တွင် ငါးမန်းလေးက သူ့ရဲ့ ထက်ရှတဲ့ သွားတွေရှိတဲ့ပါးစပ်ကို ဖွင့်ပေလိမ့်မည်။

အတိုချုပ်ပြောရလျှင် ငါးမန်းလေးဟာ ချစ်စရာကောင်းနေသလို ကြမ်းတမ်းနေကာ ငါးမန်းဘေဘီလေးရဲ့ နေ့စဉ်စွန့်စားမှုအကြောင်းဖြစ်သည်။

"မင်းမှာ ကော်ပီဘယ်နှစ်အုပ်ရှိလဲ? ဒီတစ်စုံကို ငါ့အတွက် ထားခဲ့ပေးလေ။ ငါပြန်ယူသွားပြီးတော့ ငါ့သမီးကို ပြလိုက်မယ်"

"ငါ မင်းဆီက ပေါက်ဈေးအတိုင်း ဝယ်မယ်နော်"

"ရပါတယ် ကျောင်းအုပ်ကြီးရယ်။ ဒီတိုင်းယူသွားလိုက်ပါ။ အိမ်မှာ နည်းနည်းရှိပါသေးတယ်"

"မဟုတ်ဘူးလေ၊ ဘယ်လိုဖြစ်ပြီး ဒီလိုလုပ်ရမှာလဲ? မင်း ဒီလိုနဲ့ စတင်လို့မရဘူးနော်။ မင်းက ဒီစာအုပ်ကို လက်ဆောင်အဖြစ် ပေးလိုက်တယ်။ ပြီးရင်ရော? နောက်တစ်ယောက်က ထပ်တောင်းရင်ရော မင်းဘယ်လိုလုပ်မှာတုန်း?"

"ယုံချင်ယုံ မယုံချင်နေ၊ ငါ အပြင်မှာ ပြလိုက်တာနဲ့ တခြားဆရာတွေက ငါ့ကို တစ်အုပ်စီတောင်းကြလိမ့်မှာ"

"ဒါက အကြွေအနည်းငယ်ပဲရှိတယ်ဆိုပေမယ့်လို့ များများဖြစ်သွားရင် အဆင်မပြေဖြစ်လိမ့်မယ်လေ"

"ကောင်းပါပြီရှင် ကျောင်းအုပ်က ကျွန်မဆီက အော်ဒါမှာယူတဲ့သဘောပေါ့"

"မှန်တယ်"

ကျောင်းအုပ်ဝူပြောတာ တကယ်မှန်ကန်လေ၏။

သူမ အပြင်ထွက်ပြီး ဆရာမတချို့ကို ပြလိုက်သည်နှင့် ဆရာမတော်တော်များများက သူတို့လည်း လိုချင်တယ်လို့ ​ဆိုကြလေသည်။

အိမ်မှာ ကလေးရှိတဲ့သူတွေ၊ အထူးသဖြင့် ဆူညံပွတ်လောရိုက်နေတတ်တဲ့ ကလေးငယ်တွေ ရှိကြတယ်မလား? အကယ်၍ ကလေးရုပ်ပြစာအုပ်တစ်အုပ်ရှိရင် အချိန်ကုန်သက်သာနိုင်တယ်လေ။ လူကြီးတွေလည်း စိတ်သက်သာရာရစေပြီးတော့ ဒုက္ခတွေသက်သာစေမယ်ပေါ့။

ယခုခေတ်တွင် မိဘအများစုမှာ ငယ်စဉ်ကတည်းက သူတို့ကလေးတွေအား စာဖတ်ခြင်းအလေ့အထကို မပျိုးထောင်ပေးသေးသော်လည်း ကလေးတွေကို ဒီလိုရုပ်ပြစာအုပ်တွေ ဖတ်ခွင့်ပေးခြင်းဟာ ကြီးထွားဖွံ့ဖြိုးမှုအတွက် အထောက်အကူဖြစ်စေမှန်း အလိုလို ခံစားမိကြသည်။

ချင်းရို့ သူတို့အတွက် ငါးအုပ် ခြောက်အုပ် ယူလာပေးမယ်လို့ ပြောလိုက်၏။

"ထပ်မရှိတော့ဘူးနော်။ ဒီစာအုပ်တွေကို ရှင်းဟွာစာအုပ်ဆိုင်မှာပဲ ဝယ်လို့ရတယ်။ လုချန်မှာ ရှင်းဟွာစာအုပ်ဆိုင်ရှိလား မရှိလားတော့ ကျွန်မလည်းမသိဘူး?"

ကွမ်ချန်မှာ နည်းနည်းရှိသင့်တယ်နော်။ သူတို့က ကျွန်းဆီ တင်ပို့ပြီးပြီလားဆိုတာတော့ သူမလည်း မသိသေးပေ။

ချင်းရို့က ရှင်းဟွာစာအုပ်ဆိုင်ကို သွားမေးလိုက်ရာ လလယ်လောက်မှာ ရနိုင်မယ်လို့ ပြောလာခဲ့သည်။

ရှင်းဟွာစာအုပ်တိုက်မှ စာရေးမက သူမလက်ထဲက စာအုပ်ကို ကြည့်ပြီး

"ဒီစာအုပ်လား? ရောက်လာရင် ကျွန်မလည်း တစ်အုပ်ဝယ်ထားမယ်။ ဒါအရမ်းစိတ်ဝင်စားဖို့ကောင်းတယ်လို့ ကျွန်မထင်တယ်"

"ဘယ်သူဆွဲထားတာလဲ? တအားတိုက်ဆိုင်လိုက်တာနော်"

ချင်းရို့ သူမဆွဲထားတာကို တွေးမိပြီး ရှက်ရွံ့သွားလေ၏။

ယခုအချိန်၌ အမျိုးမျိုးသော ဖျော်ဖြေရေး လှုပ်ရှားမှုတွေ နည်းပါးလွန်းလှ၏။ လူတိုင်းက ဤကဲ့သို့ ချစ်စဖွယ်ရုပ်ပြကာတွန်းတွေနှင့် ပန်းချီစတိုင်မျိုးကို မမြင်ဖူးကြသေးတာကြောင့် သူမရဲ့ ငါးမန်းဘေဘီလေးအကြောင်းကို အရမ်းစူးစမ်းနေကြလေရဲ့။

ဘာပဲပြောပြော လူတိုင်းက ချစ်စဖွယ်ကောင်းတဲ့အရာတွေကို နှစ်သက်ကြတယ်လေ။

မစ္စတာချန်ယွီပိုင်ရဲ့ ပန်းချီစတိုင်မှာ လက်ရာမြောက်ပြီး ဆန်းပြားကာ သူရေးဆွဲထားတဲ့ စတိုင်ဟာ ယခုခေတ် ပန်းချီပုံစံနှင့် ပိုမိုကိုက်ညီပေသည်။

ချင်းရို့ ရှင်းဟွာစာအုပ်ဆိုင်မှ ထွက်လာပြီးနောက် အနည်းငယ် စိတ်သက်သာရာရသွားလေပြီ။ လက်ရှိအရွယ်ရောက်ပြီးသော စာဖတ်သူတွေရဲ့ အမြင်ကို အကဲဖြတ်ကြည့်ရရင်တော့ ရုပ်ပြစာအုပ်တွေက ဆွဲဆောင်မှုရှိနေသေးသည်ပင်။ သို့သော် ရောင်းအားကတော့ ဘယ်လိုဖြစ်မလဲဆိုတာ သူမ မသိပါချေ။

အားလုံးကို ရောင်းချနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်လေ... မူလက ကိုယ့်စရိတ်နဲ့ကိုယ် ထုတ်ဝေဖို့ ရည်ရွယ်ထားပေမယ့်လည်း ဘယ်သူက အပိုဝင်ငွေ မရှာချင်ဘဲနေမှာလဲနော်?

မစ္စတာချန်ရဲ့ ရုပ်ပြစာအုပ်တွေကို အုပ်ရေထောင်နဲ့ချီရောင်းနိုင်မယ်ဆိုရင်တော့ အနာဂတ်မှာ သူ ဒေါ်လာရာနဲ့ချီ ရှာနိုင်မယ်။

ခေတ်သစ်အမြင်အရဆိုရင်တော့ ဒေါ်လာရာအနည်းငယ်မှာ သိပ်မများပေမယ့် အခုချိန်မှာတော့ ပမာဏနည်းနည်းလေး မဟုတ်ဘူးလေနော်။

ငွေရှာနိုင်ရင် ကောင်းတာပေါ့...

ချင်းရို့က အစ်မဖြစ်သူမိသားစု ဝင်ငွေရဖို့အတွက် မစ္စတာချန်ကို ပန်းချီဆွဲပေးရန် အဆိုပြုခဲ့ခြင်းပင်။

ချန်မိသားစုက ချုံးကျိုးကျွန်းတွင် အခြေချနေထိုင်ရန် စီစဉ်ထားပြီးဖြစ်၍ လတ်တလောတုန်းက သူတို့အိမ်ထောင်စုစာရင်း ပြောင်းရွှေ့ရတဲ့ ပြဿနာကို ဖြေရှင်းခဲ့ရသည်။

သူတို့ ဤနေရာရှိ ကျေးရွာအဖွဲ့အစည်းသို့ လုံးလုံးလျားလျား ပြောင်းရွှေ့နိုင်ခဲ့ပါက မြေတချို့နှင့် အိမ်နေရာ ခွဲဝေရရှိနိုင်မည် ဖြစ်သည်။

ချန်မျန့်က ကျောင်းမှာ ဆရာအဖြစ် အလုပ်လုပ်နေပြီး ကျောင်းရှိ ကျောင်းသားအများစုမှာ အနီးနားရှိ ဆင်းရဲနွမ်းပါးသော လယ်သမားတွေရဲ့ ကလေးတွေဖြစ်ကြ၏။ သူက ကောင်းစွာ သင်ကြားပေးတာကြောင့် နာမည်ကောင်းတော်တော်ရနေခဲ့ပြီဖြစ်သည်။

ဤဒေသရှိ ရွာသူကြီးနှင့် အတွင်းရေးမှူးတို့ဟာ ဆင်းရဲကြသော်လည်း အိမ်ထောင်စုစာရင်း အပြောင်းအရွှေ့အတွက် တတ်နိုင်သလောက် ညှိနှိုင်းကူညီပေးကြလေ၏။

ချုံကျိုးကျွန်းတွင် သဘာဝအခြေအနေတွေ ကောင်းမွန်သော်လည်း သီးခြားနေရာဖြစ်ကာ ခေတ်နောက်ကျနေဆဲ။ သည့်အပြင် လက်ရှိတွင် ကမ်းရိုးတန်းကာကွယ်ရေးရဲ့ နယ်နိမိတ်ဖြစ်နေ၏။

ယေဘုယျအားဖြင့် ကွမ်တုန်းပြည်နယ်ရှိ မြို့ကြီးများမှ ပညာတတ်လူငယ်များဟာ ဒီလိုပတ်ဝန်းကျင်မျိုးကို လက်မခံနိုင်ကြပေ။ မကြာသေးခင်နှစ်များက ပညာတတ်လူငယ်အများအပြား ထွက်ပြေးသွားခဲ့ကြပြီးဖြစ်၏။

ပင်လယ်ထဲမှာ သေရရင်တောင်မှ ထွက်ပြေးရမယ်... မင်း အောင်အောင်မြင်မြင် ပြေးနိုင်သရွေ့ တခြားသာယာဝပြောတဲ့ကျွန်းကို သွားနိုင်မှာပဲ...

ပညာတတ်လူငယ်အနည်းငယ်သာ နေထိုင်ဖို့ ဆန္ဒရှိကြပြီး အများစုကတော့ ထွက်ခွာရန် နည်းလမ်းရှာနေကြသည်ပင်။ ဤနေရာတွင် အခြေချနေထိုင်လိုသော အပြင်လူများလည်းရှိသလို ဒေသခံများက ကြိုဆိုခြင်းလည်းမရှိ၊ ငြင်းပယ်ခြင်းလည်း မပြုကြပေ။

အဖွဲ့ဝင်အများစုသဘောတူနေသရွေ့ ချန်မိသားစုလည်း ပြောင်းရွှေ့နေထိုင်နိုင်ပေသည်။

ပြောင်းရွှေ့ပြီးတဲ့နောက် မြေကွက်သေးသေးလေးမှာ အိမ်တစ်လုံးဆောက်နိုင်လေရာ အိမ်တစ်လုံးဆောက်ဖို့အတွက် ပစ္စည်းတွေဝယ်ရန် အများကြီးကုန်ကျပေဦးမည်။

ချန်မိသားစုက ဒီငွေအတွက် ရုန်းကန်ကြိုးစားနေရဆဲ။ ခဲအိုရော၊ သူ့မိသားစုပါ ချင်းရို့ဆီမှာ ပိုက်ဆံချေးငှားဖို့ ပြောရန် အလွန်ရှက်ရွံ့နေကြတာကြောင့် သူတို့ သီးသန့် စုဆောင်းထားခဲ့သည်ပင်...

ချင်းရို့လည်း ပိုက်ဆံကို တိုက်ရိုက်ထုတ်ပေးလိုက်တာ သိပ်မကောင်းဘူးလေနော်။ ဒီတော့ လူတွေကို ငါးမျှားတတ်အောင် သင်ပေးလိုက်တာက ပိုကောင်းတယ်မလား...

လူတွေဟာ ကိုယ့်အစွမ်းအစနဲ့ ရှာလို့ရတဲ့ငွေတွေကို လွတ်လပ်စွာ သုံးစွဲနိုင်တယ်လေ။ အစ်မဖြစ်သူကိုလည်း ခိုင်ခံ့ထည်ဝါတဲ့ အုတ်အိမ်လေးမှာ နေစေချင်တယ်လေ...

မကြာတော့ပါဘူး... နောက်ထပ်နှစ်အနည်းငယ်စောင့်ပြီးရင်တော့ ဘဝက ပိုကောင်းလာလိမ့်မယ်... တောင်ပိုင်းမှာလည်း ဖွံ့ဖြိုးလာလိမ့်မှာ...

အဲဒီတုန်းက လူတော်တော်များများ နန်ယန်(Southeast Asia)ဘက် ရောက်သွားမှာကိုပဲ ကြောက်မိလေရဲ့။

All Chapters