← Chapters

ငါ မအောင့်နိုင်တော့ဘူး

Vol. 8 Ch. 734

ငါ မအောင့်နိုင်တော့ဘူး

Vol. 8 Ch. 734

ပထမဖြစ်ရပ်မှာ နတ်ဝံပုလွေလေး၏ အိမ်တွင် စဖြစ်ပွားလေသည်။ နတ်ဝံပုလွေလေးမှာ အသက်မဲ့နေသည့် အမူအရာဖြင့် လေသာခန်းတစ်ခန်းထဲတွင် ထိုင်ကာ အောက်ဘက်ခြံဝန်းထဲရှိ ဝိညာဥ်ကျင့်ကြံသူနှစ်ယောက် စီးချင်းထိုးနေသည်ကို ကြည့်နေသည်။

ဤစီးချင်းထိုးပွဲကို အနိုင်ရသူမှာ နတ်ဝံပုလွေလေး၏ ရွေးချယ်ခြင်းခံရမည်ဖြစ်ပြီး သူ၏နောက်လိုက်အဖြစ် အသုံးတော်ခံခွင့်ရမည် ဖြစ်သည်။

နတ်ဝံပုလွေလေးအတွက်မူ ထိုအချင်းအရာမှာ ရေးကြီးခွင်ကျယ် မဟုတ်လှသော်လည်း စီးချင်းထိုးပွဲထဲရှိ ဝိညာဥ်ကျင့်ကြံသူ နှစ်ယောက်အတွက်မူ ပြောင်းပြန်ပင်။ ထိုနှစ်ယောက်ထဲမှ အင်အားပိုနည်းသည့် ကျိုးချိန်ဝူဟုအမည်ရသော သက်လတ်ပိုင်းလူကြီးမှာ ပို၍ပင်စိတ်လှုပ်ရှားနေရသည်။ ဤ စီးချင်းထိုးပွဲမှာ သူ့အတွက်အရေးကြီးလွန်းလှသဖြင့် တိုက်ပွဲမစမီ အဆင့်မြင့် ဝိညာဥ်ဆေးလုံးတစ်လုံးကို ဝယ်ယူကာ သောက်သုံးခဲ့သည်။ ထို့ကြောင့် သူသည် စွမ်းအားပို၍ ကြီးမားလာရသည်။

ထိုစီးချင်းထိုးပွဲမှာ အချိန်အတော်အတန် ကြာနေပြီဖြစ်ပြီး ရုတ်တရက် ကျိုးချိန်ဝူ၏ မျက်နှာမှာ အမူအရာပြောင်းသွားတော့သည်။ ထို့နောက် သူသည် မယုံကြည်နိုင်သည့် မျက်နှာအမူအရာဖြင့် နောက်သို့ဆုတ်ခွာသွားတော့သည်။ သူက စကားပြောရန် ပြင်လိုက်ပါသော်လည်း ပါးစပ်ပင် မဟရသေးချိန်တွင် သူ၏ပြိုင်ဘက်မှာ သူ့ကိုဇီဝိန်ချုပ်ရန် ပြေးလာနေတော့သည်။

" ခဏနေပါဦး လီလင်ရှန်း၊ ငါ... "

သူက ထိုသို့ အထစ်ထစ်အငေါ့ငေါ့ ဆိုလိုက်ပါသော်လည်း စကားပင် မဆုံးသေးချိန်တွင် သူ၏ပြိုင်ဘက်မှာ သူ့ကို လျစ်လျှူရှုပြီး မှော်အတတ်တစ်ခု ထုတ်လွှတ်လိုက်တော့သည်။ ကျိုးချိန်ဝူမှာ စိုးစိုးထိတ်ထိတ်နှင့် ဘေးဘက်သို့ ရှောင်တိမ်းလိုက်သော်လည်း ထိုလှုပ်ရှားမှုကြောင့် သူ၏ဝမ်းဗိုက်ပေါ်သို့ ဖိအားသက်ရောက်သွားရာ အံ့အားသင့်ဖွယ်ကောင်းသည့် တဘူဘူမြည်သံတစ်သံ ပေါ်ထွက်လာရတော့သည်။

ထိုအံ့သြဖွယ်ကောင်းလောက်အောင် ကျယ်လောင်နေသည့် အသံအပြင် ကျိုးချိန်ဝူ၏ ဘောင်းဘီမှာ လေများထိုးထည့်ခံလိုက်ရသည့်အလား ဖောင်းကားသွားတော့သည်။ ခဏအကြာတွင် သူ၏ ဘဝတစ်လျှောက် ကြုံတွေ့ခဲ့ရဖူးသမျှထဲတွင် အဆိုးရွားဆုံးသော အနံ့ကြီးတစ်ခု ထိုနေရာတစ်ဝိုက်သို့ ပျံ့နှံ့သွားတော့သည်။

ကျိုးချိန်ဝူ၏ ပြိုင်ဘက် လီလင်ရှန်းမှာ သူနှင့်အနီးဆုံးတွင် ရှိနေသဖြင့် ထိုအနံ့၏ဒဏ်ကို ချက်ချင်း ခံစားလိုက်ရသည်။ လီလင်ရှန်းမှာ အမြုတေအဆင့်ရှိသော ကျင့်ကြံခြင်းအခြေခံတစ်ခု ပိုင်ဆိုင်ထားသဖြင့် သာမန်ဆိုလျှင် အဆိပ်ငွေ့များ ပြီးသည့် ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ သို့သော် ဤအနံ့မှာ ပြင်းထန်လွန်းလှ၍ သူမျက်နှာပျက်သွားရပြီး ချက်ချင်းပင် အော့အန်လုမတတ် ဖြစ်သွားရတော့သည်။

စီးချင်းထိုးပွဲကို ကြည့်နေကြသည့် လူတိုင်းမှာ အံ့အားသင့်ကုန်ကြပြီး မကြာသေးမီက မျက်လုံးများမှိတ်ထားသည့် နတ်ဝံပုလွေလေးမှာ ရုတ်တရက် မျက်လုံးများဖွင့်လိုက်ပြီး တအံ့တသြ လှမ်းကြည့်လိုက်လေသည်။

" ဘာအသံလဲဟ "

" မဖြစ်နိုင်တာ။ ငါတို့အဆင့်မှာရှိတဲ့ ကျင့်ကြံသူတွေက အစာမစားဘူးလေ။ ဒါမှမဟုတ် ကျိုးချိန်ဝူက ထူးခြားတဲ့ မှော်အတတ်တစ်ခုခု သုံးနေတာများလား "

ကြည့်ရှုနေကြသူအများစုမှာ မျက်လုံးများပြူးကာ စိုက်ကြည့်နေကြတော့သည်။

လီလင်ရှန်းမှာမူ အော့အန်ချင်သည့် စိတ်များကိုထိန်းချုပ်ကာ ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။

" မင်းဘာလုပ်တာတုံး၊ ကျိုးချိန်ဝူ "

ကျိုးချိန်ဝူမှာနီရဲနေသည့် မျက်နှာဖြင့် တောင်းတောင်းပန်ပန် ဆိုလိုက်သည်။

" ဒီနေ့ ဒီလောက်နဲ့ ရပ်ရအောင် တာအိုရောင်းရင်းလီ။ ဒီပွဲကို နောက်ရက်မှ အစားထိုးပြန်လုပ်ကြတာပေါ့ "

စိတ်ထဲတွင်မူ သူသည်ရူးသွပ်လုမတတ်ဖြစ်နေရသည်။ မည်သည့်အချင်းအရာများ ဖြစ်ပျက်နေသည်ကို လုံးဝမသိသဖြင့် စိတ်နှလုံးထဲတွင် သနားစဖွယ်ညည်းညူကာ နောက်လှည့်ပြီး ထွက်ခွာရန်ပြင်လိုက်သည်။ သူ၏ဝမ်းဗိုက်မှာ အပြင်းအထန် လှုပ်ရှားနေပြီး ရှက်စရာကောင်းလောက်အောင် တဂွီဂွီ မြည်နေတော့သည်။

" ဘာတွေတုံး။ ဘာတွေဖြစ်နေတာတုံး။ "

ကျိုးချိန်ဝူက ထွက်ခွာသွားရန် ပြင်နေစဥ် လီလင်ရှန်းမှာ ရှက်လွန်းလှသဖြင့် အော်ဟစ်လိုက်ပြီး ထပ်မံတိုက်ခိုက်ရန် ပြင်လိုက်သည်။ ထိုအချိန်တွင် ကျိုးချိန်ဝူမှာ သူ့ကို ကျောပေးထားသည်။

" ဝေးဝေးသွား " ကျိုးချိန်ဝူက အလောတကြီး အော်ပြောလိုက်သည်။

" ငါမအောင့်နိုင်တော့ဘူးဟ "

သို့သော် သူ၏စကားမှာ နောက်ကျသွားခဲ့ပြီ။ လီလင်ရှန်းက သူ့အနားသို့ရောက်လာပြီး သူ၏ကျောကုန်းကို ရိုက်နှက်လိုက်သည်။ ထိုအချိန်တွင် ကျိုးချိန်ဝူမှာ လုံးဝ မအောင့်နိုင်တော့ပဲ တဘူဘူမြည်သံကြီးမှာ မိုးခြိမ်းသံအလား ထွက်ပေါ်လာပြီးနောက် အငွေ့များပါ ပေါ်ထွက်လာတော့သည်။ လီလင်ရှန်းမှာ တုံ့ပြန်ချိန်ပင် မရလိုက်ပဲ ထိုအငွေ့ကြီးမှာ သူ့ကိုရိုက်ခတ်သွားတော့သည်။

ဤအနံ့မှာ ယခင်အကြိမ်ကထက် ပို၍ဆိုးပြီး လီလင်ရှန်းမှာလည်း အနီးကပ်ဖြစ်နေခဲ့သည်။ သူ၏ ပါးစပ်ထဲမှ အော်ဟစ်သံတစ်သံ ထွက်လာပြီး နောက်ဘက်သို့ သနားစဖွယ်အမူအရာဖြင့် ဆုတ်ခွာသွားတော့သည်။

" မင်းတော်တော် တရားလွန်နေပြီ ကျိုးချိန်ဝူ "

ကျိုးချိန်ဝူကမူ နီမြန်းနေသည့် မျက်နှာဖြင့် ထွက်ပြေးနေဆဲ။ သူသွားရာ လမ်းတစ်လျှောက်တွင် တဘူဘူမြည်သံများမှာ ပဲ့တင်ထပ်နေပြီး အငွေ့များ တသီတတန်း ကျန်ရစ်ခဲ့လေသည်။

သူ မရှိတော့သည့်အချိန်တွင်မှ နတ်ဝံပုလွေလေး၏ အိမ်ထဲရှိ ဝိညာဥ်ကျင့်ကြံသူများမှာ အသိစိတ်ဝင်လာကြတော့သည်။ ထိုအနံ့ကြီး သူတို့ဆီသို့ ရောက်လာသောအခါ သူတို့အားလုံးမှာ ဆူဆူညံညံ ဖြစ်ကုန်ကြတော့သည်။

" အဲဒါ၊ လေလည်သံမလား "

" ကျိုးချိန်ဝူ တမင်လုပ်တာပဲ ဖြစ်ရမယ် "

အရာရာတိုင်းမှာ ရှုတ်ယှက်ခတ်နေပြီး နတ်ဝံပုလွေလေးမှာ ဒေါသထွက်နေတော့သည်။ ၎င်းမှာ ပထမဖြစ်ရပ်ပင် ရှိသေးသည်။ အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာအချိန်လောက် ကြာပြီးနောက် ဗဟိုဧကရာဇ်မြို့၏ အခြားတစ်နေရာတွင် ဒုတိယဖြစ်ရပ်တစ်ခု ထပ်မံဖြစ်ပေါ်လာပြန်သည်။ ထို့နောက် တတိယဖြစ်ရပ်၊ စတုတ္ထဖြစ်ရပ်...

စတုတ္ထဖြစ်ရပ်မှာ အလွန် တုန်လှုပ်စရာကောင်းသည်။ မြို့နယ်အမှတ် ရှစ်ဆယ့်ခုနစ်ရှိ လူများစွာရှုပ်ယှတ်ခတ်နေသော စျေးတစ်စျေးတွင် လှပသော အမျိုးသမီးကျင့်ကြံသူတစ်ယောက်ကို အမျိုးသားကျင့်ကြံသူတစ်အုပ်စုက ဝန်းရံထားသည်။ ထိုတစ်ဖွဲ့လုံးမှာ ပျော်ပျော်ပါးပါး စကားစမြည်ပြောနေကြစဥ် ရုတ်တရက် ထိုအမျိုးသမီးမှာ မျက်နှာပျက်သွားရပြီး တဘူဘူမြည်သံကြီးတစ်သံမှာ ကျယ်လောင်စွာ ပေါ်ထွက်လာသည်။

ထိုအခါ အမျိုသားကျင့်ကြံသူအားလုံး မှင်တက်ကုန်ကြပြီး လွှတ်ခနဲ မေးလိုက်တော့သည်။

“ ဘာအသံကြီးလဲ "

ထို့နောက် ဖော်ပြ၍မရနိုင်လောက်အောင် ဆိုးရွားသည့် အနံ့တစ်ခုကြောင့် သူတို့၏မျက်မှာအမူအရာများမှာ ပြောင်းလဲသွားရတော့သည်။ အမျိုးသမီးကျင့်ကြံသူထံမှ တဘူဘူမြည်သံများမှာမူ အဆက်မပြတ် ထွက်နေတော့သည်။

ထိုအမျိုးသမီးကျင့်ကြံသူမှာ ဗုံတစ်ခုကို တီးခတ်နေသည့်အလား ဖြစ်နေတော့သည်။ လူများမှာ မျက်လုံးများပြူးသွားကြပြီး ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြတော့သည်။ အမျိုးသမီးကျင့်ကြံသူမှာမူ ငယ်သံပါအောင်အော်ကာ ထိုအသံများကို တားဆီးရန်ကြိုးပမ်းလိုက်ပါသော်လည်း မစွမ်းနိုင်ပေ။

ဘူ ဘူ ဘူ….

အဆိပ်ပြင်းသော အနံ့ဆိုးကြီးများမှာ ထိုလူများစွာ ထူထပ်နေသည့် စျေးထဲတွင် အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားသဖြင့် အလန့်တကြားအော်ဟစ်သံများစွာ ပေါ်ထွက်လာတော့သည်။ လူတိုင်းမှာ ကြောက်ကြောက်လန့်လန့်နှင့် ကမူးရှူးထိုး ထွက်ပြေးနေကြသည်။

ထိုသို့သော ဖြစ်ရပ်မှာ မြို့နယ်အမှတ် ရှစ်ဆယ့်ခုနစ် တစ်ခုထဲတွင်သာ ဖြစ်ခဲ့သည်မဟုတ်။ မြို့နယ်အမှတ် ရှစ်ဆယ့်ရှစ်၊ ရှစ်ဆယ့်ခြောက်နှင့် ရှစ်ဆယ့်ငါးတို့တွင်လည်း ဖြစ်ပေါ်ခဲ့သည်။ မြို့နယ်အမှတ် ရှစ်ဆယ့်ကိုးတွင်မူ ဖြစ်ရပ်များမှာ ပို၍များပြားနေတော့သည်။

ထို တဘူဘူမြည်သံများနှင့် အနံ့ဆိုးကြီးတို့မှာ မြို့တော်တစ်ခုလုံးတွင် ပြည့်နှက်နေသဖြင့် အရာရာတိုင်း ရှုတ်ယှက်ခတ်စပြုလာတော့သည်။ ထိုအနံ့ကို ရှူရှိုက်မိလိုက်သူတိုင်းမှာ ကူးစက်ရောဂါ ခံစားလိုက်ရသည့်အလား ဖြစ်သွားကြသည်။

ခဏအကြာတွင် အငွေ့တိမ်တိုက်ကြီးမှာ မြို့တော်၏နေရာအများစုကို ဖုံးအုပ်သွားပြီဖြစ်သည်။

သို့သော်လည်း စိတ်ကူးနှင့်ပင် ခန့်မှန်း၍မရနိုင်လောက်အောင် ကြီးမားသည့် အန္တရာယ်ကြီးတစ်ခုမှ မပေါ်လာသေးပေ။ ခဏအကြာတွင် ဝမ်းပျက်နေသည့် ကျင့်ကြံသူများမှာ ထိုလေဆိုးများကို ထုတ်ပြီးနောက် စတင် ဝမ်းလျှောလာသည်ကို သတိထားမိလိုက်ကြသည်။ ကံကောင်းသူများမှာ တစ်ယောက်ထဲရှိချိန်တွင် ဝမ်းလျှောကြပါသော်လည်း အများစုမှာ အပြင်သို့ရောက်နေကြေသာအခါမှာ ဖြစ်သည်။ ခဏအကြာတွင် ရူးသွပ်မှုများပြည့်နှက်နေသည့် သနားစဖွယ် အော်ဟစ်မြည်တမ်းသံများမှာ မြို့နယ်အမှတ် ရှစ်ဆယ့်ကိုးအနီးနားရှိ နေရာများတွင် ပြည့်နှက်နေတော့သည်။

" ဘာတွေဖြစ်နေတာလဲကွာ "

" ချောင်းမြောင်းတိုက်ခိုက်နေတာတော့ မဟုတ်လောက်ဘူးမလား။ အဲဒီလို ဖြစ်စရာ အကြောင်းမရှိပါဘူး "

" ဘယ်သူလဲ။ ဘယ်သူလုပ်တာလဲ။ ငါအဲဒီကောင်ကို သတ်မယ်ဟေ့ "

စိတ်ပျက်လက်ပျက် အော်ဟစ်ညည်းညူသံများမှာ ဗဟိုဧကရာဇ်မြို့တော်တစ်ခွင် ပြည့်နှက်နေသည်။

ထိုဖြစ်ရပ်များကို ပိုင်ရှောင်ချန်းက ကြားသိသွားပြီး သူ၏ဆိုင်အပြင်ဘက်ရှိ ဝိညာဥ်ကျင့်ကြံသူတစ်ယောက်ကြောင့် လမ်းပေါ်တွင် နံစော်နေရသည်ကို သတိထားမိလိုက်သည်။ ထိုအနံ့ဆိုးကြီး ပျံ့နှံ့လာသောအခါ လူများမှာ ရုတ်ရုတ်သဲသဲနှင့် ရှောင်တိမ်းနေကြတော့သည်။

ပိုင်ရှောင်ချန်းမှာ မျက်လုံးပြူးသွားရပြီး ပိုင်ဟောက်မှာ အလွန်အံ့အားသင့်နေရသည်။

" တစ်ခုခုတော့လွဲနေပြီ "

ပိုင်ရှောင်ချန်းက ရေရွတ်လိုက်သည်။

" ငါထည့်ခဲ့တဲ့ မီးခိုးငွေ့က ဝမ်းလျှောစေတာပါကွ။ ဘာလို့ လူတိုင်းက လေလည်နေရတာတုံး "

သူပါ ကူးစက်ခံရမည်စိုးသဖြင့် ထိုအငွေ့နှင့်ဝေးရာသို့ ဆုတ်ခွာလိုက်လေသည်။ ထို့နောက် ဒုတိယ ဝိညာဥ်ကျင့်ကြံသူတစ်ယောက်ထံမှ တဘူဘူမြည်သံများပေါ်ထွက်လာသဖြင့် သူ မျက်လုံးပြူးသွားရတော့သည်။

မကြာမီတွင် တတိယတစ်ယောက်၊ ထို့နောက် စတုတ္တတစ်ယောက်တို့မှာလည်း ထိုနည်းတူပင်...

အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာအချိန်တွင် သူ၏ဆိုင်နားရှိ လမ်းပေါ်မှ လူရှစ်ယောက်မှာ အနံ့ဆိုးကြီးများကို အရပ်မျက်နှာအနှံ့ ထုတ်လွှတ်နေတော့သည်။ လမ်းသွားလမ်းလာများထံမှ အလန့်တကြားအော်ဟစ်သံများ ထွက်ပေါ်လာပြီး လူတိုင်းမှာ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြသည်။

သူ၏ အိမ်ဘေးချင်းကပ်ရပ်ဖြစ်သော စီမာတာအိုနှင့် စွန်းရီဖန်တို့မှာလည်း တအံ့တသြဖြစ်နေကြပြီး ထိုအငွေ့ကို တွန်းလှန်၍မရကြောင်း ချက်ချင်းပင်သိသွားတော့သည်။ ထိုအောက်လမ်းဆရာနှစ်ယောက်စလုံးမှာ အလွန်ဂနာမငြိမ် ဖြစ်သွားရသည်။

ပိုင်ဟောက်မှာ အရူးတပိုင်းဖြစ်နေသော လူအုပ်ကြီးကို စိုးစိုးထိတ်ထိတ်နှင့်လှမ်းကြည့်လိုက်ပြီး ပိုင်ရှောင်ချန်းဘက်သို့ လှည့်ကာ ဆိုလိုက်လေသည်။

" ဆ...ဆရာရေ.. အဲဒီလူတွေအကုန်လုံးရဲ့လက်ထဲမှာ အဆင့်မြင့်ဝိညာဥ်ဆေးဝါးတွေရှိနေတာ၊ မဟုတ်မှလွဲရော... "

" တိုးတိုးပြောဟ "

ပိုင်ရှောင်ချန်းက ကြားဖြတ်ပြောလိုက်သည်။ ထို့နောက် သူကရှေ့သို့ပြေးသွားပြီး တံခါးကို ဝုန်းခနဲစောင့်ပိတ်လိုက်တော့သည်။

" မဟုတ်မှလွဲရော ဆေးမဖော်စပ်တာကြာလို့ ငါအမှားမှားအယွင်းယွင်းတွေ ဖြစ်ကုန်တာများလား။ ဝမ်းလျှောရောဂါ ဖြစ်ရမှာလေ ဘာလို့လူတိုင်း လေလည်နေကြတာလဲ။ အဲဒီအနံ့ကြီးက တော်တော်ကို ဆိုးတာပဲ "

သူက စိတ်ပျက်လက်ပျက် ခေါင်းခါပြီး သူ သဲကြီးမဲကြီး ဆေးဖော်စပ်ခဲ့စဥ်က ဖြစ်ပျက်ခဲ့သမျှ မတော်တဆမှုအမျိုးမျိုးကို ပြန်လည်တွေးတောနေတော့သည်။

" ငါဒီတစ်ခေါက် တမင်လုပ်တာ မဟုတ်ရပါဘူး။ ဒီလို ဆိုးဆိုးရွားရွားတွေအထိ ဖြစ်ကုန်မယ်လို့ ဘယ်သူကထင်မိမှာလဲ "

သူက ရင်တဒိန်းဒိန်းခုန်လျက် လမ်းပေါ်ရှိ အငွေ့များနှင့် ပြေးလွှားနေကြသည့် ဝိညာဥ်ကျင့်ကြံသူများကို လှမ်းကြည့်လိုက်သည်။ အချို့မှာ ထိုအနံ့ကိုမခံနိုင်သဖြင့် သတိမေ့မျောကုန်ကြသည်။ ထိုအရာများကို မြင်လိုက်ရသောအခါ ပိုင်ရှောင်ချန်းမှာ ပို၍ကြောက်ရွံ့သွားတော့သည်။

သူက တုန်တုန်ရီရီနှင့် ရေရွတ်လိုက်တော့သည်။

" အဲဒီအနံ့ဆိုးကြီးက တော်တော်စွမ်းတာပဲဟ။ ဘယ်ကျင့်ကြံခြင်းအဆင့်မှာပဲ ရှိရှိ လူတိုင်းအပေါ် သက်ရောက်မှုရှိနေတာပဲ "

All Chapters