← Chapters

အဘုိးကြီးများက မင်းကို စိန်ခေါ်မယ်

Vol. 8 Ch. 738

အဘုိးကြီးများက မင်းကို စိန်ခေါ်မယ်

Vol. 8 Ch. 738

လတ်တလောဖြစ်ပွားခဲ့သည့် ကပ်ဘေးကြီးပြီးနောက် ကျိုးဟုန်မှာ အချိန်ကုန်ငွေကုန်ခံကာ ပြဿနာများကို ပြေလည်အောင် လုပ်နေရသည်။

သို့သော်လည်း စီမာတာအိုနှင့် စွန်းရီဖန်တို့၏ စီးပွားရေးမှာ အကြီးအကျယ်ထိခိုက်သွားခဲ့ပြီး သူတို့ဆီလာသည့် ဖောက်သည်မှာ မရှိသလောက်နည်းသွားရသည်။ ကျိုးဟုန်၏ အားထုတ်မှုများကြောင့် မြို့နယ်အမှတ် ရှစ်ဆယ့်ကိုးတွင် ဖြစ်ပျက်ခဲ့သည့် အရာများနှင့်ပတ်သတ်သော သတင်းအများစုမှာ ငြိမ်ကျသွားရသည်။ သို့သော်လည်း သတင်းလုံးဝမပြန့်အောင် တားဆီးရန်မှာ မဖြစ်နိုင်ပေ။

စီမာတာအိုနှင့် စွန်းရီဖန်တို့ကို မည်သူမှ စိတ်မဝင်စားကြတော့ပေ။ သို့သော် ကပ်ဘေးကြီးဖြစ်ခဲ့သောနေ့က ပိုင်ရှောင်ချန်း၏ ဆောင်ရွက်မှုကြောင့် သူ့ကိုထောက်ခံအားပေးကြသူများမှာ ပိုမိုများပြားလာသည်။ ချက်ချင်းပင် သူ၏ဆိုင်ထဲသို့ ဖောက်သည်များမှာ ဝင်လာမစဲတသဲသဲဖြစ်နေတော့သည်။

ထိုနေရာတစ်ဝိုက်ရှိ ပိုင်ရှောင်ချန်းကိုကူညီပေးခဲ့သော ဆိုင်များမှာလည်း အကျိုးကျေးဇူးများ ခံစားနေရတော့သည်။ ထို့ကြောင့် အဆင့်မြင့်စိတ်စွမ်းအင်မြှင့်တင်မှုများကို အလိုရှိသည့် ဝိညာဥ်ကျင့်ကြံသူများ ရောက်လာတိုင်း သူတို့ကို ပိုင်ရှောင်ချန်းဆီသို့ ညွှန်းပေးလိုက်ကြသည်သာ ဖြစ်သည်။

ပိုင်ရှောင်ချန်း၏ စီးပွားရေမှာ ထိန်းမနိုင်သိမ်းမရ တိုးတက်နေတော့သည်။ သူ နာမည်စကြီးခဲ့သည့်အချိန်တုံးကထက်ပင် ပို၍ တိုးတက်နေသည်။ ပိုင်ဟောက်မှာမူ ဟိုဟိုသည်သည် မပြတ်ပြေးလွှားနေရပြီး ယခင်ကထက် အလုပ်ရှုပ်နေရတော့သည်။ ပိုင်ရှောင်ချန်းမှာမူ အရာရာတိုင်းကို ကျေနပ်နေသဖြင့် အစီအစဥ်မှာ အမှားအယွင်းမရှိ အထမြောက်သွားခဲ့သည်ကို အထူးနှစ်ခြိုက်သဘောကျနေတော့သည်။ အကြံအစည်များချကာ အကွက်ကျကျ ဆောင်ရွက်ရသည့်ကိစ္စများတွင် ပိုင်ဟောက်က အလွန်အသုံးဝင်သည်မှာ အမှန်ပင်။

ယခုအချိန်တွင် ပိုင်ရှောင်ချန်းမှာ သူ၏ဆိုင်နောက်ရှိအခန်းထဲတွင် ဆယ့်ခုနစ်ရောင်ခြယ်မီးတောက်နှင့် ပတ်သတ်သည့် စမ်းသပ်မှုများကို ပြုလုပ်နေသည်။

သူသည် ထိုမီးတောက်ကို လေ့လာရာတွင် အထူးကျေနပ်အားရနေသည်။ သူ၏ လပေါင်းများစွာ ကြိုးစားအားထုတ်မှုများကြောင့် ဤမီးတောက်အမျိုးအစားကို ယခင်ကထက်ပို၍ ကောင်းကောင်းနားလည်လာပြီဖြစ်ကြောင်း ခံစားနေရသည်။ ယခုသူကြုံတွေ့နေရသည့် အဓိက ပြဿနာနှစ်ခုကိုသာ ဖြေရှင်းနိုင်ပြီဆိုပါက ထိုမီးတောက်ကို စ၍ ကြိုးစားဖန်တီးနိုင်တော့မည် ဖြစ်သည်။

ရုတ်တရက် သူသည် ထိုပြဿနာများအနက်တစ်ခုကို ဖြေရှင်းနိုင်လိုက်သဖြင့် သူ၏မျက်ခုံးများမှာ မြင့်ချီနိမ့်ချီ လှုပ်ရှားနေတော့သည်။ ထိုပြဿနာ ပြေလည်သွားပြီဖြစ်၍ အရာအားလုံးမှာ အဓိပ္ပါယ်ရှိလာတော့သည်။

သို့သော် ထိုအချိန်တွင် ဆိုင်၏အဓိက အခန်းထဲတွင် ပိုင်ဟောက်မှာ အလန့်တကြား အော်ဟစ်လိုက်တော့သည်။

ထို့နောက် မိုးခြိမ်သံကဲ့သို့သော အသံကြီးနှစ်သံမှာ လမ်းမပေါ်မှ သူ၏ဆိုင်ထဲသို့ ဝင်ရောက်လာတော့သည်။ ဆိုင်တစ်ဆိုင်လုံးမှာ တုန်ရီသွားရပြီး နံရံနှင့် မျက်နှာကြက်များပေါ်တွင် အက်ကွဲကြောင်းများ ပေါ်လာကာ ဆိုင်ကြီးမှာ အချိန်မရွေးပြိုလဲတော့မည့်အလား ဖြစ်သွားတော့သည်။

ပိုင်ရှောင်ချန်းမှာ ဝမ်းမြောက်ကြည်နူးနေရာမှ လန့်ဖျပ်သွားရသည်။ သူက စိတ်ကသိကအောက်ဖြင့် နောက်ခန်းထဲမှ ဝုန်းခနဲထွက်လာသောအခါ စီမာတာအိုနှင့် စွန်းရီဖန်တို့၏ ဒေါသတကြီးအော်ဟစ်သံများ ပေါ်ထွက်လာတော့သည်။

" အခုချက်ချင်း အပြင်ထွက်ခဲ့စမ်း ပိုင်ဟောက် "

" ရွံစရာကောင်းတဲ့ အယုတ်တမာပိုင်ဟောက်။ အဲဒီဝိညာဥ်ဆေးလုံးတွေကို ပြုပြင်ခဲ့တာ မင်းပဲ။ ငါတို့ရဲ့နာမည်ကို အပုပ်ချရလောက်တဲ့အထိ အတင့်ရဲလှပါလား။ မင်းနဲ့ ငါတို့ကြား ရှင်းစရာ စာရင်းတွေ ကျန်သေးတယ်ကွ "

သူတို့၏ အော်ဟစ်သံများမှာ ဒေါသများ ပြည့်နှက်နေသဖြင့် ထိုနေရာတစ်ဝိုက်ရှိ အခြားဆိုင်များပင် တုန်ခါစပြုလာတော့သည်။

ထိုစကားများကို ကြားလိုက်ရသူတိုင်းမှာ အံ့အားသင့်သွားကြရပြီး ချီတုံချတုံ အမူအရာများဖြင့် လှမ်းကြည့်လိုက်ကြတော့သည်။

" ပိုင်ဟောက်က ဝိညာဥ်ဆေးလုံးတွေကို ပြုပြင်ခဲ့တာတဲ့လား "

" ဟုတ်တယ်။ သူ့မှာ အဲဒီလို့လုပ်ရတဲ့ အကြောင်းပြချက်က ရှိနေတာပဲ။ ဒါပေမဲ့ သူအဲဒီလို ပြုပြင်နိုင်လောက်တဲ့အထိ ကျွမ်းကျင်မှုမရှိဘူးလို့ ထင်တာပဲ "

ပိုင်ရှောင်ချန်းမှာ အစတွင် နှောင့်ယှက်ခံလိုက်ရသဖြင့် စိတ်ကသိကအောက်ဖြစ်နေပါသော်လည်း ထိုစကားသံများကို ကြားလိုက်ရသောအခါတွင်မူ သူ၏နှလုံးသားထဲတွင် စိုးထိတ်မှုများနှင့် အပြစ်ရှိသလို ခံစားနေရသည့် စိတ်များမှာ နိုးထလာတော့သည်။ သို့သော် အကြံအစည်ချနေရန် အချိန်မရှိပေ။ ပိုင်ဟောက်ကိုလည်း အပြင်တွင် တစ်ယောက်ထဲ ထားထားရန်မှာ မဖြစ်နိုင်ပေ။

သူ၏ဆိုင်မှာ ယိုယွင်းနေပြီဖြစ်သည်။ ကံကောင်းသည်မှာ ပိုင်ဟောက်သည် ထိခိုက်မှုမရှိသေးပေ။ သို့သော်ငြားလည်း ပိုင်ရှောင်ချန်းမှာ အလွန်ကြိုးစားကာ ဤဆိုင်ကို တည်ထောင်ခဲ့ရသည်ဖြစ်၍ ယခု အခြားတစ်ယောက်က ထိုဆိုင်ကို ဖျက်လိုဖျက်စီး လုပ်နေသည့်မြင်ကွင်းမှာ သူ၏အိမ်ထဲသို့ လူတစ်ယောက်ဖောက်ဝင်လာသကဲ့သို့ ဖြစ်နေတော့သည်။ ယခုတွင် သူ၏ဒေါသမီးများမှာ လောင်ကျွမ်းနေပြီဖြစ်သည်။

သူက နီမြန်းနေသည့် မျက်ဝန်းများဖြင့် အော်ဟစ်လိုက်လေသည်။

" သြော် စေတနာကို ဝေဒနာနဲ့ ပြန်တုံ့ပြန်တယ်ပေါ့။ ဟုတ်လား စီမာတာအိုနဲ့ စွန်းရီဖန်။ မင်းတို့ရဲ့ နာမည်ကို မင်းတို့ဟာမင်းတို့ ဖျက်တာအားမရလို့ ငါ့ကိုပါ စီးပွားပျက်အောင်လုပ်နေတာလားကွ။ ရွံဖို့တယ်ကောင်းပါလား "

" ကပ်ဘေးကြီးဖြစ်တုံးက ငါသာဝင်မပါခဲ့ရင် မင်းတို့နှစ်ယောက် အသက်ပျောက်ရင်ပျောက်နေလောက်ပြီ။ လူတိုင်းကို ငါထိန်းပေးပြီး မင်းတို့ဖြေရှင်းပေးနိုင်ဖို့ အချိန်ဆွဲပေးခဲ့တာ မဟုတ်ဘူးလား။ ပြဿနာတစ်ခုလုံးကို ဖြေရှင်ပေးခဲ့တာ ငါပါကွာ "

" မင်းတို့ ကျေးဇူးမတင်ချင်ရင်လည်းရတယ် ကိစ္စမရှိဘူး။ ဒါပေမဲ့ အခု မင်းတို့က ငါ့ကိုသွားပုပ်လေလွင့်တွေပါ ပြောရဲတယ်ပေါ့။ မင်းတို့နှစ်ယောက်က.. အနိုင်ကျင့်ဖို့လောက်သိတဲ့ လူတွေပဲ "

ပိုင်ရှောင်ချန်းမှာ အတတ်နိုင်ဆုံး လေသံကျယ်ကျယ်ဖြင့်ပြောကာ တစ်နေရာလုံးတွင် ပဲ့တင်ထပ်သွားစေတော့သည်။ စီမာတာအိုနှင့် စွန်းရီဖန်တို့ထံတွင် သဲလွန်စ အချို့ရှိနေကြောင်း သူကသိသဖြင့် ခြိမ်းခြောက်သည့်အမူအရာဖြင့် သူတို့နှစ်ယောက်ကို ခြောက်လှန့်ရန် ကြိုးစားလိုက်ခြင်းဖြစ်သည်။

ထိုအခါ စီမာတာအိုမှာ ပို၍ဒေါသထွက်လာပြီး ပြန်လည်တုံ့ပြန်လိုက်လေသည်။

" ပိုင်ဟောက်၊ မင်း.... "

" ငါ ဘာဖြစ်တုံး "

ပိုင်ရှောင်ချန်းက ကြားဖြတ်ဝင်ပြောကာ သူ့ကိုစိုက်ကြည့်လိုက်သည်။

“ မင်းငါ့ဆိုင်ဘေးမှာ ဆိုင်အသစ်တစ်ခုလာဖွင့်ပြီး ငါနဲ့ပေါ်ပေါ်ထင်ထင် ပြိုင်ဆိုင်တုံးက ငါမင်းကိုရပ်ပါလို့ တားခဲ့လား စီမာတာအိုရ။ မင်းဆိုင်ကို ငါဖျက်စီးပစ်မယ်ဆိုပြီး ခြိမ်းခြောက်ဖူးလား။ မင်းကိုငါ တည့်တိုးကြီး ကျိန်ဆဲဖူးလား "

" ငါ အနိုင်ကျင့်ခံရတာကို တိုးတိုးတိတ်တိတ်နဲ့ လက်ခံခဲ့တယ်လေ။ ဘာမှလည်း စောဒက မတက်ခဲ့ဘူး။ ဘာလို့လဲ။ ပိုင်ဟောက်ဆိုတဲ့ငါက ဒီနေရာမှာ ဘောင်မဝင်တဲ့ကောင်မလို့၊ မင်းကို ရန်မစရဲလို့လေ "

" ငါ့စေတနာကို အခွင့်ကောင်းယူပြီး မင်းနိုင့်ထက်စီးနင်းလုပ်တုံးကလည်း ငါဘာမှ ပြန်မလုပ်ခဲ့ဘူး။ မင်း အခြေအနေဆိုးနေပြီး ငါအခွင့်ကောင်းယူလို့ရတဲ့ အချိန်ရောက်တော့ရော ငါ့မှာ ငါ့ကိုယ်ကျင့်တရားကို ထိန်းသိမ်းချင်လို့ ငါမလုပ်ခဲ့တာတွေ အများကြီးပဲကွ "

" တခြားဆိုင်က တာအိုရောင်းရင်းတွေ ဒီအရှုတ်ထုပ်ထဲ ဝင်ပါလာတာကို ငါလက်ပိုက်ကြည့်မနေနိုင်လို့ မင်းတို့ကို ငါကူညီခဲ့တာလေ။ ဒါပေမဲ့ အခုကြတော့ မင်းတို့က ငါ့ကို မတော်မတရား လာစွပ်စွဲတယ်တဲ့လား။ စီမာတာအို၊ မင်းမှာ နှလုံးသားမရှိဘူးဘူးလား။ ရှိတယ်ဆိုရင်လည်း ရင်ကိုခွဲပြီးပြစမ်းပါကွာ။ အေး အဲဒီလိုပြရင်လည်း မိစ္ဆာတစ်ကောင်လို ပုပ်ပွနေတဲ့ နှလုံးသားကြီးပဲ မြင်ရမှာ "

" မင်းတို့တွေက ကျေးဇူးမတင်ရုံတင်မကဘူး၊ လောကကြီးမှာရှိတဲ့ အရှက်အကြောက်ကြီးတဲ့ လူကောင်းတွေကို ဖိနှိပ်တတ်တဲ့ ကောင်တွေပဲ။ မင်းတို့တွေက လုံးဝကို တစ်ကိုယ်ကောင်းဆန်ပြီး ငါ့ကိုစကားတစ်ခွန်းတောင် ပြန်ပြောဖို့ မထိုက်တန်တဲ့ကောင်တွေ။ "

ပိုင်ရှောင်ချန်း၏ စကားများထဲရှိ ပြတ်သားမှုများမှာ သံချောင်းများကို ကျိုးပျက်စေနိုင်ပြီး သံတုံးများကို အပိုင်းပိုင်းပြတ်စေနိုင်သည်အထိ ထက်မြက်လွန်းလှကာ ကောင်းကင်ယံရှိ တိမ်တိုက်များသဖွယ် ခမ်းနားကြီးကျယ်ကာ မြင့်မားလွန်းနေသည်။

ပိုင်ရှောင်ချန်း၏ စကားလုံးများမှာ ဓားသွားများအလား စီမာတာအိုကို တိုက်စားနေသည့်ပမာ ဖြစ်နေသောကြောင့် သူ အလွန်တုန်လှုပ်သွားရပြီး မသိစိတ်ကပင် နောက်သို့ခြေလှမ်းအနည်းငယ် ဆုတ်ခွာသွားတော့သည်။ သူသည် မိန်းမောနေပြီး ပိုင်ရှောင်ချန်းကို ပြန်လည်တုံ့ပြန်လိုစိတ်ဖြင့် စိုက်ကြည့်လိုက်လေသည်။ ပါးစပ်ကိုပင် ဟလိုက်သေးသော်လည်း စကားတစ်ခွန်းမှ ထွက်မလာပေ။

ပိုင်ရှောင်ချန်း၏ စကားကြောင့် စီမာတာအိုမှာ အံ့အားသင့်ကာ ဂယောင်ခြောက်ခြားဖြစ်နေရသည်ကို စွန်းရီဖန်က သတိထားမိလိုက်သောအခါ အော်ဟစ်လိုက်တော့သည်။

" အဓိပ္ပါယ်မရှိတာတွေ ရပ်လိုက်စမ်း ပိုင်ဟောက်ရာ "

" စွန်းရီဖန် မင်းလည်း ပါးစပ်ပိတ်ထားလိုက်ကွာ " ပိုင်ရှောင်ချန်းက ပြန်ဟောက်လိုက်သည်။

" မင်းနဲ့စီမာတာအိုတို့က သူခိုးတွေလို ဉာဏ်နီဉာဏ်နက်များတာကို ကိုယ်တော်ပိုင်မသိဘူး ထင်နေတာလား။ မင်းတို့က ငါ့ရဲ့ ဘေးတစ်ဖက်တစ်ချက်စီမှာ ဆိုင်တွေဖွင့်ခဲ့တာလေ။ မင်းတို့ရဲ့ နောက်မှာ အမွေဆက်ခံသူတစ်ယောက်က ထောက်ပံ့ပေးနေတဲ့အပြင် မင်းတို့ရဲ့ အောက်လမ်းဆရာလောကမှာရှိတဲ့ ဝါရင့်သက်တမ်းကို အကြောင်းပြပြီး ငါ့ကိုအရင်းပြုတ်အောင်လုပ်ဖို့ ကြိုးစားခဲ့တာမလား "

" မင်းတို့သိလား။ ငါမေးချင်နေတဲ့ မေးခွန်းတစ်ခုရှိတယ်။ မင်းတို့ကို ငါစော်ကားမိတဲ့ ကိစ္စတစ်ခုခုများ လုပ်ခဲ့လား၊ မလုပ်ခဲ့ဘူးလား။ ငါမလုပ်ခဲ့ဘူးကွ။ မင်းတို့က အမြတ်ကြီးစားချင်တာနဲ့ ငါ့ကို အသက်မွေးဝမ်းကြောင်း မလုပ်နိုင်အောင် လိုက်ပြီး ပိတ်ပင်ခဲ့တာလေ။ အဲဒီလောက်ဆို ငါသည်းခံနိုင်သေးတယ်။ ဒါပေမဲ့ အခုဟာက မင်းတို့က အခြေအမြစ်မရှိတဲ့ သက်သေအတုတွေသုံးပြီး မင်းတို့ရဲ့ နာမည်တွေကို ပြန်အဖတ်ဆယ်ချင်နေတာပေါ့ ဟုတ်လား။ အေး ငါပြောမယ်။ ငါ့ဆီမှာ ဘာမှကွယ်ဝှက်ထားတာ မရှိဘူး။ အဲဒါကြောင့် မင်းတို့လို မကောင်းမှု လုပ်တဲ့ကောင်တွေကို ကြောက်မနေဘူးဟေ့ "

ပိုင်ရှောင်ချန်း၏ စကားများမှာ ပွင့်လင်းလွန်းလှပြီး မြစ်တစ်စင်းအလား ချောမွေ့စွာ ထွက်ပေါ်လာသည်။ ထို့ကြောင့် ပိုင်ရှောင်ချန်းမှာ ယခင်ကထက်ပင် ပို၍အံ့သြဖွယ်ကောင်းနေသဖြင့် စီမာတာအိုနှင့် စွန်းရီဖန်နှစ်ယောက်စလုံးမှာ ကြက်သေသေကာ နှလုံးသားထဲတွင် ဒေါသများဖြင့် တဒိန်းဒိန်းမြည်နေပါသော်လည်း စကားတစ်ခွန်းတစ်လေပင် ပြန်လည်ခွန်းတုံ့မပြန်နိုင်ပေ။

ထိုနေရာတစ်ဝိုက်ရှိ လူအားလုံးမှာ အံ့အားသင့်ကုန်ကြသည်။ ဤပိုင်ဟောက်ဆိုသောလူက နှုတ်ရေးအရာမှာ အလွန်ထက်မြက်ကြောင်းကို ယခုမှ ပထမဆုံးအကြိမ်အဖြစ် သူတို့ သိလိုက်ရခြင်းဖြစ်သည်။ သူ၏စကားများမှာ လက်နက်များကဲ့သို့ ဖြစ်နေ၍ ထိုမြင်ကွင်းမှာ တကယ့်တိုက်ပွဲတစ်ခုထက်ပင် ပို၍ အမြင်အာရုံကိုစွဲဆောင်နေနိုင်တော့သည်။

ပိုင်ဟောက်ပင် မှင်တက်နေရသည်။ သူ၏ဆရာ စကားရွှန်းရွှန်းဝေအောင်ပြောတတ်သည်ကို သူသည်လည်း ယခုမှသာ ပထမဆုံးအကြိမ် မျက်မြင်ကိုယ်တွေ့ မြင်ဖူးသည်ဖြစ်သဖြင့် တအံ့တသြဖြင့် ပင်သက်ရှိုက်နေရတော့သည်။ ပိုင်မျိုးနွယ်စု ဘိုးဘေးအထိမ်းအမှတ်ပွဲတော်မှာရှိစဥ်က ပိုင်ရှောင်ချန်း၏ ပုံရိပ်ကို ယခုမှသာ သူ ကောင်းကောင်း ပုံဖော်နိုင်သွားတော့သည်။ စကားလုံးများသာ ဓားသွားများအသွင်ပြောင်းလဲသွားနိုင်ပါက ဤသို့သော မိန့်ခွန်းများမှာ လူများစွာကိုပင် သတ်ဖြတ်နိုင်မည်ဖြစ်သည်။

" မင်း၊ မင်း... "

စွန်းရီဖန်မှာ ဒေါသအလွန်ထွက်နေပြီး အတွေးများမှာ ချာချာလည်နေတော့သည်။ သို့သော် သူသည် စကားပင်ကောင်းကောင်း မပြောနိုင်တော့။ သူနှင့် စီမာတာအိုတို့မှာ နှုတ်ရေးအရာတွင် ကျွမ်းကျင်သူများမဟုတ်ကြပေ။ ထို့အပြင် သူတို့လိုလူများအတွက်ဆိုလျှင် ဂုဏ်သတင်းမှာ အရေးအကြီးဆုံးဖြစ်နေပြီး သူတို့ကိုယ်သူတို့ ခမ်းနားထည်ဝါသော ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူများအဖြစ် သတ်မှတ်ထားကြသဖြင့် စကားလုံးများသုံးကာ တိုက်ခိုက်တတ်ကြသည့် တက်သစ်စ ကျင့်ကြံသူများကဲ့သို့ မပြုမူရန် ဆုံးဖြတ်ထားကြသည်။

သို့သော် ယခုတွင် ယင်ယန်ဝိညာဥ်အဆင့်တွင်ရှိပြီး ကြောက်မက်ဖွယ် တိုက်ပွဲစွမ်းရည်များကို ပိုင်ဆိုင်ထားသည့် ပိုင်ဟောက်၏ စကားလုံး အသုံးအနှုန်းများမှာ ထက်မြက်လွန်းလှသဖြင့် သူတို့နှစ်ယောက်မှာ ကူရာကယ်ရာ မဲ့နေကြသည်။

စီမာတာအိုမှာ ပထမဆုံး သတိပြန်လည်လာသည်။ ထို့နောက် သူကအံကြိတ်ကာ စိန်ခေါ်လိုက်တော့သည်။

" ပိုင်ဟောက်ရာ အခုမှတော့ စကားလုံးတွေက အဓိပ္ပါယ်မရှိတော့ပါဘူး။ ငါမင်းကို နှစ်ယောက်ထဲ ယှဥ်ပြိုင်ဖို့ စိန်ခေါ်တယ်။ မှော်အတတ်တွေ သုံးရမဲ့ ယှဥ်ပြိုင်မှုမျိုး မဟုတ်ဘူး။ မီးတောက်ဖန်တီးတဲ့နေရာမှာ ယှဥ်ပြိုင်မှာ။ ရှုံးတဲ့လူက ဗဟိုဧကရာဇ်မြို့ထဲက ထွက်ပြီး တစ်သက်လုံး မီးတောက်တစ်ခုတောင် ထပ်ပြီးမဖန်တီးကြေး "

ယခုတွင် စွန်းရီဖန်မှာလည်း ပြန်၍သတိလည်လာပြီဖြစ်သည်။ ဝိညာဥ်ဆေးလုံးများနှင့် ပတ်သတ်သည့်ကိစ္စကြီးကြောင့် သူ၏နာမည်မှာ အကြီးအကျယ်ထိခိုက်သွားရသည်ကို သူကသိသဖြင့် ပြန်၍ အဖတ်ဆည်ရန် လိုအပ်ကြောင်း ရိပ်မိလိုက်သည်။ ဤပိုင်ဟောက်ကို တစ်ဘဝစာ အနိုင်ယူလိုက်နိုင်ပါက သူတို့၏ အရှက်ရဖွယ်ဖြစ်ရပ်ကြီးကို သင်ပုန်းချေနိုင်မည်ဖြစ်ပြီး လတ်တလောရက်များတွင် ခံစားနေရသည့် ရှက်ရွံ့မှုများမှာ ဖြည်းဖြည်းချင်း ပြေပျောက်သွားမည်ဖြစ်သည်။

သူက ထိုသို့တွေးတောရင်း အော်ဟစ်လိုက်တော့သည်။ " ဟုတ်တယ် ပိုင်ဟောက်။ ငါလည်းမင်းကို စိန်ခေါ်တယ်။ မင်းက ဝိညာဥ်ဆေးလုံးတွေကို ပြုပြင်ရလောက်အောင် တော်နေမှာတော့ မီးတောက် ဖန်တီးတဲ့နေရာမှာရော ဘယ်လောက်ထိကျွမ်းကျင်မှုရှိလဲ ကြည့်ကြတာပေါ့ကွာ "

All Chapters