← Chapters

အခန်း (၁၀၄၇)

Vol. 72 Ch. 1047

အခန်း (၁၀၄၇)

Vol. 72 Ch. 1047

ရှုံးချုံးသည် အလွန်အံ့အားသင့်သွားသဖြင့် အသက်ရှူမှားသွားကာ ကိစ္စကြီးတစ်ခုလုံးကို ဖျက်ဆီးမိလုနီးပါးပင်။

ကံကောင်းထောက်မစွာဖြင့် ရှုံးဖန်းသည် သူ၏ ပါးစပ်ကို အချိန်မီ အုပ်လိုက်ပြီး မြေပြင်ပေါ်သို့ ဖိချလိုက်သည်။

"ကောင်း... အွတ် အွတ် အွတ်...."

သားဖြစ်သူ၏ပါးစပ်ကို အုပ်ထားသော်လည်း ရှုံးဖန်း၏မျက်နှာအိုကြီးသည် ထိတ်လန့်တကြား ဖြစ်နေမှုကြောင့် ဖြူဖျော့နေသည်။

သူသည် ဆေးမီးဖို၏နံဘေးတွင်ထိုင်ပြီး သူ၏မျက်လုံးများကို ပြူးကျယ်နေကာ ခက်ထန်တင်းမာသောလေသံဖြင့် သတိပေးလိုက်သည်။

"မင်း သေချင်နေတာလား... အသံတိုးတိုး ပြောစမ်း... တိုးတိုး နေစမ်းပါ"

ရှုံးချုံးသည် နောက်ဆုံးတွင် တုံ့ပြန်လိုက်ပြီး အသည်းအသန် ခေါင်းညိတ်လိုက်ကာ သူ၏မျက်နှာပေါ်တွင် ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။

သူ ထပ်မံ၍ စကားပြောဆိုလိုက်ချိန်၌ သူ၏အသံသည် ခြင်တစ်ကောင်၏ညည်းသံကဲ့သို့ တိုးညှင်းနေပေ၏ဟ

"အဖေ... အဖေက တကယ်ပဲ တွေ့ခဲ့..."

သူ၏မေးခွန်းမဆုံးမီမှာပင် ပါးဖြတ်ရိုက်ခြင်း ခံလိုက်ရသည်။

"ဖြန်း....."

"မင်းက ဆေးဖော်ဖို့ အသံကြိုးတွေကို သုံးနေရလို့လား... ကျယ်ကျယ် ပြောစမ်းပါ"

ရှုံးချုံးသည် ခေါင်းကို ထပ်ခါတလဲလဲ ရိုက်နှက်ခံရပြီးနောက် စိတ်မကျေမနပ်ဖြစ်သွားကာ အသံတိုးတိုးဖြင့် ရေရွတ်လိုက်သည်။

"ကျယ်ကျယ် ပြောတော့လည်း အဆူခံရတယ်... တိုးတိုး ပြောတော့လည်း အရိုက်ခံရတယ်..."

သားဖြစ်သူ၏ စိတ်ဆင်းရဲမှုကို မြင်တွေ့ချိန်၌ ရှုံးဖန်းက သူ၏အရှိန်အဝါကို ထိန်းချုပ်လိုက်သည်။

သူ၏သားသည် ပါရမီရှိပြီး ချောမောသော်လည်း ကံမကောင်းစွာဖြင့် မွေးရာပါ သူရဲဘောကြောင်သူတစ်ဦး ဖြစ်နေသည်။ နှစ်ပေါင်းများစွာ အလိုလိုက်ထားမှုကြောင့် ရှုံးချုံးသည် ဖန်လုံအိမ်အတွင်းမှ ပန်းတစ်ပွင့်အလား ပြောင်းလဲသွားပြီး အနည်းငယ်သော ဒုက္ခကိုပင် ခံနိုင်ရည် မရှိတော့ချေ။ ထိုကြောင့် သူသည် အနာဂတ်တွင် များများစားစား အောင်မြင်လာမည် မဟုတ်ပေ။

ဤအရာသည် ရှုံးဖန်း၏စိတ်ထဲ၌ ဆူးတစ်ချောင်းအလား အစဥ်အမြဲ ရှိနေခဲ့သည်။

သို့သော် ယခုတစ်ကြိမ် ကောင်းကင်လက်နက် ထွက်ပေါ်လာခြင်းသည် သူ၏သား ပြောင်းလဲသွားရန်အတွက် အခွင့်အလမ်းတစ်ခု ဖြစ်ကောင်း ဖြစ်နိုင်သည်။

ရှုံးဖန်း၏လေသံ အနည်းငယ် ပျော့ပျောင်းသွားပြီး အမှန်တရားကို တိတ်တဆိတ် ထုတ်ဖော်လိုက်သည်။

"အဟွတ်... သား....ငါ မင်းကို အမှန်အတိုင်း ပြောရရင် ငါက ကောင်းကင်လက်နက်တစ်ခုအကြောင်း တကယ်ကြီး ကြားလာခဲတယ်... ငါတို့ရဲ့လက်ထဲကိုသာ အဲ့ဒီလက်နက် ရောက်လာရင် လူတိုင်းက ငါတို့ကို အမြင်သစ်တွေနဲ့ ကြည့်လာကြမှာ သေချာတယ်"

ထိုစကားများကို နားထောင်ရင်း ရှုံးချုံး၏မျက်လုံးများ စိတ်လှုပ်ရှားမှုကြောင့် တောက်ပလာသည်။

အချိန်တခဏအကြာတွင် သူ၏မျက်နှာအမူအယာ ပြန်လည်၍ မှေးမှိန်သွားပြီး သူ၏မျက်လုံးများတွင် မျက်ရည်များဖြင့် ပြည့်နှက်လာသည်။

"ဒါပေမဲ့... ဒါပေမဲ့ အဖေ အရင်တုန်းက ကျွန်တော့်ကို ဆေးပညာ သင်ခိုင်းတုန်းကလည်း အဲ့ဒီလိုပဲ ပြောခဲ့တာပဲလေ"

ရှုံးဖန်း၏မျက်နှာအိုကြီး နီမြန်းသွားပြီး တင်းမာခက်ထန်သော မျက်နှာထားဖြင့် ကြားဖြတ်ပြောဆိုလိုက်သည်။

"ဒီတစ်ခါတော့ မတူဘူး....အဲဒါက ကောင်းကင်လက်နက်ပဲ... တကယ်လို့ အဲ့ဒီရတနာသာ ငါတို့ ရဲ့လက်ထဲကို ရောက်လာရင် ငါတို့ သားအဖနှစ်ယောက် ဒီလိုမျိုးနေဖို့ လိုအုံးမှာလား"

ထိုစကားကို ပြောဆိုနေစဉ်မှာပင် ရှုံးဖန်း စိတ်လှုပ်ရှားလာခဲ့သည်။

သားဖြစ်သူသည် သူရဲဘောကြောင်သဖြင့် ဘာတစ်ခုမှ ဖြစ်ဖြစ်မြောက်မြောက် မရှိခဲ့သည်ကို ဘေးဖယ်ထားလျှင် ဖခင်ဖြစ်သော သူကလည်း....

သူသည် အကြီးအကဲရာထူးကို ရယူထားသော်လည်း လက်တွေ့တွင်မူ အောက်ခြေသိမ်း အလုပ်မျိုးစုံကို လုပ်ကိုင်နေရပြီး အသုံးမကျဆုံး အကြီးအကဲ ဖြစ်နေကာ လူအများ၏ အမြဲတစေ အထင်သေးခြင်းကို ခံနေရသူပင်။

"ငါ မင်းကို ပြောမယ်... ကောင်းကင်လက်နက်သာ ရလာရင် ငါ့ရဲ့အဆင့်အတန်းက သေချာပေါက် မြင့်တက်လာလိမ့်မယ်... ပြီးရင် လနတ်ဘုရားခန်းမဆောင်မှာ ဘယ်သူ့ကိုမှ ဦးညွှတ်ဖို့ မလိုတော့ဘူး... ငါသာ ကိစ္စတွေကို ကောင်းကောင်း စီမံနိုင်ပြီး သစ္စာရှိတဲ့ နောက်လိုက်တချို့ကို မွေးထုတ်နိုင်ရင်..."

"အဲဒီအချိန်ကျရင် လနတ်ဘုရားခန်းမဆောင်သခင်တောင် ငါ့ကို လေးစားမှုတချို့ ပြရလိမ့်မယ်... မင်းလည်း အာဏာနဲ့ သြဇာ ရလာလိမ့်မယ်... သူတော်စင်သားတော် ဖြစ်လာဖို့တောင် မဖြစ်နိုင်တာ မဟုတ်ဘူး"

"မင်း မိန်းကလေးချင်းယင်ကို အမြဲတွေးနေတာ မဟုတ်လား... မင်းရဲ့ အဆင့်အတန်း ပြောင်းလဲသွားရင် အဲ့ဒီကောင်မလေးကို ရဖို့က မင်းရဲ့လက်ဖဝါးကို လှန်လိုက်သလောက် လွယ်ကူသွားမှာ မဟုတ်လား"

သူ၏စကားများသည် အလွန် ဆွဲဆောင်မှုရှိပြီး ရှုံးချုံး၏စိတ်နှလုံးသားရှိ နက်ရှိုင်းသော နေရာများကို ထိတွေ့သွားသည်။

ရှုံးချုံးက ခေါင်းမော့ကြည့်ပြီး သူ၏မျက်လုံးများ တောက်ပနေသည်။

"တကယ်လား"

သို့သော် သူ၏ မွေးရာပါ သူရဲဘောကြောင်မှုကြောင့် သူ၏မျက်နှာပေါ်ရှိ တွေဝေတုံ့ဆိုင်းမှုကို ဖယ်ရှားရန် ခက်ခဲနေသည်။

"ဒါပေမဲ့... ဒါပေမဲ့ ကောင်းကင်လက်နက်တွေက ရတနာတွေလေ... ဘယ်လိုလုပ်ပြီး အလွယ်တကူ ရနိုင်မှာလဲ... အဖေ... အဖေ တွေးတာ များလွန်းနေပြီလား... ကျွန်တော်တို့ နှစ်ယောက်တည်းနဲ့... တကယ်လို့ အန္တရာယ် ရှိရင် ဘယ်လိုလုပ်မလဲ"

"ကျွန်တော်တို့ မေ့ထားလိုက်တာ ပိုကောင်းမလား... အခု ကျွန်တော်တို့ကို သိပ်အလေးမထားကြပေမယ့် အနည်းဆုံးတော့ ကျွန်တော်တို့မှာ ရပ်တည်စရာ နေရာလေး ရှိသေးတယ်လေ... ဒီကိစ္စက အရမ်းအန္တရာယ်များတယ်"

ရှုံးဖန်းက နက်နဲသိမ်မွေ့စွာ ပြုံးလိုက်ပြီး သူ၏မျက်လုံးများမှ ယုံကြည်မှုအလင်းတန်းများ ဖြာထွက်လာသည်။

"ဟီး ဟီး....မင်းရဲ့အဖေကို ဘယ်သူလို့ ထင်နေလဲ... ငါ အကုန်လုံး စုံစမ်းပြီးပြီ... အဲဒီ ကောင်းကင်လက်နက်က နတ်ဘုရားဓားတစ်လက်ပဲ... ပြီးတော့ ဒါက ယွင်ရှင်းနယ်မြေက ရီဖုန်းဆိုတဲ့ လူတစ်ယောက်ရဲ့လက်ထဲမှာ ရှိနေတယ်... အဲဒီလူရဲ့ကျင့်ကြံဆင့်က အမြင့်ဆုံးအနေနဲ့ ကောင်းကင်အဆင့်ထက် မပိုဘူး"

"ယွင်ရှင်းက ဘယ်လို ခေတ်နောက်ကျတဲ့ နေရာမျိုးလဲ... အဲ့ဒီနေရာမှာ သူတော်စင်တစ်ယောက်ဆိုရင်တောင် ထိပ်သီးအဆင့်လို့ သတ်မှတ်ကြတာ... ငါတို့သားအဖနှစ်ယောက်သာ အဲ့ဒီနေရာကိုသွားရင် ငါတို့ရဲ့ဆန္ဒအတိုင်း ထင်ရာစိုင်းလို့ရနိုင်တယ်... ဒီခရီးစဉ်က လုံးဝစိတ်ချရတယ်... ယွင်ရှင်းမှာ ရှိသမျှ ရတနာတွေ အကုန်လုံးတောင် ငါတို့ရဲ့လက်ထဲကို ရောက်လာလိမ့်မယ်"

"ငါတို့ရဲ့ခံတွင်းဝကို ရောက်လာတဲ့ ဒီအသားတုံးကို မင်း တကယ်ပဲ စွန့်လွှတ်ချင်တာလား... မင်း မိန်းကလေးချင်းယင်ကို လက်မထပ်ချင်တော့ဘူးလား"

ရှုံးချုံးသည် အံ့အားသင့်ဝမ်းသာ ဖြစ်သွားပြီး မျက်လုံးများ ပို၍တောက်ပလာသည်။

"အဖေ... ဒီသတင်းက စိတ်ချရရဲ့လား... တကယ်ရော အဲ့ဒီလောက် ကောင်းတဲ့ အရာမျိုး ရှိလို့လား"

ရှုံးဖန်းသည် သူ၏မုတ်ဆိတ်မွှေးကို ပွတ်သပ်လိုက်ပြီး ကိစ္စတစ်ရပ်လုံးကို အပြည့်အဝ ထိန်းချုပ်ထားနိုင်ပုံပေါ်သည်။

"ဒါက လုံးဝစိတ်ချရတယ်....ငါကိုယ်တိုင် နားနဲ့ဆတ်ဆတ် ကြားခဲ့တာ... ခန်းမဆောင်သခင်တောင် အဲ့ဒီကောင်လေးကို အကြီးအကဲအဖြစ် ခေါ်ယူချင်နေတာ... မင်း ဆက်ပြီး တွေဝေတုံ့ဆိုင်းနေရင် ဒီကောင်းကင်လက်နက်က လနတ်ဘုရားခန်းမဆောင်ရဲ့လက်ထဲကို ရောက်သွားလိမ့်မယ်... အဲ့ဒီအချိတ်ကျရင် မိန်းကလေးချင်းယင်ကို ပိုပြီးတန်ဖိုးထားလာကြလိမ့်မယ်... မင်းက အကျိုးအမြတ်နဲ့ ဆုံးရှုံးမှုကို သေချာစဉ်းစားဖို့ လိုတယ်"

ထိုစကားကိုကြားချိန်၌ ရှုံးချုံးက အံ့တင်းတသ်းကြိတ်လိုက်သည်။

"ကောင်းပြီလေ... ကျွန်တော်က အဖေ့ရဲ့စကားကို နားထောင်မယ်... လုပ်ကြတာပေါ့"

သားအဖနှစ်ယောက်သည် ချက်ချင်းဆိုသလိုပင် သဘောတူညီချက် ရရှိသွားပြီး သာမန်အဝတ်အစားများကို လဲလှယ်ဝတ်ဆင်လိုက်၏။ သူတို့သည် ဂိုဏ်း၏ကိစ္စအဝဝကို တန်ဖိုးမရှိသော ပေါင်းပင်များကဲ့သို့ ပစ်ပယ်ထားခဲ့ပြီး မသေမျိုးကျွန်းမှ တိတ်တဆိတ် ထွက်ခွာလာကြသည်။

ထို့နောက် သူတို့၏ စွမ်းအားကြီးသော အဆင့်မြင့် သူတော်စင် ကျင့်ကြံဆင့်ကို ထုတ်ဖော်အသုံးပြုပြီး ရှေးဟောင်းစင်္ကြန်လမ်းကို ချက်ချင်းဖြတ်ကျော်လိုက်ကြသည်။

ယွင်ရှင်းနယ်မြေသို့ ခြေချလိုက်ပြီးနောက် ကွဲပြားခြားနားသော လေကို ရှူရှိုက်လိုက်ရသဖြင့် သူတို့အတွက် အရာအားလုံး အနည်းငယ် ဆန်းသစ်နေသကဲ့သို့ ခံစားလိုက်ရသည်။ သားအဖ နှစ်ယောက်သည် ယုံကြည်ချက်ရှိရှိဖြင့် ရယ်ပြုံးလိုက်ကြ၏။

သူတို့သည် တိမ်တိုက်များကြားတွင် မတ်တတ်ထရပ်ပြီး မြေပြင်သို့ ငုံ့ကြည့်လိုက်ကြသည်။

ရှုံးဖန်း၏မျက်လုံးများတွင် မာန်မာနများဖြင့် ပြည့်နှက်နေပြီး သူ၏လက်နှစ်ဖက်ကို နောက်ပစ်ကာ ခပ်အုပ်အုပ်ရယ်မောရင်း မှတ်ချက်ပေးလိုက်သည်။

"ဒီနိမ့်ကျတဲ့နေရာမှာ ငါနဲ့ငါ့သားက တကယ့်ကို နတ်ဘုရားတွေပဲ"

ရှုံးချုံးသည် သူ့ကို အတုခိုးပြီး လက်တစ်ဖက်ကို နောက်ပစ်ကာ ထပ်ခါတလဲလဲ ခေါင်းညိတ်လိုက်သည်။

"အင်း... အဖေ ပြောတာ အမှန်ပဲ..."

"ဒီနေရာမှာ စိတ်ဝိညာဉ်စွမ်းအင်တွေ ကျဲပါးပြီးတော့ လေဟာနယ်အက်ကွဲကြောင်းတွေ အများကြီး ရှိတယ်...ကျွန်တော်တို့ လန်ရှင်းနဲ့ လုံးဝနှိုင်းယှဉ်လို့ မရဘူး... ဒီလို သီးခြားဖြစ်နေတဲ့ ကြယ်နယ်မြေမှာ စွမ်းအားကြီးတဲ့ ထိပ်သီးကျင့်ကြံသူတွေ သေချာပေါက် မရှိနိုင်ဘူး"

"ဟီး ဟီး... ဒီနေရာမှာ ကောင်းကင်လက်နက်တစ်ခု ရှိနေမယ်လို့ ဘယ်သူက ထင်မိမှာလဲ... ကျွန်တော်တို့မှာ တကယ့်ကို ကံကောင်းခြင်းတွေနဲ့ ပြည့်နေတာပါလား... အဖေ့ရဲ့ ဉာဏ်ပညာကို ကျေးဇူးတင်ရမယ်... အဲဒါကြောင့် ကျွန်တော်တို့က ဒီလို အခွင့်အရေးကို ရခဲ့တာပေါ့"

သားဖြစ်သူ၏ မြှောက်ပင့်မှုကို နားထောင်ရင်း ရှုံးဖန်း၏အပြုံးတွင် ယုံကြည်မှုများဖြင့် ပြည့်နှက်နေသည်။

"ဟား ဟား ဟား... ဒါက သဘာဝကျပါတယ်....ဒီနေ့ကစပြီး ငါတို့ရဲ့ရှေ့မှာ ရန်သူဆိုတာ ရှိတော့မှာ မဟုတ်ဘူး"

မကြုံစဖူး လွှမ်းမိုးချုပ်ကိုင်နိုင်သော အရှိန်အဝါတစ်ရပ် ပွင့်အံ့ထွက်လာပြီး တက်ကြွနေသော သားအဖ နှစ်ယောက်သည် အားပါးတရ ရယ်မောလိုက်ကြ၏။ သူတို့ထံတွင် ပြောမပြနိုင်သော ရွှင်လန်းမှုများ ယုံကြည်မှုများဖြင့် ပြည့်နှက်နေပြီး သူတို့၏ခြေထောက်အောက်ရှိ မြေပြင်ပေါ်မှ သက်ရှိများအားလုံးသည် ပုရွက်ဆိတ်များသာ ဖြစ်သည်ဟု ခံစားလိုက်ရသည်။

အရာအားလုံး သူတို့၏အကြည့်အောက်တွင် ဒူးထောက်ရပေလိမ့်မည်။

အချိန်အတော်ကြာ စိတ်ကူးယဉ်ပြီးနောက် သားအဖ နှစ်ယောက်သည် နှစ်ပေါင်းများစွာ ဖိနှိပ်ထားသော စိတ်ပျက်အားငယ်မှုများကို ဖွင့်ထုတ်လိုက်ကြသည်။ သူတို့၏ ယခင် ကြောက်ရွံ့တတ်သော ပုံစံများ တဖြည်းဖြည်း ကွာကျသွားကာ ယုံကြည်မှုများသည် ဒီရေအလား မြင့်တက်လာပေ၏။

သူတို့သည် မြေပြင်ပေါ်သို့ အချိန်ကြာမြင့်စွာ ငုံ့ကြည့်နေကြသည်။

သူတော်စင်များနှင့်တွေ့ဆုံရန် မဆိုထားနှင့် တာအိုနယ်ပယ် ကျင့်ကြံသူအနည်းငယ်ကိုပင် မတွေ့ရပေ။ သူတို့၏ယုံကြည်ချက်များသည် လျှံကျလုနီးပါး ဖြစ်နေပြီး သူတို့၏ကျောပြင်များသည် ထင်းရှူးပင်များထက် ပို၍ဖြောင့်မတ်နေသည်။

သူတို့သည် တိတ်တဆိတ် အကြည့်ချင်း ဖလှယ်လိုက်ကြရာ သူတို့၏မျက်လုံးများတွင် ယုံကြည်မှုများ ပြည့်နှက်နေပြီး မာန်မာနများပင် စတင်၍ ပျံ့နှံ့လာသည်။ ဤသည်မှာ သူတို့သည် တစ်ချိန်ကအိပ်မက်မက်ခဲ့သော စွမ်းအားကြီးပုဂ္ဂိုလ်များ ဖြစ်လာသည့်အလားပင်။

ရှုံးချုံးထံတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေပြီး စိတ်မရှည်နိုင် ဖြစ်လာသည်။

"အဖေ... ကောင်းကင်လက်နက်ကို မြန်မြန်သွားရှာကြရအောင်... လနတ်ဘုရားခန်းမဆောင်က ကျွန်တော်တို့ထက် လက်ဦးသွားလို့ မဖြစ်ဘူး... ကျွန်တော်က အရင်ကလို အခြေအနေမျိုးကို ဘယ်တော့မှ ပြန်မသွားချင်တော့ဘူး"

ရှုံးဖန်းက အပြုံးဖြင့် ခေါင်းညိတ်လိုက်ပြီး သူ၏မျက်လုံးများတွင် တည်ငြိမ်မှု အရိပ်အယောင်များ ထင်ဟပ်နေသည်။

"မလောပါနဲ့....လနတ်ဘုရားခန်းမဆောင်က ငါတို့ ယွင်ရှင်းကို အရင်ရောက်နေပြီဆိုတာ ဘယ်တော့မှ ခန့်မှန်းမိမှာ မဟုတ်ဘူး"

"ယွင်ရှင်းမှာ အဲဒီရီဖုန်းက ထိပ်တန်းတိုက်ခိုက်ရေးသမား ဖြစ်နေပြီဆိုတော့ နာမည်ဂုဏ်သတင်း တစ်ခုခုတော့ ရှိမှာပဲ... အရင်ဆုံး နည်းနည်းသန်မာအားကောင်းတဲ့ ဒေသခံတချို့ကို ရှာပြီး မေးကြည့်ကြတာပေါ့... ပြီးရင် လမ်းတလျှောက်မှာ ရတနာတချို့ကိုလည်း ရှာဖွေကြမယ်....ကျောက်ခဲတစ်လုံးတည်းနဲ့ ငှက်နှစ်ကောင် ပစ်တာက အကောင်းဆုံး နည်းဗျူဟာပဲ"

ဤအစီအစဉ်သည် စေ့စပ်သေချာပြီး တည်ငြိမ်သဖြင့် ရှုံးချုံး၏လေးစားမှုများ ပို၍ကြီးထွားလာသည်။

"အဖေက တကယ့်ကို ဉာဏ်ကောင်းတာပဲ"

သူတို့သည် အစီအစဉ်ကို ချမှတ်ပြီးနောက် သူတို့နှစ်ယောက်သား လေဟာနယ်ကို ဆုတ်ဖြဲပြီး အဝေးသို့ ထွက်ခွာသွားတော့သည်။

ကံမကောင်းစွာဖြင့် ယွင်ရှင်း၏ ယေဘုယျ ကျင့်ကြံဆင့်သည် အလွန်နိမ့်ပါးသဖြင့် လမ်းတစ်လျှောက်တွင် ကောင်းမွန်သော တည်ရှိမှုများနှင့် ကြုံတွေ့ရရန် ခက်ခဲနေသည်။ သားအဖ နှစ်ယောက်သည် ကြည့်ရှုရန်ပင် စိတ်မပါတော့ချေ။

သူတို့၏မြင်ကွင်း၌ ပုရွက်ဆိတ်များကိုသာ မြင်တွေ့နေရသည်။ သာမန်နေ့ရက်များတွင် သူတော်စင်များကိုပင် မြင်တွေ့ရခဲသဖြင့် ယွင်ရှင်း၏အသန်မာဆုံး ရီဖုန်းအကြောင်း သူတို့ မည်သို့ သိနိုင်မည်နည်း။ တန်ဖိုးရှိသော ရတနာများ၏တည်နေရာကို ညွှန်ပြရန်ဆိုသည်မှာ ပို၍ပင် ဝေးကွာလှသည်။

အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းချိန်စာခန့် ကြာမြင့်ပြီးနောက် သားအဖနှစ်ယောက်သည် အနည်းငယ်ကွဲပြားသော ပုရွက်ဆိတ်တစ်အုပ်ကို တွေ့ရှိလိုက်ရသည်။

မြေပြင်ပေါ်တွင်...

လူတစ်စုသည် ကြီးမားသော အကြွင်းအကျန်များကို ရှင်းလင်းပြီး စုဆောင်းနေကြသည်။ ထိုလူများ၏လှုပ်ရှားမှုများသည် သူတို့၏အာရုံစိုက်မှုကို ဆွဲဆောင်နေပေ၏။

သားအဖနှစ်ယောက်သည် အာရုံခံနိုင်ရန်အတွက် သူတို့၏နတ်ဘုရားစိတ်အာရုံများကို ဖြန့်ကျက်လိုက်ကြသည်။ ဧရာမအရိုးများမှ ထူးခြားသော မကောင်းဆိုးဝါး အငွေ့အသက်များကို ထုတ်လွှတ်နေပြီး မသေဆုံးမိအချိန်က နတ်ဆိုးမျိုးနွယ်ဝင်များ ဖြစ်ပုံရသည်။ သူတို့သည် ထိုမြင်ကွင်းကို စိတ်ဝင်တစား ကြည့်နေကြ၏။

လေထုထဲတွင် မတ်တတ်ရပ်နေရင်း ရှုံးချုံးက ဇဝေဇဝါဖြင့် ပြောဆိုသည်။

"ဒီလူတွေက နတ်ဆိုးမျိုးနွယ်ရဲ့အလောင်းတွေကို စုဆောင်းနိုင်တယ်... သူတို့မှာ ကျင့်ကြံဆင့်စွမ်းအားတော့ ရှိနေရမယ်"

သူတော်စင်နယ်ပယ်တွင် နတ်ဆိုးမျိုးနွယ်ဝင် အများအပြား ရှိပြီး အဆင့်မမြင့်လျှင်ပင် သာမန်လူသားများနှင့် နှိုင်းယှဉ်၍ မရနိုင်ချေ။ နတ်ဆိုးအလောင်းများကို စုဆောင်းထားသည်အား မြင်ရခြင်းသည် မဆန်းသော်လည်း ယွင်ရှင်းတွင်မူ အလွန်ထူးဆန်းပြီး အံ့အားသင့်စေသော ခံစားချက်ကို မလွဲမသွေ ဖြစ်ပေါ်စေသည်။

သို့သော် ရှုံးဖန်းသည် ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး သူ၏မျက်လုံးများတွင် အရာအားလုံးကို ထွင်းဖောက်မြင်နိုင်သော အသိဉာဏ်အလင်းတန်းများ ထင်ဟပ်လာသည်။

"ဟီး ဟီး... ဒီဒေသခံတွေက နတ်ဆိုးမျိုးနွယ်ဝင် အများကြီးကို ဘယ်လိုလုပ်ပြီးတော့ သတ်နိုင်မှာလဲ... ဒါက သံသယဖြစ်ဖို့ မလိုဘူး... ဒီနတ်ဆိုးမျိုးနွယ်ဝင်တွေကို ချင်းယင် သတ်ခဲ့တာပဲ ဖြစ်လောက်တယ်... ပြီးတော့ သူတို့က အကြွင်းအကျန်တွေကို လိုက်ကောက်နေကြတာပဲ"

ရှုံးချုံးကလည်း သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်လိုက်၏။

သားအဖ နှစ်ယောက်သည် လေထုထဲတွင် တည်ငြိမ်စွာ မတ်တတ်ရပ်နေကြပြီး သူတို့၏မျက်လုံးများတွင် အရာအားလုံးကို ထွင်းဖောက်မြင်နိုင်သော ယုံကြည်မှုများဖြင့် ပြည့်နှက်နေသည်။

သူတို့သည် အထင်အမြင်သေးစွာဖြင့် မြေပြင်ကို ငုံ့ကြည့်လိုက်ကြသည်။

အဖြူရောင်ဝတ်စုံဝတ်ထားသော ရှောင်ကျန့်သည် သူ၏လက်ကို ဝှေ့ယမ်းကာ ညွှန်ကြားရင်း တစ်စုံတစ်ခုကို အော်ဟစ်နေသည်။

"ညီအစ်ကိုတို့... အားပိုစိုက်ကြစမ်း... ဒီရေစိုခံပစ္စည်းတွေကို အလဟဿ မဖြစ်စေနဲ့... အကုန်လုံး ရှင်းလင်းပြီး ပြန်သယ်သွားကြတော့... ပြီးရင် ငါတို့ အတွင်းပိုင်းကိုဝင်ပြီး ထပ်ရှာကြမယ်"

ရေစိုခံပစ္စည်းများဟု ဆိုသလော....

ရှုံးဖန်းနှင့်ရှုံးချုံးတို့ လုံးလုံးလျားလျား ဇဝေဇဝါ ဖြစ်သွားကြသည်။

အသက်ရှူချိန် အနည်းငယ်ကြာအောင် စောင့်ကြည့်ပြီးသည့်တိုင် ဤလူများသည် မည်သည့်အရာအား လုပ်ဆောင်နေသည်ကိုသူတို့ နားမလည်ကြသေးချေ။ သို့ရာတွင် ထိုလူများကို ဦးဆောင်နေသော ရှောင်ကျန့်၏လက်ထဲမှ လက်နက်ကို ရှုံးဖန်း သတိထားမိချိန်တွင် ထူးဆန်းသော အရိပ်အယောင်တစ်ရပ်က သူ၏မျက်လုံးထဲတွင် ထင်ဟပ်လာသည်။

"အဲဒီလူရဲ့လက်ထဲက ဓားမြှောင်က သာမန်မဟုတ်ဘူး... ကြည့်ရတာ ရှားပါးလက်နက်တစ်ခု ဖြစ်ပုံရတယ်"

ရှုံးချုံးကလည်း သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်အြပြီး သူ၏မျက်လုံးများတွင် လောဘအရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။

"အဖေ ပြောတာ အမှန်ပဲ....အဲ့ဒီဓားမြှောင်ရဲ့ အဆင့်ကို ကျွန်တော် မပြောပြနိုင်ပေမယ့် ဒါက နတ်ဆိုးအရိုးတွေကိုတောင် ဖြတ်တောက်နိုင်တယ်... အဲ့ဒီအရာက အနည်းဆုံးတော့ အဆင့်မြင့်သူတော်စင်လက်နက်ပဲ... ငါတို့ ကံကောင်းတာပဲ... ဒီလောက်မြန်မြန်ကြီး ရိတ်သိမ်းရလိမ့်မယ်လို့ ငါ ထင်မထားမိဘူး... ဒီခရီးစဉ်က တကယ့်ကို တန်တာပဲ"

သားအဖနှစ်ယောက်သည် တိတ်တဆိတ် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး သူတို့၏စိတ်နှလုံးသားများ ယားယံလာခဲ့သည်။

ယွင်ရှင်းတွင် သူတို့သည် ပြိုင်ဘက်ကင်းတည်ရှိမှုများပင်။ ရတနာများအားလုံးသည် သူတို့ ၏အပိုင်ဟု ယူဆထားပြီးဖြစ်ရာ သူတို့၏လောဘများကို ထိန်းချုပ်မထားတော့ချေ။

လေဟာနယ်ကို ဆုတ်ဖြဲပြီးနောက် သူတို့နှစ်ယောက်သား မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ကြသည်။

မသိနားမလည်သော ပုရွက်ဆိတ်အုပ်ကို လျစ်လျူရှုသော ပုံစံဖြင့် ကြည့်လိုက်ကြပြီးနောက် သူတို့၏ယုံကြည်မှုများသည် လျှံကျလုနီးပါး ဖြစ်နေလေကြီ။

ရှုံးချုံးသည် သူ၏လက်နှစ်ဖက်ကို နောက်ပစ်ကာ ရှေ့တိုးလိုက်ပြီး ခေါင်းမော့ရင်ကော့၍ ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

"ပုရွက်ဆိတ်လေးတွေ... မင်းတို့ရဲ့ လက်ထဲက လက်နက်တွေကို အမြန်ပေးစမ်း... မဟုတ်ရင်ကတော့ ဒီအရှင် ဒေါသထွက်လာရင် မင်းတို့ တောင့်ခံနိုင်မှာ မဟုတ်ဘူး"

ရှုံးချုံး၏လွှမ်းမိုးချုပ်ကိုင်နိုင်သော စကားလုံးများ ပဲ့တင်ထပ်သွားပြီး သူ၏မျက်လုံးများတွင် ယုံကြည်မှုများဖြင့် ပြည့်နှက်နေသည်။

သို့သော် ထိုလူအုပ်စုထံ၌ တုံ့ပြန်မှု များစွာမရှိချေ။ သူတို့သည် ဇဝေဇဝါဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး မျက်လုံးအပြူးသားဖြင့် မတ်တတ်ရပ်နေကြသည်။ ထိုလူများထံ၌ ကြောက်ရွံ့မှု လုံးဝမရှိဘဲ သူတို့ကို အနည်းငယ်မျှ ဂရုမစိုက်သည့်အလားပင်။

မသိနားမလည်ခြင်းသည် ပျော်ရွှင်ခြင်းသာဖြစ်သည်ဟူသော ဆိုရိုးစကားပုံသည် အကြွင်းမဲ့ မှန်ကန်ပေ၏။

ရှုံးချုံးသည် ဒေါသထွက်သွားခြင်း မရှိဘဲ သူ၏အပြုံး ပို၍ပီပြင်ထင်ရှားလာသည်။ သူသည် မသိနားမလည်သော ပုရွက်ဆိတ်များကို ကြည့်သည့်အလား လူအုပ်ကြီးကို တစ်ချက်ကြည့်လိုက်သည်။ သူ၏မျက်လုံးများထဲတွင် စွမ်းအားကြီးသူတစ်ဦး၏ သနားကြင်နာမှုမျိုး ထင်ဟပ်နေသည်။

သူသည် လက်နှစ်ဖက်ကို နောက်ပစ်ပြီး သူတို့ကို ကြည့်လိုက်ကာ ကြောက်မက်ဖွယ် အရှိန်အဝါတစ်ရပ်ကို ထုတ်လွှတ်ထားသည်။

"မင်းတို့က သေခြင်းတရားရဲ့အရသာကို ခံစားဖူးကြလား"

All Chapters