← Chapters

အခန်း (၁၀၅၀)

Vol. 72 Ch. 1050

အခန်း (၁၀၅၀)

Vol. 72 Ch. 1050

သားအဖနှစ်ယောက်သည် မိုးကြိုးပစ်ခံလိုက်ရသည့်အလား လေထုထဲတွင် တောင့်တင်းစွာ မတ်တတ်ရပ်နေကြသည်။

သူတို့၏မျက်နှာများသည် သေလူများကဲ့သို့ ဖြူဖျော့သွားပြီး သူတို့မျက်လုံးများသည် မျက်လုံးအိမ်ထဲမှ ကျွတ်ထွက်လုနီးပါး ဖြစ်နေသည်။

ပျံသန်းရေးလှေပေါ်ရှိ ရှောင်ကျန့်နှင့်ဖန်းကျောက်ဝူတို့သည် သူတို့ဘက်သို့ တစ်ချက်မျှပင် လှည့်မကြည့်ချေ။ သို့ရာတွင် သူတို့နှစ်ယောက်၏မျက်နှာများ ဖြူဖျော့နေဆဲ ဖြစ်ပြီး သူတို့၏ တဖန်ပြန်၍ မြင့်တက်လာသော အရှိန်အဝါများသည် မီးခိုးငွေ့များအလား ပျောက်ကွယ်သွားသည်။ သူတို့၏ခန္ဓာကိုယ်များ တုန်ရီနေပြီး လေထုထဲတွင် ဆိုင်းငံ့နေသည်။

ဘာလို့ ငါတို့က အဲ့ဒီအရှင်သခင်နှစ်ယောက်နဲ့ ထပ်တိုးရတာလဲ....

ပြီးတော့ ဒီတစ်ကြိမ်မှာ နှစ်ယောက်အတူတဲ့...ငါတို့ ဘယ်လောက်တောင် ကံဆိုးလိုက်လဲ....

သားအဖနှစ်ယောက်သည် အလွန်ကြောက်ရွံသွားသဖြင့် မလှုပ်ရှားရဲကြတော့ဘဲ သူတို့၏ခေါင်းများ မူးဝေနေသည်။

သို့သော် သူတို့သည် သိသာထင်ရှားသော ကျူးကျော်ဝင်ရောက်မှုကို ပြုလုပ်ခဲ့ပြီး ဖြစ်သောကြောင့် လူများ သတိထားမိမည်မှာ သေချာပေါက်ပင်။ အောက်ဘက်ရှိ ပြင်းထန်သော တိုက်ပွဲကြားတွင်ပင် လူအများ၏အကြည့်များက သူတို့ထံသို့ ရောက်ရှိလာသည်။

အချိန်ခဏတာအတွင်းတွင် လူဆယ်ယောက်ကျော်က သူတို့ကို တွေ့ရှိသွားကြသည်။

ဤအတိုင်းသာ ဆက်သွားလျှင် ထိုအရှင်သခင်နှစ်ယောက် သတိထားမိရန်အတွက် အသက်ရှူချိန် အနည်းငယ်ခန့်သာ လိုတော့သည်။

ရှုံးချုံး၏မျက်နှာသည် အစိမ်းရောင်နှင့်အနီရောင် တလှည့်စီပြောင်းလဲနေပြီး သူက တုန်ရီနေသောအသံဖြင့် အသံပေးပို့သည်။

"အဖေ... ဘာလုပ်ကြမလဲ....ဒီအတိုင်း ဆက်သွားရင် သူတို့က ကျွန်တော်တို့ကို သေချာပေါက် မှတ်မိသွားလိမ့်မယ်... ကျွန်တော်တို့က သူတို့နဲ့ ထိပ်တိုက်တွေ့ခဲ့ပြီးပြီ... တကယ်လို့ သူတို့နဲ့ထပ်တိုးရင် ကျွန်တော်တို့ သွားပြီ"

ရှုံးဖန်း၏နားထင်တွင် ချွေးစေးများ ထွက်နေပြီး သူ၏မျက်နှာ ဖြူဖျော့နေသည်။

"မလန့်နဲ့... မလန့်နဲ့... ငါ စဉ်းစားပါရစေအုံး"

သူသည် တုန်တုန်ရီရီဖြင့် အောက်ရှိစစ်မြေပြင်ကို စစ်ဆေးကြည့်ရှုလိုက်ရာ ပြန့်ပြူးသော မြေပြင် တိုက်ခိုက်နေသော နတ်ဆိုးများနှင့် ယွင်ရှင်းဒေသခံများမှလွဲ၍ တခြားမည်သည့်အရာမျှ မရှိသည်ကို မြင်တွေ့လိုက်ရသည်။ သူတို့နှစ်ယောက် ပုန်းကွယ်ရန်အတွက် မျက်ကွယ်ရာဟူ၍ တစ်နေရာမျှပင် မရှိချေ။

ဤအရှင်သခင်နှစ်ယောက်ကို တိုက်ရိုက် ရင်ဆိုင်ခြင်းသည် သူတို့ကိုယ်သူတို့ သေကြောင်းကြံစည်ခြင်းသာ ဖြစ်ပေမည်။

သူသည် ထွက်ပြေးရန် စိတ်ကူးမိသော်လည်း သူတို့ လွတ်အောင် ထွက်ပြေးနိုင်မည်လော....

သူတို့သည် အမှန်တကယ်ကို ကျောက်ဆောင်နှင့်ကျောက်သားကြား ညှပ်ပူးညှပ်ပိတ် ဖြစ်နေခြင်းပင်။

ဘာလုပ်ရမလဲ...

ရှုံးဖန်း၏မျက်နှာသည် စိုးရိမ်ပူပန်မှုကြောင့် ဖြူဖျော့သွားပေ၏။

အောက်ဘက်မှ စိုက်ကြည့်နေမှုများနှင့် နတ်ဘုရားစိတ်အာရုံဖြင့် စူးစမ်းမှုများ ပိုများလာသဖြင့် သူတို့ထံ၌ ဖိအားများ စုပုံလာသည်။ သူ၏လက်ဝါးတွင် ချွေးစေးများဖြင့် စိုရွှဲနေသည်။

လနတ်ဘုရားခန်းမဆောင်သခင်နှင့် ရင်ဆိုင်ရစဉ်ကပင် သူ ဤမျှထိ ထိတ်လန့်တုန်လှုပ်သွားခဲ့ခြင်း မရှိချေ။

လူအများ၏မျက်လုံးအကြည့်များက သူတို့ဘက်သို့ ဆက်လက်၍ ကျရောက်လာသည်။ အရှင်သခင်နှစ်ယောက်သည် မကြာမီမှာပင် သူတို့အား သတိထားမိပေလိမ့်မည်။

ရှုံးဖန်း ခြေမကိုင်မိလက်မကိုင်မိ ဖြစ်နေပေ၏။ သူသည် စိတ်ပျက်လက်ပျက်ဖြင့် မြေပြင်ကို စစ်ဆေးကြည့်ရှုလိုက်ရာ ဧရာမနတ်ဆိုးတစ်ကောင်က သူ၏စိတ်အာရုံကို ဖမ်းစားနိုင်ခဲ့သည်။

"ရပြီ....သူတို့က နတ်ဆိုးတွေကို တိုက်ခိုက်နေကြတာ... ဒါကြောင့် ငါတို့က ရေနောက်အောင် မွှေပြီး သူတို့ရဲ့လူတွေလို ဟန်ဆောင်ကြတာပေါ့"

ရှုံးချုံးက မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပြီး ဤအကြံအပေါ် သံသယ ဝင်နေမိသည်။

ဒါက တကယ်ကြီး အလုပ်ဖြစ်ပါ့မလား...

သူ မတုံ့ပြန်နိုင်မီမှာပင် သူ၏ဖခင်က အောက်သို့ ဆင်းသက်သွားပြီး အနီးအနားရှိ စစ်သည်များကိုကြည့်ကာ ရင်းနှီးသော ပုံစံဖြင့် အော်ဟစ်လိုက်သည်။

"သတ်....ညီအစ်ကိုတို့... ဒီနတ်ဆိုးကို ငါ့ဆီ လွှဲလိုက်တော့"

ထိုလူများသည် ခေါင်းညိတ်ပြပြီး တခြားနတ်ဆိုးများဘက်သို့ လှည့်သွားကြသည်။

ကျန်လူများသည် ဆက်လက်၍ တိုက်ခိုက်နေပြီး သူတို့ကို အာရုံစိုက်ခြင်း မရှိတော့ပေ။

သွေးမြူမှုန်များသည် မြေပြင်ကို လွှမ်းခြုံထားပြီး ဟိန်းဟောက်သံများက မိုးကောင်းကင်ကို တုန်ခါသွားစေသည်။ တိုက်ခိုက်နေသူများသည် လူသား သို့မဟုတ် နတ်ဆိုးဟူ၍သာ ခွဲခြားနိုင်ပြီး အရာအားလုံး ဝေဝါးနေကြသည်။

ဒါက တကယ်ကြီး အလုပ်ဖြစ်သားပဲ..

သူ မျှော်လင့်ထားသည်ထက် ပို၍လွယ်ကူစွာ အောင်မြင်ခဲ့သဖြင့် ရှုံးချုံး၏မျက်လုံးများ တောက်ပလာသည်။

သူသည် ထိုလှည့်ကွက်ကို အတုခိုးလိုက်ပြီး လူအများကြားသို့ ဝင်ရောက်ကာ ဧရာမနတ်ဆိုးတစ်ကောင်ကို သပ်သပ်ရပ်ရပ် သတ်ဖြတ်လိုက်သည်။

သေချာသည်မှာ....

မည်သူမျှ သူ့ကို ဒုတိယအကြိမ် ပြန်လှည့်မကြည့်ကြချေ။ ဤသည်မှာ သူ၏တည်ရှိမှုကို မည်သူမျှ သံသယ မဖြစ်သည့်အလားပင်။

ရှုံးချုံးသည် အလွန်ဝမ်းသာသွားပြီး ဖရိုဖရဲအခြေအနေကြားမှနေ၍ သူ့ဖခင်၏အနီးသို့ ချဥ်းကပ်သွားသည်။

"အဖေ... အဖေက တကယ့်ကို ဉာဏ်ကောင်းတာပဲ"

သူ၏တီးတိုးချီးကျူးသံတွင် စစ်မှန်သော ရိုသေလေးစားမှုများ ပါဝင်နေပေ၏။

သူ၏ဖခင်သည် အကျပ်အတည်းကို မြင်တွေ့ခြင်းမှ လှည့်ကွက်ကို ဖန်တီးပြီး အကောင်အထည်ဖော်သည်အထိ အသက်ရှူချိန် အနည်းငယ်ခန့်သာ ကြာမြင့်ခဲ့သည်။ ဤမျှထိ လျင်မြန်သော တွေးခေါ်မှုနှင့် အပြစ်အနာအဆာ ကင်းမဲ့သော သရုပ်ဆောင်မှုသည် သေးငယ်သော စွမ်းဆောင်ရည်မျိုး မဟုတ်ချေ။

သူ့ဖခင်၏ အားစိုက်ထုတ်စရာ မလိုသော သဘာဝကျသည့် စွမ်းဆောင်ရည်သည် စစ်သည်အစစ်များနှင့် ခွဲခြား၍ မရလောက်အောင်ပင်။ ထိုကဲ့သို့ ထိုးထွင်းသိမြင်မှုနှင့် ဉာဏ်ပညာသည် သာမန်မဟုတ်ချေ။

ဤသည်မှာ ရှုံးချုံး ဘဝတစ်ဝက်စာခန့် အချိန်ပေးပြီး ကျွမ်းကျင်အောင် ကြိုးစားရမည့် အရည်အချင်းတစ်ခုပင်။

သူ့သား၏အသံကို ကြားချိန်၌ ရှုံးဖန်းသည် နတ်ဆိုးတစ်ကောင်ကို သူ၏လက်ဝါးရိုက်ချက်တစ်ချက်ဖြင့် ပေါ့ပေါ့ပါးပါး သတ်ဖြတ်လိုက်ပြီး သူ၏ပါးစပ်ထောင့် မြင့်တက်သွားပေ၏။

"ဟား ဟား... မင်းရဲ့အဖေက ဘယ်သူလို့ ထင်နေတာလဲ...ငါ နာမည်ကျော်ကြားလာတာ နှစ်ပေါင်းတစ်သောင်းလောက် ရှိနေပြီ... လနတ်ဘုရားခန်းမဆောင်ရဲ့ အကြီးအကဲအနေနဲ့ ငါက ရာစုနှစ်တွေအများကြီး တာဝန်ထမ်းဆောင်ခဲ့တာ... ငါ့ကျင့်ကြံဆင့်က တခြားလူတွေထက် ဆံခြည်တစ်မျှင်စာလောက် နိမ့်ကျချင် နိမ့်ကျနေမယ်... ဒါပေမဲ့ ထိုးထွင်းသိမြင်မှုနဲ့ မဟာဗျူဟာမှာ ဘယ်သူမှ ငါ့ကို မကျော်နိုင်ဘူး"

"မင်းက အတွေ့အကြုံနုသေးတယ်...ငါ့ကို ကြည့်ပြီး သင်ယူစမ်း"

"ငါတို့ရဲ့ကံတရားက အရင်တုန်းက ဆိုးရွားခဲ့တယ်... အဲ့ဒါကို အတွေ့အကြုံ ယူလိုက်ပါ... ဒါပေမဲ့ ငါတို့ ကောင်းကင်လက်နက်ကို ရယူနိုင်ရင် ဒီခရီးစဉ်က အလဟဿ ဖြစ်မှာ မဟုတ်ဘူး"

ရှုံးချုံး အားတက်သွားပြီး သူ၏ဖခင်အပေါ် ပို၍လေးစားသွားသည်။

"ဟုတ်ကဲ့ အဖေ... အဖေ့ရဲ့ သင်ကြားမှုကို ကျွန်တော် မှတ်သားထားပါ့မယ်"

သားအဖနှစ်ယောက်သည် အပြန်အလှန် စကားပြောဆိုပြီးနောက် အပြစ်အနာအဆာ ကင်းမဲ့စွာဖြင့် ပူးပေါင်းဆောင်ရွက်လိုက်ကြသည်။ သူတို့သည် နတ်ဆိုးများကိုသတ်ဖြတ်ရန် လုံလောက်သော ကျွမ်းကျင်မှုကိုသာ ပြသလိုက်ကြပြီး မကြာမီမှာပင် အနီးအနားရှိ စစ်သည်သုံးဦးနှင့် ရောနှောသွားကြသည်။

နတ်ဆိုးများအနက် အများစုသည် သေကြေပျက်စီးသွားကြပြီး နတ်ဆိုးငယ်လေး အနည်းငယ်သာ ကျန်ရှိတော့သည်။

အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းချိန်စာ တစ်ဝက်ခန့်အတွင်း ထိုနတ်ဆိုးများအားလုံး အမြစ်ပြတ်သုတ်သင်ခြင်း ခံလိုက်ရတော့သည်။

ဤတိုက်ပွဲသည် ထူးထူးခြားခြား မရှိဘဲ တစ်ဖက်သတ် သတ်ဖြတ်မှုတစ်ခု။ တပ်ဖွဲ့တစ်ဖွဲ့လုံး မကြာမီမှာပင် စုဝေးလိုက်ကြ၏။ ရှောင်ကျန့်သည် တိုက်ပွဲမှရရှိသောပစ္စည်းများကို စာရင်းပြုစုပြီး နတ်ဆိုးအလောင်းများကို ပျံသန်းရေးလှေပေါ်သို့ တင်ရန် အမိန့်ပေးလိုက်သည်။

သူသည် အရိပ်ကျွန်းမှ အလုပ်သမားများကို ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်မျှ ထူးထူးခြားခြား သန်မာအားကောင်းခြင်း မရှိချေ။

နတ်ဆိုးများသည် သူ လှုပ်ရှားစရာ မလိုလောက်အောင် အားနည်းသော်လည်း ရှောင်ကျန့်သည် တပ်ဖွဲ့ကို စိုးရိမ်ပူပန်တကြီး ကြည့်ရှုနေဆဲပင်။

"ညီအစ်ကိုတို့... လူအားလုံး စုံရဲ့လား... ထိခိုက်သေဆုံးသူ ရှိလား"

လူအများသည် ပတ်ဝန်းကျင်ကို ကြည့်ရှုရင်း လူအုပ်ကြားထဲမှ အသံများ ထွက်ပေါ်လာသည်။ အသတ်ခံရသူများအနက် လူသားအလောင်းများ ရှိမနေပေ။

"အရှင့်ကို သတင်းပို့ပါတယ်.. လူအားလုံး စုံပါတယ်....ဒဏ်ရာရသူ မရှိပါဘူး"

"ပစ္စည်းကောင်းတွေ ရတယ်... အန္တရာယ်လည်း မရှိဘူး... အရိပ်ကျွန်းကို ပြန်ရောက်ရင် ဒါက နောက်ထပ် အကျိုးဆောင်မှုကြီးတစ်ခုပဲ... ဟား ဟား ဟား"

အလုပ်သမားများ၏မျက်လုံးများတွင် ကျေးဇူးတင်ရှိမှုများဖြင့် တောက်ပနေပြီး သူတို့၏မျက်နှာများတွင် စိတ်လှုပ်ရှားမှုများ သိသာထင်ရှားစွာ ပေါ်လွင်နေသည်။

မည်သူကမျှ စိမ်းသက်သက်မျက်နှာနှစ်ခုကို သတိမထားမိကြချေ။ ဌာနအသီးသီးမှ လူများကို ခေါ်ယူထားခြင်း ဖြစ်ရာ လူစိမ်းအနည်းငယ် ပါဝင်ခြင်းသည် ပုံမှန်သာ ဖြစ်ပေ၏။

ထို့ပြင် အရိပ်ကျွန်းသည် ပစ္စည်းများ စုဆောင်းရန်အတွက် အလုပ်သမား အမြောက်အများကို စေလွှတ်ထားသဖြင့် ရှုံးသားအဖသည် မည်သည့် သံသယကိုမျှ မဖြစ်ပေါ်စေချေ။

အရာအားလုံး အဆင်ပြေချောမွေ့သွားသဖြင့် ရှုံးချုံးက တိတ်တဆိတ် သက်ပြင်းချလိုက်ပြီး ရိုသေလေးစားသောအသံဖြင့် တီးတိုးပြောဆိုသည်။

"ဟူး... အဖေ... အဖေ့ရဲ့ 'ရေနောက်အောင်မွှေတဲ့' လှည့်ကွက်က အပြစ်အနာအဆာ မရှိဘူး...ကြည့်ရတာတော့ သူတို့က အရိပ်ကျွန်းလို့ ခေါ်တဲ့နေရာကို ဦးတည်နေပုံရတယ်... ကျွန်တော်တို့က ခိုးထွက်သွားဖို့ အခွင့်အရေး ရှာသင့်လား"

ရှုံးဖန်းက စောင်းငဲ့၍ကြည့်လိုက်ပြီး သူ၏နှုတ်ခမ်းပေါ်တွင် အဓိပ္ပာယ်ပါသော အပြုံးတစ်ခု ရှိနေသည်။

"သား... မင်းက အရမ်းငယ်လွန်းသေးတယ်"

ငယ်လွန်းပြန်ပြီလား....

ရှုံးချုံးက မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်၏။

သူ့ဖခင်၏လေသံက တည်ကြည်လေးနက်နေသည်။

"ရောနှောနေတာက ပထမအဆင့်ပဲ ရှိသေးတယ်... အခြေအနေအရ လုပ်လိုက်ရတာ... ငါတို့ ရဲ့ကံတရား ပြောင်းလဲသွားပြီ... ငါတို့ကို သတိထား မခံခဲ့ရဘူး... ဒါပေမဲ့ ငါတို့ အခု ခိုးထွက်သွားရင် အဲ့ဒီလူနှစ်ယောက်ကို သတိပေးလိုက်သလို ဖြစ်သွားလိမ့်မယ်"

"ထွက်ပြေးတာက ဖြစ်သင့်ပုံရပေမယ့် အန္တရာယ်က ကြီးမားတယ်"

ဒါကြောင့်ကိုး... သူ တကယ့်ကို အတွေ့အကြုံ မရှိသေးဘူးပဲ.... ကံကောင်းပြီးတော့ အဖေ ရှိနေလို့သာပဲ...မဟုတ်ရင် ရလဒ်က ဆိုးရွားသွားနိုင်တယ်....

ရှုံးချုံး၏မျက်နှာဖြူဖျော့သွားပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံး အေးစက်သွားသည်။

"ဒါဆိုရင် အဖေ...ကျွန်တော်တို့ ဘာလုပ်သင့်လဲ"

သူ့သား၏နှိမ့်ချမှုကို သဘောကျသွားသဖြင့် ရှုံးဖန်းက ပြုံးလိုက်၏။

"ကောင်းတယ်... မင်းက သင်ပေးလို့ ရတယ်....ငါတို့ရဲ့ အကောင်းဆုံး လှုပ်ရှားမှုက ဟန်ဆောင်လိုက်လျောတာပဲ... သူတို့နဲ့အတူ ပြန်လိုက်သွားပြီးတော့ နောက်မှ ထွက်ပြေးမယ်...အဲ့ဒီအရှင်သခင်နှစ်ယောက်ရဲ စွမ်းအားအရ သူတို့မှာ ထူးခြားတဲ့ နေစရာ နေရာတစ်ခု ရှိနေရမယ်"

"သူတို့ ပြောနေတဲ့ အရိပ်ကျွန်းမှာ ရှားပါးပစ္စည်းတွေ ရှိနေနိုင်တယ်... ဒါက ငါတို့သားအဖအတွက် အခွင့်အလမ်းတစ်ခုပဲ... အမှောင်မိုက်ဆုံးညပြီးရင် ရောက်လာတဲ့ အရုဏ်ဦးပဲ"

ဟူး...

ရှုံးချုံးကခေါင်းမော့လိုက်ရာ သူ၏မျက်လုံးများတွင် လေးစားအားကျမှုများဖြင့် ပြည့်နှက်နေသည်။

သူသည် ထွက်ပြေးရန်သာ တွေးတောနေခဲ့ခဲ့သော်လည်း သူ၏ဖခင်ကမူ အဝေးကြီးထိ ကြိုတွေးထားပြီးလေပြီ။ သူ၏ဖခင်သည် အရှင်သခင်နှစ်ယောက် အပေါ်တွင်ပင် ပြန်လည်၍ အကြံထုတ်နေပေ၏။

သူတို့အကြား၌ ကွာခြားချက် အလွန်ကြီးမားနေသည်။

သူ၏စိတ်နှလုံးသားအတွင်း၌ ရိုသေလေးစားမှုများ လွှမ်းမိုးသွားပြီး သူ၏မျှော်လင့်ချက်များ တဖန်ပြန်၍ မြင့်တက်လာသည်။

"အဖေ... အဖေ့ရဲ့အမြော်အမြင်က အံ့အားသင့်စရာပဲ... ကျွန်တော် အများကြီး သင်ယူလိုက်ရပါတယ်"

ရှုံးဖန်းက ခပ်အုပ်အုပ် ရယ်မောပြီးနောက် ပြောဆိုသည်။

"ဟား ဟား... အဲ့ဒါကို အတွေ့အကြုံလို့ ခေါ်တယ်... ငါ့ရဲ့လမ်းညွှန်မှုနဲ့ ကောင်းကင်လက်နက်သာ ရှိရင် ငါတို့ လန်ရှင်းကို ပြန်ရောက်တဲ့အချိန်မှာ မင်းက ပြန်လည်မွေးဖွားလာသလိုမျိုး ဖြစ်သွားလိမ့်မယ်"

သားအဖနှစ်ယောက်သည် နားလည်မှုရှိစွာဖြင့် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး မကြာမီမှာပင် သူတို့၏တည်ငြိမ်မှုများကို ပြန်လည်၍ ရရှိသွားကြသည်။

သူတို့သည် အလုပ်သမားများနှင့်ရောနှောကာ ပျံသန်းရေးလှေပေါ်သို့ တက်လိုက်ကြပြီး ဒဏ္ဍာရီလာ အရိပ်ကျွန်းဆီသို့ ဦးတည်သွားကြသည်။

Thank For Reading.

All Chapters