← Chapters

မိုင်းတွင်းနက်ကြီးထဲဝယ် (သို့) တောက်ပနေသော ကျောက်တုံးများနှင့် ပိုမိုကြီးမားသော အန္တရာယ်

Vol. 2 Ch. 21

မိုင်းတွင်းနက်ကြီးထဲဝယ် (သို့) တောက်ပနေသော ကျောက်တုံးများနှင့် ပိုမိုကြီးမားသော အန္တရာယ်

Vol. 2 Ch. 21

~ကွေ့ယွမ်ဂိုဏ်း၏ တောင်နောက်ဘက် မိုင်းတွင်းဟောင်း။ မြေအောက် မီတာ (၂၀၀) အကွာတွင် ဖြစ်၏။

“ဟူး... ဟူး... နောက်ဆုံးတော့ သေကုန်ကြပြီဟေ့...”

နောက်ဆုံးကျန်နေသော ‘ဝိညာဉ်ဝါးကြွက်’ တစ်ကောင်မှာ မီးကျွမ်းကာ တဆတ်ဆတ် တုန်ခါလျက် လဲကျသွားသောအခါ၊ နာရီဝက်ခန့် ကြာမြင့်ခဲ့သော ‘မြေအောက် လူနှင့်ကြွက် စစ်ပွဲကြီး’ မှာ ပြီးဆုံးသွားလေတော့သည်။

ကျဉ်းမြောင်းသော မိုင်းတွင်းလမ်းကြားထဲတွင် ပြောမပြတတ်သော အနံ့ဆိုးများ ပြည့်နှက်နေ၏။ မီးကျည်ဆန် မန္တန်ကြောင့် တူးသွားသော အမွေးအမှင်နံ့များ၊ ကြွက်သားညှီနံ့များနှင့် မြေကြီးနံ့များ ရောနှောကာ ပျို့အန်ချင်စရာ ကောင်းနေ၏။

သို့သော် ကစားသမားများမှာ ထိုအရာများကို ဂရုမစိုက်နိုင်တော့ချေ။ သူတို့သည် ချောကျိနေသော ကြမ်းပြင်ပေါ်တွင် ပုံလျက်သား လဲကျနေကြသည်။ ဂုဏ်သိက္ခာ ဆိုသည်မှာလည်း လေထဲသို့ ပါသွားချေပြီ။ သူတို့၏ မျက်နှာပေါ်တွင်မူ အသက်ရှင်ကျန်ရစ်သူများ၏ အပြုံးများ ပေါ်နေ၏။

“အား... ငါ့ခါး...”

ဝမ်သဲ့ဖာသည် ချွေးများ၊ မီးခိုးပြာများနှင့် ရွှံ့များ ပေကျံနေသော မျက်နှာကြီးကို သုတ်လိုက်သည်။ သူ၏ စနစ်ဇယားကွက်ပေါ်တွင် တက်လာသော သတ်ဖြတ်မှု မှတ်တမ်းများနှင့် သိသိသာသာ တိုးတက်လာသော အတွေ့အကြုံတန်း ကို ကြည့်ကာ သွားဖြူဖြူကြီးများ ပေါ်လာသည်အထိ ပြုံးလိုက်၏။

“ဒါပေမဲ့ အတွေ့အကြုံ ရတာကတော့ တကယ် ရှယ်ပဲကွ... အပြင်မှာ ပင်ပင်ပန်းပန်း အလုပ်လုပ်ရတာထက် အများကြီး ပိုမြန်တယ်... ငါ ‘ချီ စုစည်းမှု အဆင့် (၂)’ ရောက်တော့မယ် ထင်တယ်...”

‘ကောင်းကင်ခွင်း ဓားတစ်လက်’ သည် သူ၏ သံရှည်ဓားပေါ်မှ သွေးများကို အဝတ်စုတ်ဖြင့် သုတ်နေ၏။ သူသည် ဘယ်သူ့မန္တန်က လွဲသွားသည်ဟု စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြသော အဖွဲ့သားများကို ကြည့်ကာ ခေါင်းငြိမ့်လိုက်၏။

“ပူးပေါင်းဆောင်ရွက်မှုကတော့ ညံ့နေတုန်းပဲ... ကိုယ့်လူကိုယ် ပြန်ထိနေတာတွေ ရှိနေတုန်းပဲ... ဒါပေမဲ့ ဒီအဖွဲ့လိုက် တိုက်ပွဲအပြီးမှာ အားလုံးရဲ့ တိုက်ခိုက်ရေး စွမ်းရည်တွေ တော်တော် တက်လာကြတယ်... အနည်းဆုံးတော့ သတ္တိ ရှိလာကြပြီ...”

အားလုံးသည် စစ်မြေပြင်ကို ရှင်းလင်းနေကြစဉ်၊ ကြွက်သားရေများကို ခွာကာ ကြွက်သွားများကို နှုတ်ယူနေကြစဉ် (စနစ်က တန်ဖိုးမရှိဟု ပြောထားသော်လည်း ‘ရောက်မှတော့ မထူးပါဘူး’ ဆိုသော မူဝါဒဖြင့် ဘယ်သူမှ လက်ဗလာဖြင့် ပြန်မသွားချေ)...

ထောင့်တစ်နေရာတွင် တိတ်ဆိတ်စွာ ထိုင်နေသော ‘ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ ဦးလေးကျန်း’ သည် ရုတ်တရက် သူ၏ ရှေ့ရှိ ကျောက်နံရံကို ဂေါ်ပြားဖြင့် ခေါက်လိုက်၏။

“ဒေါင်... ဒေါင်...”

သတ္တုချင်း ရိုက်ခတ်သံ သဲ့သဲ့လေးမှာ တိတ်ဆိတ်နေသော မိုင်းတွင်းထဲတွင် အလွန် ကြည်လင်ပြတ်သားစွာ ထွက်ပေါ်လာသည်။

ဦးလေးကျန်းသည် မရှိသော မျက်မှန်ကို ပင့်တင်ဟန် ပြုလိုက်၏။ သူ၏ လေသံမှာ ပညာရှင်တစ်ယောက်၏ စိတ်လှုပ်ရှားမှုနှင့် သေချာမှုများ ပါဝင်နေလေသည်။

“ညီအစ်ကိုတို့... ကြွက်အမှိုက်တွေကို ရှင်းမနေကြနဲ့တော့...”

“ငါတို့... ပစ္စည်းစစ်နဲ့ တိုးနေပြီ ထင်တယ်...”

“ဘာ...”

အားလုံးသည် လက်ထဲမှ ကြွက်သားရေများကို ပစ်ချကာ ဝိုင်းအုံလာကြတော့၏။

ဦးလေးကျန်းသည် သူ၏ ဂေါ်ပြားဖြင့် စိုစွတ်သော ရေညှိများနှင့် ကျောက်လွှာများကို ဂရုတစိုက် ဖယ်ရှားလိုက်ရာ၊ အတွင်းမှ သတ္တုရိုင်းကြော အနည်းငယ် ပေါ်ထွက်လာ၏။

ဝမ်သဲ့ဖာ၏ မီးလုံးလေးမှ အလင်းရောင် ဖျော့တော့တော့ အောက်တွင် လက်မအရွယ်အစားခန့်ရှိသော ထိုသတ္တုရိုင်းစလေးသည် နို့နှစ်ရောင် အလင်းတန်းလေးများကို ဖျော့တော့စွာ ထုတ်လွှတ်နေသည်ကို တွေ့လိုက်ရ၏။

အလင်းရောင်မှာ အားနည်းသော်လည်း၊ လက်ဝါးဖြန့်ကြည့်လျှင်ပင် မမြင်ရလောက်အောင် မဲမှောင်နေသော ဤမိုင်းတွင်းထဲတွင်မူ အလွန် တောက်ပနေပြီး အဆုံးမဲ့သော မှော်စွမ်းအင်များ ပါဝင်နေသကဲ့သို့ပင်။

“သောက်ကျိုးနည်း... လင်းနေတယ်ဟ...”

“ဒါ ဘာကြီးလဲ... ဒဏ္ဍာရီထဲက ‘ညမီးမွှေး ပုလဲ’ ဆိုတာများလား...”

“မင်းဘိုးအေ ညမီးမွှေး... မင်း တာဝန်ဖော်ပြချက်ကို မဖတ်ဘူးလား... ဒါ ဝိညာဉ်ကျောက်တုံးကွ... အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးရိုင်း...”

ပစ္စည်းနားလည်သော ဝါရင့်ကစားသမား တစ်ယောက်က အသံများပင် ကွဲအက်လာသည်အထိ အော်ဟစ်လိုက်၏။

ဝိညာဉ်ကျောက်တုံး...

ကျင့်ကြံခြင်း လောက၏ ငွေကြေး... စုဆောင်းမှတ်တွေနဲ့ လဲလို့ရတယ်... ပစ္စည်းတွေ ဝယ်လို့ရတယ်... ကျင့်ကြံမှုကို မြှင့်တင်လို့ ရတယ်...

ဒါ ကျောက်တုံး မဟုတ်ဘူး... ဒါ ငွေတုံးကြီး...

တစ်ခဏချင်းမှာပင် ကစားသမားများ၏ မျက်လုံးများသည် ဝိညာဉ်ကျောက်တုံး ပုံသဏ္ဌာန်များ ဖြစ်သွားကြပြီး၊ အသက်ရှူသံများမှာလည်း တိုက်ပွဲတုန်းကထက် ပိုမို ပြင်းထန်လာကြ၏။

“ဖယ်ကြစမ်း... ငါ တူးမယ်... ငါ့မှာ ခွန်အားအပိုဆု ရှိတယ်... ငါ သန်တယ်...”

“မတိုးနဲ့... ဒီအစကို ငါ အရင် မြင်တာ... ဘယ်ကောင် လာလုရဲလဲ ကြည့်ရသေးတာပေါ့...”

လောဘတက်နေသော ကစားသမားများသည် ဓားပြတိုက်တုန်းက စိတ်ဓာတ်များ ပြန်ဝင်လာကြပြီး၊ ပေါက်ပြားများနှင့် ဂေါ်ပြားများကို ဝှေ့ယမ်းကာ ကျောက်နံရံကို အတင်းဝင်ရောက် တူးဆွကြတော့သည်။ မီးပွားများပင် လွင့်စင်နေလေ၏။

“ရပ်... အားလုံး ရပ်လိုက်ကြစမ်း...”

ဦးလေးကျန်းသည် ဖိုမင်တစ်ယောက်၏ အာဏာစက်ကို ထပ်မံ ထုတ်သုံးလိုက်ရပြန်သည်။ သူသည် ဂေါ်ပြားဖြင့် ကျောက်နံရံကို ရိုက်ကာ ကျောက်စအချို့ ပြုတ်ကျလာသည်ကို နှမြောတသစွာ ကြည့်ရင်း တုန်ရီနေ၏။

“ဖြုန်းတီးတဲ့ ကောင်တွေ... ဒါ ဝိညာဉ်ကျောက်တုံး သတ္တုကြောကွ... ရတနာကွ... အပြင်က မြေစိုင်ခဲတွေ မဟုတ်ဘူး...”

“မင်းတို့ ဒီလို အတင်းတူးရင် သတ္တုရိုင်းတွေ ကွဲကုန်မှာပေါ့... ကွဲသွားရင် ဝိညာဉ်စွမ်းအင်တွေ ယိုစိမ့်ထွက်သွားပြီး ဘာမှ တန်ဖိုးမရှိတော့ဘူး... ကြားလား...”

ဦးလေးကျန်း၏ ဆူပူမှုကို ခံလိုက်ရပြီးနောက်၊ အားလုံးသည် မြေကြီးပေါ်မှ ကျောက်စများကို ကြည့်ကာ ငြိမ်ကျသွားကြသည်။

“ဒါဆို... ဦးလေးကျန်း... ဘယ်လို တူးရမလဲ... ဦးလေး ပြောတဲ့အတိုင်း လုပ်ပါ့မယ်...”

ထိုအခါ၊ ဦးလေးကျန်းက နှာခေါင်းရှုံ့လိုက်ပြီး၊ လုပ်ငန်းခွင် သင်တန်းတစ်ခု ပို့ချကာ သူ၏ နေရာကို ပြန်လည် ရယူလိုက်၏။

“မိုင်းတူးတယ် ဆိုတာ ပညာရပ်တစ်ခုပဲ... သိမ်မွေ့မှု ရှိရတယ်... သတ္တုကြောရဲ့ လမ်းကြောင်းကို အရင် ရှာရတယ်... ပြီးတော့ ဘေးက ကျောက်သားတွေကို ဂရုတစိုက် ဖယ်ရှားပြီးမှ သတ္တုရိုင်းတုံးကို အကောင်းအတိုင်း ထုတ်ယူရတာ...”

သူသည် တာဝန်များ ခွဲဝေပေးလိုက်၏။

“ခွန်အားလိုင်းတွေ... ဟိုဘက်ကို သွားပြီး နေရာရှင်းကြ... ကျောက်တုံးကြီးတွေကို ဖယ်ရှား... လျင်မြန်မှုလိုင်းတွေ... တူသေးသေးလေးတွေနဲ့ ဆောက်တွေကို ယူပြီး အနားသတ်တွေကို ဖြည်းဖြည်းချင်း ဖယ်ရှား... နှေးနှေးလုပ်မှ ပစ္စည်းကောင်း ရမှာ... မှော်ဆရာတွေ... မင်းတို့က မီးထွန်းပေးထား... မီးငြိမ်းမသွားစေနဲ့...”

“နားလည်လား... လှုပ်ရှားကြ... စုဆောင်းမှတ်တွေ အတွက်...”

ပညာရှင်တစ်ယောက်၏ ညွှန်ကြားမှုအောက်တွင် ပရမ်းပတာ ဖြစ်နေသော မိုင်းတူးပွဲကြီးမှာ ချက်ချင်းဆိုသလို စနစ်ကျသွားပြီး စက်မှုလုပ်ငန်း အလှတရားများ ပေါ်ပေါက်လာတော့သည်။

“ဒေါင်... ဒေါင်...”

တူထုသံများမှာ စည်းချက်ကျကျ ထွက်ပေါ်လာ၏။

မကြာမီမှာပင် ပထမဆုံးသော အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးရိုင်း တစ်တုံးကို ဦးလေးကျန်း ကိုယ်တိုင် ထုတ်ယူနိုင်ခဲ့၏။

လက်သီးဆုပ်လောက် ရှိသော ကြည်လင်နေသည့် ကျောက်တုံးလေးမှာ နွေးထွေးသော အရောင်အဝါများ ထွက်ပေါ်နေ၏။ ကိုင်ကြည့်လိုက်လျှင် အတွင်း၌ စီးဆင်းနေသော ဝိညာဉ်စွမ်းအင်များကို ရှင်းလင်းစွာ ခံစားနေရသည်။

“ပစ္စည်းကောင်းပဲ...” ဦးလေးကျန်း မျက်လုံးများ အရောင်တောက်သွားပြီး ရေရွတ်လိုက်သည်။ “ဒီတစ်တုံးကို ဂိုဏ်းကို ယူသွားရင် အနည်းဆုံး စုဆောင်းမှတ် (၁၀၀) လောက်တော့ တန်မှာပဲ...”

ဈေးနှုန်းကို ကြားလိုက်ရသောအခါ ကစားသမားများမှာ ပို၍ပင် စိတ်အားထက်သန်လာကြပြီး၊ သင်းခွေချပ်များ အဖြစ် ပြောင်းလဲကာ သတ္တုကြော တစ်ခုလုံးကို ပြောင်စင်အောင် တူးပစ်ချင်နေကြတော့သည်။

သို့သော် အားလုံးက ချမ်းသာတော့မည့် ပျော်ရွှင်မှုများထဲတွင် စီးမျောနေစဉ်...

အဖွဲ့နှင့် ကွဲမသွားစေရန် ရှေ့သို့သွားကာ ကင်းထောက်နေသော ‘ကောင်းကင်ခွင်း ဓားတစ်လက်’ ရုတ်တရက် ပြန်ပြေးလာ၏။ မီးရောင်အောက်တွင် သူ၏ မျက်နှာမှာ ဖြူဖျော့နေပြီး တည်တင်းနေ၏။

“ဦးလေးကျန်း... အားလုံးပဲ... ခဏလောက် ရပ်ကြပါဦး...”

သူသည် အသံကို နှိမ့်ကာ ပြောလိုက်သော်လည်း အသံထဲတွင် မသိမသာ တုန်ရီမှုများ ပါဝင်နေသည်။ သူသည် မိုင်းတွင်း၏ အတွင်းပိုင်း နက်နက်သို့ လက်ညှိုးညွှန်ပြလိုက်၏။

“ရှေ့မှာ... အခြေအနေ မကောင်းဘူး...”

အားလုံး၏ လှုပ်ရှားမှုများ ရပ်တန့်သွားကြပြီး၊ မိုင်းတွင်းတစ်ခုလုံး တိတ်ဆိတ်သွားကာ ပြင်းထန်သော အသက်ရှူသံများသာ ကျန်ရစ်တော့၏။

အားလုံးသည် မီးတုတ်များကို ကိုင်ကာ ရှေ့သို့ တိုးသွားလိုက်ကြသည်။

ရှေ့မှ လမ်းကြောင်းမှာ ပိုမို ကျယ်ဝန်းလာပြီး သဘာဝ လိုဏ်ဂူကြီးတစ်ခုထဲသို့ ရောက်ရှိသွားသကဲ့သို့ ဖြစ်နေသည်။ သို့သော် မြေကြီးပေါ်မှ အမှတ်အသားများကတော့ နှလုံးရပ်သွားမတတ် ဖြစ်စေ၏။

မူလက ချောမွတ်နေသော ကြမ်းပြင်ပေါ်တွင် ကြီးမားနက်ရှိုင်းသော ခြေသည်းရာကြီးများ ပေါ်နေသည်ကို တွေ့လိုက်ရသည်။ တစ်ခုချင်းစီမှာ မီတာဝက် (၁.၅ ပေ) ခန့် ရှည်လျားပြီး၊ ဧရာမ သတ္တဝါကြီး တစ်ကောင်က ထွန်ယက်သွားသကဲ့သို့ ကျောက်သားထဲတွင် နက်ရှိုင်းစွာ စိုက်ဝင်နေ၏။

ခြေသည်းရာများ၏ ဘေးတွင်မူ ကြီးမားသော အရိုးဖြူကြီးများ ပြန့်ကျဲနေသည်။ ပုံသဏ္ဌာန်အရ ကြည့်လျှင် ဝိညာဉ်ဝါးကြွက်ကဲ့သို့ သတ္တဝါငယ်လေးများ မဟုတ်ဘဲ၊ ကြီးမားသော သားရဲကြီး တစ်ကောင်က ဝါးမြိုစားသောက်ထားသော အကြွင်းအကျန်များ ဖြစ်ပုံရသည်။

လေထုထဲမှ ညှီနံ့များမှာ ပိုမို ပြင်းထန်လာပြီး၊ ပျို့အန်ချင်စရာ ကောင်းသော အပုပ်နံ့များပါ ရောနှောနေ၏။

“ဒီ... ဒီ ခြေသည်းရာတွေက...”

ဝမ်သဲ့ဖာ တံတွေး တစ်ချက် မျိုချလိုက်သည်။ သူ၏ အသံများ တုန်ရီနေပြီး နောက်သို့ တွန့်ဆုတ်သွားမိ၏။

“ဝိညာဉ်ဝါးကြွက်တွေထက် အများကြီး ပိုကြီးတယ် မဟုတ်လား... ဒီကောင်ကြီးက ဘယ်လောက်တောင် ကြီးမှာလဲ... ဂေါ်ဇီလာလောက် ရှိမလား...”

‘ကောင်းကင်ခွင်း ဓားတစ်လက်’ သည် သံရှည်ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး၊ မျက်နှာထားမှာ အလွန် တည်ကြည်လေးနက်နေ၏။

“ဟို ဝိညာဉ်ဝါးကြွက်တွေက... တံခါးစောင့်နေတဲ့ အမြောက်စာ တွေလောက်ပဲ ဖြစ်မယ်...”

“ဒီမိုင်းတွင်း နက်နက်ထဲမှာ... တကယ့် ဘီလူးကြီး တစ်ကောင် ခိုအောင်းနေတာ ဖြစ်မယ်... ဘော့စ် တစ်ကောင်ပေါ့...”

လူတိုင်း၏ ရင်ထဲသို့ အေးစက်မှုများ ဝင်ရောက်လာပြီး၊ ပတ်ဝန်းကျင် အပူချိန်မှာလည်း ဒီဂရီအနည်းငယ် ထပ်မံ ကျဆင်းသွားသလို ခံစားလိုက်ရသည်။

မိုင်းတူးရသည့် ပျော်ရွှင်မှုများမှာ မသိနားမလည်သော အရာကို ကြောက်ရွံ့ခြင်းဖြင့် အစားထိုး ဝင်ရောက်လာတော့သည်။

အားလုံး တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး၊ မျက်လုံးများထဲတွင် ဆုတ်ခွာချင်သော အရိပ်အယောင်များကို မြင်နေရ၏။

“ငါတို့... ပြန်ကြမလား... ရသလောက်နဲ့ပဲ ကျေနပ်လိုက်ကြမလား...” သတ္တိနည်းသော ကစားသမား တစ်ယောက်က တိုးတိုးလေး အကြံပြုလိုက်သည်။ “ဘာပဲပြောပြော ဝိညာဉ်ကျောက်တုံးတွေလည်း တော်တော် ရနေပြီပဲ...”

“ပြန်မယ် ဟုတ်လား... ငါတို့ ဒီအထိ ရောက်နေပြီလေ...”

ယခုအခါ၊ သူဌေးသား ‘ပိုက်ဆံမရှားပါ’ သည် ဘယ်အချိန်က လဲလိုက်မှန်း မသိသော တစ်ပတ်ရစ် သားရေချပ်ဝတ်ကို ဝတ်ဆင်ထားလေသည်။ သံဓားကို ကိုင်ကာ မျက်လုံးများထဲတွင် လောင်းကစားသမား တစ်ယောက်၏ အရောင်များ တောက်လောင်နေ၏။

“သတ္တိရှိမှ သူဌေးဖြစ်မှာကွ... ဒီလောက်ကြီးတဲ့ ဘော့စ် ဆိုရင် သေချာပေါက် ပစ္စည်းကောင်းတွေ ကျမှာပဲ... အပြာရောင် အဆင့် ပစ္စည်းတွေတောင် ပါနိုင်တယ်...”

“သေရင် ပြန်ရှင်ရုံပဲလေ... ဘာကြောက်စရာ ရှိလဲ... စတုတ္ထကပ်ဘေးတွေက ဘယ်တော့မှ ကျွန်မခံဘူး... တိုက်ကြစမ်း...”

သူဌေးသား၏ ဆော်ဩမှု (နှင့် ပစ္စည်းကောင်းများ၏ ဆွဲဆောင်မှု) ကြောင့် ကစားသမားများ၏ လောင်းကစား စိတ်ဓာတ်များ ပြန်လည် နိုးထလာကြတော့သည်။

“ဟုတ်တယ်... ငါတို့က ကစားသမားတွေလေ... ဘာကြောက်စရာ ရှိလဲ...”

“ပစ္စည်းတွေအတွက်... ဝိညာဉ်ကျောက်တုံးတွေအတွက်... ပထမဆုံး သတ်ဖြတ်မှု အောင်မြင်မှုအတွက်... လုပ်ကြမယ်ဟေ့...”

အဖွဲ့ကြီးသည် တစ်ဖန် ပြန်လည် စုစည်းလိုက်ကြသည်။ ရင်ခုန်သံများ မြန်ဆန်နေပြီး ခြေထောက်များ တုန်ရီနေကြသော်လည်း၊ သူတို့၏ ခြေလှမ်းများမှာမူ ခိုင်မာစွာဖြင့် မိုင်းတွင်းနက်ကြီးထဲမှ အမည်မသိ ဧရာမ အရိပ်မည်းကြီးဆီသို့ လျှောက်လှမ်းသွားကြတော့သည်။

All Chapters