← Chapters

အခန်း (၃၂၃)

Vol. 30 Ch. 323

အခန်း (၃၂၃)

Vol. 30 Ch. 323

အခြားသော နယ်စားမင်း (ဧကရာဇ်ဟောင်း) များမှာလည်း အတိုင်းမသိ ဝမ်းသာအားရ ဖြစ်သွားကြသည်။

ဒါဟာ တကယ်ကို ထူးခြားပြီး မင်္ဂလာရှိတဲ့ သတင်းကောင်းပင် ဖြစ်သည်။

သူတို့သည် လက်ရှိတွင် နယ်စားဘွဲ့ထူးများကို ဆုပ်ကိုင်ထားကြသော်လည်း နာမည်သာရှိပြီး အာဏာမရှိကြပေ။ သူတို့၏ အဆင့်အတန်းမှာ မြင့်မားသော်လည်း လုပ်ပိုင်ခွင့်များမှာ များစွာ ကန့်သတ်ခံထားရလေ၏။

ထို့အပြင် သူတို့၏ ဘွဲ့ထူးဂုဏ်ရည်များသည် မျိုးဆက်တစ်ခု ကျော်လေတိုင်း အဆင့်တစ်ခုစီ နိမ့်ကျသွားရမည် ဖြစ်သည်။ ယခုမျိုးဆက်မှာ နယ်စား အဆင့် ဖြစ်သော်လည်း၊ နောက်မျိုးဆက်တွင် မြို့စား အဆင့်၊ ထိုမှတစ်ဆင့် အဆင့်ဆင့် လျော့ကျသွားပေလိမ့်မည်။

အကယ်၍ မျိုးဆက်သုံးဆက်အတွင်း ဘွဲ့ထူးကို ထိန်းထားနိုင်လောက်တဲ့ ထူးခြားတဲ့ အောင်မြင်မှုမျိုး မပြနိုင်ခဲ့ရင် သူတို့ရဲ့ မိသားစုဟာ သာမန်အရပ်သားဘဝကို ရောက်သွားရုံသာ ရှိတော့သည်။

ထို့ကြောင့် သူတို့၏ သားစဉ်မြေးဆက်များအတွက် အခွင့်အရေးသစ်များကို မဖြစ်မနေ ရှာဖွေပေးရမည် ဖြစ်သည်။ အရာရှိအဖြစ် အမှုထမ်းပြီး အောင်မြင်မှုမှတ်တိုင်များ စိုက်ထူနိုင်မှသာ သူတို့၏ မင်းမျိုးမင်းနွယ် ဂုဏ်သိက္ခာကို ဆက်လက် ထိန်းသိမ်းထားနိုင်ပေလိမ့်မည်။

မင်းဆက်နိုင်ငံကြီးတစ်ခု၏ 'နယ်စား' အဆင့်သည် တိုင်းပြည်ငယ်လေးတစ်ခု၏ 'ဧကရာဇ်' ရာထူးထက်ပင် ပိုမို ဂုဏ်ကျက်သရေ ရှိလှပေသည်။

"အရှင်မင်းကြီးရဲ့ ဂုဏ်ကျေးဇူးတော်က အတိုင်းအဆမရှိ ကြီးမားလှပါပေတယ်၊ အခုဆိုရင် အရှင်မင်းကြီးက ငါတို့အတွက် နန်းတွင်းစာမေးပွဲရော၊ သိုင်းစာမေးပွဲကိုပါ လမ်းဖွင့်ပေးလိုက်ပြီ။ မင်းတို့အားလုံး အစွမ်းကုန် ကြိုးစားကြရမယ်၊ ဘယ်သူက အတော်ဆုံးဖြစ်မလဲ၊ အတော်ဆုံးသူကပဲ ငါ့ရဲ့ ဘွဲ့ထူးကို ဆက်ခံနိုင်မယ်"

"ဟုတ်ကဲ့ပါ အဖေ" နယ်စားကြီး၏ သားသမီးများအားလုံး စိတ်လှုပ်ရှား တက်ကြွစွာဖြင့် ပြန်လည် ဖြေကြားကြသည်။

ထိုအချိန်တွင် အဓိက စာမေးပွဲကြီး နှစ်ရပ်ကြောင့် မဟာရှတစ်နိုင်ငံလုံး ဆူညံပွက်လောရိုက်နေတော့သည်။ နန်းတွင်းစာမေးပွဲ၏ သတ်မှတ်ချက်မှာ မြင့်မားလွန်းလှရာ အနည်းဆုံး 'ပညာသင်' အဆင့်ရှိမှသာ ဝင်ရောက်ဖြေဆိုနိုင်သဖြင့် လူဦးရေ ၉၉.၉ ရာခိုင်နှုန်းမှာ အလိုအလျောက် ပြုတ်သွားကြသည်။

ထို့ကြောင့် ပြည်သူအများစုက သူတို့၏ဘဝကို အလှည့်အပြောင်း ဖြစ်စေမည့် သိုင်းပညာ စာမေးပွဲဆီသို့သာ အာရုံစိုက်လာကြလေသည်။

သိုင်းစာမေးပွဲ စာရင်းပေးသွင်းသည့်နေ့တွင် လူအများအပြားဖြင့် ပြည့်နှက်နေပြီး ခွန်အားနှင့် အတတ်ပညာ အနည်းငယ်ရှိသူတိုင်း ရှေ့ထွက်လာကြသည်။ ဤပွဲ၏ အရေးပါမှုကို ထောက်ထား၍ ဝန်ကြီးချောင်ချောင်ကိုယ်တိုင် ကြီးကြပ်ကွပ်ကဲရန် ထွက်လာခဲ့သည်။

"ဒီနေ့ကစပြီး သိုင်းစာမေးပွဲအတွက် စာရင်းပေးသွင်းနိုင်ပြီ၊ ငါတို့ရဲ့ သိုင်းစာမေးပွဲက စာပေစာမေးပွဲနဲ့ မတူဘူး။ သိုင်းပညာ စွမ်းရည်တင်မကဘူး၊ စစ်ဗျူဟာနဲ့ နည်းဗျူဟာတွေကိုပါ စစ်ဆေးသွားမှာ ဖြစ်တဲ့အတွက် ပိုပြီးတော့ ကျယ်ပြန့်တယ်"

"ဒါပေမဲ့ ဒါတွေက နောက်မှပြောရမယ့်ကိစ္စတွေပါ။ အရင်ဆုံး အရည်အချင်း စိစစ်မယ့် သတ်မှတ်ချက်ကို ပြောပြမယ်၊ လျှောက်ထားသူ အရမ်းများနေတဲ့အတွက် ငါတို့က ကနဦး သတ်မှတ်ချက်တစ်ခု ထားရှိထားတယ်။ အဲဒီအချက်နဲ့ ကိုက်ညီသူတွေပဲ သိုင်းစာမေးပွဲအတွက် စာရင်းပေးသွင်းခွင့် ရမယ်"

"ဘာအချက်လဲ ဝန်ကြီးချောင်?" ဟု တစ်စုံတစ်ယောက်က လှမ်းမေးလိုက်သည်။

"ယူခဲ့ကြစမ်း" ချောင်ချောင်က ပြုံးလျက် လက်ခုပ်တီးကာ အမိန့်ပေးလိုက်သည်။

ချက်ချင်းပင် လူအချို့သည် လေးလံလှသော ကြေးအိုးကြီးတစ်လုံးကို မနိုင်မနင်း ထမ်းပိုးယူဆောင်လာကြသည်။

"ဒီကြေးအိုးကြီးက ပိဿာ ၆၀၀ လေးတယ်။ ငါတို့ရဲ့ သတ်မှတ်ချက်ကတော့... ဘယ်သူမဆို ဒီအိုးကြီးကို မြှောက်မပြီး အသက်ရှူအကြိမ် ၁၀ ခါစာ ကြာအောင် ထိန်းထားနိုင်ရင် သိုင်းစာမေးပွဲအတွက် စာရင်းပေးလို့ ရပြီ"

လူအုပ်ကြီးမှာ အံ့အားသင့်သွားကြသည် - "ပိဿာ ၆၀၀ လေးတဲ့ ကြေးအိုးကြီးကို မြှောက်ရမှာလား"

ပုံမှန်အားဖြင့် ကျန်းမာသန်စွမ်းတဲ့ အမျိုးသားတစ်ဦးဟာ ပိဿာ ၆၀ ကနေ ၁၂၀ လောက်အထိပဲ မနိုင်ကြတာ ဖြစ်သည်။ အထူးလေ့ကျင့်ထားခြင်း မရှိဘဲ ပိဿာ ၁၈၀ ကျော်ကို မဖို့ဆိုတာ မဖြစ်နိုင်သလောက်ပင်။ အကယ်၍ ပိဿာ ၃၀၀ ကျော်ကို မနိုင်ဖို့ဆိုရင်တော့ အတိုင်းအတာတစ်ခုအထိ သိုင်းပညာ အခြေခံရှိမှသာ ရပေလိမ့်မည်။

အခု ပိဿာ ၆၀၀ အထိ မနိုင်ဖို့ဆိုရင်တော့ အနည်းဆုံး 'ဒုတိယတန်းစား သိုင်းပညာရှင်' အဆင့်ရှိဖို့ လိုအပ်မှာ သေချာသည်။ ထို့ကြောင့် ဤသတ်မှတ်ချက်သည် လွယ်ကူလှသည်တော့ မဟုတ်ပေ။ တကယ်တမ်းတွင် အတော်လေးကို တင်းကျပ်လွန်းနေသည်။ လောကကြီးတွင် ဒုတိယတန်းစား သိုင်းပညာရှင် ဘယ်နှယောက်များ ရှိနေလို့လဲ။

"ဝန်ကြီးချောင်... ပိဿာ ၆၀၀ က အရမ်းလေးလွန်းပါတယ်၊ နည်းနည်းလောက် လျှော့ပေးလို့ မရဘူးလား" တစ်စုံတစ်ယောက်က အော်ပြောလိုက်သည်။

ချောင်ချောင်က ခေါင်းခါလိုက်ပြီး - "မရဘူး! ငါတို့က တိုင်းပြည်ကို ကာကွယ်မယ့် ထူးချွန်သူတွေကို ရွေးချယ်နေတာ။ မင်းတို့မှာ ခွန်အားမရှိရင် စစ်မြေပြင်မှာ ရန်သူကို ဘယ်လို ရင်ဆိုင်မလဲ၊ တိုင်းပြည်နဲ့ မိသားစုကို ဘယ်လို ကာကွယ်မလဲ၊ အဲဒီလိုဆိုရင်တော့ အလဟဿ အသက်သွားပေးတာနဲ့ တူတူပဲ ဖြစ်လိမ့်မယ်"

လူအုပ်ကြီးမှာ ငြိမ်ကျသွားသည်။ ဘယ်သူမှ ပြန်မပြောနိုင်ကြပေ။ ထိုစဉ် ချောင်ချောင်က ထပ်မံ အော်ပြောလိုက်သည် - "ဘယ်သူ အရင်ဆုံး စမ်းကြည့်မလဲ"

"ကျွန်တော် စမ်းကြည့်မယ်" လူအုပ်ထဲမှ ရှစ်ပေခန့် အရပ်ရှိသော ဗလကောင်းကောင်း လူသန်ကြီးတစ်ဦး ထွက်လာသည်။

သူသည် လူအများ၏ အကြည့်အောက်တွင် ကြွက်သားများကို အနည်းငယ် အကြောလျှော့လိုက်ပြီးနောက် ကြေးအိုးကြီးကို ပွေ့ချီကာ အားကုန်သုံးပြီး မြှောက်လိုက်သည်။

သို့သော်လည်း ကြေးအိုးကြီးမှာ မြေကြီးပေါ်မှ အနည်းငယ်သာ ကြွတက်လာပြီး ဝုန်းခနဲ အသံကြီးနှင့်အတူ ပြန်ကျသွားလေသည်။

"မအောင်ဘူး၊ နောက်တစ်ယောက်၊ ချောင်ချောင်က အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။

"ဝန်ကြီးချောင်... ကျွန်တော့်ကို ပေးစမ်းပါဦး" နောက်ထပ် လူသန်ကြီးတစ်ဦး ထွက်လာပြန်သည်။

သူသည် ကြည့်ရုံနှင့် သန်မာပုံရသော်လည်း ခွန်အားမှာ ရှေ့ကလူထက် မသာပေ။ ကြေးအိုးကြီးကို အနည်းငယ်မျှသာ လှုပ်နိုင်ပြီး အားကုန်သွားလေသည်။

"မအောင်ဘူး၊ နောက်တစ်ယောက်"

လူတိုင်းက တစ်ယောက်ပြီးတစ်ယောက် စိတ်အားထက်သန်စွာ စမ်းသပ်ကြသည်။ ရှေ့ထွက်လာကြသည်မှာ မြန်သလောက်၊ ပြန်သွားကြသည်မှာလည်း မြန်လှပေသည်။

အမှန်စင်စစ် ပိဿာ ၆၀၀ ဆိုသည်မှာ လူသားတို့၏ ခွန်အားအတိုင်းအတာကို ကျော်လွန်နေပြီ ဖြစ်သည်။

လူပေါင်း ၃၀၊ ၄၀ ခန့် စမ်းသပ်ပြီးသော်လည်း တစ်ဦးမျှ မမနိုင်သေးချေ။ အသန်ဆုံးသူဆိုသည်မှာလည်း ကြေးအိုးကြီးကို မြေပြင်မှ နှစ်ပေခန့်သာ မြှောက်နိုင်ပြီး ဆက်မထိန်းထားနိုင်တော့ပေ။

ထိုစဉ်မှာပင် နုနယ်ပျိုမြစ်သော မျက်နှာပေါက်ရှိပြီး ကိုယ်လုံးကိုယ်ထည် သွယ်လျသော လူငယ်လေးတစ်ဦး လူအုပ်ထဲမှ တိုးထွက်လာကာ - "နောက်တစ်ယောက်... ကျွန်တော့်အလှည့်" ဟု အော်လိုက်သည်။

ဘေးက ကြည့်နေသူများအားလုံး ဝိုင်းရယ်ကြလေတော့သည်။

"ကောင်လေး... မင်းက ပိန်ပိန်ပါးပါးလေးနဲ့ ဘာလို့ လာရှုပ်နေတာလဲ"

"မင်းရှေ့က လူသန်ကြီးတွေကို ကြည့်ဦး၊ သူတို့တောင် မမနိုင်တာကို မင်းက နိုင်မယ် ထင်နေတာလား"

"သွားပါ... အိမ်ပြန်ပြီး နို့သောက်လိုက်ဦး၊ ကြွက်သားတွေတက်လာမှ ပြန်လာခဲ့၊ ဟားဟား…"

လူငယ်လေးက ချက်ချင်းပင် ပြန်ချေပလိုက်သည် - "ကျွန်တော့်ကို အထင်မသေးနဲ့၊ ကျွန်တော်က သွယ်လျပေမဲ့ သိုင်းပညာ တတ်တယ်။ မြင်းပေါ်ကနေ ရန်သူကို သတ်နိုင်သလို၊ မြေပြင်မှာလည်း ဓားပြတွေကို နှိမ်နင်းနိုင်တယ်။ ဒီလောက် ကြေးအိုးလေး မြှောက်ရတာကတော့ ကျွန်တော့်အတွက် ဘာမှမဟုတ်ဘူး"

လူအုပ်ကြီးက ထပ်မံ လှောင်ပြောင်ကြပြန်သည်။

အရာရှိတစ်ဦးက ချောင်ချောင်ဘက်သို့ လှည့်ကာ တိုးတိုးလေး ကပ်ပြောလိုက်သည် - "ဝန်ကြီးချောင်... အဲဒါ ရှီနယ်စားကြီးရဲ့ အငယ်ဆုံးသား 'ရှီကျင့်' မဟုတ်လား။ သူ သိုင်းစာမေးပွဲ ဝင်ဖြေတာက သင့်တော်ပါ့မလား"

ချောင်ချောင်က အေးဆေးစွာဖြင့် - "ကိစ္စမရှိဘူး၊ အရှင်မင်းကြီးက ကန့်သတ်ချက်တွေ ဖယ်ရှားပေးထားပြီးသား။ ဘယ်သူမဆို ပါဝင်ခွင့်ရှိတယ်။ သူက နယ်စားရဲ့သား ဖြစ်နေပါစေဦး၊ အရာရှိဖြစ်လာရင်တောင် ဘာလှိုင်းတံပိုးမှ ထမလာစေရဘူး။ ငါတို့က တရားမျှတစွာ စိစစ်ပေးဖို့ပဲ လိုတယ်"

"နားလည်ပါပြီ ဝန်ကြီး" အရာရှိမှာ ဘာမှ ထပ်မပြောတော့ပေ။

ချောင်ချောင်က ယဉ်ကျေးစွာဖြင့် လက်ဟန်ပြလိုက်ရင်း - "သခင်လေးရှီ... ကျေးဇူးပြုပြီး စတင်နိုင်ပါပြီ" ဟု ဆိုလိုက်သည်။

လူငယ်လေးသည် ချောင်ချောင်က သူ့ကို သိနေသည်ကို အံ့ဩပုံမရပေ။ ဦးညွှတ်နှုတ်ဆက်လိုက်ပြီးနောက် ကြေးအိုးကြီးဆီသို့ လျှောက်သွားကာ လက်တစ်ဖက်တည်းဖြင့် ခေါင်းပေါ်အထိ မြှောက်တင်လိုက်လေသည်။

မြင်ကွင်းတစ်ခုလုံး အံ့အားသင့်မှုများဖြင့် ဆူညံသွားတော့သည်။

"အောင်မြင်တယ်၊ နောက်တစ်ယောက်" ချောင်ချောင်က ကျယ်လောင်စွာ ကြေညာလိုက်သည်။

ထို့နောက်တွင်လည်း သိုင်းစာမေးပွဲ စာရင်းပေးသွင်းရန်နှင့် ပိဿာ ၆၀၀ ကြေးအိုးကြီးကို မြှောက်ရန် လူတွေ တဖွဲဖွဲ ရောက်လာကြသည်။ အများစုက ရှုံးနိမ့်သွားကြသော်လည်း နေ့ကုန်ဆုံးချိန်တွင် လူပေါင်း ဒါဇင်ကျော်အချို့ အောင်မြင်သွားကြသည်။

ဒီအရေအတွက်ဟာ မနည်းလှပေ။ ဒုတိယတန်းစား သိုင်းပညာရှင်ဆိုတာ လမ်းဘေးက ခွေးတွေလို ပေါများနေတာမျိုး မဟုတ်ချေ။

လင်းပိုင်ဖန်အနေဖြင့် နတ်ဘုရားအဆင့် သိုင်းပညာရှင်ကြီးများနှင့် အမြဲ ထိတွေ့နေရသော်လည်း တကယ်တမ်း တိုင်းပြည်၏ အဓိကအင်အားစုမှာ ဤကဲ့သို့သော သိုင်းပညာရှင်များသာ ဖြစ်သည်။ သူတို့ကသာ တိုင်းပြည်အုပ်ချုပ်ရေးနှင့် စစ်ရေးကိစ္စများကို တာဝန်ယူကြရသူများ မဟုတ်ပါလား။

"မဟာရှကတော့ တကယ်ကို ပြောင်းလဲသွားပြီပဲ"

အရင်တုန်းကဆိုရင် အရည်အချင်းရှိသူ တစ်ယောက်ရဖို့ အတော်လေး ကြိုးစားခဲ့ရသလို၊ သူတို့ကလည်း လာချင်ကြတာ မဟုတ်ပေ။ အခုတော့ ခေါ်စရာတောင်မလိုဘဲ သူတို့ဘာသာ အလိုအလျောက် ရောက်လာကြလေပြီ။

ဒါတွေအားလုံးဟာ တိုင်းပြည်ရဲ့ အင်အား ကြီးမားလာမှုကြောင့်ပင် ဖြစ်သည်။ တိုင်းပြည် အင်အားတောင့်တင်းမှသာ အရပ်ရပ်က ပညာရှိတွေ ခိုလှုံလာကြမှာ ဖြစ်သည်။

နောက်ထပ် အရည်အချင်းရှိသူတစ်သိုက်ကို ရရှိတော့မှာမို့ လင်းပိုင်ဖန်မှာ အလွန် စိတ်ကျေနပ်နေသည်။ ထို့နောက် 'အင်ပါယာ မြေပုံ' ထဲတွင် လေဆင်နှာမောင်းတစ်ခုကို ဖန်တီးလိုက်ပြီး ကံကောင်းစေရန်အတွက် မဟာလော့ နယ်မြေထဲသို့ ပစ်ထည့်ပေးလိုက်လေတော့သည်။

မဟာလော့ ဧကရာဇ် : F**k

All Chapters