အခန်း (၆၃၃-၆၃၄)
Vol. 64 Ch. 633-634
အခန်း ၆၃၃ - နတ်ဘီလူးဂိုဏ်းမှ ရောက်ရှိလာသော ဧည့်သည်တော်
လန်ယာတာကျောက်သည် သူ၏အသံကို အတတ်နိုင်ဆုံး လျှော့ချလိုက်ပြီးနောက် ထိတ်လန့်တုန်လှုပ်စွာဖြင့် မေးမြန်းလိုက်သည်
"ဝင်ချိုး ဝိညာဉ်သွေးဂိုဏ်း ဆိုတာ ဘာကို ဆိုလိုတာလဲ"
လန်ယာဝင်ချိုးသည် ဖန့်ချန်၏ ခန့်မှန်းချက်များကို မိသားစုဝင်များအား အသေးစိတ် ပြန်လည်ရှင်းပြလိုက်သည်။
အခန်းတွင်းရှိ လူတိုင်း၏ မျက်နှာထားမှာ ချက်ချင်းပင် လေးနက်သွားကြပြီး အမျိုးမျိုးသော သဲလွန်စများကို ပြန်လည်စဉ်းစားကြည့်ကြသည်။
ဖန့်ချန်၏ တွေးဆချက်မှာ အမှန်တရားနှင့် နီးစပ်နေနိုင်ကြောင်း သူတို့အားလုံး စတင်ယုံကြည်လာကြတော့သည်။
"ဝိညာဉ်သွေးဂိုဏ်း"
လန်ယာမျိုးနွယ်စု ဘိုးဘေးကြီးသည် ခေတ္တမျှ စဉ်းစားပြီးနောက် သူ၏ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းလိုက်သည်
"လက်ရှိ အခြေအနေအရဆိုရင် သူတို့က ငါတို့အတွက် အဓိက စိုးရိမ်စရာ မဟုတ်သေးဘူး"
သူသည် ဖန့်ချန်ကို အလောတကြီး အကြည့်များဖြင့် စိုက်ကြည့်လိုက်သည်။
သူ သိလိုသည်မှာ ဖန့်ချန်သည် အဘယ်ကြောင့် ကိုးဆက်မြောက်ဘုရင်၏ နဝမမင်းသား အကြောင်းကို ထုတ်ဖော်ပြောဆိုရသနည်း ဆိုသည်ပင်။
ထိုပုဂ္ဂိုလ်သည် ဤကိစ္စများတွင် မည်သို့ ပါဝင်ပတ်သက်နေသနည်း။
ဖန့်ချန်သည် သူ၏ ဝိညာဉ်ကို အသုံးပြု၍ အခန်းတွင်းရှိ သူများ၏ မျက်နှာအမူအရာများကို စေ့စေ့စပ်စပ် အကဲခတ်နေသည်။
လန်ယာမျိုးနွယ်၏ အဆင့်မြင့်ပုဂ္ဂိုလ်များထဲတွင် ဝိညာဉ်သွေးဂိုဏ်း၏ သူလျှိုများ ရှိနေနိုင်သည်ဟု သူ သံသယရှိနေခြင်း ဖြစ်သည်။
သို့သော်လည်း လူတိုင်း၏ အမူအရာမှာ ပုံမှန်အတိုင်းပင် ရှိနေပြီး မသင်္ကာဖွယ်ရာ တစ်စုံတစ်ရာကိုမျှ ရှာမတွေ့ခဲ့ပေ။
ထို့ကြောင့် ဖန့်ချန်က ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး
"ဝိညာဉ်သွေးဂိုဏ်းက နောက်ကွယ်ကနေ ဘယ်လိုပဲ ကြိုးဆွဲနေပါစေ သူတို့က အခြေအနေတစ်ခုလုံးကို ပြောင်းလဲပစ်နိုင်လောက်တဲ့အထိ ကြီးမားတဲ့ ခြိမ်းခြောက်မှု မဟုတ်ပါဘူး ငါတို့ အလေးအနက် ထည့်သွင်းစဉ်းစားရမှာက နဝမမင်းသား တစ်ယောက်တည်းပဲ ရှိတယ်"
"ကိုးဆက်မြောက်ဘုရင်ရဲ့ နဝမမင်းသား ဟုတ်လား"
"မင်းသားနန်းတော်က တကယ်ပဲ ပါဝင်ပတ်သက်နေတာလား"
"ဒီမင်းသားက ဘာလို့ ငါတို့ကို ပစ်မှတ်ထားရတာလဲ"
လူတိုင်းမှာ စိုးရိမ်တကြီးဖြင့် အုတ်အော်သောင်းနင်း ဖြစ်သွားကြသဖြင့် လန်ယာဘိုးဘေးကြီးက အော်ဟစ်လိုက်သည်
"အားလုံး တိတ်ကြစမ်း သူ့ကို အဆုံးအထိ ပြောခွင့်ပေးလိုက်ဦး"
အားလုံး ငြိမ်သက်သွားသောအခါမှ ဘိုးဘေးကြီးက ဖန့်ချန်ကို လေးနက်စွာ ကြည့်ပြီး
"မိတ်ဆွေ မင်း တစ်ခုခု သိထားတာရှိရင် ကျေးဇူးပြုပြီး မျှဝေပေးပါဦး ငါတို့မျိုးနွယ်စုက မင်းကို အထူးပဲ ကျေးဇူးတင်ပါ့မယ်"
လန်ယာဝင်ချိုးကလည်း မျှော်လင့်တကြီး ကြည့်နေသည်
"စီနီယာအစ်ကိုကြီးဖန့်"
ဖန့်ချန်က စတင်ရှင်းပြသည်
"ကိုးဆက်မြောက်ဘုရင်ရဲ့ နဝမမင်းသားဟာ တာအိုပညာရပ်တွေကို အလွန် ရူးသွပ်တယ်လို့ ကြားဖူးပါတယ် မကြာသေးခင်က သူဟာ ထူးခြားတဲ့ ကျင့်စဉ်တစ်ခုကို ရရှိခဲ့ပြီး အဲ့ဒီကျင့်စဉ်ကို ကျင့်ကြံဖို့ဆိုရင် လန်ယာမျိုးနွယ်စုရဲ့ တာအိုအမွေအနှစ် လိုအပ်နေတာပါ"
"ဒါကြောင့်ပဲ ချင်မိသားစုဟာ နယ်မြေအုပ်ချုပ်ရေးမှူးရဲ့ အကြံပေးမှုနဲ့အတူ လန်ယာမျိုးနွယ်နဲ့ စစ်ပွဲဖြစ်ဖို့ အကြောင်းပြချက် ရှာခဲ့ကြတာ ဖြစ်နိုင်ပါတယ်"
"ဒါက ကျွန်တော့်ရဲ့ ခန့်မှန်းချက်သက်သက်ပါပဲ ခိုင်မာတဲ့ အထောက်အထားတော့ မရှိသေးပါဘူးဒါပေမဲ့ ဒီအချက်က စီနီယာတို့အတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်နိုင်ဖို့ အထောက်အကူ ဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်"
ဖန့်ချန်သည် ၎င်းကို အမှန်တရားအဖြစ် မပြောခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် မင်းသား ပါဝင်ပတ်သက်နေသည်ကို သက်သေပြရန် သူ၏လက်ထဲတွင် ခိုင်မာသော အထောက်အထား မရှိခြင်းကြောင့်ပင်။
တကယ်တော့ သူသည် ထိုလျှို့ဝှက်ချက်ကို ပြောပြရန် တာဝန်မရှိပေ။ သူသာ ဝိညာဉ်သုတ်သင်ရေးဌာန ရောက်လာသည်အထိ စောင့်ဆိုင်းနေပါက အားလုံး အလိုအလျောက် ပြေလည်သွားမည် ဖြစ်သည်။
သို့သော် လန်ယာမျိုးနွယ်စုသည် သူ ရောက်လာချိန်မှစ၍ စေတနာအပြည့်ဖြင့် ဧည့်ခံခဲ့ခြင်း၊ လန်ယာဝင်ချိုးနှင့် ပတ်သက်နေခြင်းတို့ကြောင့် သူတို့၏ စေတနာကို တုံ့ပြန်သည့်အနေဖြင့် ကြိုတင်သတိပေးလိုက်ခြင်း ဖြစ်သည်။
ဝိညာဉ်သုတ်သင်ရေးဌာန၏ ရည်ရွယ်ချက်မှာ စစ်ပွဲကို ရပ်တန့်ရန် ဖြစ်သော်လည်း၊ နဝမမင်းသား၏ ရည်ရွယ်ချက်မှာ လန်ယာမျိုးနွယ်၏ တာအိုအမွေအနှစ်ကို ရယူရန် ဖြစ်သည်။
အကယ်၍ ဝိညာဉ်သုတ်သင်ရေးဌာနမှ ကိုယ်စားလှယ်သည် စစ်ပွဲကို အမြန်ရပ်တန့်နိုင်ရန်အတွက် လန်ယာမျိုးနွယ်၏ အမွေအနှစ်ကို မင်းသားထံ ပေးအပ်ရန် သဘောတူလိုက်ပါက လန်ယာမျိုးနွယ်အတွက် နစ်နာမှုကြီးမားပေလိမ့်မည်။
ထို့ကြောင့် ဖန့်ချန်က ကြိုတင်ပြောပြထားခြင်းဖြင့် ဆုံးရှုံးမှုများကို အနည်းဆုံးဖြစ်အောင် သူတို့ဘက်က ပြင်ဆင်နိုင်မည်ဟု မျှော်လင့်ခြင်းပင် ဖြစ်သည်။
ဖန့်ချန်၏ စကားကို ကြားပြီးနောက် လန်ယာဘိုးဘေးကြီးနှင့် အကြီးအကဲများမှာ တွေးတောနေကြတော့သည်။
သူတို့ကဲ့သို့ ပညာရှင်များမှာ အလိုက်မသိသူများ မဟုတ်ပေ။
လက်ရှိ ဖြစ်ပျက်နေသော သဲလွန်စများကို ပြန်လည်ဆက်စပ်ကြည့်လျှင်ပင် အဖြေထွက်နေပြီ ဖြစ်သည်။
"အံ့ဩစရာ မရှိတော့ဘူး နယ်မြေအုပ်ချုပ်ရေးမှူးက ဘာလို့ ချင်မိသားစုဘက်က ရပ်တည်နေတာလဲဆိုတာ ချင်မိသားစုက ဘာလို့ ငါတို့ရဲ့ တောင်းပန်မှုကို လက်မခံဘဲ စစ်ပွဲကို ဆက်ဆင်နွှဲနေတာလဲဆိုတာ"
"ငါတို့နဲ့ ရင်းနှီးတဲ့ မျိုးနွယ်စုတွေ ဘာလို့ ရုတ်တရက် ရန်သူဘက် ကူးသွားတာလဲဆိုတာ အခုမှ အကုန် ရှင်းသွားပြီ"
လန်ယာဘိုးဘေးကြီးက ခါးသီးစွာ ရယ်မောလိုက်သည်
"ဒီကိစ္စက ဒီလောက်အထိ ရှုပ်ထွေးလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး မင်းသားနန်းတော်တင်မကဘဲ ဝိညာဉ်သွေးဂိုဏ်းရဲ့ အရိပ်တွေပါ ပါနေတာပဲ"
"ဘိုးဘေးကြီး ကျွန်တော်တို့ ဘာဆက်လုပ်သင့်လဲ ဟင်းလင်းပြင်ထာဝရဓားဂိုဏ်းရဲ့ ဂုဏ်သတင်းက မင်းသားနန်းတော်ကို တားဆီးဖို့ မလုံလောက်ဘူးလား"
ဟု လန်ယာတာကျောက်က စိုးရိမ်တကြီး မေးလိုက်သည်။
"ဖြစ်နိုင်ပါတယ်..."
ဘိုးဘေးကြီးက ခေါင်းညိတ်ပြသော်လည်း သူ၏ အသံမှာ ယုံကြည်မှု ကင်းမဲ့နေသည်။
အဘယ်ကြောင့်ဆိုသော် လန်ယာဝင်ချိုးသည် ဓားဂိုဏ်းတွင် သာမန်တပည့်တစ်ဦးသာ ဖြစ်ပြီး နဝမမင်းသားမှာမူ ကိုးဆက်မြောက်ဘုရင်၏ သားအရင်း ဖြစ်ခြင်းကြောင့် အဆင့်အတန်း ကွာခြားမှုမှာ အလွန်ပင် ကြီးမားလှသည်။
ယခု သူ မျှော်လင့်နိုင်သည်မှာ ဓားဂိုဏ်း၏ အရှိန်အဝါကြောင့် လန်ယာမျိုးနွယ်စုသည် ဘေးကင်းကင်းနှင့် ဆုတ်ခွာခွင့်ရရှိရန်သာ ဖြစ်သည်။
"မိတ်ဆွေဖန့် မင်းသာ အချိန်မီ လာမရှင်းပြရင် ငါတို့တော့ သူတို့ရဲ့ ထောင်ချောက်ထဲမှာ တကယ်ပဲ အဖမ်းခံရတော့မှာပဲ"
လန်ယာဘိုးဘေးကြီးသည် ထရပ်ကာ ဖန့်ချန်ကို လေးလေးစားစား ဦးညွှတ်လိုက်သည်။
ကျန်ရှိသော အကြီးအကဲများကလည်း ဖန့်ချန်ကို ကျေးဇူးတင်သော မျက်လုံးများဖြင့် ဦးညွှတ်ဂါရဝပြုကြသည်။
တစ်ချိန်တည်းမှာပင် သူတို့သည် ဖန့်ချန်၏ နောက်ခံကို ပို၍ စိတ်ဝင်စားလာကြသည်။
ဤမျှ ထိပ်တန်းလျှို့ဝှက်ချက်များကို သာမန်တပည့်တစ်ဦးက မည်သို့ သိနိုင်မည်နည်း။
သူတို့ကိုယ်တိုင်ပင် မသိသော ကိစ္စများကို ဖန့်ချန်က ကြိုတင်၍ တွက်ဆနိုင်နေခြင်းမှာ မရိုးရှင်းလှပေ။
"ဒီလောက်အထိ ယဉ်ကျေးမနေပါနဲ့ စီနီယာကြီး"
ဖန့်ချန်က ပြန်လည် ဦးညွှတ်လိုက်သည်။
"ဘိုးဘေးကြီး တကယ်လို့ မင်းသားနန်းတော်က ငါတို့ရဲ့ တာအိုအမွေအနှစ်ကို တကယ်ပဲ သိမ်းချင်တယ်ဆိုရင် ထာဝရဓားဂိုဏ်းက ဒီအတိုင်း ကြည့်နေမှာ မဟုတ်ပါဘူး ကျွန်မနဲ့ အစ်ကိုကြီးဖန့် ရှိနေတာပဲ စိတ်မပူပါနဲ့"
လန်ယာဝင်ချိုးက အားပေးလိုက်သည်။
သို့သော် အခြားသူများမှာမူ သက်ပြင်းသာ ချနေမိကြသည်။
မင်းသားနန်းတော်ကဲ့သို့သော အင်အားကြီးအဖွဲ့အစည်းနှင့် ယှဉ်လျှင် အခြေအနေများမှာ သူတို့ ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်နေပြီ ဖြစ်သည်။
ခဏအကြာတွင် အပြင်ဘက်မှ ဆူညံသံများ ကြားလိုက်ရသဖြင့် လန်ယာတာကျောက်က လူလွှတ်၍ စုံစမ်းခိုင်းလိုက်သည်။
လူစေလွှတ်သူ ပြန်ရောက်လာသောအခါ သူ၏ မျက်နှာမှာ အလွန်ပင် ညိုမှောင်နေသည်။
"ဘိုးဘေးကြီး နတ်ဘီိလူးဂိုဏ်း ရဲ့ တပည့်တွေ တိမ်တိုက်စင်မြင့်ကို ရောက်လာပါပြီ လုံဟူမျိုးနွယ် ရဲ့ ဘိုးဘေးက သူတို့ကို ကိုယ်တိုင်ကိုယ်ကျ ကြိုဆိုပြီး နယ်မြေအုပ်ချုပ်ရေးမှူးနဲ့ တွေ့ဖို့ ခေါ်သွားပါပြီ"
"နတ်ဘီလူးဂိုဏ်းပါ ရောက်လာပြီလား လုံဟူမျိုးနွယ်က ချင်မိသားစုနဲ့ တကယ်ပဲ ပူးပေါင်းသွားပြီပေါ့"
"ဒါဟာ မင်းသားနန်းတော်က ကိုယ်တိုင်ရှေ့မထွက်ဘဲ နတ်ဘီလူးဂိုဏ်းကို သုံးပြီး ငါတို့ကို ဖိအားပေးတာ ဖြစ်နိုင်တယ်"
လန်ယာအကြီးအကဲများမှာ ပို၍ပင် တုန်လှုပ်သွားကြသည်။
နတ်ဘီလူးဂိုဏ်း ဆိုသည်မှာလည်း နန်းတွင်းအဆင့်ရှိသော ထိပ်တန်းအင်အားစုကြီး တစ်ခုဖြစ်သည် မဟုတ်လား။
လန်ယာဝင်ချိုး၏ မျက်နှာမှာလည်း စိုးရိမ်မှုများ ပြည့်နှက်သွားသည်။
သူမသည် ဆက်သွယ်ရေးအဆောင်ကို ထုတ်၍ စစ်ဆေးကြည့်ပြီးနောက်
"စီနီယာအစ်ကိုကြီး ကျွန်မရဲ့ တခြား စီနီယာတွေက လမ်းမှာ အခက်အခဲအချို့နဲ့ ကြုံနေရလို့ ဆွေးနွေးပွဲအမီ ရောက်လာနိုင်မှာ မဟုတ်ဘူးတဲ့"
"ရပါတယ် မင်းနဲ့ သခင်လေးဖန့် ရှိနေရင်ပဲ အုပ်ချုပ်ရေးမှူးက တစ်ခုခုလုပ်ဖို့ နှစ်ခါပြန် စဉ်းစားရပါလိမ့်မယ်"
လန်ယာဘိုးဘေးကြီးက အခြေအနေကို ထိန်းသိမ်းရန် ကြိုးစားလိုက်သည်။
ထိုအချိန်တွင် ကောင်းကင်မှ လူရိပ်တစ်ခု ဆင်းသက်လာသည်။
ထိုသူမှာ အေးစက်သော အမူအရာရှိသည့် ဝတ်ရုံနက်ဝတ် အမျိုးသားတစ်ဦး ဖြစ်ပြီး
"အုပ်ချုပ်ရေးမှူးက အမိန့်ပေးလိုက်ပါပြီ ဆွေးနွေးပွဲကို ဒီနေ့ပဲ စတင်ပါမယ် အားလုံး ဆွေးနွေးမယ့်နေရာကို ကြွခဲ့ကြပါ"
ဟု အမိန့်ဆန်ဆန် ပြောကြားလိုက်တော့သည်။
အခန်း ၆၃၄ - ပြစ်ဒဏ်အဖြစ် ဝိုင်သုံးခွက် သောက်စေခြင်း
အခန်းတွင်းရှိ လူတိုင်းမှာ ထိတ်လန့်သွားကြသည်။ ဆွေးနွေးပွဲက သတ်မှတ်ထားတဲ့ အချိန်ထက် စောပြီး စတင်တော့မည်လား။
ရောက်ရှိလာသူမှာ နယ်မြေအုပ်ချုပ်ရေးမှူး၏ အစေခံတစ်ဦးဖြစ်ပြီး ဝိညာဉ်ခွဲဖြာခြင်းအဆင့် ရှိသူ ဖြစ်သည်။
သူ ပေးပို့သော သတင်းစကားမှာ မှားယွင်းရန် အကြောင်းမရှိပေ။
လန်ယာဘိုးဘေးကြီးက မျက်မှောင်ကြုတ်လိုက်ကာ
"ရက်ချိန်းက သတ်မှတ်ပြီးသားပဲကို ဘာလို့ ရုတ်တရက်ကြီး ရှေ့တိုးလိုက်တာလဲ"
ဟု မေးလိုက်သည်။
ထိုအစေခံက လန်ယာဘိုးဘေးကြီးကို အထင်အမြင်သေးသော အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်သည်။
သူသည် မြေပြင်သို့ ဆင်းမလာဘဲ ကောင်းကင်ယံမှနေ၍ လူတိုင်းကို ငုံ့ကြည့်ကာ ပြောလိုက်သည်
"နတ်ဘီလူးဂိုဏ်း က ကိုယ်စားလှယ်တွေ ရောက်နေပြီဆိုတာ မင်းတို့ ကြားပြီးသား ဖြစ်မှာပါ သူတို့က ဒီဆွေးနွေးပွဲကို အမြန်ဆုံး အဆုံးသတ်ချင်နေကြပြီ ဒီလိုနေရာမျိုးမှာ လိုအပ်တာထက် ပိုပြီး မနေချင်ကြဘူး"
" နတ်ဘီလူးဂိုဏ်းအတွက်ဆိုရင် ဒီ အပြာရောင်တာအိုနယ်မြေ ဆိုတာ ဝေးလံခေါင်ဖျားတဲ့ အရပ်တစ်ခုပဲ အုပ်ချုပ်ရေးမှူးအနေနဲ့လည်း အဆင့်မြင့် ပုဂ္ဂိုလ်တွေကို ဒီမှာ အကြာကြီး ဆွဲထားလို့ မရဘူး"
"ဒါကြောင့် အမြန်ကြွကြပါ နတ်ဘီလူးဂိုဏ်းက ကိုယ်စားလှယ်တွေနဲ့ အုပ်ချုပ်ရေးမှူးကို အစောင့်မခိုင်းပါနဲ့ တခြားမျိုးနွယ်စု ခေါင်းဆောင်တွေလည်း အကုန်ရောက်နေကြပြီ"
စကားပြောပြီးသည်နှင့် ထိုတမန်မှာ ပြန်လှည့်ထွက်သွားတော့သည်။
လူတိုင်းကို ပြန်လည်မေးမြန်းခွင့်ပင် မပေးသလို၊ သူ၏ လေသံမှာလည်း ငြင်းပယ်ရန် အခွင့်အရေး လုံးဝမရှိကြောင်း ရှင်းလင်းနေသည်။
လန်ယာမျိုးနွယ်ဝင်များ အားလုံးမှာ စိုးရိမ်တကြီးဖြင့် ဘိုးဘေးကြီးကို ကြည့်လိုက်ကြသည်။
"ဘိုးဘေးကြီး... ကျွန်တော်တို့..."
"ရန်သူလာရင် ခုခံရမှာပဲ ရေလာရင် ပိတ်ရမှာပဲ"
လန်ယာဘိုးဘေးကြီးက တည်ငြိမ်စွာ ပြောလိုက်သည်
"အခြေအနေက ဖြစ်လာပြီဆိုတော့ သူတို့ ငါတို့ကို ဘယ်လောက်အထိ လမ်းဖယ်ပေးမလဲဆိုတာ သွားကြည့်ကြတာပေါ့"
တိမ်တိုက်စင်မြင့်၏ ဗဟိုဧရိယာတွင် ဆွေးနွေးပွဲအတွက် ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သည်။
၎င်းမှာ အပြင်ဘက်တွင် ကျင်းပသော ခမ်းနားသည့် တည်ခင်းဧည့်ခံပွဲတစ်ခုနှင့် ဆင်တူနေသည်။
အမျိုးမျိုးသော မျိုးနွယ်စု ခေါင်းဆောင်များသည် သူတို့၏ သတ်မှတ်နေရာများတွင် အသီးသီး ထိုင်နေကြပြီ ဖြစ်သည်။
ထိုသူများထဲတွင် ပေါင်းစပ်ခြင်းအဆင့် ရှိသူမှာ အနည်းငယ်သာ ရှိပြီး ကျန်ရှိသူအများစုမှာ တာအိုပေါင်းစည်းခြင်းအဆင့် များ ဖြစ်ကြသည်။
ပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံသူပင် မရှိသော မျိုးနွယ်စုများမှာမူ ထိုဆွေးနွေးပွဲတွင် ပါဝင်တက်ရောက်ရန် အရည်အချင်း မမီကြပေ။
မျိုးနွယ်စု ခေါင်းဆောင်အချို့မှာ အချင်းချင်း ပြုံးရယ်ကာ စကားပြောနေကြသော်လည်း၊ အချို့မှာမူ စိုးရိမ်ပူပန်မှုများဖြင့် မျက်နှာပျက်နေကြသည်။
"နတ်ဘီလူးဂိုဏ်းက အပြာရောင်တာအိုနယ်မြေရဲ့ ကိစ္စမှာ ပါဝင်လာတာဟာ ချင်မိသားစုနဲ့ လုံဟူမျိုးနွယ်စုကို အတိအလင်း ထောက်ခံလိုက်တာပဲ"
" အုပ်ချုပ်ရေးမှူးရဲ့ သဘောထားကိုလည်း ကြည့်ဦး မင်းတို့အားလုံး မဲပေးရမယ့်အချိန်ကျရင် ဘယ်ဘက်က ရပ်တည်ရမလဲဆိုတာ သိကြမှာပါနော်"
"ဒါပေါ့ ငါကတော့ အစကတည်းက ချင်မိသားစုဘက်ကပဲ လန်ယာမျိုးနွယ်က အရင်ဆုံး လှည့်စားပြီးမှ ချင်မိသားစုရဲ့ နယ်မြေတွေကို အရက်စက်ဆုံး နည်းလမ်းနဲ့ သိမ်းပိုက်ခဲ့တာပဲ ဒါဟာ တရားမျှတမှု မရှိတဲ့ ကျူးကျော်မှုပဲ"
"ဟဲဟဲ နေမင်းအသီး တစ်လုံးတည်းအတွက်နဲ့ လန်ယာမျိုးနွယ်က သူတို့တပည့်လေးကို သုံးပြီး ချင်မိသားစုဆီက ခိုးယူခဲ့တာလေ"
"တကယ်လို့ ဒီအသီး မရှိလို့ ချင်မိသားစုက ညီအစ်ကိုချင်သာ ကောင်းကင်ဘေးဒုက္ခကို မကျော်ဖြတ်နိုင်ရင် ချင်မိသားစု တစ်ခုလုံး ပြိုကွဲသွားနိုင်တယ် လန်ယာမျိုးနွယ်ရဲ့ အကြံက တကယ်ကို ယုတ်မာလွန်းတယ်"
မျိုးနွယ်စု ခေါင်းဆောင်များမှာ လန်ယာမျိုးနွယ်ကို အပြစ်တင်ကာ ဝိုင်းဝန်း ဆွေးနွေးနေကြသည်။
ထိုသူများထဲတွင် မူလက လန်ယာမျိုးနွယ်နှင့် ရင်းနှီးခဲ့သော်လည်း ယခုအခါ ဘက်ပြောင်းသွားသူများလည်း ပါဝင်နေသည်။
"တကယ်လို့ လန်ယာမျိုးနွယ်က သူတို့တပည့်တွေ ဟင်းလင်းပြင်ထာဝရဓားဂိုဏ်းမှာ ရှိနေတယ်လို့ အားမကိုးရင် ဒီလောက်အထိ ရဲတင်းမှာ မဟုတ်ဘူး"
"အခုတော့ စစ်မီးက ပြန့်နှံ့သွားပြီ ငါတို့အားလုံး ဆုံးရှုံးမှုတွေ အများကြီး ရှိခဲ့ရတယ် ဒီဆုံးရှုံးမှုအားလုံးကို လန်ယာမျိုးနွယ်ကပဲ ပေးလျော်ရမယ်"
"ဟုတ်တယ် သူတို့ကြောင့် ဖြစ်ရတဲ့ကိစ္စကို သူတို့ မလျော်ပေးရင် မတရားရာ ကျလိမ့်မယ်"
"ဒါနဲ့... ဟင်းလင်းပြင်ထာဝရဓားဂိုဏ်း က တကယ်ပဲ ဝင်ပါလာမယ် ထင်လား"
မျိုးနွယ်စု ခေါင်းဆောင်တစ်ဦး၏ အမေးကြောင့် လေထုမှာ ခေတ္တမျှ ငြိမ်သက်သွားသည်။
ထို့နောက် အခြားခေါင်းဆောင်တစ်ဦးက နှာခေါင်းရှုံ့ကာ လှောင်ပြောင်လိုက်သည်
"ငါကြားတာတော့ ကိုးဆက်မြောက်ဘုရင်ရဲ့ နန်းတော်ကလည်း လန်ယာမျိုးနွယ်ကို အတော်လေး မကျေမနပ် ဖြစ်နေတာတဲ့ ထာဝရဓားဂိုဏ်းက ဝင်ပါချင်ရင်တောင် သူတို့ရဲ့ ရပ်တည်ချက်ကို ထည့်စဉ်းစားရမှာပဲ မဟုတ်လား"
ထာဝရဓားဂိုဏ်းကို ကြောက်ရွံ့နေသူများမှာလည်း ဤစကားကို ကြားသောအခါ စိတ်သက်သာရာ ရသွားကြသည်။
"နတ်ဘီလူးဂိုဏ်းက အဆင့်မြင့် ပုဂ္ဂိုလ်တွေကိုတောင် လွှတ်လိုက်ပြီ ဒါပေမဲ့ ထာဝရဓားဂိုဏ်းဘက်က ဘယ်သူမှ ရောက်မလာသေးဘူး အဲ့ဒါ ဘာကို ဆိုလိုတာလဲဆိုတာ မင်းတို့ သဘောမပေါက်ကြဘူးလား"
မှန်ပေသည်။ ထာဝရဓားဂိုဏ်းမှာ အင်အားကြီးသည်မှာ မှန်သော်လည်း သာမန်တပည့်တစ်ဦးအတွက်နှင့် နတ်ဘီလူးဂိုဏ်း၊ မင်းသားနန်းတော်နှင့် အင်ပါယာတစ်ခုလုံးကို ရန်သူတော်ပြုမည်ဟု မည်သူမှ မယုံကြည်ကြပေ။
ထိုအချိန်တွင် မျက်နှာနီနီနှင့် လူပုစိတ်တို အဘိုးကြီးတစ်ဦး ဝင်ရောက်လာသည်။
သူ၏နောက်တွင် ချင်မိသားစုနှင့် လုံဟူမျိုးနွယ်စုမှ ကိုယ်စားလှယ်များ လိုက်ပါလာကြသည်။
"မျိုးနွယ်စုအားလုံး ရောက်ကြပြီလား"
လူတိုင်း ချက်ချင်း ထရပ်လိုက်ကြသည်။
ထိုသူမှာ အပြာရောင်တာအိုနယ်မြေ၏ အုပ်ချုပ်ရေးမှူး ချီကျန့် ပင် ဖြစ်သည်။
သူ၏ အကြည့်မှာ လူအုပ်ကို ဖြတ်ကျော်ကာ ထူးခြားသည့် အုပ်စုတစ်ခုထံသို့ ကျရောက်သွားသည်။
ထိုသူများမှာ အမျိုးသမီး ကျင့်ကြံသူများ ဖြစ်ကြသော်လည်း တစ်ဦးချင်းစီမှာ အလွန်ပင် အရပ်အမောင်း မြင့်မားကြသည်။
အပုဆုံးသူမှာ ဆယ်ပေခန့် ရှိပြီး အမြင့်ဆုံးသူမှာ ပေသုံးဆယ်ခန့်အထိ ရှိရာ တောင်ကုန်းလေးများသဖွယ် ခန့်ညားလှသည်။
သူတို့မှာ တာအိုပေါင်းစပ်ခြင်းအဆင့်သို့ မရောက်သေးသော်လည်း နတ်ဘီလူးဂိုဏ်း ကို ကိုယ်စားပြုထားသဖြင့် အုပ်ချုပ်ရေးမှူး ချီကျန့်ပင်လျှင် သူတို့ကို အလေးထားရသည်။
ချင်မိသားစု ခေါင်းဆောင်က သက်ပြင်းချကာ
"နတ်ဘီလူးဂိုဏ်းရဲ့ ကျင့်ကြံသူတွေက တကယ်ကို ထူးခြားတာပဲ သူတို့ ဝင်ပါလာပြီဆိုရင်တော့ လန်ယာမျိုးနွယ်နဲ့ ကိစ္စက အမြန်ပြတ်တော့မှာပါ"
ဟု ပြောလိုက်သည်။
အခြားတစ်ဖက်တွင် ဝေဟိုင်ရှန်း က နတ်ဘီလူးဂိုဏ်းဝင်များကို တိတ်တဆိတ် အကဲခတ်နေသည်။
ဝေယွမ်က တိုးတိုးလေး ပြောလိုက်သည်
"နဝမမင်းသားရဲ့ ဩဇာက တကယ်ကို ကြီးမားတာပဲ နတ်ဘီလူးဂိုဏ်းကိုတောင် အလွယ်တကူ ခေါ်ယူနိုင်ခဲ့တယ်"
" သူတို့ ရှိနေရင် ထာဝရဓားဂိုဏ်းနဲ့ ယှဉ်လို့ရပြီမင်းသားနန်းတော်ရဲ့ ဖိအားပါ ပေါင်းလိုက်ရင် ဟဲဟဲ လန်ယာမျိုးနွယ်တော့ ဒီတစ်ခါ သေချာပေါက် အပြတ်ရှင်းခံရတော့မှာပဲ"
"အဖေ တကယ်လို့ ကျွန်တော်တို့ လန်ယာမျိုးနွယ်ရဲ့ တာအိုအမွေအနှစ်ကို ရလိုက်ရင် နဝမမင်းသားက အရမ်း ကျေနပ်မှာပဲ အဲ့ဒီအချိန်ကျရင် ကျွန်တော်တို့ ဝေမျိုးနွယ်စုက လန်ယာမျိုးနွယ်ရဲ့ နေရာကို အစားထိုးနိုင်မှာပါ"
ဝေဟိုင်ရှန်းက စိတ်လှိုင်းဖြင့် အကြောင်းပြန်လိုက်သည်။
ဝေယွမ်က ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
"အားလုံးနီးပါး ရောက်နေပြီထင်တယ် ဒါပေမဲ့ လန်ယာမျိုးနွယ်က လူတွေတော့ မတွေ့သေးဘူး"
ချင်မိသားစု ခေါင်းဆောင်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး လန်ယာဘိုးဘေးကြီး မရှိသည်ကို မြင်သောအခါ အေးစက်စွာ လှောင်ရယ်လိုက်သည်
"လန်ယာရှင်းကျိုးက ဒီအခြေအနေအထိတောင် မောက်မာနေတုန်းပဲလား"
ဝေမျိုးနွယ်စု ခေါင်းဆောင်ကလည်း
"အုပ်ချုပ်ရေးမှူး ချီ သူက ခင်ဗျားကို လုံးဝ မျက်နှာမပေးတာပဲ"
ဟု ကုန်းချောလိုက်သည်။
"ကိစ္စမရှိပါဘူး သူတို့ လာမှာပါ ခဏလောက် နောက်ကျတာ ဘာမှ မဖြစ်ပါဘူး ရောက်လာရင်တော့ ပြစ်ဒဏ်အနေနဲ့ ဝိုင်သုံးခွက် သောက်ခိုင်းရမှာပေါ့"
ချီကျန့်က လက်ကို ဝှေ့ယမ်းကာ သဘောထားကြီးဟန်ဖြင့် ပြောလိုက်သည်။
ထို့နောက် သူသည် နတ်ဘီလူးဂိုဏ်းမှ ကျင့်ကြံသူများအတွက် နေရာချပေးလိုက်သည်။
သူတို့၏ ကြီးမားလှသော ခန္ဓာကိုယ်များကြောင့် သူတို့ ထိုင်နေသည်မှာ လူကြီးများကြားထဲတွင် ကလေးငယ်များ ရှိနေသကဲ့သို့ ထူးဆန်းသော မြင်ကွင်းတစ်ခု ဖြစ်နေသည်။
ထိုအချိန်မှာပင် လန်ယာဘိုးဘေးကြီးသည် ဖန့်ချန်နှင့် အဖွဲ့ကို ခေါ်ဆောင်ကာ ရောက်ရှိလာသည်။
ချင်မိသားစု ဘိုးဘေးက ချက်ချင်းပင် ငေါက်ငမ်းလိုက်သည်
"လန်ယာရှင်းကျိုး ဘာလို့ ဒီလောက်တောင် နောက်ကျနေရတာလဲ မင်းတစ်မိသားစုလုံး ရောက်လာတာကို ငါတို့က စောင့်နေရမှာလား"
လန်ယာဘိုးဘေးကြီးက အနည်းငယ် အံ့အားသင့်သွားပြီး မျက်မှောင်ကြုတ်ကာ
"ကျွန်တော်တို့ အုပ်ချုပ်ရေးမှူးဆီက သတင်းရတာနဲ့ ချက်ချင်း လာခဲ့တာပါ ဘယ်လိုလုပ် နောက်ကျနိုင်မှာလဲ"
သို့သော် မျိုးနွယ်စု ခေါင်းဆောင်အားလုံး နေရာယူပြီးသား ဖြစ်နေသည်ကို မြင်သောအခါ သူ သဘောပေါက်သွားသည်။
ချီကျန့်သည် လန်ယာမျိုးနွယ်ကို မောက်မာသည်ဟု ထင်မြင်စေရန် သတင်းကို တမင် နောက်ကျမှ ပေးပို့ခဲ့ခြင်း ဖြစ်သည်။
"လန်ယာရှင်းကျိုး ကိစ္စမရှိပါဘူး အခုတော့ အားနာတဲ့အနေနဲ့ ဝိုင်သုံးခွက် သောက်လိုက်ပါ ငါတို့ဆီမှာ နတ်ဘီလူးဂိုဏ်းက ဂုဏ်သရေရှိ ဧည့်သည်တော်တွေ ရောက်နေတာဆိုတော့ သူတို့ကို မလေးမစား မဖြစ်စေချင်ဘူး"
ချီကျန့်က ပြုံးလျက် ပြောလိုက်သည်။
ပြစ်ဒဏ်အဖြစ် ဝိုင်သုံးခွက် သောက်ရမည်
လန်ယာမျိုးနွယ်ဝင်များ အားလုံး မျက်နှာပျက်သွားကြသည်။
ဆွေးနွေးပွဲ မစတင်ခင်မှာပင် တောင်းပန်ခိုင်းခြင်းမှာ နိမိတ်မကောင်းပေ။
ချီကျန့်၏ အပြုံးများ ပျောက်ကွယ်သွားပြီး လန်ယာဘိုးဘေးကြီး တုံ့ဆိုင်းနေသည်ကို မြင်သောအခါ
"ဘာလဲ မသောက်ချင်ဘူးလား"
ဟု အေးစက်စွာ မေးလိုက်သည်။
သို့သော် ထိုအချိန်တွင် နတ်ဘီလူးဂိုဏ်းမှ ကျင့်ကြံသူများ ထိုင်နေသော နေရာမှ အံ့ဩတကြီး အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်
"အစ်ကိုကြီးဖန့် "
လူတိုင်း မှင်တက်သွားကြသည်။ ၎င်းမှာ နတ်ဘီလူးဂိုဏ်းမှ ကျင့်ကြံသူတစ်ဦး၏ အသံ ဖြစ်သည်။
အစ်ကိုကြီးဖန့် အဲ့ဒါ ဘယ်သူလဲ....