← Chapters

အခန်း (၆၃၉-၆၄၀)

Vol. 64 Ch. 639-640

အခန်း (၆၃၉-၆၄၀)

Vol. 64 Ch. 639-640

​အခန်း ၆၃၉ - ဒီနေ့ နေထိုင်မကောင်းဘူးလား

​"ဒီလူက အုပ်ချုပ်ရေးမှူးချီကိုတောင် ရင်းနှီးသလို ခေါ်နေတာပဲ... သူက ဘယ်သူဖြစ်မလဲ..."

​"ကြည့်ရတာ အပြာရောင်တာအိုနယ်မြေကို ပရမ်းပတာ မဖြစ်စေချင်တဲ့ပုံပဲ..."

​"နန်းတော်က လွှတ်လိုက်တဲ့သူများလား"

​လူအုပ်ကြီးမှာ ရင်ထဲတွင် တုန်လှုပ်နေကြပြီး စူးစမ်းလိုစိတ်များဖြင့် ကောင်းကင်ယံမှ မသေမျိုးသင်္ဘောကြီးကို မော့ကြည့်နေကြသည်။

​ချီကျန့်သည်လည်း မသေမျိုးသင်္ဘောထံသို့ လက်အုပ်ချီ ဦးညွှတ်လိုက်ပြီး မရေမရာ အမူအရာဖြင့် မေးလိုက်သည်

"မေးပါရစေ... ဘယ်သူများပါလဲ ခင်ဗျာ..."

​မသေမျိုးသင်္ဘောပေါ်မှ ပုံရိပ်တစ်ခုမှာ လှပတင့်တယ်စွာ ခုန်ဆင်းလာပြီး လူတိုင်း၏ရှေ့တွင် ပေါ့ပါးစွာ ဆင်းသက်လိုက်သည်။

ထိုသူမှာ ဓားကဲ့သို့ ထက်မြက်သော မျက်ခုံးတန်းများနှင့် တောက်ပသော မျက်လုံးများကို ပိုင်ဆိုင်ထားပြီး အတော်လေး နုပျိုပုံရသည်။

သူ၏ အရှိန်အဝါမှာ အားကောင်းလွန်းလှပြီး ပေါင်းစပ်ခြင်းအဆင့် ၏ အထွတ်အထိပ်သို့ ရောက်ရှိနေကာ တာအိုပေါင်းစည်းခြင်းအဆင့် သို့ တက်လှမ်းရန် ခြေတစ်လှမ်းသာ လိုတော့သည့် အနေအထားပင်

​ဖန့်ချန်မှာ အံ့အားသင့်သွားရသည်

"သူပါလား"

​ထိုသူကား ကောင်းကင်ဘုရင်ကျန့် ၏ သားတော်၊ ဧရာမသမင်အင်ပါယာ ၏ အိမ်ရှေစံဖြင့်ပြီး တာအိုပေါင်းစည်းခြင်းအဆင့်ကို တက်လှမ်းရန် ပြင်ဆင်နေသည့် ဝါရင့်နတ်မျိုးစေ့ ကိုင်ဟုန် ပင် ဖြစ်သည်။

​ဖန့်ချန် စဉ်းစားနေမိသည်

'ကိုင်ဟုန်က ဝိညာဉ်သုတ်သင်ရေးဌာန က ကျင့်ကြံသူတစ်ယောက် ဖြစ်နေတာလား'

​ဒါက တကယ့်ကို မထင်မှတ်ထားစရာပင်။

ဖန့်ချန်တွင် ကိုင်ဟုန်၏ ညီဖြစ်သူ ကိုင်ဝူ နှင့် မပြေလည်သည့် ရန်ငြိုးဟောင်း ရှိခဲ့သည်။

ကိုင်ဝူသည် နတ်သမီးယွီကို သေလုနီးပါး ဖြစ်အောင် လုပ်ခဲ့သလို ဒဏ်ရာများလည်း ရစေခဲ့သည်။

ဖန့်ချန်သည် ထိုရန်ငြိုးအတွက် လက်စားချေရန် အမြဲ အခွင့်အရေး ရှာနေခဲ့သူ ဖြစ်သည်။

​'တကယ်လို့ ကိုင်ဟုန်ကသာ ဝိညာဉ်သုတ်သင်ရေးဌာနက အဖွဲ့ဝင်ဆိုရင် သူက ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက် ဖြစ်နေမှာပဲ ဒါက ကိစ္စတွေကို ပိုရှုပ်ထွေးသွားစေနိုင်တယ်'

​ဖန့်ချန်သည် မျက်မှောင်ကြုတ်ကာ ခေတ္တမျှ တွေးတောနေမိသည်။

​နောက်ဆုံးတွင် သူသည် ခေါင်းကို ခပ်ဖွဖွ ခါယမ်းလိုက်သည်။

ဒါက အခက်တွေ့စရာ ဖြစ်သော်လည်း လိုအပ်လာလျှင် သူသည် ဝိညာဉ်သုတ်သင်ရေးဌာနမှ နုတ်ထွက်နိုင်ပါသည်။

ကိုင်ဝူအပေါ် ထားရှိသည့် ရန်ငြိုးကိုတော့ သူ လွှတ်ချ၍ မရပေ။

နတ်သမီးယွီအတွက် သူ သေချာပေါက် လက်စားချေရမည်သာ။

​ချီကျန့်သည် ထိုသူကို သေချာ ကြည့်ရှုပြီးနောက် အသက်ကို ပြင်းပြင်းရှူကာ အလျင်အမြန် ခေါ်လိုက်သည်

"သခင်လေးကိုင် သခင်လေးကိုယ်တိုင် ဘာလို့ ဒီကို ရောက်လာတာလဲ ခင်ဗျာ"

​လူအုပ်ကြီးမှာ ထိုစကားကို ကြားသောအခါ သိသိသာသာ ထိတ်လန့်သွားကြသည်။

​အလယ်ပိုင်းတိုက်ကြီးတွင် မတူညီသော မျိုးရိုးအမည်ဖြင့် ထင်ရှားသော တော်ဝင်မိသားစုတစ်ခု ရှိသည်။

အရှေ့ပိုင်းပြည်နယ်၏ ကောင်းကင်ဘုရင်ကျန့် မှာ မျိုးရိုးအမည် ကိုင် ဖြစ်သည်။

ချီကျန့်၏ အမူအရာနှင့် ပေါင်းစပ်ကြည့်လိုက်သောအခါ လူတိုင်းသည် ရောက်လာသူမှာ မည်သူဖြစ်ကြောင်း ချက်ချင်း သိလိုက်ကြသဖြင့် တုန်လှုပ်သွားကြပြီး ကျောချမ်းသွားကြတော့သည်။

​ဘာတွေ ဖြစ်ကုန်တာလဲ အပြာရောင်တာအိုနယ်မြေက ကိစ္စမှာ ဟင်းလင်းပြင်ထာဝရဓားဂိုဏ်း၊ နတ်ဘီလူးဂိုဏ်းတင်မကဘဲ အခုတော့ ကောင်းကင်ဘုရင်ကျန့်ရဲ့ နန်းတော်ပါ ပါဝင်ပတ်သက်လာပြီလား။

​ပါးနပ်သောသူအချို့မှာ အရိပ်အယောင်များကို ကြည့်ကာ နိဂုံးချုပ်လိုက်ကြသည်

'ဒီရေက အရမ်းနက်လွန်းတယ်၊ ဝင်မပါတာ အကောင်းဆုံးပဲ'

​ထိုသူအများစုမှာ ယခင်က ချင်မိသားစုဘက်မှ ရပ်တည်ခဲ့သူများ ဖြစ်သည်။

ယခု ကိုင်ဟုန် ပေါ်လာသည့်အခါတွင်မူ သူတို့သည် ဤပဋိပက္ခမှ အမြန်ဆုံး ရုန်းထွက်ရန် ဆုံးဖြတ်လိုက်ကြသည်။

မည်သူပဲ နိုင်နိုင် သူတို့နှင့် မဆိုင်တော့သလို အကျိုးအမြတ်များကိုလည်း မမျှော်ကိုးတော့ပေ။

​"ငါ ဘာလို့ ဒီမှာ ရှိနေတာလဲ ဟုတ်လား ငါက ဒီဘက်ကို ဖြတ်လာရင်းနဲ့ အပြာရောင်တာအိုနယ်မြေရဲ့ ရှုပ်ထွေးမှုတွေကို မြင်လို့ လာခဲ့တာ"

"မင်းက သိက္ခာရှိတဲ့ အုပ်ချုပ်ရေးမှူးတစ်ယောက် ဖြစ်နေရက်နဲ့ မင်းရဲ့ နယ်မြေထဲမှာ ဒီလို ပရမ်းပတာတွေ ဖြစ်နေတာကို ဘယ်လို ခွင့်ပြုထားနိုင်ရတာလဲ"

ကိုင်ဟုန်က ချီကျန့်ကို အေးစက်စွာ ကြည့်လိုက်သည်

"ငါ့အဖေက ဧကရာဇ်ဆီမှာ မင်းအကြောင်း သွားတိုင်စေချင်လို့လား"

​ချီကျန့်မှာ မိုးကြိုးပစ်ခံလိုက်ရသလို ခံစားလိုက်ရပြီး တစ်ကိုယ်လုံးရှိ ချွေးပေါက်များ ပွင့်ထွက်ကာ ခြေထောက်များပင် တုန်ယင်လာသဖြင့် ထိုနေရာမှာတင် ဒူးထောက်မိတော့မလို ဖြစ်သွားသည်။

၎င်းမှာ သူ၏ မရိုးသားမှုကြောင့် ဖြစ်ပေါ်လာသည့် တုံ့ပြန်မှုပင်။

အကယ်၍ သူသာ မရိုးသားမှု မရှိခဲ့ပါက ကောင်းကင်ဘုရင်ကျန့် ၏ ရှေ့တွင်ပင် ထိုမျှအထိ ကြောက်ရွံ့လိမ့်မည် မဟုတ်ပေ။

​ချင်မိသားစုနှင့် ဝေမျိုးနွယ်စု ဘိုးဘေးကြီးများသည်လည်း စကားတစ်ခွန်းပင် မဟရဲကြတော့ပေ။

ဤသူမှာ ကျန်းထျန်းအိုက် သို့မဟုတ် ဖန့်ချန်တို့လို လူမျိုး မဟုတ်ပေ။

ကိုင်ဟုန်သည် ကောင်းကင်ဘုရင်ကျန့်၏ သားကြီးဖြစ်သလို သူကိုယ်တိုင်လည်း ပေါင်းစပ်ခြင်းအဆင့် အထွတ်အထိပ်သို့ ရောက်နေသည့် အစွမ်းထက်သော နတ်မျိုးစေ့ ဖြစ်သည်။

​သူသာ တာအိုပေါင်းစည်းခြင်းအဆင့်ကို တက်လှမ်းသွားပါက ထိုဝါရင့်ကျွမ်းကျင်သူများပင်လျှင် သူ၏ ပြိုင်ဘက် ဖြစ်လိမ့်မည် မဟုတ်ပေ။

ကိုင်ဟုန်၏ ကျင့်ကြံသည့်သက်တမ်းမှာ အလွန်တိုတောင်းပြီး အနာဂတ်တွင် ဖခင်ဖြစ်သူ၏ ကောင်းကင်ဘုရင် ဘွဲ့ထူးကို ဆက်ခံရမည့်သူ ဖြစ်သည်ဟု ဆိုကြသည်။

သူတို့အနေဖြင့် ယခုလည်း မပြစ်မှားရဲသလို အနာဂတ်တွင်လည်း ရန်စရဲသူ မဟုတ်ပေ။

​"သခင်လေးကိုင် သခင်လေး နားလည်မှု လွဲနေပါပြီကျွန်တော်က အပြာရောင်တာအိုနယ်မြေက မျိုးနွယ်စု ၁၀၀ ရဲ့ ခေါင်းဆောင်တွေကို ဒီကိစ္စကို အေးအေးဆေးဆေး ဖြေရှင်းနိုင်ဖို့ ဖိတ်ခေါ်ထားတာပါ"

"တရားမျှတမှု ရှိအောင်လို့ နတ်ဘီလူးဂိုဏ်းက ကျင့်ကြံသူတွေကိုတောင် သက်သေအဖြစ် ဖိတ်ထားပါသေးတယ်"

ချီကျန့်က အသံကို နှိမ့်ကာ ရှင်းပြလိုက်သည်။

​"ဆွေးနွေးပွဲ ရလဒ်က ဘာလဲ"

ကိုင်ဟုန်က တည်ငြိမ်စွာ မေးလိုက်သည်။

​"အဲ့ဒါကတော့ ကျွန်တော်တို့ သဘောတူညီမှု မရသေးဘူး ခင်ဗျာ"

ချီကျန့်က မသက်မသာ ပြုံးလျက် ဖြေလိုက်သည်။

​"အခြေအနေကို ငါ နားလည်ပါပြီ ဒါက နေမင်းအသီးကြောင့် စတာ မဟုတ်လား ကောင်းပြီ ငါ ဒီလိုပဲ ဆုံးဖြတ်ပေးမယ် လန်ယာမျိုးနွယ်က ချင်မိသားစုကို တောင်းပန်ပြီးတော့ ဝိညာဉ်ကျောက်တုံး အနည်းငယ်နဲ့ လျော်ကြေးပေးလိုက်ပါ"

"ဒီကိစ္စကို ဒီမှာတင် အဆုံးသတ်ကြစို့ အားလုံး ကိုယ့်အိမ်ကိုယ်ပြန်ပြီး တိုက်ပွဲတွေ ရပ်လိုက်ကြတော့ဆက်တိုက်နေရင် ငါတို့ အလယ်ပိုင်းတိုက်ကြီးက လူသားတွေပဲ ထိခိုက်ရလိမ့်မယ်"

​ကိုင်ဟုန်၏ တည်ငြိမ်သော စကားများကြောင့် ချင်ဘိုးဘေးကြီးမှာ သက်ပြင်းချနိုင်သွားပြီး အပြုံးအရိပ်အယောင်လေး ပေါ်လာသည်။

ထိုအခြေအနေမျိုးတွင် ဘာမှ မရသည်ထက်စာလျှင် လျော်ကြေးရသည်က ပိုကောင်းသည် မဟုတ်ပါလား။

​လန်ယာမျိုးနွယ်စုဝင်များမှာမူ စိတ်ထဲတွင် မကျေနပ်သော်လည်း တာအိုအမွေအနှစ်နှင့် မသက်ဆိုင်သဖြင့် လက်ခံနိုင်ကြသည်။

ငွေအနည်းငယ်ပေးပြီး စစ်ပွဲကို အဆုံးသတ်နိုင်လျှင် သူတို့အတွက် မဆိုးလှပေ။

​သို့သော်လည်း ချီကျန့်မှာမူ အခက်တွေ့နေတော့သည်။

သူက စိတ်လှိုင်းဖြင့် တိတ်တဆိတ် ပြောလိုက်သည်

"သခင်လေးကိုင် ဒီကိစ္စကို နဝမမင်းသား သိထားပါတယ် မင်းသားရဲ့ ရည်ရွယ်ချက်က လန်ယာမျိုးနွယ်က ချင်မိသားစုကို သူတို့ရဲ့ တာအိုအမွေအနှစ်ပါ လွှဲပေးရမယ်လို့ ဆိုပါတယ် ဒါမှပဲ စစ်မှန်တဲ့ တောင်းပန်မှု ဖြစ်မယ်လို့ ပြောထားပါတယ်"

​"တာအိုအမွေအနှစ် နဝမမင်းသားလေး နဲ့ ချင်မိသားစုက ဘာပတ်သက်မှု ရှိနေလို့ လန်ယာမျိုးနွယ်ဆီက အမွေအနှစ်ကို တောင်းခိုင်းရတာလဲ"

ကိုင်ဟုန်က အံ့ဩတကြီးဖြင့် အော်ဟစ်လိုက်သည်

"အမွေအနှစ်ကို တောင်းဆိုတာက သူတို့ကို အမြစ်ပြတ်အောင် လုပ်တာပဲ ဒါက လုံးဝ လက်ခံနိုင်စရာ မရှိဘူး မင်းတို့လို အောက်ခြေလူတွေက မင်းသားလေးရဲ့ ရည်ရွယ်ချက်ကို လွဲမှားပြီး သတင်းပို့နေတာများလား"

​သူ၏ ဟိန်းဟောက်သံမှာ ဝိုင်းတစ်ခုလုံး ပဲ့တင်ထပ်သွားပြီး၊ ချီကျန့်မှာ ကိုင်ဟုန်က ထိုမျှအထိ ပွင့်လင်းစွာ ထုတ်ပြောလိမ့်မည်ဟု မထင်ထားသဖြင့် ကြောင်အမ်းကာ ရပ်နေမိတော့သည်။

​'နဝမမင်းသားလေး... နဝမမင်းသားကို ပြောတာလား ဒါဆိုရင် လန်ယာမျိုးနွယ်ရဲ့ အမွေအနှစ်ကို လိုချင်နေတာက နဝမမင်းသားပေါ့'

​'တောက် ငါတို့တွေကို နယ်ရုပ်တွေလို အသုံးချခံရတာပဲ ချင်မိသားစု၊ လုံဟူမျိုးနွယ်နဲ့ အုပ်ချုပ်ရေးမှူးကပါ ဒါကို သိနေကြတာပဲ'

​'နောက်ဆိုရင် ဒီလိုကိစ္စမျိုးမှာ ငါတို့ ဝင်မပါတာ အကောင်းဆုံးပဲ တကယ်ကို စိတ်ပျက်စရာ ကောင်းတယ်!'

​လူအုပ်ကြီး၏ မျက်နှာထားများမှာ ခက်ထန်သွားကြသည်။

ချီကျန့်မှာ အခြေအနေ အလွန်ဆိုးဝါးနေပြီ ဖြစ်ကြောင်း သိလိုက်ရပြီး မည်သို့ပင် ရှင်းပြစေကာမူ ဖုံးကွယ်ရန် ကြိုးစားသလိုသာ ဖြစ်နေလိမ့်မည်။

​ကံကောင်းသည်မှာ ကိုင်ဟုန်က သူ့ကို လမ်းကြောင်းပေးလိုက်သည်

"ဒါက တကယ်ပဲ နဝမမင်းသားလေးရဲ့ ရည်ရွယ်ချက် ဟုတ်မဟုတ် ဒါမှမဟုတ် နားလည်မှု လွဲနေတာလားဆိုတာကို မင်း သေချာအောင် မက်ဆေ့ခ်ျ ပို့ပြီး စစ်ကြည့်သင့်တယ်"

​"ဟုတ် ခဏလောက် စောင့်ပါ"

ချီကျန့်မှာ ချွေးများ ပြန်နေပြီး သူ၏ ကောင်းကင်လျှို့ဝှက်ကြေးမှန် ကို အလျင်အမြန် ထုတ်ကာ ဝိညာဉ်စွမ်းအင်များ ထည့်သွင်းလိုက်သည်။

​"နဝမမင်းသား ခင်ဗျာ သခင်လေးကိုင်က လန်ယာမျိုးနွယ်ရဲ့ တာအိုအမွေအနှစ်ကို လျော်ကြေးအနေနဲ့ တောင်းခိုင်းတာက မင်းသားရဲ့ ရည်ရွယ်ချက် ဟုတ်မဟုတ် မေးနေပါတယ် ဒါက တကယ်ပဲ မင်းသားရဲ့ အမိန့်လား ခင်ဗျာ"

​"ငါ့ရဲ့ ရည်ရွယ်ချက် ငါက အဲ့ဒီလိုမျိုး ဘယ်တုန်းက ပြောလို့လဲ အစ်ကိုကြီးကိုင်လည်း အဲ့ဒီမှာ ရှိနေတာလား ငါ သူ့ကို တိုက်ရိုက် စကားပြောချင်တယ်"

ဇဝေဇဝါ ဖြစ်နေသည့် အသံနှင့်အတူ နုပျိုသော အသံတစ်ခု ထွက်ပေါ်လာသည်။

​ချီကျန့်မှာ သက်ပြင်းချနိုင်သွားပြီး ကောင်းကင်လျှို့ဝှက်ကြေးမှန်ကို ကိုင်ဟုန်ထံသို့ အလျင်အမြန် ကမ်းပေးလိုက်သည်။

ကိုင်ဟုန်က တစ်ဖက်လူနှင့် မိနစ်အနည်းငယ်ကြာ ရင်းရင်းနှီးနှီး စကားပြောဆိုပြီးနောက် မှန်ကို ချီကျန့်ထံ ပြန်ပေးကာ ပြုံးလိုက်သည်။

​ကိုင်ဟုန်က စတင်ပြောလိုက်သည်

"ကဲ... နားလည်မှု လွဲတာတွေ ပြေလည်သွားပြီ ငါ စောစောက ပြောသလိုပဲ လန်ယာမျိုးနွယ်က ချင်မိသားစုကို ပစ္စည်းအချို့နဲ့ လျော်ကြေးပေးလိုက်ရင် ဒီကိစ္စက ပြီးပြီ"

​သူ၏ အကြည့်က လူအုပ်ကို ဝေ့ကြည့်လိုက်ရာ ဖန့်ချန်ကို မြင်လိုက်သည့်အခါ သူ၏ စကားလုံးများမှာ ရုတ်တရက် ရပ်တန့်သွားသည်။

သူသည် အလိုအလျောက်ပင် သူ၏ ညာဘက်ပါးကို လက်နှင့် အုပ်လိုက်ပြီး နောက်သို့ တစ်လှမ်းဆုတ်ကာ သိသိသာသာ ထိတ်လန့်သွားဟန် ပေါ်သည်။

​ဘာတွေ ဖြစ်ကုန်တာလဲ

​ကိုင်ဟုန်၏ တုံ့ပြန်မှုကြောင့် လူအုပ်ကြီးမှာ အံ့အားသင့်သွားကြသည်။

ကျန့်ကောင်းကင်ဘုရင်၏ သားတော်က မည်သည့်အရာကများ ဤမျှအထိ ရှောင်ဖယ်စေခဲ့သနည်း။

​ကိုင်ဟုန်၏ အကြည့်နောက်သို့ လိုက်ကြည့်လိုက်ရာ သူတို့သည် ဖန့်ချန်ကို မြင်တွေ့လိုက်ရသည်

​ကိုင်ဟုန်က အားတင်းကာ ပြုံးလိုက်ပြီး

"တာအိုမိတ်ဆွေဖန့် ခင်ဗျားလည်း ဒီမှာ ရှိနေလိမ့်မယ်လို့ ကျွန်တော် မသိခဲ့ဘူး ဒီနေ့ ဘယ်လိုလဲခင်ဗျာ အားလုံးပဲ... အားလုံးပဲ အဆင်ပြေကြရဲ့လားဟင်"

​လူအုပ်ကြီးမှာ ချက်ချင်းပင် ဆွံ့အသွားကြတော့သည်။

​ပေါင်းစပ်ခြင်းအဆင့် ကျွမ်းကျင်သူများ အပါအဝင် တက်ရောက်လာသော ကျင့်ကြံသူ အားလုံးမှာ အံ့ဩလွန်းသဖြင့် အသက်ရှူပင် မှားသွားကြသည်။

​လန်ယာဝင်ရှ မှာလည်း ကြောင်တောင်တောင် ဖြစ်သွားသည်

သူက တကယ်တော့ ဘယ်သူလဲ

​ဖန့်ချန်အကြောင်း အနည်းငယ် သိထားသော လန်ယာဝင်ချိုး တစ်ယောက်သာလျှင် အခြားသူများကဲ့သို့ အံ့ဩမနေပေ။

ဆန့်ကျင်ဘက်အနေဖြင့် သူမသည် ထိုအခြေအနေကို ကြည့်ကာ ရယ်ချင်နေမိသည်။

​ကိုင်ဟုန်ကတော့ သိသိသာသာကြီးကို ကြောက်နေရှာသည်။

​အခန်း ၆၄၀ - မသေမျိုး၏ စစ်မှန်သော အမွေခံ

​ကိုင်ဟုန်ကိုယ်တိုင်ပင် ဖန့်ချန်ကို အလေးအနက် အသိအမှတ်ပြုနေသည်ကို မြင်သောအခါ ချင်မိသားစုနှင့် လန်ယာမျိုးနွယ်စု နှစ်ဖက်လုံးမှ ကျင့်ကြံသူများမှာ များစွာ ထိတ်လန့်သွားကြသည်။

ပို၍ အကဲခတ်စွမ်းသူများမှာမူ ဖန့်ချန်ကို မြင်လိုက်ရချိန်တွင် ကိုင်ဟုန်၏ အမူအရာ သိသိသာသာ ပြောင်းလဲသွားသည်ကို သတိထားမိလိုက်ကြသည်။

၎င်းမှာ အလွန်ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခုနှင့် တိုးမိသွားသကဲ့သို့ သူ၏ အကြည့်များတွင် စိုးရိမ်တကြီး ဖြစ်နေမှုများဖြင့် ပြည့်နှက်နေခြင်းပင်။

​အင်အားစု အသီးသီးမှ ခေါင်းဆောင်များသည် ဖန့်ချန်ကို ကြောက်ရွံ့မှု၊ သတိထားမှုတို့ ရောပြွမ်းလျက် ကြည့်နေကြသည်။

"ဘာလို့လဲ ကောင်းကင်ဘုရင်ကျန့် ရဲ့ သားတော်ကတောင် သူ့ကို ကြောက်နေရတာလဲ သူကများ ဟိုဓားမသေမျိုးရဲ့ တိုက်ရိုက်တပည့် ဖြစ်နေလို့လား"

​ဟင်းလင်းပြင်ထာဝရဓားဂိုဏ်းမှ ထိုဓားမသေမျိုး သည် နှစ်ပေါင်းများစွာကြာအောင် လှုပ်ရှားမှုမရှိခဲ့သလို နည်းပညာအရလည်း တကယ့်တည်ထောင်သူ မဟုတ်သော်လည်း သူနှင့်ပတ်သက်၍ ကာလရှည်ကြာ ထွက်ပေါ်နေသော ကောလာဟလတစ်ခု ရှိသည်။

ထိုဓားမသေမျိုးက တစ်ခါက ဤသို့ ကြေညာခဲ့ဖူးသည်ဟု ဆိုကြသည်

"ငါသည် အဆင့် ၁ ဂိုဏ်းချုပ်များ၏အောက်တွင် အောင်နိုင်သူမရှိသလို၊ တည်ထောင်သူဘိုးဘေးများ၏ အထက်တွင် ရှိသည်၊ တစ်ဦးချင်းတိုက်လျှင် တစ်ဦးချင်းစီကို အနိုင်ယူနိုင်သည်"

​ဤကောလာဟလမှာ နှစ်ပေါင်းများစွာ ပျံ့နှံ့နေခဲ့သော်လည်း အဆင့် ၁ ဂိုဏ်းချုပ်များဘက်မှ မည်သည့် ငြင်းဆိုချက်မျှ ထွက်ပေါ်မလာခဲ့ပေ။

၎င်းကပင် ထိုစကား၏ ခိုင်မာမှုကို သက်သေပြနေသကဲ့သို့ ဖြစ်နေသည်။

သူသည် အဆင့် ၁ ဂိုဏ်းချုပ်တစ်ဦး မဟုတ်သော်လည်း သူ၏ စွမ်းရည်မှာ ဂိုဏ်းချုပ်တစ်ဦးထက် လျော့နည်းခြင်း မရှိဟု ဆိုကြသည်။

​ချင်မိသားစုခေါင်းဆောင်သည် ချူလန်ကို သံသယစိတ်ဖြင့် လှည့်ကြည့်လိုက်သည်

"ရှင်မ မင်း သူ့ကို ဘယ်လိုမျိုး သိတာလဲ"

​သူ့ဇနီးသည်က ထိုမျှ အဆင့်အတန်းမြင့်မားသော ပုဂ္ဂိုလ်တစ်ဦးကို ကူညီရန် တကယ်ပင် ဆွဲဆောင်နိုင်ခဲ့သည်လား။

​ချူလန်သည် ချင်မိသားစုခေါင်းဆောင်၏ မေးခွန်းကို မကြားသလို နေလိုက်သည် သို့မဟုတ် ရည်ရွယ်ချက်ရှိရှိ လျစ်လျူရှုထားလိုက်သည်။

သူမသည် ဖန့်ချန်ကိုသာ အကြည့်မခွာဘဲ စိုက်ကြည့်နေပြီး သူမ၏ မျက်လုံးများထဲတွင် ကြည်ညိုလေးစားမှုများ ပြည့်နှက်နေသည်။

ဖန့်ချန်၏ ယုံကြည်ချက်က မည်သည့်နေရာမှ လာသနည်းဆိုသည်ကို သူမ ယခုမှပင် သဘောပေါက်သွားတော့သည်။

​"အစ်ကိုကြီးချင် အခြေအနေကတော့ မကောင်းတော့ဘူး ငါ ဒီကိစ္စကနေ နှုတ်ထွက်တော့မယ်"

ဟု ဝေဘိုးဘေးကြီးက စိတ်လှိုင်းဖြင့် အသိပေးလိုက်သည်။

​ချင်ဘိုးဘေးကြီး၏ မျက်လုံးများထဲတွင် ဒေါသအရိပ်အယောင်များ ဖြတ်ပြေးသွားသည်

"ကိစ္စက မပြီးသေးဘူး ဘာလို့ ဒီလောက် အလောတကြီး လုပ်နေရတာလဲ မင်းရဲ့ တပည့်တွေကို နဝမမင်းသားရဲ့ နန်းတော်မှာ ခန့်အပ်ခံရစေချင်တယ် မဟုတ်လား"

​ထို့နောက် ချင်ဘိုးဘေးကြီးသည် ဖန့်ချန်ထံသို့ အကြည့်ပြန်ပို့လိုက်ရာ သူ၏ မျက်ဝန်းများမှာ တဖျတ်ဖျတ် တုန်ယင်နေတော့သည်။

​ဖန့်ချန်က တည်ငြိမ်စွာ ပြုံးလိုက်သည်

"ကိုင်ဟုန် ငါ ဒီနေ့တော့ စိတ်မဖောက်ပြန်ပါဘူး (နေလို့ကောင်းပါတယ်)"

​ကိုင်ဟုန်သည် သူ၏ အမူအရာမှာ တစ်မျိုးကြီး ဖြစ်နေသည်ကို သတိပြုမိသွားကာ ချက်ချင်းပင် စိတ်လျှော့လိုက်သည်။

သူသည် အရှက်ရမှုကို ဖုံးကွယ်ရန် ချောင်းတစ်ချက် ဟန့်လိုက်ပြီး ဖန့်ချန်ထံသို့ ခပ်ပြုံးပြုံးဖြင့် ချဉ်းကပ်လာသည်

"တာအိုမိတ်ဆွေဖန့် ဘာကိစ္စရှိလို့ ဒီကို ရောက်နေတာလဲ ခင်ဗျားက အပြာရောင်တာအိုနယ်မြေကလား"

​"ကိုင်ဟုန် မင်းကို မိတ်ဆက်ပေးပါရစေ ဒါက လန်ယာဝင်ချိုး ဟင်းလင်းပြင်ထာဝရဓားဂိုဏ်း အစွန်းဆုံးဓားတောင်က တပည့်ဖြစ်သလို ငါ့ရဲ့ ဂျူနီယာညီမလေးလည်း ဖြစ်တယ်"

ဟု ဖန့်ချန်က မိတ်ဆက်ပေးလိုက်သည်။

​ကိုင်ဟုန်က အနည်းငယ် အံ့အားသင့်သွားပြီး လန်ယာဝင်ချိုးကို တစ်ချက် ကြည့်လိုက်သည်။

သူသည် ဖန့်ချန်၏ အထောက်အထားကို ချက်ချင်းပင် ချိတ်ဆက်မိသွားပြီး စိတ်ထဲမှ ကျိန်ဆဲနေမိသည်။

​ဒါဆို သူက တကယ်ပဲ ဟင်းလင်းပြင်ထာဝရဓားဂိုဏ်းက တပည့်ပေါ့ သူ မိစ္ဆာမယွီကို ကာကွယ်ပေးနေတုန်းကတည်းက ငါ ဒါကို သံသယဝင်ခဲ့တာဒါပေမဲ့ အဲ့ဒီတုန်းက ငါ သူ့ရဲ့ မသေမျိုးမှတ်တမ်းကို စစ်ကြည့်တော့ သူက အဲ့ဒီဂိုဏ်းက ဖြစ်ကြောင်း ဘာမှ မတွေ့ရဘူး။

ဟင်းလင်းပြင်ထာဝရဓားဂိုဏ်းက သူ့မှတ်တမ်းကို ကြိုပြီး ဖယ်ရှားထားလိုက်တာဖြစ်ရမယ်၊ ပြီးမှ ပြန်ထည့်လိုက်တာပေါ့

​ကိုင်ဟုန်က ခပ်ဖွဖွ ခေါင်းညိတ်လိုက်သည်

"တာအိုမိတ်ဆွေဖန့် ဒီမှာ ရှိနေတာ မဆန်းတော့ပါဘူး အပြာရောင်တာအိုနယ်မြေက ပြဿနာတွေက ချင်မိသားစုနဲ့ လန်ယာမျိုးနွယ်စုတွေနဲ့ ပတ်သက်နေတယ်လို့ ကျွန်တော် ကြားထားတယ်"

​ထို့နောက် သူက လူအုပ်ကို ဝေ့ကြည့်လိုက်ရာ ကျန်းထျန်းအိုက်အပေါ်သို့ အကြည့်ရောက်သွားသည်။

သူ၏ မျက်လုံးထဲတွင် သံသယအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီး ခပ်တိုးတိုး မေးလိုက်သည်

"ဂျူနီယာ မင်းရဲ့ မျိုးရိုးအမည်က ကျန်း လား"

​"ရှင် ကျွန်မကို သိလို့လား"

ကျန်းထျန်းအိုက်က အံ့ဩတကြီး မေးလိုက်သည်။

​ကိုင်ဟုန်က ဇဝေဇဝါ ဖြစ်နေပုံရသည်

"မသေမျိုး ရှို့ယွဲ့ က မကြာသေးခင်ကမှ ထူးခြားတဲ့ ပါရမီရှင် တပည့်တစ်ယောက်ကို လက်ခံခဲ့တယ်လို့ ကြားမိတယ်"

"အနှစ် ၂၀ ကျော်အတွင်းမှာတင် ချီသန့်စင်ခြင်းအဆင့်ကနေ ရွှေအမြုတေအဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီး ရှေးဟောင်းနတ်ဘုရားလမ်းစဉ် ကို စိန်ခေါ်တော့မယ်လို့ ဆိုကြတယ် ဒါက ဂျူနီယာညီမလေးကျန်း ဖြစ်ရမယ် မဟုတ်လား"

​ကျန်းမိသားစုသည် လက်ရှိ အလယ်ပိုင်းတိုက်ကြီး မပေါ်ပေါက်မီ ရှေးယခင်ကာလများကတည်းက တည်ရှိခဲ့သည့် ရှေးဟောင်း ပထမမိသားစု ၏ အဆက်အနွယ်များ ဖြစ်ကြောင်း သိရလျှင် ထိုသို့ ဖြစ်လာမည်ကို သူ သိခဲ့သင့်သည်။

တစ်ချိန်က အစွမ်းထက်ပြီး ခမ်းနားထည်ဝါခဲ့သော ကျန်းမိသားစုသည် ကျိန်စာသင့်ခဲ့ပြီး မှတ်တမ်းများမှ ပျောက်ကွယ်သွားသည်အထိ ဆုတ်ယုတ်ခဲ့ရသည်ဟု ဆိုကြသည်။

​ရှေးဟောင်းကျမ်းစာများအရ ကျန်းမိသားစုသည် ၎င်းတို့၏ အထွတ်အထိပ်ကာလတွင် စစ်မှန်သော နဂါးကိုးကောင်ကို ကျွန်ပြုနိုင်ခဲ့သည်အထိ အလွန်ပင် အစွမ်းထက်ခဲ့သည်ဟု ဆိုကြသည်

​"မသေမျိုးရဲ့ တိုက်ရိုက်တပည့် ဟုတ်လား"

​ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ၏ မျက်နှာထားများမှာ ပိုမို အလေးအနက် ဖြစ်လာကြသည်။

သူမနှင့်အတူ ပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံသူများ အဖော်လိုက်ပါလာခြင်းမှာ မဆန်းတော့ပေ။

အဆင့် ၁ ဂိုဏ်းချုပ်များနှင့် မသေမျိုးဘုရင်များ လူမြင်ကွင်းတွင် ပေါ်ထွက်ခဲသော ယခုခေတ်ကာလတွင် ထူးကဲမသေမျိုး ဆိုသည်မှာ ထိုကျင့်ကြံသူများ အားကျရသည့် အမြင့်ဆုံး အထွတ်အထိပ်ပင် ဖြစ်သည်။

​ဤနေရာတွင် ရှိနေကြသော ချီကျန့်ကဲ့သို့ ပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံသူ အနည်းငယ်မှလွဲ၍ မျိုးနွယ်စု ခေါင်းဆောင် အများစုမှာ ထူးကဲမသေမျိုးကို လူကိုယ်တိုင် တစ်ခါမျှပင် မမြင်ဖူးကြပေ။

​ယေဘုယျအားဖြင့် ထူးကဲမသေမျိုးများသည် အဆင့်တူသော မိတ်ဆွေဟောင်းများမှလွဲ၍ ဧည့်သည်များကို အလွယ်တကူ တွေ့ဆုံလေ့ မရှိကြပေ။

​လန်ယာဝင်ချိုးလည်း အံ့အားသင့်သွားသည်။

သူမ၏ ဆရာမှာ ထူးကဲမသေမျိုးတစ်ဦး ဖြစ်နေသည်ကိုး။

​ဝင်ချိုး၏ ဆရာမှာ အစွန်းဆုံးဓားတောင်၏ အကြီးအကဲတစ်ဦးသာဖြစ်ပြီး တာအိုပေါင်းစပ်ခြင်းအဆင့် တွင်သာ ရှိသဖြင့် ထူးကဲမသေမျိုးနှင့် များစွာ ကွာခြားလှသည်။

ထူးကဲမသေမျိုးတစ်ဦး၏ တပည့်ဖြစ်ရန်မှာ မည်မျှ ခက်ခဲကြောင်း သူမ ကောင်းစွာ နားလည်ထားသည်။

​မည်သူ့ကိုမျှ အလွယ်တကူ အရိုအသေမပေးတတ်သော သူတို့၏ ဂိုဏ်းချုပ်ကြီးပင်လျှင် တာအိုပေါင်းစပ်ခြင်းအဆင့်ကို ရောက်ရှိပြီးမှသာ ဟင်းလင်းပြင်ထာဝရဓားဂိုဏ်း၏ ထူးကဲမသေမျိုး ဘိုးဘေးတစ်ဦးထံတွင် တပည့်ခံခွင့် ရရှိခဲ့သည်ဟု ဆိုကြသည်

​"အဲ့ဒါ ကျွန်မပါပဲ ဆရာ့ရဲ့ အနောက်ဆုံး တပည့်ပါ"

ဟု ကျန်းထျန်းအိုက်က ပြောလိုက်သည်။

​"ကံကောင်းလိုက်တာ ဒီနေ့ ဒီနေရာမှာ မင်းတို့နှစ်ယောက်လုံးနဲ့ တွေ့ရတာ ကံကြမ္မာပဲ ဖြစ်ရမယ်"

ကိုင်ဟုန်က အားရပါးရ ရယ်မောလိုက်သည်

"စိတ်မရှိဘူးဆိုရင် ငါ့ရဲ့ မသေမျိုးသင်္ဘောပေါ်ကို လိုက်ခဲ့ပါလား လက်ဖက်ရည်သောက်ရင်း တာအိုအကြောင်း ဆွေးနွေးကြတာပေါ့"

​ရေတွက်မရနိုင်သော မနာလိုသည့် အကြည့်များမှာ ဖန့်ချန်နှင့် ကျန်းထျန်းအိုက်တို့ထံသို့ ရောက်ရှိသွားသည်။

ဤအကြည့်များမှာ မျိုးနွယ်စုကြီးများမှ လူငယ်တပည့်များထံမှသာမက မျိုးနွယ်စု ခေါင်းဆောင်အချို့ထံမှပင် မနာလိုစိတ်များ ထွက်ပေါ်နေခြင်း ဖြစ်သည်။

​ကိုင်ဟုန်နှင့် ကျင့်စဉ်အဆင့်တူနေသော်လည်း သူတို့အထဲမှ အများစုမှာ ကိုင်ဟုန်၏ သင်္ဘောပေါ်သို့ တက်ရောက်ခွင့်ပင် မရကြပေ။

၎င်းမှာ နောက်ခံအင်အား ကွာခြားမှု၏ ရလဒ်ပင် ဖြစ်သည်

​ဖန့်ချန်က ခေတ္တမျှ စဉ်းစားပြီးနောက် ပြန်ဖြေလိုက်သည်

"ကျုပ်တို့ ဒီကိစ္စတွေကို အရင်ဆုံး အပြတ်ရှင်းရဦးမယ်"

​ကိုင်ဟုန်၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး ခေါင်းညိတ်လိုက်သည်

"ခင်ဗျားပြောတာ အမှန်ပါပဲ တာအိုမိတ်ဆွေဖန့် ဒီကိစ္စတွေကို အရင် ဖြေရှင်းရမှာပေါ့"

​သူက ချီကျန့်ဘက် လှည့်လိုက်သည်

"အုပ်ချုပ်ရေးမှူးချီ ခင်ဗျားမှာ ဘယ်လို ဖြေရှင်းချက်မျိုး ရှိသလဲ ကြည့်ရတာတော့ ခင်ဗျားမှာ ဘာအကြံမှ ရှိပုံမရဘူး ဒါကြောင့် ကျုပ်ကပဲ ဖြေရှင်းချက်တစ်ခု အကြံပြုပါရစေ"

​ချင်ဘိုးဘေးကြီးနှင့် အခြားသူများမှာ စိုးရိမ်စိတ်များ ဝင်လာကြသည်။

​"ဒီပြဿနာက နေမင်းအသီးကနေ စခဲ့တာဖြစ်လို့ လန်ယာမျိုးနွယ်မှာလည်း တာဝန်ရှိပါတယ် ဒါပေမဲ့ သူတို့က ဒီစစ်ပွဲကို အဆုံးသတ်ဖို့ ဆွေးနွေးချင်နေတာကို ငါ သိထားတယ် စစ်ပွဲကို ဆက်တိုက်ချင်တာက ချင်မိသားစုပါ"

​"စစ်ပွဲဖြစ်ပွားပြီးတဲ့နောက်မှာ ချင်မိသားစုက အသာမရတဲ့အပြင် ရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတယ် အုပ်ချုပ်ရေးမှူးချီက နဝမမင်းသားရဲ့ ရည်ရွယ်ချက်ကို နားလည်မှုလွဲပြီး ကြားဝင်ပတ်သက်ခဲ့တယ်"

"အခုဆိုရင် ချင်မိသားစုရဲ့ နယ်မြေအတော်များများကို လန်ယာမျိုးနွယ်က သိမ်းပိုက်ထားတယ် ဟုတ်တယ်မလား"

​ကိုင်ဟုန်၏ စကားများကြောင့် ချင်ဘိုးဘေးကြီးနှင့် ချီကျန့်တို့မှာ မျက်နှာပျက်သွားကြသည်။

​"ကျုပ်ရဲ့ အကြံပြုချက်ကတော့ နှစ်ဖက်လုံးက တပ်ဆုတ်ကြပါ ချင်မိသားစုက လန်ယာမျိုးနွယ်ကို အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၅၀၀ နဲ့ လျော်ကြေးပေးလိုက်ပါ"

"ဒါဆိုရင် ဒီကိစ္စက ပြီးပြီ"

ကိုင်ဟုန်က ချင်ဘိုးဘေးနှင့် လန်ယာရှင်းကျိုးကို ကြည့်ကာ ပြောလိုက်သည်

"ခင်ဗျားတို့ နှစ်ယောက် ဘယ်လို ထင်ကြလဲ"

​"လန်ယာမျိုးနွယ်ကတော့ ခင်ဗျားရဲ့ အကြံပြုချက်ကို သဘောတူသလို အပြည့်အဝ ကျေနပ်ပါတယ်"

ဟု လန်ယာရှင်းကျိုးက ချက်ချင်းပင် ထုတ်ဖော်ပြောဆိုလိုက်သည်။

​လန်ယာမျိုးနွယ်ဝင်များမှာ တိတ်တဆိတ် ဝမ်းသာနေကြသည်။

လျော်ကြေးမှာ အစက တောင်းဆိုထားသည်ထက် နည်းပါးသော်လည်း ဝိညာဉ်ကျောက်တုံး ၅၀၀ မှာ အလွန်ပင် များပြားလှသည်။

ယေဘုယျအားဖြင့် ၎င်းသည် သူတို့၏ ဆုံးရှုံးမှုများကို ကာမိစေမည် ဖြစ်သည်။

ဆန့်ကျင်ဘက်အနေဖြင့် ချင်မိသားစုမှာမူ ကြီးမားသော ဆုံးရှုံးမှုနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။

ဤရလဒ်ကြောင့် လန်ယာမျိုးနွယ်မှာ ကျေနပ်နေကြခြင်း ဖြစ်သည်။

​ချင်ဘိုးဘေးကြီးက စကားပြောရန် ပါးစပ်ပြင်လိုက်သော်လည်း သူ စကားမပြောနိုင်ခင်မှာပင် ချီကျန့်၏ ရိုသေသော အသံက သူ၏ နားထဲသို့ ရောက်လာသည်

"သခင်လေးကိုင်ရဲ့ ဆုံးဖြတ်ချက်က သိပ်ကို တရားမျှတပါတယ် ကျွန်တော်တို့ ဒီအတိုင်းပဲ ဆက်လုပ်ပါမယ် နောက်ထပ် ပဋိပက္ခတွေ မဖြစ်လာအောင် ကျွန်တော်ကိုယ်တိုင် ကြီးကြပ်ပေးပါ့မယ်"

​ပြောချင်သည့် စကားများစွာ ရှိနေသော်လည်း ချင်ဘိုးဘေးကြီးမှာ ဒေါသကိုသာ မျိုသိပ်ထားရပြီး ချီကျန့်ကို စိတ်ထဲမှသာ ကြိမ်ဆဲနေမိတော့သည်။

All Chapters