← Chapters

အခန်း (၆၄၃-၆၄၄)

Vol. 65 Ch. 643-644

အခန်း (၆၄၃-၆၄၄)

Vol. 65 Ch. 643-644

​​အခန်း ၆၄၃ - လှည့်စားခြင်း

​"ဘိုးဘေးကြီး ဒါက တကယ်ပဲ နေမင်းအသီးလားဗျ သူ့ဆီကထွက်တဲ့ အရှိန်အဝါက တကယ့်ကို ထူးခြားတယ်၊ ကိုင်ဟုန်တောင် ဝယ်ချင်နေတာ"

"ဒါပေမဲ့ သခင်လေးဖန့်က တိုက်ရိုက်ငြင်းလိုက်ပြီး ဒါက ဘိုးဘေးကြီးအတွက် လက်ဆောင်လို့ ပြောခဲ့တာပါ လက်ဆောင်ဆိုတာ အသွားအပြန် ရှိရမယ်တဲ့"

​လန်ယာဒါကျောက်က မျှော်လင့်ချက်အပြည့်နဲ့ ပြောနေတာပါ။

​တကယ်လို့သာ ဒါက နေမင်းအသီး အစစ်ဆိုရင် လန်ယာမျိုးနွယ်စုရဲ့ အထွတ်အထိပ် အချိန်တွေကို နောက်ထပ် နှစ်ပေါင်းများစွာအထိ ဆက်ထိန်းထားနိုင်တော့မှာကိုး။

​အားလုံးရဲ့ မျက်နှာတွေကလည်း တည်ကြည်လေးနက်နေပြီး နေမင်းအသီးကို အသေအချာ စိုက်ကြည့်နေကြတယ်၊ ရင်ထဲမှာတော့ စိုးရိမ်တကြီးနဲ့ပေါ့။

​လန်ယာရှင်းကျိုးက အကြာကြီး ကြည့်နေပြီးမှ ဖြည်းဖြည်းချင်း ခေါင်းညိတ်ပြတယ်

"တကယ်ပဲ နေမင်းအသီးပါ ငါ ဒီအသီးကို လူကိုယ်တိုင် မြင်ဖူးတယ်၊ မမှားနိုင်ပါဘူး"

​သူက ဒါကျောက်ကို ကြည့်ပြီး မေးလိုက်တယ်

"မင်းပြောတာ မိတ်ဆွေဖန့်က ဒါကို ငါ့အတွက် လက်ဆောင်ပေးလိုက်တာပေါ့ ဟုတ်လား"

​"ဟုတ်ပါတယ်၊ ဟုတ်ပါတယ်"

ဒါကျောက်က ခေါင်းကို တရစပ် ညိတ်ပြပါတယ်။

​"မိတ်ဆွေဖန့်က တကယ်ပဲ စိတ်ထားကောင်းတာပဲ..."

လန်ယာရှင်းကျိုးက မချီးကျူးဘဲ မနေနိုင်တော့ပါဘူး။

​"ဒါကျောက် မိတ်ဆွေဖန့်က စောစောက ကိုင်ဟုန်ကို တကယ်ပဲ ငြင်းလိုက်တာလား"

အလယ်သုံးဆင့် ဘိုးဘေးတစ်ယောက်က မျက်မှောင်ကြုတ်ပြီး မေးတယ်

"ဒါက ကိုင်ဟုန်ကို စိတ်ဆိုးသွားစေပြီး ငါတို့ လန်ယာမျိုးနွယ်စုကို အငြိုးထားသွားမလား မသိဘူး..."

​"မိတ်ဆွေဖန့်က ငြင်းရဲတယ်ဆိုရင် ဒီကိစ္စအတွက် စိုးရိမ်စရာ မရှိဘူးလို့ ဆိုလိုတာပဲ"

လန်ယာရှင်းကျိုးရဲ့ မျက်နှာမှာ အပြုံးတစ်ခု ပေါ်လာပါတယ်။

​"ခွင့်ပြုပါဦး... ဘယ်သူက လန်ယာပတျန်း ပါလဲ"

​အင်....

လူတိုင်း အံ့ဩသွားပြီး လှည့်ကြည့်လိုက်ကြရာ ကျင့်ကြံသူတစ်အုပ်က သူတို့ကို ယဉ်ယဉ်ကျေးကျေး ကြည့်နေတာကို တွေ့လိုက်ရတယ်။

ရှေ့ဆုံးကလူရဲ့ အရှိန်အဝါကလည်း ပေါင်းစပ်ခြင်းအဆင့် မှာ ရှိနေတာပါ။

​ဒီကျင့်ကြံသူတွေက ဘယ်ကနေ ရုတ်တရက် ပေါ်လာတာလဲလို့ အံ့ဩသွားကြပေမဲ့ အပေါ်က မသေမျိုးသင်္ဘောကြီးကို သတိရသွားကြပါတယ်။

​လန်ယာရှင်းကျိုးက ယဉ်ယဉ်ကျေးကျေး မေးလိုက်တယ်

"မိတ်ဆွေတို့က ဘယ်သူတွေလဲဆိုတာ သိပါရစေ"

​"ဩော် ကျုပ်တို့က ကောင်းကင်ဘုရင်ကျန့် ရဲ့ နန်းတော် က လူတွေပါ"

​ခေါင်းဆောင်ဖြစ်သူက ပြုံးပြပြီး တစ်ချက်ကြည့်ကာ ထပ်မေးတယ်

"ဘယ်သူက လန်ယာပတျန်း လဲဗျ"

​အားလုံးရဲ့ အကြည့်တွေက အလယ်သုံးဆင့် ဘိုးဘေးတစ်ယောက်ဆီ ရောက်သွားကြတယ်။

အဲ့ဒီလူက အတော်လေး အံ့ဩသွားပြီး

"ကျုပ်က လန်ယာပတျန်း ပါ၊ ဘာကိစ္စရှိလို့လဲ"

​"သခင်လေးက ခင်ဗျားကို အပေါ်ကို ခဏလောက် ကြွခဲ့ဖို့ ဖိတ်ခိုင်းလိုက်လို့ပါ"

​ကိုင်ဟုန်က ဖိတ်တာလား

​လန်ယာမျိုးနွယ်စုက ကျင့်ကြံသူတွေ ပိုပြီး ကြောင်သွားကြတယ်။

ကိုင်ဟုန်က လန်ယာရှင်းကျိုးကို မဖိတ်ဘဲ ဘာလို့ မျိုးနွယ်စုရဲ့ ဘေးထွက်ဘိုးဘေးတစ်ယောက်ကို ဖိတ်ရတာလဲ။

ပြောရရင် ဒီလန်ယာပတျန်းရဲ့ ကျင့်စဉ်ကလည်း သိပ်မမြင့်လှဘူး၊ ဝိညာဉ်ခွဲဖြာခြင်းအဆင့် ရဲ့ အနှောင်းပိုင်းပဲ ရှိတာလေ။

​"ခွင့်ပြုပါဦး သခင်လေးကိုင်က သူ့ကို ဘာလို့ ဖိတ်ရတာလဲဆိုတာ ပြောခဲ့လားဗျ"

လန်ယာရှင်းကျိုးက လန်ယာပတျန်းကို တစ်ချက်ကြည့်ပြီး ကိုင်ဟုန်ရဲ့လူကို ယဉ်ကျေးစွာ မေးလိုက်ပါတယ်။

​"သခင်လေးက ဘာမှမပြောပါဘူး ကျုပ်တို့ကတော့ အမိန့်အတိုင်း လုပ်ရတာပဲ သခင်လေးကို အကြာကြီး မစောင့်ခိုင်းတာ ပိုကောင်းမယ်လို့ ထင်တယ်"

​"ပတျန်း မင်းပဲ တစ်ခေါက်လောက် သွားလိုက်ပါ စည်းကမ်းတွေကို သတိထားဦး သခင်လေးကို မရိုမသေ မဖြစ်စေနဲ့"

လန်ယာရှင်းကျိုးက ခေါင်းညိတ်ပြီး ပြောလိုက်တယ်။

​"ကောင်းပါပြီ"

လန်ယာပတျန်းက အလိုက်တသိပဲ သဘောတူလိုက်ပါတယ်။

​ဒါပေမဲ့ သူ သင်္ဘောပေါ် ရောက်သွားတာနဲ့ အဲ့ဒီ ပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံသူက သူ့ကို ချက်ချင်း ဖမ်းချုပ်လိုက်ပါတော့တယ်။

သူက ဒေါသတကြီးနဲ့ ဟောက်လိုက်တယ်

"ခင်ဗျား ဒါဘာလုပ်တာလဲ"

​"ဘာလုပ်တာလဲဆိုတာ ခဏနေရင် သိရမှာပေါ့ ခေါ်သွားစမ်း"

​အဲ့ဒီ ပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံသူက အေးစက်စက် ပြောလိုက်တယ်။

သူက လန်ယာပတျန်းကို ခေါ်သွားခိုင်းပြီးနောက်မှာ ဖန့်ချန်တို့ လက်ဖက်ရည်သောက်နေတဲ့ဆီ သွားပြီး ကိုင်ဟုန်ကို သတင်းပို့လိုက်ပါတယ်

"သခင်လေး ကိစ္စက ပြီးသွားပါပြီ"

​"ကောင်းပြီ"

ကိုင်ဟုန်က ပြုံးပြီး ခေါင်းညိတ်ပြတယ်။

​ဖန့်ချန်က ကျန်းထျန်းအိုက်နဲ့ လန်ယာဝင်ချိုးကို ကြည့်ပြီး

"မင်းတို့ အရင်ပြန်နှင့်ကြဦး ငါ ကိုင်ဟုန်နဲ့ ပြောစရာလေးတွေ ရှိသေးလို့"

​မိန်းကလေးနှစ်ယောက်စလုံး ကြောင်သွားကြပေမဲ့ ဘာမှ ထပ်မမေးတော့ပါဘူး။

ကျန်းထျန်းအိုက်ကတော့ ဖန့်ချန်ကို နှုတ်မဆက်ဘဲ ထွက်မသွားဖို့ အထပ်ထပ် မှာကြားပြီးမှ ဝုတိုင် မှာ စောင့်နေမယ်ဆိုပြီး ထွက်သွားပါတယ်။

​"သခင်လေးကိုင်က ဒီအချိန်မှာ လန်ယာပတျန်းကို ဖမ်းလိုက်တာ ဝိညာဉ်သွေးဂိုဏ်း က ခင်ဗျားရဲ့ အထောက်အထားကို သိသွားမှာ မကြောက်ဘူးလား"

မိန်းကလေးတွေ ထွက်သွားတာနဲ့ ဖန့်ချန်က ပြုံးပြီး မေးလိုက်တယ်။

​"ဘာကြောက်စရာ ရှိလဲ ရှန်ကျီတောင် မကြောက်တာ ငါ ကိုင်ဟုန်က ဘာလို့ ကြောက်ရမှာလဲ"

ကိုင်ဟုန်က အေးအေးဆေးဆေးပဲ ပြန်ဖြေတယ်

"မင်း ငါ့ကို ရိပ်မိနေပြီဆိုတာ ငါ သိပြီးသားပါ"

​ဖန့်ချန် ခေါင်းညိတ်ပြလိုက်ပါတယ်။

ကိုင်ဟုန်က ကျန်းထျန်းအိုက်ကို မေးကတည်းက တစ်ခုခု ရိပ်မိနေတာ သိသာပါတယ်။

သူ ကျန်းထျန်းအိုက်နဲ့ မဟာချန်း မှာ ရှိနေခဲ့တာ ရှန်ကျီလည်း အဲ့ဒီမှာ ပေါ်လာခဲ့တာတွေကို သိနေတော့ ကိုင်ဟုန်အနေနဲ့ သူက ဝိညာဥ်သုတ်သင်ဌာနက လူဆိုတာ ခန့်မှန်းရတာ မခက်ပါဘူး။

အဲ့ဒါကြောင့်လည်း သူ လန်ယာပတျန်း အကြောင်း မေးလိုက်တာနဲ့ ကိုင်ဟုန်က ချက်ချင်း လူလွှတ်ဖမ်းခိုင်းတာပေါ့။

​ဒါပေမဲ့ ကိုင်ဟုန်က ဝိညာဉ်သွေးဂိုဏ်းရဲ့ ပစ်မှတ်ထားတာကို မကြောက်ဘူးလားဆိုတာပဲ သူ သိချင်နေတာပါ။

​"မင်းလို လူမျိုးနဲ့ စကားပြောရတာ တကယ်ပဲ လွယ်ကူတယ်"

ကိုင်ဟုန်က ရယ်ရင်း ပြောတယ်

"မင်းရဲ့ ဝိညာဥ်သုတ်သင်ဌာနက ဘွဲ့နာမည်က ထာဝရကောင်ဘုရင် မဟုတ်လား တိမ်မြုပ်နယ်မြေ က ဖြစ်ရပ်ပြီးနောက်မှာ အသစ်ဝင်လာတဲ့လူတွေထဲမှာ ထာဝရကောင်းကင် ဘုရင် ရဲ့ အောင်မြင်မှုက အကြီးမားဆုံးပဲ"

"နောက်ပြီး ကိုင်ဝူ ကိစ္စမှာလည်း ဝိညာဉ်သွေးဂိုဏ်းကို အရင်ဆုံး သံသယဝင်ခဲ့တာ မင်းပဲလေ ဒီလို အာရုံခံစားမှုမျိုး ရှိတာ မင်းကလွဲလို့ တခြားသူ မရှိနိုင်ဘူး ဒါကြောင့်လည်း ရှန်ကျီက မင်းကို အထင်ကြီးပြီး ဝိညာဥ်သုတ်သင်ဌာန ထဲကို ဆွဲခေါ်ခဲ့တာနေမှာပေါ့"

​ဖန့်ချန်က ပြုံးလိုက်ပြီး

"ကျုပ်ကို ခေါ်ခဲ့တဲ့လူက သူမ မဟုတ်ဘူးဗျ"

​"သူမ မဟုတ်ဘူးလား"

ကိုင်ဟုန် တစ်ချက် ကြောင်သွားပြီး မျက်နှာပျက်သွားတယ်၊ ပြီးမှ ထရပ်လိုက်ပြီး

"ထားလိုက်ပါတော့ လန်ယာပတျန်းဆီ သွားကြမလား သူက ဝိညာဉ်သွေးဂိုဏ်းကလူဆိုတာ မင်း သေချာလား"

​"မသေချာဘူး ဒါပေမဲ့ သူက ဒီကိစ္စတွေနဲ့ ပတ်သက်နေတယ် ချင်ဘိုးဘေးက နေမင်းအသီးကို ပိုင်ချွမ်းမျိုးနွယ်စုဆီ ပေးဖို့ ကြံနေတုန်းမှာ ဝိညာဉ်သွေးဂိုဏ်းက ချင်နယဲ့ က ဒီအသီးကို လန်ယာပတျန်းဆီ ပေးဖို့ စီစဉ်နေတာလေ"

လို့ ဖန့်ချန်က ပြောပြလိုက်ပါတယ်။

​"ဟုတ်မဟုတ်ဆိုတာ ငါ့ရဲ့နည်းလမ်းနဲ့ စမ်းသပ်ကြည့်လိုက်ရင် လွယ်လွယ်လေး သိရမှာပါ ဝိညာဉ်သွေးဆေးလုံး ကို စားဖူးတယ်ဆိုရင် ငါ့လက်ကနေ လွတ်မှာ မဟုတ်ဘူး"

ကိုင်ဟုန်က ရယ်ရင်း ပြောတယ်

"လာ... လိုက်ကြည့်ကြရအောင်"

​"တကယ်လို့ သူ မဟုတ်ခဲ့ရင်ကော"

ဖန့်ချန်က မေးလိုက်တယ်။

​"မဟုတ်ရင်လည်း မဟုတ်ဘူးပေါ့၊ လန်ယာမျိုးနွယ်စုက ငါ့ကို စိတ်ဆိုးရဲမယ် ထင်နေလို့လား"

ကိုင်ဟုန်က ဂရုမစိုက်သလို ပြောလိုက်ပါတယ်။

​ဖန့်ချန်လည်း ခေါင်းညိတ်ပြီး ကိုင်ဟုန်နောက်ကနေ သင်္ဘောထဲက အကျဉ်းခန်းဆီ လိုက်သွားပါတယ်။

အဲ့ဒီနေရာရောက်တော့ သူ့ခန္ဓာကိုယ်ထဲက ဝိညာဉ်စွမ်းအားတွေကို တစ်ခုခုက ဖိနှိပ်ထားသလို ခံစားလိုက်ရတယ်။

​"သခင်လေးဖန့် မင်း လာတာ အတော်ပဲ သခင်လေးကိုင်ကို ပြောပေးပါဦး ဒါ နားလည်မှု လွဲနေတာ မဟုတ်လား"

လန်ယာပတျန်းက ဖန့်ချန်ကို မြင်တော့ ဝမ်းသာအားရနဲ့ လှမ်းပြောပါတယ်။

​"မင်းကို မေးခွန်းတွေ မမေးခင်မှာ ဒီဆေးလုံးကို မင်းဘာသာမင်း အေးအေးဆေးဆေးလေး စားလိုက်ဖို့ ငါ မျှော်လင့်တယ်"

ကိုင်ဟုန်က ဆေးလုံးတစ်လုံးကို လန်ယာပတျန်းဆီ ပစ်ပေးလိုက်ပြီး အေးစက်စက် ပြောလိုက်ပါတယ်။

​"ဒါ... ဒါက ဘာလဲ"

လန်ယာပတျန်းက တုန်တုန်ရင်ရင်နဲ့ မေးတယ်။

​"ဒီဆေးလုံးက သူ့ရဲ့ အထောက်အထားကို တကယ်ပဲ သိစေမှာလား"

ဖန့်ချန်က စိတ်ဝင်တစား မေးလိုက်ပါတယ်။

​"ဟုတ်တယ် ဝိညာဉ်သွေးဆေးလုံး စားဖူးတဲ့လူဆိုရင် ဒီဆေးလုံးကို စားလိုက်တာနဲ့ စိတ်ဝိညာဉ်ကို ထိန်းချုပ်ခံလိုက်ရပြီး အမှန်တိုင်း အကုန်ပြောပြလိမ့်မယ်"

" တကယ်လို့ သူက ဝိညာဉ်သွေးဂိုဏ်းက မဟုတ်ဘူးဆိုရင်တော့ ဒီဆေးလုံးက သူ့အတွက် ဘာမှ အာနိသင် ရှိမှာ မဟုတ်ဘူး"

ကိုင်ဟုန်က ပြုံးပြီး ရှင်းပြတယ်

"ဒါက ငါတို့ ကောင်းကင်ဘုရင်ကျန့် ရဲ့ နန်းတော်က ဆေးဖော်စပ်မှု ပညာရှင်တစ်ယောက်ကို ဝိညာဉ်သွေးဂိုဏ်းအတွက် သီးသန့် ဖော်စပ်ခိုင်းထားတာလေ"

​"ဩော်... ဒါဆို ဒီဆေးလုံးက သိပ်ရှားတာပေါ့ အဲ့ဒါကြောင့်လည်း တခြားနယ်မြေက ဝိညာဥ်သုတ်သင်ဌာန တွေဆီမှာ မရှိတာကိုး"

ဖန့်ချန်က ပြောလိုက်ပါတယ်။

​"ဒါပေါ့ ဒီဆေးဖော်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေက ရှာရတာ သိပ်ခက်တယ် အချို့ဆို မသေမျိုးပင်လယ် ရဲ့ အနက်ဆုံးမှာ သွားရှာရတယ် အချို့ဆိုရင်လည်း တိထျန်း နဲ့ ပိုင်တု အင်ပါယာတွေမှာပဲ ပေါက်တာ ဒါကြောင့် ကျုပ်တို့တောင် အနည်းအကျဉ်းပဲ သုံးနိုင်တာ"

လို့ ကိုင်ဟုန်က ဆိုပါတယ်။

​သူတို့နှစ်ယောက် စကားပြောနေတာကို နားထောင်ရင်း လန်ယာပတျန်းရဲ့ မျက်နှာက ပိုပိုပြီး ပျက်လာပါတယ်။

​"မိတ်ဆွေတို့ ကျုပ်က ဝိညာဉ်သွေးဂိုဏ်းနဲ့ ဘာမှ မဆိုင်ပါဘူး ခင်ဗျားတို့ အထင်လွဲနေတာ သေချာတယ်"

သူက လေသံမာမာနဲ့ ပြောလိုက်တယ်။

​"မဆိုင်ဘူးဆိုရင် ဒါကို စားပြပြီး သက်သေပြလိုက်လေ"

ကိုင်ဟုန်က အေးအေးဆေးဆေး ပြုံးတယ်

"မြန်မြန်လုပ်၊ ငါ့အချိန်တွေကို မဖြုန်းနဲ့"

​လန်ယာပတျန်းက ခဏလောက် တွေဝေနေပြီးမှ သူ့လက်ထဲက ဆေးလုံးကို ခြေမွပစ်လိုက်ပြီး အော်လိုက်တယ်

​"ကျုပ်က ဝိညာဉ်သွေးဂိုဏ်းနဲ့ မဆိုင်ဘူး ခင်ဗျားတို့က အဆင့်အတန်း မြင့်တယ်ဆိုပြီး ကျုပ်ကို မတရား ဖမ်းချုပ်ထားလို့ မရဘူး ဘိုးဘေးကြီး သိရင် နန်းတော် ဆီကို တိုင်လိမ့်မယ်"

​"တာအိုမိတ်ဆွေဖန့် မြင်တဲ့အတိုင်းပဲ သူတို့ရဲ့ အထောက်အထားကို သိရတာ လွယ်လွယ်လေးပါ ဝိညာဉ်သွေးဂိုဏ်းထဲမှာလည်း အားလုံးက ဦးနှောက်ရှိကြတာ မဟုတ်ဘူးလေ"

ကိုင်ဟုန်က ဆေးလုံး အခြေမွခံလိုက်ရတာကို စိတ်မဆိုးတဲ့အပြင် လှောင်ပြောင်တဲ့ အပြုံးနဲ့ ပြောလိုက်ပါတယ်။

​"ကြည့်ရတာ... အဲ့ဒီဆေးလုံးက အတုကြီးပဲ"

ဖန့်ချန်က သက်ပြင်းချရင်း ပြောလိုက်ပါတယ်။

​"ဘာ အတုကြီး ဟုတ်လား"

လန်ယာပတျန်း တစ်ချက် ကြောင်အမ်းသွားပြီး မျက်နှာကြီးက နီရဲတက်လာပါတယ်။

သူ့မျက်လုံးထဲမှာ ဒေါသတွေ၊ အရှက်ရမှုတွေနဲ့ ပြည့်နှက်သွားတော့တာပဲ။

​သူ... အလှည့်စား ခံလိုက်ရပြီလေ

​အခန်း ၆၄၄ - ကိုင်ဝူက သေကိုသေရမှာလား

​ကိုင်ဟုန်က လန်ယာပတျန်းကို လှောင်ပြုံးပြုံးပြီး ကြည့်လိုက်တယ်

"မင်းဦးနှောက်နဲ့ သေချာစဉ်းစားကြည့်စမ်း လောကမှာ ဝိညာဉ်သွေးဂိုဏ်း ရဲ့ လူကို ခွဲခြားနိုင်တဲ့ ဆေးလုံးဆိုတာ ဘယ်မှာရှိမှာလဲ"

"တကယ်လို့ မင်းကသာ ဒီဆေးလုံးကို အေးအေးဆေးဆေး စားလိုက်ရင် ငါက မင်းကို ထိဖို့ ခက်လိမ့်မယ် အခုတော့ မင်းကိုယ်တိုင် မစားဘဲ ခြေမွပစ်လိုက်ပြီဆိုတော့ သက်သေက အထင်အရှားပဲ မဟုတ်လား"

​လန်ယာပတျန်းရဲ့ မျက်နှာက ပြာနှမ်းသွားတယ်၊ သူက ဆက်ပြီး ငြင်းချင်သေးတာကြောင့်

"သခင်လေးကိုင် ကျုပ် ဒီဆေးလုံးကို မစားတာက အဆိပ်ပါမှာ ကြောက်လို့ပါ ကျုပ်ရဲ့ နှစ်ပေါင်းများစွာ ကျင့်ကြံလာတာတွေကို ထိခိုက်မှာ စိုးလို့ပါကျုပ်က ဝိညာဉ်သွေးဂိုဏ်းကလူ မဟုတ်တာနဲ့တော့ ဘာမှမဆိုင်ဘူး"

​"မင်း ဝန်မခံလည်း ကိစ္စမရှိဘူး ငါကတော့ မင်းဟာ ဘယ်သူလဲဆိုတာ သိပြီးသားပဲ နောက်ဆိုရင် မင်း ပါးစပ်ဟလာအောင် လုပ်ဖို့ ငါ့မှာ နည်းလမ်းတွေ အများကြီး ရှိတယ် မင်း မပြောဘဲ ဘယ်လောက်အထိ တောင့်ခံနိုင်မလဲဆိုတာပဲ ကြည့်ကြတာပေါ့"

​ကိုင်ဟုန်က ခပ်ဖွဖွ ရယ်လိုက်တယ်

"မင်း ကောင်းကင်ဘုရင်ကျန့် ရဲ့ နန်းတော်က နှိပ်စက်ညှင်းပန်းတဲ့ နည်းလမ်းတွေကို ယုံကြည်သင့်တယ်နော်"

" မင်းလို ဝိညာဉ်ခွဲဖြာခြင်းအဆင့် တစ်ယောက်ကို ကိုင်တွယ်ဖို့ ငါ့မှာ နည်းလမ်းပေါင်း ၉၉၉ မျိုးတောင် ရှိတာ မင်း တစ်မျိုးချင်းစီကို စမ်းသပ်ခံကြည့်ဖို့ မျှော်လင့်ပါတယ်"

​နည်းလမ်းပေါင်း ၉၉၉ မျိုးတောင် ဒါကတော့ ကြွားတာပဲ ဖြစ်ရမယ်။ ဖန့်ချန်က ကိုင်ဟုန်ကို တစ်ချက် ကြည့်လိုက်မိတယ်။

​လန်ယာပတျန်းရဲ့ မျက်လုံးထဲမှာတော့ ကြောက်စိတ်တွေ စတင် အရိပ်ယောင်ပြလာပြီ ဖြစ်ပေမဲ့ သူကတော့ အခုထိ အရှုံးမပေးဘဲ ဆက်ပြီး ငြင်းဆန်နေတုန်းပါပဲ။

​"တာအိုမိတ်ဆွေဖန့် ကျုပ်ရဲ့ ဒီတစ်ခေါက် တာဝန်ကတော့ ပြီးသွားပြီ အခု ဒီကောင့်ကို ခေါ်ပြီး အရှေ့ပိုင်းဒေသ ကို ပြန်တော့မယ် တကယ်လို့ သူ့ဆီက အသုံးဝင်တဲ့ သတင်းတွေ ရလာရင် ငါတို့ အောင်မြင်မှုကို အတူတူ မျှဝေကြတာပေါ့"

​ကိုင်ဟုန်က ဖန့်ချန်ကို ပြုံးပြပြီးနောက်မှာ မျက်လုံးကို ခေတ္တမှိတ်ကာ တစ်ခုခုကို ခံစားကြည့်လိုက်ပြီး သက်ပြင်းချတယ်

"ဒီလောက် ကုသိုလ်ကံ လေးကတော့ သွားကြားထိုးဖို့တောင် မလောက်ပါဘူး ငါ့ရဲ့ စိတ်နေစိတ်ထားက မပြတ်သားလို့ ထင်တယ် အောင်မြင်မှုကိုပဲ အရမ်းမက်နေတော့ ကုသိုလ်ကံက ပိုမရတာပေါ့"

​သူက ဖန့်ချန်ကို ကြည့်ပြီး စိတ်ဝင်တစား မေးလိုက်တယ်

"မင်းကော ကုသိုလ်ကံ ဘယ်လောက်ရလဲ"

​"ကုသိုလ်ကံလား..."

​ဖန့်ချန် သေသေချာချာ ခံစားကြည့်လိုက်ပေမဲ့ ဘာမှ ထူးခြားမှု မရှိပါဘူး။

အရင်တုန်းက သုတ်သင်တုန်းကတော့ ကုသိုလ်ကံတွေက တကယ့်ကို အလုံးအရင်းနဲ့ ရခဲ့ပြီး သူ့ရဲ့ သက်တမ်းကို ပြန်တိုးစေခဲ့သလို သေဘေးကနေလည်း ကယ်တင်ခဲ့တာပါ။

​ဒါပေမဲ့ ဒီတစ်ခေါက်မှာတော့...

​"ကြည့်ရတာ ငါလည်း ကောင်းကင်ကြီးရဲ့ မျက်နှာသာပေးမှုကို မရတော့ဘူး ထင်တယ် ဒါပေမဲ့လည်း ကိစ္စမရှိပါဘူး"

ဖန့်ချန်က စိတ်ထဲကနေ ကိုယ့်ကိုယ်ကိုယ် လှောင်လိုက်မိတယ်။

​အခု သူက ရှေးဟောင်းတာအိုကျင့်စဉ်ကို ဆက်ခံထားသူဖြစ်ပြီး မူ ၊ ချန်း ၊ ယဲ့ ဆိုတဲ့ နတ်ဘုရား သုံးပါးကို ကိုးကွယ်ထားတာပါ။

သူ ကျင့်ကြံနေတာက ကောင်းကင်လှည့်စားတဲ့ ပညာရပ် ဖြစ်ပြီး အဲ့ဒီထဲက မူ ဆိုတဲ့ နတ်ဘုရားက လက်ရှိ ကောင်းကင်တာအို နဲ့တောင် နေရာလုခဲ့ဖူးတာလေ။

​ဒါကြောင့် သူနဲ့ ကောင်းကင်တာအိုက မတူညီတဲ့ ဘက်တော်သားတွေ ဖြစ်နေတော့ ကောင်းကင်က သူ့ကို ကုသိုလ်ကံတွေ မပေးတာဟာ ဆန်းတော့ မဆန်းပါဘူး။

​"သိပ်မရပါဘူး၊ နည်းနည်းပါပဲ"

ဖန့်ချန်က ကိုင်ဟုန်ကို ပြုံးပြီး ပြန်ဖြေလိုက်တယ်။

​"ဒါက ပုံမှန်ပါပဲ ကုသိုလ်ကံဆိုတာ စိတ်နေစိတ်ထား ထူးခြားတဲ့ ကျင့်ကြံသူတွေကလွဲရင် ငါတို့လို လူတွေက အကြောင်းအရာတွေကို ပိုသိလေလေ ကုသိုလ်ကံ ရတာ ပိုနည်းလေလေပဲ"

ကိုင်ဟုန်က ခေါင်းညိတ်ပြတယ်။

​'ချင်းဟယ် သီလရှင်နဲ့ ဖန့်ချင်းယောင် တို့ကတော့ စိတ်နေစိတ်ထား ထူးခြားတဲ့သူတွေ ဖြစ်မှာပဲ သူတို့ရဲ့ ယုံကြည်ချက်က သန့်စင်ပြီး ရိုးရှင်းတယ် ဒါပေမဲ့ ဒီလို စိတ်နေစိတ်ထားမျိုးက ကျင့်ကြံသူတစ်ယောက်အတွက်တော့ အမြဲတမ်း ကောင်းတာတော့ မဟုတ်ဘူး'

လို့ ဖန့်ချန်က တွေးလိုက်မိတယ်။

​ဒါက သူတို့ကို ကုသိုလ်ကံတွေ ခဏခဏ ရစေနိုင်ပေမဲ့ လက်တွေ့ တိုက်ပွဲတွေမှာတော့ ဒါက အားနည်းချက် ဖြစ်သွားနိုင်ပါတယ်။

သူတို့က တိုက်ခိုက်ဖို့ထက် တိတ်တိတ်ဆိတ်ဆိတ် ကျင့်ကြံဖို့ပဲ ပိုသင့်တော်တာကိုး။

​"ဒါနဲ့ မင်းရဲ့ ကျင့်စဉ်က အခု ရွှေအမြုတေ အစောပိုင်းအဆင့် ကို ရောက်နေပြီပေါ့ ရှေးဟောင်းနတ်ဘုရားလမ်း ကို သွားကြည့်ဖို့ စိတ်ကူးရှိလား ဂိုဏ်းအသီးသီးက ပါရမီရှင်တွေကို ပြုစုပျိုးထောင်ဖို့ ပြင်ဆင်နေကြတယ်လို့ ငါကြားတယ်"

" ဂျူနီယာညီမလေး ကျန်း လည်း မကြာခင် အဲ့ဒီကို သွားရလိမ့်မယ် မင်းရဲ့ စွမ်းရည်နဲ့ဆိုရင် အဲ့ဒီလမ်းမှာ အခွင့်အရေးကောင်းတွေ အများကြီး ရနိုင်တယ်နော်"

လို့ ကိုင်ဟုန်က ပြောလိုက်တယ်။

​"ဒါကတော့ နောက်မှပေါ့ အခွင့်အရေးရှိရင် သွားဖြစ်မှာပါ"

ဖန့်ချန်က ခေါင်းညိတ်ပြပြီး မေးလိုက်တယ်

"ကိုင်ဝူ ကို အခု ဘယ်မှာ ထားထားလဲ"

​"သူက..."

ကိုင်ဟုန်က အမှတ်မထင် ဖြေမလို့ လုပ်ပြီးမှ တစ်ခုခုကို သတိရသွားကာ ဖန့်ချန်ကို ထူးထူးဆန်းဆန်း ကြည့်လိုက်တယ်

"မင်းက သူ့ကို ပြဿနာ ထပ်ရှာချင်သေးတာလား အခု နတ်သမီးယွီ လည်း မသေဘူးဆိုတော့ ဒီရန်ငြိုးတွေကို ထားလိုက်လို့ မရဘူးလား ဒါတွေက ဝိညာဉ်သွေးဂိုဏ်းက လုပ်ခဲ့တာတွေပဲလေ"

​သူက ပြောရင်းနဲ့ လန်ယာပတျန်းကို တစ်ချက် စွေကြည့်လိုက်သေးတယ်။

​"သခင်လေးကိုင် တကယ်လို့ ကျုပ်က ကိုင်ဝူကတော့ သေကိုသေရမယ်လို့ ပြောရင်ကော"

ဖန့်ချန်က အေးအေးဆေးဆေးပဲ ပြောလိုက်တယ်

"ခင်ဗျားက ဒီနေ့ ကျုပ်ကို ဒီနေရာမှာ ဖမ်းထားမှာလား"

​"..."

​ကိုင်ဟုန် ခဏလောက် တိတ်သွားပြီးမှ ပြုံးလိုက်တယ်

"အဲ့ဒီလောက်အထိတော့ မဟုတ်ပါဘူး ငါနဲ့ ကိုင်ဝူက သိပ်ပြီး သံယောဇဉ် မရှိပါဘူး ဒါပေမဲ့ သူက ငါ့အဖေရဲ့ သားပဲလေ သူ သေသွားရင် ငါ့အဖေ စိတ်ဆိုးမှာ စိုးလို့ ငါက ဖျောင်းဖျကြည့်တာပါ"

"တကယ်လို့ တစ်နေ့နေ့မှာ မင်းက သူ့ကို ရှာတွေ့ခဲ့ရင် အဲ့ဒီအချိန်မှာ ငါရှိနေရင်တော့ ငါ သူ့ဘက်က ကူညီရလိမ့်မယ် အဲ့ဒါကိုတော့ နားလည်ပေးဖို့ မျှော်လင့်ပါတယ်"

​ခဏနားပြီးမှ သူက ဆက်ပြောတယ်

"ဒါပေမဲ့ အဲ့ဒီလို ဖြစ်လာဖို့က မလွယ်ပါဘူး ငါ့အဖေကလည်း သူ အမှားကြီး မှားခဲ့တာ သိတယ် မင်းကို မကာကွယ်ရင်တောင် ဓားဂိုဏ်း ကိုတော့ ကာကွယ်ရမှာပဲ ဒါကြောင့် ကိုင်ဝူကို အခု သေသေချာချာ ဝှက်ထားတာ မင်း လုံးဝ ရှာတွေ့မှာ မဟုတ်ဘူး"

​ကိုင်ဟုန်ကတော့ အတော်လေး ယုံကြည်ချက် ရှိနေပုံရပါတယ်။

ကောင်းကင်ဘုရင်ကျန့် ရဲ့ နန်းတော်က လူတစ်ယောက်ကို ဝှက်ထားဖို့ဆိုတာ သိပ်လွယ်တာကိုး။

တကယ့် ဂိုဏ်းချုပ်ကြီးတွေ ကိုယ်တိုင် ဆင်းမလာရင် ဓားဂိုဏ်းက ဓားအိုကြီးတောင် ရှာတွေ့ဖို့ မလွယ်ပါဘူး။

​"တကယ်လို့ ဒီလို အခြေအနေမျိုးမှာတောင် သူက မင်းလက်ထဲမှာ သေရမယ်ဆိုရင်တော့ ဒါက သူ့ရဲ့ ကံကြမ္မာပဲလို့ ပြောရမှာပေါ့"

ကိုင်ဟုန်က ထပ်ပြောလိုက်တယ်။

​"လောကမှာ မဖြစ်နိုင်တာ မရှိပါဘူး အခု ရှာမတွေ့တာက နောင်မှာ ရှာမတွေ့ဘူးလို့ မဆိုလိုဘူး ဒီနေ့ သခင်လေးကိုင်နဲ့ စကားပြောရတာ အတော်လေး ဗဟုသုတ ရပါတယ်"

"ခင်ဗျားက လူဆိုးတော့ မဟုတ်ပါဘူး၊ နောင်တစ်ချိန်မှာ ကျုပ်တို့ ရန်သူတွေ မဖြစ်ကြဖို့ မျှော်လင့်ပါတယ်"

ဖန့်ချန်က ပြုံးပြီး နှုတ်ဆက်ကာ ထွက်ခွာသွားပါတယ်။

​ကိုင်ဟုန်ကတော့ လိုက်မပို့ဘဲ ဖန့်ချန်ရဲ့ စကားကို ပြန်စဉ်းစားရင်း သူ့ရဲ့ ညာဘက်ပါးပြင်ကို အမှတ်မထင် လက်နဲ့ ပွတ်လိုက်မိတယ်။

​"ရန်သူတွေ မဖြစ်ဖို့ မျှော်လင့်တယ် ဟုတ်လား... အဲ့ဒီအတိုင်းပဲ ဖြစ်ပါစေပေါ့"

​"ကိုင်ဟုန် မင်း တကယ်ပဲ ငါ့ကို ဖမ်းသွားတော့မှာလား ငါတို့ မျိုးနွယ်စုက ဘိုးဘေးကြီးကို မင်း ဘယ်လို ဖြေရှင်းချက် ပေးမှာလဲ"

လန်ယာပတျန်းက ဖန့်ချန် ထွက်သွားတာကို မြင်တော့ စိုးရိမ်တကြီး အော်မေးလိုက်တယ်။

​"ဖြေရှင်းချက် ငါ ကိုင်ဟုန် အလုပ်လုပ်တာ မင်းတို့ လန်ယာမျိုးနွယ်စုကို ဖြေရှင်းချက် ပေးစရာ လိုလို့လား ရယ်စရာပဲ "

ကိုင်ဟုန်က လှောင်ပြုံး ပြုံးလိုက်ပါတယ်။

​မကြာခင်မှာပဲ ဖန့်ချန် ဝုတိုင် ပေါ် ရောက်သွားတာနဲ့ မသေမျိုးသင်္ဘောကြီးက ကောင်းကင်ယံထဲကို လင်းလက်သွားပြီး ပျောက်ကွယ်သွားတော့တယ်။

လန်ယာမျိုးနွယ်စုက ကျင့်ကြံသူတွေကတော့ ဖန့်ချန်ဆီကို ချက်ချင်း ဝိုင်းလာကြပါတယ်။

​"စီနီယာအစ်ကိုဖန့် ပတျန်းဘိုးဘေးကော သူ ဘာလို့ ဆင်းမလာတာလဲ"

လန်ယာဝင်ချိုးက အံ့ဩတကြီး မေးလိုက်တယ်။

​"ဩော် သူ့ကို သခင်လေးကိုင်က ဧည့်သည်အဖြစ် ခေါ်သွားတာပါ"

ဖန့်ချန်က ရယ်ရင်း ဖြေလိုက်ပါတယ်။

​အားလုံးကတော့ ထူးဆန်းနေပေမဲ့ သိပ်ပြီး ထပ်မတွေးကြပါဘူး၊ လန်ယာရှင်းကျိုး တစ်ယောက်ပဲ တစ်ခုခုကို ရိပ်မိနေပုံရပါတယ်။

​"မိတ်ဆွေဖန့် စောစောက ကျုပ်သားရဲ့ အပြောအဆိုတွေ ရိုင်းစိုင်းသွားခဲ့ရင် ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်"

ချီကျန့်က သူ့သား ချီဖာ နဲ့အတူ အနားကို လျှောက်လာပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်လိုက်တယ်။

​"ဟုတ်ပါတယ်၊ ဟုတ်ပါတယ်၊ စောစောက ကျုပ်က သခင်လေးဖန့်ကို အထင်လွဲသွားတာပါ နောက်ဆိုရင် ကျုပ် သုံးခွက် သောက်ပြီး ကိုယ့်ကိုယ်ကိုယ် ပြစ်ဒဏ်ပေးပါ့မယ်"

ချီဖာကလည်း တောင်းပန်တဲ့ပုံစံနဲ့ နှုတ်ဆက်ပါတယ်။

​"မြို့စားကြီးက အရမ်း အားနာတတ်တာပဲ"

ဖန့်ချန်က ပြုံးပြီး ပြန်ပြောလိုက်တယ်။

​"မိတ်ဆွေဖန့် နောက်ဆိုရင် ကျုပ်ရဲ့ အိမ်တော်ကို အလည်လာဖို့ ဖိတ်ခေါ်ပါတယ် ဒီနေ့တော့ ကျုပ် နှုတ်ဆက်ပါတယ်"

ချီကျန့်က ပြုံးပြီး နှုတ်ဆက်ကာ ထွက်သွားပါတယ်။

သူက လန်ယာရှင်းကျိုးကိုတော့ စကားတစ်ခွန်းတောင် မပြောသွားပါဘူး။

​"အစ်ကိုကြီးဖန့် ကျွန်မနဲ့ ဒီနားမှာ လမ်းခဏလောက် လျှောက်ရအောင်"

ကျန်းထျန်းအိုက်က အနားရောက်လာပြီး ပြောပါတယ်။

​ဖန့်ချန်က သူမကို တစ်ချက်ကြည့်ပြီး ခေါင်းညိတ်ပြလိုက်တယ်။

သူတို့နှစ်ယောက် ဝုတိုင်ကနေ ထွက်မလို့ လုပ်တဲ့အချိန်မှာ ကျန်းထျန်းအိုက်က သူမရဲ့ အခြံအရံ နတ်ဘီလူးဂိုဏ်းက အမျိုးသမီးတွေကို ပြောလိုက်တယ်

"ငါ အစ်ကိုကြီး နဲ့ နှစ်ယောက်တည်း လမ်းလျှောက်ချင်လို့ သိပ်မဝေးပါဘူး၊ နင်တို့ လိုက်မလာကြနဲ့တော့"

​အမျိုးသမီးတွေက တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ခဏစဉ်းစားကာ ခေါင်းညိတ်ပြလိုက်ကြပါတယ်။

​"သခင်မလေး... ကြိုးစားရမယ်နော်"

လန်ယာဝင်ချိုးရဲ့ ဘေးမှာ ရပ်နေတဲ့ လီအဖွားက ရုတ်တရက် အသံလှိုင်းနဲ့ လှမ်းပြောလိုက်ပါတယ်။

​လန်ယာဝင်ချိုးကတော့ ကြောင်သွားတယ်၊ ဘာကို ကြိုးစားရမှာလဲ

All Chapters