← Chapters

အခန်း (၆၄၅-၆၄၆)

Vol. 65 Ch. 645-646

အခန်း (၆၄၅-၆၄၆)

Vol. 65 Ch. 645-646

​​အခန်း ၆၄၅ - ဆေးပညာအမွေအနှစ်

​လီတောက်ယဲ့ တို့တစ်သိုက်ကတော့ မသေမျိုးသင်္ဘောပေါ်မှာ ပျင်းရိငြီးငွေ့စွာ ရပ်နေကြပြီး အားလုံးက ဒီတစ်ခေါက် ဆွေးနွေးပွဲရလဒ်အကြောင်းကိုပဲ ပြောနေကြတာပါ။

​ရလဒ်နဲ့ ပတ်သက်ပြီး ဖေချင်းဖုန်းကတော့ အကောင်းမမြင်နိုင်ပါဘူး။

လန်ယာမျိုးနွယ်စုကို ဝိုင်းရံထားတဲ့ မမြင်ရတဲ့ လှိုင်းတံပိုးအဟုန်တစ်ခု ရှိနေသလိုမျိုး သူ ခံစားနေရလို့ပဲ။

​"စောစောက မသေမျိုးသင်္ဘောတွေ အများကြီး ထွက်သွားကြပြီဆိုတော့ ဆွေးနွေးပွဲက ရလဒ်ထွက်သွားပြီလား မသိဘူး"

တစ်ယောက်က စပ်စုလိုက်တယ်။

​"မသိဘူးလေ လန်ယာမျိုးနွယ်စုကလူတွေကို သွားမေးကြည့်ပါလား သူတို့တော့ အတွင်းသတင်း သိနိုင်မှာပဲ တကယ် နှမြောဖို့ကောင်းတာပဲ ဆွေးနွေးပွဲ အခြေအနေကို လူကိုယ်တိုင် သွားကြည့်ချင်လိုက်တာ"

​"ဟုတ်ပ ကြားတာတော့ အဲ့ဒီမှာရှိတဲ့သူတွေက မျိုးနွယ်စုကြီးတွေရဲ့ ခေါင်းဆောင်တွေချည်းပဲတဲ့ကျင့်စဉ် အနိမ့်ဆုံးတောင် ပေါင်းစပ်ခြင်းအဆင့် က စတာလေ"

​"ငါတို့လို အဆင့်အတန်းမျိုးနဲ့တော့ အဲ့ဒီနား ကပ်လို့တောင် ရမှာမဟုတ်ဘူး၊ ဘိုးဘေးကြီးတွေလောက်ပဲ ဆွေးနွေးပွဲရလဒ်ကို ကိုယ်တိုင်မြင်ခွင့် ရမှာပါ"

​"ဘိုးဘေးကြီး"

​"အေးလေ ငါပြောတာ ဘာမှားလို့လဲ ဘိုးဘေးကြီးကတော့ ကိုယ်တိုင် မြင်ရမှာပေါ့"

​"မဟုတ်ဘူး ဟိုမှာကြည့်စမ်း အဲ့ဒါ ဘိုးဘေးကြီး မဟုတ်ဘူးလား"

​အားလုံးက တစ်ဖက်ကို လှမ်းကြည့်လိုက်ကြရာ... ဖန့်ချန်နဲ့ ကျန်းထျန်းအိုက်တို့နှစ်ယောက် ဘေးချင်းယှဉ်ပြီး ပျံသန်းထွက်ခွာသွားတာကို တွေ့လိုက်ရတယ်။

​လူတိုင်း ကြောင်အမ်းသွားကြတယ်၊ ဒီလို ခန္ဓာကိုယ်ထွားကြိုင်းတဲ့ အမျိုးသမီး ကျင့်ကြံသူဆိုတာ နတ်ဘီလူးဂိုဏ်းက ဖြစ်ဖို့ ရာခိုင်နှုန်း အတော်များတာကိုး။

​"ဖန့်ချန် က နတ်ဘီလူးဂိုဏ်းက အမျိုးသမီးနဲ့တောင် ပတ်သက်မှု ရှိနေတာလား သူတို့ ဘာသွားလုပ်ကြမလို့လဲ"

​လီတောက်ယဲ့ မျက်လုံးတွေ တောက်ပသွားပြီး နောက်ကနေ အမှတ်မထင် လိုက်သွားမလို့ လုပ်ပေမဲ့ ဖေချင်းဖုန်းက လှမ်းတားလိုက်ပါတယ်။

​"မင်း ဘာလုပ်မလို့လဲ ဦးလေးမှာ ပြောစရာ ကိုယ်ရေးကိုယ်တာကိစ္စတွေ ရှိမှာပေါ့ သွားမနှောင့်ယှက်နဲ့"

ဖေချင်းဖုန်းက အေးအေးဆေးဆေး ပြောလိုက်တယ်။

​"ကျုပ်ကလည်း အဲ့ဒီ ကိုယ်ရေးကိုယ်တာကိစ္စက ဘာလဲဆိုတာ သိချင်လို့ပါဆို..."

လီဒေါ့ယဲ့ စိတ်ထဲကနေ သက်ပြင်းချလိုက်မိတော့တယ်။

​...

​...

​လမ်းမှာတော့ ကျန်းထျန်းအိုက်က တိတ်ဆိတ်နေပြီး သူမရဲ့ အကြည့်တွေက အဝေးတစ်နေရာကို ရံဖန်ရံခါ လှမ်းကြည့်နေတတ်တယ်၊ စိတ်ထဲမှာ တစ်ခုခုကို ဖုံးကွယ်ထားပုံရပါတယ်။

​ဖန့်ချန်ကလည်း ဘာမှဝင်မပြောပါဘူး။

သူတို့နှစ်ယောက် မိုင်ရာချီဝေးတဲ့အထိ ပျံသန်းလာပြီးတဲ့အခါမှာတော့ ကျန်းထျန်းအိုက်က ရုတ်တရက် စကားစလာတယ်

​"အစ်ကိုကြီးဖန့် ကျွန်မမှာ အကူအညီတောင်းစရာ ကိစ္စတစ်ခု ရှိလို့ပါ"

​"ပြောလေ ဘာကိစ္စလဲ ငါ ကူညီနိုင်တာဆိုရင် ကူညီမှာပေါ့ ဒါပေမဲ့ မင်းလည်း သိတဲ့အတိုင်း ငါက အခု ရွှေအမြုတေအဆင့်ပဲ ရှိသေးတယ်လေ"

​ဖန့်ချန်က ရယ်ရင်း ပြောလိုက်တယ်

"မင်းရဲ့ ဆရာက နတ်ဘီလူးဂိုဏ်းက မသေမျိုးတစ်ယောက်ပဲဟာကို၊ တကယ်လို့ တစ်ခုခုဆိုရင် သူ ဖြေရှင်းပေးနိုင်မှာ မဟုတ်ဘူးလား"

​"အစ်ကိုကြီးဖန့် အစ်ကိုကြီး သိတဲ့အတိုင်း ကျွန်မတို့ ကျန်းမိသားစုက တစ်ချိန်က လူသားမျိုးနွယ်ရဲ့ နံပါတ်တစ် မိသားစုကြီး ဖြစ်ခဲ့တာပါ အခုတော့ ပျက်စီးသွားပြီဆိုပေမဲ့ အမွေအနှစ်တွေကတော့ ကျန်နေပါသေးတယ်"

​ကျန်းထျန်းအိုက်က လေသံတိုးတိုးနဲ့ ဆက်ပြောတယ်

"နှစ်ပေါင်းများစွာတိုင်အောင် ကျန်းမိသားစုဟာ ဒီအမွေအနှစ်တွေကို ကာကွယ်ဖို့အတွက် ကျွမ်းကျင်သူပေါင်းများစွာ ဓားအောက်မှာ အသက်စတေးခဲ့ရတယ်"

" ဘယ်လောက်ပဲ ကြိုးစားကြိုးစား အမွေအနှစ်တွေက တစ်ခုပြီးတစ်ခု ဆုံးရှုံးခဲ့ရပြီး ကျန်းမိသားစုဟာလည်း ကျိန်စာသင့်သလိုပဲ တစ်နေ့ထက်တစ်နေ့ ပိုပြီး နိမ့်ပါးလာခဲ့ရတယ်"

​"ကျွန်မတို့ မျိုးဆက်ရောက်တော့ ကျန်းမိသားစုဆိုတာ မိသားစုကြီးလို့တောင် ခေါ်လို့မရတော့ဘူးသာမန် ကျင့်ကြံသူ မိသားစုလေးတွေလောက်တောင် မရှိတော့ဘူး"

"ကံကောင်းတာကတော့ လက်ရှိ နတ်ဘုရားနန်းတော် တွေက အကြီးအကဲ အချို့က ကျွန်မတို့ ကျန်းမိသားစုရဲ့ သွေးမျိုးဆက်ကို အသိအမှတ်ပြုကြသေးတာပဲ"

​ဒီနေရာအရောက်မှာတော့ ကျန်းထျန်းအိုက်က သတ္တိမွေးပြီး ဖန့်ချန်ကို စိုက်ကြည့်ကာ

"ဒါပေမဲ့ အဲ့ဒီ အကြီးအကဲတွေရဲ့ စိတ်ထဲမှာလည်း ကျွန်မတို့ ကျန်းမိသားစုရဲ့ အမွေအနှစ်ကိုပဲ လိုချင်နေကြတာပါ သူတို့က ပိုပြီး ယဉ်ကျေးတဲ့ နည်းလမ်းတွေကို သုံးကြရုံတင် ရှိတာ ကျွန်မရဲ့ ဆရာတောင် အဲ့ဒီအထဲမှာ ပါဝင်နေတယ်"

​"သူတို့ကို ပေးလိုက်ရင်ကော မင်းမှာ လုံလောက်တဲ့ အင်အားရှိလာမှ ပြန်ယူတာပေါ့"

ဖန့်ချန်က အကြံပေးလိုက်တယ်။

​ကျန်းထျန်းအိုက်ရဲ့ လက်ရှိအခြေအနေက တကယ်လည်း မကောင်းပါဘူး။

နတ်ဘီလူးဂိုဏ်းက မသေမျိုး ကတောင် ကျန်းမိသားစု အမွေအနှစ်ကို လိုချင်နေတာဆိုရင် သူမရဲ့ လက်ရှိစွမ်းအားနဲ့ ဘယ်လိုမှ ခုခံနိုင်မှာ မဟုတ်ဘူးလေ။

​"ပေးလို့မရဘူး ဒါက ကျန်းမိသားစုရဲ့ အရေးအကြီးဆုံး အမွေအနှစ်ပဲ တကယ်လို့ ပေးလိုက်ရင် နောင်တစ်ချိန်မှာ ကမ္ဘာပေါ်မှာ ကျန်းမိသားစုဆိုတာ ရှိတော့မှာ မဟုတ်ဘူး"

ကျန်းထျန်းအိုက်က ခေါင်းခါပြတယ်၊ သူမရဲ့ အကြည့်တွေက တည်ကြည်ပြတ်သားနေပါတယ်။

​"ဒါဆို ငါ့ကို ဘာလုပ်ပေးစေချင်တာလဲ"

ဖန့်ချန်က ညင်သာစွာ မေးလိုက်တယ်။

​"အစ်ကိုကြီးဖန့် ကျန်းမိသားစုရဲ့ အရေးအကြီးဆုံး အမွေအနှစ်က ကျွန်မရဲ့ သွေးကြောထဲမှာ ဝှက်ထားတာပါ ကျွန်မ အလယ်သုံးဆင့် ကို ရောက်တဲ့အခါမှာ ဒါကို တစ်ဆင့်ချင်းစီ ရရှိလာလိမ့်မယ်"

​ကျန်းထျန်းအိုက်က လေးလေးနက်နက် ပြောလာတယ်

"ဆရာက ကျွန်မကို ပြုစုပျိုးထောင်ပေးနေတဲ့ အရှိန်နဲ့ဆိုရင် အလယ်သုံးဆင့်ကို ရောက်ဖို့ သိပ်မဝေးတော့ဘူး အဲ့ဒီမတိုင်ခင်မှာ အမွေအနှစ်ကို အစ်ကိုကြီးဖန့်ဆီကို အပ်နှံထားချင်ပါတယ်"

"အစ်ကိုကြီးက ကျွန်မကိုယ်စား ဒါကို ထိန်းသိမ်းပေးပါ နောင်တစ်ချိန် ကျွန်မမှာ ဒီအမွေအနှစ်ကို ထိန်းချုပ်နိုင်တဲ့ စွမ်းအားရှိလာမှ အစ်ကိုကြီးက ကျွန်မကို ပြန်ပြီး သင်ကြားပေးပါ"

​ဖန့်ချန် အံ့ဩသွားတယ်

"မင်းရဲ့ သွေးကြောထဲကနေ အမွေအနှစ်ကို ဘယ်လို ထုတ်ယူမှာလဲ"

​"ကျန်းးမိသားစုမှာ ချန်ထားတဲ့ နည်းလမ်းတစ်ခု ရှိပါတယ် တကယ်လို့ အစ်ကိုကြီးဖန့်က သဘောတူမယ်ဆိုရင် ကျွန်မ အဲ့ဒီနည်းလမ်းကို သုံးပြီး အမွေအနှစ်ကို အစ်ကိုကြီးဆီ လွှဲပြောင်းပေးပါ့မယ်"

​ကျန်းထျန်းအိုက်ရဲ့ မျက်နှာလေးမှာ ရှက်သွေးဖြာပြီး နီမြန်းသွားတော့တာပဲ။

​ဖန့်ချန်က ခေါင်းငုံ့ပြီး စဉ်းစားနေပုံရပါတယ်။

​'မှန်လေး ကျန်းမိသားစုရဲ့ အရေးအကြီးဆုံး အမွေအနှစ်က ဘာလဲ'

​'ကျုပ်ပေါ့'

​'...'

​'သူမရဲ့ သွေးကြောထဲမှာ ဝှက်ထားတဲ့ အမွေအနှစ်ကို မေးတာ'

​'အဲ့ဒါက မဟာကောင်းကင်ဘုရင်ရဲ့ ဆေးပညာ ပဲ ဒါက လောကမှာ ထိပ်တန်း ဆေးပညာတွေထဲက တစ်ခုပဲ

မဟုတ်ဘူး နှစ်တွေ အများကြီး ကြာသွားတော့ ထူးခြားတဲ့ ဆေးနည်းတွေ အများကြီး ပျောက်ဆုံးသွားကြပြီ၊ ဒါပေမဲ့ မဟာကောင်းကင်ဘုရင်ရဲ့ ဆေးပညာထဲမှာတော့ အပြည့်အစုံ ကျန်နေဦးမှာပဲ။

ဒါကြောင့် ဒါက လက်ရှိလောကမှာ နံပါတ်တစ် ဆေးပညာ ဖြစ်နိုင်တယ်'

​အစ်ကိုကြီး... ကျုပ် အကြံပေးချင်တာကတော့ သူမကိုယ်စား ဒါကို လက်ခံလိုက်ပါ။

ဒါဆိုရင် အစ်ကိုကြီးလည်း ဒီဆေးပညာကို ကျင့်ကြံလို့ ရမယ်။

အစ်ကိုကြီးရဲ့ ပါရမီရယ်၊ ဆေးဖက်ဝင်ပစ္စည်းတွေ ရှာတဲ့နေရာမှာ ကျုပ်ရဲ့ ကျွမ်းကျင်မှုရယ် ပေါင်းလိုက်ရင် ငါတို့ မချမ်းသာဘဲ နေမလား

​ဒါ့အပြင် ဒီပညာက သူမဆီမှာ ရှိနေတာက သူမအတွက် သိပ်အန္တရာယ်များတယ်။

သူများတွေ မသိရင်တော့ ထားပါတော့၊ သိသွားရင် သူမကို သတ်ပြီး လုယူခံရနိုင်တယ်။ အစ်ကိုကြီးဆီမှာ ရှိနေမှသာ သူမက ပိုပြီး လုံခြုံမှာပဲ

​'ငါ နားလည်ပြီ'

​ဖန့်ချန်က ကျန်းထျန်းအိုက်ကို ကြည့်ပြီး ပြောလိုက်တယ်

"ငါ မင်းကိုယ်စား ထိန်းသိမ်းပေးမယ် ဒါက မှန်ကန်တဲ့ ဆုံးဖြတ်ချက်လို့ မင်းထင်တယ်ဆိုရင်ပေါ့ ဒါပေမဲ့ ထိန်းသိမ်းထားတဲ့ ကာလအတွင်းမှာ ငါလည်း ဒီ မဟာကောင်းကင်ဘုရင်ရဲ့ ဆေးပညာ ကို ကျင့်ကြံမှာနော်"

​ကျန်းထျန်းအိုက်က အရင်ဆုံး ဝမ်းသာသွားပြီးနောက်မှာတော့ အံ့ဩတကြီးနဲ့ ဖန့်ချန်ကို ကြည့်ကာ စကားတွေတောင် ထစ်ကုန်တယ်

​"အစ်ကိုကြီးဖန့်... အစ်ကိုကြီးက... ဘယ်လိုလုပ်ပြီး အဲ့ဒါ မဟာကောင်းကင်ဘုရင်ရဲ့ ဆေးပညာ ဆိုတာ သိနေရတာလဲ..."

​"ခန့်မှန်းကြည့်တာပါ"

​ဖန့်ချန်က ပြုံးပြပြီး

"ဟိုလူတွေလည်း သိကြတာပဲ မဟုတ်လား"

​ကျန်းထျန်းအိုက် ခေါင်းညိတ်ပြလိုက်တယ်၊ အံ့ဩနေတာတွေလည်း နည်းနည်း လျော့သွားပါတယ်။

ဒီဆေးပညာအကြောင်းက အဲ့ဒီလို ပုဂ္ဂိုလ်ကြီးတွေအတွက်တော့ လျှို့ဝှက်ချက် မဟုတ်ပါဘူး။

ဒီပညာရပ်ကြောင့်သာ မဟုတ်ရင် သူမဟာ နတ်ဘီလူးဂိုဏ်းမှာ အခုလို အဆင့်အတန်းမျိုး ရလာမှာ မဟုတ်ဘူးလေ။

​"အစ်ကိုကြီးဖန့်... အမွေအနှစ် လွှဲပြောင်းတဲ့ နည်းလမ်းက နည်းနည်းတော့ ထူးခြားတယ်၊ စိတ်ထဲ မထားပါနဲ့နော်"

​ကျန်းထျန်းအိုက်ရဲ့ အသံက တိုးသွားလိုက်တာမှ ပုရွက်ဆိတ်သံလောက်ပဲ ရှိပါတော့တယ်။

​ထူးခြားတယ်

​ဖန့်ချန်ရဲ့ မျက်နှာမှာ ထူးဆန်းတဲ့ အရိပ်အယောင်တစ်ခု ပေါ်လာတယ်။

​ခဏအကြာမှာတော့ သူ နားလည်သွားပါပြီ၊ ဘာလို့ ကျန်းထျန်းအိုက် ဒီလောက်အထိ ရှက်နေရတာလဲဆိုတာကိုပေါ့။

​ကျန်းမိသားစုရဲ့ သွေးမျိုးဆက် အမွေအနှစ် လွှဲပြောင်းတဲ့ နည်းလမ်းက တကယ့်ကို တိုက်ရိုက်ကျလွန်းပါတယ်။

ကျန်းထျန်းအိုက်က သူမရဲ့ သွေးတွေကို ဖန့်ချန်ရဲ့ ခန္ဓာကိုယ်ထဲကို အကုန်သွင်းပေးရမှာဖြစ်ပြီး ဖန့်ချန်ရဲ့ သွေးတွေနဲ့ ရောနှောကာ အမွေအနှစ်ကို လွှဲပြောင်းရမှာပါ။

​ပြီးမှ သွေးတွေကို ပြန်ခွဲထုတ်ရမယ်၊ ဒါဆိုရင် လွှဲပြောင်းတာ ပြီးမြောက်သွားပြီပေါ့။

ဒါပေမဲ့ ဒီကာလအတွင်းမှာ နှစ်ယောက်စလုံးက တစ်ယောက်နဲ့တစ်ယောက် ပွင့်လင်းမြင်သာစွာ ရှိနေရမှာဖြစ်သလို ထိတွေ့မှုတွေလည်း ရှိနေရမှာပါ။

​ဒါကြောင့်လည်း ဂျန်းထျန်းအိုက်တစ်ယောက် အကြောင်းမဲ့ ရှက်နေတာပေါ့။

​တစ်နာရီလောက် ကြာပြီးနောက်။

​အမွေအနှစ် လွှဲပြောင်းတာ ပြီးဆုံးသွားပါပြီ။

ကျန်းထျန်းအိုက်ရဲ့ မျက်နှာလေးက ဖြူလျော်နေပေမဲ့ ဆေးလုံးအချို့ကို စားလိုက်ပြီးတဲ့နောက်မှာတော့ တဖြည်းဖြည်းနဲ့ ပြန်ပြီး နီမြန်းလာပါတယ်။

​သူမက ခေါင်းကိုပဲ ငုံ့ထားပြီး ဖန့်ချန်ကို တည့်တည့် မကြည့်ရဲတော့ပါဘူး။

​"မင်း အခုလိုကြီး ဖြစ်နေရင် သူများတွေ ရိပ်မိသွားလိမ့်မယ်"

ဖန့်ချန်က သတိပေးလိုက်တယ်။

​ကျန်းထျန်းအိုက် တစ်ချက်လန့်သွားပြီး စိတ်ကို ချက်ချင်း ပြန်ပြင်လိုက်ပါတယ်။

အတွေးအချို့ကို စိတ်ထဲကနေ ဖယ်ထုတ်လိုက်ပြီး သူမကိုယ်သူမ တည်ငြိမ်နေသယောင် ကြိုးစားနေရတယ်။

​ဒါပေမဲ့ စောစောက ဖန့်ချန်နဲ့ နီးကပ်ခဲ့တဲ့ ခံစားချက်ကိုတော့ သူမ မေ့ပစ်ဖို့ ခက်နေတုန်းပါပဲ။

အမွေအနှစ် လွှဲပြောင်းတာ ပြီးသွားတဲ့အခါမှာတော့ စိတ်ထဲမှာ တစ်ခုခု ဟာတာတာကြီးတောင် ဖြစ်ကျန်ခဲ့သလိုမျိုးပေါ့။

​'ငါ... ငါ ဒီလောက်အထိ မတွေးသင့်ဘူး၊ အစ်ကိုကြီးဖန့်က ငါ့ကို သနားလို့ ကူညီပေးတာပဲဟာ'

ကျန်းထျန်းအိုက်က သူမကိုယ်သူမ ပြန်သတိပေးလိုက်ပြီးမှ အရင်လို ပုံစံအတိုင်း ပြန်ပြင်ကာ ဖန့်ချန်ကို ပြုံးပြလိုက်တယ်

​"အစ်ကိုကြီးဖန့်... ပြန်ကြရအောင်"

​"အင်း"

​ဖန့်ချန် ခေါင်းညိတ်ပြလိုက်ပါတယ်။

​ခဏနေရင်တော့ သူ အချိန်ရရင် အခုလေးတင် ရလိုက်တဲ့ မဟာကောင်းကင်ဘုရင်ရဲ့ ဆေးပညာ ကို သေသေချာချာ ကြည့်ရဦးမှာပါ။

ဒါက သူ ကျင့်ကြံရေးလောကထဲ ရောက်လာပြီးနောက်မှာ ပထမဆုံးအကြိမ် ရရှိတဲ့ ဆေးဖော်စပ်ခြင်းဆိုင်ရာ ကျမ်းစာပဲ မဟုတ်လား။

​အခန်း ၆၄၆ - မြေအဆင့် အလယ်လတ်ကောင်းကင်ကြည့်မှန်

​သူတို့နှစ်ယောက် ဝုတိုင်ကို ပြန်ရောက်လာတဲ့အခါ နတ်ဘီလူးဂိုဏ်းက အမျိုးသမီးကျင့်ကြံသူတွေက ကျန်းထျန်းအိုက်ကို လာရောက်ခေါ်ဆောင်ကြပါတယ်။

မသေမျိုးက သူမကို စောစောပြန်လာပြီး သေသေချာချာ ကျင့်ကြံဖို့နဲ့ မကြာခင်မှာ ရှေးဟောင်းနတ်ဘုရားလမ်းကို သွားဖို့ ပြင်ဆင်ခိုင်းထားလို့ပဲ။

​ကျန်းထျန်းအိုက်က ခဏလောက်စဉ်းစားပြီး မေးလိုက်တယ်

"အစ်ကိုကြီးဖန့် အစ်ကိုကြီးမှာ ကောင်းကင်ကြည့်မှန် ရှိလားဟင်"

​ကောင်းကင်ကြည့်မှန်

​ဖန့်ချန်က ခေါင်းခါပြလိုက်တယ်။

နောက်ပိုင်းကျရင်တော့ ဒါက သူ့အတွက် အသုံးဝင်၊ မဝင် သိရအောင် တစ်ချပ်လောက်တော့ ဝယ်ရဦးမယ်လို့ သူ တွေးလိုက်မိပါတယ်။

​ကျန်းထျန်းအိုက်ကတော့ အနည်းငယ် စိတ်ပျက်သွားပုံရပါတယ်။

သူမမှာ ကောင်းကင်ကြည့်မှန် ပဲ ရှိပြီး အသံလွှင့်အဆောင် မရှိတာကြောင့် ဖန့်ချန်ကို အချိန်ရရင် နတ်ဘီလူးဂိုဏ်းဘက်ကို အလည်လာဖို့ အထပ်ထပ် မှာကြားပြီးမှ မသေမျိုးသင်္ဘောနဲ့ ထွက်ခွာသွားပါတော့တယ်။

​ကျန်းထျန်းအိုက် ထွက်သွားပြီးနောက်မှာတော့ ဝုတိုင်ပေါ်မှာ လူသိပ်မကျန်တော့ပါဘူး။

မျိုးနွယ်စု သုံးလေးခုလောက်ပဲ ကျန်တော့ပြီး သူတို့ရဲ့ ခေါင်းဆောင်တွေက လန်ယာရှင်းကျိုးနဲ့ စကားပြောနေကြပါတယ်။

​ဖန့်ချန် ပြန်လာတာကို မြင်တော့ လန်ယာရှင်းကျိုးက ထိုခေါင်းဆောင်တွေကို ထားခဲ့ပြီး လန်ယာဝင်ချိုးကို ခေါ်ကာ ဖန့်ချန်ဆီ လျှောက်လာခဲ့တယ်။

​"မိတ်ဆွေဖန့် လန်ယာပတျန်းက သခင်လေးကိုင်ဟုန်ကို တစ်ခုခု ပြစ်မှားမိလို့လား"

လန်ယာရှင်းကျိုးက ပွင့်ပွင့်လင်းလင်းပဲ မေးလိုက်ပါတယ်။

​"စီနီယာအစ်ကိုဖန့် ပတျန်းဘိုးဘေးက ဝိညာဉ်ခွဲဖြာခြင်းအဆင့် ပဲ ရှိတာလေ သခင်လေးကိုင်နဲ့ ပတ်သက်စရာ ဘာမှမရှိနိုင်ဘူး မဟုတ်လား"

လန်ယာဝင်ချိုးကလည်း စိုးရိမ်တကြီး ပြောလာတယ်။

​ဖန့်ချန်က ပြုံးလိုက်ပြီး

"နှစ်ယောက်လုံး သိပ်ပြီး စိုးရိမ်မနေပါနဲ့ လန်ယာပတျန်းက ဝိညာဉ်သွေးဂိုဏ်းရဲ့ ကျင့်ကြံသူ ဖြစ်နေလို့ပါ"

​ဝိညာဉ်သွေးဂိုဏ်းရဲ့ ကျင့်ကြံသူ

​လန်ယာဝင်ချိုး တစ်ယောက် ကြောင်အမ်းသွားပါတော့တယ်။

​လန်ယာရှင်းကျိုးကတော့ တစ်ခုခုကို သတိရသွားသလိုမျိုး ရေရွတ်လိုက်တယ်

"သူက လန်ယာယွီတို့ရဲ့ မျိုးဆက်က ဘိုးဘေးပဲတကယ်လို့ သူက ဝိညာဉ်သွေးဂိုဏ်းကလူ ဆိုရင်တော့ အရာအားလုံးက အကွက်ကျသွားပြီပေါ့"

​လန်ယာဝင်ချိုးဟာ ဒီသတင်းကို လက်ခံဖို့ စက္ကန့်အနည်းငယ်လောက် အချိန်ယူလိုက်ရတယ်။

မိသားစုရဲ့ အဆင့်မြင့် ဘိုးဘေးတစ်ယောက်တောင် ဝိညာဉ်သွေးဂိုဏ်းရဲ့ သိမ်းသွင်းတာ ခံလိုက်ရတယ်ဆိုတဲ့ အသိကြောင့် သူမရဲ့ မျက်လုံးထဲမှာ ဒေါသရိပ်တွေ ယှက်သန်းသွားပါတယ်။

​"ဂူနီယာညီမလေး ငါ မင်းကို ကောင်းကင်ကြည့်မှန်အကြောင်း နည်းနည်းလောက် မေးချင်လို့"

ဖန့်ချန်က စကားလမ်းကြောင်း လွှဲလိုက်ပါတယ်။

​လန်ယာဝင်ချိုးက အံ့ဩသွားပြီး

"ကောင်းကင်ကြည့်မှန်လား စီနီယာအစ်ကိုဖန့်မှာ တစ်ချပ်မှ မရှိဘူးလား"

(အရင်ပိုင်းတွေမှာ ကောင်းကင်လျှိုဝှက်ကြေးမှန်လို့ ပါခဲ့ပါတယ် နဲနဲရှုပ်လို့ နောက်မှာ ကောင်းကင်ကြည့်မှန်ပဲရေးသွားပါမယ်ဗျ)

​"ကောင်းကင်ကြည့်မှန်ကို အလယ်ပိုင်းဒေသ မှာပဲ အသုံးများတာလေ"

လန်ယာရှင်းကျိုးက ရယ်ရင်း ပြောတယ်

"ကျင့်ကြံသူတိုင်း ဒါကို သုံးတာတော့ မဟုတ်ဘူး"

​ပြောပြီးတာနဲ့ သူက စဉ်းစားဟန်ပြုကာ သူ့ရဲ့ သိုလှောင်လက်စွပ်ထဲကနေ ကြေးမှန်တစ်ချပ်ကို ထုတ်ပြီး ဖန့်ချန်ကို ကမ်းပေးလိုက်တယ်။

​"မိတ်ဆွေဖန့် ဒီမှန်က အသုံးမပြုရသေးတဲ့ အသစ်စက်စက်ပဲ ဒါက မြေအဆင့် အလယ်လတ်စား ဖြစ်ပြီး တာအိုတံဆိပ် နှစ်ခု ပါဝင်တယ်"

"အရည်အသွေး မြင့်လေလေ အသုံးပြုရတဲ့ စွမ်းအင် သက်သာလေလေဖြစ်ပြီး သတင်းအချက်အလက်တွေကိုလည်း ပိုပြီး မြင်နိုင်စွမ်း ရှိလေလေပဲ အကွာအဝေးကတော့ မြို့နယ်တစ်ခုစာ အထိ မိနိုင်တယ်"

​မြို့နယ်တစ်ခုစာ

​ဖန့်ချန် အံ့ဩသွားတယ်။

ဒီအကွာအဝေးက သေးသလို ထင်ရပေမဲ့ တကယ်တော့ အလယ်ပိုင်းဒေသရဲ့ မြို့နယ်တစ်ခုဆိုတာ ဒုတိယအဆင့် အင်ပါယာတစ်ခုလုံးထက်တောင် ကျယ်ပြန့်နိုင်တာကိုး။

​'ကောင်းကင်ကြည့်မှန်ကလည်း ရိုးရိုးလက်နက်တွေလိုပဲ အဆင့်အတန်း ခွဲခြားထားတာကိုး'

လို့ ဖန့်ချန် နားလည်သွားပါတယ်။

​"မိတ်ဆွေဖန့် ဒါကို သွေးနဲ့ အသိအမှတ်ပြု ပြီးရင် စမ်းသုံးကြည့်လိုက်ပါ သုံးရတာ သိပ်မခက်ပါဘူး ကျုပ် ဟိုဘက်ကလူတွေနဲ့ သွားစကားပြောလိုက်ဦးမယ်"

လန်ယာရှင်းကျိုးက ရယ်ရင်း ပြောပြီး လန်ယာဝင်ချိုးကို ထားခဲ့ကာ ထွက်သွားပါတယ်။

​"စီနီယာအစ်ကိုဖန့် ဒီမှန်ရဲ့ ထူးခြားချက်တွေကို အစ်ကိုကြီး မသိသေးဘူး မဟုတ်လား အသိအမှတ်ပြုပြီးရင် ကျွန်မ သင်ပေးပါ့မယ်"

လန်ယာဝင်ချိုးက ပြုံးစိစိနဲ့ ပြောပါတယ်။

​သူတို့နှစ်ယောက် မသေမျိုးသင်္ဘောပေါ် ပြန်ရောက်ပြီး ဖန့်ချန်က မှန်ကို အသိအမှတ်ပြုပြီးတဲ့နောက်မှာတော့ လန်ယာဝင်ချိုးက စိတ်လှုပ်ရှားစွာနဲ့ သင်ပေးပါတော့တယ်။

​"စီနီယာအစ်ကိုဖန့် ကြည့် ကျွန်မတို့ရဲ့ မှန်နှစ်ချပ်ကို ဒီလိုလေး ထိလိုက်ရုံနဲ့ အစ်ကိုကြီးရဲ့ မှန်ထဲမှာ အလင်းစက်လေးတစ်ခု ပေါ်လာပြီ မဟုတ်လား"

" အဲ့ဒီ အလင်းစက်က ကျွန်မပဲ နောက်ဆိုရင် ကျွန်မတို့ အဝေးကြီးမှာ ရှိနေရင်တောင် ဒီမှန်ကနေတစ်ဆင့် စကားပြောလို့ ရပြီပေါ့"

​"ဒါပေမဲ့ အစ်ကိုကြီးရဲ့ မှန်က အဆင့်မြင့်ပြီး ကျွန်မဟာက အဆင့်နိမ့်တော့ အစ်ကိုကြီးက ကျွန်မကို ရှာတွေ့နိုင်ပေမဲ့ ကျွန်မကတော့ ပြန်ပြောနိုင်မှာ မဟုတ်ဘူး"

​"နောက်ပြီး မှန်အဆင့် မြင့်လေလေ အလင်းစက်တွေ အများကြီး သိမ်းထားနိုင်လေလေပဲ ကျွန်မရဲ့ မှန်က မြေအဆင့် အနမ့်ဆုံးပဲ ရှိတာဆိုတော့ ၁၀ စက်ပဲ သိမ်းလို့ရတယ် စောစောက တစ်စက်ကို ဖျက်လိုက်ပြီး အခု အလင်းဆုံး အစက်ကတော့ စီနီယာအစ်ကိုဖန့်ပဲ"

​"ဘာလို့ အလင်းဆုံး ဖြစ်နေတာလဲ"

​"ဘာလို့လဲဆိုတော့ ကျွန်မတို့က အခု အရမ်းနီးကပ်နေလို့လေ ဒါက ကောင်းကင်ကြည့်မှန်ရဲ့ ထူးခြားချက်ပဲ ဒါကြောင့် အရမ်းမရင်းနှီးတဲ့သူဆိုရင် သူတို့ရဲ့ အလင်းစက်ကို သိမ်းမထားနဲ့နော် ကိုယ့်ရဲ့ တည်နေရာ ပေါက်ကြားသွားနိုင်လို့"

​"အသုံးပြုတဲ့ စည်းကမ်းကကော အရင်က ကြားဖူးတာတော့ ဝိညာဉ်ကျောက်တုံး တွေ ကုန်တယ်ဆို၊ ဝိညာဉ်စွမ်းအား နဲ့ သုံးလို့ မရဘူးလား"

ဖန့်ချန်က မေးလိုက်တယ်။

​"အပြင်ကို သတင်းတွေ အများကြီး လွှင့်ချင်ရင်တော့ ဝိညာဉ်ကျောက်တုံး လိုအပ်တယ် ဘာလို့လဲဆိုတော့ ကျောက်တုံးကနေ ထွက်တဲ့ စွမ်းအားနဲ့ ကိုယ့်ရဲ့ စွမ်းအားက နည်းနည်း ကွဲပြားလို့လေ"

"ဝိညာဉ်ကျောက်တုံး ထည့်လေလေ စွမ်းအားက ပိုသန့်လေလေဖြစ်ပြီး သတင်းလွှင့်နိုင်တဲ့ အကွာအဝေးက ပိုကျယ်လေလေပဲ ဒါပေမဲ့ အစ်ကိုကြီး စိုးရိမ်စရာ မလိုပါဘူး မှန်က သူ့ဘာသာသူ လိုအပ်သလောက်ပဲ စုပ်ယူမှာပါ"

​ဖန့်ချန်က စဉ်းစားလိုက်မိတယ်။

အပြင်ကို သတင်းလွှင့်တဲ့ စနစ်ကိုတော့ သူ အခုလောလောဆယ် မလိုသေးပါဘူး၊ နောက်မှပဲ စမ်းကြည့်တော့မယ်။

​အဲ့ဒီအချိန်မှာပဲ ကောင်းကင်ကြည့်မှန်ထဲမှာ ဝိညာဉ်စွမ်းအားတွေ စုစည်းလာပြီး စာလုံးတွေနဲ့ ပုံရိပ်တွေ ပေါ်လာပါတယ်။

​【ပိုင်ကျန်းဂိုဏ်းကလူတွေ နားထောင်ထား နောက်တစ်ခါ မင်းတို့ကို တွေ့ရင် တွေ့တဲ့နေရာမှာ သတ်မယ်၊ မင်းတို့ အပြာရောင်တာအိုနယ်မြေမှာ ဆက်နေရဲဦးမလား ကြည့်ကြတာပေါ】

ဒါက သတင်းစကားတစ်ခုပါ။

​ခဏကြာတော့ ပုံရိပ်က ပြောင်းသွားပြီး တိမ်တိုက်တွေကြားက တောင်တန်းကြီးတစ်ခု ပေါ်လာကာ အဘိုးအိုတစ်ယောက်က ပြောနေတယ်

【ခုလင်တောက်ဂိုဏ်းရဲ့ တောင်ပိတ်ထားတဲ့ နှစ်တစ်ရာ သက်တမ်း ပြည့်သွားပြီ ဒီနေ့ကစပြီး တောင်ကို ပြန်ဖွင့်ပြီဖြစ်လို့ တပည့်ပေါင်း ၁၀၀ ကို ရွေးချယ်သွားမယ်။】

​လန်ယာဝင်ချိုးက အနားကပ်ကြည့်ပြီး ရယ်လိုက်တယ်

"ခုလင်တောက်ဂိုဏ်းက နောက်ဆုံးတော့ ထွက်လာပြီပေါ့ ကြားတာတော့ သူတို့က ပုဂ္ဂိုလ်ကြီးတစ်ယောက်ကို ပြစ်မှားမိလို့ နှစ်တစ်ရာ တောင်ပိတ်ထားရတာတဲ့ အခုတော့ အဆင်ပြေသွားပြီ ထင်တယ်"

"နောက်ပြီး ဟို ပိုင်ကျန်းဂိုဏ်းကတော့ တကယ့်ကို အဆင့်မြင့် ကျွမ်းကျင်သူတစ်ယောက်နဲ့ တိုးနေပြီထင်တယ်၊ ဒီလူက သူတို့ကို လုံးဝ အမြစ်ပြတ်အောင် သုတ်သင်မယ့် ပုံပဲ"

​"စိတ်ဝင်စားစရာပဲ"

ဖန့်ချန်က ခေါင်းညိတ်လိုက်တယ်။

ဒီလို သတင်းတွေကို ဖတ်ဖို့ကတော့ ဝိညာဉ်ကျောက်တုံးလည်း မလိုသလို ဝိညာဉ်စွမ်းအားတောင် သိပ်မကုန်ပါဘူး။

​သူက ဝိညာဉ်သုတ်သင်ဌာန ရဲ့ အသံလွှင့်အဆောင်ကို သတိရသွားပါတယ်။

အဲ့ဒီ အဆောင်ကလည်း ဒီမှန်နဲ့ ဆင်တူပေမဲ့ လုပ်ဆောင်ချက်တွေကတော့ လိုအပ်ချက် ရှိနေသေးတာပါ။

အဆောင်က အသံပဲ ပို့လို့ရပြီး ပုံရိပ်တွေ မရပါဘူး။

ဒါဟာ ကောင်းကင်ကြည့်မှန်ကို အတုယူပြီး လုပ်ထားတာ ဖြစ်နိုင်ပါတယ်။

​'ဝိညာဉ်သုတ်သင်ဌာနက ဘာလို့ ကောင်းကင်ကြည့်မှန်ကို တိုက်ရိုက်မသုံးတာလဲ လုံခြုံရေးအရ တစ်ခုခု အန္တရာယ်ရှိလို့လား'

ဖန့်ချန် စဉ်းစားနေမိတယ်။

​"စီနီယာအစ်ကိုဖန့် ကျွန်မတို့ အစွန်းဆုံးတောင်က စီနီယာတွေက သူတို့ ပြဿနာတွေကို ဖြေရှင်းပြီးပြီတဲ့ နောက်ရက်အနည်းငယ်အတွင်း တိမ်တိုက်စင်မြင့် ကို ရောက်လာလိမ့်မယ် အဲ့ဒီကျရင် တွေ့ကြပြီး ဓားဂိုဏ်း ကို အတူတူ ပြန်ကြရအောင်"

လန်ယာဝင်ချိုးက ပြောပါတယ်။

​"ကောင်းပြီ"

ဖန့်ချန် ခေါင်းညိတ်လိုက်တယ်။

​လန်ယာဝင်ချိုး ထွက်သွားပြီးနောက်မှာတော့ ဖန့်ချန်က သူ့ရဲ့ အခန်းထဲမှာ သိုလှောင်လက်စွပ်ကို ပြန်စစ်ဆေးလိုက်တယ်။

​အခု သူ့မှာ...

​အလတ်တန်းစား ဝိညာဉ်ကျောက်တုံး - ၁၂၆၇ တုံး

​မြေအဆင့် အနိမ့်စား လက်နက် - ၃ ခု

​ယွီလင်ဆေးလုံး - ၁၂ လုံး

​ယွီလင်ဆေးလုံးက ပစ္စည်းကောင်းပါ။

သူ အခြေခံတည်ဆောက်ခြင်းခြင်း အဆင့်တုန်းက စားခဲ့တုန်းက ဆေးအာနိသင်ကို အပြည့်အဝ မသုံးနိုင်ခဲ့ဘူး၊ အခု ရွှေအမြုတေ အဆင့်မှာဆိုရင်တော့ ပိုပြီး ထိရောက်မှာ သေချာပါတယ်။

​ဖန့်ချန်က လီတောက်ယဲ့ကို ခေါ်ပြီး အလယ်လတ် ဝိညာဉ်ကျောက်တုံး ၆၇ တုံး ပေးလိုက်ပါတယ်။

​"ဟာ... ဒါက အလယ်လတ် ဝိညာဉ်ကျောက်တုံးတွေ မဟုတ်လား"

လီတောက်ယဲ့ တစ်ယောက် အံ့ဩလွန်းလို့ အသက်ရှူတောင် မှားသွားတယ်။

​"မင်းအတွက် ၃၀ ယူထား ကျန်တဲ့ ၃၇ တုံးကို ဖေချင်းဖုန်းကို ပေးလိုက် ဒါတွေက မင်းတို့အတွက် အကြာကြီး သုံးလို့ ရလိမ့်မယ်"

​လီတောက်ယဲ့ ရင်ထဲမှာ အပျော်ကြီး ပျော်သွားပါတယ်။ ဒါက သူ့အတွက် ကံကောင်းခြင်းပါပဲ။

ဒီကျောက်တုံးတွေကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးတွေနဲ့ လဲရင် အများကြီး ရနိုင်ပေမဲ့ သူ အဲ့ဒီလောက် မမိုက်ပါဘူး။

ဒါက အလယ်သုံးဆင့် ကျင့်ကြံသူတွေတောင် အဆင့်တက်ဖို့ သုံးရတဲ့ ပစ္စည်းကောင်း မဟုတ်လား။

​လီတောက်ယဲ့ ထွက်သွားပြီးနောက်မှာတော့ ဖန့်ချန်က ဝိညာဉ်ကျောက်တုံး ၅၀၀ ကို ထုတ်ပြီး မှန်လေး ထဲကို ထည့်လိုက်ကာ သုံးထောင်တာအိုနယ်မြေ ဆီကို တစ်ခေါက် ထပ်မံ ထွက်ခွာခဲ့ပါတော့တယ်။

All Chapters