← Chapters

အခန်း (၆၄၇-၆၄၈)

Vol. 65 Ch. 647-648

အခန်း (၆၄၇-၆၄၈)

Vol. 65 Ch. 647-648

​​အခန်း ၆၄၇ - ကောင်းကင်အရှင်ဆေးလုံး

​ဖန့်ချန်က မြေအဆင့်အနိမ့်စား လက်နက်သုံးခုကို ထုတ်ပြီး ဓားကလေးကို ကျွေးလိုက်ပေမဲ့ ဓားကလေးကတော့ သူ့လက်ထဲက ကောင်းကင်ကြည့်မှန် ကိုပဲ သွားရည်ကျနေပါတယ်။

​ဓားကလေး : "ချန်လေး... ငါ့မှာ ခံစားချက်တစ်ခု ရှိနေတယ် ဒီကြေးမှန်နဲ့ ဟိုလက်နက်သုံးခုကိုသာ ငါစားလိုက်ရရင် ငါ အဆင့် ၅ ကို တက်လှမ်းနိုင်လိမ့်မယ်"

​"ကောင်းကင်ကြည့်မှန်တော့ မရဘူး"

​ဖန့်ချန်က ခပ်ပြတ်ပြတ်ပဲ ငြင်းလိုက်တယ်။

သူ အသေးစိတ် မမေးမြန်းရသေးပေမဲ့ မြေအဆင့်အလယ်လတ်စား ကောင်းကင်ကြည့်မှန်ဆိုတာ ဈေးကွက်ထဲမှာ အလွန်ရှားပါးလိမ့်မယ်ဆိုတာ ခန့်မှန်းလို့ ရပါတယ်။

မဟုတ်ရင် လန်ယာရှင်းကျိုးလို တာအိုပေါင်းစပ်ခြင်း အဆင့် ပုဂ္ဂိုလ်ကြီးက ဘာလို့ ဒါကို ကိုယ်နဲ့မကွာ ဆောင်ထားပါ့မလဲ။

​ဓားကလေးကတော့ စိတ်ပျက်သွားပေမဲ့ ထပ်ပြီး ဂျီမကျတော့ဘဲ တခြားလက်နက်သုံးခုကိုပဲ အရသာခံ စားသုံးနေပါတော့တယ်။

​"အစ်ကိုကြီး မဟာကောင်းကင်ဘုရင်ရဲ့ ဆေးပညာကို မြန်မြန်ကျင့်ကြံတော့ "

မှန်လေး က သတိပေးလိုက်တယ်။

​ဖန့်ချန် ခေါင်းညိတ်လိုက်ပြီး သူ့ခန္ဓာကိုယ်ထဲက သွေးအရှိန်အဟုန်တွေကို လှုပ်နှိုးလိုက်တယ်။

ချော်ရည်တွေလို ပူပြင်းလှုပ်ရှားနေတဲ့ သွေးတွေဟာ သူ့ကိုယ်ထဲမှာ တဝုန်းဝုန်း စီးဆင်းနေပါတယ်။

ကျန်းထျန်းအိုက် သင်ပေးခဲ့တဲ့ နည်းလမ်းကို သုံးပြီး သွေးတွေထဲမှာ ကပ်ပါလာတဲ့ အမွေအနှစ်အငွေ့အသက်ကို သူ ဖမ်းဆွဲလိုက်တယ်။

​ကျန်းထျန်းအိုက်က ဖန့်ချန်အတွက် ဘာအတားအဆီးမှ မထားခဲ့တာကြောင့် ဖန့်ချန်ဟာ အချိန်မရွေး အမွေအနှစ်ကို ဖွင့်နိုင်ပါတယ်။

တကယ်လို့သာ ကျန်းထျန်းအိုက်မှာ ဒီအမွေအနှစ်ရှိနေမှန်း၊ နောက်ပြီး ကျင့်စဉ်အဆင့် တစ်ခုရောက်မှ ဖွင့်လို့ရမှန်း သူများတွေသာ သိသွားရင် သူမဟာ ဒီနှစ်တွေထဲမှာ ဘယ်လိုမှ အေးအေးဆေးဆေး နေနိုင်မှာ မဟုတ်ပါဘူး။

​အမွေအနှစ်ကို ဖွင့်လိုက်တာနဲ့ ရွှေရောင်အလင်းတန်းတွေဟာ ဖန့်ချန်ရဲ့ ခန္ဓာကိုယ်ထဲကနေ ထွက်ပေါ်လာပြီး ရှေးဟောင်းစာလုံးတွေအဖြစ် ပြောင်းလဲကာ ကျမ်းစာအချပ်ပေါင်းများစွာ ဖြစ်လာပါတယ်။

​"ဒါက မဟာကောင်းကင်ဘုရင်ရဲ့ ဆေးပညာပေါ့..."

​ဖန့်ချန်က ထိုကျမ်းစာတွေကို ကြည့်လိုက်တယ်။

ဒါဟာ ကောင်းကင်၊ မြေကြီး၊ နက်နဲ နဲ့ အခြေခံဆိုပြီး လေးပိုင်း ခွဲထားပါတယ်။

အပိုင်းတစ်ပိုင်းစီမှာ စာလုံးပေါင်း သန်းနဲ့ချီ ပါဝင်နေတာကြောင့် ဒါတွေကို အကုန်ဖတ်ပြီး နားလည်ဖို့ဆိုရင် အချိန်အတော်ကြီး ပေးရမှာပါ။

​သူဟာ အခြေခံ အပိုင်းကနေ စတင်ဖတ်ရှုလိုက်တယ်။

သူ့ရဲ့ မျက်လုံးထဲမှာ ရွှေရောင်သွေးကြောလေးတွေ ပေါ်လာပြီး

ရှေးဦး နတ်ဘုရားမျက်လုံး ကို ဖွင့်လိုက်တဲ့အခါ စာလုံးတွေအပေါ် နားလည်နိုင်စွမ်းက သိသိသာသာ မြင့်တက်လာပါတယ်။

​ဒီနေရာမှာတော့ နွေ၊ နွေဦး၊ ဆောင်း ဆိုတာ မရှိပါဘူး။

ဖန့်ချန်ဟာ ကျောက်ရုပ်တစ်ရုပ်လို မလှုပ်မယှက်နဲ့ နှစ်နှစ်တိတိ ထိုင်နေခဲ့ပါတယ်။

ဒီနှစ်နှစ်အတွင်းမှာ သူ ကျင့်စဉ်မကျင့်သလို၊ တိုက်ခိုက်ရေးပညာတွေကိုလည်း မလေ့ကျင့်ပါဘူး။

သူ့ရဲ့ စိတ်အာရုံအားလုံးကို အခြေခံ အပိုင်းထဲမှာပဲ မြှုပ်နှံထားပါတယ်။

​ဒီအပိုင်းမှာ အခြေခံအဆင့်ကနေ အမြင့်ဆုံးအဆင့်အထိ ရှိတဲ့ ဆေးလုံးပေါင်း ၄၈၀၀ အကြောင်း ပါဝင်ပါတယ်။

ဆေးနည်းတိုင်းမှာ အသေးစိတ် ဖော်ပြချက်တွေ ရှိသလို၊ တချို့ဆေးနည်းတွေဆိုရင် အစားထိုးနိုင်တဲ့ ဆေးဖက်ဝင်ပစ္စည်းတွေအထိ ပါဝင်ပါတယ်။

ဆေးဖက်ဝင်အပင်တွေရဲ့ ပေါက်ရောက်ရာနေရာ၊ သက်တမ်း၊ ဆေးစွမ်းအာနိသင် စတာတွေကို မှတ်သားရတာက တကယ့်ကို ရှုပ်ထွေးလွန်းပါတယ်။

ဒီအခြေခံအချက်အလက်တွေကို မှတ်မိဖို့တင် သူ့မှာ နှစ်နှစ် အချိန်ကုန်သွားခဲ့တာပါ။

​"ဟူး..."

​ဖန့်ချန် မျက်လုံးတွေကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ပြီး အသက်ပြင်းပြင်း ရှူလိုက်တယ်။

နှစ်နှစ်လုံးလုံး သူ လုပ်နိုင်ခဲ့တာက အခြေခံတွေကို မှတ်မိသွားတာပဲ ရှိပါသေးတယ်။

​မဟာကောင်းကင်ဘုရင်ရဲ့ ဆေးပညာက တကယ့်ကို အံ့မခန်းပါပဲ။

သာမန်ဆေးနည်းတွေနဲ့ မတူတာက ဆေးဖော်စပ်တဲ့နေရာမှာ မီးအရှိန် ကို မပြောဘဲ ဆေးမီးလျှံ ကိုပဲ အဓိကထားတာပါ။

တချို့မီးလျှံတွေက ဆေးတစ်မျိုးတည်းအတွက်ပဲ သုံးလို့ရပြီး တချို့ကတော့ အမျိုးပေါင်းများစွာအတွက် သုံးလို့ရပါတယ်။

ဒီဆေးမီးလျှံတွေကို ထုတ်ယူတဲ့ နည်းလမ်းတင် ၂၈၆ မျိုး ရှိပါတယ်။

​ဒါက မီးဓာတ်နဲ့ ပတ်သက်တဲ့ တိုက်ခိုက်ရေးပညာ ၂၈၆ မျိုးနဲ့ အတူတူပါပဲ။

ဒါပေမဲ့ အချက်အလက်မှတ်သားတာထက်စာရင် ဒီအဆင့်က သူ့အတွက် ပိုလွယ်ကူပါတယ်။

နောက်ထပ် တစ်နှစ်အကြာမှာတော့ သူဟာ ဆေးမီးလျှံ ၂၈၆ မျိုးလုံးကို ကျွမ်းကျင်စွာ ထုတ်ဖော်နိုင်ခဲ့ပါပြီ။

ဒီအဆင့်မှာ ထူးခြားတာက ဝိညာဉ်စွမ်းအားကို ကုန်ဆုံးစေတဲ့အတွက် သူဟာ ဆေးပညာလေ့လာရင်းနဲ့ ကျင့်စဉ်ကျင့်နေသလိုမျိုးပါပဲ။

​ဒီအဆင့်တွေ ပြီးသွားရင်တော့ တတိယအဆင့်အနေနဲ့ ဆေးဖက်ဝင်ပစ္စည်းတွေ ရှာပြီး လက်တွေ့ဆေးဖော်ဖို့ပဲ ကျန်ပါတော့တယ်။

ဒါပေမဲ့ ဖန့်ချန်မှာ ဆေးပစ္စည်းတွေ မရှိသေးတာကြောင့် သူဟာ နက်နဲ အပိုင်းကို ဆက်ကြည့်လိုက်တယ်။

​ဒီအပိုင်းမှာ ဆေးနည်း ၇၂၁ မျိုးနဲ့ ဆေးမီးလျှံနည်းလမ်း ၄၉ မျိုး ပါဝင်ပါတယ်။

ကံကောင်းတာက တချို့ ဆေးဖက်ဝင်ပစ္စည်းတွေက အခြေခံအပိုင်းနဲ့ ထပ်တူကျနေလို့ အချိန်အများကြီး သက်သာသွားပါတယ်။

ဖန့်ချန်ဟာ ခြောက်လအတွင်းမှာ အကုန်မှတ်မိသွားပေမဲ့ ဆေးမီးလျှံ ထုတ်ဖော်တဲ့နေရာမှာတော့ တော်တော်လေး ရုန်းကန်နေရပါတယ်။

အခြေခံအကျဆုံး ဆေးမီးလျှံကိုတောင် သူ အားစိုက်ထုတ်ပြီးမှ ခဏလေးပဲ ထုတ်နိုင်ပါတော့တယ်။

​"အစ်ကိုကြီး အတင်းအကျပ် မလုပ်ပါနဲ့ ဒီ နက်နဲ အပိုင်းက အလယ်သုံးဆင့် ကျင့်ကြံသူတွေအတွက် လုပ်ထားတာ"

မှန်လေးက ပြောပါတယ်။

"ဒီမီးလျှံတွေကို အလယ်သုံးဆင့် ကျင့်ကြံသူတွေ သုံးတဲ့ တိုက်ခိုက်ရေးပညာလို့ မှတ်လို့ရတယ် အစ်ကိုကြီးက အခု ရွှေအမြုတေအဆင့်နဲ့ ဒီမီးလျှံကို ၁၀ စက္ကန့်လောက်တောင် ထုတ်နိုင်တာက ပါရမီအလွန် မြင့်လို့ပဲ"

"ဆေးဖော်စပ်နိုင်တဲ့အထိ မီးအရှိန်ရဖို့ဆိုရင် အနည်းဆုံး ဝိညာဥ်သန္ဓေသား အဆင့်ကို ရောက်မှ ဖြစ်လိမ့်မယ်"

​"ဒီမီးလျှံတွေရဲ့ အစွမ်းက မသေးဘူးပဲ တကယ်လို့ ရန်သူကို တိုက်ခိုက်ဖို့ သုံးမယ်ဆိုရင် ဒါက အဆင့်တူ ကျင့်ကြံသူတွေထဲမှာ အပြင်းထန်ဆုံး မီးဓာတ်ပညာ ဖြစ်မှာလား"

ဖန့်ချန်က စဉ်းစားရင်း မေးလိုက်တယ်။

​"ဟဲဟဲ အစ်ကိုကြီး ခန့်မှန်းတာ မှန်တယ် ဒီမီးလျှံ ၄၉ မျိုးထဲက ဘယ်တစ်ခုမဆို အဆင့်တူမှာ ထိပ်တန်းအစွမ်းပဲ အခုခေတ်မှာ ဒီထဲက နှစ်မျိုး သုံးမျိုးလောက်ကို တပြိုင်နက် ကျွမ်းကျင်တဲ့သူဆိုတာ ရှားလိမ့်မယ်"

" ဘာလို့လဲဆိုတော့ အဲ့ဒီခေတ်တုန်းကလည်း မဟာကောင်းကင်ဘုရင်ရဲ့ ဆေးပညာရှင်တွေပဲ ဒီလိုနည်းနဲ့ ဆေးဖော်ကြတာကိုး"

​"ဒါဆို ဆေးနည်းတူတူကို ဒီနည်းနဲ့ ဖော်တာနဲ့ သာမန်နည်းနဲ့ ဖော်တာ ဘာကွာလဲ"

​"ကွာတာပေါ့ ထွက်လာတဲ့ ဆေးလုံးအရေအတွက်ဆေးရဲ့ အရည်အသွေး အကုန်ကွာတယ် နောက်ပြီး ဒီဆေးပညာမှာက ဆေးဖက်ဝင်ပစ္စည်း တစ်ခု မရှိရင် တခြားတစ်ခုနဲ့ အစားထိုးနိုင်တဲ့ နည်းတွေ ပါဝင်တယ်"

" အပြင်က ဆေးဆရာတွေကတော့ နည်းလမ်းတစ်ခုပဲ သိကြတာဆိုတော့ ပစ္စည်းတစ်ခု ပျောက်သွားတာနဲ့ အဲ့ဒီဆေးနည်းက အလိုလို ပျောက်ကွယ်သွားတော့တာပဲ"

​ဖန့်ချန် ခေါင်းညိတ်လိုက်ပြီး မြေကြီး အပိုင်းကို ဆက်ကြည့်ပါတယ်။

​"အစ်ကိုကြီး အခုကြည့်လည်း ကျင့်လို့ရမှာ မဟုတ်သေးဘူးနော်"

​"ဆေးနည်းတွေနဲ့ မီးလျှံထုတ်နည်းတွေကို ကြိုမှတ်ထားတာပေါ့ နောက်မှ အမှားမပါအောင်"

​မြေကြီးအပိုင်းမှာ ဆေးနည်း ၉၉ မျိုးနဲ့ မီးလျှံနည်း ၉ မျိုးပဲ ပါဝင်လို့ မှတ်ရတာ လွယ်ပါတယ်။

ဒါပေမဲ့ ဒါတွေက အထက်သုံးဆင့် ကျင့်ကြံသူတွေအတွက် ဖြစ်လို့ ဆေးဖက်ဝင်ပစ္စည်းတွေက တကယ့်ကို ထူးဆန်းပြီး သက်တမ်းကလည်း နှစ်ပေါင်း သောင်းနဲ့ချီ လိုအပ်ပါတယ်။

​နောက်ဆုံးမှာတော့ ဖန့်ချန်ရဲ့ အကြည့်တွေက နောက်ဆုံးအပိုင်းဖြစ်တဲ့ မဟာကောင်းကင်ဘုရင် အပိုင်းဆီ ရောက်သွားတယ်။

​[မြေကမ္ဘာကို ဆေးဖိုလုပ် ဓာတ်ငါးပါးကို မီးလျှံလုပ်ကာ ကောင်းကင်အရှင်ဆေးလုံးကို ဖော်စပ်နိုင်သည်]

​ဒီအပိုင်းမှာ ဆေးနည်း တစ်မျိုးတည်းပဲ ပါပြီး အဲ့ဒီဆေးရဲ့ နာမည်က ကောင်းကင်အရှင်ဆေးလုံး ပါပဲ။

အဲ့ဒီဆေးရဲ့ အဓိက ဆေးဖက်ဝင်ပစ္စည်းကတော့... ကျင့်ကြံသူ ကိုယ်တိုင် ပဲ ဖြစ်ပါတယ်။

​တကယ်လို့ ဒီဆေးကို အောင်မြင်အောင် ဖော်စပ်နိုင်ရင် အဲ့ဒီလူဟာ ကောင်းကင်အရှင် ဖြစ်လာပါလိမ့်မယ်။

​အခန်း ၆၄၈ - ရွှေအမြုတေ အလယ်အဆင့်

​"မိမိကိုယ်ကိုယ် ဆေးဖက်ဝင်ပစ္စည်းအဖြစ် သုံးပြီး ကိုယ့်ကိုယ်ကိုယ် ဆေးလုံးအဖြစ် ဖော်စပ်ရမယ် ဟုတ်လား"

​ဖန့်ချန်ရဲ့ ရင်ထဲမှာ အတော်လေး တုန်လှုပ်သွားရပါတယ်။

​မဟာကောင်းကင်ဘုရင် အပိုင်းမှာ ဆေးနည်းတစ်မျိုးတည်းနဲ့ ဆေးမီးလျှံထုတ်နည်းတစ်မျိုးတည်းသာ ပါဝင်ပါတယ်။

အဲ့ဒါကတော့ ကောင်းကင်အရှင် နတ်ဘုရားမီးလျှံ ပါပဲ။

ဒီဆေးနည်းအတွက် လိုအပ်တဲ့ ပစ္စည်းတွေကတော့ ထူးခြားတဲ့ ဝိညာဉ်စွမ်းအား ၉၉ မျိုးနဲ့ အဓိက အနှစ်သာရ ပစ္စည်းတစ်ခုပဲ ဖြစ်ပါတယ်။

​ဓာတ်ငါးပါးဖြစ်တဲ့ ရွှေ၊ သစ်၊ ရေ၊ မီး၊ မြေ ဆိုတာက အဲ့ဒီ ၉၉ မျိုးထဲက ငါးမျိုးပဲ ရှိပါသေးတယ်။

ကျန်တဲ့ ဝိညာဉ်စွမ်းအား အတော်များများကိုတော့ ဖန့်ချန်တစ်ယောက် တစ်ခါမှတောင် မကြားဖူးပါဘူး။

​ဒီဆေးမီးလျှံကို ထုတ်ယူတဲ့ နည်းလမ်းက ပိုပြီးတော့တောင် ထူးဆန်းပါသေးတယ်။

သူ့ရဲ့ စိတ်ထဲမှာ တစ်ချက်လောက် ပုံဖော်ကြည့်ရုံနဲ့တင် ရာခိုင်နှုန်း တစ်ရာမှာ တစ်ရာခိုင်နှုန်းတောင် မပြည့်သေးခင်မှာပဲ ဦးနှောက်တစ်ခုလုံး ကွဲမတတ် နာကျင်လာပြီး ဆက်ပြီး ပုံဖော်လို့ မရတော့ပါဘူး။

​"အစ်ကိုကြီး အခုတော့ သိပြီမလား ဘာလို့ မဟာကောင်းကင်ဘုရင်ရဲ့ ဆေးပညာက ဒီလောက် ထူးခြားပြီး ကျန်းမိသားစုရဲ့ နံပါတ်တစ် အမွေအနှစ် ဖြစ်နေရလဲဆိုတာ"

"ကျန်းမိသားစု နိမ့်ပါးသွားတာတောင် ဘာလို့ ကျင့်ကြံသူတွေက ဒါကို တပ်မက်နေကြလဲဆိုတာပေါ့"

​မှန်လေး က ဂုဏ်ယူဝံ့ကြွားစွာနဲ့ ရယ်မောရင်း ပြောပါတယ်။

"နောက်ဆုံး အပိုင်းဖြစ်တဲ့ မဟာကောင်းကင်ဘုရင် အပိုင်းက ဆေးဖော်နည်းဆိုတာ အောက်လောကမှာ မရှိသလောက် ရှားပါးရုံတင်မကဘူး အထက်ဘုံ မှာတောင် ဒီလိုမျိုး ဆေးနည်းက အနည်းငယ်ပဲ ရှိတာ"

" တကယ်လို့သာ အောင်မြင်အောင် ဖော်စပ်နိုင်ရင် ကောင်းကင်အရှင် ဖြစ်လာမယ် ဒီလို ပုဂ္ဂိုလ်မျိုးဆိုတာ အထက်ဘုံလောကမှာတောင် မော်ဖူးလို့ မရနိုင်တဲ့ အထွတ်အထိပ် ပုဂ္ဂိုလ်ကြီးပဲ"

​"အထက်ဘုံလောကမှာတောင် မော်ဖူးလို့ မရတဲ့ အဆင့် ဟုတ်လား ဒါဆို ကျန်းမိသားစုရဲ့ ဘိုးဘေးတွေထဲမှာရော ကိုယ့်ကိုယ်ကိုယ် ကောင်းကင်အရှင်အဖြစ် ဖော်စပ်နိုင်ခဲ့တဲ့သူ ရှိလား"

​ဖန့်ချန် ရင်တထိတ်ထိတ် ဖြစ်သွားပါတယ်။

မှန်လေးရဲ့ ပြောပြချက်အရဆိုရင် ဒီဆေးပညာရဲ့ အဆင့်အတန်းက သူ့ရဲ့ စိတ်ကူးထက်တောင် ကျော်လွန်နေပြီး အထက်ဘုံလောကမှာတောင် ထိပ်တန်းပညာရပ် ဖြစ်နေတာကိုး။

​"ကျန်းမိသားစုလား အစောဆုံးက ကောင်လေးတစ်ယောက်တော့ အနားကို တော်တော်လေး ကပ်သွားခဲ့ဖူးတယ် ကံဆိုးတာက သူက ဝိညာဉ်စွမ်းအား ၄၉ မျိုးပဲ ရှာတွေ့ခဲ့ပြီး ၅၀ လိုနေသေးတာကြောင့် ဆေးလုံးအဖြစ် အစစ်အမှန် မပြောင်းလဲနိုင်ခဲ့ဘူး"

" ဒါပေမဲ့ အဲ့ဒီအချိန်တုန်းက သူ့ရဲ့ စွမ်းပကားက အောက်လောကမှာ ထိပ်တန်းပဲ သူ့ကို ယှဉ်နိုင်တဲ့ ပြိုင်ဘက်ဆိုတာ သုံးယောက်ထက် ပိုမရှိခဲ့ဘူး"

လို့ မှန်လေးက ပြန်ပြောပြပါတယ်။

​"သူတောင် အထက်ဘုံလောကကို မတက်လှမ်းနိုင်ခဲ့ဘူးလား"

ဖန့်ချန်ရဲ့ မျက်နှာက ထူးဆန်းသွားပါတယ်။

​"အဲ့ဒီအချိန်တုန်းက နတ်ဘုရားလမ်းကြောင်း က လုံးဝ ပိတ်နေပြီလေ အထက်ဘုံလောကကို သွားဖို့က မလွယ်ဘူး"

"ဒါပေမဲ့ သူသာ ကိုယ့်ကိုယ်ကိုယ် ကောင်းကင်အရှင်အဖြစ် ဖော်စပ်နိုင်ခဲ့ရင် နတ်ဘုရားတံခါးကို လက်တစ်ဖက်တည်းနဲ့တောင် ရိုက်ချိုးပစ်နိုင်မှာပဲ"

​မှန်လေးက စကားကို ခေတ္တရပ်လိုက်ပြီး

"ဒါပေမဲ့ ဒီပညာမှာ ဘေးထွက်ဆိုးကျိုး တစ်ခုရှိတယ် ကောင်းကင်အရှင် ဖြစ်သွားပြီဆိုတာနဲ့ နတ်ဘုရားလမ်းရဲ့ အဆုံးကို ရောက်သွားပြီမို့ နောက်ထပ် ဘာမှ ထပ်ပြီး တိုးတက်လာမှာ မဟုတ်တော့ဘူး"

"နောက်ပြီး တခြားလူတွေကသာ ဒီအမှန်တရားကို သိသွားရင် မင်းက သူတို့မျက်လုံးထဲမှာ အသက်ရှင်နေတဲ့ နတ်ဘုရားဆေးလုံး ကြီး ဖြစ်နေမှာပဲ အဲ့ဒီအခါ တစ်သက်လုံး အသတ်ခံရမှာကို ပြေးလွှားနေရလိမ့်မယ်"

​ဖန့်ချန် စဉ်းစားနေမိတယ်။

မဟာကောင်းကင်ဘုရင် အပိုင်းက အစွမ်းထက်တာ မှန်ပေမဲ့ ဒီလမ်းကို လျှောက်ဖို့ဆိုတာ တကယ့်ကို ခက်ခဲလွန်းပါတယ်။

ဝိညာဉ်စွမ်းအား ၉၉ မျိုး... ဒီထဲက တချို့က နတ်ဘုရားလောကမှာပဲ ရှိတာ ဖြစ်နိုင်ပြီး နတ်ဘုရားလောကကို မရောက်မချင်း အကုန်စုဖို့ မဖြစ်နိုင်ပါဘူး။

​ဒါ့အပြင် သူ့ရဲ့ လက်ရှိကျင့်စဉ်နဲ့ဆိုရင်

ကောင်းကင်အရှင် နတ်ဘုရားမီးလျှံ ကို ထုတ်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်သေးတာကြောင့် ဒီအပိုင်းက သူ့အတွက် အသုံးမတည့်သေးပါဘူး။

​ဒါပေမဲ့ အခြေခံ အပိုင်းကတော့ သူ့အတွက် အများကြီး အထောက်အကူ ဖြစ်စေပါတယ်။

အဲ့ဒီထဲက ဆေးလုံးအတော်များများက သူ့ရဲ့ လက်ရှိ ကျင့်စဉ်အဆင့်အတွက် ယွီလင်ဆေးလုံးထက်တောင် ပိုပြီး သင့်တော်နေလို့ပါပဲ။

ယွီလင်ဆေးလုံးက အဆင့်မြင့်လွန်းတာကြောင့် သူစားရင် ဆေးစွမ်းအာနိသင်တွေ အများကြီး လေလွင့်ကုန်နိုင်ပါတယ်။

​"အစ်ကိုကြီး ဝိညာဉ်သန္ဓေသား အဆင့်ကို ရောက်ရင်တော့ ကောင်းကင်အရှင် နတ်ဘုရားမီးလျှံကို အနည်းငယ် ထုတ်နိုင်လိမ့်မယ် အစ်ကိုကြီးမှာ ရှေးဦး နတ်ဘုရားမျက်လုံး ရှိနေတာကိုး"

"အဲ့ဒီကျရင် ဝိညာဉ်စွမ်းအား တစ်မျိုးကို အရင်ဆုံး စတင်ပေါင်းစပ်ကြည့်လို့ ရတယ် အစ်ကိုကြီးတို့ တာအိုဂိုဏ်းက အပြာရောင် မိုးကြိုးစွမ်းအား ဆိုရင် အဆင်ပြေတယ် ဒါက ၉၉ မျိုးထဲမှာ ရှားပါးတဲ့ တစ်မျိုးပဲ"

"တကယ်လို့ ဒါကိုသာ လုံးဝ ပေါင်းစပ်နိုင်ရင် ဆေးလုံးအဖြစ် မပြောင်းလဲသေးရင်တောင် အစ်ကိုကြီးရဲ့ ကျင့်စဉ်က တက်လှမ်းခြင်းအဆင့် အထိ ရောက်သွားနိုင်တယ်"

လို့ မှန်လေးက အကြံပေးပါတယ်။

​"ဝိညာဉ်စွမ်းအား တစ်မျိုးတည်းနဲ့တင် တက်လှမ်းခြင်း အဆင့်အထိ ရောက်နိုင်တယ်ဆိုတော့ ဒါကို နည်းလမ်း ၉၉ မျိုးရှိတဲ့ ထိပ်တန်းကျင့်စဉ်လို့ မြင်လို့ရတာပဲ"

"တစ်မျိုးတိုးလေလေ ခွန်အားက ဆတိုးတက်လေလေပေါ့ ၉၉ မျိုးလုံး စုံရင်တော့ နတ်ဘုရားလောကရဲ့ အကြီးအကဲ ဖြစ်ပြီပေါ့"

ဖန့်ချန်က တွေးတောရင်း ခေါင်းညိတ်လိုက်ပါတယ်။

"ဒါကို ငါ့ရဲ့ အရန်ကျင့်စဉ်အနေနဲ့ ထားလိုက်မယ် ကောင်းကင်အရှင် နတ်ဘုရားမီးလျှံကို ထုတ်နိုင်တဲ့အခါကျမှ စမ်းကြည့်တာပေါ့"

​နောက်ထပ် နှစ်အနည်းငယ်အတွင်းမှာတော့ ဖန့်ချန်ဟာ ဆေးမီးလျှံ အမျိုးမျိုး ထုတ်ယူတဲ့ နည်းလမ်းတွေကိုပဲ အာရုံစိုက်ခဲ့ပါတယ်။

အချိန်ရတိုင်း ယွီလင်ဆေးလုံး တစ်လုံးစီ စားလိုက်ပြီး... ဆယ်နှစ် သက်တမ်းပြည့်ဖို့ တစ်နှစ်အလိုမှာတော့ ဖန့်ချန်ဟာ ယွီလင်ဆေးလုံး ၁၂ လုံးလုံး ကုန်သွားပြီး သူ့ရဲ့ အခြေအနေက ရွှေအမြုတေ အစောပိုင်း အဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်ရှိသွားပါတယ်။

​သူ့ရဲ့ ဝိညာဉ်စွမ်းအားတွေဟာ အရင်ကထက် သုံးပုံတစ်ပုံလောက် ပိုပြီး တိုးတက်လာခဲ့ပါပြီ။

​"အပိတ်အဆို့ ကို ရောက်နေပြီထင်တယ်"

​ဖန့်ချန် ခံစားလိုက်ရတယ်။

ဒီရက်ပိုင်းအတွင်းမှာ သူ ဝိညာဉ်စွမ်းအားတွေ သုံးပြီးရင် ပြန်ပြည့်လာတဲ့အခါမှာ ဘာမှ တိုးတက်မလာတော့ပါဘူး။

ဒါဟာ အခြေခံတည်ဆောက်ခြင်း အဆင့်တုန်းက အမြင့်ဆုံးကို ရောက်တုန်းက ခံစားချက်မျိုးပါပဲ။

​သူ ခဏလောက်စဉ်းစားပြီး အလတ်လတ် ဝိညာဉ်ကျောက်တုံး နှစ်တုံးကို ထုတ်လိုက်ကာ ဘယ်ညာ လက်တစ်ဖက်စီမှာ ဆုပ်ကိုင်ပြီး တာအိုသုံးထောင်ကျမ်း ရွှေအမြုတေအပိုင်း ကို စတင် လည်ပတ်လိုက်ပါတယ်။

​အလတ်လတ် ဝိညာဉ်ကျောက်တုံးရဲ့ စွမ်းအားက တကယ့်ကို သန့်စင်ပါတယ်။

အဆင့်နိမ့် ကျောက်တုံးတွေနဲ့ လုံးဝ မယှဉ်နိုင်ပါဘူး။

ဝိညာဉ်စွမ်းအားတွေဟာ ဖန့်ချန်ရဲ့ ခန္ဓာကိုယ်ထဲကို တလိမ့်လိမ့် စီးဝင်သွားပြီး ကျောက်သားလို မာကျောနေတဲ့ အဆင့်ကျော်လွှားမှု အတားအဆီးဟာ စတင်ပြီး လှုပ်ခါလာပါတော့တယ်။

​ခုနစ်ရက် အကြာမှာတော့...

​"အလုပ်ဖြစ်သားပဲ တကယ်တော့ ဝိညာဉ်ကျောက်တုံးရဲ့ တကယ့် အသုံးဝင်ပုံက အဆင့်တက်တဲ့အခါမှာပဲ ရှိတာပဲ ပုံမှန်အချိန်မှာဆိုရင်တော့ ဆေးလုံးတွေက ပိုပြီး တွက်ခြေကိုက်တယ်"

​ဝိညာဉ်ကျောက်တုံး နှစ်တုံးတည်းနဲ့တင် ဖန့်ချန်ဟာ သူ့ရဲ့ ဝိညာဉ်စွမ်းအားတွေ တစ်စတစ်စ တိုးလာတာကို ခံစားရပါတယ်။

ဒီပမာဏက အရင်တုန်းကဆိုရင် အရေးမပါပေမဲ့ အပိတ်အဆို့ကို ရောက်နေတဲ့ အချိန်မှာတော့ အလွန်ကို အဖိုးတန်ပါတယ်။

ဒီလိုနဲ့ တဖြည်းဖြည်း စုဆောင်းလာပြီးတဲ့နောက်မှာတော့...

​တစ်နှစ်ခန့် အကြာမှာ...

​ဖန့်ချန်ရဲ့ ခန္ဓာကိုယ်ထဲက ဝိညာဉ်စွမ်းအားတွေဟာ ဝုန်း ကနဲ မြည်ဟည်းသွားပြီး သွေးကြောတွေထဲမှာ ရူးသွပ်နေတဲ့ ရေလှိုင်းကြီးတွေလို လှုပ်ရှားလာပါတယ်။

ဒီလုပ်ငန်းစဉ်က သုံးရက်သုံးည ကြာမြင့်ခဲ့ပါတယ်။

ဝိညာဉ်စွမ်းအားတွေ ငြိမ်သက်သွားတဲ့အခါမှာတော့ သူ့ရဲ့ စွမ်းအားဟာ အရင်ကထက် သုံးဆလောက် ပိုများလာတာကို တွေ့လိုက်ရတယ်။

​ပမာဏတင် တိုးလာတာ မဟုတ်ဘဲ ပိုပြီးတော့လည်း သန့်စင်သွားသလို၊ သူ့ရဲ့ ဓားအမြုတေ ဟာလည်း တစ်ပတ်လောက် ပိုပြီး ကြီးမားလာပါတယ်။

​"ရွှေအမြုတေ အလယ်အဆင့် ရောက်ပြီ"

​ဖန့်ချန်ရဲ့ မျက်နှာမှာ အပြုံးတစ်ခု ပေါ်လာပါတယ်။

ဒီတစ်ခေါက် အဆင့်တက်ဖို့အတွက် ယွီလင်ဆေးလုံး ၁၂ လုံးနဲ့ အလတ်လတ် ဝိညာဉ်ကျောက်တုံး ၁၀၀ ကုန်သွားခဲ့တာပါ။

တကယ်လို့သာ ဒီဆေးလုံးတွေ မရှိရင် သူ ကျန်တဲ့အချိန်အတွင်းမှာ အဆင့်တက်ဖို့ မဖြစ်နိုင်ပါဘူး။

​သူ မျက်လုံးမှိတ်ပြီး သူ့ရဲ့ ခန္ဓာကိုယ် အပြောင်းအလဲကို ခံစားကြည့်လိုက်တဲ့အခါ သူ့ရဲ့ ဝိညာဉ်အင်အား ဟာလည်း အဆင့်တက်တာနဲ့အတူ တိုးတက်လာတာကို တွေ့လိုက်ရတယ်။

​"ငါ့ရဲ့ ဝိညာဉ်က ငါအဆင့်တက်လေလေ ကြီးထွားလေလေ ဖြစ်မှာပဲ"

ဒါက ဖန့်ချန်အတွက် အလွန်ကောင်းတဲ့ သတင်းပါ။

ဝိညာဉ်အင်အားဟာ ဝိညာဥ်သန္ဓေသား ဝိညာဉ်ခွဲဖြာခြင်း၊ ပေါင်းစပ်ခြင်း စတဲ့ နောက်ပိုင်းအဆင့်တွေမှာ အလွန် အရေးပါလို့ပါပဲ။

​"ဓားကလေး... ဘယ်လိုလဲ၊ အဆင့် ၅ ရောက်ဖို့ ဘယ်လောက် လိုသေးလဲ"

​ဖန့်ချန်က ဝေးကွာတဲ့ တစ်နေရာကို လက်ဝှေ့ယမ်းလိုက်တဲ့အခါ ဓားကလေးဟာ လှပတဲ့ ငါးလေးတစ်ကောင်လို ပျံသန်းလာပြီး ဖန့်ချန်ကို ပတ်ချာလည်ဝိုင်းကာ စိတ်လှုပ်ရှားစွာ ကခုန်နေပါတယ်။

သူ့ရဲ့ အရှိန်က ဘယ်လောက်မြန်လဲဆိုရင် သာမန်လူတွေက အရိပ်ကိုတောင် မြင်ရမှာ မဟုတ်ပါဘူး။

​ဓားကလေး : "ချန်လေး... ငါ အဆင့် ၅ ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ် တကယ်လို့ မြေအဆင့် အလတ်စား လက်နက်တစ်ခု ဒါမှမဟုတ် အနိမ့်စား သုံးခုလောက်သာ ရှိရင် ငါ ချက်ချင်း အဆင့်တက်နိုင်ပြီ"

​"အဆင့်တက် မြန်လွန်းတာလည်း မကောင်းဘူး အစ်ကိုကြီးက အခုမှ ရွှေအမြုတေ အလယ်အဆင့်ပဲ ရှိသေးတာ၊ ဓားသမားအဆင့်နဲ့ဆို အဆင့် ၃ ပဲ ရှိသေးတယ်"

"မင်းကတော့ အဆင့် ၄ ရဲ့ ထိပ်ဆုံးကို ရောက်နေပြီ ဓားသမားတစ်ယောက်ရဲ့ ကျင့်စဉ်နဲ့ ဓားအဆင့်က အရမ်းကွာသွားရင် ဓားကပဲ မင်းကို ပြန်ပြီး လွှမ်းမိုးသွားလိမ့်မယ်"

​မှန်လေးက ရေအေးနဲ့ ပက်သလို သတိပေးလိုက်ပါတယ်။

"မင်းက စိတ်ရင်းကောင်းလို့ အစ်ကိုကြီးကို ဒုက္ခမပေးဘူး ဆိုပေမဲ့ မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ မိစ္ဆာဝိညာဥ် ၉ မျိုး ရှိနေသေးတာကို မမေ့နဲ့ဦး"

All Chapters