← Chapters

အခန်း (၆၅၇-၆၅၈)

Vol. 66 Ch. 657-658

အခန်း (၆၅၇-၆၅၈)

Vol. 66 Ch. 657-658

​​အခန်း ၆၅၇ - ဒူးထောက်ပြီး ဆရာတင်လိုက်စမ်း

​ဟင်လင်းပြင်ထာဝရဓားဂိုဏ်း သည် ကျစ်ဓားဒေသ ၏ ခုနစ်စင်ကြယ်တောင်တန်းပေါ်တွင် တည်ရှိသည်။

ယခု ဖန့်ချန် မြင်တွေ့နေရသည်မှာ ဂိုဏ်း၏ အပြင်စည်း သာ ဖြစ်ပြီး၊ အတွင်းစည်း မှာမူ မဟာချဲ့ထွင်းဂိုဏ်း ကဲ့သို့ပင် သီးခြား ကမ္ဘာငယ်တစ်ခု အလား တည်ရှိနေခြင်း ဖြစ်သည်။

​အပြင်စည်းမျှသာ ဖြစ်သော်လည်း ဟင်လင်းပြင်ဓားဂိုဏ်း၏ ခံ့ညားထည်ဝါမှုကို မြင်တွေ့နိုင်သည်။

ဓားမြှောင်များ စိုက်ထူထားသည့်အလား မတ်စောက်လှသော တောင်တန်း ရာပေါင်းများစွာသည် ဓားဝင်္ကပါတစ်ခုအသွင်ဖြင့် ရှေ့တွင် ဝန်းရံလျက် ရှိသည်။

​ကောင်းကင်ထိမတတ် မြင့်မားလှသော ရှေးဟောင်းသစ်ပင်ကြီးများ၊ ကျဆင်းနေသော ရေတံခွန်များနှင့် မြစ်ချောင်းများမှာ နေရာအနှံ့ ရှိနေပြီး ကြည့်လိုက်သည်နှင့် လောကပြင်ပမှ နိဗ္ဗာန်ဘုံတစ်ခုအလား ထင်မှတ်ရသည်။

​"ဖန့်ညီလေး မင်းက ပထမဆုံးအကြိမ် လာတာဆိုတော့ ငါတို့ဂိုဏ်းရဲ့ အပြင်စည်းအကြောင်းကို ရှင်းပြပေးမယ်"

ချန်ဟော့ဟန်က ပြုံးလျက် ဆိုသည်။

​သူ၏ ရှင်းပြချက်ကြောင့် ဖန့်ချန်သည် နတ်ဘုရားအင်ပါယာ အင်အားစုများနှင့် မဟာချဲ့ထွင်းဂိုဏ်းတို့အကြား ခြားနားချက်ကို သဘောပေါက်သွားသည်။

မဟာချဲ့ထွင်းဂိုဏ်း၏ အပြင်စည်းတွင် အကြီးကဲ ရာဂဏန်းမျှသာ ရှိသော်လည်း၊ ဟင်လင်းပြင်ဓားဂိုဏ်း၏ အပြင်စည်းတွင်မူ သာမန်လူသား သန်းနှင့်ချီ၍ နေထိုင်ကျက်စားလျက် ရှိကြသည်။

​တောင်တန်း တစ်ခုစီတိုင်းမှာ ဓားပညာရပ် တစ်မျိုးစီကို ကိုယ်စားပြုသည်။

ထိုနေရာမှ သာမန်လူသားများသည် မွေးဖွားလာသည်နှင့် ဓားကျင့်စဉ်များကို လေ့ကျင့်ခွင့် ရှိကြသည်။

အကယ်၍ ထိုသူများထဲမှ တစ်စုံတစ်ဦးသည် ဓားပညာတွင် ထူးခြားသော သိမြင်နားလည်မှု ရရှိပါက အတွင်းစည်းသို့ ခေါ်ယူခြင်းခံရပြီး ကျင့်ကြံခြင်းလမ်းစဉ်သို့ စတင် လျှောက်လှမ်းခွင့် ရရှိမည်ဖြစ်သည်။

​ကျင့်ကြံခြင်း ပါရမီ မရှိခဲ့လျှင်ပင် အပြင်စည်းမှ ဓားပညာရပ်များက သူတို့အား သာမန်လူသားလောကတွင် မြင့်မားသော အဆင့်အတန်းတစ်ခု ရရှိစေမည် ဖြစ်သည်။

​"ဒီနေရာက လူသားတွေက ဓားဂိုဏ်း တည်ရှိတာကို သိကြလား"

ဖန့်ချန်က စူးစမ်းစွာ မေးသည်။

​"တချို့က နည်းနည်းပါးပါး သိကြပေမဲ့ အများကြီးတော့ မသိကြဘူး အများကြီး သိတာက သူတို့အတွက် ကောင်းကျိုးမရှိသလို ဓားပညာအပေါ် ထားရှိတဲ့ သူတို့ရဲ့ ဖြူစင်တဲ့ စိတ်ဓာတ်ကိုလည်း ထိခိုက်စေနိုင်တယ်"

​ချန်ဟော့ဟန်က သက်ပြင်းချကာ

"ငါကိုယ်တိုင်တောင် အရင်က နည်းနည်းပဲ ရိပ်မိခဲ့တာ အတွင်းစည်းက လာခေါ်မှပဲ လောကမှာ တကယ်ပဲ ကျင့်ကြံခြင်းလမ်းစဉ် ရှိမှန်း သိခဲ့ရတာ"

​ဖန့်ချန်၏ မျက်နှာတွင် ထူးဆန်းသော အရိပ်အယောင်များ ပေါ်လာသည်။

"စီနီယာအစ်ကိုကြီး ချန် ခင်ဗျားတို့ ချန်မိသားစုမှာ ကျင့်ကြံသူတွေ ဒီလောက်များတာတောင် ခင်ဗျားက အရင်က နည်းနည်းပဲ သိခဲ့တာလား"

​"စီနီယာဖန့် မသိတာ မဟုတ်ဘူး ဒါက ဂိုဏ်းက လူကြီးတွေ ချမှတ်ထားတဲ့ စည်းကမ်းပဲ"

ချန်းချင် က ပြုံးလျက် ဝင်ပြောသည်။

"ငါတို့ကို အတွင်းစည်းက လာမခေါ်မချင်း ငါတို့က ကျင့်ကြံခြင်းလောကနဲ့ တကယ့်ကို ထိတွေ့ခွင့် မရှိဘူး တခါတလေ စိတ်ထဲမှာ ဘာအာရုံမှ မရှိတော့မှ ဓားပညာကို ပိုပြီး နက်နက်ရှိုင်းရှိုင်း နားလည်နိုင်တာကိုး"

​ဖန့်ချန် ခေါင်းညိတ်လိုက်သည်။

ထိုနေရာတွင် နေထိုင်သော လူသားများသည် မိမိကိုယ်ကိုယ် ဟင်လင်းပြင်ထာဝရဓားဂိုဏ်း၏ အပြင်စည်းတပည့်များ ဖြစ်မှန်းပင် သိကြလိမ့်မည် မဟုတ်ပေ။

​ခဏအကြာတွင် ဓားအလင်းတစ်ခု ကောင်းကင်မှ ပျံသန်းရောက်ရှိလာသည်။

ချန်ဟော့ဟန်နှင့် အဖွဲ့သားများမှာ ရောက်လာသူကို မြင်သောအခါ ထိတ်လန့်သွားကြပြီး အမြန်ပင် ဂါရဝပြုလိုက်ကြသည်။

​"ကျွန်တော်တို့ စီနီယာအစ်ကိုကြီး ချင် ကို ဂါရဝပြုပါတယ်"

​ချင်ဟော့ချန် က ပြုံးလျက် ခေါင်းညိတ်ပြသည်။

"ညီလေးတို့၊ ညီမလေးတို့ အားနာနေစရာ မလိုပါဘူး"

​သူက ဖန့်ချန်ကို ကြည့်လိုက်သောအခါ အပြုံးက ပိုမို တောက်ပသွားသည်။

"ဖန့်ညီလေး ငါတို့ ထပ်တွေ့ကြပြန်ပြီနော်"

​"ဖန့်ချန် စီနီယာအစ်ကိုကြီး ချင်ကို ဂါရဝပြုပါတယ်"

ဖန့်ချန်က ပြုံးလျက် လက်အုပ်ချီ နှုတ်ဆက်လိုက်သည်။

နတ်ဘုရားနန်းတော်တွင် သူ ချင်ဟော့ချန်ကို မြင်ဖူးခဲ့သည်။

ထိုစဉ်က ကိုင်ဟုန် တို့ပင်လျှင် ထိုချင်ဟော့ချန်ကို အတော်လေး စိုးရိမ်ထိတ်လန့်ခဲ့ကြသည်။

​"စီနီယာအစ်ကိုကြီး ဘာလို့ စီနီယာကိုယ်တိုင် လာခေါ်ရတာလဲ ဒီလိုကိစ္စမျိုးကို အောက်က လူတွေကို ခိုင်းလိုက်ရင် ရတာပဲကို"

ချန်ဟော့ဟန်က စပ်စုလိုက်သည်။

​"မင်းတို့အတွက်ဆိုရင်တော့ ငါကိုယ်တိုင် လာစရာ မလိုပါဘူး ဒါပေမဲ့ ဖန့်ညီလေး လာတာဆိုတော့ ငါတို့ ပေါ့ပေါ့တန်တန် လုပ်လို့ မရဘူးလေ ဒါ့အပြင် ဂိုဏ်းချုပ်က သူ့ကို တွေ့ချင်နေလို့ ငါက ပင်မတောင်ထွတ် ဆီ ခေါ်သွားရမှာ"

ချင်ဟော့ချန်က ဆိုသည်။

​"ဒါ ဂိုဏ်းချုပ်က ဖန့်ညီလေးကို ပင်မတောင်ထွတ်မှာပဲ ထားလိုက်မှာလား သူက ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ ကျစ်ဓားတောင်ထွတ် က တပည့်ပဲလေ စီနီယာသူတစ်ပါးဘက်ကို ပါမသွားပါနဲ့ဦး"

ချန်ဟော့ဟန်က စိုးရိမ်တကြီး ပြောရှာသည်။

​"အဲ့ဒါကတော့ ဂိုဏ်းချုပ် ဘာပြောမလဲဆိုတာ စောင့်ကြည့်ရမှာပဲ"

ချင်ဟော့ချန်က ရယ်မောလျက် အားလုံးကို အစီရင် တစ်ခုမှတဆင့် ခေါ်ဆောင်သွားသည်။

​ချက်ချင်းဆိုသလို ပတ်ဝန်းကျင် မြင်ကွင်းမှာ ပြောင်းလဲသွားပြီး တောင်တန်း ရာပေါင်းများစွာ ပျောက်ကွယ်သွားကာ အဝေးတစ်နေရာစီတွင် ရှိနေသော တောင်ထွတ် ၉ ခုသာ ကျန်ရှိတော့သည်။

ဤနေရာရှိ ဝိညာဉ်စွမ်းအင်မှာ အပြင်လောကထက် အဆပေါင်းများစွာ သိပ်သည်းလှသဖြင့် သာမန်လူသားတစ်ဦး ထိုနေရာတွင် နေထိုင်ပါက ကျင့်ကြံခြင်း မပြုလျှင်ပင် အသက်တစ်ရာကျော်အထိ အေးဆေး နေနိုင်ပေလိမ့်မည်။

​ချန်ဟော့ဟန်နှင့် အဖွဲ့သားများ ကျစ်ဓားတောင်ထွတ်သို့ အရင် ပြန်သွားကြပြီး၊ ဖန့်ချန်မှာမူ ချင်ဟော့ချန်၏ ခေါ်ဆောင်မှုဖြင့် ပင်မတောင်ထွတ်ရှိ ဂိုဏ်းချုပ်နန်းဆောင်သို့ ရောက်ရှိသွားသည်။

​ထိုနေရာတွင် လူရိပ်တစ်ခုက သူတို့ကို ကျောခိုင်းလျက် စောင့်ဆိုင်းနေသည်။

​"ဂိုဏ်းချုပ် ဖန့်ညီလေးကို ခေါ်လာပါပြီ"

ချင်ဟော့ချန်က ဂါရဝပြုလိုက်သည်။

​"အင်း မင်း တံခါးအပြင်မှာ စောင့်နေလိုက်"

ထိုလူရိပ်က အေးစက်တည်ငြိမ်စွာ ဆိုသည်။

ချင်ဟော့ချန်က ဖန့်ချန်ကို တစ်ချက် ပြုံးပြပြီးနောက် နန်းဆောင်ထဲမှ ထွက်ခွာသွားသည်။

​"အရင်တုန်းက ပုဒု မသေမျိုး ဟင်လင်းပြင်ထာဝရဓားဂိုဏ်းကနေ ခိုးယူသွားခဲ့တဲ့ ဓားသန္ဓေသား က မင်းလက်ထဲ ရောက်နေတာ မဟုတ်လား"

ထိုလူရိပ်က တည်ငြိမ်စွာ မေးလိုက်သည်။

​"မှန်ပါတယ်"

ဖန့်ချန်က ခေါင်းညိတ်ပြသည်။

​"အဲ့ဒါက ငါတို့ ဟင်လင်းပြင်ဓားဂိုဏ်းရဲ့ ဓားသန္ဓေသားပဲ မင်းလက်ထဲ ရောက်နေမှတော့ မင်းကလည်း ငါတို့ဂိုဏ်းရဲ့ တပည့်ပဲပေါ့ ဒီအပေါ်မှာ မင်း ဘာကန့်ကွက်စရာ ရှိသေးလဲ"

​ဖန့်ချန်က ခေါင်းခါပြလိုက်သည်။

"ဘာမှ ကန့်ကွက်စရာ မရှိပါဘူး"

​"ဒါဆိုရင် ကောင်းပြီ ဒူးထောက်ပြီး ဆရာတင်လိုက်စမ်း"

​ထိုလူရိပ်သည် ဖန့်ချန်ကို စကားပြောနေသော်လည်း တစ်ချက်ကလေးမျှ လှည့်မကြည့်ဘဲ ကျောခိုင်းထားမြဲ ဖြစ်သည်။

​ဆရာတင်ရမည် ဟုတ်လား

​ဖန့်ချန် စဉ်းစားနေစဉ်မှာပင် တံခါးအပြင်ဘက်မှ လူတစ်စု ဝုန်းခနဲ ဝင်လာကြသည်။

​"ဂိုဏ်းချုပ် ခင်ဗျားက ဘာလို့ ဘာမှမပြောဘဲ ဖန့်ချန်ကို တပည့်အဖြစ် လက်ခံဖို့ ကြံနေတာလဲ ငါတို့ကိုတော့ အသိပေးသင့်တာပေါ့"

​"ဟုတ်တယ် သူက တပည့်ခံမယ်ဆိုရင် ငါတို့ဆီမှာလည်း ဆရာတင်လို့ ရတာပဲကို ဘာလို့ ခင်ဗျားဆီမှာပဲ တင်ရမှာလဲ"

​ထိုလူစုမှာ ဒေါသတကြီး အော်ဟစ်နေကြပြီး သူတို့ထဲမှ အချို့မှာ တာအိုပေါင်းစပ်ခြင်း အဆင့်နှင့် အချို့မှာ ပေါင်းစပ်ခြင်း အဆင့်များ ဖြစ်ကြသည်။

အေးဆေးငြိမ်သက်နေသော နန်းဆောင်ကြီးမှာ ဈေးဗန်းတစ်ခုအလား ဆူညံသွားပြီး အားလုံးက သူတို့၏ မကျေနပ်ချက်များကို အပြိုင်အဆိုင် အော်ဟစ်နေကြတော့သည်။

​"ကျိုးကြောင်းဆင်ခြင်ကြည့်ရင် သူက ငါ့ရဲ့ ကျစ်ဓားတောင်ထွတ်က တပည့်ပဲ ငါ့ဆီမှာပဲ ဆရာတင်ရမှာ စီနီယာအစ်ကိုကြီး စည်းကမ်းအတိုင်းပဲ လုပ်ရအောင်"

အသက်အရွယ် ခန့်မှန်းရခက်သော်လည်း တည်ငြိမ်ခံ့ညားသော အမျိုးသမီး ကျင့်ကြံသူတစ်ဦးက ဖန့်ချန်ကို အကဲခတ်ရင်း ပြောလိုက်သည်။

​ကျစ်ဓားတောင်ထွတ်ရဲ့ တောင်ထွတ်သခင် လား ဖန့်ချန် တွေးတောနေမိသည်။

​"ပေါက်ကရတွေ"

​ထိုလူရိပ်က ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ရုတ်တရက် အော်ဟစ်လိုက်သည်။

"ငါက ဂိုဏ်းချုပ်လား မင်းတို့က ဂိုဏ်းချုပ်လား ငါ တပည့်လက်ခံတာ မင်းတို့ကို မေးနေရဦးမှာလား မင်းတို့က ဘာကောင်တွေမို့လို့လဲ"

​နန်းဆောင်တစ်ခုလုံး ခဏမျှ တိတ်ဆိတ်သွားသည်။

သို့သော် ချက်ချင်းပင် မုတ်ဆိတ်ရှည်နှင့် ဓားကျင့်ကြံသူတစ်ဦးက ထိုလူရိပ်ကို လက်ညှိုးထိုးကာ

​"ခင်ဗျားက ဂိုဏ်းချုပ်ဆိုတော့ ငါတို့က ကြောက်ရမှာလား စည်းကမ်းအတိုင်း မလုပ်ရင် ငါတို့အားလုံး ပေါင်းပြီး ခင်ဗျားကို ဝိုင်းချပစ်မယ်၊ ငါတို့အားလုံးကို ခင်ဗျား ယှဉ်နိုင်မလား ကြည့်ရအောင်"

သူသည်လည်း တာအိုပေါင်းစပ်ခြင်းအဆင့် ဖြစ်သဖြင့် အသံက အတော်လေး ဟိန်းထွက်နေသည်။

​"ဝမ် ခင်ဗျား လှည့်ပြီး စကားပြောစမ်းပါ တနေကုန် ခေါင်းနောက်စိနဲ့ စကားပြောနေရတာ ပျော်နေတာလား ခင်ဗျား ခေါင်းနောက်စိမှာ မျက်စိတွေပါးစပ်တွေ ပါနေလို့လား"

အခြား တာအိုပေါင်းစပ်ခြင်းအဆင့် တစ်ဦးက လှောင်ပြုံးဖြင့် ဆိုသည်။

​"ငါတို့သာ အချိန်မီ ရောက်မလာရင် ဒီကောင်လေးကို ခင်ဗျား တိတ်တဆိတ် သိမ်းပစ်တော့မှာ ခင်ဗျားကတော့ တကယ့်ကို အရှက်မရှိဘူးပဲ စီနီယာအဆင့်အတန်းကို သုံးပြီး ငါတို့ကို အထင်သေးနေတာလား"

​"ဒီနေ့သာ သေချာ ရှင်းရှင်းလင်းလင်း မပြောရင် ဘယ်သူမှ တပည့်လက်မခံရဘူး"

​တံခါးအပြင်ဘက်တွင် ချင်ဟော့ချန်သည် တံခါးကို မှီကာ ထိုမြင်ကွင်းကို စိတ်ဝင်တစား ကြည့်နေသည်။

တပည့်များစွာသည်လည်း တံခါးဝသို့ စုရုံးလာကြပြီး ချင်ဟော့ချန်ကို တိုးတိုးလေး မေးကြသည်။

​"စီနီယာအစ်ကိုကြီး ချင် ဘာတွေ ဖြစ်နေတာလဲ ဘာလို့ ဂိုဏ်းချုပ်နဲ့ တောင်ထွတ်သခင်တွေ ရန်ဖြစ်နေကြတာလဲ"

​"ဘာမှမဟုတ်ပါဘူး သူတို့ တပည့်လုနေကြတာ"

ချင်ဟော့ချန်က ပြုံးလျက် ဆိုသည်။

​"တပည့်လုတယ် ဟုတ်လား"

ဆံပင်ဖြူနှင့် လူငယ်ဓားသမားတစ်ဦးက အံ့သြသွားသည်။

"ဘယ်သူက ဒီလောက်တောင် စွမ်းလို့ ဂိုဏ်းချုပ်တွေပါ လုနေကြတာလဲ အပြင်စည်းက ပါရမီရှင်တစ်ယောက် ထပ်ထွက်လာတာလား"

​"ဘယ်သူရှိဦးမှာလဲ ငါတို့ ကျစ်ဓားတောင်ထွတ်က ဖန့်ညီလေးပေါ့"

​"ဖန့်ညီလေး"

အားလုံးက ဇဝေဇဝါ ဖြစ်သွားကြပြီးနောက် တစ်စုံတစ်ဦးက ရုတ်တရက် သတိရသွားကာ အော်ဟစ်လိုက်သည်။

​"ဖန့်ချန် သူလား သူ ဘယ်တုန်းက ရောက်လာတာလဲ"

​အခန်း ၆၅၈ - တပည့်ဖန့်ချန်၊ ဆရာ့အား ဂါရဝပြုပါတယ်

​ဖန့်ချန်မှာ အတော်လေး စိတ်ပျက်လက်ပျက် ဖြစ်နေရသည်။

နှစ်ဖက်အငြင်းပွားမှုက မရပ်တန့်သွားသည့်အပြင် ပို၍ပင် ပြင်းထန်လာသည်။

​အချို့ဆိုလျှင် လက်မောင်းအင်္ကျီကို လိပ်တင်လိုက်ကြပြီး ဂိုဏ်းချုပ်နန်းဆောင်အတွင်း၌ပင် မိမိတို့ ဂိုဏ်းချုပ်ကို ဝိုင်းချတော့မည့် ပုံစံမျိုး ဖြစ်နေသည်။

​ထိုဂိုဏ်းချုပ်ကလည်း အလျှော့မပေးဘဲ တစ်ဖက်လူ၏ အားနည်းချက်ကို ထိုးနှက်သည့် စကားမျိုးဖြင့် ပြန်လည် စောင်းမြောင်းနေသဖြင့် အားလုံးက ဒေါသတကြီး ဖြစ်နေကြသည်။

​နောက်ဆုံးတွင် ဂိုဏ်းချုပ်က ဖြည်းညှင်းစွာ လှည့်လာသည်။

သူ၏ လှပသော ဘေးတိုက်ပုံစံ လေးကို ပြလိုက်ချိန်တွင် နန်းဆောင်အတွင်းရှိ ဆူညံသံများ ငြိမ်ကျသွားသည်။

​ဖန့်ချန်က တစ်ကိုယ်လုံး လှည့်လာမည်ဟု ထင်ထားသော်လည်း တစ်ဝက်လောက် ရောက်ချိန်တွင် ရပ်တန့်သွားသည်။

​"မင်းတို့က ပုန်ကန်ချင်တာလား"

ဂိုဏ်းချုပ်က တည်ငြိမ်စွာ ဆိုသည်။

​"ခင်ဗျားက ဒီနေ့ သေချာ မရှင်းပြဘဲ ဂိုဏ်းချုပ်အာဏာ ပြနေဦးမယ်ဆိုရင် ပုန်ကန်တော့ ဘာဖြစ်လဲ ငါ အပြင်ထွက်ပြီး ဂိုဏ်းအသစ်ထောင်မယ်၊ နာမည်ကို နတ်ဘုရားစစ်စစ်ဓားဂိုဏ်း လို့ ပေးမယ်"

" ပြီးရင် ငါ့တပည့်တွေကို နေ့တိုင်း ခင်ဗျားဆီ ဓားလာစိန်ခေါ်ခိုင်းမယ် ခင်ဗျား ဘယ်လိုလုပ်မလဲ ကြည့်ရအောင်"

​မုတ်ဆိတ်ရှည်နှင့် ဓားကျင့်ကြံသူက ဘာကိုမှ မကြောက်ဘဲ ပြန်အော်သည်။

ထိုစကားက ဖန့်ချန်ကိုပင် ရင်တထိတ်ထိတ် ဖြစ်သွားစေသည်။

သာမန်ဂိုဏ်းတွေမှာဆိုရင် ဒါက သစ္စာဖောက်မှု မြောက်နေပြီ မဟုတ်ပါလား

​"ဟုတ်တယ် ငါတို့ ပုန်ကန်မယ်"

​"ဝေါင် ကောင်းတာတွေကျ ခင်ဗျား အကုန်ယူပြီး မကောင်းတာကျ ငါတို့ကို ပေးတယ် ငါတို့ကို အရူးအောက်မေ့နေလား တစ်ခါနှစ်ခါတော့ သည်းခံပေးပေမဲ့ ခင်ဗျားကို ငါတို့ အထင်ကြီးနေတယ်လို့ မထင်နဲ့"

​"အားလုံးပဲ သူနဲ့ စကားများမနေနဲ့တော့ တိုက်ရိုက်ပဲ ဖမ်းဆီးလိုက်ကြရအောင် သူ ဒီဂိုဏ်းချုပ်နေရာမှာ ထိုင်နေတာ ဒီလောက်ကြာပြီ ဘာတွေများ တိုးတက်လာလဲ ကြည့်ရတာပေါ့"

​လေထုက ပို၍ တင်းမာလာသော်လည်း တံခါးအပြင်ဘက်ရှိ ချင်ဟော့ချန်တို့ကမူ ကျင့်သားရနေသည့်အလား စိတ်လှုပ်ရှားမှု မရှိဘဲ ပွဲကြည့်ကောင်းနေကြဆဲ ဖြစ်သည်။

​"စီနီယာအစ်ကိုကြီး ချင် ဖရဲသီးစေ့ စားမလား"

တပည့်တစ်ဦးက ကမ်းပေးသည်။

​ချင်ဟော့ချန်က တစ်ဆုပ်နှိုက်ပြီး စားနေသည်။

ထိုတပည့်က လက်ကို ပြန်ရုပ်သိမ်းတော့မည့်အချိန်တွင် ပိန်ခြောက်သော လက်တစ်ဖက် ပေါ်လာပြီး သူ၏ လက်ထဲမှ ဖရဲသီးစေ့အားလုံးကို တစ်စေ့မကျန် ယူသွားတော့သည်။

​ထိုတပည့်က ဒေါသတကြီး လှည့်ကြည့်သော်လည်း ရောက်လာသူကို မြင်သောအခါ လန့်ဖြန့်သွားပြီး အမြန် ဂါရဝပြုလိုက်သည်။

"တပည့်က ဝမ်အထက်လူကြီး ကို ဂါရဝပြုပါတယ်"

​ပတ်ဝန်းကျင်ရှိ တပည့်များလည်း အမြန် ဦးညွှတ်ကြသည်။

​ပိန်ခြောက်သော ထိုအဘိုးအိုက တည်ငြိမ်စွာ ခေါင်းညိတ်ပြရင်း ဖရဲသီးစေ့ကို တဖောက်ဖောက် စားကာ နန်းဆောင်ထဲသို့ ဝင်သွားသည်။

​နန်းဆောင်ထဲသို့ ရောက်ချိန်တွင် မုတ်ဆိတ်ရှည် ဓားသမားက ဒေါသတကြီး အော်ဟစ်နေချိန်နှင့် ကွက်တိပင်။

"ခင်ဗျားမှာ မသေမျိုး အဆင့်ရှိတဲ့ အဖေတစ်ယောက် မရှိရင် ဒီဂိုဏ်းချုပ်နေရာမှာ ထိုင်နေရပါ့မလား"

​"ငါ့အဖေက မသေမျိုး အဆင့်ဆိုပေမဲ့ တရားအားထုတ်နေတာ ကြာပြီ၊ အခုဆို သေတောင် သေနေလောက်ပြီ ငါ ဒီနေရာမှာ ထိုင်ရတာနဲ့ သူနဲ့ ဘာဆိုင်လဲ"

ဂိုဏ်းချုပ် ဝေါင် က အေးအေးဆေးဆေး ပြန်ပြောလိုက်သည်။

​တောင်ထွတ်သခင်တွေက အဘိုးအိုကို သတိမထားမိပေမဲ့ ဖန့်ချန်ကတော့ သတိထားမိသည်။

အဘိုးအို၏ မျက်နှာမှာ အတော်လေး ပျက်နေသော်လည်း ဖန့်ချန်က ကြည့်နေသဖြင့် အတင်း ပြုံးပြလိုက်သည်။

​ထို့နောက် အဘိုးအိုသည် အားလုံး၏ ရှေ့သို့ လျှောက်သွားသည်။

အော်ဟစ်နေကြသော တောင်ထွတ်သခင်များမှာ အဘိုးအိုကို မြင်သောအခါ ချက်ချင်းပင် ပါးစပ်ပိတ်သွားကြသည်။

​မုတ်ဆိတ်ရှည် ဓားသမားက တုန်လှုပ်စွာဖြင့်

"ဝမ်အထက်လူကြီး ခုနက ဂိုဏ်းချုပ်က ခင်ဗျား သေနေလောက်ပြီလို့ ပြောနေတာ ခင်ဗျား သားအရင်းဖြစ်ပြီး ဒီလိုပြောတာ တကယ့်ကို သစ္စာမရှိတဲ့သူပဲ"

​ဝမ်အထက်လူကြီး ဖန့်ချန် စဉ်းစားမိသည်။

ထိုအဘိုးအိုသည် ဟင်လင်းပြင်ဓားဂိုဏ်း၏ မသေမျိုး အဆင့်ရှိ ပုဂ္ဂိုလ်ကြီး ဖြစ်ပြီး ဂိုဏ်းချုပ်၏ ဖခင်လည်း ဖြစ်ပေမည်။

​"ရှောင်မင်း မင်းက ငါ့သားကို ငါ့ကြောင့် ဂိုဏ်းချုပ် ဖြစ်နေတာလို့ ပြောနေတာလား မင်း ဒီလိုတွေးနေတာ ကြာပြီပေါ့"

အဘိုးအိုက မုတ်ဆိတ်ရှည် ဓားသမားကို အေးဆေးစွာ မေးသည်။

​"ဒါ... ဒါက ဒေါသဖြစ်လို့ ပြောမိတာပါ ကျွန်တော် အဲ့လို မတွေးပါဘူး"

မုတ်ဆိတ်ရှည်သမားက အမြန် ငြင်းရတော့သည်။

​"ဒေါသဖြစ်လို့လား ကောင်းပြီလေ"

အဘိုးအိုက ခေါင်းညိတ်ရင်း သူစားထားတဲ့ ဖရဲသီးစေ့ခွံကို ထွေးထုတ်လိုက်ရာ တမင်ပဲလား၊ တိုက်ဆိုင်တာလား မသိဘဲ မုတ်ဆိတ်ရှည်သမား၏ မျက်နှာပေါ်သို့ ကျသွားသည်။

ထိုသူမှာ မသိချင်ယောင်ဆောင်ကာ ငြိမ်နေရရှာသည်။

​ထို့နောက် အဘိုးအိုက ဂိုဏ်းချုပ်ရှေ့သို့ လျှောက်သွားသည်။

​"အဖေ..."

ဂိုဏ်းချုပ် ဝေါင် ကတော့ မျက်နှာတစ်ဝက် ပြထားမြဲပင်။

​အဘိုးအိုက ခေါင်းညိတ်လိုက်ပြီးနောက် လျှပ်စီးကဲ့သို့ မြန်သော ခြေထောက်ဖြင့် ဂိုဏ်းချုပ်ကို တစ်ချက် ကန်လိုက်သည်။

ဂိုဏ်းချုပ်မှာ အဝေးသို့ လွင့်စင်သွားသော်လည်း ထူးခြားသည်မှာ သူသည် လူများကို မျက်နှာတစ်ဝက်ပဲ မြင်ရမည့် ပုံစံကို ဆက်ထိန်းထားခြင်းပင်။

​ဖန့်ချန်မှာ အလွန် စပ်စုချင်သော်လည်း ဝိညာဉ်အသွင်ကို မပြောင်းဝံ့ပေ။

ထိုနေရာတွင် မသေမျိုး အဆင့်ရှိသူ ရှိနေသဖြင့် မိမိကို ရိပ်မိသွားနိုင်သည်။

​"ကြည့်ရတာ ငါ့အရိုးတွေက သန်မာနေသေးတယ် သေဖို့ အချိန်မတန်သေးဘူး ထင်တယ်"

အဘိုးအိုက ရေရွတ်လိုက်သည်။

ဂိုဏ်းချုပ်ကတော့ ဘာမှပြန်မပြောဘဲ ငြိမ်နေရသည်။

​"ကောင်လေး မင်းနာမည်က ဖန့်ချန် မဟုတ်လား ဖန့် ဆိုတဲ့ မျိုးရိုးက မျိုးရိုးကောင်း တစ်ခုပဲ"

အဘိုးအိုက ဖန့်ချန်ကို ပြုံးပြရင်း ဖရဲသီးစေ့ ဆက်စားနေသည်။

"မကြောက်ပါနဲ့ ဒီကောင်တွေက အမြဲတမ်း ဒီလိုပါပဲ ငါတို့ လူကြီးတွေ ကောင်းကောင်း မသင်ထားမိလို့ပါ"

​"မင်း ဓားဂိုဏ်းကို ရောက်ခါစဆိုတော့ အများကြီး နားမလည်သေးဘူး အဘိုးကြီးက မင်းရဲ့ အချိန်ကို မဖြုန်းတော့ပါဘူး ဒူးထောက်ပြီး ဆရာတင်လိုက်စမ်း ပြီးရင် မင်း ကျစ်ဓားတောင်ထွတ်ကို ပြန်လို့ရပြီ"

​"အဖေ"

"ဝမ်အထက်လူကြီး"

ဂိုဏ်းချုပ်နှင့် တောင်ထွတ်သခင်များမှာ ထိတ်လန့်တုန်လှုပ်ကုန်ကြသည်။

​"ဝမ်အထက်လူကြီး ခင်ဗျားက ဘေးဒုက္ခ ကျော်လွန်နေတဲ့ မသေမျိုးပဲ တစ်ယောက်ပဲ တပည့်သင်နေမယ့်အစား နတ်ဘုရားအဆင့်ကို ဘယ်လိုတက်ရမလဲဆိုတာပဲ စဉ်းစားပါဦး"

တစ်ယောက်က ဝင်ပြောသည်။

​"အဖေ... အဖေ့ရဲ့ သက်တမ်းက သိပ်မကျန်တော့ဘူး သူ အင်အားမကြီးလာခင် အဖေသာ သေသွားရင် နောက်ဆုံး ငါပဲ သင်ပေးရမှာ မဟုတ်လား အဲ့ဒီတော့ ငါ့ကိုပဲ တပည့်ပေးလိုက်ပါ"

ဂိုဏ်းချုပ်က ပြောလိုက်သည်။

​"ငါ့သက်တမ်းက မကျန်တော့ဘူး ဟုတ်လား မင်းသာ မသေမျိုး အဆင့်ကို မြန်မြန်မတက်ရင် ငါက မင်းရဲ့ အသုဘကို အရင် လိုက်ရလိမ့်မယ်"

အဘိုးအိုက လှောင်ပြုံးဖြင့် ဆိုကာ

"အားလုံး ထွက်သွားကြစမ်း ဒီနေ့ ငါ တပည့်လက်ခံမှာ ဘယ်သူတားတား မရဘူး"

​မုတ်ဆိတ်ရှည်သမားက စကားပြောရန် ပြင်သော်လည်း မမြင်ရသော စွမ်းအားတစ်ခုက သူ့ကို နန်းဆောင်အပြင်ဘက်သို့ လွင့်စင်သွားစေသည်။

အခြားသူများလည်း ကြောက်ကြောက်လန့်လန့်ဖြင့် အမြန် ထွက်သွားကြတော့သည်။

​ဂိုဏ်းချုပ်ကလည်း ခဏမျှ တိတ်ဆိတ်သွားပြီးနောက် နောက်ဖေးခန်းထဲသို့ ဝင်သွားသည်။

​"နောက်ဆုံးတော့ ငြိမ်သွားပြီ"

အဘိုးအိုက ပြုံးလျက် ဖန့်ချန်ကို ကြည့်သည်။

"လာ... ဒူးထောက်ပြီး ဆရာတင်လိုက်စမ်း ငါတို့ ဓားဂိုဏ်းက စည်းကမ်းတွေ သိပ်မများပါဘူး ဦး ၉ ကြိမ် တိုက်လိုက်ရင် မင်းက ငါ ဝမ်ကျိလုံ ရဲ့ တပည့် ဖြစ်ပြီ"

​"စီနီယာ... ဟင်လင်းပြင်ထာဝရဓားဂိုဏ်းမှာ... ဆရာ နှစ်ယောက် ထားလို့ ရလားဗျာ"

ဖန့်ချန်က စဉ်းစားကာ မေးလိုက်သည်။

​"ဘာ မင်းမှာ ဆရာ ရှိပြီးသားလား ဪ မင်းပြောတာ ယွမ်ထျန်းမင်း ကို ပြောတာလား ရပါတယ်.ာ သူက မရေတွက်ပါဘူး"

အဘိုးအိုက ရယ်မောလျက် ဆိုသည်။

​ဖန့်ချန် စိတ်ထဲတွင် အံ့သြသွားသည်။

ဟင်လင်းပြင်ထာဝရဓားဂိုဏ်းက သူ့အကြောင်းကို အကုန် စုံစမ်းပြီးသား ဖြစ်နေသည်။

ယွမ်ဟယ် စီနီယာ က အရင်က လူပုံအလယ်မှာ နှစ်ကြိမ် ပေါ်ထွက်ခဲ့ဖူးသဖြင့် သူတို့ သိနေခြင်းမှာ မဆန်းပေ။

​ဖန့်ချန်သည် ဝမ်ကျိလုံ၏ ရှေ့တွင် ဒူးထောက်လိုက်ပြီး ဦး ၉ ကြိမ် တိုက်လိုက်တော့သည်။

​"တပည့် ဖန့်ချန်... ဆရာ့အား ဂါရဝပြုပါတယ်"

All Chapters