← Chapters

အခန်း (၆၆၅-၆၆၆)

Vol. 67 Ch. 665-666

အခန်း (၆၆၅-၆၆၆)

Vol. 67 Ch. 665-666

​​အခန်း ၆၆၅ - စီနီယာ ယွမ်ဟယ် နှင့် ပြန်လည်ဆုံတွေ့ခြင်း

​"ဟင်... တကယ်ပဲ ဖန့်ချန် ပါလား..."

​"သူလည်း ဒီတစ်ခေါက် ရှေးဟောင်းနတ်ဘုရားလမ်းစဉ်ကို သွားမှာလား၊ တကယ်လို့ဆိုရင် သူ သေချာပေါက် နတ်မျိုးစေ့ ဖြစ်လာနိုင်တယ်"

​"မသေချာသေးပါဘူး၊ နတ်မျိုးစေ့ ဖြစ်ဖို့ဆိုတာ သတ်မှတ်ချက်တွေက အရမ်း တင်းကျပ်တာ တိုက်ခိုက်စွမ်းအား တစ်ခုတည်းနဲ့ ဆုံးဖြတ်ကြေးဆိုရင် ငါတို့ ဟင်လင်းပြင်ထာဝရဓားဂိုဏ်းမှာ နတ်မျိုးစေ့တွေ နေရာအနှံ့ ရှိနေမှာပေါ့"

​လူတိုင်းသည် အချင်းချင်း ကြည့်လိုက်ကြပြီး စိတ်ချင်းဆက်သွယ်ကာ တိုးတိုးလေး ပြောဆိုနေကြသည်။

​ချန်ယွီဟန်နှင့် ဝမ်ဟူတို့ ဖန့်ချန်ကို မြင်လိုက်ချိန်မှာပင် ဖန့်ချန်ကလည်း သူတို့နှစ်ဦးကို မြင်လိုက်သဖြင့် စိတ်ထဲတွင် အနည်းငယ် အံ့သြသွားမိသည်။

​ချန်ယွီဟန်က ပြုံးလျက် ဖန့်ချန်ကို ဘေးပတ်ဝန်းကျင်ရှိ အတွင်းစည်းတပည့်များနှင့် မိတ်ဆက်ပေးလိုက်ရာ နှစ်ဖက်စလုံးက အပြန်အလှန် ဂါရဝပြုပြီး အမည်များ ပြောကြားလိုက်ကြသည်။

​ဖန့်ချန် သတိထားမိသည်မှာ ချန်ယွီဟန်နှင့် ဝမ်ဟူမှလွဲ၍ ကျန်ရှိသောသူများမှာ ရွှေအမြုတေ အထွတ်ထိပ်အဆင့်များ ဖြစ်ကြသည်။

​၎င်းတို့အထဲတွင် ဝိညာဉ်စွမ်းအား အခြေခံ အတောင့်တင်းဆုံးသူမှာ အဓိကတောင်ထွတ် မှ ဖြစ်ပြီး နာမည်မှာ လီချွမ်း ဟု ခေါ်သည်။

​"ဖန့်ဂျူနီယာ၊ မင်းရဲ့ သတင်းကျော်ဇောမှုကို ကြားနေရတာ ကြာပါပြီ"

လီချွမ်းက ပြုံးလျက် လက်အုပ်ချီ နှုတ်ဆက်သည်။

​"လီစီနီယာကလည်း အားနာစရာကြီးဗျာ"

ဖန့်ချန်ကလည်း ပြန်လည် ဂါရဝပြုလိုက်သည်။

​"တကယ်တော့ ဒီတစ်ခေါက် ရှေးဟောင်းနတ်ဘုရားလမ်းစဉ်ကို သွားတဲ့အခါ တချို့ကောင်တွေရဲ့ ပစ်မှတ်ထားတာ ခံရမလားလို့ စိတ်ပူနေတာ အခု ဖန့်ဂျူနီယာ ငါတို့နဲ့အတူ ပါလာတော့ ငါတို့အတွက် ပြဿနာတွေ အများကြီး လျော့သွားတာပေါ့"

​လီချွမ်းက ပြုံးလျက် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်သည်

"လူစုံပြီထင်တယ် ဒါဆိုရင် ငါတို့..."

​စကားမဆုံးသေးခင်မှာပင် ဓားအလင်းတန်းများစွာမှာ ရုတ်တရက် ကောင်းကင်သို့ ထိုးတက်သွားပြီး နတ်ဘုရားနန်းတော် ဘက်သို့ အရှိန်အဟုန်ဖြင့် ပျံသန်းသွားကြသည်။

​ထိုဓားအလင်းတန်းများ၏ အငွေ့အသက်မှာ အလွန်ပင် ထူးခြားလှသည်။

ဝိညာဉ်သန္ဓေသားအဆင့်များ ပါသလို၊ အလယ်သုံးဆင့် ကျင့်ကြံသူများလည်း ပါဝင်သည်။ အချို့မှာ တောင်ထွတ်သခင်များပင် ဖြစ်ကြသည်။

​"ဟင်... အဲ့ဒါ ငါတို့ တောင်ထွတ်သခင် မဟုတ်လား"

​ချန်ယွီဟန်မှာ ကြောင်အမ်းသွားပြီး လီချွမ်းကို လှည့်ကြည့်ကာ

"မင်း မြင်လိုက်လား ငါ မျက်စိမှားတာ မဟုတ်ဘူးမလား"

​"မြင်လိုက်ပါတယ်"

လီချွမ်းက ခေါင်းညိတ်လိုက်သော်လည်း မျက်နှာမှာ လေးနက်သွားသည်

"ကြည့်ရတာ တစ်ယောက်ယောက်က ငါတို့ကို လာစိန်ခေါ်နေပြန်ပြီ ထင်တယ်"

​"ဘယ်သူကများ အဲ့လောက် ကံဆိုးတာပါလိမ့်"

ချန်ယွီဟန်က တစ်ဖက်လူအတွက် ဝမ်းသာသလိုလို ပြောပြီးနောက် နှမြောတသသော မျက်နှာဖြင့်

"နှမြောစရာပဲ၊ ငါတို့က ရှေးဟောင်းနတ်ဘုရားလမ်းစဉ်ကို သွားရမှာဆိုတော့ ဒီပွဲကို ကြည့်ရတော့မှာ မဟုတ်ဘူး"

​"မသေချာဘူးနော် သူတို့ သွားနေတဲ့ဘက်က နတ်ဘုရားနန်းတော်ဘက်ပဲ"

ကျင့်ကြံသူတစ်ဦးက ဝင်ပြောသည်။

​"အော်... ဟုတ်သားပဲ"

ချန်ယွီဟန် မျက်လုံးများ လင်းသွားသည်။

​ထိုစဉ်မှာပင် အတွင်းစည်းတပည့် နောက်ထပ် ဆယ်ဂဏန်းခန့်မှာ သူတို့ရှိရာသို့ ပျံသန်းလာကြသည်။

​လန်ယာဝင်ချိုး၊ ချန်ချင်း၊ ချန်ရွှမ်းတို့လည်း ပါဝင်သလို တခြားသော သူစိမ်းမျက်နှာများလည်း ပါလာသည်။

သို့သော် ဖန့်ချန်သည် ကျင်ရွှီ ကို မြင်လိုက်ရသည်။

​"ကျင်စီနီယာ"

လီချွမ်းက အံ့သြစွာဖြင့် ဂါရဝပြုလိုက်သည်။

​ကျင်ရွှီသည် ဖန့်ချန်ကို မြင်သောအခါ ပြုံးလိုက်ပြီး လူစုကို ပြောလိုက်သည်

​"မင်းတို့ ခုနက မြင်လိုက်တယ်မလား အကြီးအကဲတွေ အများကြီး ထွက်သွားကြတာ"

​သူ စကားမဆုံးသေးခင်မှာပင် လန်ယာဝင်ချိုးက စိတ်လှုပ်ရှားစွာဖြင့် ဖန့်ချန်အနားသို့ ပြေးလာကာ တိုးတိုးလေး ပြောသည်

​"အခုလေးတင် သတင်းရတယ်။ ရှေးဟောင်းနတ်ဘုရားလမ်းစဉ် အနီးနားမှာ စီနီယာတစ်ယောက် ရုတ်တရက် ပေါ်လာလို့တဲ့ အခု ဂိုဏ်းပေါင်းစုံက ကျွမ်းကျင်သူတွေ အဲ့ဒီဘက်ကို အကုန် ပြေးနေကြပြီ"

​"စီနီယာတစ်ယောက် ပေါ်လာတယ် ဟုတ်လား"

ဖန့်ချန် အနည်းငယ် အံ့သြသွားသည်။

​"ဟုတ်တယ်၊ ရှေးဟောင်း တာအိုဂိုဏ်း က စီနီယာလို့ ကြားတာပဲ နာမည်က ယွမ်... ယွမ်... ဘာလဲ မသိဘူး"

လန်ယာဝင်ချိုးက စိတ်လှုပ်ရှားစွာ ပြောသည်။

​"စီနီယာ ယွမ်ဟယ် လား"

ဖန့်ချန်မှာ ကြောင်အမ်းသွားသည်။

​ခုနက ဟင်လင်းပြင်ထာဝရဓားဂိုဏ်းက ကျွမ်းကျင်သူတွေ အများကြီး ထွက်သွားတာက စီနီယာ ယွမ်ဟယ် ပေါ်လာလို့များလား။

​ကျင်ရွှီ၏ နောက်ဆက်တွဲ စကားများက ဖန့်ချန်၏ ခန့်မှန်းချက်ကို အတည်ပြုပေးလိုက်သည်

​"ရှေးဟောင်းနတ်ဘုရားလမ်းစဉ် အနီးနားမှာ နှစ်ပေါင်းများစွာ အသက်ရှင်နေတဲ့ စီနီယာတစ်ယောက် ပေါ်လာတာ အဲ့ဒီစီနီယာက စိတ်သိပ်မမှန်ဘူးလို့ ကြားတယ် အခု အဖွဲ့အစည်း အသီးသီးက လူတွေက သူ့ဆီကနေ ပျောက်ကွယ်နေတဲ့ ရှေးဟောင်းအတတ်ပညာတွေကို မေးမြန်းဖို့ ကြိုးစားနေကြတာ"

"မင်းတို့လည်း အဲ့ဒီလမ်းကို သွားမှာဆိုတော့ ငါတို့ အတူတူသွားပြီး အခြေအနေကို ကြည့်ကြတာပေါ့ ကံကောင်းရင် စီနီယာက တစ်ယောက်ယောက်ကို သဘောကျပြီး ရှေးဟောင်းအတတ်ပညာတွေ ပေးလိုက်နိုင်တယ်လေ"

​စကားပြောနေစဉ်မှာပင် ဟင်လင်းပြင်ထာဝရဓားဂိုဏ်းအတွင်းမှ ဓားအလင်းတန်း ရာနှင့်ချီ၍ ကောင်းကင်သို့ ထိုးတက်သွားပြီး နတ်ဘုရားနန်းတော်ဘက်သို့ ဦးတည်သွားကြပြန်သည်။

​ဖန့်ချန်၏ မျက်မှောင်များ တွန့်ချိုးသွားသည်။

စီနီယာ ယွမ်ဟယ်သည် ယခုအခါ ဝိညာဉ်အကြွင်းအကျန် တစ်ခုသာ ဖြစ်နိုင်သော်လည်း သူသည် တာအိုသုံးထောင်ဂိုဏ်း ၏ ကောင်းကင်ဘုံတိမ်တိုက် ဧကရာဇ် ဖြစ်သည်မှာ ယနေ့ခေတ် ကျွမ်းကျင်သူများအတွက် လျှို့ဝှက်ချက် မဟုတ်ပေ။

​စီနီယာ ယွမ်ဟယ် ပေါ်လာခြင်းမှာ ဝံပုလွေအုပ်ထဲသို့ အသားတစ်တုံး ပစ်ချလိုက်သကဲ့သို့ပင်။

သူ၏ အတိတ်က ဂုဏ်သိက္ခာ မည်မျှပင် ကြီးမားခဲ့ပါစေ၊ ယနေ့ခေတ် ကျင့်ကြံခြင်းလောကမှ ကျွမ်းကျင်သူများသည် သူ့ကို တကယ်လေးစားကြလိမ့်မည် မဟုတ်ပေ။

​"ဒါဆို ဘာစောင့်နေဦးမှာလဲ မြန်မြန် သွားကြစို့"

​"ငါ့ရဲ့ ပါရမီကလည်း မဆိုးပါဘူး အဲ့ဒီစီနီယာက ငါ့ကို သဘောကျပြီး ရှေးဟောင်းအတတ်ပညာတွေ ပေးရင် ပေးမှာ"

​"ငါတို့အတွက် ရှေးဟောင်းအတတ်ပညာက ဘာအသုံးဝင်မှာလဲ ကိုယ့်လက်ထဲက ဓားလောက် မကောင်းပါဘူး"

​"မင်းကလည်း တုံးလိုက်တာ ကျောက်စိမ်းပြားတွေနဲ့ ပြန်လဲရင် ရတာပဲလေ"

​လူတိုင်းက စိတ်လှုပ်ရှားနေကြသည်။

​ခဏအကြာတွင် ကျင်ရွှီကို ဦးဆောင်စေကာ ဓားကျင့်ကြံသူ အယောက် ၅၀ ကျော်မှာ ဓားအလင်းတန်းများအဖြစ် ပြောင်းလဲ၍ နတ်ဘုရားနန်းတော်ဘက်သို့ ပျံသန်းသွားကြတော့သည်။

​ကျင်ရွှီသည် ဖန့်ချန်ကို လှည့်ကြည့်လိုက်ရာ ဖန့်ချန်၏ မျက်နှာမှာ အနည်းငယ် လေးနက်နေသည်ကို မြင်သဖြင့် ပြုံးလျက် မေးလိုက်သည်

​"ဖန့်ဂျူနီယာ ဘာတွေ စိတ်ပူနေတာလဲ"

​"ဘာမှ မဟုတ်ပါဘူး"

ဖန့်ချန်က ပြုံး၍ ဖြေသည်။

​"ဖန့်ဂျူနီယာရဲ့ ဓားအသွင်ပြောင်းအတတ် က ငါတို့နဲ့ မတူဘူးလို့ ခံစားရတယ် ငါတို့ အမြန်နှုန်း ပြိုင်ကြည့်မလား"

ကျင်ရွှီက မေးလိုက်သည်။

​လူတိုင်း၏ မျက်နှာတွင် ထူးဆန်းသော အမူအရာများ ပေါ်လာကြပြီး သူတို့နှစ်ဦးကို စိတ်ဝင်တစား ကြည့်လိုက်ကြသည်။

​တကယ်လို့ ကျင်ရွှီက လီချွမ်းလို လူမျိုးနဲ့ ပြိုင်မယ်ဆိုရင် သူတို့ စိတ်မဝင်စားကြပေ။

လီချွမ်းက ရှုံးမှာ သေချာသည် မဟုတ်ပါလား။

​သို့သော် ဖန့်ချန်ကတော့ မတူပေ။

ဖန့်ချန်၏ စွမ်းရည်များနှင့် သူ စိတ်လွတ်ကိုယ်လွတ် တိုက်ခိုက်ပုံကို မြင်ဖူးထားသဖြင့် လူတိုင်းသည် ဖန့်ချန်ကို သာမန် ရွှေအမြုတေ ကျင့်ကြံသူတစ်ဦးအဖြစ် မသတ်မှတ်ကြတော့ပေ။

​"ကောင်းပါပြီ"

ဖန့်ချန် ခေါင်းညိတ်လိုက်သည်။

​ကျင်ရွှီသည် ချက်ချင်းပင် အရှိန်မြှင့်လိုက်ရာ မျက်စိတစ်မှိတ်အတွင်းမှာပင် ချန်ယွီဟန်တို့၏ အမြင်အာရုံမှ ပျောက်ကွယ်သွားတော့သည်။

​"ကျင်စီနီယာက အရမ်းမြန်တာပဲ"

လန်ယာဝင်ချိုးက အားကျစွာ ပြောသည်။

​လူတိုင်းက သက်ပြင်းချမိကြသည်။

သူတို့ ဝိညာဉ်သန္ဓေသားအဆင့်သို့ ရောက်လျှင်လည်း ကျင်ရွှီကဲ့သို့ အမြန်နှုန်းမျိုး ရနိုင်ပေလိမ့်မည်။

​"ဖန့်ဂျူနီယာ ဘယ်လိုလဲ မှီနိုင်ပါ့မလား"

ချန်ယွီဟန်က စိတ်ဝင်တစား မေးသည်။

​လီချွမ်းနှင့် အခြားသူများလည်း ဖန့်ချန်ကို ကြည့်လိုက်ကြသည်။

​ဖန့်ချန်က ပြုံးလိုက်ပြီး စိတ်အာရုံကို လှုပ်ရှားလိုက်ရာ ကိုယ်တွင်းရှိ ဝိညာဉ်စွမ်းအားများမှာ ရူးသွပ်စွာ ဆူပွက်လာပြီး နောက်တစ်စက္ကန့်တွင် သူသည်လည်း အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ မိုးကုပ်စက်ဝိုင်းဆီသို့ ခဏချင်း ပျောက်ကွယ်သွားတော့သည်။

​"ဟာ..."

​လူတိုင်း တအံ့တသြ ဖြစ်သွားကြသည်။

ဖန့်ချန် ပြလိုက်သော အမြန်နှုန်းမှာ ခုနက ကျင်ရွှီ၏ အမြန်နှုန်းထက် မနိမ့်ကျပေ။

​"ဖန့်စီနီယာကလည်း အရမ်းမြန်တာပဲ"

လန်ယာဝင်ချိုးက အော်ပြောလိုက်သည်။

​"ငါတို့လည်း သိပ်နောက်ကျမကျန်စေနဲ့၊ လမ်းမှာ ဖန့်ဂျူနီယာက ဒီအမြန်နှုန်းကို ဘယ်လောက်အထိ ထိန်းထားနိုင်မလဲ ကြည့်ကြတာပေါ့"

ချန်ယွီဟန်က ခေါ်လိုက်သည်။

​လူတိုင်း ရယ်မောကာ အရှိန်မြှင့်၍ အစွမ်းကုန် ပျံသန်းကြသဖြင့် အရှိန်မှာ ၃၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ တက်လာခဲ့သည်။

​သို့သော် လန်ယာဝင်ချိုးနှင့် ချန်ချင်းတို့မှာ နစ်နာသွားရသည်။

ခဏအတွင်းမှာပင် လူစုနောက်တွင် ကျန်ရစ်ခဲ့ပြီး လီချွမ်းတို့ကိုပင် မမြင်ရတော့ပေ။

​လီချွမ်းတို့မှာမူ နာရီပေါင်းများစွာကြာအောင် အသည်းအသန် လိုက်သော်လည်း ဖန့်ချန်ကို မမြင်ရသဖြင့် စိတ်ထဲတွင် ပို၍ တုန်လှုပ်သွားကြသည်။

အဘယ်ကြောင့်ဆိုသော် သူတို့၏ ဝိညာဉ်စွမ်းအားမှာ ကုန်ခမ်းလုနီးပါး ဖြစ်နေသဖြင့် အရှိန်လျှော့၍ အနားယူရတော့မည် ဖြစ်သောကြောင့်ပင်။

​"ဖန့်ဂျူနီယာရဲ့ ဝိညာဉ်စွမ်းအားက ဒီလောက်တောင် ထူထပ်တာလား"

ချန်ယွီဟန်က အံ့သြစွာ ပြောသည်

"အဲ့ဒါကြောင့်လည်း အဲ့တုန်းက ကိုင်ဟုန်ကို ကန်ပြီး ဆူမော့ကို ပါးရိုက်နိုင်တာပေါ့"

​

​"အမြန်နှုန်းကလည်း တကယ်မြန်တယ် ဝိညာဉ်စွမ်းအားကလည်း တကယ် ထူထပ်တာပဲ"

​ကျင်ရွှီသည် သူ့ဘေးတွင် ယှဉ်၍ ပျံသန်းနေသော ဖန့်ချန်ကို မကြာခဏ လှည့်ကြည့်နေမိသည်။

နှစ်ဦးစလုံးသည် ဓားအသွင်ပြောင်းအတတ်ကို သုံးနေကြသဖြင့် တောင်တန်းများနှင့် မြစ်ချောင်းများမှာ အရှိန်အဟုန်ဖြင့် နောက်ဘက်သို့ ကျန်ရစ်ခဲ့သည်။

​ဖန့်ချန်၏ ဓားအသွင်ပြောင်းအတတ် အဆင့်အတန်းမှာ သူ့ကို မှီနိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ထို့အပြင်

​ဖန့်ချန်သည် အားစိုက်ထားရသည့်ပုံ မပေါက်ဘဲ အေးအေးဆေးဆေး ရှိနေသလို၊ အစွမ်းကုန် မသုံးသေးသည့်ပုံလည်း ပေါက်နေသည်။

​"ဖန့်ဂျူနီယာ ငါတို့ မပြိုင်တော့ဘူး ခဏနားပြီး သူတို့ကို စောင့်ရအောင်"

ကျင်ရွှီက ခါးသက်စွာ ပြုံးလျက် အရှိန်လျှော့လိုက်သည်။

​ဖန့်ချန်ကလည်း မြင်သည်နှင့် အရှိန်လျှော့လိုက်သည်။

​ဓားအသွင်ပြောင်းအတတ်သည် ကျင့်ကြံမှုအဆင့်ထက် ဓားခန္ဓာကိုယ် အပေါ်တွင် ပို၍ မူတည်သည်။

ယခုအခါ ဖန့်ချန်သည် စတုတ္ထအဆင့် ဓားခန္ဓာကိုယ် ရှိသည့်အပြင် မကုန်ခမ်းနိုင်သော ဝိညာဉ်စွမ်းအားများ ရှိနေသဖြင့် အမြန်နှုန်းပိုင်းတွင် ကျင်ရွှီထက် များစွာ သာလွန်နေခြင်းပင်။

​ကျင်ရွှီသည် ဝိညာဉ်သန္ဓေသားအဆင့် ဖြစ်သော်လည်း အလယ်အလတ်အဆင့်သာ ရှိသေးရာ သူ၏ ဓားခန္ဓာကိုယ်မှာ ဖန့်ချန်၏ လက်ရှိအဆင့်ကို မမီသေးပေ။

ဖန့်ချန်၏ ဓားခန္ဓာကိုယ်မှာ စတုတ္ထအဆင့် အထွတ်အထိပ်သို့ ရောက်လုနီးပါး ဖြစ်နေပြီဖြစ်သောကြောင့် ဖြစ်သည်။

​အခန်း ၆၆၆ - တောင်ကို အံစာတုံးသဖွယ် အသုံးချခြင်း

​ကောင်းကင်လျှိုဝှက်မှန်ချပ် အတွင်း၌ အဘိုးအို နှစ်ဦးသည် ဟာလာဟင်းလင်းပြင်တွင် ထိုင်နေကြသည်။

သူတို့နှစ်ဦးကြားတွင် ပေ ၁၀၀ ခန့် ကွာဝေးပြီး ရှေ့တွင် ဝိညာဉ်စွမ်းအားဖြင့် တည်ဆောက်ထားသော အံစာတုံးခုံ (စစ်တုရင်ခုံ) တစ်ခု ရှိနေသည်။

​သူတို့သည် အံစာတုံးတစ်ခု ချလိုက်တိုင်း လက်ကို ဝေ့ယမ်းလိုက်ရုံဖြင့် အနီးနားရှိ ဧရာမတောင်ကြီးတစ်လုံးမှာ အမြစ်မှ ကျွတ်ထွက်လာပြီး အံစာတုံးအဖြစ် ကျုံ့ဝင်သွားကာ ခုံပေါ်သို့ ကျရောက်သွားတော့သည်။

​"တောင်တွေကို အံစာတုံးလုပ်ပြီး ကစားနေတာလား..."

​ကျင်ရွှီ၏ မျက်သူငယ်အိမ်များ ကျုံ့ဝင်သွားပြီး မျက်ဝန်းထဲတွင် ထိတ်လန့်ရိပ်များ ယှက်သန်းသွားသည်။

​ထိုဧရာမတောင်ကြီးအချို့မှာ ပေတစ်ထောင်မက မြင့်မားလှသည်။

ထိုကဲ့သို့ တောင်တစ်လုံးကို ဖျက်ဆီးပစ်ရန်မှာ မခက်ခဲသော်လည်း၊ မျက်စိတစ်မှိတ်အတွင်းမှာတင် အံစာတုံးတစ်ခုအဖြစ်သို့ ပြောင်းလဲပစ်ရန်မှာမူ အထက်သုံးဆင့် ရှိ နတ်ဘုရား များပင်လျှင် ထိုမျှ အေးဆေးတည်ငြိမ်စွာ လုပ်နိုင်လိမ့်မည် မဟုတ်ပေ။

​ဖန့်ချန်၏ အာရုံမှာမူ စီနီယာယွမ်ဟယ်ပေါ်တွင် ရှိမနေသလို၊ တောင်တွေကို အံစာတုံးလုပ်နေသည့် နည်းလမ်းကြောင့်လည်း တုန်လှုပ်မနေပေ။

​သူ၏ အကြည့်မှာ စီနီယာယွမ်ဟယ်၏ တစ်ဖက်တွင် ထိုင်နေသော အဘိုးအိုအပေါ်သို့သာ စိုက်ကြည့်နေမိသည်။

​ထိုအဘိုးအိုသည် တည်ငြိမ်သော မျက်နှာထားရှိပြီး အံစာတုံးခုံကို ကြည့်နေစဉ်တွင်သာ မျက်မှောင်ကို အနည်းငယ် တွန့်ချိုးလိုက်တတ်သည်။

​သူက အဘိုးနဲ့ တစ်ပုံစံတည်းပဲ... ဒါက တိုက်ဆိုင်မှုလား၊ ဒါမှမဟုတ်...

​ဖန့်ချန်၏ ရင်ခုန်သံများမှာ ထိန်းမနိုင်သိမ်းမရ မြန်ဆန်လာခဲ့သည်။

တိုက်ဆိုင်မှုဟု ဆိုလျှင်ပင် သူ၏ အမူအရာနှင့် ဟန်ပန်များမှာ အဘိုးနှင့် အလွန်တရာ ဆင်တူလွန်းလှသည်။

​သို့သော်... အဘိုးသည် ထိုစဉ်က တောင်ပိုင်းကောင်းကင်ဂိုဏ်း ၏ ခရမ်းရောင်ချီကျင့်စဉ်ကို ကျင့်ကြံပြီးမှ ကျင့်ကြံခြင်းလမ်းပေါ်ကို စတင်လျှောက်လှမ်းခဲ့တာ မဟုတ်ပါလား။

ဆယ်စုနှစ် အနည်းငယ်အတွင်းမှာတင် စီနီယာယွမ်ဟယ်နဲ့ ယှဉ်ပြိုင်ကစားနိုင်တဲ့ ဒီလောက်မြင့်မားတဲ့ အဆင့်ကို ဘယ်လိုလုပ် ရောက်နိုင်မှာလဲ။

​"တကယ့်ကို အစွမ်းထက်တာပဲ နှမြောစရာကောင်းတာက ဒီနေရာနဲ့ အရမ်းဝေးနေလို့ တိုက်ရိုက်မမြင်ရတာပဲ ဒီပွဲက ပြီးသွားပြီလားတောင် မသိဘူး ငါတို့ ခြေလှမ်းမြန်မြန် သွားရင်တော့ ဒီပွဲကို ကိုယ်တိုင်ကိုယ်ကျ မြင်ရဖို့ အခွင့်အရေး ရှိနိုင်တယ်"

​ကျင်ရွှီက သက်ပြင်းချကာ ဆိုသည်။

ဖန့်ချန်၏ ထူးဆန်းနေသော အမူအရာကို မြင်သောအခါ ထိုသူနှစ်ဦး၏ စွမ်းရည်ကြောင့် ထိတ်လန့်နေသည်ဟု ထင်ကာ ပြုံးလျက်

"ဖန့်ဂျူနီယာ ဒါက မသေမျိုးဘုရင် တွေရဲ့ စွမ်းရည်ပဲ"

ဟု ပြောလိုက်သည်။

​"သူတို့က မသေမျိုးဘုရင်တွေလား"

ဖန့်ချန်က လေးပင်စွာ မေးလိုက်သည်။

​"ဖြစ်နိုင်တာပေါ့ ငါလည်း သေချာတော့ မသိဘူး ဒါပေမဲ့ တောင်တွေကို အံစာတုံးလုပ်နိုင်တဲ့ ဒီနည်းလမ်းက မသေမျိုးဘုရင် မဟုတ်ရင်တောင် အဲ့ဒီအဆင့်နဲ့ မလှမ်းမကမ်းမှာ ရှိနေတာပဲ အင်း ဒါနဲ့ ဘယ်သူကများ စီနီယာ ယွမ်ဟယ် ဖြစ်မလဲ"

​ကျင်ရွှီက စဉ်းစားဟန်ဖြင့် ပြောသည်။

သူသည် စီနီယာယွမ်ဟယ်ကို တစ်ခါမှ မမြင်ဖူးသဖြင့် ထိုအဘိုးအို နှစ်ဦးထဲတွင် မည်သူက ရှေးဟောင်းကျွမ်းကျင်သူဖြစ်သည်ကို မခွဲခြားနိုင်ပေ။

​တကယ်လို့... တကယ်လို့ သူသာ အဘိုးဖြစ်နေခဲ့ရင်

​ဖန့်ချန်၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။

အကယ်၍ စီနီယာယွမ်ဟယ်နှင့် ကစားနေသူမှာ ဖန့်ကျန့်ထျန်း သာ မှန်ခဲ့လျှင် ထိုစဉ်က စီနီယာယွမ်ဟယ် မဟာရှနိုင်ငံကို ဖြတ်သွားခဲ့တာကရော တိုက်ဆိုင်မှုလား။

​ထိုကဲ့သို့သော ကိစ္စမျိုးကို သူသည် ရှကျီ ဆီတွင် မြင်ဖူးသည်။

ရှကျီသည်လည်း ဘုန်းကြီးချန်ယွမ်က မဟာရှနိုင်ငံကို မတော်တဆ ဖြတ်သွားသည်ဟု ထင်ခဲ့ဖူးသော်လည်း တကယ်တမ်းတွင် ဘုန်းကြီးချန်ယွမ်သည် ရည်ရွယ်ချက်တစ်ခုဖြင့် ရောက်လာခဲ့ခြင်း ဖြစ်သည်။

​ခဏမျှ စဉ်းစားနေသော်လည်း အတွေးများက ပိုမို ရှုပ်ထွေးလာကာ ဖန့်ချန် အဖြေရှာမရ ဖြစ်နေသည်။

​သူသည် ငယ်စဉ်က အဘိုးဖန့်ကျန့်ထျန်းနှင့်အတူ ဖြတ်သန်းခဲ့ရသည့် အချိန်များ၊ အသေးစိတ် အချက်အလက်များကို ပြန်လည် စဉ်းစားကြည့်သော်လည်း မသင်္ကာစရာ တစ်စုံတစ်ရာ ရှာမတွေ့ခဲ့ပေ။

​ထိုစဉ်မှာပင် မှန်ချပ်အတွင်းရှိ ပုံရိပ်မှာ ရုတ်တရက် ပျောက်ကွယ်သွားပြီးနောက် ဝဝတုတ်တုတ် မျက်နှာတစ်ခု ပေါ်လာသည်။

​တစ်ဖက်လူက စိတ်လှုပ်ရှားစွာ ပြုံးလျက်

"ကျင်ရွှီ ငါ မင်းကို မပြောဘူး မမေ့နဲ့နော် ဒီသတင်းကြားတာနဲ့ အမြန်ဆုံး လာခဲ့တော့ မဟုတ်ရင် ဒီလို ကမ္ဘာကျော်ပွဲကြီးကို လွဲသွားလိမ့်မယ်"

​ပြောပြီးသည်နှင့် ထိုမျက်နှာမှာ မြူခိုးများအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားပြီး မှန်ချပ်မှာ ပြန်လည် တည်ငြိမ်သွားတော့သည်။

​"နှမြောစရာပဲ၊ အဝေးကြီး မဟုတ်ရင် ငါတို့ တိုက်ရိုက် ကြည့်လို့ရမှာ..."

ကျင်ရွှီမှာ စိတ်မရှည် ဖြစ်နေသည်။

​"ကျင်စီနီယာ ကျွန်တော်တို့ သူတို့ကို မစောင့်တော့ဘဲ အစွမ်းကုန် သွားကြရအောင်"

ဖန့်ချန်က ရုတ်တရက် ပြောလိုက်သည်။

​"အော်... အဲ့ဒါလည်း ကောင်းတာပဲ ငါ လီချွမ်းကို အကြောင်းကြားလိုက်မယ်"

​ကျင်ရွှီက ချက်ချင်း ခေါင်းညိတ်ကာ လီချွမ်းကို မှန်ချပ်မှတစ်ဆင့် ဆက်သွယ်ပြီး အမှာစကား ပြောကာ ဖန့်ချန်နှင့်အတူ ဦးတည်ရာသို့ အစွမ်းကုန် ပျံသန်းသွားကြတော့သည်။

​

​"သူတို့နှစ်ယောက်က အရင် သွားနှင့်ပြီ ဟုတ်လား"

လီချွမ်းမှာ ကြောင်အမ်းသွားသည်။

​"ကျင်စီနီယာနဲ့ ဖန့်ဂျူနီယာရဲ့ အမြန်နှုန်းက ငါတို့ကို အပြတ်အသတ် သာတာပဲ အရင်သွားတာ မဆန်းပါဘူး ဟိုရောက်မှ ဆုံကြတာပေါ့"

​ချန်ယွီဟန်ကတော့ သိပ်ဂရုမစိုက်ဘဲ

"ငါတို့ ဒီမှာ ဝင်ချိုးတို့အုပ်စုကို ခဏစောင့်ရအောင်"

​"မဖြစ်နိုင်ဘူး ရှေးဟောင်းနတ်ဘုရားလမ်းစဉ်ဘက်မှာ တစ်ခုခု ပြောင်းလဲမှု ရှိလို့ပဲ ဖြစ်ရမယ် မဟုတ်ရင် ကျင်စီနီယာက ငါတို့ကို ထားခဲ့မှာ မဟုတ်ဘူး"

​လီချွမ်းက ခေါင်းခါရင်း ချန်ယွီဟန်ကို ပြောသည်

"ငါလည်း အရင်သွားနှင့်မယ်၊ ဝင်ချိုးတို့ကို မစောင့်တော့ဘူး"

​ပြောပြီးသည်နှင့် လီချွမ်းမှာ ဓားအလင်းတန်းတစ်ခုအဖြစ် ပျောက်ကွယ်သွားတော့သည်။

​"ငါတို့လည်း သွားစို့"

​ကျန်ရှိသော သူများမှာလည်း အသီးသီး လိုက်သွားကြရာ နောက်ဆုံးတွင် ချန်ယွီဟန်နှင့် ဝမ်ဟူ နှစ်ဦးသာ ကျန်ရစ်ခဲ့သည်။

​"ဒီကောင်တွေကတော့ကွာ တကယ့်ကို မိတ်ဆွေမပီသလိုက်တာ"

ချန်ယွီဟန်မှာ စိတ်ပျက်သွားသည်။

​ဝမ်ဟူက တုံ့ဆိုင်းတုံ့ဆိုင်းဖြင့်

"ချန်စီနီယာ ကျွန်တော်ကတော့ ဒီမှာပဲ သူတို့ကို စောင့်ပေးရမလား စီနီယာကတော့ ရှေ့ကနေ သွားကြည့်လိုက်ဦးလေ"

​"မင်းလည်း အပေါင်းအသင်း မလုပ်ချင်တော့ဘူးလား"

​ချန်ယွီဟန်က မယုံကြည်နိုင်စွာ ကြည့်လိုက်သော်လည်း ဝမ်ဟူမှာ စကားဆုံးသည်နှင့် ဓားအသွင်ပြောင်းအတတ်ကို သုံးကာ ပျောက်ကွယ်သွားပြီ ဖြစ်သည်။

ချန်ယွီဟန်ကတော့ ဆဲဆိုဖို့တောင် အချိန်မရလိုက်ပေ။

​ချန်ယွီဟန်လည်း သူတို့သွားတာကို မြင်တော့ စိတ်ထဲ တငြိမ့်ငြိမ့် ဖြစ်လာပြီး အကျိုးအမြတ်တွေ လွဲသွားမှာ စိုးရိမ်လာသည်။

သို့သော် သူသည် ခဏမျှ စဉ်းစားပြီးနောက် ဆက်စောင့်ရန် ဆုံးဖြတ်လိုက်သည်။

​"ဟူး... ငါက စီနီယာ ဖြစ်နေလို့ပဲ"

ချန်ယွီဟန်က သက်ပြင်းချလိုက်သည်။

​တစ်နာရီခန့် အကြာတွင်မှ လန်ယာဝင်ချိုးတို့အုပ်စုမှာ ရောက်လာကြသည်။

သူတို့သည် ချန်ယွီဟန် တစ်ဦးတည်းကိုသာ တွေ့သဖြင့် ကြောင်သွားကြသည်။

​"ဖန့်စီနီယာ ဘယ်မှာလဲ"

လန်ယာဝင်ချိုးက ဘေးပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ မေးသည်။

​"ဖန့်ဂျူနီယာတင် မကဘူး၊ လီချွမ်းတို့တောင် အရင် သွားနှင့်ကြပြီ ရှေးဟောင်းနတ်ဘုရားလမ်းစဉ်ဘက်မှာ တစ်ခုခု ထူးခြားနေပုံရတယ်"

​ချန်ယွီဟန်က မိန်းကလေး သုံးဦးလုံးကို မြင်သောအခါ

"တခြားသူတွေကို မစောင့်တော့ဘူး၊ ငါတို့လည်း သွားကြစို့"

​.

​နတ်ဘုရားနန်းတော်၏ တောင်ဘက်သို့ လမ်းဆုံးအထိ သွားလျှင် ခြောက်သွေ့သော နယ်မြေတစ်ခုကို တွေ့ရလိမ့်မည်။

ထိုနေရာကို ကျင့်ကြံသူများက ရှေးဟောင်းမိစ္ဆာသုသာန် ဟု ခေါ်ကြသည်။

​ထိုနေရာသည် များသောအားဖြင့် ကျင့်ကြံသူများ သွားလာလေ့မရှိဘဲ အလွန် ကျယ်ပြောလှသည်။

​ပုံမှန်အားဖြင့် အလယ်သုံးဆင့် ကျင့်ကြံသူများပင် ထိုနေရာကို အလွယ်တကူ မဖြတ်ရဲကြဘဲ ပတ်သွားလေ့ ရှိကြသည်။

​၎င်းမှာ ရှေးဟောင်းခေတ်မှ ကျန်ရစ်သော အန္တရာယ်ရှိသည့် စက်ကွင်းများကြောင့်သာမက ထိုနေရာတွင် ခိုအောင်းနေသော မိစ္ဆာကျင့်ကြံသူများနှင့် မိစ္ဆာသတ္တဝါများကြောင့်လည်း ဖြစ်သည်။

​ရှေးဟောင်းနတ်ဘုရားလမ်းစဉ်မှာ ထို ရှေးဟောင်းမိစ္ဆာသုသာန် အတွင်း၌ ရှိပြီး ယခုအခါ ရှေးဟောင်းနတ်ဘုရားလမ်းစဉ်နှင့် မိုင်တစ်ရာခန့် အကွာတွင် ပုံရိပ်နှစ်ခုမှာ ကောင်းကင်ယံ၌ ထိုင်ကာ အံစာတုံး ကစားနေကြသည်။

​ပတ်ဝန်းကျင်တွင် လူအုပ်ကြီးမှာ ပင်လယ်ကဲ့သို့ များပြားလှသော်လည်း ဆူညံသံ တစ်စုံတစ်ရာ မရှိပေ။

အရပ်ရပ်မှ ရောက်လာသော ကျင့်ကြံသူများမှာ တစ်ဖက်လူတို့ကို အနှောင့်အယှက် မပေးဝံ့သဖြင့် ငြိမ်သက်စွာ ကြည့်နေကြသည်။

အချင်းချင်း စကားပြောလျှင်ပင် စိတ်ချင်းဆက်သွယ်၍သာ ပြောဆိုကြသည်။

​"နောက်ဆုံးတော့ ရောက်လာပြီပဲ ကံကောင်းတာက ပွဲက မပြီးသေးဘူး"

​ကျင်ရွှီသည် ထိုပုံရိပ်နှစ်ခုကို မြင်သောအခါ ဝမ်းသာသွားသည်။

ထို့နောက် သူ၏ ဝဝတုတ်တုတ် သူငယ်ချင်းနှင့် ဆက်သွယ်ကာ ဖန့်ချန်ကို ခေါ်၍ လူစုထဲသို့ ဝင်လိုက်သည်။

​"နာရီဝက်ပဲ ကြာတယ်လား မင်းတို့ တော်တော် မြန်မြန် ရောက်လာတာပဲ"

​ကျင်ရွှီ၏ သူငယ်ချင်းမှာ ဝဝတုတ်တုတ် လူတစ်ဦး ဖြစ်သော်လည်း ထိုအသားများမှာ သာမန်မဟုတ်ဘဲ ကိုယ်တွင်း၌ ထူထပ်သော ဝိညာဉ်စွမ်းအားများ ကိန်းအောင်းနေသည့်ပုံ ပေါက်နေသည်။

​ခန္ဓာကိုယ်ကျင့်ကြံသူ တစ်ယောက် ဖြစ်ရမယ်

​ဖန့်ချန်က ထိုလူဝကြီးကို တစ်ချက်ကြည့်လိုက်ပြီး အဘိုးအို နှစ်ဦးထံသို့ အကြည့်ကို ပြန်ပို့လိုက်သည်။

​ယခုတစ်ခေါက်တွင် အဘိုးဖန့်ကျန့်ထျန်းနှင့် တစ်ပုံစံတည်း တူသော အဘိုးအိုက အံစာတုံးချရမည့် အလှည့်ဖြစ်သည်။

သူသည် သူ၏ ဝတ်ရုံလက်ကို ရုတ်တရက် မြှောက်လိုက်ပြီး လေဟာနယ်ကို အသာအယာ ဖျစ်ညှစ်လိုက်သည်။

​အဝေးရှိ တောင်ကြီးတစ်လုံးမှာ ချက်ချင်းပင် အမြစ်မှ ကျွတ်ထွက်လာပြီး မမြင်ရသော စွမ်းအားဖြင့် အတင်း အဖျစ်ညှစ်ခံရသကဲ့သို့ မျက်စိရှေ့တင် သေးငယ်သွားတော့သည်။

​အံစာတုံးခုံပေါ်သို့ ကျရောက်သွားချိန်တွင် ထိုတောင်ကြီးမှာ အံစာတုံး အရွယ်အစားမျှသာ ရှိတော့သည်။

​အစမှ အဆုံးအထိ ဖန့်ချန် အပါအဝင် မည်သူမျှ ဝိညာဉ်စွမ်းအား လှုပ်ခတ်မှုကို မခံစားလိုက်ရပေ။

​ထိုတောင်ကြီးမှာ သူ့ဘာသာသူ သေးငယ်သွားပြီး ပျံသန်းလာသကဲ့သို့ပင်။

ထိုအဘိုးအိုမှာမူ လက်ကို အသာအယာ မြှောက်လိုက်ရုံမျှသာ

​"ကျင်ရွှီ ဒီတစ်ယောက်က ဘယ်သူလဲ"

​လူဝကြီးက ဖန့်ချန်ကို ခိုးကြည့်ရင်း ကျင်ရွှီကို စိတ်ချင်းဆက်သွယ်ကာ မေးလိုက်သည်။

​ဘာကြောင့်မှန်း မသိသော်လည်း သူသည် ထိုလူကို မြင်ဖူးသလို ခံစားနေရသည်။

သို့သော် သူသည် ဟင်လင်းပြင်ထာဝရဓားဂိုဏ်းမှ ကျင်ရွှီကလွဲ၍ တခြားသူများနှင့် အကျွမ်းတဝင် မရှိသဖြင့် ဤဓားကျင့်ကြံသူကို မြင်ဖူးစရာ အကြောင်း မရှိပေ။

All Chapters