← Chapters

အခန်း (၆၇၃-၆၇၄)

Vol. 68 Ch. 673-674

အခန်း (၆၇၃-၆၇၄)

Vol. 68 Ch. 673-674

​​အခန်း ၆၇၃ - ငါတို့ တာအိုသုံးထောင်မှာ လူမရှိဘူးလို့ မင်းပြောလိုက်တာလား

​တကယ်တော့ ဟုန်ချင်းရဲ့ နောက်ခံကို လူအများစုက သိကြပါတယ်။

သူဟာ တစ်ချိန်က စီနီယာယွမ်ဟယ်ဆီကနေ ပညာအမွေ ရရှိခဲ့ဖူးသူဖြစ်ပြီး၊ အဲ့ဒီသတင်းကို မဟာချဲ့ထွင်းဂိုဏ်းက သိသွားတဲ့အခါ သူ့ကို ဖမ်းဆီးပြီး နှစ်ပေါင်းရာချီ ချုပ်နှောင်ထားခဲ့တာပါ။

​ဒီလိုမျိုး အမွေလုတာတွေက ကျင့်ကြံခြင်းလောကမှာ ခဏခဏ ဖြစ်လေ့ရှိပါတယ်။

မဟာချဲ့ထွင်းဂိုဏ်းတင်မကဘဲ ချန်ရှင်းတာအိုဂိုဏ်းနဲ့ ရှန်းထျန်းတာအိုဂိုဏ်းတွေလည်း ဒီလိုပဲ လုပ်ခဲ့ကြတာပါ။

တခြားဂိုဏ်းကြီးတွေဆိုရင်လည်း စီနီယာယွမ်ဟယ်ဆီက ပညာရတဲ့သူဆိုရင် အတင်းအကျပ် ဖမ်းဆီးတတ်ကြပါတယ်။

အချို့က ရက်ရက်စက်စက် လုပ်ကြသလို၊ အချို့ကတော့ နည်းနည်း ပျော့ပျောင်းကြတာပဲ ကွာပါတယ်။

​လူတိုင်းက ဟုန်ချင်းဟာ နှစ်ပေါင်းရာချီ နှိပ်စက်ခံရလို့ ရူးသွားပြီလို့ ထင်နေကြတာပါ။

ဒါပေမဲ့ အခု သူ့ပုံစံကို ကြည့်မှ သူဟာ အားလုံးကို လှည့်စားပြီး ရူးချင်ယောင်ဆောင်နေခဲ့တာမှန်း သိလိုက်ကြရပါတယ်။

​နှစ်ပေါင်းရာချီ ရူးချင်ယောင်ဆောင်နိုင်ခဲ့တဲ့ စိတ်ဓာတ်... လူတိုင်းက သူ့ကို တိတ်တဆိတ် ချီးကျူးမိကြပါတယ်။

သာမန်ကျင့်ကြံသူဆိုရင် တကယ်ပဲ ရူးသွားလောက်ပြီ မဟုတ်လား။

​"အိုယန်ဟောက်ယွီ တစ်နေ့ကျရင် ဆရာက တကယ် သတိပြန်ရလာလိမ့်မယ် အဲ့ဒီအချိန်ကျရင် မင်းတို့တွေ အားလုံး တစ်ယောက်မကျန် သေရမှာပဲ"

​ဟုန်ချင်းက မဟာချဲ့ထွင်းဂိုဏ်းသားတစ်ဦးကို ကြည့်ကာ ပြောလိုက်သည်။

ထိုသူမှာ ဝိညာဥ်ခွဲဖြာခြင်း အဆင့်ရှိသူဖြစ်ပြီး စောစောက ယွမ်ဟယ်ကို ခြိမ်းခြောက်ခဲ့သူ အိုယန်ဟောက်ယွီ ပင် ဖြစ်သည်။

​"သတိပြန်ရလာမယ် ဟုတ်လား စီနီယာယွမ်ဟယ် တကယ် သတိပြန်ရနိုင်ရင် လောကကြီးမှာ ဒီလောက်နှစ်ပေါင်းများစွာ အရူးတစ်ယောက်လို နေပါ့မလား"

"တစ်လှမ်းချင်း စဉ်းစားကြည့်ရအောင် တကယ်လို့ စီနီယာယွမ်ဟယ်က ဝိညာဉ်အကြွင်းအကျန် မဟုတ်ဘဲ ငါတို့လို သာမန်လူတစ်ယောက်ဆိုရင် သူက ပျံလွန်တော်မူသွားတာ ကြာလှပြီ သူ နိုးလာဖို့ မမျှော်လင့်ပါနဲ့ ဒီလို အရူးလိုနေတာကမှ သူ့ကို ပိုပြီး အသက်ရှည် စေတာ"

​အိုယန်ဟောက်ယွီက လှောင်ပြောင်ကာ

"ငါတို့ကို ခြိမ်းခြောက်ဖို့ မကြိုးစားနဲ့တော့ မင်း မသိသေးဘူးလား၊ လောကမှာ တာအိုသုံးထောင်ဂိုဏ်း ဆိုတာ မရှိတော့ဘူး"

"အဲ့ဒါက မင်းတို့လို ပုရွက်ဆိတ်တွေက သူတို့ကိုယ်သူတို့ မူလလက်ဟောင်းတွေပါလို့ အခြားလူတွေကို လိမ်ညာဖို့ လုပ်ကြံထားတဲ့ ပုံပြင်ပဲ အဲ့ဒီလိုလိမ်ပြီး လောကက တာအိုဂိုဏ်းတွေကို မင်းတို့အောက်မှာ ဒူးထောက်ခိုင်းချင်တာလား ရယ်စရာပဲ"

​သူက စကားရပ်ပြီး ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ကာ

"ကြည့်စမ်း ဒီနေ့ ဒီနေရာမှာ ရပ်နေတဲ့သူတွေထဲမှာ ဘယ်သူကများ ဂုဏ်ဒြပ်မရှိလို့လဲ အဲ့ဒီထဲမှာ မင်းတို့ တာအိုသုံးထောင်ဂိုဏ်းက ကျင့်ကြံသူရော ပါလို့လား"

​လူတိုင်းက ထိုစကားကို သဘောကျသလို ပြုံးစိစိဖြင့် ကြည့်နေကြသည်။

ဒီအိုယန်ဟောက်ယွီဆိုတဲ့သူက မျိုးရိုးနာမည် 'mအိုယန် ဖြစ်နေတာမို့ မသေမျိုးဘုရင် အိုယန်ရွှမ်ကျိနဲ့ ဆွေမျိုးတော်သူ ဖြစ်ရမည်။

ပြီးတော့ သူ့စကားကလည်း မှန်နေသည်။ တာအိုသုံးထောင်ဂိုဏ်းဆိုတာ ရှေးဟောင်းပေလွှာတွေထဲက စာလုံးအနည်းငယ်မှာပဲ ကျန်ပါတော့သည်။

​တကယ်လို့ တာအိုသုံးထောင်ဂိုဏ်းက သတင်းစကားတွေအတိုင်း တကယ် အင်အားကြီးခဲ့ရင်၊ စီနီယာယွမ်ဟယ်က ဘာလို့ ဒီလို ဝိညာဉ်အကြွင်းအကျန်ဘဝနဲ့ သနားစရာကောင်းအောင် ကျန်ခဲ့ရတာလဲ။

​သင်္ဘောပေါ်မှ ဝမ်ကျိလုံ က အိုယန်ရွှမ်ကျိ ကို ကြည့်ကာ

"မင်းတို့ မဟာချဲ့ထွင်းဂိုဏ်းက တကယ့်ကို မာနကြီးတာပဲ စီနီယာယွမ်ဟယ်က နှစ်ပေါင်းများစွာအတွင်းမှာ အစွမ်းထက်တဲ့ တပည့်တွေ မမွေးထုတ်ခဲ့ဘူးလို့ မင်းတို့ တကယ် ထင်နေတာလား"

​အိုယန်ရွှမ်ကျိက တည်ငြိမ်စွာပင်

"သူက ဝိညာဉ်အကြွင်းအကျန် မဟုတ်ရင်တော့ ငါ့မျက်စိကျလောက်တဲ့ တပည့်အချို့ ရှိကောင်းရှိနိုင်မှာပေါ့ ဒါပေမဲ့ ကံဆိုးတာက သူက ဝိညာဉ်အကြွင်းအကျန်သက်သက်ပဲလေ"

"သူပေးတဲ့ အမွေအနှစ်တွေကလည်း ပြောပလောက်တာ မဟုတ်ဘူး၊ အဲ့ဒီကျင့်ကြံသူတွေကော ဘယ်လောက်အထိ ခရီးပေါက်နိုင်မှာလဲ"

​ကောင်းကင်ဘုရင်ကျန့် ကလည်း ဝင်ပြောသည်

"ရွှမ်ကျိ စမ်းသပ်တာ ဒီလောက်ဆို တန်ပါပြီ ယွမ်ဟယ်က နိုးလာမှာ မဟုတ်တော့ဘူး"

​အိုယန်ဟောက်ယွီက ဆက်လက်လှောင်ပြောင်နေရင်းမှ သူ့အထက်လူကြီးဆီက အချက်ပြမှုကို ရရှိလိုက်သဖြင့် ပါးစပ်ပိတ်သွားသည်။

သို့သော် သူက နောက်ထပ်တစ်ဆင့် တက်လှမ်းရန် ဆုံးဖြတ်လိုက်သည်။

ဒီနေ့ အခွင့်အရေးကို သုံးပြီး တာအိုအမွေအနှစ်တွေ ပိုရအောင် လုပ်မည်

​"ဟုန်ချင်း မင်းလိုမျိုး စီနီယာယွမ်ဟယ်ရဲ့ အမွေရတဲ့သူတွေ မနည်းဘူး အဲ့ဒီထဲမှာ ကံမကောင်းလို့ သေကုန်တဲ့သူတွေအပြင်၊ တိတ်တဆိတ် ကျင့်ကြံနေတဲ့သူတွေလည်း ရှိဦးမှာပဲ ဘာလို့ ဒီလောက်ကြာနေတာတောင် သူတို့ ထွက်မလာကြတာလဲ"

​အိုယန်ဟောက်ယွီက လှောင်ပြောင်သောအကြည့်ဖြင့်

"ပြောရရင် သူတို့လည်း စီနီယာယွမ်ဟယ်ရဲ့ တပည့်တွေပဲ မဟုတ်လား ဆရာကတော့ ရူးနေလို့ မင်းတို့ကို မမှတ်မိရင်တောင်၊ မင်းတို့ကတော့ ကိုယ့်ဂိုဏ်းတူညီအစ်ကို ဒုက္ခရောက်နေတာကို အမှောင်ထဲကနေ ကြည့်နေရက်တယ်ပေါ့ ဒီလိုလူမျိုးတွေနဲ့မှ တာအိုသုံးထောင်ဂိုဏ်းအကြောင်း ပြောနေသေးတယ်"

​ထိုစကားကြောင့် စောစောက အမွေရထားသော ရာနှင့်ချီသော ကျင့်ကြံသူများက သူတို့သည် ယွမ်ဟယ်၏ တပည့်မဟုတ်ကြောင်း၊ အမွေကလည်း အညံ့စားများသာဖြစ်ကြောင်း အသည်းအသန် ငြင်းဆိုကြတော့သည်။

​ဟုန်ချင်းက မျက်နှာပျက်သွားကာ အော်ပြောလိုက်သည်

"ဘယ်သူမှ ထွက်မလာနဲ့ ဒါ မဟာချဲ့ထွင်းဂိုဏ်းက ငါးစာချနေတာ"

​"ဟူး အခုခေတ် လူငယ်တွေက တကယ့်ကို ရိုသေမှု မရှိကြတော့ဘူးပဲ လောကကြီး ပြောင်းလဲသွားတာလား၊ ဒါမှမဟုတ် လူတွေရဲ့ စိတ်ဓာတ်တွေပဲ အောက်တန်းကျသွားတာလား"

​သက်ပြင်းချသံရှည်ကြီးတစ်ခု ထွက်ပေါ်လာပြီးနောက်၊ မျက်စိတစ်မှိတ်အတွင်းမှာပင် ဟုန်ချင်း၏ ဘေးတွင် အဘိုးအိုတစ်ဦးနှင့် လူငယ်နှစ်ဦး ပေါ်လာသည်။

​မျက်စိလျင်သူအချို့က ချက်ချင်း မှတ်မိသွားကြသည်။

"သစ်စိမ်းဂိုဏ်းရဲ့ ဘိုးဘေးကြီး မဟုတ်လား"

"သူက မဟာမသေမျိုး တစ်ယောက်ပဲ သူ ပျံလွန်တော်မူသွားပြီလို့ ထင်နေကြတာ"

​ချင်းမုဘိုးဘေးကြီး ဘာလို့ ဒီပွဲကို လာတာလဲဆိုတာ လူတိုင်း ဇဝေဇဝါ ဖြစ်ကုန်ကြသည်။

​"ဟိုမှာ... ဖန့်စီနီယာ မဟုတ်လား"

လူအုပ်ထဲမှ လန်ယာဝင်ချိုး က အံ့သြစွာ အော်လိုက်သည်။

ဖန့်ချန်က ချင်းမုဘိုးဘေးကြီးရဲ့ ဘေးမှာ ရပ်နေတာကို မြင်လိုက်ရသောကြောင့် ဖြစ်သည်။

​ကိုင်ဟုန် ကတော့ သူ့ညီမ မျက်နှာ ပျက်နေတာကို ကြည့်ပြီး သက်ပြင်းချကာ

"မှန်တယ်၊ အဲ့ဒါ ဖန့်ချန်ပဲ ဒါပေမဲ့ ဒီနေ့မှာ သူက အဓိက မဟုတ်ဘူး အမြဲတမ်း လောကီကိစ္စတွေနဲ့ ဝေးဝေးနေတတ်တဲ့ ချင်းမုဘိုးဘေးကြီး ဘာလို့ ပေါ်လာတာလဲဆိုတာ မင်းတို့ မသိချင်ဘူးလား"

​အိုယန်ဟောက်ယွီကလည်း ဇဝေဇဝါဖြင့် မေးလိုက်သည်

"စီနီယာချင်းမု... စီနီယာက ဘာလို့..."

​"ငါတို့ တာအိုသုံးထောင်မှာ လူမရှိဘူးလို့ မင်းပြောလိုက်တာလား အဲ့ဒါကြောင့် ငါ ရောက်လာတာပေါ့"

​ချင်းမုဘိုးဘေးကြီးက ပြုံးကာ ပြောလိုက်သည်။

​ချင်းမုဘိုးဘေးကြီးက... တာအိုသုံးထောင်ဂိုဏ်းရဲ့ အမွေခံတဲ့လား

​ဒီစကားကြောင့် လူတိုင်း တုန်လှုပ်သွားကြသလို၊ စောင့်ရှောက်ရေးဘုရင်တို့အုပ်စုပင် မျက်လုံးများ ပြူးသွားကြသည်။

အိုယန်ဟောက်ယွီကတော့ ကြောင်အမ်းသွားသည်။

ငါးစာချလိုက်တာတော့ ဟုတ်ပါပြီ... ဒါပေမဲ့ မိလာတဲ့ငါးက အရမ်းကြီးနေသလားလို့။

​ဟုန်ချင်းကတော့ ချင်းမုဘိုးဘေးကြီးကို ကြည့်ကာ မျက်နှာတွင် ခါးသက်သက် အပြုံးတစ်ခု ပေါ်လာပါတော့သည်။

​အခန်း ၆၇၄ - မင်းနဲ့ငါ ကြားထဲမှာ တစ်ယောက်ပဲ အသက်ရှင်နိုင်မယ်

​ချင်းမုဘိုးဘေးကြီးသည် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူပေါင်းစုံ၏ အံ့အားသင့်ခြင်း၊ ထိတ်လန့်တုန်လှုပ်ခြင်း၊ ဇဝေဇဝါဖြစ်ခြင်းနှင့် မယုံကြည်နိုင်ခြင်း အစရှိသော အကြည့်ပေါင်းစုံကို လုံးဝဂရုမစိုက်ဘဲ ကျောခိုင်းထားလိုက်သည်။

သူ၏ မျက်နှာထက်တွင် အမြဲရှိနေတတ်သော အေးဆေးတည်ငြိမ်သည့် အမူအရာမှာ ပျောက်ကွယ်သွားပြီး၊ ထိုအစား အလွန်တရာ ရိုသေကိုင်းရှိုင်းမှုများ နေရာယူလာသည်။

သူသည် စီနီယာယွမ်ဟယ်၏ ရှေ့မှောက်သို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားပြီး လက်အုပ်ချီကာ အလေးအနက် ဦးညွှတ်ဂါရဝပြုလိုက်သည်။

​"တပည့် ချင်းမု ဆရာ့ကို ဂါရဝပြုပါတယ်ခင်ဗျာ"

​ယွမ်ဟယ်သည် မျက်မှောင်ကြုတ်ကာ ဇဝေဇဝါ ဖြစ်နေသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။

သူ၏ နှုတ်ခမ်းများ တုန်ယင်လာပြီး ခက်ခဲစွာ မေးခွန်းထုတ်လိုက်သည်

"မင်း... မင်းက ငါ့ကို ဆရာလို့ ခေါ်တာလား ငါ့တပည့်အဖြစ် မင်းကို ဘယ်တုန်းက လက်ခံခဲ့လဲဆိုတာ ငါ လုံးဝ မမှတ်မိတော့ဘူး"

​ယွမ်ဟယ်၏ ထိုစကားသံကြောင့် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအားလုံး ရင်တုန်သွားကြသည်။

ထိုသို့ ဖြစ်ရခြင်းမှာ ယွမ်ဟယ်၏ စကားကြောင့် မဟုတ်ဘဲ၊ ယွမ်ဟယ်သည် ချင်းမု၏ စကားကို တုံ့ပြန် ပြောဆိုလိုက်ခြင်းကြောင့် ဖြစ်သည်။

စောစောက လူအများအပြား ပညာတောင်းတုန်းက ယွမ်ဟယ်သည် ဝတ်ကျေတမ်းကျေ စကားအနည်းငယ်သာ ပြောခဲ့သော်လည်း ယခု ချင်းမုနှင့်ကျမှ တကယ့်လူတစ်ယောက်ကဲ့သို့ တုံ့ပြန်ပြောဆိုလာခြင်း ဖြစ်သည်။

ဒါဟာ စီနီယာယွမ်ဟယ်ရဲ့ ဝိညာဉ်ဟာ တစ်စုံတစ်ရာကို တုံ့ပြန်နေတာပဲ ဖြစ်ရမယ်လို့ လူတိုင်း တွေးမိလိုက်ကြသည်။

​"ဆရာ မမှတ်မိတာက ကိစ္စမရှိပါဘူး တစ်နေ့နေ့မှာ ဆရာ အားလုံးကို ပြန်မှတ်မိလာမှာပါ အခုတော့ ဒီလောကက လူငယ်လေးတွေကတောင် ဆရာ့အပေါ် မရိုမသေ လုပ်လာကြပြီ"

"တပည့်ကိုယ့်ကိုယ်ကိုယ် အပ်နှင်းထားတဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးနေကြပြီ ဒါကြောင့် တပည့် ဒီနေ့ သတ္တိမွေးပြီး သူတို့ကို တစ်ယောက်ချင်းစီ တာအိုစိန်ခေါ်ပွဲ လုပ် ဖို့ ဆုံးဖြတ်ထားတယ် ဆရာ ဘယ်လိုသဘောရလဲ"

​ချင်းမုဘိုးဘေးကြီးက ပြုံးကာ မေးလိုက်သော်လည်း ယွမ်ဟယ်ကတော့ ဘာမှပြန်မပြောတော့ဘဲ တခြားတစ်နေရာကို လှည့်ကြည့်သွားသည်။

သူသည် ချင်းမုကို အရေးမစိုက်တော့ဘဲ ထုံးစံအတိုင်း ဝေဝေဝါဝါ အခြေအနေထဲ ပြန်လည် နစ်မြုပ်သွားပြန်သည်။

​ဖန့်ချန်က ထိုမြင်ကွင်းကို ကြည့်ပြီး စိတ်ထဲမှ သက်ပြင်းချမိသည်။

စီနီယာယွမ်ဟယ်ကတော့ သူ့ကို တကယ်ပဲ မမှတ်မိတော့ပုံရသည်။

သို့သော် သူ၏ စီနီယာအစ်ကိုကြီး ချင်းမုကတော့ ဒေါသတကြီး ဖြစ်နေပြီဆိုတာ သူ သိလိုက်သည်။

​"တာအိုစိန်ခေါ် တယ်ဆိုတာ ဘာလဲ ချင်းမုဘိုးဘေးကြီးက ဘာလုပ်မလို့လဲ"

​လူအုပ်ကြီးက နားမလည်နိုင်ဘဲ တီးတိုးပြောဆိုနေကြသော်လည်း မဟာချဲ့ထွင်းဂိုဏ်း၊ ချန်ရှင်းဂိုဏ်းနှင့် ရှန်းထျန်းဂိုဏ်းတို့မှ ကျင့်ကြံသူများကတော့ ထိုစကားလုံးကို ကြားသည်နှင့် မျက်နှာများ ဖြူလျော်ကုန်ကြသည်။

သူတို့သည် ရှေးဟောင်းမှတ်တမ်းများထဲက အကြောက်စရာအကောင်းဆုံး စကားလုံးတစ်လုံးကို ကြားလိုက်ရသလိုပင်။

​"မင်း တာအိုသုံးထောင်ဂိုဏ်းက ချင်းမုက ဒီနေ့ မင်းကို တာအိုစိန်ခေါ်ပွဲလုပ် မယ် မင်း မရင်ဆိုင်ရဲဘူးဆိုရင် မင်းရဲ့ တာအိုစိတ်ဓာတ် ကို ကိုယ့်ဘာသာ ချိုးဖျက်ပြီး တာအိုဂိုဏ်းကနေ အပြီးအပိုင် ထွက်သွားလိုက်တော့"

​ချင်းမုဘိုးဘေးကြီးက အိုယန်ဟောက်ယွီကို စိုက်ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။

အိုယန်ဟောက်ယွီက ခဏတာ ထိတ်လန့်သွားသော်လည်း ချက်ချင်းပင် အသိပြန်ဝင်လာကာ မာန်တင်းပြီး ပြန်ပြောလိုက်သည်

​"ငါက ဝိညာဉ်ခွဲဖြာခြင်း အဆင့်ပဲ ရှိသေးတာ မင်းရဲ့ ကျင့်ကြံခြင်းက ငါ့ထက် အများကြီး မြင့်လွန်းတယ် တာအိုဂိုဏ်းရဲ့ စည်းမျဉ်းအရ အဆင့်မတူရင် မေးခွန်းထုတ်လို့ မရဘူး"

​"တာအိုဂိုဏ်း စည်းမျဉ်း အခုမှ ကြားဖူးတာပဲ"

ဘေးကလူများက တီးတိုးပြောကြသည်။

​"မင်းတို့ မသိဘူးလား ရှေးဟောင်းတာအိုဂိုဏ်းတွေမှာ အငြင်းပွားမှုကို ဖြေရှင်းတဲ့ အမြင့်ဆုံးနဲ့ အပြတ်သားဆုံးနည်းလမ်းက တာအိုစိန်ခေါ်ခြင်း ပဲ ဒါပေမဲ့ အဲ့ဒါက အသက်နဲ့လဲရတဲ့ စိန်ခေါ်မှုပဲ"

"ရှုံးတဲ့သူက ခန္ဓာကိုယ်ရော ဝိညာဉ်ပါ ပျက်စီးသွားတတ်တယ် ဒါကြောင့် တော်ရုံဆိုရင် ဘယ်သူမှ မလုပ်ကြဘူး လုပ်ပြီဆိုရင်လည်း တစ်ယောက်ယောက် သေမှ ပြီးမယ့်ပွဲပဲ"

​"ဒါဆို ဓားသမားတွေရဲ့ ဓားစိန်ခေါ်ခြင်း လိုမျိုး အသက်နဲ့လဲတိုက်ရတာပေါ့"

​ထိုစဉ်မှာပင် ချန်ရှင်းဂိုဏ်းမှ လုံကျွင်း က ရှေ့သို့ တိုးလာပြီး ဝင်ပြောလိုက်သည်

"ချင်းမု မင်းက ဘယ်တုန်းက တာအိုသုံးထောင်ဂိုဏ်းရဲ့ လူ ဖြစ်သွားတာလဲ"

​"လုံကျွင်း ကျုပ်က အမြဲတမ်း တာအိုသုံးထောင်ဂိုဏ်းရဲ့ လူပါပဲ ခင်ဗျားတို့ မေ့နေကြတာပါ"

ချင်းမုက အေးစက်စက် ပြုံးကာ ပြန်ဖြေသည်။

​"မင်းတို့ သစ်စိမ်းဂိုဏ်းက သစ်ပင်စိုက်တာပဲ ဝါသနာပါတာ မဟုတ်လား အဲ့ဒီအမွေတွေကရော တာအိုသုံးထောင်ဂိုဏ်းကပဲလား"

လုံကျွင်းက ဆက်မေးသည်။

​ချင်းမုက လှောင်ပြောင်လိုက်သည်

"ဒါပေါ့ မဟုတ်ရင် ဘာလို့ ဝိညာဥ်သစ်ပင်တွေက ငါတို့ဆီမှာ ရှင်ပြီး မင်းတို့ဆီမှာ သေကုန်တာလဲ မသိဘူးလား အတုကတော့ အတုပဲ ဝက်နှာခေါင်းထဲ ကြက်သွန်မြိတ် နှစ်ပင်ထိုးပြီး ဆင်ဖြစ်ချင်ယောင်ဆောင်နေပေမဲ့ မင်းတို့က ဝက်တွေပါပဲ"

​လူတိုင်း အသက်ရှူမှားသွားကြသည်။

ချင်းမုက လုံကျွင်းကို ဝက်နှင့် နှိုင်းပြီး လူပုံအလယ်မှာ ဆဲလိုက်ခြင်းပင်။

လုံကျွင်း၏ လည်ပင်းမှ အကြေးခွံများမှာ ဒေါသကြောင့် ထောင်ထလာသော်လည်း ယွမ်ဟယ်ကို တစ်ချက်ကြည့်ကာ ပြန်လည် ထိန်းချုပ်လိုက်ရသည်။

​မဟာချဲ့ထွင်းဂိုဏ်းမှ အိုယန်ရွှမ်ကျိက ဖြည်းညှင်းစွာ ပြောလိုက်သည်

"ချင်းမု မင်းက တကယ်ပဲ ငါတို့ကို တာအိုစိန်ခေါ်ပွဲ လုပ်ချင်တာလား တကယ်လို့ ဒီလမ်းကို စဖောက်လိုက်ရင် မင်းတင်မကဘူး မင်းနောက်က သစ်စိမ်းဂိုဏ်းကိုပါ ငါတို့ မဟာချဲ့ထွင်းဂိုဏ်းက ဖျက်ဆီးပစ်လိမ့်မယ် မင်းရဲ့ ဆုံးဖြတ်ချက်က ဂိုဏ်းတစ်ခုလုံးရဲ့ ကံကြမ္မာပဲ"

​"အိုး... အဲ့ဒါတော့ မလုပ်ပါနဲ့"

ဝမ်ကျိလုံက ဝင်ပြောလိုက်သည်

"ချင်းမုက သူ့ဘာသာ စိန်ခေါ်တာပဲ သစ်စိမ်းဂိုဏ်းနဲ့ ဘာဆိုင်လို့လဲ ငါတို့က အဲ့ဒီဂိုဏ်းက ထွက်တဲ့ သစ်သီးတွေကို စားချင်သေးတာ သစ်စိမ်းဂိုဏ်းကို ဖျက်ဆီးတာက တစ်လောကလုံးရဲ့ အကျိုးစီးပွားကို ဖျက်ဆီးတာပဲ"

​တခြားဂိုဏ်းများကလည်း သစ်စိမ်းဂိုဏ်း ပျက်စီးမှာကို မလိုလားကြသဖြင့် ဝိုင်းပြောကြသည်။

ကောင်းကင်ဘုရင်ကျန့် ကိုယ်တိုင်ကပင်

"သစ်စိမ်းဂိုဏ်းကိုတော့ မထိခိုက်သင့်ဘူး"

ဟု ပြောလိုက်ရာ မဟာချဲ့ထွင်းဂိုဏ်းလည်း ဘာမှ မတတ်နိုင်တော့ပေ။

​ချင်းမုက ရယ်မောကာ

"ကြားတယ်မလား ကျုပ်က ဒီနေ့ သစ်စိမ်းဂိုဏ်းရဲ့ ဘိုးဘေးအနေနဲ့ မဟုတ်ဘဲ တာအိုသုံးထောင်ဂိုဏ်းရဲ့ တပည့်တစ်ယောက်အနေနဲ့ စိန်ခေါ်မှာ အဆင့်ကိစ္စကို ပြောရရင်တော့..."

​သို့သော် ပြဿနာက မဟာချဲ့ထွင်းဂိုဏ်းမှာ လက်ရှိ မဟာမသေမျိုး အဆင့် မရှိခြင်းပင်။

အိုယန်ရွှမ်ကျိက မသေမျိုးဘုရင် ဖြစ်ပြီ ချင်းမုနှင့် အဆင့်မတူသဖြင့် မေးခွန်းထုတ်ရန် မဖြစ်နိုင်ပေ။

​ချင်းမုက ပြုံးကာ

"မင်းတို့ဆီမှာ မရှိရင် ချန်ရှင်းဂိုဏ်းမှာ ရှိမှာပေါ့ ရှန်းထျန်းဂိုဏ်းမှာ ရှိမှာပေါ့ ဒီနေ့ သူငယ်ချင်းဟောင်းတွေ အများကြီး ရောက်နေတာပဲ ဘယ်သူအရင်လာမလဲ"

​ထိုစဉ်မှာပင် ဖန့်ချန်က ရှေ့သို့ လှမ်းထွက်လာပြီး ချင်းမု၏ လက်မောင်းကို အသာအယာ ထိလိုက်သည်။

​"စီနီယာအစ်ကို အဲ့ဒီ မဟာမသေမျိုးတွေကိုတော့ အစ်ကိုပဲ ကိုင်တွယ်လိုက်ပါ ဒီ ဝိညာဉ်ခွဲဖြာခြင်းအဆင့်ရှိတဲ့သူကိုတော့ ကျုပ်ပဲ စိန်ခေါ်လိုက်ပါရစေ"

​လူတိုင်း ကြောင်သွားကြသည်။

ဖန့်ချန်က ချင်းမုကို စီနီယာအစ်ကို ဟု ခေါ်လိုက်ခြင်းပင်။

အိုယန်ဟောက်ယွီက ဖန့်ချန်ကို စိုက်ကြည့်နေစဉ်မှာပင် ဖန့်ချန်က

​"စီနီယာအစ်ကို အစ်ကိုက စိတ်ပူနေတာလား သူက ဝိညာဉ်ခွဲဖြာခြင်း ဆိုပေမဲ့ ကျုပ်ကတော့..."

​ဖန့်ချန်၏ အရှိန်အဝါက ရုတ်တရက် ပြောင်းလဲသွားသည်။

သူသည် အိုယန်ဟောက်ယွီကို တည့်တည့်ကြည့်ကာ အေးစက်စက် ပြောလိုက်သည်

​"တာအိုသုံးထောင်ဂိုဏ်းမှ ဖန့်ချန် မင်းကို စိန်ခေါ်တယ်တယ် မင်းနဲ့ ငါ့ကြားထဲမှာ တစ်ယောက်ပဲ အသက်ရှင်နိုင်မယ်"

All Chapters