← Chapters

အခန်း (၆၇၅-၆၇၆)

Vol. 68 Ch. 675-676

အခန်း (၆၇၅-၆၇၆)

Vol. 68 Ch. 675-676

​အခန်း ၆၇၅ - ဒီနေ့က တာအိုစိန်ခေါ်ပွဲ၊ ဓားစိန်ခေါ်ပွဲ မဟုတ်ဘူး

​ကျိကျန့်တောင်ထိပ်မှ တောင်ထိပ်သခင်နှင့် အခြားသူများသည် ဝမ်ကျိလုံကို မသိမသာ လှမ်းကြည့်လိုက်ကြသည်။

ဝမ်ကျိလုံက ခေါင်းကို အသာအယာ ခါပြလိုက်သည်ကို မြင်သောအခါ သူတို့အားလုံး မျက်နှာပျက်ပျက်ဖြင့် တိတ်ဆိတ်သွားကြပြီး ထိုကိစ္စကို ဝင်ရောက်တားဆီးခြင်း မပြုတော့ပေ။

​ကျင့်ကြံသူတစ်ဦးတွင် ဆရာအများအပြား ရှိနိုင်သည်မှာ မှန်ပါသည်။

အစွမ်းထက်သူကို ဆရာတင်ရသည်မှာ ထုံးစံပင်။

သို့သော် မိသားစုနှင့် ဂိုဏ်းဂဏတို့ ယှဉ်တွဲတည်ရှိနိုင်သည်မှအပ၊ တပည့်တစ်ဦးသည် ဂိုဏ်းနှစ်ဂိုဏ်း၏ အမှတ်အသားကို တစ်ပြိုင်နက်တည်း ကိုင်ဆောင်ခွင့်မရှိခြင်းမှာ ကျင့်ကြံခြင်းလောက၏ တင်းကျပ်သော စည်းမျဉ်းတစ်ခုဖြစ်သည်။

​သို့သော်လည်း... တာအိုသုံးထောင်ဂိုဏ်းမှာ လောကတွင် မရှိတော့သည်မှာ ကြာပြီ၍ ထိုစည်းမျဉ်းမှ ကင်းလွတ်ခွင့်ရှိသည်ဟုလည်း ယူဆနိုင်ပေသည်။

​"သူက အိုယန်ဟောက်ယွီကို တာအိုစိန်ခေါ်ပွဲ လုပ်လိုက်တာလား"

​"ဒီဖန့်ချန်က ပါရမီရှင် အဆင့် မဟုတ်ပေမဲ့၊ အိုယန်ဟောက်ယွီကတော့ အိုယန်မျိုးရိုးဖြစ်ပြီး သူ့သွေးထဲမှာ မသေမျိုးဧကရာဇ် ရဲ့ သွေးပါနေတာ ပြီးတော့ သူက ဝိညာဉ်ခွဲဖြာခြင်း အဆင့်လေ ဖန့်ချန်က ဘာအစွမ်းနဲ့ သူ့ကို စိန်ခေါ်ရတာလဲ"

​"အစတုန်းက နတ်ဘုရားနန်းတော်တိုက်ပွဲမှာ ဖန့်ချန်ရဲ့ ဓားက ဝိညာဉ်သန္ဓေသား အဆင့်ကို ခြိမ်းခြောက်နိုင်ခဲ့တာ မှန်ပါတယ် ဒါပေမဲ့ ဝိညာဉ်ခွဲဖြာခြင်းအဆင့်ဆိုတာက အလှမ်းဝေးလွန်းသေးတယ် သူက အရင်တုန်းကလို အရူးတစ်ယောက်လိုမျိုး အစွမ်းတွေကို ထပ်သုံးဦးမှာလား"

​"နေဦး... သူက စီနီယာယွမ်ဟယ်ရဲ့ တပည့်ဖြစ်နေမှတော့ သူ့ဆီမှာ တာအိုသုံးထောင်ဂိုဏ်းရဲ့ တကယ့်လျှို့ဝှက်အမွေအနှစ်တွေ ရှိနေမှာလား"

​"မဖြစ်နိုင်တာ မင်းသာ နတ်ဘုရားနန်းတော် တိုက်ပွဲကို ကိုယ်တိုင်မြင်ဖူးရင် သိလိမ့်မယ် သူ့ရဲ့ အားအကောင်းဆုံး လက်နက်က ဓားပဲ နောက်တစ်ခုကတော့ အမွှေးတိုင်လမ်းစဉ် နဲ့ ပိုတူတယ်"

​လူအုပ်ကြီးက တီးတိုး ဝေဖန်နေကြစဉ်မှာပင် မဟာချဲ့ထွင်းဂိုဏ်းမှ အိုယန်ရွှမ်ကျိ၏ အကြည့်က ဖန့်ချန်ပေါ်သို့ ကျရောက်သွားသည်။

သူသည် ဖန့်ချန်ကို ခဏမျှ စိုက်ကြည့်နေပြီးနောက် ဝမ်ကျိလုံဘက်သို့ လှည့်ကာ လှောင်ပြောင်သော အသံဖြင့် ပြောလိုက်သည်။

​"ဝမ်ကျိလုံ မင်းကလည်း စီနီယာယွမ်ဟယ်ရဲ့ အမွေရထားတဲ့ တပည့်တစ်ယောက်ကို မင်းဂိုဏ်းထဲ သွင်းထားတာပဲ မင်းလည်း ယွမ်ဟယ်ရဲ့ လျှို့ဝှက်အမွေတွေကို မျက်စိကျနေတာ မဟုတ်လား"

​ဝမ်ကျိလုံက နှာခေါင်းရှုံ့ကာ ပြန်ပြောလိုက်သည်

"ငါက မင်းနဲ့ မတူဘူး ငါက သူ့ရဲ့ ဓားပညာကို သဘောကျလို့ လက်ခံထားတာ ပြီးတော့ ငါက သူ့ကို ဟင်းလင်းပြထာဝရဓားဂိုဏ်းထဲမှာ အကျဉ်းချပြီး အပြင်မထွက်ခိုင်းတာမျိုးလည်း မလုပ်ဘူး"

​"ဒါဆိုရင် ငါ့ဂိုဏ်းက တပည့်က သူ့ကို သတ်လိုက်ရင် အဲ့ဒီအကြွေးကို တာအိုသုံးထောင်ဂိုဏ်း ခေါင်းပေါ် တင်ရမလား၊ ဒါမှမဟုတ် မင်းတို့ ဟင်းလင်းပြင်ထာဝရဓားဂိုဏ်း ခေါင်းပေါ် တင်ရမလား"

အိုယန်ရွှမ်ကျိက အေးစက်စက် မေးလိုက်သည်။

​ထိုစကားသည် လေသံတိုးတိုးမျှသာ ဖြစ်သော်လည်း ရှေးဟောင်းမြေရိုင်းတစ်ခုလုံးသို့ ပဲ့တင်ထပ်သွားရာ ကျင့်ကြံသူအားလုံး သဲသဲကွဲကွဲ ကြားလိုက်ရသည်။

​"ဟင်းလင်းပြင်ထာဝရဓားဂိုဏ်း"

​"ငါပြောသားပဲ သူက ဓားဂိုဏ်းက တပည့်ဖြစ်မှာပါလို့ အဲ့ဒါကြောင့်လည်း အရင်တုန်းက နတ်ဆိုးမ ကို ကာကွယ်ပေးခဲ့တာကိုး"

​"တိုးတိုးပြောစမ်းပါ ဟိုမှာ ဓားသမားတွေ အုပ်လိုက်ကြီး ရှိနေတာကို"

​"ဒါပေမဲ့ အိုယန်ရွှမ်ကျိ ပြောတာလည်း မှန်တယ် ဖန့်ချန်က ဓားဂိုဏ်းတပည့်လည်း ဖြစ်နေသလို အခုလည်း တာအိုသုံးထောင်ဂိုဏ်းရဲ့ တပည့်လို့ ကိုယ့်ကိုယ်ကိုယ် ကြေညာထားတယ်"

" တကယ်လို့ သူ ဒီနေ့ စိန်ခေါ်ပွဲမှာ သေသွားရင် ဘယ်သူက တာဝန်ယူမှာလဲ အဲ့ဒါကို ရှင်းရှင်းလင်းလင်း မသိရရင် မဟာချဲ့ထွင်းဂိုဏ်းက ကျင့်ကြံသူတွေက စိန်ခေါ်မှုကို လက်ခံရဲမှာ မဟုတ်ဘူး"

​လူအချို့ကတော့ မဲ့ပြုံး ပြုံးနေကြသည်။

မဟာချဲ့ထွင်းဂိုဏ်းသည် အင်အားကြီး တာအိုဂိုဏ်း သုံးခုထဲတွင် အခြေခံ အနိမ့်ဆုံးနှင့် အားအနည်းဆုံး ဖြစ်သည်။

ဟင်းလင်းပြင်ထာဝရဓားဂိုဏ်းနှင့် ယှဉ်လျှင် ဘာမှ မဟုတ်ပေ။

လောကရှိ မည်သည့် နတ်ဘုရားအဆင့် အင်အားစုမဆို မဟာချဲ့ထွင်းဂိုဏ်းကို အလွယ်တကူ နင်းခြေဖျက်ဆီးနိုင်သည်။

​ဝမ်ကျိလုံက ရယ်မောလိုက်ပြီး ဖန့်ချန်ဘက်သို့ လှည့်ကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

​"တပည့်ကောင်းလေး. မင်းက ဒီနေ့ တာအိုသုံးထောင်ဂိုဏ်းရဲ့ တပည့်အနေနဲ့ ရပ်တည်နေတာဆိုတော့ တကယ်လို့ မင်းသေသွားရင် ဟင်းလင်းပြင်ထာဝရဓားဂိုဏ်းရော ငါရော မင်းအတွက် ကလဲ့စားချေပေးမှာ မဟုတ်ဘူး အဲ့ဒါကို မင်း သေသေချာချာ စဉ်းစားပြီးပြီလား"

​လူအုပ်ကြီးမှာ တစ်ဖန် ဆူညံသွားပြန်သည်။

​"ဒီဖန့်ချန်က ဝမ်ကျိလုံရဲ့ တပည့်ရင်း ဖြစ်နေတာလား"

​"ဒါက ကောင်းတဲ့အချက်လား၊ ဆိုးတဲ့အချက်လား မသိဘူး ဒီဝမ်ကျိလုံက သူ့တပည့်တွေကို ကံဆိုးစေတယ်လို့ နာမည်ကြီးတယ် သူ့တပည့် နှစ်ယောက်တောင် သေကုန်ပြီလေ..."

​"နေဦး တကယ်လို့ ဓားဂိုဏ်းက ကျောထောက်နောက်ခံ မပေးတော့ဘူးဆိုရင် ဖန့်ချန်က မဟာချဲ့ထွင်းဂိုဏ်းကို ဆက်ပြီး စိန်ခေါ်ရဲပါဦးမလား"

​"သူက ဓားသမားတစ်ယောက်လေကွာ ဓားသမားတွေက ခေါင်းမာပြီး ရှေ့ပဲတိုးတတ်တာ မင်းမသိဘူးလား"

​ထိုစကားကို သက်သေပြသကဲ့သို့ပင် ဖန့်ချန်၏ အသံက ထပ်မံ ထွက်ပေါ်လာသည်။

​"တာအိုသုံးထောင်ဂိုဏ်းမှ ဖန့်ချန် မင်းကို တာအိုစိန်ခေါ်ပွဲ လုပ်ပါတယ် မင်းနဲ့ ငါ့ကြားထဲမှာ တစ်ယောက်ပဲ အသက်ရှင်နိုင်မယ်"

​ဝမ်ကျိလုံ၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးညွတ်သွားပြီး အိုယန်ရွှမ်ကျိကို တစ်ချက် ကြည့်လိုက်သည်။

"ကြားတယ်မလား သူက ဒီနေ့ တာအိုသုံးထောင်ဂိုဏ်းကိုပဲ ကိုယ်စားပြုတာ"

​"ဟဲဟဲ..."

​အိုယန်ရွှမ်ကျိ၏ မျက်လုံးထဲတွင် လှောင်ပြောင်ရိပ်များ ဖြတ်ပြေးသွားပြီး ဖန့်ချန်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။

"ကောင်လေး နတ်ဘုရားနန်းတော်တိုက်ပွဲတုန်းက မင်းက တာအိုပေါင်းစပ်ခြင်း အဆင့်ရှိတဲ့သူကိုတောင် နိုင်ခဲ့တယ် အဲ့ဒီအစွမ်းက မင်းရဲ့ လက်ရှိကျင့်ကြံခြင်းနဲ့ အရမ်းကွာခြားလွန်းတယ် ဒါက တရားမျှတမှု ရှိရဲ့လား"

​"အေးလေ သူကသာ အဲ့ဒီအစွမ်းကို သုံးရင် မဟာချဲ့ထွင်းဂိုဏ်းက တာအိုပေါင်းစပ်ခြင်း အောက်ကလူတွေ အကုန် သေကုန်မှာပေါ့"

လူအုပ်ကြီးက ဝိုင်းပြောကြသည်။

​"စီနီယာ အဲ့ဒီတုန်းက ကျုပ်က အခန့်မသင့်လို့ အမှောင်ပယောဂ ဝင်သွားတာပါ အဲ့ဒီတုန်းကလည်း စီနီယာဆရာကြီးတစ်ယောက် ကူညီပေးလို့သာ သီသီလေး အသက်ရှင်ခဲ့ရတာ အဲ့ဒီလိုမျိုး အစွမ်းက ဒုတိယအကြိမ် ထပ်သုံးလို့ မရပါဘူး စီနီယာ စိတ်မပူပါနဲ့"

ဖန့်ချန်က တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။

​"အမှောင့်ပယောဂ ဝင်တာလား..."

လူတိုင်း စဉ်းစားမိကုန်ကြသည်။

တစ်ခါတလေတွင် နတ်ဆိုးဝင်ခြင်းထက် အမှောငါပယောဂ ဝင်ခြင်းက ပိုပြီး အစွမ်းထက်တတ်သည်မှာ မှန်ပါသည်။

​အိုယန်ရွှမ်ကျိက ခေါင်းငြိမ့်ပြလိုက်ပြီး ဘာမှ ထပ်မပြောတော့ပေ။

​အိုယန်ဟောက်ယွီမှာမူ ယခုအခါ စိတ်ထဲမှ စိုးရိမ်မှုများ ကင်းစင်သွားပြီ ဖြစ်သည်။

သူ၏ မျက်လုံးထဲမှ ကြောက်ရွံ့ရိပ်များ ပျောက်ကွယ်သွားပြီး၊ ထိုအစား ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ နေရာယူလာသည်။

​"မင်းက တကယ်ပဲ ငါ့ကို စိန်ခေါ်ချင်တာလား မင်းနဲ့ ငါ့ကြားက ကျင့်ကြံခြင်း အဆင့်အတန်းက ကောင်းကင်နဲ့ မြေကြီးလို ကွာခြားနေတာကို မင်း မေ့နေပုံရတယ်"

​"တပည့်လေး မင်း စိတ်ရှိလက်ရှိသာ တိုက်ခိုက်စမ်းပါ မင်းသာ ဒီနေ့ စိန်ခေါ်ပွဲမှာ မသေဘဲ အသက်ရှင်ခဲ့ရင်၊ ဒီနေ့ပြီးတာနဲ့ မင်းဟာ ငါ့ရဲ့ ဟင်းလင်းပြင်ထာဝရဓားဂိုဏ်းက တပည့် ဖြစ်နေဦးမှာပဲ ဘယ်သူမှ မင်းကို ဘာမှ မလုပ်ရဲစေရဘူး"

ဝမ်ကျိလုံ၏ အသံက တစ်ဖန် ထွက်ပေါ်လာပြန်သည်။

​ဖန့်ချန်၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။

ဝမ်ကျိလုံ၏ ထိုစကားကြောင့် သူ၏ နောက်ဆုံး စိုးရိမ်မှုမှာလည်း ပျောက်ကွယ်သွားပြီ ဖြစ်သည်။

သူ့တွင် ရှိသမျှ အစွမ်းကုန် ထုတ်သုံးရန် မလိုသော်လည်း၊ အနည်းဆုံးတော့ ဝှက်ဖဲ တစ်ခု နှစ်ခုကို လူသိရှင်ကြား သုံးခွင့်ရသွားပြီ ဖြစ်သည်။

​အိုယန်ဟောက်ယွီသည် ဝမ်ကျိလုံ၏ စကားကို ကြားသောအခါ အချိန်ဆွဲမနေတော့ဘဲ အော်ဟစ်လိုက်သည်။

"သေပေတော့"

​"သတိထား"

ဟုန်ချင်းက စိတ်ပူစွာ အော်လိုက်သည်။

အိုယန်ဟောက်ယွီ၏ စရိုက်အရ သူသည် စတင်တိုက်ခိုက်သည်နှင့် သတ်ကွင်းကိုသာ ဦးတည်မည် ဖြစ်သည်။

​'ဖျတ်'

​ရုတ်တရက် အိုယန်ဟောက်ယွီ၏ ရင်ဘတ်တွင် အပေါက်ကြီးတစ်ခု ပွင့်သွားသည်။

လှုပ်ရှားနေဆဲ ဖြစ်သော သူ၏ နှလုံးသားမှာ တစ်စုံတစ်ဦး၏ လက်ထဲသို့ ပါသွားပြီ ဖြစ်သည်။

​သူ၏ ဘေးတွင် မည်သည့်အချိန်က ရောက်နေမှန်း မသိသော၊ ကျောကုန်းကုန်းနှင့် တစ်ကိုယ်လုံး မည်းမှောင်နေသော စက္ကူရုပ် တစ်ရုပ် ရှိနေသည်။

ထိုစက္ကူရုပ်၏ လက်ထဲတွင် အိုယန်ဟောက်ယွီ၏ နှလုံးသားမှာ တဖြည်းဖြည်း အားနည်းကာ ရပ်တန့်သွားတော့သည်။

​လူတိုင်း ကြောင်အမ်းသွားကြသည်။

​မည်းမှောင်နေသော စက္ကူရုပ်ထံမှ ထွက်ပေါ်နေသော အရှိန်အဝါမှာ အလွန်တရာ ယုတ်မာညစ်ထေးလှသည်။

ထိုမြင်ကွင်းမှာ ကျင့်ကြံသူ အများအပြားကို ကြက်သီးထသွားစေသည်။

​"ဒါက ဘာမှော်အတတ်လဲ"

​"ဒါ... ဒါက ဝိညာဉ်ပူးကပ်ခြင်းအတတ် မဟုတ်လား တာအိုဂိုဏ်းရဲ့ အတတ်ပညာအရ နတ်ဆိုးတွေ ဝိညာဉ်တွေကို စက္ကူရုပ်ထဲ ထည့်ပြီး ခိုင်းလို့ရတယ်လို့ ကြားဖူးတယ် ဒါပေမဲ့... ဒါပေမဲ့ ဘာလို့ ဒီစက္ကူရုပ်က ဝိညာဉ်ခွဲဖြာခြင်း အဆင့်ရှိတဲ့သူရဲ့ နှလုံးကို အသာလေး နှိုက်ယူနိုင်ရတာလဲ"

​"ငါလည်း ဘယ်သိမလဲ..."

​ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ၏ မျက်လုံးထဲတွင် သံသယနှင့် ကြောက်ရွံ့မှုများ ပြည့်နှက်လာသည်။

သူတို့က ဖန့်ချန်သည် ဓားပညာကို သုံးပြီး တိုက်ခိုက်လိမ့်မည်ဟု ထင်ထားကြသော်လည်း၊ ယခုမူ ဖန့်ချန် သုံးလိုက်သည်မှာ အလွန်တရာ အစွမ်းထက်လွန်းသော တာအိုအတတ်ပညာ တစ်ခု ဖြစ်နေသည်။

​"ဖန့်စီနီယာဆီမှာ ဒီလို အစွမ်းတွေ ရှိနေတာလား ဝိညာဉ်ခွဲဖြာခြင်း အဆင့်ကိုတောင် အသာလေး သတ်နိုင်တယ်ပေါ့"

လန်ယာဝင်ချိုး မှာ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

​"ဒါက တာအိုသုံးထောင်ဂိုဏ်းရဲ့ တကယ့်အမွေအနှစ် ဖြစ်ရမယ်..."

ကျင်ရွှီက တီးတိုး ရေရွတ်လိုက်သည်။

​မဟာချဲ့ထွင်းဂိုဏ်းမှ ကျင့်ကြံသူများမှာမူ မျက်နှာများ ပျက်ကုန်ကြသည်။

သူတို့၏ စီနီယာက ရွှေမြုတေအဆင့် ဖန့်ချန် လက်ထဲမှာ စက္ကန့်ပိုင်းအတွင်း သေသွားရသည်မှာ မယုံနိုင်စရာပင်။

​သို့သော် သင်္ဘောပေါ်မှ မသေမျိုးဘုရင် များမှာမူ ထိုမျှလောက် အံ့သြခြင်း မရှိကြပေ။

သူတို့၏ အမြင်အရ ထိုစက္ကူရုပ်၏ အစွမ်းမှာ ဝိညာဉ်ခွဲဖြာခြင်း အထွတ်အထိပ် အဆင့်လောက်သာ ရှိပြီး၊ သူတို့လို လူများအတွက်တော့ ဘာမှ မဟုတ်ပေ။

​သို့သော် ကိုးယောက်မြောက်မင်းသား၏ ဘေးတွင် ရပ်နေသော အဘိုးအိုတစ်ဦး၏ မျက်လုံးများကတော့ စူးရှလာသည်။

သူကား ချောင်ဒေါင်းနန်းတော်၏ အရှင်သခင် ချီကျန့် ဖြစ်သည်။

မကြာသေးမီက သူ၏ သားတစ်ယောက် အသတ်ခံခဲ့ရပြီး သူ စုံစမ်းရသလောက် ထိုလူသတ်သမားထံတွင် အနက်ရောင်နှင့် အဖြူရောင် စက္ကူရုပ်များ ရှိသည်ဟု သိထားသည်။

​ယခု အဖြူရောင်စက္ကူရုပ်ကို မမြင်ရသေးသော်လည်း ထိုအနက်ရောင်စက္ကူရုပ် ပေါ်လာခြင်းမှာ သူ၏ သားကို သတ်သူမှာ ဖန့်ချန်ဖြစ်ကြောင်း သက်သေပြနေသကဲ့သို့ပင်။

​"ဖန့်ချန်..."

ချီကျန့်၏ အကြည့်များမှာ အေးစက်ခက်ထန်နေသည်။

​ထိုစဉ်မှာပင် အသက်ထွက်ခါနီး ဖြစ်နေသော အိုယန်ဟောက်ယွီ၏ ခန္ဓာကိုယ်ကို စက္ကူရုပ်က တစ်စစီ ဆွဲဖြဲပစ်လိုက်ပြီး သူ၏ ဝိညာဉ်သန္ဓေသား ကိုပါ စက္ကူရုပ်က ဝါးမြိုပစ်လိုက်သည်။

​ဖန့်ချန်သည် သွေးပျက်နေသော အခြား မဟာချဲ့ထွင်းဂိုဏ်းသား တစ်ဦးဘက်သို့ လှည့်လိုက်ပြီး အေးဆေးစွာ ပြောလိုက်သည်။

​"တာအိုသုံးထောင်ဂိုဏ်းမှ ဖန့်ချန် မင်းကို တာအိုစိန်ခေါ်ပွဲ လုပ်ပါတယ် မင်းနဲ့ ငါ့ကြားထဲမှာ တစ်ယောက်ပဲ အသက်ရှင်နိုင်မယ်"

​ယခင်တစ်ခါနှင့် မတူသည်မှာ၊ ယခု ဖန့်ချန်၏ ဘေးတွင် ကြောက်မက်ဖွယ်ကောင်းသော အပြုံးကို ဆင်မြန်းထားသည့် အနက်ရောင်စက္ကူရုပ်ကြီး ရှိနေခြင်း ဖြစ်သည်။

​စိန်ခေါ်ခံလိုက်ရသော ကျင့်ကြံသူမှာ တုန်တုန်ရင်ရင်ဖြင့် မျက်နှာမှာ စက္ကူကဲ့သို့ ဖြူလျော်သွားပြီး မေးခွန်းထုတ်လိုက်သည်။

"မင်း... မင်းက ဓားသမား မဟုတ်ဘူးလား ဘာလို့ ဓားကို မသုံးတာလဲ"

​ဖန့်ချန်က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

​"ဒီနေ့က တာအိုစိန်ခေါ်ပွဲပဲ ဓားစိန်ခေါ်ပွဲ မဟုတ်ဘူး"

​အခန်း ၆၇၆ - အညံ့ခံခြင်း (သို့မဟုတ်) အရှက်တကွဲ ထွက်ပြေးခြင်း

​ဓားစိန်ခေါ်ပွဲ ဆိုလျှင် ဓားကို သုံးရမည်ဖြစ်သော်လည်း၊ တာအိုစိန်ခေါ်ပွဲဆိုသည်မှာ တာအိုကျင့်စဥ် ကိုသာ သုံးရမည် ဖြစ်သည်။

​ဖန့်ချန်၏ စကားကြောင့် တစ်ဖက်လူမှာ ဆွံ့အသွားရသည်။

အိုယန်ဟောက်ယွီ၏ သွေးအေးစရာ ကံကြမ္မာကို မျက်မြင်ကိုယ်တွေ့ မြင်ထားရသဖြင့် သူသည် ဖန့်ချန်၏ စိန်ခေါ်မှုကို မည်သို့မျှ မလက်ခံရဲပေ။

သူ၏ မျက်နှာမှာ တစ်လှည့်ဖြူ၊ တစ်လှည့်နီဖြင့် ဘာမှ ပြန်မပြောနိုင်ဘဲ ဖြစ်နေရှာသည်။

​"မင်း ကြောက်နေတာလား မင်းရဲ့ တာအိုစိတ်ဓာတ် ကို ကိုယ့်ဘာသာ ချိုးဖျက်ပြီး ဒီကနေ ထွက်သွားလိုက်တော့"

ချင်းမုဘိုးဘေးကြီးက ဘေးမှနေ၍ လှောင်ပြောင် ရယ်မောလိုက်သည်။

​ထိုကျင့်ကြံသူမှာ နေရာမှ မလှုပ်ဝံ့ပေ။

တာအိုစိတ်ဓာတ်ကို ချိုးဖျက်ခြင်းသည် မိမိကျင့်ကြံထားသမျှ တာအိုအတတ်များကို ပြန်ပေးရခြင်းနှင့် အတူတူပင်ဖြစ်ပြီး၊ လက်ရှိ ကျင့်ကြံခြင်း အဆင့်အတန်းမှာလည်း အကြီးအကျယ် ကျဆင်းသွားပေလိမ့်မည်။

သူသည် စိန်ခေါ်မှုကိုလည်း မလက်ခံရဲ၊ တာအိုစိတ်ဓာတ်ကိုလည်း မချိုးဖျက်ရဲသဖြင့် မဟာချဲ့ထွင်းဂိုဏ်း မှ စီနီယာကြီးများကိုသာ အားကိုးတကြီး လှမ်းကြည့်နေတော့သည်။

​"တာအိုစိန်ခေါ်ပွဲဆိုတာ တာအိုဂိုဏ်းတွေရဲ့ ရှေးဟောင်းစည်းမျဉ်းပဲ မင်းတို့ မဟာချဲ့ထွင်းဂိုဏ်းက ဒါကိုတောင် အသိအမှတ်မပြုဘူးဆိုရင် အိမ်ပြန်ပြီး မင်းတို့ဂိုဏ်းနာမည်ကို ပြောင်းလိုက်တော့ တာအိုဂိုဏ်းလို့ ဘာလို့ ခေါ်နေသေးတာလဲ"

ချင်းမုဘိုးဘေးကြီးက အိုယန်ရွှမ်ကျိကို စောင်းမြောင်း ပြောလိုက်သည်။

​မဟာချဲ့ထွင်းဂိုဏ်းမှ တာအိုပေါင်းစပ်ခြင်း အဆင့်ရှိ ကျင့်ကြံသူတစ်ဦးမှာ မျက်နှာညိုညိုညစ်ညစ်ဖြင့် ထိုတပည့်ကို အော်ဟစ်လိုက်သည်

"ငါတို့ တာအိုဂိုဏ်းရဲ့ ဂုဏ်သိက္ခာကို မဖျက်စမ်းနဲ့"

​ထိုကျင့်ကြံသူမှာ ပြစရာ မျက်နှာမရှိတော့သဖြင့် အံကြိတ်ကာ အော်ဟစ်လိုက်ပြီး သူ၏ အားအကောင်းဆုံး နည်းလမ်းဖြင့် ဖန့်ချန်ကို ဦးအောင် တိုက်ခိုက်ရန် ပြင်လိုက်သည်။

သို့သော် အနက်ရောင်စက္ကူရုပ်၏ အရှိန်မှာ သူထက် အဆပေါင်းများစွာ မြန်ဆန်လှသည်။

သူ၏ ခန္ဓာကိုယ်အတွင်းမှ ဝိညာဉ်စွမ်းအင်များ စတင်လှုပ်ရှားရုံရှိသေးသော်လည်း၊ သူ၏ ကိုယ်တွင်းအင်္ဂါများကို စက္ကူရုပ်က နှိုက်ယူပြီးသား ဖြစ်သွားလေပြီ။

​"ဒီနည်းလမ်းက သိပ်ကို ရက်စက်လွန်းတယ်..."

မြင်ရသူအပေါင်းမှာ ကြက်သီးမွေးညင်းထလျက် နှလုံးသားထဲတွင် အေးစိမ့်သွားကြသည်။

လူတစ်ယောက်ကို သတ်ခြင်းက မဆန်းသော်လည်းထိုစက္ကူရုပ်၏ သတ်ဖြတ်ပုံမှာ လူကို ညှဉ်းပန်းနှိပ်စက်နေသကဲ့သို့ပင် ရက်စက်လှသည်။

​ဖန့်ချန်၏ အကြည့်မှာ နောက်ထပ် မဟာချဲ့ထွင်းဂိုဏ်းသားတစ်ဦးထံ ကျရောက်သွားပြန်သည်

"တာအိုသုံးထောင်ဂိုဏ်းမှ ဖန့်ချန် မင်းကို စိန်ခေါ်ပါတယ် မင်းနဲ့ ငါ့ကြားမှာ တစ်ယောက်ပဲ အသက်ရှင်နိုင်မယ်"

"..."

တစ်ဖက်လူမှာ ထိတ်လန့်လွန်းသဖြင့် ဦးရေပြားများပင် ထုံကျဉ်သွားတော့သည်။

​ထိုစဉ်မှာပင် လူအုပ်ထဲမှ အဘိုးအိုတစ်ဦး ထွက်လာပြီး ချင်းမုဘိုးဘေးကြီးကို ပြောလိုက်သည်

"ချင်းမု စိန်ခေါ်ပွဲ လုပ်ချင်တယ်ဆိုရင် ငါပဲ မင်းနဲ့ အဖော်လုပ်ပေးပါ့မယ်"

လူအုပ်ကြီးမှာ ထိုအဘိုးအိုက မည်သူမှန်း မသိသော်လည်း၊ သူသည် တာအိုဝတ်စုံကို ဝတ်ဆင်ထားပြီး ချင်းမုကို စိန်ခေါ်ရဲသဖြင့် မဟာမသေမျိုးအဆင့်ရှိသူဖြစ်ကြောင်း သိလိုက်ကြသည်။

​ချင်းမုက ရယ်မောလိုက်ပြီး ကောင်းကင်ယံသို့ ပျံတက်သွားရာ ထိုအဘိုးအိုကလည်း နောက်မှ ထပ်ကြပ်မကွာ လိုက်သွားသည်။

သူတို့နှစ်ဦးမှာ မျက်စိတစ်မှိတ်အတွင်း ဟင်းလင်းပြင်ထဲသို့ ရောက်ရှိသွားကြပြီး၊ မသေမျိုးဘုရင်များမှအပ ကျန်ရှိသောသူများမှာ သူတို့၏ တိုက်ပွဲကို မမြင်ရတော့ပေ။

ကောင်းကင်ယံမှ မိုးခြိမ်းသံကဲ့သို့ ပြင်းထန်သော ပေါက်ကွဲသံများကိုသာ ကြားနေရတော့သည်။

​"ဒါက မဟာမသေမျိုးတွေရဲ့ စွမ်းအားပေါ့..."

လူတိုင်းမှာ ထိတ်လန့်တုန်လှုပ်နေကြသည်။

​ကိုးဆက်မြောက်ဘုရင် က လုံကျွင်း ကို တစ်ချက်ကြည့်ကာ ပြုံးလိုက်သည်

"မင်းတို့ဂိုဏ်းက ကြယ်မဟာမသေမျိုး က အသက်ရှင်နေသေးတာပဲ ကြည့်ရတာ သူက မသေမျိုးဧကရာဇ် ဖြစ်လာမယ့် အလားအလာ ရှိပုံရတယ်"

လုံကျွင်းက ပြန်ဖြေသည်

"သူ့မှာ အရည်အချင်းရှိတာ မှန်ပေမဲ့၊ မသေမျိုးအဆင့်တက်ဖို့ ဘေးဒုက္ခ လေးခု ကို ကျော်ဖြတ်ဖို့ဆိုတာက ကံတရားအပေါ်မှာလည်း မူတည်ပါသေးတယ်"

​နာရီဝက်ခန့် ကြာသွားသည်။

မဟာချဲ့ထွင်းဂိုဏ်းသားများမှာ မျက်နှာများ ပြာနှမ်းကုန်ကြပြီ။

ထိုအချိန်တိုအတွင်းမှာပင် ဖန့်ချန်၏ စိန်ခေါ်မှုကြောင့် တပည့် ၃၂ ဦး သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

သူတို့အားလုံးမှာ ဝိညာဉ်ခွဲဖြာခြင်း အဆင့်ရှိသူများဖြစ်ပြီး၊ ဂိုဏ်း၏ အဓိက အခြေခံလူတန်းစားများ ဖြစ်ကြသည်။

ထိုမျှလောက် များပြားသော တပည့်ရင်းများကို ဆုံးရှုံးလိုက်ရသဖြင့် ဂိုဏ်းမှ စီနီယာကြီးများမှာ မနေနိုင်တော့ဘဲ အိုယန်ရွှမ်ကျိကို ဝင်ရောက်တားဆီးပေးရန် အကြည့်များဖြင့် တောင်းဆိုနေကြသည်။

​အိုယန်ရွှမ်ကျိမှာလည်း မျက်နှာသေဖြင့် နေသော်လည်း၊ သူ၏ မျက်လုံးထဲမှ အေးစက်သော အရိပ်အယောင်များက သူ၏ ပြင်းထန်သော ဒေါသကို ပြသနေသည်။

​"အိုး... ငါ့တပည့်သာ ဒီအတိုင်း ဆက်ပြီး စိန်ခေါ်နေရင် မင်းတို့ဂိုဏ်းက လူတွေ အကုန် မျိုးတုံးသွားတော့မယ် ထင်တယ်"

ဝမ်ကျိလုံက လှောင်ပြောင်လိုက်သည်။

​အိုယန်ရွှမ်ကျိက ဖန့်ချန်ကို တစ်ချက်ကြည့်လိုက်ပြီး အမိန့်ပေးလိုက်သည်

"မဟာချဲ့ထွင်းဂိုဏ်းသားတွေ ဂိုဏ်းကို ပြန်ကြမယ်"

​ထိုအမိန့်ကြောင့် ကျင့်ကြံသူအားလုံးမှာ လျှပ်စီးကဲ့သို့ လျင်မြန်သော အရှိန်ဖြင့် မိမိတို့ဂိုဏ်းဆီသို့ ဦးတည်ကာ ထွက်ပြေးသွားကြတော့သည်။

ဖန့်ချန်၏ စိန်ခေါ်မှုကို ဆက်လက် မရင်ဆိုင်ရဲတော့သဖြင့် အရှက်တကွဲ ထွက်ပြေးသွားခြင်းပင်။

ထိုသတင်းမှာ တစ်လောကလုံးသို့ ပြန့်သွားလျှင် မဟာချဲ့ထွင်းဂိုဏ်းမှာ အကြီးအကျယ် အရှက်ရတော့မည် ဖြစ်သည်။

​"မဟုတ်သေးပါဘူး သူတို့က ဒီလိုပဲ ပြန်ပြေးသွားတာလား"

ချန်ယွီဟန်က မယုံနိုင်ဘဲ ပြောလိုက်သည်။

ကျင်ရွှီက ပြုံးကာ

"သူတို့က အရင်တုန်းကလည်း ငါတို့ ဓားစိန်ခေါ်ပွဲ လုပ်တုန်းက ဒီလိုပဲ ပုန်းနေကျလေ အခုလည်း ဖန့်စီနီယာကို မယှဉ်ရဲလို့ ပုန်းကြတာ မဆန်းပါဘူး"

​မဟာချဲ့ထွင်းဂိုဏ်း ပြေးသွားပြီးနောက်၊ ရှန်းထျန်းတာအိုဂိုဏ်းသားများမှာလည်း မည်သည့်အချိန်က ပုန်းသွားမှန်းမသိ ပျောက်ကွယ်သွားကြသည်။

သူတို့မှာလည်း ဖန့်ချန်၏ စိန်ခေါ်မှုကို မရင်ဆိုင်လိုကြပေ။

​"ဒါဆိုရင် သူက ချန်ရှင်းတာအိာဂိုဏ်းကို ဆက်ပြီး စိန်ခေါ်ဦးမှာလား"

လူတိုင်းက စောင့်ကြည့်နေကြသော်လည်း၊ ဖန့်ချန်က ထိုဂိုဏ်းဆီသို့ မသွားဘဲ စောစောက စီနီယာယွမ်ဟယ်ဆီမှ အမွေအနှစ်များကို ရယူထားပြီးမှ ကျေးဇူးကန်းသော စကားများ ပြောခဲ့သူများဘက်သို့ လှည့်လိုက်သည်။

​"မင်းတို့က ငါ့ဆရာရဲ့ အမွေကို ရထားမှတော့၊ မင်းတို့လည်း တာအိုဂိုဏ်းဝင်တွေပဲ ဒီနေ့ မင်းတို့ကို ငါ စိန်ခေါ်တယ်"

ဖန့်ချန်က ပြုံးကာ ပြောလိုက်သည်။

​ထိုလူများမှာ မျက်နှာများ ဖြူလျော်ကုန်ကြသည်။

"ငါတို့နဲ့ ဘာဆိုင်လို့လဲ ငါတို့ကို လာမစိန်ခေါ်နဲ့"

ဟု အော်ဟစ်ကြသည်။

သို့သော် ဖန့်ချန်၏ အနက်ရောင်စက္ကူရုပ်မှာ သူတို့ရှေ့သို့ ချက်ချင်း ရောက်ရှိလာပြီး၊ အော်ဟစ်နေသော သူ၏ ပါးစပ်ကို ရိုက်ခွဲပစ်လိုက်သည်။

​ဖန့်ချန်သည် သူတို့ကို အသက်အန္တရာယ် မပြုသော်လည်း၊ သူတို့ တစ်ယောက်ချင်းစီကို သင်ခန်းစာ ပေးနေခြင်း ဖြစ်သည်။

နှုတ်ခမ်းများ ပြဲထွက်သွားသော ကျင့်ကြံသူမှာ နာကျင်လွန်းသဖြင့် အော်ပင်မအော်နိုင်တော့ဘဲ၊ ဘေးကလူများ သင်ခန်းစာ အပေးခံနေရသည်ကို ကြည့်ကာ ဝမ်းသာသလိုလို၊ ဝမ်းနည်းသလိုလိုဖြင့် ငြိမ်သက်နေရတော့သည်။

All Chapters