← Chapters

အခန်း (၆၉၅-၆၉၆)

Vol. 70 Ch. 695-696

အခန်း (၆၉၅-၆၉၆)

Vol. 70 Ch. 695-696

​​အခန်း ၆၉၅ - လူ့လောက

​ဝူအိမ်တော်ရှိ လူများမှာ ရန်သူကို ရင်ဆိုင်နေရသကဲ့သို့ ထိတ်လန့်နေကြသည်။

လူအချို့ အသက်ပျောက်သွားပြီးနောက် မည်သူမျှ ဖန့်ချန်နှင့် ကျောက်ကျိရှန်းအနားသို့ မကပ်ရဲကြတော့ချေ။

​သူတို့သည် ရှေ့မှ မျက်စိမမြင်သည့် အဘိုးအိုကို ကြည့်ကာ ကြောက်ရွံ့နေကြသည်။

ငရဲကမ္ဘာကို ကူးခါနီးဖြစ်နေသည့် ထိုလူအိုကြီး၏ လက်ထဲမှ တောင်ဝှေးသည် အဘယ်ကြောင့် ဤမျှ သေစေနိုင်လောက်အောင် မြန်ဆန်နေရသနည်း။

​မကြာမီ ဝူမိသားစု သခင်နှင့် သခင်လေးတို့သည် လူမိုက်အုပ်စုကြီးကို ခေါ်ဆောင်ကာ ရောက်ရှိလာတော့သည်။

​"တကယ်ပဲ ဒီမိန်းကလေး ဖြစ်နေတာပဲ"

သခင်လေးက ဒေါသတကြီး အော်ဟစ်သည်။

​"ပါးစပ်ပိတ်ထားစမ်း"

ဝူသခင်က သူ့သားကို ဟောက်လိုက်ပြီးနောက် ဖန့်ချန်ကို စိုးရိမ်တကြီး ကြည့်ကာ

"အဘိုးကြီး... ခင်ဗျားက ဘယ်သူလဲ"

​"ဝူစန်း (ဝူစန်းယဲ့) ရှိသေးလား"

ဖန့်ချန်က ပြုံးကာ မေးလိုက်သည်။

​ဝူစန်း လူတိုင်း အံ့သြသွားကြသည်။

သူတို့၏ အဘိုးအိုကြီး ငယ်စဉ်က ဝူစန်းယဲ့ ဟု ခေါ်ဝေါ်ခံခဲ့ရသည်ကို သတိရသွားကြပြီး ဤလူမှာ အဘိုးအိုကြီး၏ မိတ်ဆွေဟောင်းလောဟု တွေးတောမိကြသည်။

​"တကယ်ပဲ... မင်း ဖြစ်နေတာကိုး..."

​ဘီးတပ်ကုလားထိုင်ကို တွန်းရင်း အဘိုးအိုတစ်ဦး ရောက်လာသည်။

သူ၏ ဆံပင်များမှာ လုံးဝ မရှိတော့ဘဲ ကိုယ်ပေါ်တွင်လည်း အသက်ကြီးရင့်မှုကြောင့် ဖြစ်ပေါ်လာသည့် အမည်းစက်များဖြင့် ပြည့်နှက်နေ၏။

​"အဘိုးအိုကြီး... ဒီလူကို သိတာလား"

ဝူသခင်က တိုးတိုးလေး မေးသည်။

​ဝူစန်းယဲ့က သူ့ကို ဂရုမစိုက်ဘဲ ဖန့်ချန်ကိုသာ စိုက်ကြည့်နေသည်

"အဲ့တုန်းက မင်းကို အာဏာပိုင်တွေ ဖမ်းသွားပြီးမှ ဘာလို့ သေဒဏ်မပေးတာလဲ"

​လူတိုင်း ထိတ်လန့်သွားကြသည်။

"အဘိုးအိုကြီး... သူက ရာဇဝတ်သားလား"

​"လွန်ခဲ့တဲ့ ၄၀ ကျော်က ဝေ့နန်မင်းသား ပုန်ကန်တုန်းက သူ့ရဲ့ စစ်သား ၃၀ ကျော် ရှိချွမ်းခရိုင်ကို ရောက်လာပြီး ကျောက်ဟူရဲ့ မိသားစုကို သတ်ဖို့ ကြိုးစားခဲ့တယ်"

"အဲ့တုန်းက ကျောက်ဟူက သေနေပြီ အဲ့ဒီ စစ်သား ၃၀ ကျော်လုံးကို ဒီမျက်စိမမြင်တဲ့လူက တောင်ဝှေးတစ်ချောင်းတည်းနဲ့ သတ်ပစ်ခဲ့တာ... ဘယ်သူမှ ယုံမှာ မဟုတ်ပေမဲ့ ဒါဟာ အမှန်တရားပဲ"

ဝူစန်းယဲ့က တုန်ရီနေသော အသံဖြင့် ပြောပြသည်။

​လူတိုင်း ကြောက်ရွံ့သွားကြသည်။

သို့သော် ဝူစန်းယဲ့က ဆက်ပြောသည်

"ဒါပေမဲ့... အချိန်တွေ အများကြီး ကုန်သွားပြီ မင်းလည်း အိုနေပြီ ဒီနေ့ မင်း တောင်ဝှေး ကိုင်နိုင်သေးရင်တောင် လူဘယ်နှစ်ယောက်ကို သတ်နိုင်ဦးမှာလဲ"

"ငါ့ရဲ့ ဝူအိမ်တော်က အရင်လို မဟုတ်တော့ဘူး မင်းမရှိတဲ့ အချိန်မှာ ပုမိသားစု မောင်နှမတွေကိုလည်း ငါ ရှင်းထုတ်ပစ်လိုက်ပြီ ရှိချွမ်းခရိုင်ရဲ့ အရာရှိတွေတောင် ငါ့ကို မျက်နှာသာ ပေးရတယ်"

​ဖန့်ချန်က ပြုံးကာ

"ဘာလို့လဲ"

​ဝူစန်းယဲ့က ဘာမှ မပြောဘဲ ခေါင်းငြိမ့်ပြလိုက်ရာ ဝူသခင်က အချက်ပေးလိုက်သဖြင့် လူမိုက်များက လေးလက်နက် များကို ထုတ်ကာ ဖန့်ချန်တို့ မြေးအဘိုးကို ချိန်ရွယ်လိုက်ကြသည်။

​"အဘိုး... သူတို့မှာ လေးတွေ ပါတယ်"

ကျောက်ကျိရှန်းက ထိတ်လန့်တကြား အော်ဟစ်သည်။

​"ဝေ့နန်မင်းသားရဲ့ မျိုးဆက်က အမြစ်မပြတ်သေးဘူး ငါ့ရဲ့ ဝူအိမ်တော်က သူတို့အတွက် စစ်လက်နက်တွေ ပြင်ဆင်ပေးနေတာ သူတို့ နန်းပြန်ရတဲ့နေ့ကျရင် ငါ့မိသားစုက အရှိန်အဝါ အကြီးဆုံး ဖြစ်လာလိမ့်မယ်"

ဝူစန်းယဲ့က ဂုဏ်ယူစွာ ပြောသည်။

​ဝူသခင်က ကျောက်ကျိရှန်းကို ကြည့်ကာ

"မင်းရဲ့ အဘိုးအကြီးက လက်ရှိ ဘုရင်ကို ကူညီခဲ့လို့ ရခဲ့တဲ့ ရတနာကိုသာ ပေးလိုက်ရင် ဒီနေ့ မင်းတို့ နှစ်ယောက်လုံး အသက်ရှင်ပြီး ထွက်သွားနိုင်မယ်"

​ကျောက်ကျိရှန်းမှာ အံ့သြသွားသည်။

သူမ၏ အဘိုးအကြီးမှာ လက်ရှိ ဘုရင်အတွက် အလုပ်လုပ်ပေးခဲ့သူမှန်း သူမ အခုမှ သိလိုက်ရခြင်း ဖြစ်သည်။

​"ကျိရှန်း ဒီတစ်ကွက်ကို ငါ အနှစ် ၆၀ လုံးလုံး သိမြင်ခဲ့တာ မင်း ဘယ်လောက်အထိ နားလည်နိုင်မလဲဆိုတာ ကောင်းကောင်း ကြည့်ထားပါ"

ဖန့်ချန်က တိုးညှင်းစွာ ဆိုလိုက်သည်။

​ဖန့်ချန်သည် သူ၏ တောင်ဝှေးကို အသာအယာ မြှောက်လိုက်ပြီး ဟင်းလင်းပြင်ကို ထောက်လိုက်သည်

​"တောင်တန်းနဲ့ မြစ်ရေတွေက ကျယ်ပြောလှတယ် လူ့လောကရဲ့ မီးခိုးငွေ့တွေ၊ ရယ်မောသံတွေ၊ ဒေါသထွက်သံတွေ၊ ပုန်းအောင်းနေထိုင်မှုတွေ ဒါတွေ အားလုံးက လူ့လောက ပဲ"

​"ငါ... ငါ့ကိုယ်ကြီး ဘာဖြစ်နေတာလဲ"

​လူမိုက်တစ်ဦးက အော်ဟစ်လိုက်သည်။

သူ ကိုင်ထားသည့် လေးကို ချလိုက်ပြီး မိမိ၏ မျက်နှာကို ကိုင်ကြည့်လိုက်ရာ သူ၏ မျက်နှာမှာ သဲပွင့်များကဲ့သို့ တဖြည်းဖြည်း ကြွေကျပျက်စီးသွားတော့သည်။

ထိုမြင်ကွင်းမှာ အိမ်တော်အတွင်းရှိ လူတိုင်းအပေါ်တွင် ဖြစ်ပွားနေပြီး အော်ဟစ်သံများဖြင့် ပြည့်နှက်သွားသည်။

​ဝူစန်းယဲ့မှာ မှင်တက်သွားသည်။

"ဒါ... ဒါက ဘာပညာလဲ"

​"အဖေ ကယ်ပါဦး အဘိုးအိုကြီး ကယ်ပါဦး"

သခင်လေးက ကြောက်လန့်တကြား အော်ဟစ်သော်လည်း မည်သူမျှ မကယ်နိုင်ချေ။

ဝူသခင်ကိုယ်တိုင်လည်း ပြာအဖြစ် ပြောင်းလဲသွားခဲ့ပြီ။

စက္ကန့်ပိုင်းအတွင်းမှာပင် ဖန့်ချန်နှင့် ကျောက်ကျိရှန်းမှလွဲ၍ ဝူစန်းယဲ့ တစ်ဦးတည်းသာ ကျန်ရစ်တော့သည်။

​"မင်း... မင်းက မိစ္ဆာလား၊ နတ်ဘုရားလား"

ဝူစန်းယဲ့မှာ တုန်တုန်ရီရီဖြင့် မေးလိုက်သည်။

​"မင်းအမြင်မှာ ငါက ဘာဖြစ်နေလဲ"

ဖန့်ချန်က ပြုံးလိုက်စဉ် သူ၏ ရုပ်သွင်မှာ မျက်စိရှေ့တင် ငယ်ရွယ်လာပြီး ကိုယ်ဟန်မှာလည်း ပြန်လည် မတ်တောင်လာသည်။

​စက္ကန့်ပိုင်းအတွင်းမှာပင် သူသည် လူငယ်ဘဝ ရုပ်ရည်ကို ပြန်ရရှိသွားခဲ့သည်။

၎င်းပြင် သူ၏ ကျင့်စဉ်အဆင့်မှာလည်း လျင်မြန်စွာ တိုးတက်လာပြီး ရွှေအမြုတေအထွတ်ထိပ်အဆင့်သို့ ရောက်ရှိသွားတော့သည်။

​ဝူစန်းယဲ့သည် ထိုမြင်ကွင်းကို မြင်ပြီးနောက် မျက်လုံးကြီး အပြူးသားဖြင့်ပင် နောက်ဆုံးထွက်သက်ကို စွန့်လွှတ်လိုက်ရတော့သည်။

သူ၏ မျက်ဝန်းထဲတွင် ထာဝရ မပျောက်ကွယ်နိုင်သော ကြောက်ရွံ့မှုများ ကျန်ရစ်ခဲ့၏။

​"အဘိုး... ရှင်က..."

ကျောက်ကျိရှန်းက ဖန့်ချန်ကို ကြည့်ကာ မှင်တက်နေသည်။

ဇာတ်ပြောဆရာတွေ ပြောပြဖူးတဲ့ နတ်ဘုရားဆိုတာ တကယ်ရှိတာပဲလား

​"ကျိရှန်း မှတ်ထားပါ မင်း ဘယ်လောက်ပဲ မြင့်မားတဲ့ နေရာကို ရောက်ပါစေ လူ့လောကကို မမေ့ပါနဲ့ စိတ်ထဲမှာ သာမန်လူတစ်ယောက်ရဲ့ စိတ်ဓာတ်ကို ထိန်းထားပါ"

"ဒါမှ ခုနက လူ့လောက တရားကို နားလည်နိုင်မှာ ဒါက မင်းအတွက် နောင်တစ်ချိန်မှာ အားကိုးရာ ဖြစ်လာလိမ့်မယ် ကောင်းကောင်း ရှင်သန်ပါဦး"

​ဖန့်ချန်က ပြုံးပြကာ သူ၏ ခန္ဓာကိုယ်မှာ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။

၎င်းနှင့်အတူ ထိုရှိချွမ်းခရိုင်ကြီး တစ်ခုလုံးလည်း ပျောက်ကွယ်သွားခဲ့ပြီ။

​လက်ဖက်ရည်ဆိုင်

​လူရိပ်များမှာ တစ်ယောက်ပြီး တစ်ယောက် မျက်လုံးပွင့်လာကြသည်။

သူတို့၏ မျက်ဝန်းများထဲတွင် ဇဝေဇဝါ ဖြစ်မှုများ ပြည့်နှက်နေပြီး စက္ကန့်အနည်းငယ် ကြာမှ သတိပြန်ဝင်လာကြသည်။

​ရှူခွေကျန့်ရန် က သူ၏ မျက်နှာကို ပြန်ကိုင်ကြည့်ရင်း

"ငါ အိုသွားရင် ဒီလောက်တောင် ဝေဝေဝါးဝါး ဖြစ်သွားတာလား မွေးဖွားခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်း... ဒါတွေက အဲ့လောက်တောင် မကြောက်ဖို့ ကောင်းတာလား..."

ဟု ညည်းတွားလိုက်သည်။

​ပုချင်ယွန်းကတော့ မျက်နှာပျက်နေပြီး ဘာမှ မပြောချေ။

ကူရှန့် က သူ၏ လည်ပင်းကို ပြန်ကိုင်ကြည့်ရင်း တိတ်ဆိတ်နေသည်။

ပုချင်ယွီနှင့် ဖန့်ယွမ်မုန့် တို့ကလည်း ခေါင်းငုံ့ကာ တစ်ခုခုကို စဉ်းစားနေကြသည်။

​"ကျီးလျန် (ဖန့်ချန်) ရေ..."

ရှူခွေကျန့်ရန်က ဖန့်ချန်ကို လှမ်းကြည့်ကာ ကျေးဇူးတင်စကား ဆိုသည်

"ငါ့ရဲ့ နောက်ဆုံးခရီးကို လိုက်ပို့ပေးပြီး နှစ်ပေါင်းများစွာ စောင့်ရှောက်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်"

​"ဖန့်ချန်... မင်းက မင်းရဲ့ မူလကမ္ဘာကို တစ်ချိန်လုံး မမေ့ခဲ့ဘူးလား"

ကူရှန့် က မေးသည်

"ငါ သေခါနီးမှာ အဲ့ဒါကို ပြန်သတိရဖို့ နည်းနည်းပဲ လိုတော့တာ တကယ်လို့ ငါ သတိရလိုက်ရင် စမ်းသပ်ချက် အောင်မြင်မှာလား"

​လူတိုင်းက ဖန့်ချန်ကို ကြည့်နေကြသည်။

သူကော အောင်မြင်သွားပြီလား

​ထိုအချိန်တွင် လူရိပ်တစ်ခုသည် လက်ဖက်ရည်ဆိုင်ပေါ်သို့ လမ်းလျှောက်တက်လာသည်။

ထိုလူ၏ ခန္ဓာကိုယ်မှာ အပိုင်းအစများစွာဖြင့် ဆက်စပ်ထားသည့် ရုပ်သေးရုပ်ကြီးတစ်ခုနှင့် တူလှသည်။

​"သံသရာတံခါး ရဲ့ အဓိက တရား ၃ ပါး ရှိတယ် အတိတ်၊ အနာဂတ် နဲ့ လူ့လောက မင်းက လူ့လောက တရားကို နားလည်သွားပြီ ဒီဆေးကို သောက်လိုက်ပါ မင်းဟာ ငါတို့ သံသရာတံခါးရဲ့ နတ်မျိုးစေ့ ဖြစ်သွားပြီ"

​ရုပ်သေးရုပ်ကြီးသည် ဖန့်ချန်၏ ရှေ့တွင် ရပ်ကာ ဆေးလုံးတစ်လုံးကို ကမ်းပေးလိုက်တော့သည်။

​အခန်း ၆၉၆ - နတ်မျိုးစေ့ နှစ်ဦး

​"သံသရာတံခါး ငါ သိနေတာပဲ၊ ငါ သိနေခဲ့တာပဲ..."

​ရှူခွေကျန့်ရန်၏ ခန္ဓာကိုယ်ကြီးမှာ တုန်လှုပ်သွားကာ တတွတ်တွတ် ရွတ်ဆိုနေတော့သည်။

သံသရာတံခါး ဆိုသည့် စကားလုံးသုံးလုံးမှာ သူ့အတွက် အလွန်ပင် ကြီးမားသော တုန်လှုပ်မှုကို ပေးစွမ်းနေပုံရ၏။

​ပုချင်ယွန်းနှင့် ကျန်ရှိသူများမှာမူ သံသရာတံခါးအကြောင်းကို တစ်ခါမျှ မကြားဖူးကြသဖြင့် ဇဝေဇဝါ ဖြစ်နေကြသည်။

သို့သော် ခဏအကြာတွင် ရုပ်သေးရုပ်ကြီး၏ လက်ထဲမှ အမည်းနှင့် အဖြူရောင် ရောယှက်နေသော ဆေးလုံးလေးကိုသာ စိုက်ကြည့်နေမိကြတော့သည်။

ထိုဆေးလုံးသည် ယင်စွမ်းအားနှင့် ယန်စွမ်းအားတို့ အချင်းချင်း ရစ်ပတ်နှောင်ဖွဲ့ထားသကဲ့သို့ ဖြစ်နေပြီး သဘာဝအတိုင်း ဖြစ်တည်နေသည့် အလှတရားတစ်ခုကို ပေးစွမ်းနေ၏။

​"လူ့လောကနဲ့ နတ်လောကကြားက လမ်းကြောင်းက ပိတ်သွားပြီ မဟုတ်လား ဘာလို့ အထက်ဘုံလောကက လာတဲ့ သံတမန် ရှိနေရသေးတာလဲ..."

ပုချင်ယွန်းက တိုးတိုးလေး မေးလိုက်သည်။

​ရုပ်သေးရုပ်ကြီးက သူ့ကို ဂရုမစိုက်ဘဲ ဖန့်ချန်ကိုသာ တည်ငြိမ်စွာ စိုက်ကြည့်နေပြီး ဆေးလုံးကို လက်ခံယူရန် စောင့်ဆိုင်းနေသည်။

​"ဒီဆေးကို သောက်လိုက်ရင် သံသရာတံခါးရဲ့ နတ်မျိုးစေ့ ဖြစ်သွားမှာလား ဒါက ဘာအတွက် အသုံးဝင်လဲ"

ဖန့်ချန်က မေးသည်။

​"ဒါက မှတ်ပုံတင်ဆေးလုံး တစ်လုံးပဲ မင်းဟာ သံသရာတံခါးရဲ့ နတ်မျိုးစေ့ ဖြစ်ကြောင်း သက်သေပြနိုင်သလို၊ မင်းရဲ့ နတ်အသိ ကိုလည်း ပိုပြီး ခိုင်မာစေလိမ့်မယ် ဒီဆေးရဲ့ အာနိသင်ဟာ မင်း နတ်ဘုရားတစ်ပါး ဖြစ်လာတဲ့အထိ တည်ရှိနေမှာပါ"

ရုပ်သေးရုပ်ကြီးက အေးစက်စွာ ပြန်ဖြေသည်။

​"မိတ်ဆွေ မဆိုင်းမတွပါနဲ့တော့ သံသရာတံခါးကို ဝင်ခွင့်ရဖို့ဆိုတာ ကောင်းကင်ဘုံက ပေးတဲ့ အခွင့်အရေးကြီးပဲ ဒါမျိုးက ကမ္ဘာဦးကတည်းက ရှားရှားပါးပါး ကြုံရတဲ့ ကိစ္စမျိုးပါ"

ရှူခွေကျန့်ရန်က ဘေးမှ တိုက်တွန်းရှာသည်။

​ဖန့်ချန်သည် တာအိုအမှတ်အသား ကဲ့သို့သော ထိုဆေးလုံးလေးကို လှမ်းယူလိုက်သည်။

သူ သောက်စရာပင် မလိုလိုက်ဘဲ ဆေးလုံးမှာ လက်ထဲ ရောက်သည်နှင့် နွေးထွေးသော စွမ်းအားလှိုင်းအဖြစ် ပြောင်းလဲသွားကာ သူ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားတော့သည်။

​စက္ကန့်ပိုင်းအတွင်း ဆေးလုံးမှာ ပျောက်ကွယ်သွားပြီး ထိုစွမ်းအားများမှာ သူ၏ ဓားအမြုတေ ဆီသို့ စုစည်းသွား၏။

​မသိမသာပင် ဖန့်ချန်၏ ကိုယ်မှ ထွက်ပေါ်နေသော အရှိန်အဝါမှာ ထူးခြားစွာ ပြောင်းလဲသွားသည်ကို လူတိုင်း ခံစားလိုက်ရသည်။

သူသည် အလွန်ပင် သာမန်ဆန်သွားကာ လူ့လောကရှိ သဲပွင့်လေး တစ်ပွင့်ကဲ့သို့ ဖြစ်သွားသည်။

စိုက်ကြည့်နေလျှင် မြင်ရသော်လည်း အာရုံလေး တစ်ချက်လွဲလိုက်သည်နှင့် သူ့ကို ချက်ချင်း မေ့လျော့သွားစေလောက်သည့် အရှိန်အဝါမျိုးပင်။

​လူတိုင်း၏ မျက်ဝန်းထဲတွင် ထိတ်လန့်မှုများ ဖြတ်ပြေးသွားသည်။

ဒါဟာ ဖန့်ချန် နားလည်သွားသည့် လူ့လောက နတ်အသိ၏ အစွမ်းဆိုသည်ကို သူတို့ သိလိုက်ကြပြီ။

​"ငါ့ရဲ့ နတ်အသိက... တကယ့်ကို ပိုပြီး သန်စွမ်းလာတာပဲ..."

​ဖန့်ချန်သည် မျက်လုံးမှိတ်ကာ ခန္ဓာကိုယ်အတွင်းရှိ အပြောင်းအလဲကို ခံစားနေသည်။

ရွှေအမြုတေ အဆင့် နှောင်းပိုင်းမှ အထွတ်ထိပ် အဆင့်သို့ ရောက်ရှိသွားခြင်းမှာ ခွန်အား တိုးတက်လာခြင်းမျှသာ ဖြစ်သော်လည်း သူ ပို၍ ဂရုစိုက်မိသည်မှာ သစ်ပင်ပေါက်လေးကဲ့သို့ ရှိနေသော နတ်အသိ ပင် ဖြစ်သည်။

ယခုအခါတွင် သူသည် မိမိကိုယ်တိုင် လူ့လောကကြီး ဖြစ်နေသကဲ့သို့ ခံစားနေရ၏။

​"ငါတို့ ဘယ်ရောက်နေတာလဲ"

ကူရှန့် နှင့် ကျန်လူများ၏ မျက်ဝန်းများမှာ ထပ်မံ၍ ဝေဝေဝါးဝါး ဖြစ်လာပြန်သည်။

​ဖန့်ချန် မျက်လုံးဖွင့်လိုက်ကာ နတ်အသိကို ပြန်လည် ထိန်းချုပ်လိုက်သည်။

သူသည် အလွန်ပင် သာမန်လူတစ်ယောက်ကဲ့သို့ ဖြစ်နေဆဲပင်။

သို့သော် ကူရှန့်တို့၏ မျက်ဝန်းများမှာ ပြန်လည် ကြည်လင်လာကြသည်။

​"အား..."

ကာရှန့် က အသက်ကို ပြင်းပြင်းရှူကာ အံ့သြတကြီး ဆိုသည်

"ခုနက ငါ အဲ့ဒီ ပုံရိပ်ယောင်ထဲ ပြန်ကျသွားသလိုပဲကိုယ့်ကိုယ်ကိုယ်တောင် မေ့တော့မလို့"

​"ငါလည်း အတူတူပဲ"

ဖန့်ယွမ်မုန့်က ဖန့်ချန်ကို ခိုးကြည့်ရင်း ခေါင်းညိမ့်ပြသည်။

​"ကြောက်စရာကောင်းတဲ့ နတ်အသိပဲ..."

ပုချင်ယွန်းက လေးနက်သော မျက်နှာဖြင့် ပြောရင်း ရုပ်သေးရုပ်ကြီးကို လှမ်းကြည့်ကာ လက်အုပ်ချီလိုက်သည်

"စီနီယာ ကျုပ်တို့ကော စမ်းသပ်ချက် မအောင်မြင်ဘူးလား ကျုပ်လည်း လူ့လောကထဲမှာ ဆယ်စုနှစ်ပေါင်းများစွာ နေခဲ့ပြီး အသိတရားတွေ ရခဲ့ပါတယ်"

​ရုပ်သေးရုပ်ကြီးက အေးစက်စွာ ပြောသည်

"ပထမအဆင့် - မိမိကိုယ်ကို မမေ့ဖို့၊ ဒုတိယအဆင့် - သံသရာတံခါးရဲ့ အဓိက တရား ၃ ပါး ဖြစ်တဲ့ အတိတ်၊ အနာဂတ် နဲ့ လူ့လောက ထဲက တစ်ခုကို နားလည်ဖို့... မင်း ဘယ်အဆင့်ကို လုပ်နိုင်ခဲ့လဲ"

​ပုချင်ယွန်း ဆွံ့အသွားတော့သည်။

​ဖန့်ချန်က ရုတ်တရက် မေးလိုက်သည်

"စီနီယာ ကျုပ်တို့ ၆ ယောက်စလုံးက ခေတ်တစ်ခုတည်းက လာကြတာ မဟုတ်ဘူး မဟုတ်လား"

​ထိုအခါမှ ဖန့်ယွမ်မုန်ြနှင့် ပုချင်ယွီတို့သည် ရှူခွေကျန့်ရန်ကို လှမ်းကြည့်လိုက်ကြသည်။

ထိုစဉ်မှာပင် ရုပ်သေးရုပ်ကြီးသည် နောက်ထပ် ဆေးလုံးတစ်လုံးကို ထုတ်ကာ ရှူခွေကျန့်ရန်ကို ကမ်းပေးလိုက်သည်

​"မင်းက အတိတ် တရားကို နားလည်သွားပြီ ဒီဆေးကို သောက်လိုက်ပါ မင်းလည်း ငါတို့ သံသရာတံခါးရဲ့ နတ်မျိုးစေ့ ဖြစ်သွားပြီ"

​"ကျေးဇူးတင်ပါတယ် စီနီယာ"

ရှူခွေကျန့်ရန်က ကြိုတင် သိထားသည့်အလား ရိုသေစွာ လက်ခံလိုက်သည်။

ဆေးလုံးမှာ သူ၏ လက်ထဲတွင်ပင် အငွေ့ပျံကာ ပျောက်ကွယ်သွား၏။

​လူတိုင်း မှင်တက်သွားကြသည်။ ပုချင်ယွန်းက ဒေါသတကြီးဖြင့်

"ဖန့်ချန်က ကိုယ့်ကိုယ်ကိုယ် မမေ့ဘဲ တရားရခဲ့တာမို့ နတ်မျိုးစေ့ ဖြစ်တာ လက်ခံပါတယ် ဒါပေမဲ့ ရှူခွေကျန့်ရန်က ကျုပ်တို့ထဲမှာ ကိုယ့်ကိုယ်ကိုယ် အစောဆုံး မေ့သွားတဲ့လူပဲလေ ဘာလို့ သူက နတ်မျိုးစေ့ ဖြစ်ရတာလဲ"

​"သူက ကိုယ့်ကိုယ်ကိုယ် မေ့သွားတာ မဟုတ်ဘူးအတိတ် ထဲမှာ နစ်မြောနေခဲ့တာ"

ရုပ်သေးရုပ်ကြီးက ပြန်ဖြေသည်။

​ရှူခွေကျန့်ရန်က ပြုံးကာ ရှင်းပြသည်

"သံသရာတံခါးဆိုတာ အထက်ဘုံလောကရဲ့ လျှို့ဝှက်ချက် အရှိဆုံး ဂိုဏ်းကြီးတွေထဲက တစ်ခုပါ ငါ့ရဲ့ ခေတ်တုန်းကလည်း ပါရမီရှင်တွေ အများကြီး အဲ့ဒီ စမ်းသပ်ချက်ကို ဝင်ခဲ့ကြတယ်"

"စမ်းသပ်ချက်မှာ ပါဝင်သူတွေဟာ မတူညီတဲ့ ခေတ်ကာလတွေက လာကြတာပဲ ဘာလို့လဲဆိုတော့ သံသရာတံခါးဟာ အတိတ်နဲ့ အနာဂတ်ဆိုတဲ့ အနက်ရှိုင်းဆုံး တရားတွေကို ပိုင်ဆိုင်ထားလို့ပဲ"

​"ဒီတစ်ခါ စမ်းသပ်ချက်ဟာလည်း သံသရာတစ်ခုပါပဲ ငါက ကံကောင်းလို့ ငါ့ရဲ့ အတိတ်က နောင်တတွေကို ပြန်မြင်ပြီး နှလုံးသားပိတ်ဆို့မှုကို ဖွင့်နိုင်ခဲ့တာပါ မင်းတို့ စမ်းသပ်ချက် မအောင်မြင်ပေမဲ့ ဒီအတွေ့အကြုံဟာ နောင်တစ်ချိန် ကျင့်စဉ်ခရီးမှာ အများကြီး အထောက်အကူ ဖြစ်ပါလိမ့်မယ်"

​ကူရှန့်က သံသယဖြင့် မေးသည်

"ရှူခွေကျန့်ရန်... ခင်ဗျားက ဘာလို့ ဒီလောက် အများကြီး သိနေရတာလဲ"

​"ဖြစ်နိုင်တာကတော့ ငါဟာ အနာဂတ် ရဲ့ တစ်နေ့နေ့ကနေ မင်းတို့ရှိနေတဲ့ အတိတ် (ပစ္စုပ္ပန်) ကို ပြန်လာခဲ့တာ ဖြစ်မှာပါ"

ရှူခွေကျန့်ရန်က ပြုံးလျက် ဆိုသည်။

​လူတိုင်း အံ့သြမှင်တက်သွားကြသည်။

ရှူခွေကျန့်ရန်သည် ဖန့်ချန်ကို ကြည့်ကာ သက်ပြင်းချလိုက်သည်

"ဖန့်မိတ်ဆွေ မင်းကို ရှာရတာ တကယ် မလွယ်ဘူး သူတို့က ငါ့ကို စကားတစ်ခွန်း ပါးလိုက်တယ်"

​ဖန့်ချန်က ခေတ္တ တိတ်ဆိတ်သွားပြီးနောက် ခေါင်းငြိမ့်ပြသည်

"ပြောပါ"

​"'မင်းအိမ်က ကလေးတွေကို ထိန်းဦး သူတို့တွေ ကောင်းကင်ကြီးကို ဖောက်တော့မယ် တဲ့"

​ဖန့်ချန် ဆွံ့အသွားသည်။

ထိုစကားပြောပြီးသည်နှင့် ရှူခွေကျန့်ရန်၏ ပုံရိပ်မှာ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။

​ကူရှန့် တို့မှာလည်း ယခုမှပင် ရှူခွေကျန့်ရန်သည် အနာဂတ်မှ လာသူဖြစ်ကြောင်း ယုံကြည်သွားကြသည်။

မဟုတ်လျှင် ရှေးဟောင်းနတ်ဘုရားလမ်းစဉ် ကနေ ဒီလောက်လွယ်လွယ်နဲ့ ဘယ်ထွက်သွားနိုင်ပါ့မလဲ။

​"မင်းတို့တွေ လက်ဖက်ရည်ဆိုင်က ထွက်သွားတာနဲ့ အပြင်ကို ရောက်လိမ့်မယ်"

ဟု ရုပ်သေးရုပ်ကြီးက ဆိုသည်။

​ကူရှန့်သည် မထွက်သွားမီ ပုချင်ယွန်း၏ ပါးကို အားရပါးရ ထိုးပစ်လိုက်သည်

"ဒီလက်သီးက မင်း သူငယ်ချင်းအပေါ် သစ္စာမရှိလို့ပဲ"

ဟု ပြောကာ ကူရှန့် က ဖန့်ချန်ကို ခေါင်းငြိမ့်နှုတ်ဆက်ပြီး ထွက်ခွာသွားတော့သည်။

​ပုချင်ယွန်းကတော့ ဒေါသတကြီးဖြင့် နောက်မှ လိုက်သွား၏။ ပုချင်ယွီကမူ ဖန့်ချန်ကို တောင်းပန်စကား ဆိုသည်

"ဖန့်မိတ်ဆွေ အဲ့ဒီဘဝတုန်းက ကျမတို့ မောင်နှမကြောင့် ရှင် အများကြီး ဒုက္ခရောက်ခဲ့ရပါတယ် တောင်းပန်ပါတယ်ရှင်"

ဟု ပြောကာ သူမလည်း ထွက်သွားသည်။

​နောက်ဆုံးတွင် ဖန့်ယွမ်မုန့် နှင့် ဖန့်ချန်သာ ကျန်ရစ်တော့သည်။

All Chapters