← Chapters

အခန်း (၆၉၉-၇၀၀)

Vol. 70 Ch. 699-700

အခန်း (၆၉၉-၇၀၀)

Vol. 70 Ch. 699-700

​အခန်း ၆၉၉ - မျက်မှောက်ခေတ်၏ ဓားဦးဆောင်သူ

​ဟင်လင်ပြင်ထာဝရဓားဂိုဏ်းအတွင်းရှိ လူတိုင်းသည် ကောင်းကင်လျှိုဝှက်မှန် ကို စိုက်ကြည့်နေကြသည်။

ဟင်းလင်းပြင်ထဲမှ ထိုဓားအလင်းကို မြင်လိုက်ရသောအခါ ဂိုဏ်းချုပ်က နှာခေါင်းရှုံ့ကာ တစ်ချက်အေးစက်စွာ ပြောလိုက်သည်

​"ကလေးကလား လုပ်ရပ်ပဲ"

​သို့သော် မုတ်ဆိတ်ရှည်နှင့် ဓားကျင့်ကြံသူကမူ ရယ်မောလျက်

"ဒါက ဘာဖြစ်လို့လဲဗျာ ပိုင်တပည့်က ဖန့်ချန်ရဲ့ အစွမ်းကို စမ်းကြည့်ချင်ရုံတင်ပါ သူက ရွှေအမြုတေ အထွတ်အထိပ် အဆင့်လောက်ပဲ ရှိတဲ့ စွမ်းအားကို သုံးထားတာလေ"

"ဒါပေမဲ့ ဒီဓားချက်ကတော့ အနည်းဆုံး တာအိုဂိုဏ်း က ဝိညာဉ်သန္ဓေသားအဆင့် နတ်မျိုးစေ့ တစ်ယောက်ကိုတောင် သတ်နိုင်တဲ့ အစွမ်းရှိတယ်"

​တောင်သခင်များ၊ အကြီးအကဲများနှင့် တာဝန်ခံများအားလုံးက တိတ်ဆိတ်စွာ ခေါင်းညိမ့်လိုက်ကြသည်။

​မှန်ပေသည်။

ဤဓားကွက်၏ အမည်မှာ မြေအောက်ကမ္ဘာ၏ စိမ်းပြာရောင်ဓား ဖြစ်ပြီး ပိုင်ချင်းမင်သည် သူ၏ ငယ်စဉ်ကတည်းက နားလည်ခဲ့သော ချင်းမင်ဓားအသိ မှတစ်ဆင့် တီထွင်ထားသည့် အစွမ်းထက် ဓားကွက်တစ်ခု ဖြစ်သည်။

​ဤဓားကွက်၏ ပြင်းအားမှာ နတ်မျိုးစေ့အဖြစ် သတ်မှတ်ခံရသည့် ဝိညာဉ်သန္ဓေသားအဆင့် အစောပိုင်း ကျင့်ကြံသူတစ်ဦးကို သတ်ဖြတ်နိုင်စွမ်း ရှိသည်။

သာမန် နတ်ဝိညာဉ်အဆင့် ဆိုလျှင်မူ အလယ်အလတ်အဆင့်ပင် အသက်ပျောက်နိုင်ပြီး၊ အဆင့်မြင့်ပိုင်း ကျင့်ကြံသူများပင် ကိုးပုံတစ်ပုံ သေနိုင်ချေ ရှိသည်။

အထွတ်အထိပ် အဆင့်ရောက်မှသာ တစ်ချက်နှစ်ချက် ပြန်လည်ခုခံနိုင်ပေလိမ့်မည်။

​တပည့်များအားလုံးသည် လည်ပင်းကို ရှည်နိုင်သမျှ ရှည်အောင် ဆန့်ကာ ပိုင်ချင်းမင်၏ ထိုဓားကွက်ကို ဖန့်ချန် မည်သို့ ရင်ဆိုင်မည်နည်းဆိုသည်ကို စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေကြသည်။

​တစ်ဖက်တွင်မူ ဖန့်ချန်သည် ထူးဆန်းသော ပုံရိပ်ယောင် နယ်မြေတစ်ခုထဲသို့ ကျဆင်းသွားသည်ဟု ခံစားလိုက်ရသော်လည်း တုန်လှုပ်ခြင်း မရှိပေ။

သူသည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ လူ့လောက နတ်အသိလေးကို အသာအယာ လှုပ်ခတ်လိုက်ရုံသာ ပြုလိုက်၏။

​မျက်စိတစ်မှိတ်အတွင်းမှာပင် ပတ်ဝန်းကျင်တစ်ခုလုံးမှာ မူလအတိုင်း ပြန်လည် ကြည်လင်သွားတော့သည်။

​ဟင်းလင်းပြင်ထဲမှ အံ့သြသွားသည့် သံတစ်ခု ထွက်ပေါ်လာပြီးနောက် ဓားနှစ်စင်း ထိပ်တိုက်တွေ့ဆုံသွားကာ ကြည်လင်လှသော အသံတစ်ခု မြည်ဟည်းသွားသည်။

ဟင်းလင်းပြင်ထဲမှ ကျူးကျော်လာသော ဓားအလင်းတန်းမှာ လေထဲရှိ ဖယောင်းတိုင်မီးအလား တစ်ချက်မျှ တုန်ခါသွားပြီးနောက် ဘာမျှမကျန်အောင် ပျောက်ကွယ်သွားတော့သည်။

​"ချေဖျက်လိုက်နိုင်တာလား"

​ဓားဂိုဏ်းအတွင်းရှိ ကျင့်ကြံသူအားလုံး မှင်တက်သွားကြသည်။

သူတို့ ထင်ထားသည်မှာ အလွန်ပြင်းထန်သော တိုက်ပွဲကြီး ဖြစ်လာလိမ့်မည်ဟူ၍ ဖြစ်သော်လည်း ပိုင်ချင်းမင်၏ ဓားကွက်မှာ ဖန့်ချန်၏ ရှေ့တွင် အလွန်ပင် အားနည်းသွားပြီး အလွယ်တကူ ချေဖျက်ခံလိုက်ရသည်ကို မြင်လိုက်ရသဖြင့် အံ့အားသင့်နေကြခြင်း ဖြစ်သည်။

​အကြီးအကဲ ကျိုး၏ မျက်နှာမှာလည်း ပြောင်းလဲသွားကာ လေးနက်လာတော့သည်။

ဖန့်ချန်ကို အထင်သေးနေသည့် အကြည့်များမှာလည်း ပျောက်ကွယ်သွားပြီ ဖြစ်သည်။

ပိုင်ချင်းမင်၏ ဓားချက်ကို အသာစီးဖြင့် ပြန်လည် တုံ့ပြန်နိုင်ခြင်းကပင် ဖန့်ချန်၏ ဓားပညာမှာ အံ့မခန်း ဖြစ်နေကြောင်း သက်သေပြနေသကဲ့သို့ပင်။

​ခဏအကြာတွင် လူတိုင်း၏ မျက်စိရှေ့တွင် ဖန့်ချန်၏ ပုံရိပ်မှာ ဝေဝါးသွားပြီး မှန်ထဲမှ ပျောက်ကွယ်သွားသကဲ့သို့ ခံစားလိုက်ရသည်။

သို့သော် အသေအချာ ပြန်ကြည့်သောအခါ ဖန့်ချန်မှာ ထိုနေရာတွင်ပင် ရှိနေဆဲ ဖြစ်သည်။

​တောင်သခင်မ ကျန်းလင်နှင့် ကျန်လူများမှာ အချင်းချင်း ကြည့်လိုက်ကြပြီး တစ်ဦးနှင့်တစ်ဦး၏ မျက်လုံးထဲတွင် လေးနက်မှုနှင့် သံသယများကို မြင်နေရသည်။

​"ငါ နားလည်ပြီ သူ ပိုင်ချင်းမင်ရဲ့ ဓားချက်ကို ချေဖျက်နိုင်တာဟာ ရှေးဟောင်းလမ်းစဉ်ကနေ တစ်စုံတစ်ခုသော အနှစ်သာရ ကို နားလည်ခဲ့လို့ပဲ ဒီအနှစ်သာရက သူ့ကို ချင်းမင်ဓားအသိ ရဲ့ လွှမ်းမိုးမှုအောက်ကနေ လွတ်မြောက်စေတာပဲ"

​"ခုနက သူရှိနေတာကို ငါ မမြင်ရတော့သလိုတောင် ခံစားလိုက်ရတယ် ဒါဟာ အဲ့ဒီအနှစ်သာရရဲ့ ထူးခြားတဲ့ စွမ်းအားပဲ ဖြစ်မယ်"

​"ထူးဆန်းတဲ့ အနှစ်သာရပါလား"

​တပည့်များမှာမူ အလွန် စိတ်လှုပ်ရှားနေကြသည်။

အထူးသဖြင့် အဆုံးစွန်းတောင်မှ တပည့်များ ဖြစ်သည်။

စီနီယာအစ်ကို ပိုင်ချင်းမင်သည် ပါရမီနှင့် ဝါစဉ်အရ ချင်ဟော့ချန်းထက်ပင် သာလွန်သူ ဖြစ်သည်။

ယခုအခါ မိမိတို့တောင်မှ တပည့်တစ်ယောက်က ထိုကဲ့သို့ ပါရမီရှင်၏ ဓားကွက်ကို ချေဖျက်နိုင်ခြင်းမှာ သူတို့အတွက် ဂုဏ်ယူစရာကြီးပင်။

​"စီနီယာအစ်ကို ချင် တကယ်လို့ အစ်ကိုသာ ရွှေအမြုတေ အထွတ်အထိပ် အဆင့်မှာဆိုရင် ဒီဓားချက်ကို ခုခံနိုင်မလား"

တစ်စုံတစ်ဦးက မေးလိုက်သည်။

​ချင်ဟော့ချန်းက ခဏမျှ စဉ်းစားပြီး ခေါင်းခါလိုက်သည်

"ငါ ရှေးဟောင်းလမ်းစဉ်ကို ပြီးမြောက်အောင် မြင်ခဲ့ရင်တောင် ဒီဓားချက်ကို ဘယ်လိုမှ ခုခံနိုင်မှာ မဟုတ်ဘူး သူရဲ့ ချင်းမင်ဓားအသိက အလွန်ကို နက်နဲနေပြီ"

​လူတိုင်း စဉ်းစားစရာ ဖြစ်သွားကြသည်။

​ဖန့်ချန်သည် ဟင်းလင်းပြင်ကို ကြည့်ကာ မေးလိုက်သည်

"စီနီယာအစ်ကို ပိုင်လား"

​"ထပ်လုပ်ဦးမယ်"

​ပြန်ကြားလိုက်ရသည်မှာ နောက်ထပ် ဓားအလင်းတန်းတစ်ခု ဖြစ်သည်။

ဤတစ်ကြိမ်တွင်မူ အရှိန်အဝါမှာ ရှေ့တစ်ကြိမ်ထက် အဆပေါင်းများစွာ ပိုမို ကြောက်စရာ ကောင်းလှသည်။

​ဖန့်ချန်သည် တည်ငြိမ်စွာပင် ဓားကို ဝှေ့ယမ်းလိုက်ရာ ဓားအလင်းမှာ ထပ်မံ ချေဖျက်ခံလိုက်ရပြန်သည်။

​"ထပ်လုပ်ဦးမယ်"

"ထပ်လုပ်ဦးမယ်"

"ထပ်လုပ်ဦးမယ်"

"ထပ်လုပ်ဦးမယ်"

​"တော်ပြီ... မတိုက်တော့ဘူး။ မင်း နိုင်တယ်"

​ပိုင်ချင်းမင်သည် ဟင်းလင်းပြင်ထဲမှ ထွက်လာကာ ဖန့်ချန်ကို ထူးဆန်းသော ပစ္စည်းတစ်ခုအား ကြည့်နေသကဲ့သို့ စိုက်ကြည့်နေတော့သည်။

​"ခုနက ငါ ဘယ်အဆင့်က စွမ်းအားကို သုံးခဲ့လဲဆိုတာ မင်း သိလား"

ဟု သူက ရုတ်တရက် မေးသည်။

​ဖန့်ချန်က အသာအယာ ခေါင်းခါပြလိုက်သည်။

သူသည် ပိုင်ချင်းမင်နှင့် တစ်ခါမျှ မဆုံဖူးသဖြင့် ထိုသူ၏ စရိုက်ကိုလည်း မသိချေ။

​"ဝိညာဉ်သန္ဓေသား အလယ်အလတ်အဆင့် ငါက ဝိညာဉ်သန္ဓေသားအလယ်အလတ်အဆင့် စွမ်းအားကို သုံးခဲ့တာကွ ငါ ပိုင်ချင်းမင်ဆိုတာ ရွှေအမြုတေ အဆင့်ကတည်းက ဓားအသိကို နားလည်ခဲ့တဲ့ တကယ့် ပါရမီရှင်ဟ"

"ကျုံးကျိုးက ကိုယ့်ကိုယ်ကိုယ် ပါရမီရှင်လို့ ပြောနေတဲ့သူတွေတောင် ငါ့ကိုမြင်ရင် ထွက်ပြေးရတာ ဒါပေမဲ့ ငါက ဝိညာဉ်သန္ဓေသား အလယ်အလတ်အဆင့် စွမ်းအားကို သုံးတာတောင် မင်းကို မဖိနှိပ်နိုင်ဘူး မင်းက ဘယ်လို ဘီလူးသတ္တဝါမျိုးလဲ ပြောစမ်း"

​ပိုင်ချင်းမင်သည် ရုတ်တရက် စိတ်လှုပ်ရှားသွားကာ စကားပြောရင်း တံတွေးများပင် စင်လာတော့သည်။

​ဖန့်ချန်က သက်ပြင်းချကာ

"ကျုံးကျိုးက ရွှေအမြုတေ နတ်မျိုးစေ့တွေလည်း ကျုပ်ကိုမြင်ရင် ပြေးကြရတာပါပဲ ကျုပ်လက်ထဲမှာ ရှုံးခဲ့တဲ့ ဝိညာဉ်သန္ဓေသားအဆင့်တွေလည်း မနည်းပါဘူး စီနီယာအစ်မ ပိုင်အနေနဲ့ ဝိညာဥ်ခွဲဖြာအဆင့် စွမ်းအားကို သုံးပြီး စမ်းကြည့်ပါလား"

​"ဝိညာဥ်ခွဲဖြာခြင်းအဆင့် စွမ်းအားကို သုံးရမယ် ငါသာ အဲ့ဒီအဆင့်ကို သုံးပြီး နိုင်သွားရင်လည်း ငါ့မျက်နှာ ဘယ်နား သွားထားရမလဲ"

​ပြောသာပြောနေသော်လည်း ပိုင်ချင်းမင်သည် ဓားတစ်ချက်ကို ထပ်မံ ပစ်လွှတ်လိုက်သည်။

ဤတစ်ကြိမ်တွင်မူ သူသည် တကယ့်ကို ဝိညာဥ်ခွဲဖြာခြင်းအဆင့် စွမ်းအားကို အသုံးပြုလိုက်ခြင်း ဖြစ်သည်။

​တကယ်လို့သာ ဖန့်ချန်သည် ဓားပညာသက်သက်ဖြင့် ခုခံမည်ဆိုပါက ရှစ်မျက်နှာအရပ်ခြင်း ဓားကျမ်း ၏ စတုတ္ထမြောက် ဓားကွက်ကို သုံးရပေလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် ပိုင်ချင်းမင်ကဲ့သို့သော ပါရမီရှင်၏ ဝိညာဥ်ခွဲဖြာခြင်းအဆင့်သည် သာမန်သူများနှင့် များစွာ ကွာခြားသောကြောင့် ဖြစ်သည်။

​သို့သော်... ဖန့်ချန်သည် စတုတ္ထဓားကွက်ကို အသုံးမပြုလိုပေ။

ထိုဓားကွက်သည် သက်တမ်းကို ထိခိုက်စေသဖြင့် စမ်းသပ်တိုက်ခိုက်မှုတစ်ခုတွင် အသုံးပြုရန်မှာ အလဟဿ ဖြစ်လွန်းလှသည်။

​"ဖြူလေး... မည်းလေး..."

​အဖြူနှင့် အမည်း စက္ကူရုပ်ကလေးနှစ်ရုပ် ချက်ချင်း ပေါ်လာပြီး ပိုင်ချင်းမင်ကို တစ်ယောက်တစ်ချက် ကန်လိုက်ကြသည်။

ပိုင်ချင်းမင်သည် ဝိညာဥ်ခွဲဖြာခြင်းအဆင့်ထက် မြင့်မားသော စွမ်းအားကို ထုတ်သုံးရန် အချိန်မရလိုက်ဘဲ ပေတစ်ရာခန့် ဝေးရာသို့ လွင့်ထွက်သွားတော့သည်။

​ခဏအကြာတွင် ပိုင်ချင်းမင်သည် ဒဏ်ရာ တစ်စုံတစ်ရာ မရဘဲ ဖန့်ချန်ရှေ့သို့ ပြန်လည် ရောက်ရှိလာကာ ဒေါသတကြီးဖြင့်

​"တာအိုပညာ "

​"ဟုတ်ပါတယ်"

ဖန့်ချန်က ခေါင်းညိမ့်ပြသည်။

​"ငါက ဓားကို သုံးနေတာကို မင်းက တာအိုပညာကို သုံးတယ်ပေါ့"

ပိုင်ချင်းမင်က မေးခွန်းထုတ်သည်။

​ဖန့်ချန်က ပြုံးကာ

"စီနီယာအစ်ကိုက တာအိုပညာ မသုံးရဘူးလို့ မပြောထားဘူးလေ နောက်ပြီး ကျုပ်ရဲ့ အားအကောင်းဆုံး လက်နက်က တာအိုပညာပဲ"

​"အားအကောင်းဆုံးက တာအိုပညာ အဲ့ဒါဆို ငါက နဝိညာဉ်သန္ဓေသား အလယ်အလတ်အဆင့် စွမ်းအားကို သုံးတာတောင် မင်းရဲ့ ဒုတိယမြောက် အားအကောင်းဆုံး လက်နက်နဲ့ပဲ သရေကျခဲ့တာပေါ့"

​ပိုင်ချင်းမင်သည် တတွတ်တွတ် ရွတ်ဆိုရင်း ဟင်းလင်းပြင်ကို လှမ်းကြည့်ကာ အော်ပြောလိုက်သည်

"စီနီယာတို့ ကျုပ်တို့ဂိုဏ်းရဲ့ ဓားဦးဆောင်သူ နေရာကို သူတစ်ယောက်ပဲ ထိုက်တန်တယ် နောင်တစ်ချိန်မှာ နတ်ဓားအိုကြီး ကွယ်လွန်သွားရင် သူဟာ နောက်ထပ် နတ်ဓားအိုကြီး ဖြစ်လာမှာပဲ တခြား ဘယ်သူ့ကိုခန့်ခန့် ကျုပ် ပိုင်ချင်းမင် မကျေနပ်နိုင်ဘူး"

​ဟင်လင်ပြင်ထာဝရဓားဂိုဏ်းအတွင်း၌ မုတ်ဆိတ်ရှည် ကျင့်ကြံသူသည် မှန်ကို ပြန်လည် သိမ်းဆည်းလိုက်ကာ လူတိုင်းကို ပြောလိုက်သည်

​"ခုနက အားလုံး မြင်လိုက်ကြတယ် မဟုတ်လား ပိုင်တပည့်က ဝိညာဉ်သန္ဓေသား အလယ်အလတ်အဆင့် စွမ်းအားနဲ့ ချင်းမင်ဓားအသိကို သုံးတာတောင် ဖန့်ချန်ရဲ့ ဓားပညာနဲ့ သရေပဲ ကျခဲ့တယ် ဒါတောင်... ဖန့်ချန်က ဓားပညာမှာ အစွမ်းကုန် မထုတ်သုံးသေးဘူးလို့ ကျုပ် သံသယရှိတယ်"

​"မှန်တယ်၊ မှန်တယ်"

​ထောင့်တစ်နေရာမှ ဟွမ်မင်ယန် က ချက်ချင်း ထောက်ခံသည်

"သူ အရင်က တိုက်ပွဲတစ်ခုမှာ သက်တမ်းကို သုံးပြီး ပစ်လွှတ်လိုက်တဲ့ ဓားချက်က ဝိညာဉ်သန္ဓေသားအလယ်အလတ်အဆင့်ကိုတောင် ဒဏ်ရာရစေခဲ့တယ် အဲ့ဒီတုန်းက သူက ချီသန့်စင်ခြင်း ၁၂ ဆင့်ပဲ ရှိသေးတာ"

​"ချီသန့်စင်ခြင်း ၁၂ ဆင့်နဲ့ ဝိညာဉ်သန္ဓေသားကို ဒဏ်ရာရစေတာလား ဒီလို စွမ်းဆောင်ချက်မျိုးက နတ်ဓားအိုကြီး ငယ်စဉ်ကထက်တောင် အများကြီး သာလွန်နေပါလား"

ဟု အကြီးအကဲတစ်ဦးက တိုးတိုးလေး ရေရွတ်သည်။

​"နှမြောစရာကောင်းတာက သူက အဖြူရောင်အမြုတေ ပိုင်ရှင် ဖြစ်နေတာပဲ ဒါပေမဲ့... သူမှာ ဒီလောက် အစွမ်းရှိနေမှတော့ သူ ဓားဦးဆောင်သူ ဖြစ်လာမှာကို ကျုပ် မကန့်ကွက်တော့ဘူး"

ဟု အကြီးအကဲ ကျိုးက အေးဆေးစွာ ပြောလိုက်သည်။

​ကျန်တောင်ထိပ် ၈ ခုမှ အကြီးအကဲများလည်း အချင်းချင်း ကြည့်လိုက်ကြပြီးနောက် အားလုံးက ခေါင်းညိမ့်ပြကြသည်

​"ကျုပ်တို့လည်း မကန့်ကွက်ပါဘူး"

"ကျုပ်တို့လည်း အတူတူပါပဲ"

တောင်သခင်များက ဆိုကြသည်။

​ဂိုဏ်းချုပ်၏ နှုတ်ခမ်းဖျားတွင်မူ အပြုံးစတစ်ခု ပေါ်လွင်လာပြီး လူတိုင်းကို ကျောပေးလျက် လက်ကို နောက်ပစ်ကာ ကြေညာလိုက်သည်

​"အဲ့ဒါဆိုရင် ငါ ဂိုဏ်းချုပ်အနေနဲ့ ကြေညာလိုက်မယ် ဖန့်ချန် ဟာ ဟင်လင်ပြင်ထာဝရဓားဂိုဏ်းရဲ့ မျက်မှောက်ခေတ် ဓားဦးဆောင်သူ ပဲ ဒီနေ့အတွင်းမှာပဲ ဒီသတင်းကို အရပ်မျက်နှာ အသီးသီးကို အသိပေးလိုက်ကြ"

​​အခန်း ၇၀၀ - နဂါးစားဘုရင်၏ မွေးစားသား

​ဖန့်ချန်သည် ဟင်လင်ပြင်ထာဝရဓားဂိုဏ်းသို့ပင် မရောက်ရှိသေးမီ သူ ဓားဦးဆောင်သူ ဖြစ်လာသည့် သတင်းမှာ အရပ်မျက်နှာ အသီးသီးသို့ ပျံ့နှံ့သွားခဲ့လေပြီ။

ဦးစွာ ကျုံးကျိုးနိုင်ငံရှိ ဓားဂိုဏ်းကြီးများ၊ ထို့နောက် မင်းကြီးလေးပါး၏ အိမ်တော်များ၊ နတ်ဘုရားနန်းတော်၊ နတ်ဘုရား အိမ်တော်များမှသည် မြို့တော် အထိ တောမီးပမာ ပျံ့နှံ့သွားတော့သည်။

​မြို့တော်မှ နေပြည်တော်၏ တရားဝင် အမိန့်စာချွန်တော်မှာ ဓားဂိုဏ်းသို့ ရောက်ရှိလာချိန်တွင် တီထျန်းနှင့် ပေတု ဘက်မှလည်း ထိုသတင်းကို ရရှိသွားကြပြီ ဖြစ်သည်။

​အရပ်ရပ်မှ လူများမှာ ဖန့်ချန်ဆိုသည့် လူငယ်အကြောင်းကိုပင် မေ့လုနီးပါး ဖြစ်နေကြပြီဖြစ်သည်။

ရှေးဟောင်းနတ်ဘုရားလမ်းစဉ်ထဲတွင် နှစ်ပေါင်းများစွာ ပျောက်ကွယ်နေခဲ့သည့် ကောင်လေးတစ်ယောက်က ရုတ်တရက်ကြီး ပြန်ပေါ်လာပြီး ဓားဦးဆောင်သူ ဖြစ်လာသည်ဆိုသော သတင်းကြောင့် လူတိုင်းမှာ အံ့သြမှင်တက်သွားကြရသည်။

​စည်ကားလှသော မြို့တော်အတွင်းရှိ လက်ဖက်ရည်ဆိုင်တစ်ခုတွင် ကျီးလျန် သည် သူ၏ မိတ်ဆွေများဖြစ်သော တာအိုကျောင်းတော်မှ ဟန်လင်ချိုး၊ လင်းယွမ်ဓားဂိုဏ်းမှ ဝမ်ယိ၊ ဆင်စိမ်းဂိုဏ်းမှ ရွှီဖုန်း၊ နတ်ဘီလူးဂိုဏ်းမှ စူးလင်ကျူ တို့နှင့်အတူ လက်ဖက်ရည်သောက်ရင်း တာအိုတရားများ ဆွေးနွေးနေကြသည်။

သူတို့နောက်ခံများမှာ အနည်းဆုံး နတ်ဘုရားအိမ်တော်အဆင့်ရှိကြပြီး သာမန်ကျင့်ကြံသူများမှာ ထိုအသိုင်းအဝိုင်းထဲသို့ ဝင်ဆံ့ရန်ပင် အရည်အချင်း မပြည့်မီချေ။

​"ဧကရာဇ်မင်းမြတ်၏ အမိန့်တော်အရ ယနေ့မှစ၍ ဖန့်ချန်ကို ဟင်လင်ပြင်ထာဝရဓားဂိုဏ်း၏ ဓားဦးဆောင်သူအဖြစ် ခန့်အပ်လိုက်သည်"

​မြို့တော်၏ ကောင်းကင်ယံထက်တွင် ဟိန်းထွက်လာသော ကြေညာသံကြောင့် လက်ဖက်ရည် သောက်နေသော ရွှီဖုန်း၏ လက်မှာ တစ်ချက်မျှ တုံ့ခိုင်းသွားသည်။

​"ဟင်လင်ပြင်ဓားဂိုဏ်းမှာ ဓားဦးဆောင်သူ ရှိသွားပြီလား"

​ရွှီဖုန်းက လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်ရင်း သံသယဖြင့် မေးလိုက်သည်

"ဒီဖန့်ချန်ဆိုတာ ဘယ်သူမို့လို့ ဓားဦးဆောင်သူ ဖြစ်ခွင့်ရတာလဲ ဒီရာထူးက နတ်မျိုးစေ့ တစ်ယောက်ထက်တောင် အဆပေါင်း ရာချီပြီး အရေးပါတာလေ"

​"အမည်ကတော့ ရင်းနှီးသလိုပဲ"

စူးလင်ကျူ ၏ မျက်ဝန်းထဲတွင် စဉ်းစားဟန်တစ်ခု ပေါ်လာသည်။

​လူတိုင်းက ထိုဖန့်ချန်အကြောင်းကို ဝိုင်းဝန်းဆွေးနွေးနေကြစဉ် ခဏအကြာတွင် အသားအရောင် အနည်းငယ် ဝါဖျော့နေသော လူငယ်တစ်ဦးက နှာခေါင်းရှုံ့ကာ လှောင်ပြောင်လိုက်သည်

​"မင်းတို့ မေ့နေကြပြီလား ဟိုနတ်ဆိုးမ နဲ့ တစ်ဂိုဏ်းတည်းက ကောင်လေ"

​လူတိုင်း ထိုလူငယ်ကို ကြည့်လိုက်ကြသည်။

သူကား ကောင်းကင်ဘုရင်ကျန့်အိမ်တော်မှ သားတော် ကိုင်ဝူ ပင် ဖြစ်သည်။

​"သတိရပြီ"

ကိုင် ဝူ၏ သတိပေးချက်ကြောင့် လူများစွာက ဖန့်ချန်ကို ပြန်လည် အမှတ်ရလာကြသည်။

​ကျီးလျန်က လူတိုင်းကို ဝေ့ကြည့်ကာ

"နှစ်အနည်းငယ်အတွင်းမှာပဲ ကျုပ်တို့ ဒီလူကို မေ့သွားကြတာကတော့ ထူးဆန်းတယ်နော်"

​"ထူးဆန်းတာ မဟုတ်ဘူး၊ သူကိုယ်တိုင်က အစကတည်းက လူအရေးမပါတဲ့ နောက်ခံမရှိတဲ့ ကောင်မို့လို့ပါ ကံကောင်းလို့ ရှေးဟောင်းတာအိုပညာ တစ်ခုနှစ်ခု တတ်ထားရုံတင်"

ရွှီဖုန်းက အေးစက်စွာ ပြောသည်

"ကျုပ်ကြည့်ရတာ သူဟာ ရှေးဟောင်းနတ်ဘုရားလမ်းစဉ်ကနေ ကျုပ်တို့ထက် အများကြီး စောစော ထွက်လာပြီးမှ အရှက်ကွဲမှာ စိုးလို့ ပုန်းနေတာ ဖြစ်ရမယ်"

"ဓားကျင့်ကြံသူတွေဆိုတာ အရှက်တရားကို အသက်ထက် တန်ဖိုးထားတဲ့ လူတန်းစားတွေပဲ ကျင့်စဉ်လမ်းမှာတော့ သူတို့က သိပ်ခရီးမပေါက်နိုင်ပါဘူး"

​"ဓားဂိုဏ်းက ဒီလောက် အလျင်စလို ဓားဦးဆောင်သူ ခန့်တာက အရင်က တိုက်ပွဲနဲ့ ဆက်စပ်နေလိမ့်မယ် အခုကြည့်ရတာ နတ်ဓားအိုကြီး တကယ် ဒဏ်ရာရထားပုံပဲ"

စူးလင်ကျူ က တိုးတိုးလေး ပြောသည်

"ကျွန်မ အမေပြောတာကတော့ တီထျန်းနဲ့ ပေတုက ဓားဂိုဏ်းတွေဟာ ဓားဂိုဏ်းချင်း သဘောတူညီချက်အရ ဓားဦးဆောင်သူ မရှိတဲ့ ဂိုဏ်းဆီက နတ်ဘုရားအမွေအနှစ်တွေကို သိမ်းပိုက်ဖို့ ကြံစည်နေကြတယ်တဲ့"

​"ဒါတင်မကသေးဘူး"

ဟန်လင်ချိုးက ပြုံးကာ ဝမ်ယိကို ကြည့်လိုက်သည်

"ကျုံးကျိုးက တခြားဓားဂိုဏ်းတွေကလည်း ဒီအမွေအနှစ်တွေကို မျက်စိကျနေကြတာ သူတို့မှာ နတ်ဓားအိုကြီးလို ပုဂ္ဂိုလ်မျိုး မရှိပေမဲ့ မသေမျိုးဘုရင် အဆင့်တွေ ရှိနေကြတာပဲလေ"

​"ဝမ်ယိ... မင်းကော ဘယ်လိုထင်လဲ"

ကျီးလျန်က မေးလိုက်သည်။

​ဝမ်ယိသည် ထိုနေရာရှိ တစ်ဦးတည်းသော ဓားကျင့်ကြံသူနှင့် နတ်မျိုးစေ့ ဖြစ်သဖြင့် လူတိုင်းက သူ့ကို စိတ်ဝင်တစား ကြည့်လိုက်ကြသည်။

လင်းယွမ်ဓားဂိုဏ်းသည် ဟင်လင်ပြင်ဓားဂိုဏ်းကို မယှဉ်နိုင်သော်လည်း သူတို့မှာ တာအိုကျောင်းတော်၏ ထောက်ပံ့မှု ရှိသဖြင့် အရှိန်အဝါ ကြီးမားလှသည်။

​ဝမ်ယိက အေးဆေးစွာ ဖြေလိုက်သည်

"သူက အသေခံဖို့ ရှေ့ထွက်လာတဲ့ လူစားထိုးသက်သက်ပဲ မင်းတို့ ဓားဂိုဏ်းအကြောင်း သိပ်မသိလို့ပါ ဓားဦးဆောင်သူဆိုတာ စာချွန်တော် တစ်စောင်နဲ့ ဖြစ်လာတာ မဟုတ်ဘူး"

"သူက ကျုံးကျိုးက ဓားဂိုဏ်းအားလုံးကို အနိုင်ယူပြီးမှ တီထျန်းနဲ့ ပေတုကို သွားပြီး စိန်ခေါ်ရမှာ အရင်က ဝမ်စီနီယာရဲ့ တပည့်နှစ်ယောက်စလုံးက ပါရမီရှင်တွေ ဖြစ်ပေမဲ့ တီထျန်းကို သွားစိန်ခေါ်ရင်း သေခဲ့ကြတာ"

"ဒီဖန့်ချန်ကို ခန့်တာကလည်း လူတွေကို ပါးစပ်ပိတ်ဖို့နဲ့ နတ်ဓားအိုကြီး ဒဏ်ရာပျောက်ဖို့ အချိန်ဆွဲတာပဲ ဖြစ်မှာပါ"

​လူတိုင်းက ဝမ်ယိ၏ စကားကို လက်ခံကြသည်။

ဓားဦးဆောင်သူ ဖြစ်ဖို့ဆိုသည်မှာ သေမင်းနှင့် ကစားရသကဲ့သို့ ခက်ခဲလှသည် မဟုတ်လား။

​"ဒါပေမဲ့ သူ့ရဲ့ ရှေးဟောင်းတာအိုပညာက ဝိညာဥ်ခွဖြာခြင်းအဆင့် ကိုတောင် သတ်နိုင်တဲ့အထိ ပြင်းထန်တယ်ဆိုတာ မေ့လို့မရဘူးနော်"

တစ်စုံတစ်ဦးက သတိပေးသည်။

​ဝမ်ယိက ပြုံးလိုက်ကာ

"ဓားစိန်ခေါ်ပွဲဆိုတာ ဓားပညာချင်း ယှဉ်တာ တခြား အတတ်ပညာတွေ သုံးရင် စည်းကမ်းဖောက်တာပဲ နောက်ပြီး သူ့ရဲ့ ပါရမီက အဖြူရောင်အမြုတေ လို့ ကြားတယ်"

"ဓားစိန်ခေါ်ပွဲအတွက် အနည်းဆုံး ဝိညာဉ်သန္ဓေသားအဆင့် ရှိရမယ် သူက အချိန်တိုအတွင်းမှာ အဲ့ဒီအဆင့်ကို မရောက်နိုင်ရင် စိန်ခေါ်ပွဲမှာ ဝင်ယှဉ်ဖို့ အရည်အချင်းတောင် မရှိပါဘူး"

​လူတိုင်းက ဖန့်ချန်ကို အထင်သေးသော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။

ယခုအခါ ဟင်လင်ပြင်ထာဝရဓားဂိုဏ်း၏ အခြေအနေမှာ ယိမ်းယိုင်နေပြီ ဖြစ်သဖြင့် သူတို့၏ နောက်ခံတောင့်တင်းမှုက ပိုမို ပေါ်လွင်နေတော့သည်။

​"ကိုင်ဝူ မင်းနဲ့ ဖန့်ချန်ကြားက ရန်ငြိုးကို ငါ ဖြန်ဖြေပေးမလို့ လုပ်ခဲ့ပေမဲ့ သူက ငါ့မျက်နှာကို မထောက်ခဲ့ဘူး သူက မင်းကို တကယ် ဒုက္ခပေးချင်နေတာ မင်း ဘယ်လိုထင်လဲ"

ရွှီဖုန်းက မေးသည်။

​ကိုင်ဝူ၏ မျက်နှာမှာ မဲမှောင်သွားသည်။

သူ့ဖခင် မင်းကြီးသည် သူ့ခန္ဓာကိုယ် ပြန်လည် ကောင်းမွန်ရန် နှစ်ပေါင်းများစွာ ကြိုးစားခဲ့ရသော်လည်း အချို့သော အစိတ်အပိုင်းများမှာ မူလအတိုင်း မဖြစ်နိုင်တော့ချေ။

ထို့ကြောင့် သူသည် ဖန့်ချန်နှင့် နတ်ဆိုးမကို အလွန် နာကျည်းနေမိသည်။

​"ငါ ဘာမှ မထင်ဘူး ငါ့အဖေက ဒီနှစ်တွေမှာ ပြဿနာ မရှာဖို့ မှာထားတယ်"

ကိုင်ဝူက အေးစက်စွာ ပြောသော်လည်း သူ၏ ရင်ထဲတွင်မူ ကလဲ့စားချေရန် ကြံစည်နေသည်မှာ သိသာလှသည်။

​"ထားလိုက်ပါတော့ ကြားရတာတော့ မြောက်ပိုင်းကျွန်းက နဂါးစားဘုရင် ရဲ့ မွေးစားသား တစ်ယောက် မြို့တော်ကို ရောက်နေတယ်ဆိုပဲ"

​ကျီးလျန်က အုပ်စုထဲမှ လူငယ်လေးတစ်ဦးကို လှမ်းကြည့်လိုက်သည်

"ဖုန်းယာ မင်းလည်း နဂါးစားဘုရင်ရဲ့ မွေးစားသားပဲ မဟုတ်လား မင်းရဲ့ အစ်ကိုက ဘယ်လိုလူမို့လို့ နဂါးစားဘုရင်က အလေးထားရတာလဲ"

​နဂါးစားဘုရင်သည် မွေးစားသားပေါင်းများစွာကို မွေးမြူထားသူဖြစ်ပြီး မည်သည့် စံနှုန်းဖြင့် ရွေးချယ်သည်ကို မည်သူမှ မသိကြချေ။

ဖုန်းယာသည်လည်း နဂါးစားဘုရင်၏ မွေးစားသား ဖြစ်လာပြီးနောက် ဘဝက တစ်ဆစ်ချိုး ပြောင်းလဲသွားသူ ဖြစ်သည်။

​ဖုန်းယာက ခဏမျှ တိတ်ဆိတ်သွားပြီးနောက်

"သူ့မှာ ဘာထူးခြားချက် ရှိလဲဆိုတာ ကျုပ်လည်း မမြင်မိပါဘူး သူက ပျင်းရိပျင်းတွဲ နေတတ်တဲ့ လူတစ်ယောက်ပါပဲ"

​ထိုစဉ် မနီးမဝေးမှ ဝမ်းသာအားရ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်

​"ဖုန်းယာ... ညီလေး မင်းလည်း ဒီမှာ ရှိနေတာလား"

​လူတိုင်း လှည့်ကြည့်လိုက်သောအခါ မနီးမဝေးတွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ရပ်နေသည်ကို တွေ့ရသည်။

သူတို့၏ ကျင့်စဉ်အဆင့်မှာ အခြေခံတည်ဆောက်ခြင်းအဆင့်မျှသာ ရှိသဖြင့် လူတိုင်းက အံ့သြသွားကြသည်။

​"ရှကျီ မင်း ဒီမှာ ရှိနေတာက ပိုထူးဆန်းနေတယ် မဟုတ်လား"

​ဖုန်းယာက မနှစ်မြို့ဟန်ဖြင့် လှမ်းကြည့်ကာ ခပ်အေးအေး ပြောလိုက်တော့သည်။

All Chapters