← Chapters

အခန်း (၃၄၇)

Vol. 35 Ch. 347

အခန်း (၃၄၇)

Vol. 35 Ch. 347

စုန့်စစ်ယွီက ပိုက်ဆံထုတ်ပေးလာသည်ကို မြင်လိုက်ရလျှင် ဝမ်လိန်၏ မျက်နှာက ချက်ချင်းပင် အလွန် ရွှင်လန်းသွားခဲ့လေ၏။

“အိုက်ယား မင်းကတော့.. ဘာတွေလုပ်နေတာလဲ၊ ငါတို့က ဆွေမျိုးတွေပဲလေ၊ ပိုက်ဆံတွေဘာတွေ ပေးနေသေးတယ်”

ဝမ်လိန်က ထိုသို့ပြောနေသော်လည်း ငွေကို သိမ်းဆည်းသည့် အပြုအမူမှာ အလွန်လျှင်မြန်နေခဲ့ပေသည်။ ငွေကို သိမ်းဆည်းပြီးနောက် သူက အပြုံးတစ်ခုဖြင့် စုန့်စစ်ယွီအား ကတိပေးလိုက်လေသည်။

“စိတ်မပူပါနဲ့၊ ဒီကိစ္စကို သုံးရက်အတွင်း အတိအကျ သတင်းပေးမယ်လို့ ဦးလေး ကတိပေးတယ်”

နောက်ဆုံးတွင် အတည်ပြုရန်အချိန်တစ်ခုကို ရရှိလိုက်သောကြောင့် စုန့်စစ်ယွီလည်း စိတ်အေးသွားရပေသည်။

သို့သော် သူမ၏ ကိုယ်ပိုင်ကိစ္စများ ပြီးမြောက်သွားသည့်အချိန်တွင် သူမက လင်းရန်အကြောင်းကို မတွေးဘဲ မနေနိုင်တော့ပါချေ။

သူမ၏ ဦးလေးဝမ်လိန်နှင့် လင်းရန်တို့က နောက်ပိုင်းတွင် လုပ်ဖော်ကိုင်ဖက်များ ဖြစ်လာကြတော့မည်ဖြစ်၍ သူမနှင့် ထိတွေ့ဆက်ဆံရမည့် အခွင့်အရေးကလည်း များစွာ ရှိနေပေလိမ့်မည်။

ထို့ကြောင့် ဤဦးလေးကို အသုံးချပြီး လင်းရန်၏ အခြေအနေကို အနှောင့်အယှက်များ ပေးနိုင်မည့် နည်းလမ်းကို ရှာဖွေရပေမည်။

မည်သို့ပင်ဖြစ်စေ သူမ၏ဘဝ ယခုကဲ့သို့ ဖြစ်ပျက်နေရခြင်းမှာ လင်းရန်ကြောင့်ပင် မဟုတ်ပါလား။

အကယ်၍သာ လင်းရန်သာ ရှုကျစ်ဝမ်နှင့် အေးအေးဆေးဆေး လက်ထပ်ခဲ့ပြီး သူမအတွက်အလုပ်အကိုင်ကို ခိုင်မာအောင် လုပ်ဆောင်နိုင်ခဲ့ပါက ယခုကဲ့သို့သော အခြေအနေမျိုးသို့ ကျရောက်လာမည်မဟုတ်ပေ။

ထိုသို့ တွေးမိလိုက်သည့်အချိန်တွင် စုန့်စစ်ယွီ၏ မျက်ဝန်းများ၌ ပြင်းထန်သော နာကျည်းမှုများ ပေါ်ပေါက်လာခဲ့လေသည်။

ဤမုန်းတီးမှုမှာ လင်းရန်အပေါ်တွင်ရှိနေခြင်းလား၊ သို့မဟုတ် သူမ၏ လက်ရှိအခြေအနေနှင့် ယခင်ဘဝက အဆင်ပြေချောမွေ့ခဲ့သော အခြေအနေတို့ကြားမှ ကွာခြားချက် ကြီးမားလွန်းခြင်းကြောင့်လားဟူသည်ကိုတော့ သူမကိုယ်တိုင်ပင် ဝေခွဲမရပါချေ။

သူမ၏ စိတ်ထဲတွင် ယခုအချိန် အတွေးတစ်ခုသာ ရှိတော့ပေသည်။ ထိုသည်မှာ သူမကိုယ်တိုင် မကောင်းမွန်သော ဘဝတွင် နေထိုင်နေရပါက လင်းရန်မှာလည်း သူမထက်ကောင်းမွန်သော ဘဝကို ရရှိရန် မတွေးရဲသင့်ဟူ၍ပင် ဖြစ်ပေသည်။

ထို့ကြောင့် ခေတ္တမျှ စဉ်းစားပြီးနောက် စုန့်စစ်ယွီက ဝမ်လိန်အား ရုတ်တရက် စကားစလိုက်လေသည်။

“ဒါနဲ့ ဦးလေး..ကျွန်မမှတ်မိသလောက်တော့ လင်းရန်က အရင်က ဟင်းမချက်တတ်ပါဘူး၊ သူ ကျွန်မတို့ရဲ့အိမ်ကနေ ထွက်သွားတာ အခု နှစ်ဝက်တောင် မပြည့်သေးဘူးလေ၊

ဒါပေမဲ့ သူမက စားသောက်ဆိုင်မှာ စားဖိုမှူး ဖြစ်နေပြီတဲ့၊ ကျွန်မ ထင်တာတော့ သူ့ရဲ့ဟင်းချက်လက်ရာက အရည်အသွေး ပြည့်မီပါ့မလား”

စုန့်စစ်ယွီက ထိုသို့ပြောလိုက်သောအချိန်တွင် ဝမ်လိန် ကြောင်အမ်းသွားရလေ၏။

“မင်း ဆိုလိုတာက...”

စုန့်စစ်ယွီက ခပ်တိုးတိုး ရယ်မောလျက် ပြောလိုက်လေသည်။

“အခု သူက စားဖိုမှူးခေါင်းဆောင်အဖြစ် အရွေးခံရတယ်ဆိုတာ အပေါ်ယံ ဟန်ပြဖို့အတွက် ဟင်းနည်းနည်းလောက်ကိုတော့ သင်ထားတာ ဖြစ်ရမယ်

ဒါပေမဲ့ အဲဒီဟင်း နည်းနည်းလောက်ကလွဲရင် ကျန်တဲ့ဟင်းလျာတွေကို သူ ကျွမ်းကျွမ်းကျင်ကျင် ချက်တတ်ပါ့မလား၊ ဦးလေး ဒီလိုမထင်ဘူးလား”

စုန့်စစ်ယွီ ပြောလိုသည့် အဓိပ္ပာယ်မှာ အလွန်ပင် ရှင်းလင်းလွန်းပေ၏။ ဝမ်လိန်သည်လည်း အရူးမဟုတ်သောကြောင့် လင်းရန်ကို မည်သို့ ကိုင်တွယ်ရမည်ကို ချက်ချင်းပင် တွေးမိသွားပြီးနောက် လင်းရန်အား လက်ရှိ စားဖိုမှူးရာထူးမှ မည်သို့ ဖယ်ရှားရမည်ကိုပါ သိရှိသွားခဲ့လေတော့သည်။

ထို့အပြင် ရဲဘော်ကျောက်က ယနေ့တွင် သေချာပေါက် မှာကြားသွားခဲ့သည်။ နောင်လာမည့် ရက်အနည်းငယ်အတွင်း စမ်းသပ်ဖွင့်လှစ်သည့် ကာလက အလွန်အရေးကြီးသည်ဟူ၏။

သူတို့တစ်ဦးချင်းစီ၏ စွမ်းဆောင်ရည်ကိုလည်း အကဲဖြတ်မည်ဖြစ်သောကြောင့် အကယ်၍ တစ်စုံတစ်ဦး၏ စွမ်းဆောင်ရည်က မကောင်းပါက သို့မဟုတ် တစ်စုံတစ်ခု မှားယွင်းသွားပါက သူ၏ လက်ရှိရာထူးနေရာမှာ စိတ်မချရတော့ရုံသာမက နောက်ပိုင်းတွင် ဤနေရာ၌ အလုပ်လုပ်ရန်လည်း အခွင့်အရေး လုံးဝရရှိတော့မည် မဟုတ်ပါချေ။

ထိုအကြောင်းကို တွေးမိလိုက်သည်နှင့် ဝမ်လိန်တစ်ယောက် ချက်ချင်းပင် အားရပါးရ ရယ်မောလိုက်ပြီး သူ၏ အပြုံးမှာ ပို၍ပင် တောက်ပလာခဲ့လေတော့သည်။

“စစ်ယွီ စိတ်မပူနဲ့၊ ဦးလေးက မင်းကိုယ်စား ကလဲ့စားချေပေးပါ့မယ်၊ အဲဒီ ကောင်မလေးကို အေးအေးဆေးဆေး နေခွင့်ပေးမှာ မဟုတ်ဘူး!”

ထိုသူက ဆုံးဖြတ်ချက် ခိုင်မာသွားပြီဖြစ်ကြောင်းကို မြင်ရသည့်အချိန်တွင် စုန့်စစ်ယွီကလည်း မည်သည်ကိုမျှထပ်မပြောတော့ဘဲ ဝမ်လိန်နှင့် လမ်းခွဲကာ စက်မှုစက်ရုံ၏ ဝန်ထမ်းအိမ်ရာဝင်းသို့ ပြန်လာခဲ့လေသည်။

သူမ၏အရှေ့မှ ဟောင်းနွမ်းစုတ်ပြတ်ကာ ကျဉ်းမြောင်းလွန်းသော အိမ်ရာအဆောက်အအုံကြီးကို ကြည့်ပြီး စုန့်စစ်ယွီတစ်ယောက် ဤနေရာတွင် နေထိုင်ရန် အလွန်အမင်း မလိုလားနိုင်ဖြစ်နေသော်လည်း ယခုအချိန်တွင် သူမထံ၌ တခြားရွေးချယ်စရာတော့ မရှိပါချေ။

လောင်ကျောက်နှင့်ကိစ္စဖြစ်ခဲ့ပြီးနောက် သူမက ရှောင်ဟူတိို့မိသားစုနှင့် လမ်းခွဲပြီး မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် သူမ၏ အထုတ်အပိုးများကို သယ်ဆောင်ကာ ပြန်လာခဲ့ရသည်။

ကံကောင်းစွာဖြင့် စုန့်ဝေ့က သူမ ပြန်ရောက်လာသည့်အတွက် ဝမ်းသာနေခြင်းမှလွဲ၍ တခြားမည်သည်ကိုမျှ မပြောဆိုခဲ့ပေ။ သူက စုန့်စစ်ယွီ ဤအတောအတွင်း မည်သည့်နေရာသို့ ရောက်နေခဲ့သည်ကိုလည်း မမေးမြန်းခဲ့ပါချေ။

ထို့ကြောင့် စုန့်စစ်ယွီအနေဖြင့် မည်သည်ကိစ္စကိုမျှ မဖြစ်ခဲ့သကဲ့သို့ပင် ထိုအိမ်ရာတွင် ဆက်လက်နေထိုင်နိုင်ခဲ့၏။

လီရှို့လီနှင့် ပတ်သက်လျှင်တော့ ထိုအမျိုးသမီးက သူမ ပြန်ရောက်လာပြီးနောက်တွင် သူမအပေါ် ထားရှိသော သဘောထားက ပြောင်းလဲသွားခဲ့သော်လည်း စုန့်စစ်ယွီအနေဖြင့် ဂရုစိုက်နေရန် စိတ်မပါတော့ပါချေ။

မည်သို့ပင်ဖြစ်စေ စုန့်ဝေ့၏ လက်ရှိ ဆန္ဒများကို ကြည့်ရသလောက် သူနှင့် လီရှို့လီတို့၏ ဆက်ဆံရေးမှာ ယခင်ကထက် များစွာ ပိုမိုကောင်းမွန်လာခဲ့ပြီ ဖြစ်ပေသည်။

ဒုက္ခအတူခံခဲ့ရသော ဤကာလအတွင်း လီရှို့လီက သူ၏အတွက် မည်မျှအရေးကြီးကြောင်းကို စုန့်ဝေ့အနေဖြင့် အပြည့်အဝ သတိပြုမိသွားပုံရသည်။

သို့ဖြစ်ရာ သူမအနေဖြင့် ယခုအချိန်တွင် ကြားထဲမှနေ၍ သွေးထိုးပေးမည်ဆိုပါက မအောင်မြင်နိုင်သည့်အပြင်၊ စုန့်ဝေ့မှပင် သူမအပေါ် မကျေမနပ် ဖြစ်သွားစေနိုင်သည်။

မကျေမနပ်ဖြစ်ခြင်းက အရေးမကြီးပါချေ။ သူမ ယခုအစိုးရိမ်ဆုံးဖြစ်နေသည်က ပိုက်ဆံ မရရှိမည်ကိုသာ ဖြစ်ပေ၏။

မည်သို့ပင်ဖြစ်စေ ယခုအချိန် သူမ၏ အသုံးစရိတ်အားလုံးမှာ စုန့်ဝေ့၏ လျှို့ဝှက်ငွေစုဘူးလေးထံမှ ထွက်လာခြင်းဖြစ်သည်။

စုန့်ဝေ့အနေဖြင့် သူ၏လျှို့ဝှက်ငွေစုဘူး ထားသည့်နေရာကို သူမ ရှာတွေ့ထားသည်မှာ ကြာပြီဖြစ်ကြောင်း သိရှိလိမ့်မည် မဟုတ်ပေ။

လွန်ခဲ့သော အချိန်အနည်းငယ်က သူမဘက်မှ စုန့်ဝေ့ထံသို့ ပိုက်ဆံတောင်းရန် သွားခဲ့ချိန်တွင် သူက သူမအား ဆယ်ယွမ်ခန့်သာ ပေးခဲ့သည်။ ထိုအကြောင်းကို သတိရတိုင်း စုန့်စစ်ယွီတစ်ယောက် ဒေါသထွက်မိရပြန်သည်။

ထိုသူမှာ ယခင်က လင်းရန်အတွက် ပစ္စည်းများစွာ ဝယ်ယူပေးခဲ့ပြီး ငွေယွမ်ရာချီကိုပင် မျက်တောင်မခတ်ဘဲ သုံးစွဲခဲ့သူ ဖြစ်ခဲ့သော်လည်း ယခုအချိန် သူ၏သမီးအရင်းကိုတော့ ဆယ်ယွမ်ခန့်သာ ပေးနေသည် မဟုတ်ပါလား။

ဤကဲ့သို့သော ခွဲခြားဆက်ဆံမှုများကြောင့် စုန့်စစ်ယွီ၏ နှလုံးသားထဲတွင် ကျန်ရှိနေသေးသော သံယောဇဉ်လေးမှာ လုံးဝ ပျောက်ကွယ်သွားခဲ့ရလေသည်။

သို့ဖြစ်၍ စုန့်ဝေ့နှင့် လီရှို့လီတို့ အပြင်သို့ထွက်သွားသည့်အချိန်တွင် သူမက စုန့်ဝေ့၏ လျှို့ဝှက်ငွေစုဘူးကို ရက်စက်စွာပင် ဖွင့်လိုက်လေတော့သည်။

သူမက တစ်ခေါက်တည်းဖြင့် ငွေအမြောက်အမြားကို မယူခဲ့ပါချေ။ အောက်ခြေတွင်ရှိသော ယွမ်ရာဂဏန်းတချို့ကိုသာ ယူခဲ့ခြင်း ဖြစ်ပေ၏။

ကျိုးကြောင်းဆီလျော်စွာ ပြောရလျှင် သူမ၏မိခင်သည်လည်း ဤငွေများထဲမှ ဝေစုရရှိသင့်သည်။

ထို့ ကြောင့် သူမအနေဖြင့် အမွေကိုပြန်ယူခြင်းက ပြသနာမရှိပါချေ။

နောက်ပိုင်းတွင် စုန့်ဝေ့က ဤအကြောင်းကို သိသွားပြီး သူမအပေါ် သံသယဝင်လာမည်ကို စိုးရိမ်ရမည်လား။

ထိုသည်က စုန့်စစ်ယွီ၏ စဉ်းစားချက်ထဲတွင် လုံးဝ မရှိပါချေ။

မည်သို့ပင်ဖြစ်စေ ထိုအချိန်ကျလျှင် သူမက နေရာသစ်သို့ ရောက်ရှိသွားကာ ဘဝသစ်ကို စတင်နေပြီဖြစ်ပေလိမ့်မည်။

ထိုနေ့မွန်းလွဲပိုင်းတွင်တော့ စုန့်ဝေ့တစ်ယောက် အိမ်သို့ပြန်လာသည့်အချိန်တွင် အဝေးမှ စျေးတစ်ခုသို့ သွားကာ ဝက်သားချက်တစ်ပေါင်ကို ဝယ်ယူလာခဲ့လေသည်။ သူ၏သမီးဖြစ်သူမှာ ဤအစားအစာကို အလွန်ကြိုက်နှစ်သက်သည်ဟု သူ တွေးထားခဲ့သည်။

ယခုအချိန်အတောအတွင်း ငွေကြေးများကိုချွေတာနေရသော်လည်း သူက အံကိုတင်းတင်းကြိတ်ကာ ဝယ်ယူခဲ့လေ၏။

သူက တခြားမည်သည်ကိုမျှ မတောင်းဆိုတော့ပါချေ။ သမီးဖြစ်သူက သူ၏ဘေးတွင်သာ ဆက်လက်နေထိုင်ပြီး အဝေးသို့ ထပ်မံထွက်မသွားရန်သာ မျှော်လင့်ပေတော့သည်။

သူ့ထံတွင် ဤသမီးတစ်ဦးတည်းသာ ရှိနေသောကြောင့် အကယ်၍ သူမနှင့်ပါ အဆက်အသွယ် ပြတ်သွားမည်ဆိုပါက သူ အိုမင်းမစွမ်းဖြစ်လာချိန်တွင် စောင့်ရှောက်ပေးမည်သူမရှိဘဲ ဖြစ်လာလိမ့်မည်။

သို့ဖြစ်၍ စုန့်ဝေ့ အိမ်သို့ပြန်ရောက်သည့်အချိန် အိမ်ထဲ၌ လိမ္မာစွာရှိနေသည့် စုန့်စစ်ယွီကို ကြည့်ကာ အတော်လေးစိတ်ကျေနပ်ပြီး ပြုံးလိုက်မိသည်။

“စစ်ယွီ.. လာကြည့်ဦး၊ အဖေက မင်းအတွက် ဝက်သားချက်တွေဝယ်လာတယ်၊ မင်း ဒီဟင်းကို အကြိုက်ဆုံးပဲမလား”

သို့သော် စုန့်ဝေ့၏ ထိုအပြုအမူများက စုန့်စစ်ယွီ၏ အမြင်တွင်တော့ အလွန်ပင် ကသိကအောက်ဖြစ်စရာအဖြစ်ရှိနေခဲ့ရလေသည်။

အထူးသဖြင့် သူက ဝက်သားချက်တစ်ပေါင်အတွက် ငွေအနည်းငယ်ကို သုံးစွဲရဲသော်လည်း သူမကိုတော့ ဆယ်ယွမ်ခန့်ကိုသာ တွန့်တိုစွာပေးခဲ့ကြောင်း တွေးမိသည့်အချိန်တွင် သူမ၏ နှလုံးသားထဲတွင် ပို၍ပင် နာကျည်းသွားရပြန်သည်။

သို့သော်လည်း သူမ၏ မျက်နှာပေါ်တွင် အလွန်ပျော်ရွှင်နေသော အပြုံးတစ်ခုကို ဖန်တီးလိုက်လေ၏။

“အဖေက ကျွန်မအပေါ် အရမ်းကောင်းတာပဲ”

ထိုသားအဖနှစ်ဦးသည် တစ်ဦးကိုတစ်ဦး ကြည့်လျက် ပြုံးရယ်နေခဲ့ကြလေသည်။

All Chapters