← Chapters

အခန်း (၃၅၁)

Vol. 36 Ch. 351

အခန်း (၃၅၁)

Vol. 36 Ch. 351

ရှောင်ကျောက်၏စကားကြောင့် လူတိုင်းက သူတို့ အလုပ်ဆင်းသည့်အချိန်၌ မှာယူစားသောက်နိုင်ရန်အတွက် ရှောင်ကျောက် စားခဲ့သော ဟင်းကို စပ်စု၍မေးမြန်းကြတော့သည်။

သို့သော်လည်း ရှောင်ကျောက်က စကားလုံးနှစ်လုံးတည်းဖြင့်သာ ပြန်လည်ဖြေခဲ့ပြီး သူတို့ကို ရှုပ်ထွေးစေခဲ့သည်။

“အံ့အားသင့်ဖွယ် ဟင်းလျာ”

အံ့အားသင့်ဖွယ် ဟုတ်လား?

သူတို့က ဘာဟင်းမှာခဲ့သလဲလို့ မေးနေတာကို သူက သူတို့ကို အံ့အားသင့်အောင် လုပ်ချင်တယ်လို့ ပြောနေတာလား။

လူတိုင်း ဒေါသထွက်တော့မည်ကို မြင်လျှင် ရှောင်ကျောက်က အလျင်အမြန် ရှင်းပြလိုက်လေသည်။

“အဲဒီဟင်းနာမည်ကိုက ‘အံ့အားသင့်ဖွယ်’ လို့ ခေါ်တာ၊ နာမည်အပြည့်အစုံက ‘နေ့စဥ် အကန့်အသတ်ရှိ အံ့အားသင့်ဖွယ်ဟင်းလျာ’ တဲ့

ဒီနေ့ရဲ့ အံ့အားသင့်ဖွယ်ဟင်းကတော့ ကျွန်တော် စားခဲ့တဲ့ ဟင်းပဲ၊ မနက်ဖြန် ဘာဟင်းဖြစ်မလဲဆိုတာတော့ ကျွန်တော်လည်း မသိတော့ဘူး”

ဤသို့ ဟင်းမှာယူသည့် စနစ်မျိုးကို လူတိုင်း ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သောကြောင့် အံ့သြသွားကြပြီး တစ်ဖက်တွင်လည်း စိတ်ဝင်စားမှု အပြည့် ရရှိသွားခဲ့လေတော့သည်။

ထို့အပြင် ရှောင်ကျောက်က မတိုင်မီကပင် ထိုနေရာ၌ စားသောက်ခဲ့ပြီး ဟင်းရည်ပါ အကုန်သောက်ခဲ့သည်ကို ကြည့်ခြင်းအားဖြင့် အနည်းဆုံးတော့ ယနေ့၏ အံ့အားသင့်ဖွယ်ဟင်းလျာမှာ သေချာပေါက် အရသာရှိနေလိမ့်မည်။

သို့ဖြစ်၍ လူတိုင်းက အလုပ်ဆင်းချိန်တွင် ထိုအံ့အားသင့်ဖွယ်ဟင်းလျာကို မြည်းစမ်းကြည့်ရန် ဆုံးဖြတ်လိုက်ကြလေသည်။

…

နေ့လယ် (၁၂)နာရီကျော်သည့်အချိန်တွင် မြို့တော်အစိုးရဌာနများမှ ဝန်ထမ်းအားလုံး အလုပ်ဆင်းကြလေပြီ။

လူအများစုမှာ အိမ်သို့ပြန်၍ ထမင်းစားရန် ရွေးချယ်ကြသော်လည်း တချို့မှာတော့ အနီးအနားရှိ စားသောက်ဆိုင်များတွင် စားသောက်ရန် ရွေးချယ်ကြပေသည်။

အထူးသဖြင့် ရှောင်ကျောက်၏ ကြော်ငြာမှုကြောင့် လူတိုင်းမှာ ထိုအံ့အားသင့်ဖွယ်ဟင်းလျာအပေါ် ပို၍ပင် စပ်စုလိုစိတ် ပြင်းပြနေကြချေပြီ။

ဤသို့ဖြင့် လင်းရန်တစ်ယောက် မီးဖိုချောင်ထဲတွင်ရှိနေစဥ် လီမေ့ထံမှ အံ့အားသင့်ဖွယ်ဟင်းလျာကို မှာယူလိုကြောင်း အလွန်များပြားစွာ ကြားလိုက်ရသည့်အချိန်တွင် ရှုပ်ထွေးသွားရတော့သည်။

လူတိုင်းက ဘာလို့ ဒီလောက်တောင် သတ္တိကောင်းနေကြတာလဲ။ တစ်ခါမှ မကြားဖူးတဲ့ စနစ်သစ်တွေကို ဘာလို့ ဒီလောက်အထိ စမ်းကြည့်ချင်နေကြတာလဲ။

သူမ သံသယဝင်နေချိန်တွင် မှာယူမှုများမှာ သူမ သတ်မှတ်ထားသော ဆယ်ပွဲထက် ကျော်လွန်တော့မည်ဖြစ်ကြောင်းကို မြင်နေရသောကြောင့် လင်းရန်က လီမေ့အား နံရံပေါ်ရှိ ဟင်းစာရင်းတွင် “နေ့စဥ်အကန့်အသတ်ရှိ အံ့အားသင့်ဖွယ်ဟင်းလျာမှာ တစ်နေ့လျှင် (၁၀) ပွဲသာ ရရှိနိုင်သည်” ဟူ၍ သွားရောက်ဖြည့်စွက်ရန် အမြန်ခိုင်းလိုက်လေသည်။

စမ်းသပ်ဖွင့်လှစ်သည့် ကာလတွင် (၁၀) ပွဲဆိုလျှင် လုံလောက်ပေသည်။ နောက်ပိုင်းတွင် တရားဝင်ဖွင့်လှစ်သည့်အချိန်တွင်မှသာ အခြေအနေအရ အရေအတွက်ကို တိုးမြှင့်နိုင်သည်။

လီမေ့မှာ ယခုအချိန်တွင် လင်းရန်ကို အကြွင်းမဲ့ ယုံကြည်နေပြီဖြစ်၍ သူမ ပြောသည့်အတိုင်းပင် ရိုးရှင်းစွာ ဆောင်ရွက်ပေးလေသည်။

မကြာမီ အံ့အားသင့်ဖွယ်ဟင်းလျာကို စောင့်ဆိုင်းနေကြသော ဧည့်သည်များမှာ စားပွဲထိုးလီမေ့က ဟင်းစာရင်းနောက်တွင် “တစ်နေ့လျှင် ၁၀ ပွဲသာ ရရှိနိုင်သည်” ဟူ၍ လာရောက်ဖြည့်စွက်သည်ကို မြင်တွေ့ရသောကြောင့် အံ့သြတကြီးဖြင့် အကြောင်းရင်းကို မေးမြန်းလာကြတော့သည်။

ထိုအချိန်တွင် လီမေ့က အပြုံးတစ်ခုနှင့် ရှင်းပြလိုက်လေသည်။

“ရှားမှ ပိုပြီးတန်ဖိုးရှိတာ မဟုတ်ဘူးလား တကယ်လို့ နေ့တိုင်း စားလို့ရနေမယ်၊ ဘယ်အချိန်သွားသွား ရနေမယ်ဆိုရင် အံ့အားသင့်စရာ ရှိတော့မှာမဟုတ်ဘူးလေ၊ ဟုတ်တယ်မလား.. ဒီဟင်းကို စားတယ်ဆိုတာ အရသာအပြင် အသစ်အဆန်းဖြစ်မှုကိုပါ ခံစားရစေလိမ့်မယ်”

ထိုစကားကို ကြားလျှင် လီမေ့ပြောသည်ာ မှန်ကန်သည်ဟု လူတိုင်း ခံစားလိုက်ရလေသည်။

ဤဟင်းလျာမှာ အမှန်တကယ် အရသာရှိသည်ဟူသောအချက်အပြင် လူအများ လာရောက်စားသောက်ရခြင်း၏ အကြောင်းရင်းတစ်စိတ်တစ်ပိုင်းမှာ ဤဆန်းသစ်သော နာမည်ကြောင့်လည်း ဖြစ်ပေသည်။

လီမေ့၏ပြောပုံအရ အံ့အားသင့်ဖွယ်ဟင်းလျာမှာ နေ့စဉ်နှင့်အမျှ ပြောင်းလဲနေမည်ဖြစ်ပြီး မနက်ဖြန်တွင် တခြားဟင်းလျာများ ဖြစ်နိုင်သည်ဟူ၍ လူတိုင်း သိရှိသွားကြသည်။

ဟင်း... ဒါက တကယ့်ကို စိတ်ဝင်စားစရာကောင်းတာပဲ။

ဧည့်သည်အများအပြားမှာ နေ့စဥ် မည်သည့်ဟင်းအသစ်များ ထွက်လာမည်ကို သိချင်စိတ်သက်သက်ဖြင့်ပင် နေ့စဉ် လာရောက်စားသောက်ချင်စိတ်များဖြစ်လာကြလေတော့သည်။

သူတို့အနေဖြင့် နောက်ပိုင်း မျိုးဆက်များတွင် သူတို့၏ ဤပြုမူပုံကို တိတိကျကျ ဖော်ပြမည့် စကားလုံးတစ်လုံး ရှိလာလိမ့်မည်ကို မသိခဲ့ကြပါချေ။

ထိုသည်က “ ဘလိုင်းဘော့စ်*ဖွင့်ခြင်း” ပင် ဖြစ်ပေသည်။

( T/n : blind box)

ဘလိုင်းဘောက်စ်သေတ္တာဖွင့်ရခြင်းက အမှန်တကယ်ပင် စွဲလမ်းနိုင်သည်။

ဝမ်လိန်ကတော့ လင်းရန်မှ မီးဖိုချောင်ထဲတွင် မုန်ညင်းထုပ်နှင့် ဝက်သားလွှာများကို တစ်ပွဲပြီးတစ်ပွဲ ချက်ပြုတ်နေသည်ကို ကြည့်ကာ မျက်ဝန်းများထဲတွင် အထင်အမြင်သေးမှုများ ပိုမိုနက်ရှိုင်းလာခဲ့လေသည်။

အပြင်ကလူတွေက တကယ့်ကို အရူးတွေပဲ။ တခြား ဘာကိုမှ မစားချင်ကြဘဲ လူတိုင်းက ဒီမုန်ညင်းထုပ်နဲ့ ဝက်သားလွှာတွေကိုပဲ မှာနေကြတယ်။ ကြည့်ရတာလည်း ထူးထူးခြားခြား မရှိပါဘူး။

နာမည်အဆန်းလေးပေးပြီး သူတို့ကို လှည့်စားလိုက်တာပါ မဟုတ်လား။

ဒီလို အိုင်ကျူမျိုးနဲ့ မြို့တော်အစိုးရမှာ အလုပ်လုပ်နေကြတတာလား။

သို့သော်လည်း ဤသို့ဆိုပါက သူ တစ်ခုခုမှားလုပ်မိလျှင်ပင် သူတို့ သိလိမ့်မည်မဟုတ်လောက်ပေ။

သို့သော် ဝမ်လိန် မသိရှိသည့်အချက်မှာ သူ အထင်သေးနေသော ထိုဟင်းလျာက အပြင်ဘက်ရှိ လူတစ်စုထံမှ တညီတညွတ်တည်း ချီးကျူးမှုကို ရရှိနေခြင်းကိုသာ ဖြစ်ပေသည်။

ဤကဲ့သို့သော ချဉ်စပ်ဟင်းရည်ဖြင့် ပြုလုပ်ထားသည့်ဟင်းလျာကို လူတိုင်း ပထမဆုံးအကြိမ် စားဖူးခြင်းဖြစ်ပြီး ရှောင်ကျောက်ကလည်း လင်းရန်အတွက် အမှန်တကယ်ပင် ကြော်ငြာပေးခဲ့သည်။

ချီးကျူးစကားများစွာတို့က အရင်ဆုံး ရောက်နှင့်နေသောကြောင့် သူတို့အနေဖြင့် စားရသည်ကို မကျေမနပ် မဖြစ်သည့်အပြင် ရှောင်ကျောက်ကဲ့သို့ပင် ခံစားခဲ့ကြရလေသည်။

ဤဟင်းလျာမှာ အလွန်ပင် ခံတွင်းတွေ့စေပြီး ထမင်းကိုလည်း မြိန်စေသည်။ ဤဟင်းရည်တစ်ခုတည်းနှင့်ပင် ထမင်းအမြောက်အမြားကို စားသောက်နိုင်ကြသည်။

အစောပိုင်းရောက်လာသူတချို့က မြိန်ယှက်စွာ စားသောက်နေကြသော်လည်း နောက်မှ ရောက်လာသူများမှာတော့ ယနေ့အတွက် ဝေစုကုန်သွားပြီဖြစ်ကြောင်း သိလိုက်ရသည့်အချိန်တွင် ကြောင်အမ်းသွားကြရလေတော့သည်။

အထူးသဖြင့် နောက်မှရောက်လာသူများမှာ တခြားသူများ၏ စားပွဲပေါ်တွင် ဟင်းရည်ပင် မကျန်တော့သည်ကို မြင်ရသည့်အခိုက်တွင် အမှန်တကယ် အရသာရှိကြောင်းကို သဘောပေါက်သွားပြီး နောင်တရကာ ရင်ဘတ်ကိုသာ ထုနေမိကြတော့၏။

ဘာလို့ စောစောမလာခဲ့မိတာလဲ။

အကယ်၍ အနည်းငယ်မျှ စောစောလာခဲ့ပါက နောက်ဆုံးတစ်ပွဲကို မီသွားနိုင်သည် မဟုတ်ပါလား။

နှမြောစရာကောင်းစွာဖြင့် လင်းရန်က စည်းကမ်းချက်များကို ရှင်းလင်းစွာ သတ်မှတ်ထားပြီးဖြစ်၍ ယခုအချိန်တွင် သူမ၏ စိတ်ကူးကို ပြောင်းလဲခိုင်းပြီး သူတို့အတွက် ဝေစုအနည်းငယ် ထပ်မံဖြည့်စွက်ပေးခိုင်းရန် ခဲယဉ်းပေသည်။

သို့ဖြစ်၍ နောက်ဆုံးမှရောက်လာသော လူတစ်စုမှာ တခြားဟင်းလျာများကိုသာ မှာယူရန်ရန်ကလွဲ၍ တခြားရွေးချယ်စရာ မရှိတော့ပါချေ။

သို့သော် ယနေ့ လူ အလွန်များသောကြောင့်လား သို့မဟုတ် ဝမ်လိန်က တခြားဟင်းခတ်အမယ်များကို လုံလောက်အောင် မပြင်ဆင်ထားသောကြောင့်လားတော့ မသိပါချေ။

လင်းရန်တစ်ယောက် ဧည့်သည်များအတွက် ဟင်းအနည်းငယ်ကိုသာ ချက်ရသေးသော်လည်း ဟင်းချက်ရန်အမယ်များ မလောက်တော့သည်ကို သတိပြုမိသွားရသည်။

သူမက မျက်မှောင်ကြုတ်လိုက်ပြီး ပါဝင်ပတ်စ္စည်းများ ထားရှိရာနေရာကို လှမ်းကြည့်လိုက်လျှင် ကုန်ကြမ်းပစ္စည်းများစွာ ရှိနေသေးကြောင်း တွေ့ခဲ့ရသည်။

သို့သော်လည်း လှီးဖြတ်ဆေးကြောပြီး အသင့်အသုံးပြုနိုင်ရန် ပြင်ဆင်ထားသည့်အရာများမှာ မရှိတော့ပါချေ။

ဤလုပ်ငန်းများကို လုပ်ဆောင်ရမည့်သူက ဝမ်လိန်ပင် ဖြစ်ပေသည်။

အဆင်သင့် အသုံးပြုနိုင်သော ဟင်းအမယ်များ မရှိတော့သည့်အတွက် လင်းရန်အနေဖြင့် ဟင်းပွဲများကို ဆက်လက်မချက်နိုင်တော့ပေ။

ထို့ကြောင့် သူမက အလုပ်ကိုရပ်နားလိုက်ကာ အနောက်ဘက်တံခါးသို့ သွားပြီး ဆေးလိပ် ထပ်မံသောက်နေသော ဝမ်လိန်အား လှမ်းခေါ်လိုက်လေသည်။

“ရဲဘော်ဝမ်လိန်.. အလုပ်လာလုပ်ပါဦး”

ဝမ်လိန်သည်ကား မီးဖိုချောင်ထဲတွင် မည်သည့်အရာများ ဖြစ်နေသည်ကို မသိဘဲ စိတ်မရှည်စွာဖြင့် ပြန်အော်လိုက်၏။

“ဘာအလုပ်လုပ်ရမှာလဲ၊ မင်းလုပ်နေတဲ့ အလုပ်တွေကို ငါက လုပ်ပေးလို့ မရဘူးလေ”

အစောပိုင်းက ရောက်လာသော ဧည့်သည်များမှာ လင်းရန်၏ အံ့အားသင့်ဖွယ်ဟင်းလျာများကိုသာ မှာယူခဲ့ကြသောကြောင့် ဝမ်လိန် စိတ်မဝင်စားခဲ့ပေ။ သူ့အနေဖြင့် နောက်ပိုင်းမှ ရောက်လာသူများမှာလည်း သူမ၏ဟင်းကိုသာ မှာယူကြလိမ့်မည်ဟု တွေးတောနေမိခဲ့သည်။

ထိုသည်က သူမ၏ ထူးခြားသော လျှို့ဝှက်ချက်ပြုတ်နည်းဖြစ်သည့်အတွက် သူမဘာသာ ချက်ရပေလိမ့်မည်။ ထိုသို့ဆိုလျှင် သူ အနားယူကာ ပျင်းရိနေနိုင်သည် မဟုတ်ပါလား။

လင်းရန်သည်ကား ဝမ်လိန်နှင့် ဤမျှအစောပိုင်းကတည်းက အဆင်မပြေဖြစ်ရန် မရည်ရွယ်ထားသော်လည်း ထိုသူ၏ အလုပ်အပေါ်တွင် ထားရှိသော သဘောထားမှာ အလွန်အမင်း ပေါ့ပျက်ပျက်နိုင်လွန်းပြီး သူ၏ တာဝန်ဝတ္တရားကိုပင် ကောင်းမွန်စွာ မဆောင်ရွက်ဘဲ နေလိမ့်မည်ဟု မျှော်လင့်ထားခဲ့ပါချေ။

သူမက မည်မျှပင် စိတ်ရှည်သူဖြစ်ပါစေ တစ်ဖက်လူကိုတော့ အလိုလိုက်နေမည် မဟုတ်ပေ။

ပို၍ဆိုးသည်မှာ လင်းရန်၏ စရိုက်မှာ မူလကတည်းက အလွန်အမင်း စိတ်ရှည်တတ်သူမျိုး မဟုတ်ပါချေ။

သို့ဖြစ်၍ ဝမ်လိန်၏ အဖြေကို ကြားလိုက်ရသည့်အချိန်တွင် လင်းရန်က လှောင်ပြုံးတစ်ခုဖြင့်သာ ပြန်လည်တုံ့ပြန်လိုက်လေသည်။

“ကောင်းပါပြီ၊ ဒါဆိုရင်တော့

ကျွန်မလည်း လူတိုင်းကို အမှန်အတိုင်းပဲ ပြောပြရတော့မှာပေါ့”

ထိုသို့ပြောပြီးနောက် လင်းရန်က လက်ထဲမှ ဟင်းချက်ပစ္စည်းကို ချလိုက်ပြီး လိုက်ကာကိုဖွင့်၍ ထမင်းစားခန်းဘက်သို့ ထွက်သွားခဲ့လေသည်။

ဝမ်လိန်အနေဖြင့် လင်းရန်၏ လေသံက တစ်မျိုးဖြစ်နေသည်ဟု ခံစားမိသော်လည်း သူပြောလိုက်သည့်စကားက မည်သည့်နေရာတွင် မှားယွင်းသွားသည်ကိုတော့ မသိရှိပါချေ။

သူမက ဘာကို အမှန်အတိုင်း ပြောပြမှာလဲ။

သူ ဘာတွေများ ကောင်းကောင်းမွန်မွန် မလုပ်ခဲ့လို့လဲ။

သူ လှီးဖြတ်၊ ဆေးကြော၊ ပြင်ဆင်ရမည့်အရာအားလုံးကို ပြင်ဆင်ပြီးသားဖြစ်ကာ ဘေးနားတွင် အသင့်ချထားခဲ့ပြီး မဟုတ်ပါလား။

သူမက သူ ဘာများကို ထပ်ပြီး လုပ်ပေးစေချင်တာလဲ။

ထိုသို့ တွေးတောရင်း သူက ဟင်းလျာပြင်ဆင်သည့်နေရာသို့ မသိစိတ်ဖြင့် လှမ်းကြည့်လိုက်မိလေသည်။

All Chapters