အခန်း (၃၅၄)
Vol. 36 Ch. 354
အဖြစ်မှန်များက သက်သေပြနေခဲ့လေသည် ။
လင်းရန်နှင့် အားဟွားဟူသော လူငယ်နှစ်ဦးက ရှောင်ကျောက်ကို စိတ်ပျက်အောင် မလုပ်ခဲ့ကြပါချေ။
ထို့အစား တခြားစားသောက်ဆိုင်များတွင် လုပ်သက်ဆယ်စုနှစ်တစ်ခုကျော် ရှိခဲ့သော ဝမ်လိန်ကသာ ဤကဲ့သို့ ခိုးကြောင်ခိုးဝှက် ကိစ္စရပ်များကို လုပ်ဆောင်နေခဲ့လေသည်။
ဤသည်က ရှောင်ကျောက်အနေဖြင့် မည်သို့ပြောရမည်ကိုပင် မသိလောက်အောင် ဖြစ်စေခဲ့သည်။
လင်းရန်တစ်ယောက် တိုင်တန်းမှုများ ပြုလုပ်ပြီးနောက် ရှောင်ကျောက် ဒေါသထွက်သွားသည်ကို မြင်တွေ့လိုက်ရသောကြောင့် အိမ်သို့ ပျော်ရွှင်စွာ ပြန်လာခဲ့လေသည်။
ဝမ်လိန်ကတော့ ဤအကြောင်းကို မသိရှိခဲ့ပါချေ။ သူက အိမ်သို့ပြန်ရောက်ချိန်တွင် လင်းရန်အား အပြင်းအထန် ကျိန်ဆဲပြီးနောက် အကူအညီများကို စတင်ရှာဖွေလေသည်။
ယနေ့ဖြစ်ရပ်က ဝမ်လိန်အား အရှက်ရစေခဲ့သကဲ့သို့ တစ်ဖက်တွင်လည်း သူနှင့်လင်းရန်မှာ ထိပ်တိုက်ရင်ဆိုင်ရမည့် အခြေအနေသို့ ရောက်ရှိသွားခဲ့ပြီဟူ၍ ယူဆလိုက်စောကြောင့် လင်းရန်အပေါ် ယဉ်ကျေးနေရန် အစီအစဉ် မရှိတော့ပေ။
ထို့ကြောင့် ထိုညတွင်ပင် ဝမ်လိန်က သူ၏ အပေါင်းအသင်း သူငယ်ချင်းများကို ရှာဖွေကာလင်းရန်အား မည်သို့ ကိုင်တွယ်ရမည်ကို ဆွေးနွေးတိုင်ပင်ခဲ့လေသည်။
…
နောက်တစ်နေ့တွင်လည်း လင်းရန် ဆိုင်သို့ ရှစ်နာရီဝန်းကျင်တွင် ရောက်ရှိလာခဲ့သည်။ ထို့နောက် လီမေ့နှင့် အားဟွားတို့မှာ သူမထက်စော၍ ရောက်နှင့်နေကြဆဲ ဖြစ်ကြောင်း တွေ့လိုက်ရပေသည်။
ဝမ်လိန်ကရော?
လင်းရန် ဆိုင်ထဲကို ဝေ့ဝဲကြည့်လိုက်သော်လည်း မည်သူ့ကိုမျှ မတွေ့ရပါချေ။
ထို့နောက် လီမေ့အား ထပ်မံမေးမြန်းကြည့်လျှင် သူ ရောက်မလာသေးကြောင်း အတည်ပြုနိုင်ခဲ့လေသည်။
ကြည့်ရသည်မှာ ဤလူသည်က အမှန်တကယ်ပင် သင်ခန်းစာမရသေးပုံရပေသည်။
မနေ့က ဤမျှအဆင့်ထိ မှားယွင်းခဲ့ပြီးဖြစ်၍ ယနေ့တွင် စောစီးစွာလာကာ သူ၏ ကြိုးစားအားထုတ်မှုကို ပြသရန်ပင် မစဉ်းစားဘဲ မနေ့ကအတိုင်း ထပ်မံအပျင်းကြီးနေပြန်ချေပြီ။
သူ၏ ထိုသို့သော သဘောထားနှင့် လုပ်ရပ်မျိုးဖြင့်ဆိုပါက ထိုသူသာ မှတ်တမ်းစာအုပ်ထဲတွင် အမည်ပျက်စာရင်းတွင် မသွင်းခံရပါက မည်သူက အသွင်းခံရပါဦးမည်နည်း။
လင်းရန် ရောက်ရှိပြီး မကြာမီမှာပင် ရှောင်ကျောက်လည်း ရောက်ရှိလာခဲ့ပေသည်။
သူက ဆိုင်ထဲရှိ အခြေအနေကို တစ်ချက်ကြည့်လိုက်ပြီးနောက် မျက်မှောင်ကြုတ်လျက် လင်းရန်အား မေးမြန်းလိုက်သည်။
“ဝမ်လိန် ခုထိ ရောက်မလာသေးဘူးလား”
သူကလင်းရန်ထက် နာရီဝက်ခန့် နောက်ကျ၍ ရောက်လာခြင်းဖြစ်၍ အချိန်က ကိုးနာရီပင် ထိုးတော့မည်။
ပုံမှန်အားဖြင့် ဌာနအသီးသီးမှ ဝန်ထမ်းများက လွန်ခဲ့သောတစ်နာရီခန့်ကတည်းက အလုပ်ဝင်ရပေပြီ။
သူတို့၏ စားသောက်ဆိုင်က ဤအချိန်တွင် မဖွင့်သေးပါသော်လည်း၊ မီးဖိုချောင်လက်ထောက်တစ်ဦးအနေဖြင့် ဝမ်လိန်တွင် လုပ်ဆောင်စရာများစွာ ရှိနေသင့်ပေသည်။
ကိုးနာရီထိုးနေပြီဖြစ်သော်လည်း ထိုသူက အလုပ်မလာသေးပါချေ။
အကယ်၍ ဆယ့်တစ်နာရီဝန်းကျင်တွင် ဧည့်သည်များ ရောက်ရှိလာပါက သူ အရာအားလုံးကို ပြင်ဆင်ရန် အချိန်မီပါဦးမည်လား။
ဤအကြောင်းကို တွေးမိလိုက်သည့်အချိန်တွင် ရှောင်ကျောက်က အချက်တစ်ခုကို ရုတ်တရက် သဘောပေါက်သွားလေသည်။
ဝမ်လိန်က ယမန်နေ့က ဟင်းအမယ်အားလုံးကို အသင့်ဖြစ်အောင် မလုပ်ဆောင်နိုင်ခဲ့သည်ကို ပထမဆုံးနေ့ဖြစ်၍ အတွေ့အကြုံမရှိခြင်းဟူသော ရိုးရှင်းသည့် အကြောင်းပြချက်နှင့် ဖုံးကွယ်ဖြင့် မရနိုင်ပေ။
သူက အလုပ်သို့ အလွန်နောက်ကျမှ လာရောက်သောကြောင့်သာ ပြင်ဆင်ရန် အချိန် မလုံလောက်ခဲ့ခြင်း ဖြစ်ရပေမည်။
သို့ဖြစ်၍ ဤကိစ္စကို သူ၏ ကိုယ်ရေးကိုယ်တာ အကြောင်းရင်းများကြောင့် ဖြစ်ပေါ်လာသော ကြီးမားသည့် အမှားတစ်ခုဟု ခေါ်ဆိုနိုင်ပေသည်။။
ထို့ကြောင့် ရှောင်ကျောက်က လေးနက်သော မျက်နှာအမူအရာဖြင့် သူ၏ စိတ်ထဲရှိ မှတ်စုစာအုပ်ငယ်လေးထဲတွင် ဝမ်လိန်အတွက် အကြောင်းအရာတစ်ခုကို မှတ်သားလိုက်လေသည်။
သူက ဆိုင်ထဲ၌ နာရီဝက်ခန့် စောင့်ဆိုင်းနေခဲ့ပေသည်။ ကိုးနာရီခွဲသို့ ရောက်သည့်အချိန်ထိ ဝမ်လိန် ရောက်မလာသေးသည်ကို တွေ့ရချိန်တွင်တော့ သူ ဆက်လက်၍ မစောင့်ဆိုင်းတော့ရန် ဆုံးဖြတ်လိုက်လေသည်။
သူ အလုပ်ဆင်းချိန်ကျမှသာ ထပ်မံလာစစ်ဆေးမည်ဟု ပြောခဲ့သည်။
ထိုအချိန်တွင် ဆိုင်ထဲ၌ ဧည့်သည်များ မရှိနိုင်တော့သည့်အတွက် လုပ်ငန်းခွင်ကိစ္စများကို ပြောဆိုရန် အကောင်းဆုံးအချိန်ဖြစ်နေပေလိမ့်မည်။
ထိုသို့ပြောပြီးနောက် ရှောင်ကျောက်က အလုပ်သို့ ပြန်သွားခဲ့လေ၏။ သူထွက်ခွာသွားပြီးမှသာ ဝမ်လိန်က အလုပ်သို့ ရောက်ရှိလာခဲ့သည်။
သို့သော်လည်း ရှောင်ကျောက်၏ စကားများကြောင့် မူလက ကြားနေသဘောထားရှိသည့် လီမေ့ပင်လျှင် ဤအခိုက်အတန့်တွင် သူ့အား မမြင်ချင်ယောင်ဆောင်နေခဲ့သည်။
သူမက ရှောင်ကျောက်လာသွားသည့်အကြောင်းကိုပင် ဝမ်လိန်အား အသိပေးခြင်း မပြုတော့ပေ။
ထို့ကြောင့် ဝမ်လိန်က မည်သည့်အရာကိုမျှ မသိရှိဘဲ ညနေပိုင်းတွင် သူလုပ်ဆောင်မည့် အစီအစဉ်ကိုသာ စဉ်းစားကာ မျှော်လင့်တကြီး ရှိနေခဲ့လေသည်။
ဟမ့်! ညနေပိုင်း ငါ့သူငယ်ချင်းတွေ ရောက်လာတဲ့အချိန်ကျမှ မင်း အခုလို မာန်တက်နိုင်ဦးမလားဆိုတာ စောင့်ကြည့်ကြတာပေါ့။
ယနေ့တစ်နေ့လုံးတွင် ဆိုင်ထဲမှ အခြေအနေမှာ အတော်လေး တည်ငြိမ်အေးချမ်းနေခဲ့ပေသည်။
လာရောက်စားသောက်သူက အမြောက်အမြား ရှိနေဆဲဖြစ်ကာ အများစုမှာတော့ ယနေ့အတွက် လင်းရန်၏ အံ့အားသင့်ဖွယ်ဟင်းလျာအတွက် ရောက်လာကြခြင်း ဖြစ်ပေသည်။
လင်းရန်ကလည်း သူတို့အား စိတ်ပျက်အောင် မလုပ်ခဲ့ပါချေ။
နေ့လယ်စာအတွက် အံ့အားသင့်ဖွယ်ဟင်းလျာအဖြစ် သူမက အသက်အရွယ်မရွေး စားသုံးရန် သင့်တော်သော ခရမ်းချဉ်သီး အမဲသားစွပ်ပြုတ်ကို ချက်ပြုတ်ပေးခဲ့ပေသည်။
ခရမ်းချဉ်သီးများကို အရည်ပျော်သွားသည်အထိ ချက်ပြီးနောက် အမဲသားစင်းကောတစ်ဇွန်းနှင့် နံနံပင်အနည်းငယ်ကို ထည့်ကာ မွှေလိုက်ပြီးနောက် ခဏအတွင်း မွှေးကြိုင်လွန်းသော ခရမ်းချဉ်သီး အမဲသားစွပ်ပြုတ် တစ်ပန်းကန် အသင့်ဖြစ်သွားခဲ့လေသည်။
ဤသည်မှာ စွပ်ပြုတ်ဟင်းလျာဖြစ်သော်လည်း သယ်ယူပို့ဆောင်ရေး မလွယ်ကူသော ဤခေတ်ကာလတွင် အဖိုးတန်အသားအဖြစ် သတ်မှတ်ထားသော အမဲသားပါဝင်နေသောကြောင့် ဧည့်သည်များက ယနေ့အတွက် အံ့အားသင့်ဖွယ်ဟင်းလျာအပေါ်တွင်လည်း အလွန်ကျေနပ်သွားကြပေသည်။
သို့သော်လည်း အံ့အားသင့်ဖွယ်ဟင်းလျာမှာ အရေအတွက် ကန့်သတ်ထားသောကြောင့် နောက်ကျမှ ရောက်လာသူများအနေဖြင့် ငေးကြည့်ရုံသာ တတ်နိုင်ခဲ့ပြီး တခြားဟင်းလျာများကိုသာ မှာယူကြရလေသည်။
တစ်ဖက်မှ ဝမ်လိန်သည်ကား ယနေ့ သူပြင်ဆင်ထားသော ဟင်းလျာများက လုံလောက်သည့်အပြင် ပိုလျှံနေသည်ကိုပါ မြင်ရသည့်အတွက် ဂုဏ်ယူဝင့်ကြွားနေခဲ့သည်။
သူက ရှောင်ကျောက်အား ခေါ်ယူကာ သူ ပြင်ဆင်ထားသော ဟင်းလျာများက မည်မျှအထိ သင့်တော်မှန်ကန်ကြောင်းကို ပြသချင်စိတ်ပင် ဖြစ်နေမိပေသည်။
ယမန်နေ့က ကိစ္စမှာ ပထမဆုံးနေ့ဖြစ်၍ အတွေ့အကြုံမရှိခြင်းကြောင့်ဟု ပြောခဲ့သည် မဟုတ်ပါလား။
ဤသို့ဖြင့် အချိန်က ညနေပိုင်းသို့ လျင်မြန်စွာ ရောက်ရှိလာခဲ့ပေသည်။
ညနေပိုင်းအတွက် အခြေအနေမှာ ယမန်နေ့ကအတိုင်းဖြစ်နေပြီး စားသောက်သူ မရှိသလောက် နည်းပါးနေသည်ကို မြင်ရသည့်အတွက် ဝမ်လိန်မှာ စိတ်သက်သာရာရသွားရလေသည်။
မည်သူမျှ လာရောက်ခြင်း မရှိလျှင်ပိုကောင်းလိမ့်မည်။
ထိုသို့ဆိုလျှင် ကိစ္စရပ်များက ကြီးကြီးကျယ်ကျယ် ဖြစ်မလာနိုင်သကဲ့သို့ တခြားသူများမှ လာရောက်နှောင့်ယှက်ပြီး သူတို့၏ လုပ်ဆောင်မှုအား ထိခိုက်စေမည်ကိုလည်း စိုးရိမ်စရာ မလိုတော့ပေ။
သူက နံရံပေါ်ရှိ နာရီကို လှမ်းကြည့်လိုက်လျှင် အချိန်မှာ ငါးနာရီ၊ ခြောက်နာရီဝန်းကျင်သို့ ရောက်ရှိနေကြောင်းကို တွေ့လိုက်ရသည်။
နောက်ထပ် နာရီအနည်းငယ်ကြာလျှင် ဆိုင်ပိတ်တော့မည်။
သူခေါ်ထားသော လူများလည်း ရောက်လာသင့်ပေပြီ။
ထိုအတွေးက သူ၏ဦးနှောက်ထဲသို့ ဖြတ်ပြေးသွားချိန်တွင်ပင် ရင်းနှီးသော လူရိပ်နှစ်ခုက ဆိုင်တံခါးဝတွင် ပေါ်လာခဲ့လေသည်။
ဝမ်လိန်က ခေါင်းမော့ကြည့်လိုက်ပြီး ဆိုင်ထဲသို့ ဝင်လာသူနှစ်ဦးနှင့် အကြည့်ချင်းဆုံလိုက်သော်လည်း မည်သည်ကိုမျှမပြောကြပါချေ။
လီမေ့အနေဖြင့် ဤအချိန်အထိ လာရောက်စားသောက်သူ ရှိနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သူမက လျင်မြန်စွာ မတ်တပ်ရပ်ပြီး အသစ်ရောက်လာသူနှစ်ဦးကို ကြိုဆိုလိုက်လေသည်။
သို့သော် သူတို့ကို သေသေချာချာကြည့်လိုက်သည့်အချိန်တွင် ထိုလူနှစ်ဦးက အတော်လေး စိမ်းသက်နေသကဲ့သို့ သူမ ခံစားလိုက်ရသည်။
သူတို့က မြို့တော်အစိုးရတွင် အလုပ်လုပ်နေသူများနှင့် မတူပါချေ။
မည်သို့ပင်ဖြစ်စေ သူမက ဤနှစ်ရက်အတွင်း ထိုလူနှစ်ဦးကို တစ်ခါမျှ မတွေ့ဖူးခဲ့ပါချေ။
သို့သော်လည်း သူမ ဤနေရာတွင် အလုပ်လုပ်သည်မှာ နှစ်ရက်သာ ရှိသေးသောကြောင့် ထိုလူနှစ်ဦးက မြို့တော်အစိုးရရုံးတွင် အလုပ်လုပ်၊ မလုပ်ကို သေသေချာချာ မခွဲခြားနိုင်ခဲ့ပေ။
ထို့ကြောင့် သူမက သူတို့ကို မြို့တော်အစိုးရရုံးမှ လူများဟုသာ သဘောထားလိုက်ပြီး စားသုံးမည့်ဟင်းလျာကို မေးမြန်းလိုက်လေသည်။
ဝမ်လိန်က လီမေ့အနေဖြင့် ထိုလူနှစ်ဦးကို သံသယမဝင်ကြောင်းကို မြင်လျှင် အောင်ပွဲသည် သူ့ဘက်သို့ ရောက်လာနေပြီဟု ခံစားလိုက်ရသည်။
ထိုလူနှစ်ဦးမှာလည်း လုံးဝ ကြောက်ရွံ့ခြင်းမရှိဘဲ ဤနေရာသို့ အမြဲတစေလာနေကျ လူများကဲ့သို့ပင် ဟင်းလျာများကို ကျွမ်းကျင်စွာ မှာယူကြလေသည်။
သူတို့နှစ်ဦးမှာ အံ့အားသင့်ဖွယ်ဟင်းလျာကို မှာယူရန် ကြံစည်ခဲ့ခြင်း ဖြစ်ပေသည်။
ဆိုရလျှင် ယမန်နေ့က ဝမ်လိန်နှင့် စကားပြောဖြစ်ခဲ့ချိန်တွင် ထိုကောင်မလေး၏ အံ့အားသင့်ဖွယ်ဟင်းလျာက အလွန်ရောင်းကောင်းကြောင်းကိုပြောပြခဲ့သည်။
သူတို့သည် ပြဿနာလာရှာခြင်း ဖြစ်သော်လည်း စားသောက်ချိန်တွင်တော့ ကောင်းကောင်းမွန်မွန် စားချင်ကြသေးသည် မဟုတ်ပါလား။
သို့သော် အံ့အားသင့်ဖွယ်ဟင်းလျာကို နေ့လယ်ကတည်းက မရရှိသူများ ရှိနေခဲ့သည့်အတွက် ညနေပိုင်းတွင် သူတို့အတွက် ဝေစုမကျန်ရှိတော့ပါချေ။
လီမေ့က ထိုဟင်းလျာက ကုန်သွားပြီဖြစ်ကြောင်း အခြေအနေကို ရှင်းပြလိုက်လေသည်။ သို့သော် ထိုလူနှစ်ဦးက သူမ၏စကားကို ကြားလိုက်ရသည့်အချိန်တွင် မျက်နှာများ ချက်ချင်း ပျက်သွားကာ စတင်ကြိမ်းမောင်းပြောဆိုကြတော့သည်။
“မင်းတို့က ဆိုင်ဖွင့်ထားပြီး စားစရာဟင်းတောင် မရှိဘူးလား၊ ဒါဆို ဘာလို့ ဆိုင်ဖွင့်ထားသေးတာလဲ!”
ထိုစကားကို ကြားလိုက်ရချိန်တွင် လီမေ့၏ အမူအရာတို့က တောင့်ခဲသွားပြီး စိတ်ထဲတွင်လည်း ဒဆါသထွက်သွားခဲ့လေ၏။
အကယ်၍ ယခင်က သူမ အလုပ်လုပ်ခဲ့ဖူးသော စားသောက်ဆိုင်မျိုးတွင်သာ ဖြစ်ပါက သူမက တစ်ဖက်လူကို ချက်ချင်းပင် ဤသို့ပြန်လည်ကျိန်းမောင်းလိုက်ပေလိမ့်မည်။
“ကြိုက်ရင်စား၊ မကြိုက်ရင်လည်း ငြိမ်ငြိမ်နေ.. ရှင်းပြတာကိုမှ နားမလည်ရင်လည်း နောက်ဆို ဒီကို လာမစားနဲ့တော့!”