အခန်း (၃၅၅)
Vol. 36 Ch. 355
ဤခေတ်ကာလတွင် နိုင်ငံပိုင်လုပ်ငန်းများတွင်ရှိသော စားပွဲထိုးများက အတော်လေး ဒေါသကြီးကြပေသည်။
လက်ရှိတွင်တော့ လီမေ့အနေဖြင့် ဤနေရာတွင် စမ်းသပ်ကာလထဲတွင်သာ ရှိနေသေးသောကြောင့် ကျိန်းမောင်းခြင်း မပြုနိုင်ပေ။
သို့မဟုတ်ပါက ဤလူနှစ်ဦးကို ဆိုင်ပြင်သို့ ကန်ထုတ်လိုက်သည်မှာ ကြာပေပြီ။
သို့သော် သူမအနေဖြင့် ပြန်လည်မကျိန်းမောင်းနိုင်ပါသော်လည်း သဘောထားက ယခင်ကကဲ့သို့ မကောင်းတော့ပါချေ။
“ဒါကတော့ ဘာမှလုပ်လို့မရဘူးလေ၊ ရှင်တို့နှစ်ယောက်က အရမ်းနောက်ကျမှ ရောက်လာတာကိုး၊ ဒီထက်သာ နည်းနည်းနောက်ကျရင် ဆိုင်ပိတ်တော့မှာ၊
ဒီလောက် မှောင်နေတဲ့အချိန်မှာ ကျွန်မတို့တွေ ဆိုင်ဖွင့်ပေးထားတာတောင် ကောင်းလွန်းနေပြီ”
လီမေ့၏ လေသံမှာ အေးစက်လွန်းသည်။ ထိုလူနှစ်ဦးမှာလည်း လွယ်ကူသူများ မဟုတ်ကြပါချေ။
သို့သော်တစ်ယောက်မှာ စားပွဲကို ရိုက်၍ မတ်တပ်ရပ်ရန် ပြင်လိုက်ချိန်တွင် တခြားတစ်ယောက်က သူ့အား အသာအယာ ပြန်လည်ဖိချလိုက်ပြီး ယနေ့ ဤနေရာသို့ လာရခြင်း၏ ရည်ရွယ်ချက်ကို မမေ့ရန် မျက်ရိပ်ပြ၍ သတိပေးလိုက်လေသည်။
ထိုသို့ သတိဝင်လာချိန်တွင် မတ်တပ်ရပ်လိုက်သူမှာ လျင်မြန်စွာပင် ပြန်လည်တည်ငြိမ်သွားပြီးနောက် နှာခေါင်းတစ်ချက် ရှုံ့လိုက်ကာ လီမေ့အား ပြောလိုက်လေသည် ။
“အံ့အားသင့်ဖွယ်ဟင်းလျာ မရှိရင်လည်း အသားဟင်း နှစ်မျိုးပဲ ပေးတော့”
ထို့နောက် ထိုလူနှစ်ဦးက ဝက်သားနီချက်၊ ငရုတ်သီးနှင့် ဝက်သားကြော်၊ ဝက်သားပဲကြာဆံပေါင်း စသည့် အသားဟင်းကြီးများကိုသာ မှာယူလိုက်ကြလေသည်။
၎င်းတင်မကသေးဘဲ အသီးအရွက်ဟင်းတစ်မျိုးနှင့် စွပ်ပြုတ်တစ်မျိုး၊ စုစုပေါင်း ဟင်းငါးမျိုးအထိ မှာယူလိုက်ကြသည်။
လီမေ့အနေဖြင့် စိတ်ထဲတွင် တိတ်တဆိတ် ရေရွတ်မိလေသည်။
လူနှစ်ယောက်ထဲနဲ့ ဒီလောက်ဟင်းတွေ အများကြီး စားနိုင်ပါ့မလား။သူတို့တြေ ဗိုက်ပေါက်ထွက်သွားမှာကို မကြောက်ကြဘူးလား!
သို့ပါသော်လည်း ထိုသူနှစ်ဦးက ဟင်းမှာယူပြီးနောက် ငွေကြေးနှင့် လက်မှတ်များ ပေးချေလိုက်သောကြောင့် လီမေ့လည်း အပို စကားများကို မပြောတော့ဘဲ မီးဖိုချောင်ထဲတွင် ဟင်းချက်နေသော လင်းရန်ထံသို့ တိုက်ရိုက် အကြောင်းကြားလိုက်လေသည်။
လင်းရန်အနေဖြင့် မတိုင်မီကပင် ပြတင်းပေါက်မှတစ်ဆင့် ထိုလူနှစ်ဦး ဟင်းမှာနေသည်ကို မြင်တွေ့ခဲ့ပြီး ဖြစ်ပေသည်။
ထိုသူတို့ထဲမှ တစ်ဦး၏ ရန်လိုသော အပြုအမူကို ကြည့်ခြင်းအားဖြင့် ဤလူနှစ်ဦးက ပြဿနာရှာရန် ရောက်လာခြင်း ဖြစ်လိမ့်မည်ဟု သူမ ခံစားမိလိုက်၏။
ဤသည်မှာ ရုပ်မြင်သံကြား ဇာတ်လမ်းတွဲများထဲမှ လူမိုက်များ၏ ပုံစံမျိုးဖြစ်နေသည် မဟုတ်ပါလား။
သို့သော်လည်း လင်းရန်အနေဖြင့် မသေချာသေးသောကြောင့် ဆက်လက်စောင့်ကြည့်ရန်သာ ဆုံးဖြတ်လိုက်လေသည်။
မှာယူထားသော ဟင်းလျာများကို အတည်ပြုပြီးနောက် လင်းရန်က သူတို့အတွက် ဟင်းများကို အရင်ဆုံး ချက်ပြုတ်ပေးလိုက်လေသည်။
ထိုလူနှစ်ဦး၏ ရည်ရွယ်ချက်က မရိုးသားလှကြောင်းကို သူမ သံသယရှိနေသောကြောင့် သူတို့ဘက်မှ အပြစ်ရှာရန်အတွက် အခွင့်အရေး မရရှိစေရန် ဟင်းများကို အလွန်လျင်မြန်စွာ ချက်ပြုတ်လိုက်ပေသည်။
အရသာကလား။
ဤဟင်းလျာများမှာ သူမအတွက် ခက်ခဲသော ဟင်းပွဲများမဟုတ်သောကြောင့် အရသာအတွက် စိုးရိမ်နေရန် မလိုအပ်ပါချေ။
အပြင်ဘက်ရှိ လူနှစ်ဦးက ခေတ္တမျှသာ စောင့်လိုက်ရပြီး ဟင်းလျာအတော်များများ ရောက်ရှိလာသည်ကို တွေ့လိုက်ရလေသည်။
သူတို့ာ ဟင်းရောက်လာသည်က နှေးကွေးလွန်းသည်ဟု အပြစ်ပြောရန် တွေးထားသော်လည်း ယခုအချိမ်တွင်တော့ စကားလုံးများကလည်ချောင်းဝတွင်ပင် တစ်ဆို့သွားခဲ့ရလေတော့၏။
သူတို့နှစ်ဦးက တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် အကြောင်းပြချက်မရှိ ကျရှုံးသွားသကဲ့သို့ ခံစားလိုက်ရလေသည်။
သို့သော် ဤသည်က အရေးမကြီးပါချေ။ အစီအစဉ်တစ်ခု မအောင်မြင်ပါက နောက်ထပ် အစီအစဉ်တစ်ခု ရှိနေသေးသည် မဟုတ်ပါလား။
သို့ဖြစ်၍ နောက်တစ်ဆင့်အနေဖြင့် ထိုလူနှစ်ဦးက တည်ငြိမ်စွာဖြင့် သူတို့ရှေ့မှ အရသာရှိသော အစားအသောက်များကို စတင်မြည်းစမ်းကြခဲ့လေသည်။
ဝန်ခံရမည်ဆိုပါက ထိုဆံပင်ဝါမလေး ချက်ပြုတ်သော ဟင်းလျာများမှာ အမှန်တကယ်ပင် အရသာရှိလွန်းသည်။
သူတို့က ဝမ်လိန် အလုပ်လုပ်ခဲ့သော စားသောက်ဆိုင်တွင်လည်း ဤဟင်းမျိုးကို အကြိမ်ကြိမ် စားဖူးပါသော်လည်း ဤမျှအထိ အရသာရှိသည်ဟု သူတို့ မခံစားခဲ့ရဖူးပါချေ။
ထိုသူနှစ်ဦးက ရည်ရွယ်ချက်တစ်ခုဖြင့် လာရောက်စားသောက်ခြင်း ဖြစ်သော်လည်း မထင်မှတ်ဘဲ စားသောက်နေချိန်တွင် အရသာထဲ၌ အလွန်အမင်း စီးမျောသွားသောကြောင့် အဓိကကိစ္စကိုပင် မေ့လျော့သွားခဲ့ကြသည်။
ဝန်လိန်က မီးဖိုချောင် ပြတင်းပေါက်မှ လှမ်းကြည့်နေခဲ့လေ၏။
ထိုလူနှစ်ဦးက အစားအသောက်များကို စားသောက်ခြင်းထဲတွင်သာ အမှန်တကယ် အာရုံရောက်နေကြောင်းကို မြင်တွေ့လိုက်ရလျှင် အလွန်ပင် စိုးရိမ်ပူပန်လာခဲ့ကာ သူတို့ကို သွားရောက်သတိပေးချင်စိတ်ပင် ဖြစ်နေခဲ့သည်။
သို့သော် သူ၏ဘေးတွင်ရှိနေသော လင်းရန်နှင့် အပြင်ဘက်ရှိ လီမေ့တို့ကို လှမ်းကြည့်လိုက်ပြီးနောက် နောက်ဆုံးတွင်တော့ ထိုလူနှစ်ဦးကို လူစိမ်းများကဲ့သို့ပင် ဆက်လက် ဟန်ဆောင်နေလိုက်ရလေသည်။
မဟုတ်ပါက ဖန်တီးထားသောဇာတ်လမ်းမှာ ဆက်လက်ကပြရန် မဖြစ်နိုင်တော့ဘဲ ပျက်စီးသွားပေလိမ့်မည်။
ထိုလူနှစ်ဦးက နောက်ဆုံးတွင် ဟင်းလျာအားလုံးကို ကုန်စင်အောင် စားသောက်ပြီး ဗိုက်များမှာလည်း ဖရဲသီးကြီးများကဲ့သို့ ဖောင်းကားနေချိန်မှသာ ယနေ့ ဤနေရာသို့ လာရခြင်း၏ ရည်ရွယ်ချက်ကို သတိရလိုက်ကြလေသည်။
သူတို့က ဗိုက်ကို ပွတ်သပ်လျက် တပြိုင်နက်တည်း အသံကျယ်ကျယ်ဖြင့် လေချဉ်တက်လိုက်ကြပြီးနောက် တစ်ဦးကိုတစ်ဦး အနေရခက်သော အမူအရာတိို့ဖြင့် ကြည့်လိုက်ကြ၏။
သို့သော်လည်း ထိုသူနှစ်ဦးမှာ အရှက်မရှိသူများဖြစ်ကြသောကြောင့် အနေရခက်မှုများ ပြီးဆုံးသွားချိန်တွင် စိတ်သဘောထားကို လျင်မြန်စွာ ပြုပြင်လိုက်ပြီး ကိစ္စကြီးတစ်ခု လုပ်ဆောင်ရန် ပြင်ဆင်လိုက်ကြလေသည်။
သူတို့နှစ်ဦးက တစ်ဦးကို တစ်ဦး ကြည့်လိုက်ကြပြီးနောက် အသံကိုနှိမ့်ကာ လျင်မြန်စွာ ပြောလိုက်သည်။
“မင်းက အဲဒီတစ်ယောက်ကို စောင့်ကြည့်ထားလိုက်၊ ငါ လုပ်လိုက်မယ်”
နောက်တစ်ယောက်က ခေါင်းညိတ်ပြလိုက်ပြီး လီမေ့အား သေသေချာချာ စိုက်ကြည့်နေလိုက်၏။
မည်သို့ပင်ဖြစ်စေ သူတို့နှစ်ဦးကိုဖယ်လိုက်ပါက နေရာတွင် လီမေ့တစ်ဦးတည်းသာ ရှိနေသည်မဟုတ်ပါလား။
စောင့်ကြည့်နေသောသူက လီမေ့၏ အမြင်အာရုံကို ကွယ်သွားစေရန် သူ၏ ကိုယ်နေဟန်ထားကို ပြောင်းလဲလိုက်လေသည်။
ထိုအချိန်တွင် တခြားတစ်ယောက်က အခွင့်ကောင်းယူကာ သူ ကြိုတင်ပြင်ဆင်လာသည့် ဆံပင်ရှည်များကို ဟင်းပန်းကန်ထဲသို့ ထည့်လိုက်တော့၏။
မည်သည်အရာမှ မကျန်တော့ဘဲ ပြောင်ရှင်းနေသည့်သည့် ပန်းကန်ထဲတွင် ဆံပင်အနည်းငယ် တင်နေသည်ကို ကြည့်ပြီး ကာယကံရှင်ဖြစ်သော သူကိုယ်တိုင်ပင်လျှင် အဆင်မပြေသကဲ့သို့ ခံစားလိုက်ရသည်။
သူတို့အနေဖြင့် မတိုင်မီက ဟင်းများကို အလွန်အမင်း ပြောင်စင်အောင် စားခဲ့မိသည်ကို ချက်ချင်းပင် နောင်တရသွားလေသည်။
သို့သော် ယခုအခြေအနေအထိ ရောက်ရှိလာပြီဖြစ်၍ တခြားအခွင့်အရေး မရှိတော့ပါချေ။
ခေတ္တကြာလျှင် သူတို့ဘက်မှ အစောပိုင်းက သတိမထားမိခဲ့ခြင်းဖြစ်ကြောင်းနှင့် ဆိုင်၏ သန့်ရှင်းရေးကို အလွန်အမင်း ယုံကြည်မိခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ရှင်းပြရန်သာ လုပာနိုင်တော့မည်။
သူတိိ့က ဆံပင်ကို အသုံးပြု၍ သူမအား မတရားစွပ်စွဲရန် ကြံစည်ခဲ့ခြင်း ဖြစ်ပေသည်။
ထိုသို့ တွေးမိလိုက်သည်နှင့် ထိုသူက ချက်ချင်းပင် စိတ်အေးသွားရလေသည်။ ထို့နောက် အမြင်အာရုံကို ကွယ်ထားသောသူကို ခပ်တိုးတိုးပြောလိုက်လေသည်။
“ ပြီးပြီ”
ကျန်တစ်ယောက်က နှာခေါင်းတစ်ချက် ရှုံ့ကာ တုံ့ပြန်လိုက်ပြီး စားပွဲပေါ်မှ အခြေအနေကို စစ်ဆေးရန် အနောက်သို့ အသာလှည့်ကြည့်လိုက်လေသည်။
သို့သော် ထိုသို့ လှည့်လိုက်ခြင်းကပင် သူ့အား ထိတ်လန့်သွားစေပြီး ထိုင်ခုံပေါ်မှပင် မှောက်လျက်လဲကျလုနီးပါး ဖြစ်သွားရလေတော့သည်။
ဆံပင်ကို ချလိုက်သူကတော့ သူ၏အနောက်ကို မမြင်ရပါချေ။
သို့သော် သူ၏အဖော်ဖြစ်သူက သရဲကိုမြင်လိုက်ရသကဲ့သို့ ရုတ်တရက် ထိတ်လန့်သွားသည်ကို မြင်တွေ့လိုက်သောကြောင့် သူ ခဏမျှ ကြောင်းအသွားကာ မေးမြန်းလိုက်သည်။
“မင်း ဘာဖြစ်နေတာလဲ အဲဒီလောက် ပြာယာမခတ်နဲ့ဦး၊ စိတ်မပူနဲ့ တစ်ယောက်မှ မမြင်လောက်ဘူး”
“ဘာကို မြင်တာလဲ”
“ငါတို့လုပ်နေတာကိုပေါ့.. “
ထိုသူက မသိစိတ်ဖြင့် ပြန်လည်ဖြေရန် ပြင်ဆင်လိုက်သော်လည်း မေးခွန်းမေးလိုက်သော အသံက သူ၏အရှေ့မှ အဖော်ဖြစ်သူ၏ အသံမဟုတ်ဘဲ အမျိုးသမီးတစ်ဦး၏ အသံဖြစ်နေသည်ကို ရုတ်တရက် သတိပြုမိလိုက်လေသည်။
သူ ထိတ်လန့်သွားပြီး အနောက်သို့ ချက်ချင်းပင် လှည့်ကြည့်လိုက်မိ၏။
ထို့နောက်တွင် လင်းရန်က သူ၏အနောက်တွင် မည်သည့်အချိန်ကတည်းက ရောက်နေသည်မသိဘဲ ရပ်နေကြောင်းကို မြင်တွေ့လိုက်ရလေတော့သည်။
“မင်း... မင်း... မင်း ဘယ်တုန်းက ဒီကို ရောက်လာတာလဲ”
ထိုလူမှာ သူ လုပ်ခဲ့သည့်ကိစ္စများကို သူမ တွေ့ရှိသွားပြီလားဟု တွေးတောကာ ပြာယာခတ်သွားရလေသည်။
အကယ်၍ ဖမ်းမိသွားလျှင် မည်သို့လုပ်ရပါမည်နည်း။ သူတို့ အလုပ်ပင် မစရသေးပါချေ။
သို့သော် ထိုသူက ပြန်လည်စဉ်းစားကြည့်သည့်အချိန်တွင် လင်းရန် မြင်ခဲ့လျှင်ပင် သူမတစ်ဦးတည်းသာ မြင်ခဲ့ခြင်းဖြစ်ကြောင်း သတိရလိုက်သည်။
သူတို့ဘက်မှ နှစ်ယောက်ရှိနေသည် မဟုတ်ပါလား။ သို့ဖြစ်၍ လင်းရန်က လိမ်ပြောနေခြင်းဖြစ်ကြောင်း အတင်းအကျပ်ငြင်းလိုက်လျှင် ရပေသည်။
မည်သို့ပင်ဖြစ်စေ ကိစ္စကြီးလာပါက သူမသည်သာ “တရားခံ” ဖြစ်သွားမည် မဟုတ်ပါလား။
လင်းရန်က သူမ၏ရှေ့မှ လူနှစ်ဦး၏ အမူအရာတို့က တစ်စက္ကန့်ချင်းစီတိုင်းတွင် ပြောင်းလဲနေသည်ကို ထင်ရှားစွာ မြင်တွေ့နေရသောကြောင့် အော်ဟစ်ရယ်မောလုနီးပါး ဖြစ်နေခဲ့သည်။
မျှော်လင့်ထားသည့်အတိုင်းပင်။
ရုပ်မြင်သံကြား ဇာတ်လမ်းတွဲများက အမှန်အတိုင်း ပြောခဲ့ခြင်းသာ ဖြစ်ပေသည်။
လက်တွေ့ဘဝတွင် ဇာတ်လမ်းတွဲများထက်ပင် ပိုမို၍ အဓိပ္ပာယ်မဲ့တတ်ပြီး လူများမှာလည်း ဇာတ်လမ်းတွဲထဲမှ လူများထက်ပင် ပို၍ ဦးနှောက်မရှိ ဖြစ်နေတတ်ကြပေသည်။
ဥပမာအားဖြင့် သူမရှေ့မှ ဤလူနှစ်ဦးကဲ့သို့ပင်။
သူမအနေဖြင့် ဤလူနှစ်ဦးတွင် တစ်စုံတစ်ခု မှားယွင်းနေပြီး ပြဿနာရှာရန် ရောက်လာခြင်းဖြစ်ကြောင်း ခံစားမိခဲ့ပေသည်။
ထို့ကြောင့် သူမက သူတို့ကို စောင့်ကြည့်ရန်အတွက် လူမရှိသော နေရာတစ်ခုကို ရွေးချယ်လိုက်သည့်အချိန်တွင် သူတို့၏ သေးသိမ်သော လှုပ်ရှားမှုများကို တွေ့ရှိသွားရလေ၏။
ထိုနှစ်ယောက်က အမှန်တကယ်ပင် တုံးအလွန်းပေသည်။ သူတို့အနေဖြင့် တစ်ဆိုင်လုံးတွင် လီမေ့တစ်ဦးတည်းသာ ရှိနေသည်ဟု ထင်မှတ်ထားကြပြီး လီမေ့ကိုသာ သတိထား၍ စောင့်ကြည့်နေကြသည်။
ထောင့်တစ်နေရာတွင် ရပ်နေသောလင်းရန်ကို လုံးဝ သတိမပြုမိခဲ့ကြပါချေ။
ဝမ်လိန်၏အကြောင်းကိုပြေရလျှင် ထုသူမှာ သူ ရှာဖွေထားသော လူများက ဤကိစ္စကို အဆင်ပြေချောမွေ့စွာ ကိုင်တွယ်နိုင်လိမ့်မည်ဟု ထင်မှတ်ထားခြင်းလား၊ သို့မဟုတ် သူမကို အမှန်တကယ်ပင် အရူးတစ်ယောက်ဟု ယူဆထားခြင်းလား မသိပါချေ။
သူမ မီးဖိုချောင်ထဲမှ ထွက်လာသည့်အချိန်တွင် ဝမ်လိန်အနေဖြင့် သူမအား တားဆီးရန် မည်သည့်နည်းလမ်းကိုမျှ ကြိုးပမ်းခဲ့ခြင်း မရှိပေ။
ဤလူသုံးဦးနှင့် ပတ်သက်၍ လင်းရန်တစ်ယောက် အနည်းငယ်ပင် ဆွံ့အနေမိရသည်။