← Chapters

အခန်း (၃၅၆)

Vol. 36 Ch. 356

အခန်း (၃၅၆)

Vol. 36 Ch. 356

“ဟေး... ရဲဘော်တို့၊ ခုနတုန်းက ဒီပန်းကန်ထဲကို ထည့်လိုက်တဲ့ဆံပင်က ဘယ်သူ့ဆံပင်လဲ.. ရှင်တို့ ရည်းစားရဲ့ ဆံပင်ဖြစ်နေလို့ သူမအတွက် ဟင်းနံ့လေးပါအောင် လုပ်ပေးပြီးတော့ အိမ်ကို ပြန်ယူသွားပေးချင်တာလား”

သူမ အမှန်တကယ် မြင်သွားခဲ့ချေပြီ။

ထိုလူနှစ်ဦးမှာ အနည်းငယ် ပြာယာခတ်သွားကြသော်လည်း ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီးနောက် အရူးလုပ်ရန် ကြိုးပမ်းကြလေသည်။

“မင်း ဘာတွေ လျှောက်ပြောနေတာလဲ၊ ငါတို့က ဆံပင်ထည့်တယ်ဆိုတာ ဘာကို ဆိုလိုတာလဲ၊ ဒီဆံပင်က မင်း ဟင်းချက်တုန်းက ပါလာတယ်ဆိုတာ သိသာနေတာပဲလေ!”

“ဟုတ်တယ်... ငါတို့က နင်နဲ့တောင် စာရင်းမရှင်းရသေးဘူး! နင်က ဒီဆိုင်ရဲ့ စားဖိုမှူးမလား

ကြည့်လိုက်စမ်း... မင်း ဘာတွေ ချက်ထားတာလဲ! တကယ့်ကို ဆိုးရွားလွန်းတယ်.. သန့်ရှင်းမှုလည်း လုံးဝမရှိဘူး! ဆံပင်တွေတောင် ပါနေတာ၊ တကယ့်ကို ရွံစရာကြီးပဲ!”

ထိုလူမှာ မူလက ဟင်းက အရသာ လုံးဝမရှိဟု ပြောဆိုချင်ခဲ့သော်လည်း ပြောင်စင်နေသော ပန်းကန်ကို ပြန်ကြည့်လိုက်သည့်အချိန်တွင် မည်သူ့ကမျှ ယုံကြည်မည်မဟုတ်ကြောင်း တွေးမိကာ စကားကို အလျင်အမြန် ပြောင်းလိုက်သည်။

လင်းရန်အနေဖြင့် နောက်ဆုံးတွင် ထိုလူနှစ်ဦးက မည်သို့သော လှည့်ကွက်မျိုး အသုံးပြုနေကြောငရး သဘောပေါက်သွားခဲ့ချေပြီ။

သူတို့သည်က အမှန်တကယ်ပင် ဆံပင်ကို အသုံးပြုပြီး သူမအား ထောင်ချောက်ဆင်ရန် ကြံစည်နေကြခြင်းသာ ဖြစ်ပေ၏။

လင်းရန်က ပြန်လည်တုံ့ပြန်ရန် ပါးစပ်ဟလိုက်ချိန်တွင်ပင် တံခါးဝဆီမှ ရဲဘော်ရှောင်ကျောက်၏ အသံက ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။

“ဘာတွေဖြစ်နေတာလဲ တံခါးအပြင်ကနေတောင် ဆူညံသံတွေ ကြားတယ်”

ရှောင်ကျောက်က ယနေ့တွင် အလုပ်တာဝန်များပြားနေသောကြောင့် ပုံမှန်ထက် နောက်ကျမှ အလုပ်ဆင်းခဲ့ရသည်။ ထို့ကြောင့် ငါးနာရီထိုးချိန်တွင် အချိန်မီ ရောက်မလာနိုင်ခဲ့ပါချေ။

သို့သော် ကံကောင်းစွာဖြင့် စားသောက်ဆိုင်မှာ ခြောက်နာရီ သို့မဟုတ် ခုနစ်နာရီအထိ မပိတ်သေးသောကြောင့် သူလာသည့်အချိန်မှာ အလွန်အမင်း နောက်ကျသည်ဟု မဆိုနိုင်ပေ။

ရလဒ်အနေဖြင့် သူ ရောက်လာချိန်တွင် ဆိုင်ထဲ၌ ထမင်းစားနေသော ဧည့်သည်များကိုသာမက တစ်စုံတစ်ခုသော ပြသနာများပါ ဖြစ်ပွားနေခဲ့ကြောင်း တွေ့လိုက်ရသည်။

မိန်းကလေးတစ်ဦးဖြစ်သော လင်းရန် က အရွယ်ရောက်ပြီး အမျိုးသားနှစ်ဦးနှင့် ထိပ်တိုက်ရင်ဆိုင်နေရသည်ကို မြင်ချိန်တွင် ရှောင်ကျောက်က မည်သည့်အရာများဖြစ်နေသည်ကို မသိသေးသော်လည်း ချက်ချင်းပင် အပြေးအလွှား ရောက်ရှိလာခဲ့လေသည်။

ရှောင်ကျောက် ပေါ်လာသောကြောင့် လူတိုင်းက ရပ်တန့်သွားခဲ့ကြသည်။ သို့သော် တစ်ဦးနှင့်တစ်ဦး ခံစားချက်ချင်း မတူညီကြပါချေ။

ထိုလူနှစ်ဦးအနေဖြင့် တစ်စုံတစ်ဦးက အရှေ့သို့ရှေ့ထွက်ပြီး ကူညီလာလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ကြပေ။

ဝမ်လိန်က ဒီအချိန်ဆို ဘယ်သူမှ လာမှာမဟုတ်ဘူးလို့ ပြောခဲ့တာမဟုတ်ဘူးလား။

ဘာလို့ အမျိုးသားတစ်ယောက် ရုတ်တရက် ထွက်ပေါ်လာရတာလဲ။

ထိုလူနှစ်ဦးထက် ပို၍ စိုးရိမ်ပူပန်နေပြီး ပို၍ပင် ပြာယာခတ်နေသူမှာ သေချာပေါက် ဝမ်လိန်ပင် ဖြစ်ပေသည်။

ရှောင်ကျောက်က ဘာလို့ ရောက်လာတာလဲ။

အလုပ်ဆင်းချိန်တောင် ကျော်နေပြီလေ။

သူ ဘာလို့ ဒီကို ရောက်နေရတာလဲ။

အရေးကြီးဆုံး အချက်မှာ သူရောက်လာလျှင် လင်းရန်ဘက်မှ ရပ်တည်ပေလိမ့်မည်။

ထိုအချိန်တွင် သူ၏ သူငယ်ချင်းနှစ်ဦးက အခြေအနေကို ရင်ဆိုင်နိုင်ပါဦးမည်လား။

ဝမ်လိန် မူလက ကြံစည်ထားသည်မှာ သူ၏ သူငယ်ချင်းနှစ်ဦးက လူသူကင်းမဲ့သော ညနေခင်းအချိန်တွင် ဆိုင်ထဲ ဆူညံအောင်လုပ်ကာ ပြန်သွားကြမည်။ ထိုမှတစ်ဆင့် လင်းရန်အား “ဟင်းချက်တာ ညစ်ပတ်တယ်၊ သန့်ရှင်းမှုမရှိဘူး” ဟူသော ဂုဏ်သတင်းဆိုးကို သယ်ဆောင်သွားစေလိမ့်မည်။

ထိုသို့ဆိုလျှင် မနက်ဖြန်တွင် ဝမ်လိန်အနေဖြင့် ရှောင်ကျောက်ထံသို့ သွားရောက်၍ ပြောဆိုပေလိမ့်မည်။

ထို့နောက်တွင် သူမ၏ ဘဝက နိဂုံးချုပ်သွားဆော့မည် မဟုတ်ပါလား။

စားသောက်ကုန်ဆိုသည်မှာ ဗိုက်ထဲသို့ ထည့်သွင်းရသောအရာဖြစ်၍ သန့်ရှင်းစင်ကြယ်မှုက အရေးကြီးအဆုံးဖြစ်သည်။

စားဖိုမှူးတစ်ဦးအနေဖြင့် လင်းရန်က ဤကဲ့သို့သော အမှားမျိုး ကျူးလွန်ခဲ့ပါက လုံးဝ ခွင့်မလွှတ်နိုင်သော အမှားပင် ဖြစ်ပေလိမ့်မည်။

ဤသို့ နှိုင်းယှဉ်ကြည့်မည်ဆိုပါက သူ မနေ့က ဟင်းလျာများကို လုံလောက်အောင် မပြင်ဆင်ခဲ့သည့်အချက်မှာ ပြောလောက်သည့် ကိစ္စပင် မဟုတ်တော့ပါချေ။

ဝမ်လိန်က အစီအစဉ်အားလုံးကို သေသေချာချာ ကြံစည်ထားခဲ့သော်လည်း တွက်ချက်မှုအားလုံးထဲတွင် ရှောင်ကျောက်မှ ဤမျှအထိ နောက်ကျ၍ ရောက်လာလိမ့်မည်ဟူသော အချက်မပါဝင်ခဲ့ပေ။

အကယ်၍ ထိုလူနှစ်ဦးက သူကိုယ်တိုင် ရှာဖွေထားသူများဖြစ်ကြောင်းကိုသာ ရှောင်ကျောက် သိသွားပါက သူ့အနေဖြင့် နောက်နေ့ကို စောင့်နေရန် မလိုတော့ဘဲ ယနေ့ညတွင်ပင် ဆိုင်မှ နှင်ထုတ်ခံရပေလိမ့်မည်။

ထိုသို့ တွေးမိလိုက်လျှင် ဝမ်လိန်တစ်ယောက် အလွန်ပင် စိတ်ပူပန်သွားရလေသည်။

သူက ထိုနေရာသို့ အပြေးအလွှားသွားကာ သူ၏ သူငယ်ချင်းနှစ်ဦးအား ဤကိစ္စကို မေ့လိုက်ရန်နှင့် ပြဿနာ ထပ်မရှာရန် သွားရောက်တားဆီးချင်စိတ်တို့ဖြစ်လာရသည်။

မည်သို့ပင်ဖြစ်စေ သူ၏ အလုပ်ကသာ အရေးအကြီးဆုံး မဟုတ်ပါလား။

နှမြောစရာကောင်းစွာဖြင့် လင်းရန် ဤအခွင့်အရေးကောင်းကိုလက်လွတ်ခံလိမ့်မည် မဟုတ်ပါချေ။

ရှောင်ကျောက် ရောက်မလာပါကလည်း သူမတွင် ထိုလူနှစ်ဦးကို ကိုင်တွယ်ရန် နည်းလမ်းရှိပြီးသားဖြစ်ပေ၏။

အခြေအနေကောင်းပါက သူတို့၏နောက်ကွယ်မှ ဝမ်လိန်ကိုပါ ဖော်ထုတ်နိုင်မည် ဖြစ်ပေသည်။

သို့သော် အဆုံးသတ်တွင် ရှောင်ကျောက်က ရောက်ရှိလာခဲ့ချေပြီ။

လင်းရန်အနေဖြင့် ဤအခြေအနေကို “နတ်ဘုရားတွေ စောင့်ရှောက်ပေးနေတာပဲ” ဟုသာ ဖော်ပြနိုင်နေခဲ့လေ၏။။

သို့ဖြစ်၍ ဝမ်လိန်တစ်ယောက် မျက်နှာပျက်ယွင်းစွာဖြင့် မီးဖိုချောင်ထဲမှ အလျင်အမြန် ထွက်လာသည်ကို မျက်လုံးထောင့်မှ မြင်လိုက်ရသည့်အချိန်တွင် လင်းရန်က ဦးစွာ စကားပြောလိုက်လေသည်။

သူမက ရှောင်ကျောက်အား ပြောလိုက်သည်။

“ရဲဘော်ရှောင်ကျောက်.. အခြေအနေက ဒီလိုပါ ၊ ဒီရဲဘော်နှစ်ယောက်က ကျွန်မတို့ဆိုင်ရဲ့ ဟင်းထဲမှာ ဆံပင်တွေ့တယ်လို့ ပြောနေကြတယ်

စိတ်မကောင်းစရာကောင်းတာက သူတို့တွေ ဟင်းလျာတွေကိုအကုန်စားပြီးတဲ့နောက် ဆံပင်ကို ဟင်းပန်းကန်ထဲကို ထည့်လိုက်တဲ့ မြင်ကွင်းကိုကျွန်မကိုယ်တိုင် မြင်လိုက်ရတာပါပဲ”

“ဟေ့.. မင်း ဘာတွေ လျှောက်ပြောနေတာလဲ သောက်ကောင်မလေး.. ဘယ်သူက တမင်ထည့်မှာလဲ ၊ မင်း ဟင်းချက်တုန်းက ဂရုမစိုက်လို့ ဆံပင်ပါသွားတယ်ဆိုတ် သိသာနေတာပဲလေ

မင်းကိုယ်တိုင်က သန့်သန့်ရှင်းရှင်း မနေဘဲနဲ့ ငါတို့ကို လာစွပ်စွဲနေတာလား မင်းလိုလူမျိုးက စားသောက်ဆိုင်မှာ စားဖိုမှူး လုပ်ရဲတယ်ပေါ့လေ၊

မင်း ချက်တာတွေကို စားပြီး ဧည့်သည်တွေ ဝမ်းလျှောကုန်မှာကို မကြောက်ဘူးလား!”

လင်းရန်က အမှန်အတိုင်း ဖော်ထုတ်လိုက်သည်ကို ကြားရချိန်တွင် ထိုလူနှစ်ဦးမှာ သေချာပေါက် လျစ်လျူမရှုနိုင်တော့ပါချေ။

ထို့ကြောင့်လည်း သူတို့ဘက်သို့ ဝမ်လိန်ကမှ ပြာယာခတ်စွာဖြင့် မျက်ရိပ်ပြနေသည်ကို သတိမပြုမိကြတော့ဘဲ မူလစီမံကိန်းအတိုင်းပင် ဆက်လက်လုပ်ဆောင်ကြလေသည်။

လင်းရန် နောက်ဆုံးတွင် ထိုလူနှစ်ဦးမှာ မည်သို့သောသူများ ဖြစ်ကြောင်းကို အတည်ပြုနိုင်ခဲ့ချေပြီ။

ဆိုရလျှင် ရှောင်ကျောက်ကလည်း သူတစ်ခါမျှ မတွေ့ဖူးသော ဤလူနှစ်ဦးထက် လင်းရန်ကိုသာ ပိုမိုယုံကြည်ပေသည်။

သို့သော်လည်း ဤလူနှစ်ဦးက အကြောင်းပြချက်မရှိ ပြဿနာရှာရန်မှာ မဖြစ်နိုင်သကဲ့သို့၊ ဆိုင်၏ ဂုဏ်သိက္ခာမှာလည်း အလွန်အရေးကြီးသောကြောင့် သူ့အနေဖြင့် ဤကိစ္စကို သေသေချာချာ စုံစမ်းရပေလိမ့်မည်။

ရှောင်ကျောက်က ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ထိုလူနှစ်ဦးကို ကြည့်၍ ပြောလိုက်လေသည်။

“ရဲဘော်တို့.. ဒီဆံပင်ကို ဆိုင်က ဟင်းထဲမှာ တကယ်ပဲ တွေ့ခဲ့တာလား၊ ကျွန်တော်ကြည့်ရသလောက်တော့ ဒီဆံပင်က အတိုလေးမဟုတ်ဘူး

ပန်းကန်ပေါ်မှာ ဒီအတိုင်း တင်နေတာဆိုတော့ တကယ်လို့ ပါလာခဲ့ရင် အစောကြီးကတည်းက တွေ့သင့်တာလေ၊ အခုကျတော့...”

ယခုအချိန်တွင် ဟင်းလျာများမှာ ကုန်စင်သွားခဲ့ပြီ ဖြစ်သော်လည်း၊ သူတို့နှစ်ဦးမှာ ယခုမှ ဆံပင်တွေ့သည်ဟု ပြောနေခဲ့သည်။ မည်သို့ပင်ကြည့်သည်ဖြစ်စေ စားပြီးမှ ပေါ်လာသော ဆံပင်နှင့်သာ တူနေပေတော့သည်။

ရှောင်ကျောက်က ထိုသို့ပြောလိုက်သည့်အချိန်တွင် ထိုလူနှစ်ဦး၏ အမူအရာ မှာ အနည်းငယ်အပြစ်ရှိသကဲ့သို့ ဖြစ်သွားခဲ့ရလေသည်။

မည်သို့ပင်ဖြစ်စေ သူတို့သည်က ဟင်းများကို အလွန်အမင်း ပြောင်စင်အောင် စားခဲ့မိသည်ကို စားမိပြီးမှ သတိပြုမိခဲ့ကြသောကြောင့် အမှန်တကယ်ပင် ရှက်စရာကောင်းနေခဲ့သည်။

သို့သော် ကိစ္စမှာ ဤအဆင့်အထိ ရောက်ရှိလာပြီဖြစ်၍ သူတို့ဘက်မှ အံကြိတ်၍ ဆက်လက် တောင့်ခံထားရန်သာ ရှိတော့ပေသည်။

“ငါတို့ အစက သတိမထားမိလို့ပဲလေ၊ ဒီဆိုင်က ဟင်းချက်တာ ဒီလောက်အထိ စည်းကမ်းမရှိဘူးလို့ ဘယ်သူ သိမှာလဲ ဘာပဲဖြစ်ဖြစ် ဒီဆံပင်ကို မင်းတို့ရဲ့ ဟင်းထဲမှာ တွေ့ခဲ့တာ”

သူတို့နှစ်ဦးက ခေါင်းမာစွာဖြင့် ဆက်လက် အတင်းအကျပ် ပြောဆိုနေသည်ကို မြင်လျှင် ရှောင်ကျောက်တစ်ယောက် ခေတ္တမျှ ရပ်တန့်သွားမိပြီး မည်သို့လုပ်သင့်ကြောင်း မသိဘဲဖြစ်လာရသည်။

မည်သို့ပင်ဖြစ်စေ ဤလူနှစ်ဦးက ပြဿနာရှာနေကြောင်း ထင်ရှားသော်လည်း သူထံတွင် သက်သေအထောက်အထား မရှိနေခဲ့ပေ။

ထို့အပြင် ဤကိစ္စအတွက် ပြည်သူ့လုံခြုံရေးဗျူရိုသို့ သွားရောက်ရန်မှာလည်း မဖြစ်နိုင်ပါချေ။ ထိုသို့လုပ်ဆောင်ခြင်းက ပို၍ပင် အရှက်ရစေပြီး စားသောက်ဆိုင်၏ ဂုဏ်သိက္ခာကို ပိုမိုထိခိုက်စေမည် မဟုတ်ပါလား။

ရှောင်ကျောက် ရှုပ်ထွေးနေချိန်တွင် လင်းရန်က ထိုလူနှစ်ဦးအား မေးမြန်းလိုက်သည်။

“ဒီဆံပင်က ဘယ်သူ့ဆံပင်လဲဆိုတာ မဆုံးဖြတ်ခင်မှာ ကျွန်မအနေနဲ့ ဒီရဲဘော်နှစ်ယောက်ကို အရင်ဆုံး မေးပါရစေ.. ရှင်တို့ ကျွန်မကို အရင်က မြင်ဖူးကြလား “

ထိုလူနှစ်ဦးအနေဖြင့် လင်းရန်က သူတို့နှစ်ယောက် သူမအား သိနေသောကြောင့် သူမကို တမင်သက်သက် ပစ်မှတ်ထားသည်ဟူ၍ ပြောဆိုလာမည်ကို စိုးရိမ်သောကြောင့် တညီတညွတ်တည်း ငြင်းဆိုလိုက်ကြလေသည်။

“ ငါတို့ မင်းကို လုံးဝမသိဘူး! အရင်ကလည်း တစ်ခါမှ မတွေ့ဖူးဘူး!”

သို့ဖြစ်၍ သူတို့က သူမအား သိက္ခာချရန် တမင်သက်သက် ပြဿနာရှာခြင်းမဟုတ်ပေ။

ထိုလူနှစ်ဦးက သူတို့၏ အဖြေက အလွန်ကောင်းမွန်သောကြောင့် လင်းရန်အနေဖြင့် နောက်ထပ် ဆင်ခြေပေးနိုင်တော့မည်မဟုတ်ဟု ထင်မှတ်ထားကြလေ၏။

သို့သော်လည်း သူမက သူတို့၏စကားကို ကြားရသည့်အချိန် ပိုမို၍ စပ်စုလိုသော အမူအရာ မျိုး ပြုလုပ်လာလိမ့်မည်ဟု မည်သူက ထင်မှတ်ထားပါမည်နည်း။

“ဒါဆို ရှင်တို့ နှစ်ယောက်လုံးက ကျွန်မကိုလည်း မသိဘူး၊ အရင်ကလည်း တစ်ခါမှ မတွေ့ဖူးဘူးဆိုမှတော့... ကျွန်မက ဒီဆိုင်ရဲ့ စားဖိုမှူးဆိုတာကို ဘယ်လိုလုပ် သိနေတာလဲ

ပြီးတော့ ကျွန်မကို မြင်မြင်ချင်း ဘယ်လိုလုပ် စားဖိုးမှူးလို့ ချက်ချင်း သိသွားကြတာလဲ?”

All Chapters