← Chapters

အခန်း (၃၅၇)

Vol. 36 Ch. 357

အခန်း (၃၅၇)

Vol. 36 Ch. 357

လင်းရန်က ထိုလူနှစ်ဦး၏ အနောက်တွင် ပေါ်လာချိန်တွင် သူတို့ မည်သည့်အရာများကို လုပ်နေသနည်းဟုသာ မေးမြန်းခဲ့ခြင်း ဖြစ်ပေသည်။

သို့သော် ထိုသူတို့က သူမ၏ ဟင်းချက်လက်ရာတွင် ပြဿနာရှိကြောင်းနှင့် သူမ၏ဟင်းပွဲများက မသန့်ရှင်းကြောင်းကို ချက်ချင်းပင် စတင်ပြောဆိုခဲ့ကြလေ၏။

“ဟုတ်တယ်၊ ကျွန်မလည်း သက်သေခံနိုင်ပါတယ်!”

ထိုအချိန်တွင် ဘေးမှ စိုးရိမ်တကြီး စောင့်ကြည့်နေသော လီမေ့သည်လည်း အရှေ့သို့ ထွက်လာကာ အသံကျယ်ကျယ်ဖြင့် ပြောဆိုလိုက်လေသည်။

“ဒီလူနှစ်ယောက်က စားဖိုမှူးရှောင်လင်းကို မြင်မြင်ချင်းပဲ ဒီဟင်းက သူမ ချက်ထားတဲ့အကြောင်းကို သိနေခဲ့တာ၊ ကျွန်မတောင်မှ သူတို့က စားဖိုမှူးရှောင်လင်းနဲ့ အရင်ကတည်းက သိနေကြတာလားလို့ တွေးမိသေးတယ်

ဒါပေမဲ့ အခုတော့ မသိဘူးလို့ ပြောနေပြန်ပြီ၊ အဲဒါဆိုရင် ဒီဟင်းကို သူမချက်ထားတဲ့အကြောင်းကို ရှင်တို့ ဘယ်လိုလုပ် သိနေတာလဲ!”

ပြောရလျှင် ဤခေတ်ကာလ၌ အမျိုးသမီး စားဖိုမှူးခေါင်းဆောင်ဟူသည်မှာ အလွန်ပင် ရှားပါးလွန်းပေသည်။ အထူးသဖြင့် နိုင်ငံပိုင် စားသောက်ဆိုင်များတွင် စားဖိုမှူးခေါင်းဆောင်အဖြစ် တာဝန်ယူနိုင်သူက ပို၍ပင် နည်းပါးလွန်း၏။

ဤလူနှစ်ဦးက လင်းရန်ကို မြင်လိုက်ရသည်နှင့် သူမက ဤဟင်းပွဲကို ချက်ထားခြင်းဖြစ်ကြောင်း ပြောဆိုနေခဲ့ကြသည်။

အကယ်၍ သူတို့ကသာ လင်းရန်၏ အခြေအနေကို ကြိုတင်မသိရှိထားပါက လူတိုင်းကို အရူးလုပ်နေခြင်းသာ ဖြစ်ပေလိမ့်မည်။

ရှောင်ကျောက်အနေဖြင့် မူလကတည်းက ဤကိစ္စမှာ အနည်းငယ် ထူးဆန်းနေသည်ဟု တွေးတောနေခဲ့ခြင်းဖြစ်ပေ၏။

ယခုအချိန်တွင် လင်းရန်၏ အတွေးအတိုင်း စဉ်းစားကြည့်ပြီးနောက် ဤလူနှစ်ဦးက တမင်သက်သက် ပြဿနာရှာရန် ရောက်လာခြင်းဖြစ်ကြောင်းကို ပိုမိုယုံကြည်သွားခဲ့လေသည်။

သို့ဖြစ်၍ သူ၏ မျက်နှာမှာလည်း မည်းမှောင်သွားခဲ့သည်။ သူကတစ်ဖက်မှ ဤကဲ့သို့သောဖြစ်လာခဲ့လိမ့်မည်ဟု မထင်မှတ်ထားသော လူနှစ်ဦးကို ကြည့်၍ ပြောဆိုလိုက်လေသည်။

“ရဲဘော်တို့... ဒီကိစ္စနဲ့ ပတ်သက်ပြီး ရှင်းပြစရာ တစ်ခုခု ရှိနေသေးလား”

ရှင်းပြရမယ်ဟုတ်လား။ သူတို့က ဘာကို ရှင်းပြရမှာလဲ။

သူတို့မှာ လုံးဝ ရှင်းပြချင်စိတ် မရှိတော့ဘူး။ ဘယ်လို ရှင်းပြရမလဲဆိုတာကိုတောင် မသိတော့ဘူး။

ဝမ်လိန်က ဒီမိန်းကလေးက ကိုင်တွယ်ရလွယ်ကူတယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား။

သူမက ဘာလို့ ဒီလောက်တောင် စကားပြော ပြတ်သားပြီး ဦးနှောက်က မြန်နေရတာလဲ။

သူတို့ ဒါကို ထည့်တောင် မစဉ်းစားမိခဲ့ကြဘူး!

ထိုသူနှစ်ဦးက ပြာယာခတ်သွားကြပြီး တစ်ဦးကိုတစ်ဦး လှမ်းကြည့်လိုက်ကြသည်။ နှမြောစရာကောင်းစွာဖြင့် နောက်တစ်ဦး၏ မျက်ဝန်းထဲတွင်လည်း သူကဲ့သို့ပင် ရှုပ်ထွေးနေသည်ကို တွေ့လိုက်ရကာ ပို၍ပင် ထိတ်လန့်သွားကြရလေသည်။

ဒါကို... ဒါကို... ဘယ်လို ရှင်းပြရပါ့မလဲ။

မီးဖိုချောင်တံခါးဝတွင် ရပ်နေသော ဝမ်လိန်မှာ ဤမြင်ကွင်းကို မြင်လိုက်ရသည့်အချိန်တွင် မူးမေ့လဲကျလုနီးပါး ဖြစ်သွားရလေသည်။

စီစဉ်ထားတုန်းကတော့ သေသေချာချာ ကြံစည်ထားခဲ့တယ်လေ။ ဘာလို့လက်တွေ့လုပ်ဆောင်တဲ့အချိန်မှ အရာအားလုံး ပြောင်းလဲသွားရတာလဲ။

အခုတော့ အပြောင်းအလဲတွေကို လိုက်မမီတဲ့ စီမံကိန်းမျိုးဖြစ်သွားပြီ။

အထူးသဖြင့် ယခုအချိန်တွင် ရှောင်ကျောက်လည်း ရှိနေခဲ့သည်။

ထို့ကြောင့် ဝမ်လိန်အနေဖြင့် မူလက ဤကိစ္စကို ခေတ္တမျှ ရပ်ဆိုင်းထားရန် ကြံစည်ခဲ့သော်လည်း ယခု ထိုလူနှစ်ဦးက အခြေအနေကို ပြန်လည်မထိန်းသိမ်းနိုင်တော့ကြောင်းကို မြင်ရသည့်အချိန် ပို၍ပင် စိတ်မသက်မသာ ဖြစ်သွားရလေသည်။

အကယ်၍ အဆုံးသတ်တွင် သူနှင့် မပတ်သက်ခဲ့လျှင် အကြောင်းမရှိသော်လည်း၊ ဤဝက်ကဲ့သို့ တုံးအသည့် သူငယ်ချင်းနှစ်ဦးကြောင့် သူပါ အဖော်ထုတ်ခံရလျှင် သို့မဟုတ် အမှန်တရား ပေါက်ကြားသွားလျှင် သူ၏ ဘဝပျက်သွားတော့မည် မဟုတ်ပါလား။

သူ အလုပ်ပါ ပြုတ်သွားပေလိမ့်မည်။

သို့သော် သူ့အနေဖြင့် လူအများရှေ့တွင် အရှေ့သို့ထွက်ကာ တစ်စုံတစ်ခု ပြောဆိုရန် မဝံ့ရဲပါချေ။ လင်းရန်နှင့် ရှောင်ကျောက်တို့က သူ့ကို သံသယဝင်သွားမည်ကို စိုးရိမ်နေမိရသည်။

သို့ဖြစ်၍ ဝမ်လိန်တစ်ယောက် ဘေးမှသာ စိုးရိမ်ပူပန်နေရပြီး ဤကိစ္စ မြန်မြန်ပြီးဆုံးသွားရန်နှင့် ထိုလူများ အမြန်ထွက်သွားကြရန်သာ ဆုတောင်းနေခဲ့သည်။

တစ်ဖက်မှ လူနှစ်ဦးအနေဖြင့် မည်သို့ ဆက်လက်လိမ်ညာရမည်ကို မသိကြသော်လည်း၊ သူတို့၏ မျက်လုံးထောင့်မှ ဝမ်လိန်၏ စိုးရိမ်နေသော အမူအရာကို မြင်လိုက်ရသည့်အချိန်တွင် တစ်ဖက်လူက ကိစ္စရပ်များ ပျက်စီးသွားမည်ကို စိုးရိမ်နေခြင်းဖြစ်မည်ဟု ယူဆလိုက်ကြပေသည်။

လာနောက်နေတာလား။

သူတို့အနေဖြင့် မနေ့က ဝမ်လိန်နှင့် သေချာပေါက် ကတိပေးထားခဲ့ကြပြီး လက်ဆောင်များပင် လက်ခံထားခဲ့ကြပေပြီ။ သို့ဖြစ်၍ ဤမျှအလွယ်တကူ လက်မလျှော့နိုင်ပါချေ။

အကယ်၍ ကိစ္စများကသာ ပျက်စီးသွားခဲ့ပါက နောက်ပိုင်းတွင် သူတို့ မျက်နှာပြဝံ့တော့မည် မဟုတ်ပါချေ။

ထို့ကြောင့် အရှုံးမပေးလိုသော စိတ်ဓာတ်က ထိုလူနှစ်ဦး၏ စိတ်ထဲ၌ ရုတ်တရက် ပြည့်နှက်လာခဲ့ပြီး နောက်ဆုံးအထိ အရှက်မရှိ တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ကြကာ အရူးလုပ်၍ ပြောဆိုလိုက်လေသည်။

“ဒီဟင်းက သူမ ချက်တာလားဆိုတာက ငါတို့အတွက် အရေးမကြီးဘူး၊ ငါတို့က ခန့်မှန်းလိုက်တာလေ၊ ဒီအတိုင်း မှန်သွားတာပဲ.. ပြီးတော့ ဒီဟင်းက တကယ်လည်း သူမ ချက်ထားတာပဲလေ၊

ဒီလိုမျိုး ကိစ္စဖြစ်နေတာကို ငါတို့ကို အမြန်မတောင်းပန်ဘဲနဲ့၊ ဒီကို လာပြီး စစ်မေးနေတာက မင်းတို့ဆိုင်ရဲ့ ကောင်းမွန်လွန်းတဲ့ သဘောထားလား?”

ထိုလူနှစ်ဦးက ပြောဆိုရင်း ပို၍ပင် အားမာန်များ ပြည့်လာကြလေသည်။

ရှောင်ကျောက်က ထိုသူတို့ဘက်မှ စကားကို နားမထောင်ဘဲ ဇွတ်တိုးနေသည်ကို မြင်ချိန်တွင်တော့ ဆက်လက်၍ ယဉ်ကျေးပျူငှာနေရန် အစီအစဉ် မရှိတော့ပါချေ။

သူက အေးစက်သော မျက်နှာအမူအရာဖြင့် တိုက်ရိုက်ပင် မေးမြန်းလိုက်လေသည်။

“ဒီဆံပင်က ဆိုင်က ဟင်းချက်တုန်းက ပါလာတာဆိုရင် မင်းတို့မှာ သက်သေရော ရှိလား၊ ဘယ်သူ မြင်ခဲ့လဲ.. မင်းတို့အနေနဲ့ စွပ်စွဲမယ်ဆိုရင် အရာအားလုံးမှာ သက်သေရှိဖို့ လိုတယ်လေ

မဟုတ်ရင်တော့ မင်းတို့က ငါတို့ဆိုင်ကို တမင်သက်သက် လာပြီး ခြိမ်းခြောက်ငွေညှစ်တာလို့ ငါ ပြောရလိမ့်မယ်!”

“သက်သေ ဟုတ်လား.. ဒီဆံပင်က သက်သေ မဟုတ်ဘူးလား၊ ငါတို့က ယောကျ်ားတွေပဲ၊ ငါတို့မှ် ဒီလောက် ဆံပင်ရှည်တွေ ရှိနေပါ့မလား!”

ထိုစကားကို ကြားလျှင် လီမေ့က ဘေးမှနေ၍ ချက်ချင်းပင် ဖြတ်ပြောလိုက်လေသည်။

“အဲဒါကိုတော့ ရှင်တို့က ကြိုတင်ပြီး အိတ်ထဲထည့်လာတယ်၊ ပြီးတော့မှ ကျွန်မတို့ သတိမထားမိတဲ့အချိန်မှာ ထည့်လိုက်တာလားဆိုတာ ဘယ်သူသိနိုင်မှာလဲ!”

မည်သို့ပင်ဖြစ်စေ ယခုကြည့်ရသည်မှာ ဤလူနှစ်ဦးက လူမိုက်ဆန်ဆန် ပြုမူနေခြင်းသာ ဖြစ်ပေ၏။

အဘယ်ကြောင့် သူတို့ကို အလိုလိုက်နေရပါမည်နည်း။

သူမ ယခင်က ဆိုင်၌ ကြုံတွေ့ခဲ့ရသော အခြေအနေများအရဆိုလျှင် နည်းလမ်းတစ်ခုသာ ရှိပေသည်။

“ရဲဘော်ရှောင်ကျောက်.. သူတို့ကို အပြင်ကို နှင်ထုတ်လိုက်တော့၊ သူတို့က လူလိမ်တွေဆိုတာ သိသာနေတာပဲ! ဆက်ပြီး ပြောနေရင် ပိုပြီး ရှုပ်ထွေးကုန်လိမ့်မယ်!”

ထိုစကားကို ကြားချိန်တွင် ရှောင်ကျောက်ကလည်း ဤနည်းဖြင့်သာ ကိုင်တွယ်ရန် ဆုံးဖြတ်လိုက်လေသည်။

မည်သို့ပင်ဖြစ်စေ ဤလူနှစ်ဦး၏ သဘောထားမှာ အလွန်ပင် ဆိုးရွားလွန်းပြီး မည်သည့်သက်သေကိုမျှလည်း မပြသနိုင်ပါချေ။ သူတို့အနေဖြင့် မတိုင်မီက ပြာယာခတ်သွားခဲ့ကြသည် မဟုတ်ပါလား။

သူတို့က တမင်သက်သက် ပြဿနာရှာနေခြင်းမဟုတ်ကြောင်းကို သူ လုံးဝ မယုံကြည်ပါချေ။

ယခုအချိန်တွင် ကိစ္စရပ်များက ဤအဆင့်သို့ ရောက်ရှိနေပြီဖြစ်၍ ညင်သာစွာ ကိုင်တွယ်ရန် နည်းလမ်း မရှိတော့ပေ။

ရှောင်ကျောက်က ထိုလူနှစ်ဦးအား အပြင်သို့ နှင်ထုတ်တော့မည့်ချိန်တွင် လင်းရန်က ရုတ်တရက် ဝင်ပြောလိုက်လေသည်။

“အပြင်ကို နှင်ထုတ်မယ် ဟုတ်လား.. အဲဒါကတော့ မသင့်တော်ဘူး ထင်တယ်နော်”

ဟမ်?

ရှောင်ကျောက်နှင့် လီမေ့တို့က လင်းရန်ဘက်မှ ထိုသူတို့အတွက် ဝင်ပြောပေးလာလိမ့်မည်ဟု မထင်မှတ်ထားခဲ့ကြပါချေ။

အကျိုးသင့်အကြောင်းသင့် စဉ်းစားကြည့်လျှင် သူမက ဤဖြစ်ရပ်၏ နစ်နာသူဖြစ်ပြီး ထိုလူနှစ်ဦးကို အမြန်ဆုံး နှင်ထုတ်လိုက်ရန် ပို၍ ဆန္ဒရှိသင့်သည် မဟုတ်ပါလား။

သူမက ကြောက်တတ်လွန်း၍ ဤလူနှစ်ဦးကို ရန်မပြုရဲခြင်းလား။

လီမေ့က စဉ်းစားကြည့်ပြီး သူမ၏ ခန့်မှန်းချက်မှာ ယုတ္တိရှိသည်ဟု ခံစားလိုက်ရပေသည်။

မည်သို့ပင်ဆိုစေလင်းရန်မှာ အသက် (၂၀)ဝန်းကျင် မိန်းကလေးတစ်ဦးသာ ဖြစ်၍ ကြောက်ရွံ့တတ်သည်က ပုံမှန်သာဖြစ်ပေ၏။

သို့သော် ဤကဲ့သို့သော လူမိုက်များနှင့် ဆက်ဆံရာတွင် အကောင်းဆုံးနည်းလမ်းမှာ ကြောက်ရွံ့မှုမပြဘဲ တင်းတင်းမာမာ တုံ့ပြန်ရန်သာ ဖြစ်ပေသည်။

သို့မဟုတ်ပါက သူတို့ဘက်မှ အလျှော့ပေးလေ၊ ထိုသူတို့က ပို၍ နိုင်ထက်စီးနင်း လုပ်လေဖြစ်ကာ နောက်ပိုင်းတွင်လည်း ထပ်မံနှောင့်ယှက်နေကြဦးမည် မဟုတ်ပါလား။

ထို့ကြောင့် လီမေ့က လင်းရန်အား အတွေ့အကြုံတချို့ သင်ကြားပေးပြီး နှစ်သိမ့်ပေးရန် ပြင်လိုက်ချိန်တွင် လင်းရန်က ဆက်လက်ပြောဆိုလာသည်ကို ကြားလိုက်ရလေသည်။

“သူတို့ကို အပြင်ကို နှင်ထုတ်လိုက်ရုံနဲ့တင် မလုံလောက်ဘူး.. ဒီကိစ္စကို ပြည်သူ့လုံခြုံရေးဗျူရိုကို အကြောင်းကြားဖို့ လိုမယ်လို့ ထင်တယ်”

လီမေ့နှင့် ရှောင်ကျောက် : “?”

တစ်ဖက်မှလူနှစ်ဦး : “!”

မဟုတ်သေးပါဘူး...

ဘာလို့ ရဲစခန်းအထိ သွားရမှာလဲ!

သူတို့က ကိစ္စကို ဒီလောက်အထိ ကြီးကျယ်သွားဖို့ တကယ်ကိုဆန္ဒမရှိဘူးနော်။

ထို့အပြင် ရဲစခန်းဆိုသည်မှာ မည်သို့သော နေရာမျိုးနည်း။ သာမန်လူများပင် ထိုနေရာသို့ သွားရမည်ဆိုလျှင် ခြေဖျားလက်ဖျားများ အေးစက်သွားကြသည် မဟုတ်ပါလား။

သူတို့က လူဆိုးလူမိုက်များလည်း မဟုတ်ဘဲ အဘယ်ကြောင့် ထိုနေရာသို့ သွားရပါမည်နည်း။

ထိုလူနှစ်ဦးထက် ပို၍ ကြောက်လန့်နေသူမှာ သေချာပေါက် ဝမ်လိန်ပင် ဖြစ်ပေသည်။

သူက ဤကောင်မလေး လင်းရန်က ဤမျှအထိ သတ္တိရှိပြီး ကိစ္စကို ရဲများ၏လက်ထဲသို့ တိုက်ရိုက်အပ်နှံရရဲလိမ့်မည်ဟု လုံးဝ မထင်မှတ်ထားခဲ့ပါချေ။

စုန့်စစ်ယွီက လင်းရန်ကို ကိုင်တွယ်ရလွယ်ကူတယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား။ ဘာလို့ လက်တွေ့က သူမပြောတာနဲ့ လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေရတာလဲ။

ထိုသို့ တွေးမိလိုက်သည့်အချိန်တွင် ဝမ်လိန်တစ်ယောက် အပြစ်အားလုံးကို စုန့်စစ်ယွီအပေါ်သို့ မသိစိတ်ဖြင့် ပုံချလိုက်လေသည်။

အကယ်၍ သူမကသာ လင်းရန်ကို နှိပ်ကွပ်ရန် မလှုံ့ဆော်ခဲ့ပါက၊ သူမကို ဖယ်ရှားရတာ လွယ်ကူသည်ဟု မပြောခဲ့ပါက သူ ဤသို့ လုပ်ဆောင်ပါမည်လား။

ဝမ်လိန်က သူ၏ ညံ့ဖျင်းသော အတွေးအခေါ်နှင့် ပေါ့လျော့သော စီမံကိန်းကြောင့်ဟု ဝန်မခံလိုသောကြောင့် အပြစ်တင်စရာ လူတစ်ဦးကိုသာ ရှာဖွေခဲ့သည်။

သူ့ကို ကူညီနေသော သူငယ်ချင်းနှစ်ဦး၏ အပြုအမူများကလည်း ကျိန်ဆဲချင်စိတ်များဖြစ်သွားစေခဲ့သည်။

သို့သော်လည်း နောက်ပိုင်းတွင်လည့် သူတို့နှင့် ဆက်လက်ဆက်ဆံရဦးမည်ကို တွေးမိသောကြောင့် သူတို့အပေါ်သို့ မည်သည့်အရာကိုမျှ မလုပ်ရဲပါချေ။

ထို့ကြောင့် စိတ်ထဲမှသာ သူတို့၏ ဘိုးဘေးဘီဘင် ရှစ်ဆက်ကိုသာ ကျိန်ဆဲနေခဲ့သည်။

နောက်ဆုံးတွင် စာရင်းရှင်းရမည့်သူမှာ စုန့်စစ်ယွီသာ ဖြစ်လာခဲ့ရသည်။

All Chapters