← Chapters

အခန်း (၃၆၀)

Vol. 36 Ch. 360

အခန်း (၃၆၀)

Vol. 36 Ch. 360

ရှောင်ကျောက်၏ စကားများက ဤနိုင်ငံပိုင် စားသောက်ဆိုင်အသစ်တွင်ရှိနေသော ဝမ်လိန်၏ နေ့ရက်များ ကုန်ဆုံးသွားပြီဖြစ်ကြောင်း ကြေညာလိုက်ခြင်းပင် ဖြစ်ပေသည်။

နှစ်ရက်သာ ရှိသေးပေသည်။

သူ စဉ့်တီတုံးကိုပင် သေသေချာချာ မကိုင်ရသေးမီ အလုပ်မှ ထုတ်ပယ်ခံလိုက်ရပြီလား။

ဝမ်လိန်က ရှောင်ကျောက်အား ငေးကြောင်၍ ကြည့်နေမိပြီး မည်သို့ အသနားခံရမည်ကိုပင် မေ့လျော့နေခဲ့ချေပြီ။

သူ၏ ရင်ထဲ၌ အတွေးတစ်ခုသာ ရှိနေသည်။

“အရာအားလုံး ပြီးဆုံးသွားပြီ” ဟူ၍ ဖြစ်ပေသည်။

အရာအားလုံး ပြီးဆုံးသွားခဲ့ချေပြီ။

သူ၏ အလုပ်ပြုတ်သွားခဲ့ပြီ။

အလုပ်ပြုတ်သွားရုံသာမကဘဲ ရှောင်ကျောက်နှင့် မြို့တော်အစိုးရမှ လူများကိုပါ သူ အပြစ်ပြုမိခဲ့ပြီ။

ထိုသို့ဆိုလျှင် နောက်ပိုင်းတွင် အလုပ်ပြန်လုပ်နိုင်ဖို့ အခွင့်အရေး ရှိနိုင်ပါဦးမည်လား။

သို့သော် ထိုနေရာတွင် ရှိနေသည့် မည်သူကမျှ ဝမ်လိန်အပေါ် သနားစိတ်မရှိနေခဲ့ကြပါချေ။ သူက ယခုအချိန်တွင် အမှန်တကယ် သနားစရာကောင်းသည့်အမူအရာမျိုး ဖြစ်နေခဲ့ သော်လည်း။

စိတ်မကောင်းစရာပဲ။

လူတွေကို စိတ်ပျက်အောင်လုပ်ဖို့ ဒီလို လှည့်ကွက်တွေကို ဘယ်သူက ခိုင်းလို့လဲ!

ဤနိဂုံးမှာ သူနှင့် ထိုက်တန်လွန်းပေသည်။

နောက်ဆုံးတွင် ကိစ္စရပ်က စိတ်ကျေနပ်ဖွယ်ရာ ပြီးဆုံးသွားခဲ့ပြီး၊ လင်းရန် က သံသယများထံမှ လွတ်မြောက်သွားရုံသာမက ဝမ်လိန်အားပါ အောင်မြင်စွာ ဖယ်ရှားနိုင်ခဲ့သည်။

ထို့ကြောင့် သူမက စိတ်အခြေအနေအကောင်းဆုံး ဖြစ်နေခဲ့ပေသည်။

ဝမ်လိန်အနေဖြင့် ဒေါသထွက်ပြီး သူမထံ ထပ်မံလာရောက်ဦးမည်လား သို့မဟုတ် သူမအား ကလဲ့စားချေဦးမည်လားဟူသည်နှင့် ပတ်သက်လျှင်တော့...

လင်းရန်အနေဖြင့် သူမက အချိန်မရွေး စောင့်ကြိုနေမည်ဟုသာ ပြောချင်ပေ၏။

သို့သော် ပြန်လည်စဉ်းစားကြည့်သည့်အချိန်တွင် ဝမ်လိန်က ပြဿနာကို စတင်ရှာဖွေခဲ့သူ ဖြစ်နိုင်သော်လည်း ဤသည်က သူကိုယ်တိုင်၏ အတွေးသက်သက်ကြောင့်မဟုတ်ဘဲ တစ်စုံတစ်ဦးမှ သူ့ကို အကြံပေးခဲ့ခြင်းဖြစ်ရပေမည်ဟူ၍ သူမ ခံစားမိလိုက်၏။

လင်းရန်၏ ခန့်မှန်းချက်မှာ အမှန်တကယ်ပင် မှန်ကန်နေခဲ့လေသည်။

ထိုညတွင်ပင် စုန့်ဝေ့၏ မိသားစုမှာ သူတို့နှင့် ဆယ်နှစ်ကျော်ကြာ အဆက်အသွယ်မရှိခဲ့သော သူတို့၏ ယောက်ဖဟောင်းကြီးကို ကြိုဆိုလိုက်ရလေသည်။

တံခါးခေါက်သံကို ကြားရသည့်အချိန် လီရှို့လီမှ တံခါးသွားဖွင့်ပေးလိုက်လေ၏။

သူမက ခါးစည်းဝတ်ထားပြီး ပန်းကန်များကို စင်္ကြံလမ်းအဆုံးရှိ ရေဆေးသည့်နေရာသို့ သွားရောက်ဆေးကြောရန် ပြင်နေချိန်တွင် အပြင်ဘက်မှ တစ်စုံတစ်ဦးက အလျင်အမြန် တံခါးကို ထုလာခဲ့သည်။

“ဘယ်သူလဲ၊ ညဘက်အချိန်ကို အိပ်မရအောင် ဘာလို့ တံခါးလာထုနေတာလဲ”

အိမ်ထဲ၌ ရှိနေသော စုန့်ဝေ့ကလည်း တံခါးခေါက်သံကို နားထောင်ရင်းဖြင့် မျက်မှောင်ကြုတ်သွားခဲ့ပြီး စိတ်ထဲတွင် အတော်လေး မသက်မသာ ဖြစ်သွားရလေသည်။

ကံကောင်းစွာဖြင့် ဘန်ဂလိုမှ ပြောင်းရွှေ့လာပြီးနောက် သူ၏ ဒေါသထွက်တတ်သော အကျင့်က ယခင်ကထက် များစွာလျော့နည်းသွားခဲ့ချေပြီ။

ယခုအချိန်တွင် သူက စိတ်မရှည်သကဲ့သို့ ဖြစ်နေသော်လည်း လီရှို့လီအား ပြောလိုက်လေသည်။

“တစ်စုံတစ်ယောက်က အရေးကြီးကိစ္စ ရှိနေလို့ဖြစ်မယ်၊ အရင်ဆုံး တံခါးဖွင့်ပြီး ကြည့်လိုက်ဦး”

လီရှို့လီလည်း တံခါးဖွင့်ပေးလိုက်ပြီးနောက် ဒေါသထွက်နေသော မျက်နှာအမူအရာဖြင့် အတင်းတိုးဝင်လာသည့် သူစိမ်းအမျိုးသားတစ်ဦးကို တွေ့လိုက်ရလေသည်။

“စုန့်စစ်ယွီ! စုန့်စစ်ယွီ... ထွက်ခဲ့စမ်း!”

“ရှင်က... ဝမ်လိန် မဟုတ်ဘူးလား”

ဝမ်လိန်ကို မြင်လိုက်ရသည့် ခဏ၌ စုန့်ဝေ့တစ်ယောက်စက္ကန့်အနည်းငယ်လောက် ကြောင်အမ်းသွားပြီးမှ တစ်ဖက်လူက မည်သူဖြစ်သည်ကို သတိရသွားခဲ့လေသည်။

“ယောက်ဖ.. ဘာလို့ ဒီကို ရောက်နေတာလဲ?”

စုန့်ဝေ့က မတ်တပ်ထရပ်လိုက်ပြီး ဝမ်လိန်အား ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်လေသည်။

“စုန့်ဝေ့.. မင်းကတော့ အရပ်းကိုကောင်းမွန်တဲ့သမီးကောင်း တစ်ယောက်ကိုပျိုးထောင်ထားနိုင်တာပဲ!”

စုန့်ဝေ့မှ သူ့ကို မှတ်မိနေသေးသည်ကို မြင်လျှင် ဝမ်လိန်က ချက်ချင်းပင် အေးစက်စွာ ပြုံးလိုက်ပြီးနောက် အံကြိတ်လျက် စိုက်ကြည့်လိုက်လေသည်။

သမီးကောင်းတစ်ယောက်ကို ပျိုးထောင်ထားတယ် ဟုတ်လား?

ဒါက ဘာကို ဆိုလိုတာလဲ။ စစ်ယွီက သူ့ရဲ့နောက်ကွယ်မှာ တစ်ခုခု ထပ်ပြီး လုပ်လိုက်ပြန်ပြီလား။

ထိုသို့ တွေးမိလိုက်သည်နှင့် စုန့်ဝေ့၏ ရင်ထဲ၌ ထိတ်ခနဲ ဖြစ်သွားရလေသည်။

သူ၏သမီး စုန့်စစ်ယွီက ယခုတစ်ခေါက် ပြန်ရောက်လာပြီးနောက်တွင် သူက သူမအား အခြေအနေများကို ရှင်းရှင်းလင်းလင်း ပြောပြထားခဲ့ပြီဟု သူ ထင်မှတ်ထားခဲ့ပေသည်။

ယခုအချိန်တွင် သူ၏အခြေအနေတို့က သိပ်ပြီးမကောင်းသောကြောင့် သူမဘက်မှ ထပ်မံ၍ အရှုပ်အထွေးများ လုပ်လာခြင်းကို သူ အမှန်တကယ်ပင် လက်မခံနိုင်တော့ပါချေ။

ဒီကလေးမက ဘာလို့ ဒီလောက်တောင် စကားနားမထောင်ရတာလဲ!

ထိုအခိုက်အတန့်တွင် စုန့်ဝေ့တစ်ယောက် ဒေါသထွက်ရုံသာမကဘဲ အလွန်အမင်းပင် ပင်ပန်းနွမ်းနယ်နေခဲ့ချေပြီ။

သူ အင်ဂျင်နီယာဖြစ်ခဲ့ချိန်က သမီးဖြစ်သူ၏ အတိတ်ဘဝ အတွေ့အကြုံများကို ကြားသိရသည့်အချိန် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေခဲ့ပြီး သူမအတွက် အလွန်ပင် ဂုဏ်ယူခဲ့သည်။

သို့သော်လည်း သူတို့သားအဖနှစ်ဦးမှာ တဖြည်းဖြည်းနှင့် အမှားများကို တစ်ဆင့်ပြီးတစ်ဆင့် ကျူးလွန်လာခဲ့ကြပြီး သူ၏အခြေအနေမှာလည်း တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွားလာသည့်အချိန်တွင်တော့ စုန့်ဝေ့အနေဖြင့် စတင်၍ နောင်တရလာခဲ့လေသည်။

အကယ်၍ အခြေအနေများကသာ ဤကဲ့သို့ ဖြစ်လာမည်ကို ကြိုတင်သိရှိခဲ့ပါက သမီးဖြစ်သူ စုန့်စစ်ယွီအား သူမ၏ အတိတ်ဘဝက အတိုင်း တူညီစွာ ဖြတ်သန်းခိုင်းလိုက်ခြင်းက ပို၍ ဘေးကင်းနိုင်ပေလိမ့်မည်။

ရလဒ်အနေဖြင့် သူတို့က အတိတ်ဘဝမှ ချောက်ကမ်းပါးများကို ရှောင်ကွင်းရန်နှင့် သူတို့အတွက် အကျိုးရှိမည့်မူလမ်းကြောင်းကိုသာ ရွေးချယ်ရန် ကြိုးပမ်းလေလေ၊ နောက်ဆုံးရလဒ်မှာ သူတို့ စိတ်ကူးထားသည်နှင့် ဆန့်ကျင်ဘက် ဖြစ်လာလေလေပင် ဖြစ်ခဲ့ရသည်။

သို့ဖြစ်၍ နောက်ဆုံးတွင် စုန့်ဝေ့တစ်ယောက် အချိန်အတော်ကြာအောင် စဉ်းစားပြီးနောက်တွင်အရာအားလုံးကို စကားလုံးနှစ်လုံးဖြင့်သာ အကျဉ်းချုပ်လိုက်နိုင်လေသည်။

ဤသည်က “ကံကြမ္မာ” ပင် ဖြစ်ပေလိမ့်မည်။

သေချာပေ၏။ စုန့်စစ်ယွီအနေဖြင့် အောင်မြင်မှုလမ်းကြောင်းပေါ်သို့ ရောက်ရှိရန်အတွက် အတိတ်ဘဝမှ လမ်းကြောင်းအတိုင်း လိုက်မှ ဖြစ်နိုင်ပေလိမ့်မည်။

ဆင်းရဲဒုက္ခအားလုံးကို ရှောင်လွှဲနေခြင်းက သူမအား ထိပ်ဆုံးသို့ ပြန်လည်ရောက်ရှိမည့် လမ်းကြောင်းအတွက် တားဆီးနေခြင်းသာဖြစ်ပေသည်။

သို့ဖြစ်၍ လွန်ခဲ့သော ရက်အနည်းငယ်က စုန့်စစ်ယွီ အိမ်သို့ ပြန်ရောက်လာချိန်တွင် စုန့်ဝေ့အနေဖြင့်ဤအမှန်တရားကို သူမအား အလေးအနက် ရှင်းပြခဲ့ပြီး၊ စုန့်စစ်ယွီအား ကျေးလက်ဒေသသို့ တစ်ဖက်တစ်လမ်းမှ ပြန်လည်သွားရန်ပင် စည်းရုံးခဲ့သေးသည်။

သို့သော် နောက်ဆုံးတွင်တော့ စုန့်စစ်ယွီက ငြင်းပယ်ခဲ့လေ၏။ ဤသည်မှာ စုန့်ဝေ့ ခန့်မှန်းထားပြီးသားကိစ္စပင် ဖြစ်ပေသည်။

သူမ ငြင်းပယ်ခြင်းက အရေးမကြီးပါချေ။ အနည်းဆုံးတော့ သူမအနေဖြင့် ဖြတ်လမ်းမှလိုက်ရန်အတွက် စဉ်းစားနေခြင်းကို ရပ်တန့်ကာ သူနှင့်အတူ သူတို့၏ မူလနေရာသို့ ရိုးရိုးသားသား ပြန်သွားကြရန်နှင့်၊ သူအား အင်ဂျင်နီယာတစ်ဦးအဖြစ် ပြန်လည်ရောက်ရှိစေရန်သာ သူ မျှော်လင့်ခဲ့ပေသည်။

သို့သော် ယခု သူမက အဘယ်ကြောင့် ပြဿနာ ထပ်ရှာရပြန်ရသနည်း!

“စုန့်ဝေ့... စုန့်စစ်ယွီ ဘယ်မှာလဲ သူမကို အမြန်ထွက်လာခိုင်းလိုက်စမ်း.. ငါ သူမနဲ့ စာရင်းရှင်းချင်တယ်၊ ငါ့ကို ဘယ်လိုများ ဒီလောက်အထိ ဒုက္ခပေးရဲတာလဲဆိုတာ ငါ မေးချင်တယ်!”

ဝမ်လိန်က ပိုမို၍စိတ်လှုပ်ရှားလာကြောင်းကို မြင်ရသည့်အချိန်တွင် စုန့်ဝေ့အနေဖြင့် သူ၏ဒေါသကို မည်သို့ငြိမ်သက်စေရမည်ကို ဦးစွာတွေးတောနေခဲ့ရသည်။

ထိုအချိန်တွင် တစ်ဘက်မှ လီရှို့လီသည်ကတော့ ဤမြင်ကွင်းကို မြင်လိုက်ရသည်နှင့် ချက်ချင်းပင် မျက်လုံးတစ်ချက် လှန်လိုက်ပြီး စုန့်စစ်ယွီ၏ အခန်းဆီသို့ တိုက်ရိုက် လျှောက်သွားကာ အော်ဟစ်လိုက်လေသည်။

“စစ်ယွီ... နင့်ဦးလေးက နင့်ကိုလာရှာနေတယ်၊ အမြန်ထွက်ခဲ့ဦး”

ဟမ့်...

ဒီကလေးမက သူမရဲ့ဦးလေးကို သေချာပေါက် အပြစ်လုပ်ထားတာပဲ။ ဒါကြောင့် ဒီအခွင့်အရေးကို အသုံးချပြီး သူမကို သင်ခန်းစာ ပေးရမယ်!

မဟုတ်ရင်တော့ သူမကို ရန်သူလို သဘောထားပြီး မျက်နှာသေကြီးနဲ့ နေ့တိုင်း စိုက်ကြည့်နေတဲ့ ဒီကောင်မလေးကို မြင်ရတာ အတော်လေး စိတ်အနှောင့်အယှက် ဖြစ်ရပြီ။

ထို့အပြင် ထိုကောင်မလေးက သူမ၏ နောက်ကွယ်တွင် စုန့်ယီထံသို့ သူမ၏အကြောင်းကို မကောင်းသတင်းအမျိုးမျိုး ပြောဆိုနေကြောင်းကို သူမ မသိဘဲမနေပါချေ။

သူမက သူမ၏ အဖေအား သူမ(လီရှို့လီ) ကို တစ်ဖက်လှည့်နှင့် နှင်ထုတ်ခိုင်းချင်နေခြင်းဖြစ်ပေသည်။

စိတ်မကောင်းစရာပဲ။

အခု သူမရဲ့အဖေက သူမ၏စကားကို ယခင်ကကဲ့သို့ နားထောင်တော့မည် မဟုတ်ပါချေ။

ထို့အပြင် ယခုအချိန်တွင် လီရှို့လီထံ၌ စုန့်ဝေ့မှ သူမကို စွန့်ခွာသွား၍ မရနိုင်အောင် လုပ်ဆောင်နိုင်သည့် နည်းလမ်း ရှိနေပြီ ဖြစ်ပေသည်။

စုန့်စစ်ယွီသာလျှင် ဤနေရာမှ ထွက်သွားရပေလိမ့်မည်။

အခန်းထဲမှ စုန့်စစ်ယွီသည်ကား မတိုင်မီကတည်းက အပြင်ဘက်မှ ဆူညံသံများကို ကြားနေခဲ့ရသည်။ သို့သော်လည်း သူမက ပစ္စည်းများကို ထုပ်ပိုးရာတွင်သာ အလုပ်များနေသောကြောင့် အာရုံစိုက်ရန်အတွက် ပျင်းရိနေခဲ့ခြင်း ဖြစ်ပေသည်။

သူမ၏ အချိန်ာ အဖိုးတန်လွန်းပေသည်။ မည်သို့ပင်ဖြစ်စေ မနက်ဖြန်တွင် သူမ၏ဦးလေး ပြောထားသော နောက်ဆုံးသတ်မှတ်ရက်သို့ ရောက်ရှိနေပေပြီ။

အကယ်၍ တစ်စုံတစ်ရာ မထူးခြားပါက မနက်ဖြန် မွန်းလွဲပိုင်း သို့မဟုတ် သန်ဘက်ခါမနက်တွင် သူမက ဤနေရာမှ ထွက်ခွာသွားနိုင်ကာ မြို့နယ်၏ဌာနတစ်ခုတွင် အလုပ်ဝင်နိုင်ပေတော့မည်။

သူမက တစ်ဖက်လူဆီသို့ ငွေအမြောက်အမြားကို ပေးအပ်ထားခဲ့ပြီး ဖြစ်ပေသည်။ အကယ်၍ ထိုလောဘကြီးလှသော ဝမ်လိန်ကသာ သူမ၏ ပြဿနာကို မဖြေရှင်းပေးနိုင်ပါက သူမက သူ့အား လုံးဝ လွှတ်ပေးလိမ့်မည် မဟုတ်ပါချေ။

သို့သော် သူမ ပစ္စည်းထုပ်ပိုးနေချိန်မှာပင် လီရှို့လီက သူမ၏ တံခါးကို လာရောက်ခေါက်ကာ သူမ၏ဦးလေး ရောက်နေကြောင်းကို ပြောလာခဲ့လေ၏။

စုန့်စစ်ယွီ နားစွင့်ကြည့်လိုက်လျှင် အပြင်ဘက်မှ ဝမ်လိန်၏ အသံကို အမှန်ပင် ကြားလိုက်ရပေပြီ!

ထိုသို့ တွေးမိသည်နှင့် စုန့်စစ်ယွီတစ်ယောကာလက်ထဲမှ ပစ္စည်းများကို ချက်ချင်း ချလိုက်ပြီး ပျော်ရွှင်စွာဖြင့် အပြင်သို့ ထွက်လာခဲ့လေသည်။

သူမက တံခါးဖွင့်လိုက်သည်နှင့် သူမ၏ဦးလေးအား ချစ်ခင်စွာ ခေါရန် ပြင်လိုက်သော်လည်း တစ်ဖက်လူက မျက်လုံးများ နီရဲလျက် သူမကို ဝါးစားတော့မည့်ပုံစံမျိုးဖြင့် ကြောက်မက်ဖွယ်ကောင်းအောင် စိုက်ကြည့်နေခဲ့လေ၏။

“စုန့်စစ်ယွီ.. မင်း ငါ့ကိုပေးခဲ့တဲ့ ဒီရူးကြောင်ကြောင် စိတ်ကူးတွေကို ကြည့်စမ်း! မင်းက ငါ့ကို မီးရှို့ခိုင်းခဲ့တာ အခုတော့ ငါ့ရဲ့ အလုပ်ပါ ပြုတ်သွားပြီ! မင်း ပျော်နေပြီလား? ကျေနပ်သွားပြီလား?”

ဒါက ဘာကို ဆိုလိုတာလဲ။

သူက ဘယ်အကြောင်းတွေကို ပြောနေတာလဲ?

All Chapters