← Chapters

အသီးသီးသော လက်ထပ်ပွဲများ

Vol. 10 Ch. 94

အသီးသီးသော လက်ထပ်ပွဲများ

Vol. 10 Ch. 94

လျူမိသားစုနှင့် ကျန်းမိသားစု၏ ကိစ္စများကြောင့် ချင်းရွှေရွာသည် ခေတ္တမျှ စည်ကားသွားလေသည်။

မြို့ဝန်ရုံးမှ ကိစ္စများကို စုံစမ်းရန် ခက်ခဲသော်လည်း လျူမိသားစုက ရွာထဲတွင် ရှိနေသည်။ ရွာထဲတွင် နှစ်ပေါင်းများစွာ မိသားစု ကွဲတာ၊ ကွာရှင်းတာမျိုး မရှိခဲ့ဖူးပေ။ ဒီနှစ်မှ ထူးထူးခြားခြား ဖြစ်ပျက်နေသဖြင့် စပ်စုချင်သူများသည် လျူအိမ်သို့ တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြသည်။

ဘာပဲဖြစ်ဖြစ် သားသမီးတွေ ရှိနေရက်နဲ့ မိသားစု ကွဲသွားတယ် ဆိုတာက ယောက္ခမနဲ့ ချွေးမ မတည့်လို့ ဖြစ်တာ မဟုတ်ဘူးဆိုတာ သိသာနေသည်။

အဖွားကြီးလျူသည် လာမေးသူများကြောင့် စိတ်ရှုပ်နေလေသည်။ သူမက ကုမိသားစုအပေါ် အပြစ်ပုံချချင်သော်လည်း ကုမိသားစုက သံခြေချင်းခတ်ပြီး ဖမ်းခိုင်းလိုက်တာကို မြင်ထားရသဖြင့် မပြောရဲပေ။ ကုမင်တာ့ကလည်း အိမ်မှာ ရှိနေသေးသည်။ ထို့ကြောင့် အိမ်ထဲတွင်သာ သောင်းကျန်းနေရလေ၏။ လျူအာနီကို ကြည့်လိုက်တိုင်း မျက်စိစပါးမွှေး စူးနေသည်။

ကွာရှင်းရခြင်းမှာ လျူအာနီက ခင်ပွန်းသည်၏ ပိုက်ဆံကို ခိုးပြီး မိဘအိမ်ကို ထောက်ပံ့သောကြောင့်ပင်။

သို့သော် အဖွားကြီးလျူက ဆဲချင်ရာ ဆဲနေဆဲပင်။ ယောက်ျားတစ်ယောက်ကိုတောင် မထိန်းနိုင်ဘူးဟု ဆိုကာ သမီးဖြစ်သူကို အသုံးမကျကြောင်း ဆဲဆိုလေသည်။

လျူအာနီသည် မိဘအိမ် ရောက်နေချိန်တွင် အမြဲ ခေါင်းငုံ့ခံနေရသည်။ အမေဖြစ်သူက သူမကို ပြန်ပြောခွင့် မပေးပေ။ နှစ်ပေါင်းများစွာ ဦးနှောက်ဆေးခံထားရသဖြင့် သမီးတစ်ယောက်အနေနဲ့ မောင်လေးကို ကောင်းစားအောင် မကူညီတာက သူမရဲ့ အကြီးမားဆုံး အမှားလို့ ထင်မှတ်နေလေသည်။

လျူအာနီ မိဘအိမ် ရောက်တာ ရက်အနည်းငယ်သာ ရှိသေးပြီး ထမင်းအနည်းငယ် စားပြီးနောက် မိဘအိမ်က လက်မခံချင်တော့ပေ။

“အမေ... ဒုတိယအစ်မက အိမ်မှာ တစ်နေကုန် နေနေတာ အဆင်မပြေဘူး... သူက ငယ်သေးတယ်... ကလေးမွေးနိုင်သေးတယ်... သူ့အတွက် အိမ်ထောင်ဖက် ကောင်းကောင်း ရှာပေးလိုက်တာ ပိုကောင်းမယ်...”

လျူယောက်အာက တိုးတိုးလေး အကြံပေးလိုက်သည်။

အဖွားကြီးလျူသည် ကံဆိုးသော သမီးကို ဆက်ပြီး ကျွေးမွေးထားမည် မဟုတ်ပေ။ သူမလည်း စဉ်းစားနေသည်။

“သူ့အတွက် လူကောင်း တွေ့ထားလို့လား...”

အဖွားကြီးလျူက မေးလိုက်သည်။

မောင်လေးကို ထောက်ပံ့သည့် မိစ္ဆာမ ကို မွေးထုတ်ပေးနိုင်သူများသည် သမီးကို လူသားတစ်ယောက်လို သဘောမထားကြပေ။

“ဟန်ရှန်းရွာမှာ မိသားစု တစ်စု ရှိတယ်... ငွေ ၁၅ တုံး ပေးမယ်တဲ့...”

လျူယောက်အာက တိုးတိုးလေး ပြောလိုက်သည်။

အဖွားကြီးလျူ လန့်သွားပြီး ပြောလိုက်သည်။

“ဘုရားရေ... ဘာလို့ အဲ့လောက် ရက်ရောရတာလဲ... ငွေ ၁၀ တုံးဆိုရင် အပျိုစစ်စစ်ကိုတောင် တောင်းလို့ရနေပြီ... နင့်အစ်မကို ဘာလို့ သဘောကျနေရတာလဲ...”

လျူယောက်အာက ပြောလိုက်သည်။

“အဲ့ဒီအိမ်မှာ ညီအစ်ကိုတွေ များတယ်လေ... အကုန်လုံးအတွက် မိန်းမယူပေးဖို့ မတတ်နိုင်တော့ ဒီနည်းလမ်းပဲ သုံးရတာ...”

အဖွားကြီးလျူ၏ ခေါင်းထဲတွင် စကားလုံးတစ်လုံး ပေါ်လာသည်။ ဇနီးသည်ကို မျှဝေသုံးစွဲခြင်းပင်။

ကျေးလက်ဒေသတွင် သားအတွက် မိန်းမယူပေးရန် တင်တောင်းငွေ စုဆောင်းရသည်မှာ ဆယ်နှစ်ကျော် ကြာနိုင်သည်။

အလွန် ဝေးလံခေါင်သီပြီး ပိတ်လှောင်နေသော ရွာများတွင် ဇနီးသည်ကို မျှဝေသုံးစွဲခြင်း ဆိုသော အရိုင်းဆန်သည့် နည်းလမ်းကို သုံးလေ့ ရှိကြသည်။ ထိုနည်းလမ်းမှာ ညီအစ်ကို အများအပြားက မိန်းမတစ်ယောက်တည်းကို ပေါင်းသင်းခြင်း ဖြစ်သည်။

ဒါပေမဲ့ သမီးကို နည်းနည်းလေး သနားတတ်တဲ့ မိဘဆိုရင် ဒီလိုလုပ်ဖို့ သဘောတူမှာ မဟုတ်ဘူး။

“သူတို့အိမ်မှာ ညီအစ်ကို ဘယ်နှယောက် ရှိလဲ...”

အဖွားကြီးလျူက မေးလိုက်သည်။

“ငါးယောက်...”

အဖွားကြီးလျူ မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပြီး ပြောလိုက်သည်။

“များလွန်းတယ်...”

လျူယောက်အာက ဒီကိစ္စ ပျက်သွားမှာ စိုးရိမ်သဖြင့် အမြန် ပြောလိုက်သည်။

“ညီအစ်ကိုတွေက ပိုက်ဆံပိုပေးမယ် ဆိုရင် ပေးနိုင်ပါတယ်... မဟုတ်ရင် ဘယ်သူက စွန့်ပစ်ခံထားရတဲ့ မိန်းမကို ငွေ ၁၅ တုံး ပေးပြီး ယူမှာလဲ...”

ညီလေးကုက လျူအာနီကို မျက်နှာသာပေးပြီး ကွာရှင်းစာချုပ် မဟုတ်ဘဲ နှစ်ဦးသဘောတူ လမ်းခွဲစာချုပ် ရေးပေးခဲ့သော်လည်း လောကကြီးက မိန်းမသားအပေါ် ရက်စက်သည်။ လျူအာနီသည် ပြင်ပလူများ၏ မျက်လုံးထဲတွင် စွန့်ပစ်ခံရသော မိန်းမ အဖြစ်သာ မြင်ကြသည်။

လျူမိသားစုသည် သမီးကို ဘယ်တုန်းကမှ မသနားခဲ့ပေ။ အဖွားကြီးလျူ တွန့်ဆုတ်နေခြင်းမှာ သမီးကို သနားလို့ မဟုတ်ပေ။

“ညီအစ်ကို ငါးယောက်တောင်ဆိုတော့... ငွေ ၁၅ တုံးက နည်းလွန်းတယ်... ထပ်တောင်းရမယ်...”

လျူယောက်အာသည် ပိုက်ဆံပိုရမည်ဟု ကြားသောအခါ ဝမ်းသာသွားသည်။ ထို့နောက် သူ၏ ရည်ရွယ်ချက်ကို ပြောလိုက်သည်။

“အမေ... ဒုတိယအစ်မက သဘောတူပါ့မလား မသိဘူး... တကယ်လို့ သူ သဘောမတူရင် ဘယ်လိုလုပ်မလဲ...”

အဖွားကြီးလျူ မျက်နှာထား တင်းမာသွားပြီး ပြောလိုက်သည်။

“သူက ဘာဖြစ်လို့သဘောမတူရမှာလဲ... ငါတို့မိသားစုက သူ့ကို ဘာလုပ်လို့လဲ...”

လျူယောက်အာသည် မိခင်ဖြစ်သူ၏ စကားကို ကြားသောအခါ အဆင်ပြေပြီဟု တွေးလိုက်သည်။ သူသည် အိမ်တွင် အငယ်ဆုံးသား ဖြစ်ပြီး အိမ်ထောင်မကျသေးသူ ဖြစ်သည်။ မူလက ကုမိသားစုထံမှ ငွေ ၃၀ ရမည်ဟု ထင်ထားသဖြင့် ဘေးရွာမှ ရွှီမိသားစု၏ သမီးအငယ်ဆုံးကို တောင်းရမ်းရန် စိတ်ကူးယဉ်ခဲ့သည်။

ရွှီမိသားစုက သမီးလေးက လှပတော့ တင်တောင်းငွေ ၃၀ တောင်းမှာ သေချာသည်။ ဒါက သာမန် ကျေးလက်သားတွေအတွက် တတ်နိုင်သည့် ပမာဏ မဟုတ်ပေ။

“အမေ... ဒုတိယအစ်မဆီက ငွေ ၁၅ တုံး ရရင်... အိမ်က ပိုက်ဆံနဲ့ ပေါင်းလိုက်ရင် ရွှီမိသားစုကို တောင်းဖို့ လုံလောက်ပြီ...”

လျူယောက်အာက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

အဖွားကြီးလျူ ချက်ချင်း ပြန်မဖြေပေ။

အရင်တုန်းက ကုမိသားစုဆီက အလကားရသည့် ငွေ ၃၀ ရှိလို့ သားဖြစ်သူကို ရွှီမိသားစုနှင့် ပေးစားရန် သဘောတူခဲ့ခြင်းပင်။

ယခု ငွေ ၃၀ ဆုံးရှုံးသွားပြီ ဖြစ်၍ မိသားစု ပိုင်ဆိုင်မှုကို ထုတ်ပြီး သုံးရမည် ဆိုလျှင် သားနှင့် ချွေးမ သေချာပေါက် ရန်ဖြစ်ကြလိမ့်မည်။

“ငွေ ၁၃ တုံးဆိုရင် အပျိုစစ်စစ် တစ်ယောက် ရနိုင်တယ်... သားလေး... စိတ်လျှော့လိုက်ပါ... ရွှီမိသားစုက သမီးက နတ်သမီးလို လှတာ... မစဉ်းစားနဲ့တော့...”

အဖွားကြီးလျူက သားဖြစ်သူ၏ အိပ်မက်ကို ချက်ချင်း ဖျက်ဆီးလိုက်လေသည်။

လွန်ခဲ့သော နှစ်ရက်အတွင်း ကုမိသားစုလည်း စည်ကားနေသည်။

အရင်တုန်းက ရွာသားများ ကုမိသားစု ဘာကြောင့် ကွဲသွားလဲ ဆိုတာ မသိကြပေ။ ယခု သတင်းထွက်လာတော့မှ ညီလေးကုသည် မိသားစု ခွဲဝေရာမှ ငွေ ၃၀ ရလိုက်ကြောင်း အားလုံး သိသွားကြသည်။

“အဒေါ်ကြီး... သားငယ်ကို မသနားရင်တောင် ကလေးနှစ်ယောက်ကို သနားပါဦး... သူတို့က ငယ်ငယ်လေးနဲ့ မိဘမဲ့ ဖြစ်နေတာ... အမေတစ်ယောက် လိုတယ်လေ... ကျွန်မ ပြောမယ်... လီမိသားစုက သမီးအကြီးဆုံးက အသက်နည်းနည်း ကြီးပေမဲ့... ရိုးသားပြီး စိတ်သဘောထား ကောင်းပါတယ်...”

အောင်သွယ်တော်က ပန်းပွင့်နေပြီဟု ပြောလုနီးပါး ဖြစ်နေသော်လည်း အဖွားကုက မျက်မှောင်ကြုတ်ထားဆဲ ဖြစ်သည်။

“လီမိသားစုက သမီးကြီးကို မကြိုက်ရင် တခြားအိမ်ကို ကြည့်လို့ရပါတယ်... ဒါပေမဲ့ ငယ်ပြီး လှရင် တင်တောင်းငွေ ဈေးကြီးလိမ့်မယ်...”

အောင်သွယ်တော်က ပြောလိုက်သည်။

အဖွားကု ခေါင်းညိတ်လိုက်ပြီး မေးလိုက်၏။

“တခြား မိန်းကလေး ရှိသေးလား...”

အောင်သွယ်တော်က ပြောလိုက်သည်။

“ဆယ်မိုင် ပတ်လည်က သင့်တော်တဲ့ မိန်းကလေးတွေကို ပြောပြပြီးပြီ... အဒေါ်ကြီး မကြိုက်ရင် သိပ်မသင့်တော်တဲ့ သူတွေပဲ ကျန်တော့တယ်...”

“သိပ်မသင့်တော်ဘူး ဆိုတာ ဘယ်လိုမျိုးလဲ...”

အဖွားကုက မေးလိုက်သည်။

အောင်သွယ်တော်က ပြောလိုက်သည်။

“အရမ်း လှတဲ့သူဆိုရင် ဘေးရွာက ရွှီမိသားစု သမီးလိုမျိုးပေါ့... နတ်သမီးလို လှတယ်... တင်တောင်းငွေက အနည်းဆုံး ၃၀ ပေးရမယ်...”

“ဒါမှမဟုတ် ခင်ဗျားတို့ ရွာထဲက ခြေမသန်တဲ့သူရဲ့ သမီးလိုမျိုးပေါ့... မျက်နှာပေါ်မှာ အမှတ်အကြီးကြီး ပါတယ်... ရုပ်ဆိုးပြီး အသက်ကြီးတယ်... ကောင်းတယ်လို့ ပြောလို့မရဘူး...”

ထိုစကားကို ကြားသောအခါ အဖွားကု အံ့သြသွားပြီး မေးလိုက်သည်။

“သူ့သမီးက မင်္ဂလာဆောင်ဖို့ စီစဉ်ထားတယ်လို့ ကြားတယ်...”

အောင်သွယ်တော်က လက်ကိုင်ပဝါကို ခါလိုက်ပြီး ပြောလိုက်သည်။

“ပျက်သွားပြီ... ယောကျ်ားဘက်က သဘောတူထားပြီးမှ နောင်တရသွားတာ... စိတ်မပါတော့ဘူးတဲ့... ရုပ်ဆိုးလွန်းတယ် ဆိုပြီး...”

အဖွားကု စိတ်ထဲတွင် အကြံတစ်ခု ရသွားပြီး အောင်သွယ်တော်ကို ပြောလိုက်သည်။

“ကျွန်မ ပြန်စဉ်းစားလိုက်ဦးမယ်...”

အောင်သွယ်တော်သည် အောင်သွယ်ခနှင့် စားသောက်နေရသူ ဖြစ်သဖြင့် ပြောလိုက်သည်။

“ဖြည်းဖြည်း စဉ်းစားပါ... စဉ်းစားပြီးရင် ကျွန်မဆီ လာဖို့ မမေ့နဲ့နော်... ခင်ဗျားတို့ သားငယ်ရဲ့ မင်္ဂလာပွဲကို လှပအောင် စီစဉ်ပေးပါ့မယ်...”

မူလက ညီလေးကု၏ မင်္ဂလာပွဲကို အလျင်လိုစရာ မရှိသော်လည်း နှစ်သစ်ကူးပြီးလျှင် အဖွားကု မြို့ထဲသို့ လိုက်သွားတော့မည် ဖြစ်သည်။ ညီလေးကုက စိတ်မနှံ့ဘဲ နောက်ထပ် ပြဿနာရှာမည့် မိန်းမတစ်ယောက် ယူမိမှာကို စိုးရိမ်သဖြင့် ကိုယ်တိုင် ရွေးချယ်ပေးချင်နေသည်။

လျူအာနီ ကိစ္စပြီးနောက် ညီလေးကု စိတ်ဓာတ်ကျနေသည်။ သူက ယောကျ်ားသား ဖြစ်ပြီး ကလေးနှစ်ယောက်ကို ပြုစုရတာ မလွယ်ကူပေ။ သူ့တွင် ဇနီးသည်အသစ်အတွက် ကြီးကြီးမားမား တောင်းဆိုချက် မရှိပေ။ ကလေးနှစ်ယောက်ကို စိတ်ရင်းမှန်ဖြင့် ကောင်းကောင်း ဆက်ဆံလျှင် ရပြီ ဖြစ်သည်။

အဖွားကုသည် ချွေးမများကို ပြန်ကြည့်လိုက်ရာ ကျန်းယွင်နန်က ပိုကောင်းကြောင်း တွေ့လိုက်ရသည်။ ရုပ်ရည်သန့်ပြန့်ပြီး စိတ်သဘောထား ကောင်းမွန်ကာ အကျင့်စာရိတ္တ ကောင်းမွန်သည်။

အဖွားကုသည် ဟန်ဆောင်နေတတ်သူ မဟုတ်ပေ။ ညစာစားပွဲတွင် တည့်တိုး ပြောလိုက်သည်။

“ခြေမသန်တဲ့သူရဲ့ သမီးက မျက်နှာပေါ်မှာ အမှတ်ပါပေမဲ့... တစ်ရွာတည်းသားတွေပဲလေ... အကြောင်းသိတွေပဲ... သူ့မိဘတွေကလည်း လူကောင်းတွေပါ... သမီးဖြစ်သူက စိတ်သဘောထား မဆိုးနိုင်ပါဘူး...”

သူမ အစွမ်းကုန် ဖျောင်းဖျစရာ မလိုလိုက်ပေ။ ညီလေးကုက တည့်တိုး ပြောလိုက်သည်။

“အမေ... အမေ့သဘောပါ... အမေ ရွေးပေးတာ မမှားနိုင်ပါဘူး...”

ချွေးမသုံးယောက်အနက် ကျန်းယွင်နန် တစ်ယောက်တည်းကိုသာ အဖွားကု ကိုယ်တိုင် ရွေးချယ်ပေးခဲ့ခြင်း ဖြစ်သည်။

ထိုစကားကို ကြားသောအခါ နျိုနျိုက ရုတ်တရက် ပြောလိုက်သည်။

“ဦးလေးငယ်က အစ်မကြီးချွေ့အာကို ယူမှာလား... သမီး အစ်မကြီးချွေ့အာကို သဘောကျတယ်...”

All Chapters