← Chapters

လိမ်လည်ခြင်း

Vol. 11 Ch. 109

လိမ်လည်ခြင်း

Vol. 11 Ch. 109

ချန်ဟယ်သည် ယခုအခါ ရွှေယုန်ကို ဂရုမစိုက်နိုင်တော့ပေ။

သူက ဆုသေးသေးလေးတစ်ခုတောင် မရနိုင်ဘူးဆိုတာကို လုံးဝ မယုံကြည်နိုင်လောက်အောင် ဒေါသထွက်နေလေပြီ။

ဆိုင်ရှင်သည် သူ့လို ဖောက်သည်မျိုးကို တွေ့ရသဖြင့် အလွန်ပျော်ရွှင်သွားပြီး ပြောလိုက်သည်။

“ဖောက်သည်ကြီး... အရင်က ခင်ဗျား အတွေ့အကြုံ မရှိသေးလို့ပါ... အခု နီးစပ်နေပြီလေ... ဆက်ပစ်လိုက်ရင် ရွှေယုန်ကိုတောင် မရနိုင်ဘူးလို့ ဘယ်သူပြောနိုင်မှာလဲ...”

ချန်ဟယ်က မလှမ်းမကမ်းရှိ မြှားပစ်စက်ဝိုင်းကို စိုက်ကြည့်နေလေသည်။

စက်ဝိုင်းက ထပ်မံ လည်ပတ်သွားပြီး ချန်ဟယ်သည် မြှားတစ်စင်းပြီးတစ်စင်း ပစ်လွှတ်လိုက်သည်။

လွဲသွားပြန်ပြီ…

လွဲသွားပြန်ပြီ…

လွဲသွားပြန်ပြီ…

ချန်ဟယ်၏ မျက်လုံးများ နီရဲလာသည်။

ဘေးမှ ကြည့်နေသူများက သူတို့၏ "ကံဆိုးခြင်း" သီအိုရီကို ဆက်လက် ဆွေးနွေးနေကြဆဲပင်။

“ဘယ်လို ကံဆိုးတဲ့လူလဲ မသိဘူး...”

“ဒီလိုလူမျိုးနဲ့ ဝေးဝေးနေတာ ကောင်းမယ်... ပြဿနာ တက်လာမှာ ကြောက်ရတယ်...”

“သူ အရမ်း ကံဆိုးနေတာ... နောက်တစ်စက္ကန့်လောက်ဆို သွေးထွက်သံယို ဖြစ်တော့မလိုပဲ...”

ထိုစကားများ ပြန့်နှံ့သွားသည်နှင့်အမျှ ဘေးမှ ကြည့်နေသူများသည် ချန်ဟယ်အနီးသို့ အလွန်အမင်း မကပ်ရဲတော့ဘဲ တိတ်တဆိတ် နောက်ဆုတ်သွားကြသည်။

လျူရှောင်ရူသည် အလွန်အမင်း ရှက်ရွံ့နေမိသည်။ ဤအချိန်တွင် သူမသည် သူ့ကို ရှောင်ထွက်သွားချင်သော်လည်း လူတိုင်းက သူတို့ အတူတူလာမှန်း သိနေကြသည်။ ထို့ကြောင့် နျိုနျိုကို သူမနောက်တွင် ပုန်းနေစေကာ ချန်ဟယ်နှင့် ခပ်ခွာခွာ နေပြီး သူ၏ ကံဆိုးမှုများ ကူးစက်မခံရအောင် ရှောင်ရှားနေရုံသာ တတ်နိုင်တော့သည်။

“ငါ မယုံဘူး... မဖြစ်နိုင်ဘူး...”

ချန်ဟယ်က အော်မဟစ်မိအောင် ထိန်းထားရင်း ပြောလိုက်သည်။

ဆိုင်ရှင်က သူ့ကို မြှားများ ထပ်ပေးရန် ကြိုးစားနေဆဲပင်။

“ဖောက်သည်ကြီး... နောက်တစ်ခါ သေချာပေါက် မှန်မှာပါ...... ဆုကြီးရဖို့နေမှာပါ...”

“နောက်ထပ် မြားအစင်း သုံးဆယ် ပေး...”

ချန်ဟယ်က ပြောလိုက်သည်။

မြှားအစင်း သုံးဆယ်သည် လျင်မြန်စွာ ကုန်ဆုံးသွားသော်လည်း ဘာမှ မရခဲ့ပေ။

ဆိုင်ရှင်၏ ညီဖြစ်သူ၊ စက်ဝိုင်းလှည့်ရသူ လူငယ်လေးသည် ဆိုင်ရှင်က မီးလောင်ရာ လေပင့်လုပ်ကာ ချန်ဟယ်ကို မြှားများ ဆက်ဝယ်ခိုင်းနေသည်ကို မကြည့်ရက်တော့ပေ။

“အစ်ကို... ရသလောက်နဲ့ ကျေနပ်လိုက်ပါတော့... ဒီလူက အရမ်း ကံဆိုးနေပြီး စိတ်တိုမယ့်ပုံလည်း ပေါ်တယ်... သူ ဒေါသထွက်ပြီး ဆိုင်ကို ဖျက်ဆီးပစ်ရင် ဘယ်လိုလုပ်မလဲ...”

ညီဖြစ်သူ၏ တိုးတိုးလေး ဖျောင်းဖျမှုကို နားထောင်ရင်း ဆိုင်ရှင်က ညီဖြစ်သူ လူကဲမခတ်တတ်ကြောင်း လှောင်ရယ်လိုက်သည်။

“ဒီလူတွေက သပ်သပ်ရပ်ရပ် ဝတ်စားထားပြီး အမျိုးသမီးတွေပါ ခေါ်လာတာလေ... သူတို့ အဲ့လိုကိစ္စမျိုး ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး...”

ဆိုင်ရှင်၏ လူစိတ်ကို ထိန်းချုပ်နိုင်စွမ်းက အမြင့်ဆုံးအဆင့်သို့ ရောက်နေလေပြီ။

တကယ်တမ်းလည်း ချန်ဟယ်သည် ဒေါသပေါက်ကွဲလုမတတ် ဖြစ်နေသော်လည်း လှည့်ကြည့်လိုက်သောအခါ မျက်နှာကြီး နှစ်ခုနှင့် မျက်နှာငယ် တစ်ခုကို မြင်လိုက်ရသည်။

အထူးသဖြင့် သူတို့ထံမှ နှပ်ဟင်းချက်နည်း လျှို့ဝှက်ချက်ကို ရယူချင်နေသေးသဖြင့် လေလျော့သွားသော ဘောလုံးလို ချက်ချင်း ငြိမ်ကျသွားလေသည်။

“ထပ်ပေးဦး...”

ဆိုင်ရှင်က မြှားများကို ပျော်ရွှင်စွာ ယူလာပေးလေသည်။

ချန်ဟယ်က “ထပ်ပေးဦး” ဟု ဘယ်နှကြိမ် အော်ခဲ့မှန်း မမှတ်မိတော့ပေ။ သူ၏ ပိုက်ဆံအိတ်က တဖြည်းဖြည်း ပေါ့ပါးလာသည်ကိုသာ သိတော့သည်။

နောက်ဆုံး ပစ်သည့်အချိန်တွင် သူ၏ လက်များ တုန်ယင်နေသည်ကို ခံစားလိုက်ရသည်။

အစပိုင်းတွင် လူစိတ်ကို ဖတ်တတ်ပြီဟု ထင်ခဲ့သော ဆိုင်ရှင်သည် ဤအခြေအနေကို မြင်သောအခါ အနည်းငယ် ကြောက်လန့်လာသည်။

ဘယ်လို ကံဆိုးတဲ့လူလဲ။ အကြိမ်ရာချီ ပစ်တာတောင် ဘာမှမရဘူး။ ဒီအခြေအနေက သရဲပူးနေသလိုပဲ။

ဆိုင်ရှင်သည် ဖောက်သည်ကို ကူညီလိမ်လည်ပေးရန် ပထမဆုံးအကြိမ် ကိုယ်တိုင် အစပျိုးလိုက်ပြီး ညီဖြစ်သူကို စက်ဝိုင်းကို ဖြည်းဖြည်းလှည့်ရန် မျက်ရိပ်ပြလိုက်သည်။ သို့သော် ဤအခြေအနေအထိတောင်မှ ချန်ဟယ်သည် ဆုမရှိသော နေရာလွတ်များကိုသာ ဆက်တိုက် ပစ်မိနေသေးသည်။

“ဘယ်နှကြိမ် ရှိသွားပြီလဲ...”

ဘေးမှ ကြည့်နေသူများက တိုးတိုးလေး မေးလိုက်ကြသည်။

“မသိဘူးလေ... အကြိမ်ရာချီ နေပြီမလား... တမင် သေချာ မမှတ်ထားဘူး...”

“ငါ မှတ်ထားတယ်... အခု ၃၅၃ ကြိမ်မြောက် ရှိပြီ... ဒီလူက တကယ် ချမ်းသာတာပဲ... ငွေခုနစ်တုံးလောက် ပစ်ပေါက်လိုက်တာတောင် ရေပွက်သံလေးတောင် မကြားရဘူး...”

“ငွေခုနစ်တုံးတဲ့... အတန်ဆုံး ရွှေယုန်ကမှ ငွေနှစ်တုံး သုံးတုံးလောက်ပဲ တန်တာ... အဲ့ဒါမျိုး သူ သုံးခုလောက် ဝယ်လို့ရတယ်လေ... သူ ဘာလုပ်ချင်နေတာလဲ...”

“ပိုက်ဆံရှိရင် ထိတ်လန့်တတ်ကြတာပဲလေ...”

“သူ ဆက်ကစားဦးမှာလား...”

“မကစားတော့ပါဘူး... မကစားတော့ဘူး... ဒီလူက ကံဆိုးနေတာလား၊ ဒါမှမဟုတ် ကွမ်ဖူကပဲ တစ်ခုခု မှားနေတာလား ဘယ်သူသိမှာလဲ... ဆိုင်ရှင်က ပြဿနာရှာနေတာလည်း ဖြစ်နိုင်တာပဲ...”

ဆိုင်ရှင်သည် အကြောင်းမဲ့ စွပ်စွဲခံလိုက်ရသည်။ သူသည် အလွန် မတရားခံရသည်ဟု ခံစားရပြီး ပြန်လည် ချေပလိုက်သည်။

“လျှောက်မပြောပါနဲ့... ကျွန်တော် ဒီမှာ ဆိုင်ဖွင့်တာ ပထမဆုံးအကြိမ် မဟုတ်ပါဘူး... အဲ့လိုလုပ်ရင် နောင်ကျ ဘယ်လိုလုပ် စီးပွားရေး လုပ်စားတော့မလဲ...”

လူအုပ်ထဲတွင် ပြဿနာရှာတတ်သူတစ်ယောက် ပုန်းကွယ်နေလိမ့်မည်ဟု ဆိုင်ရှင်လည်း မထင်ထားခဲ့ပေ။

“မင်းက သူ့ဆီက တစ်ခါတည်းနဲ့ အကုန်ယူဖို့ ကြံနေတာလား ဘယ်သူသိမှာလဲ... သူ့ကို ပစ္စည်းကောင်း တစ်ခုခု ပစ်ခွင့်ပေးလိုက်ရင်တော့ တစ်မျိုးပေါ့...”

ပြဿနာရှာသူက ပြောလိုက်သည်။

ထိုစကားကို ကြားပြီးနောက် ဆိုင်ရှင် ဒေါသထွက်လွန်း၍ ခုန်ပေါက်မတတ် ဖြစ်သွားသော်လည်း ချန်ဟယ်က နောက်ထပ် မြှားတစ်စုံ ထပ်ပစ်ပြီးနောက် နောက်ထပ် ဆယ်ခါ ထပ်ဝယ်ရန် သူ့ကို ဆွဲထားလေသည်။

“ဖောက်သည်ကြီး... ခဏလောက် နားလိုက်ပါဦး... ဒီလောက် အကြာကြီး ကစားပြီးပြီပဲ... တခြား ဖောက်သည်တွေကိုလည်း ခဏလောက် ကစားခွင့်ပေးပါဦး... ဟုတ်ပြီလား...”

ဆိုင်ရှင်က မေးလိုက်သည်။

ဒီနေ့ ပိုက်ဆံအများကြီး ရခဲ့သော်လည်း ဒီတစ်ခါတည်းနဲ့ ရတာ မဟုတ်ပေ။ သူ့နောက်မှာ ရေရှည် စီးပွားရေး ရှိသေးသည်။

သို့သော် ချန်ဟယ် စကားမပြောရသေးခင်မှာပင် ပြဿနာရှာသူက ဦးစွာ ပြောလိုက်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

“ငါတို့ မကစားဘူး... သူ ကစားတာကိုပဲ ကြည့်ချင်တာ...”

သူများ ပိုက်ဆံအိတ်ကို သုံးပြီး ကိုယ့်အတွက် ပျော်စရာရှာရတာက ရှားပါးတဲ့ ကိစ္စမျိုး ဖြစ်သည်။ အခြားသူများလည်း သူပြောသည့်အတိုင်း လိုက်ပြောကြသည်။

“ဟုတ်တယ် ဟုတ်တယ်... မလောပါနဲ့... သူ တစ်ခုခုများ ရမလားလို့ ငါတို့က ကြည့်ချင်ရုံ သက်သက်ပါ...”

ဆိုင်ရှင်၏ တစ်ကိုယ်လုံး ပေါက်ကွဲထွက်မတတ် ဖြစ်သွားသည်။ ချန်ဟယ်သာ ဒီလို ဆက်ကစားနေလျှင် သူ လူလိမ်ဆိုတဲ့ နာမည်ဆိုးကို တပ်ခံရတော့မည်ဟု ခံစားလိုက်ရသည်။ နောင်တွင် ဆိုင်ပြန်ဖွင့်လျှင်တောင် ဘယ်သူမှ လာဝယ်တော့မည် မဟုတ်ပေ။

ချန်ဟယ်ကို ကြည့်သော သူ၏ မျက်လုံးများကလည်း ဆိုးရွားလာသည်။

သူက ချန်ဟယ်ဆီက ပိုက်ဆံနည်းနည်းပဲ လိုချင်ခဲ့တာ၊ ဒါပေမဲ့ ချန်ဟယ်က သူ့ဆိုင်ကို ပိတ်သွားအောင် လုပ်ချင်နေတာပဲ...။

“နောက်ထပ် ဆယ်ခါ... နောက်ဆုံး အကြိမ်ပဲ...”

ချန်ဟယ်က ဆိုင်ရှင်၏ အင်္ကျီလက်ကို ဆွဲကာ စိုးရိမ်တကြီး လောင်းကစားသမား တစ်ယောက်လို ပြောလိုက်သည်။

ဆိုင်ရှင်က မလိုလားစွာဖြင့် မြှားဆယ်စင်းကို ကမ်းပေးလိုက်သည်။

မြှားကို ကိုင်ထားသော ချန်ဟယ်၏ လက်များ တုန်ယင်နေပြီး မြှားတစ်စင်း ပစ်လွှတ်ရန် အချိန်အတော်ကြာ ယူလိုက်ရသည်။

စက်ဝိုင်းကလည်း အလွန် နှေးကွေးနေပြီး ရောင်းသူရော ဝယ်သူပါ ချန်ဟယ် အလယ်တည့်တည့်ကို ပစ်နိုင်ရန် အာရုံစိုက်ထားကြသည်။

ချန်ဟယ် ရွှေယုန်ကို ယူသွားလျှင်တောင် ဆိုင်ရှင် လက်ခံနိုင်နေပြီ ဖြစ်သည်။

သို့သော် ရွှေယုန်ကို ရည်ရွယ်ပြီး ပစ်လွှတ်လိုက်သော ချန်ဟယ်၏ မြှားများသည် လေထဲတွင် စောင်းသွားကာ ရွှေယုန်နှင့် အလွန်နီးကပ်သော နေရာလွတ်သို့ စိုက်ဝင်သွားလေသည်။

“အမယ်လေး... နှမြောစရာပဲ... နည်းနည်းလေး လိုသွားတာ...”

ဆိုင်ရှင် မျက်နှာပေါ်ရှိ နောင်တရမှုက ချန်ဟယ်ထက်ပင် ပိုကြီးမားနေသည်။

သူက ရွှေယုန် နေရာကို အရမ်းသေးအောင် ဆွဲထားမိတဲ့ ကိုယ့်ကိုယ်ကိုယ်တောင် အပြစ်တင်နေမိသည်။ မြှားတစ်စင်းပဲ စိုက်လို့ရသလို ဖြစ်နေသည်။

“နောက်တစ်ခါ ထပ်ပစ်မယ်...”

ချန်ဟယ်က ယုံကြည်မှုရှိစွာဖြင့် ရှေ့ထွက်လာပြီး ဆုကြီးပေါက်တော့မည်ဟု ထင်နေသည်။

ဒါပေမဲ့ အိပ်မက်မက်နေတာပါပဲ။

အကြိမ်တိုင်း နီးကပ်နေခဲ့သည်။

အကြိမ်တိုင်း နီးပါးပင်။

မြှားဆယ်စင်းက စက်ဝိုင်းတစ်ခု ဖြစ်ပေါ်သွားပြီး အလယ်ရှိ ရွှေယုန်ကို ဝန်းရံသွားလေသည်။

ချန်ဟယ် ပြိုလဲလုမတတ် ဖြစ်သွား၏။ သူက မတုံးအပေ။ စက်ဝိုင်းက အရမ်းနှေးကွေးနေတာကို သဘာဝကျကျ သူမြင်နိုင်သည်။

“အိုး... ဒီလူက တကယ် ကံဆိုးတာပဲ...”

ဘေးမှ ကြည့်နေသူများက နောက်ထပ် ခြေလှမ်းနှစ်လှမ်းလောက် မဆုတ်ဘဲ မနေနိုင်အောင် ဖြစ်သွားကြသည်။

“စက်ဝိုင်းက ဒီလောက်နှေးနေတာတောင် သူ ပစ်လို့မမှန်ဘူး... ဒါ သူ့အကြောင်းကြောင့်ပဲ... ဆိုင်ရှင်က လိမ်နေတာတော့ တကယ် မဟုတ်လောက်ဘူး...”

“ဒီတစ်ခါတော့ ဖြည်းဖြည်း လှည့်တာ... အရင်တုန်းက ဖြည်းဖြည်း မလှည့်ခဲ့ဘူးလေ... အကြိမ်ရာချီ ပစ်တာတောင် ဘာမှမရဘူးဆိုတာ ငါတော့ မယုံဘူး...”

ချန်ဟယ်သည် လက်မြှောက်ရန် ခွန်အားပင် မရှိတော့ပေ။ ဘေးမှ ကြည့်နေသူများ၏ စကားကို နားထောင်ရင်း စိတ်လှုပ်ရှားစွာဖြင့် ဆိုင်ရှင်ကို သံသယ မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။

“ဒါ မင်းအမှားပဲ ဖြစ်ရမယ်... မဟုတ်ရင် ငါ ဒီလောက် အကြာကြီး ပစ်တာတောင် ဘာမှမရဘဲ နေပါ့မလား...”

ထိုစကားကို ကြားသောအခါ ဆိုင်ရှင်သည် သွေးအန်လုမတတ် ဖြစ်သွားသည်။ ချန်ဟယ်က ပိုက်ဆံပြန်အမ်းခိုင်းမည်ကိုလည်း စိုးရိမ်သဖြင့် ပြောလိုက်သည်။

“မြှားတွေကို ခင်ဗျားကိုယ်တိုင် ပစ်တာလေ... နေရာလွတ်ကို ပစ်ဖို့ ကျွန်တော်က ခင်ဗျားလက်ကို ထိန်းချုပ်ထားလို့ ရလို့လား... ခုနက ကျွန်တော့်ညီ စက်ဝိုင်းကို ဘယ်လောက် ဖြည်းဖြည်း လှည့်ပေးလဲဆိုတာ ခင်ဗျား မမြင်ဘူးလား... ခင်ဗျား ကျွန်တော့်ကို သံသယရှိနေသေးရင် တခြားတစ်ယောက်ကို စက်ဝိုင်းလှည့်ခိုင်းလိုက်လေ... ဘယ်သူပဲဖြစ်ဖြစ် ခင်ဗျား ရွေးလို့ရတယ်...”

All Chapters