← Chapters

အခန်း (၂၂၅)

Vol. 23 Ch. 225

အခန်း (၂၂၅)

Vol. 23 Ch. 225

အပိုင်း (၂၂၅)

အရိပ်မည်းကို ကျုံးရှန်မြိုချလိုက်သောအခါ ချောက်နက်မိစ္ဆာအရှင်သခင်သည် ချက်ချင်းပင် အာရုံခံမိလိုက်သည်။

'ဟမ်... ငါရဲ့ ကိုယ်ပွား ပျောက်သွားပါ့လား...'

'ဒီ အခန်းနံပါတ် ၇၀ ပိုင်ရှင်က တကယ် မရိုးရှင်းဘူးပဲ...'

ချောက်နက်မိစ္ဆာအရှင်သခင်၏ စိတ်ထဲတွင် သိချင်စိတ်များ ပိုမို ပြင်းပြလာကာ သူ၏ နတ်ဘုရားစွမ်းအင်ကို အသုံးပြုပြီး ကောင်းကင်ကံတရားကို တွက်ချက်ကြည့်လိုက်၏။

ထို့နောက်မကြာခင်ပင် သူ၏ မျက်လုံးများကို ပြန်ဖွင့်လိုက်ပြီး မျက်နှာတွင် သံသယအချို့ ဖြစ်ပေါ်နေသည်။

"ကောင်းကင်ကံတရားက ရှုပ်ထွေးနေတယ်... ဘာသဲလွန်စမှ ရှာမရဘူး... ဒါ ကောင်းကင်တာအို ပြောင်းလဲခြင်း နည်းလမ်းလား..."

"ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက် လူ့ဘုံက ဆန်းကြယ်တဲ့ နတ်ဘုရားစွမ်းရည်လား..."

ချောက်နက်မိစ္ဆာအရှင်သည် မည်မျှ ကြီးကျယ်ခမ်းနားသော ပုဂ္ဂိုလ် ဖြစ်သနည်း။

သူသည် ငရဲဘုံ စတင်ဖြစ်ပေါ်ချိန်ကတည်းက တည်ရှိခဲ့သူ ဖြစ်ကာ ဗဟုသုတ ကြွယ်ဝပြီး ရှေးယခင်ကလည်း ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကို ကျူးကျော်တိုက်ခိုက်ဖူးသည်။ လူသားများ၏ အစွမ်းထက်သော ပုဂ္ဂိုလ်များနှင့် ကျင့်စဉ်များကို ကောင်းစွာ နားလည်ထားသူလည်း ဖြစ်သည်။

ထို့ပြင် လွန်ခဲ့သော နှစ်အနည်းငယ်က သူ၏ မျက်လုံးကိုယ်ပွားတစ်ခုသည် တားမြစ်နယ်မြေတစ်ခုကို တွေ့ရှိခဲ့ပုံရပြီး မူလခန္ဓာကိုယ်ထံသို့ အချက်ပြပြီးနောက် ချက်ချင်းပင် အသတ်ခံလိုက်ရသည်ကို ပြန်လည်သတိရလိုက်သည်။

ထိုအဖြစ်အပျက်က လက်ရှိ ငရဲဘုံတွင် မသိမသာ ဖြစ်ပေါ်နေသော ထူးခြားသည့် အခြေအနေများကို သတိထားမိစေခဲ့သည်။

'ဒီ အခန်းနံပါတ် ၇၀ ထဲက ကောင်မှာ... သေချာပေါက် ပြဿနာရှိနေတယ်...'

လေလံပွဲပြီးဆုံးသည်နှင့် နောက်ယောင်ခံလိုက်ရန် သူဆုံးဖြတ်လိုက်သည်။

ယခုလေလံပွဲသည် ဘေးမှ ထိုင်ကြည့်နေသည့် မိစ္ဆာငယ်များအတွက် အလွန် ကျေနပ်စရာ ကောင်းနေခဲ့ပြီး ငရဲဘုံ၏ အချမ်းသာဆုံး ပုဂ္ဂိုလ်များ၏ ငွေကြေးအင်အားကို မျက်မြင်တွေ့ရှိခဲ့ရသည်။

ဝမ်ဟွာမိစ္ဆာရွှံ့နွံ တစ်တုံးတည်းအတွက် အထွတ်အထိပ်အဆင့် နတ်ဘုရားမိစ္ဆာကျောက်တုံး လေးသောင်း အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ထိုပမာဏကို အဆင့်နိမ့် မိစ္ဆာတစ်ကောင်သာ ရရှိသွားပါက နတ်ဘုရားအဆင့်အထိ လွယ်ကူစွာ ကျင့်ကြံနိုင်မည် ဖြစ်ပြီး ငရဲကမ္ဘာငယ် အနည်းငယ်ကို သိမ်းပိုက်ကာ ကိုယ်ပိုင်အင်အားစု တည်ထောင်ခြင်းဖြင့် နယ်မြေအရှင်သခင် မိစ္ဆာတစ်ပါး ဖြစ်လာနိုင်သည်။

ပိုက်ဆံရှိလျှင် ဘာမဆို လုပ်နိုင်သည် ဆိုသော စကားသည် မှန်ကန်လှပေသည်။

လေလံစင်မြင့်ပေါ်တွင် နောက်ဆုံး ပိတ်ပွဲ ပစ္စည်း ရောက်ရှိလာလေသည်။

လက်ဝါးအရွယ်အစားခန့်ရှိသော ကိုးထပ် အနက်ရောင်စေတီငယ်လေး တစ်ဆူ ဖြစ်ပြီးစေတီ၏ ထိပ်တွင် နေရောင်ခြည်ကဲ့သို့ အလင်းကွင်း သုံးထပ် ရှိနေကာ အတွင်းဆုံးအလင်းကွင်းသည် အနက်ရောင်၊ အလယ်အလင်းကွင်းသည် ရွှေရောင်ဖျော့ဖျော့နှင့် အပြင်ဆုံးအလင်းကွင်းသည် နို့နှစ်ရောင် ဖြစ်သည်။

စေတီကိုယ်ထည်ပေါ်တွင်လည်း အနက်ရောင်အလင်းရိပ်များ လှုပ်ရှားနေပြီး ငရဲဘုံ၏ မိစ္ဆာစွမ်းအင်များနှင့် တူသယောင်ရှိသော်လည်း ကွဲပြားနေသည်။

မည်းနက်ပြီး ဝေဝါးနေသဖြင့် သေချာစွာ မမြင်နိုင်ဘဲ မည်သည့် နတ်ဘုရားအာရုံနှင့် စူးစမ်းရှာဖွေရေး နည်းစနစ်မျှ ဤစေတီငယ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်နိုင်ခြင်း မရှိရာ ထိုအချက်က မိစ္ဆာများ၏ သိချင်စိတ်ကို ပိုမို နိုးကြွလာစေသည်။

"ကျုပ်လက်ထဲမှာ ရှိနေတာကတော့ ဒီလေလံပွဲရဲ့ အထူးခြားဆုံး ပစ္စည်းပါပဲ..."

"စစ်မှန်သောမိစ္ဆာကမ္ဘာကနေ ငရဲဘုံကို ရောက်ရှိလာတဲ့ မဟာတာအိုအဆင့် မိစ္ဆာရတနာ... မဟာနေမင်း ကောင်းကင်မိစ္ဆာစေတီတော်..."

"စစ်မှန်သောမိစ္ဆာကမ္ဘာ ဆိုတာက သီးခြားရပ်တည်နေတဲ့ မဟာကမ္ဘာကြီး တစ်ခုပါ..."

"အဲဒီမှာ နေထိုင်ကြတဲ့ မျိုးနွယ်စုတွေကို မိုကျူးမိစ္ဆာမျိုးနွယ် လို့ ခေါ်ပြီး...သူတို့ရဲ့ ကျင့်စဉ်တွေက ကျုပ်တို့ ငရဲဘုံနဲ့ ဆင်တူသလိုလို ရှိပေမယ့် ကွာခြားပါတယ်..."

"သူတို့က နတ်ဆိုးစိတ်ဓာတ်ကို အဓိကထား ကျင့်ကြံကြပြီး ဒီစေတီတော်ကတော့ ကောင်းကင်မိစ္ဆာကမ္ဘာကနေ ရောက်လာတဲ့ ရတနာပါ..."

"ဒီမှာရှိတဲ့ မဟာမိစ္ဆာအရှင်သခင်ကြီးတွေ အားလုံး လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ငါးဆယ်လောက်က ဖြစ်ပွားခဲ့တဲ့ ရှေးဟောင်းခေတ်ဦးရဲ့ကမ္ဘာတစ်ခုပေါက်ကွဲမှုကို မှတ်မိကြဦးမယ် ထင်ပါတယ်..."

"အဲဒီ ပေါက်ကွဲမှုကြီးက ကျုပ်တို့ငရဲဘုံရဲ့မူလကမ္ဘာကြီးကို ဖျက်ဆီးခဲ့ပြီး ငရဲဘုံရဲ့ အကာအကွယ်နံရံတွေကို စုတ်ဖြဲပစ်ခဲ့ပါတယ်... အဲဒီကနေစပြီး ကျုပ်တို့ရဲ့ငရဲမဟာကမ္ဘာကြီးက ထပ်ပြီးကျယ်ပြန့်လာခဲ့တာပေါ့..."

"ဒါကို ဖန်ဆင်းခြင်း ပေါက်ကွဲမှုလို့လည်း ခေါ်ကြပါတယ်..."

"ခင်ဗျားတို့ ကြားနေရတာ အမှန်ပါပဲ... အဲဒီ ပေါက်ကွဲမှုကြီးကို ဖြစ်စေခဲ့တာက ကောင်းကင်မိစ္ဆာကမ္ဘာကနေ မတော်တဆ ရောက်လာတဲ့ အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦးကြောင့်ပါ..."

"အဲဒီ ပုဂ္ဂိုလ်က ပေါက်ကွဲမှုကြီးထဲမှာ ကျဆုံးသွားခဲ့ပေမယ့် ဒီ မဟာနေမင်း ကောင်းကင်မိစ္ဆာစေတီတော်ကို ချန်ထားရစ်ခဲ့ပါတယ်..."

"ဒီစေတီတော်က နာမည်ကြီး မဟာမိစ္ဆာအရှင်သခင်ကြီးတွေရဲ့ လက်ထဲကို ရောက်ခဲ့ဖူးပေမဲ့...ဝမ်းနည်းစရာကောင်းတာက ဘယ်လိုနည်းလမ်းသုံးသုံး ထိန်းချုပ်လို့မရ သေးတာပါပဲ..."

"ကျုပ်တို့ခန့်မှန်းချက်အရတော့ ဒီစေတီတော်မှာ မဟာတာအိုအဆင့် ရတနာရဲ့ စွမ်းအားတွေ ရှိနေတာအမှန်ပါပဲ..."

ရွှံ့နွံမဟာမိစ္ဆာအရှင်သခင်ကြီးက စေတီ၏ သမိုင်းကြောင်းကို ဖြည်းညှင်းစွာ ရှင်းပြနေသည်။

ဤသမိုင်းကြောင်းသည် သက်တမ်းနုနယ်သော မိစ္ဆာငယ်များနှင့် မိစ္ဆာအရှင်သခင်များအတွက် စိတ်ဝင်စားဖွယ်ရာ ပုံပြင်တစ်ပုဒ် ဖြစ်နေသော်လည်း စတုတ္ထအဆင့်ဘုံကမ္ဘာများမှ မဟာမိစ္ဆာအရှင်သခင်ကြီးများနှင့် အစစ်အမှန်မိစ္ဆာနတ်ဘုရားများအတွက်မူ လျှို့ဝှက်ချက် မဟုတ်ပေ။

သူတို့အများစုသည် ထိုခေတ်ကာလကို ဖြတ်သန်းခဲ့ဖူးကြပြီး စစ်မှန်သောမိစ္ဆာကမ္ဘာမှ မိုကျူးမိစ္ဆာမျိုးနွယ်များ၏ ကြောက်မက်ဖွယ်ကောင်းပုံကို ကောင်းစွာ သိရှိထားကြသည်။

ထိုမိုကျူးမိစ္ဆာရောက်မလာမီက စစ်မှန်သောမိစ္ဆာကမ္ဘာ ဆိုသည်မှာ ကျမ်းဂန်များထဲမှ ဒဏ္ဍာရီတစ်ခုသာ ဖြစ်ခဲ့သည်။

ထိုပုဂ္ဂိုလ်သည် မှတ်တမ်းများထဲကအတိုင်းပင် ဦးခေါင်းတွင် သိုးရိုင်းကဲ့သို့ ဦးချိုကွေး နှစ်ချောင်း ထိုးထွက်နေပြီး ကျောဘက်တွင် အနက်ရောင် လင်းနို့တောင်ပံတစ်စုံ ပါရှိသည်။ သန်မာသော လက်နှစ်ဖက်တွင် လခြမ်းကွေးပုံစံ ဓားနှစ်လက်ကို ကိုင်ဆောင်ထားပြီး ခြေထောက်များသည် သိုးခွာများနှင့် တူကာ သူ၏ခြေလှမ်းတိုင်းတွင် အစိမ်းရောင်မီးတောက်များ လောင်ကျွမ်းနေသည်။

ထိုအချိန်က ငရဲမဟာကမ္ဘာကြီး၏ ငရဲဘုံသက်ရှိများသည် စစ်မှန်သောမိစ္ဆာကမ္ဘာ၏ ကြောက်မက်ဖွယ်ရာကောင်းပုံကို မျက်မြင်တွေ့ရှိခဲ့ရ၏။

မိုကျူးမိစ္ဆာမျိုးနွယ်ပုဂ္ဂိုလ်ကြီး ဖြတ်သန်းသွားသော နေရာတိုင်းရှိ ငရဲဘုံသက်ရှိများသည် ချက်ချင်းပင် မိုကျူးမိစ္ဆာမျိုးနွယ်ဝင်များအဖြစ် ပြောင်းလဲသွားကြပြီး သူ၏ သစ္စာရှိ ရုပ်သေးရုပ်များ ဖြစ်လာကြသည်။ထိုအထဲတွင် ရှေးဟောင်း ငရဲမဟာကမ္ဘာကြီး၏ အစစ်အမှန်မိစ္ဆာနတ်ဘုရားများပင် ပါဝင်ခဲ့သေးသည်။

ဤပြောင်းလဲမှုသည် အလွန် ပြင်းထန်ပြီး မည်သည့် နည်းစနစ်ကိုအသုံးပြု၍ ငရဲဘုံသက်ရှိများကို သူ၏မျိုးနွယ်ဝင်များအဖြစ်ပြောင်းလဲလိုက်သည်ကို ရှာဖွေမတွေ့ရှိခဲ့ပေ။

တစ်ရက်တာ အတွင်း၌ပင် ထိုပုဂ္ဂိုလ်သည် ငရဲကမ္ဘာငယ်ရာချီရှိ ငရဲသက်ရှိများကို သူ၏ မိစ္ဆာရုပ်သေးရုပ်များအဖြစ်ပြောင်းလဲပစ်ခဲ့၏။ ထိုရုပ်သေးရုပ်များသည် လင်းနို့အတောင်ပံများကို ဖြန့်ကျက်ပြီး ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ နေရောင်ကိုပင် ဖုံးကွယ်ထားနိုင်ခဲ့သည်။

ဤအစွမ်းသည် ငရဲဘုံ၏ ကောင်းကင်တာအိုပင် တားဆီးနိုင်ခြင်း မရှိခဲ့ဘဲလွတ်မြောက်ခြင်းအဆင့် နတ်ဘုရားများထက်ပင် ပိုမို အစွမ်းထက်နေခဲ့သည်။

ငရဲဘုံ၏ ကောင်းကင်တာအိုသည် ရောဂါဆိုးကြီးတစ်ခုစွဲကပ်သကဲ့သို့ ခံစားလိုက်ရသဖြင့် ကျုံးရှန်ကိုဝမ်ရှန့်နတ်ဘုရားကုန်း‌ မြေတိုက်၏ကမ္ဘာ့အသိစိတ်ကတုန့်ပြန်သကဲ့သို့ တုံ့ပြန်မှုတစ်ခုဖြစ်လာခဲ့သည်။

သို့နှင့် ရုတ်ချည်းဆိုသလိုပင် ငရဲဘုံ၏ကောင်းကင်မှ မိစ္ဆာအလင်းတန်းသောင်းချီ ကျရောက်လာပြီး အလင်းတန်းတစ်ခုစီသည် တည်နေရာတစ်ခုကို ညွှန်ပြနေကာ သဘာဝတရား၏ သတ်ဖြတ်ခြင်းအစီအရင်ကြီးတစ်ခုကို ဖန်တီးလိုက်သည်။

ယမမင်း၊ မဟာအမှောင်နတ်ဘုရားနှင့် ငရဲမီးမိစ္ဆာအရှင်သခင် စသည့် ရှေးဟောင်း မဟာမိစ္ဆာအရှင်သခင်ကြီး သုံးပါးသည် ငရဲဘုံ၏ကောင်းကင်တာအိုညွှန်ကြားချက်အတိုင်း အစစ်အမှန်မိစ္ဆာနတ်ဘုရား သောင်းချီကို စုစည်းကာ ကောင်းကင်တာအို၏ အလင်းတန်းများအတိုင်း နေရာယူစေပြီး သတ်ဖြတ်ခြင်းအစီအရင်ကြီးကို အသက်သွင်းလိုက်ကြသည်။

ထို့နောက် မိုကျူးမိစ္ဆာကို ငရဲဘုံ၏မူလကမ္ဘာကြီးအတွင်းသို့ ဆွဲခေါ်ပြီး ဝိုင်းဝန်းသတ်ဖြတ်ခဲ့ကြလေသည်။ သို့သော်လည်း ထိုမိစ္ဆာသည် မသေဆုံးခင်တွင် ကမ္ဘာပျက်မတတ် ပြင်းထန်သော ပေါက်ကွဲမှုကြီးကို ဖန်တီးခဲ့၏။

ငရဲမဟာကမ္ဘာကြီးတွင် ထိုအချိန်က ငရဲမူလကမ္ဘာကြီး၌ အထပ်ကိုးထပ် မရှိခဲ့ပေ။

ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကဲ့သို့ပင် ကြီးမားသော ကုန်းမြေတိုက်ကြီးတစ်ခုသာ ဖြစ်၏။

ယခုမြင်တွေ့နေရသော ကိုးထပ်ငရဲကုန်းမြေတိုက်သည် စစ်ပွဲပြီးနောက် ငရဲဘုံရှိ မျိုးနွယ်စုအသီးသီး၏ ပြန်လည်တည်ဆောက်ထားသော ကုန်းမြေတိုက်သစ်များ ဖြစ်ကြသည်။

ဝမ်းနည်းစရာမှာ ထိုဖန်ဆင်းခြင်း ပေါက်ကွဲမှုကြီးသည် ငရဲမူလကမ္ဘာကြီးကိုဖျက်ဆီးခဲ့ရုံသာမက ထိုကုန်းမြေတိုက်အတွင်းရှိ မရေမတွက်နိုင်သော အမွေအနှစ်များနှင့် လျှို့ဝှက်ရတနာများကိုပါ ဖျက်ဆီးပစ်ခဲ့သည်။

တစ်ဦးချင်း စွမ်းရည်အရ ကြည့်မည်ဆိုလျှင် ထိုမိစ္ဆာသည် ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်စေသော ကြောက်မက်ဖွယ်ရာ ပုဂ္ဂိုလ်ဖြစ်သည်။ သူ၏ အန္တရာယ်ပေးနိုင်စွမ်းသည် ဟင်းလင်းပြင် နတ်ဘုရားမိစ္ဆာများ၏ ကျူးကျော်မှုထက်ပင် မလျော့နည်းပေ။

ထိုအဖြစ်အပျက်ပြီးနောက် နှစ်သန်းပေါင်းများစွာ ကြာသည်အထိ ငရဲဘုံတွင် စစ်မှန်သောမိစ္ဆာကမ္ဘာကို လေ့လာခြင်းများ ခေတ်စားခဲ့သည်။ ထို့ပြင်မိစ္ဆာကျင့်စဉ်အသစ်များစွာ ပေါ်ထွက်လာကာ ငရဲဘုံ၏ ကျင့်စဉ်များကို ပိုမို ကြွယ်ဝစေခဲ့၏။ ဤဖြစ်စဉ်များသည် ပေါက်ကွဲမှုကြီးကြောင့် ငရဲမဟာကမ္ဘာကြီး၏ တာအိုစည်းမျဉ်းများ အနည်းငယ် ပြောင်းလဲသွားခဲ့ခြင်းပင်ဖြစ်သည်။

ကံကောင်းသည်မှာ ထိုအချိန်မှစ၍ ငရဲဘုံတွင် မည်သည့် မိုကျူးမိစ္ဆာမျိုးနွယ်ဝင်မျှ ထပ်မံရောက်ရှိလာခြင်း မရှိတော့ပေ။

ဤ မဟာနေမင်း ကောင်းကင်မိစ္ဆာစေတီတော်သည် ထိုစစ်ပွဲမှ ကျန်ရစ်ခဲ့သော တစ်ခုတည်းသော ရတနာ ဖြစ်သည်။

ကမ္ဘာပျက်လုနီးပါးပေါက်ကွဲမှုကြီး၏ဒဏ်ကို ခံနိုင်ရည်ရှိခဲ့သည်ကို ကြည့်ခြင်းအားဖြင့် ဤစေတီသည် အနည်းဆုံး အနေနှင့်မဟာတာအိုအဆင့် မိစ္ဆာရတနာ ဖြစ်မည်ဟု ခန့်မှန်းနိုင်လေသည်။

All Chapters