← Chapters

အခန်း (၂၂၆)

Vol. 23 Ch. 226

အခန်း (၂၂၆)

Vol. 23 Ch. 226

အပိုင်း (၂၂၆)

အကယ်၍ ဤစေတီတော်၏အတွင်းရှိလျှို့ဝှက်ချက်များကို မဖော်ထုတ်နိုင်ဘဲ ထိန်းချုပ်အသုံးပြုနိုင်ခြင်းမရှိပါက သာမန်သံတိုသံစများနှင့် ခြားနားမှုရှိမည်မဟုတ်ရာ စေတီတော်ကိုနောက်ဆုံးပိတ်ပွဲ ရတနာအဖြစ် သတ်မှတ်ရန် မထိုက်တန်လှချေ။

သို့သော် လျှို့ဝှက်ချက်အချို့ကို ဖော်ထုတ်နိုင်ခဲ့လျှင်မူ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားနိုင်သဖြင့် ဝမ်ဟွာမိစ္ဆာရွှံ့နွံထက် တန်ဖိုးကြီးမားမည်ဖြစ်သည်။

ဖုံးကွယ်ထားသောလျှို့ဝှက်ချက်များနှင့်ပြည့်နှက်နေသည့် မဟာတာအိုအဆင့်ရတနာတစ်ခုသည် လေလံပွဲတွင်ရှိနေသူများအတွက် တပ်မက်ဖွယ်ရာပင်ဖြစ်သည်။

သို့သော် အမှန်တွင်မူ မဟာနေမင်း ကောင်းကင်မိစ္ဆာစေတီတော်သည် မဟာမိစ္ဆာအရှင်သခင်ကြီးများစွာ၏ လက်ထဲသို့ ရောက်ရှိခဲ့ဖူးပြီး လေ့လာစမ်းသပ်မှုများ ပြုလုပ်ခဲ့သော်လည်း ကောင်းမွန်သည့်ရလာဒ်ဟူ၍ မည်မည်ရရ မရှိခဲ့ပေ။ ထို့ကြောင့် နောက်ဆုံးတွင် အမှတ်တရပစ္စည်းတစ်ခုအဖြစ်သဘောထားကာ လက်လွှဲပြောင်းရောင်းချနေကြခြင်း ဖြစ်သည်။

မဟာမိစ္ဆာအရှင်သခင်ကြီးများသည် နှစ်ပေါင်းများစွာ ဖြတ်သန်းလာကြသူများ ပီပီ ဉာဏ်နီဉာဏ်နက်များပြားပြီး အတွေ့အကြုံ ရင့်ကျက်သူများ ဖြစ်ကြသည်။ အကယ်၍ ဤစေတီတော်တွင် အမှန်တကယ် အသုံးပြုနိုင်မည့် နည်းလမ်းရှိပါက သူတို့အနေဖြင့် လက်လွှတ်ခံကြမည် မဟုတ်ပေ။

စတုတ္ထအဆင့် ဘုံကမ္ဘာများမှ အစစ်အမှန်မိစ္ဆာနတ်ဘုရားများသည် ထိုအချက်ကို ချက်ချင်း သဘောပေါက်လိုက်ကြသဖြင့် စိတ်ပျက်သွားကြလေသည်။

ချောက်နက်မိစ္ဆာအရှင်သခင်သည်လည်း ထိုအချက်ကို တွေးမိကာ စိတ်ထဲတွင် ကျိတ်ရယ်နေမိသည်။

'ဒီတစ်ခေါက်တော့ ဘယ်ငတုံးကများ သားကောင်ဖြစ်မလဲ မသိဘူး...'

'ဒီရွှံ့နွံမိစ္ဆာအိုကြီးက တကယ်ကို မရိုးသားတဲ့ ကုန်သည်ပဲ... သူ့ဦးနှောက်ထဲမှာ မကောင်းတဲ့အကြံအစည်တွေချည်းပြည့် နေပုံရတယ်...'

ချောက်နက်မိစ္ဆာအရှင်သခင်သည် ယခင်က ရွှံ့နွံမဟာမိစ္ဆာအရှင်သခင်ကြီးနှင့် အရောင်းအဝယ်ပြုလုပ်ရာတွင် အမြတ်ထုတ်ခံခဲ့ရဖူးသဖြင့် မကျေမနပ် တွေးတောနေမိသည်။

ရွှံ့နွံမဟာမိစ္ဆာအရှင်သခင်ကြီးသည် စေတီတော်၏ သမိုင်းကြောင်းကို ရှင်းပြပြီးနောက် မည်သူမျှ စိတ်ဝင်စားခြင်း မရှိသည်ကို မြင်သောအခါ ထပ်မံဆွဲဆောင်လိုက်ပြန်သည်။

"ဒီရတနာထဲမှာ စစ်မှန်သောမိစ္ဆာကမ္ဘာရဲ့ လျှို့ဝှက်ချက်တွေ ကိန်းအောင်းနေပါတယ်..."

"အကယ်၍များ ကံထူးသူတစ်ဦးဦးက စေတီထဲမှာရှိတဲ့ သဘောတရားတွေကို နားလည်သွားခဲ့ရင် ရှေးဟောင်းမိစ္ဆာမျိုးနွယ်တွေရဲ့ အထွတ်အထိပ်သိုင်းပညာကို ရရှိမှာပဲဖြစ်တယ်..."

"ကြမ်းခင်းဈေးကတော့ အထွတ်အထိပ်အဆင့် နတ်ဘုရားမိစ္ဆာကျောက်တုံး ၁၀၀၀ ဖြစ်ပြီး ဈေးခေါ်တိုင်း ၃၀၀ တိုးပေးရပါမယ်..."

"ကဲ... စလိုက်ကြရအောင်..."

သူ၏ လေသံသည် ဆွဲဆောင်မှုအပြည့် ရှိနေသော်လည်း အမှန်စင်စစ်တွင် ဤစေတီတော်သည် လေလံအိမ်၏ မိတ်ဟောင်းဆွေဟောင်းကြီး တစ်ခုသာ ဖြစ်သည်။

အဆင့်အတန်းအရ ပြောရလျှင် အထွတ်အထိပ် ရတနာဖြစ်သော်လည်း အသုံးမပြုနိုင်သဖြင့် အမှိုက်တစ်ခုကဲ့သို့ ဖြစ်နေသည်။

ထို့ကြောင့် မဟာမိစ္ဆာအရှင်သခင်ကြီးများသည် နှစ်သန်းပေါင်းများစွာ လေ့လာပြီးနောက် အဖြေမတွေ့သောအခါ လေလံအိမ်သို့ ပြန်ပို့ကာ ကံစမ်းချင်သူ ငတုံးတစ်ယောက်ယောက်ကို ရောင်းချလေ့ရှိသည်။ ဤနည်းဖြင့် လေလံအိမ်သည် အကျိုးဆောင်ခ အကြိမ်ကြိမ်ရရှိပြီး ငရဲဘုံ၏ စီးပွားရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနေခြင်း ဖြစ်သည်။

လေလံကွင်းတစ်ခုလုံး တိတ်ဆိတ်သွားသည်။ အတွေ့အကြုံရှိသော မိစ္ဆာကြီးများသည် ဤလှည့်ကွက်ကို သိရှိကြသဖြင့် စိတ်ဝင်စားခြင်း မရှိကြဘဲ စိတ်ဝင်စားသော မိစ္ဆာငယ်လေးများမှာမူ ဝယ်ယူနိုင်စွမ်း မရှိကြချေ။

အချိန်အတော်ကြာသည်အထိ တိတ်ဆိတ်နေသဖြင့် ယခုပစ္စည်းသည် ရောင်းမထွက်ဘဲ ကျန်ရစ်တော့မည့် အခြေအနေသို့ ရောက်ရှိနေသည်။

သို့သော် အခန်းနံပါတ် တင်း-၀၇၀ အတွင်း၌မူ ကျုံးရှန်သည် စိတ်လှုပ်ရှားလွန်းသဖြင့် တုန်ရီနေမိသည်။

စေတီတော်ကို မြင်လိုက်ရသည့် ခဏ၌ပင် သူသည် ဖူထုစေတီတော်ဖြစ်မှန်း မှတ်မိလိုက်ခြင်းဖြစ်သည်။

ဤစေတီတော်သည် သာမန်ရတနာမဟုတ်ဘဲ ကမ္ဘာ့အပြင်ဘက် ပိုင်ရွှီနယ်မြေ ရှိ ဆန်းကြယ်သော ဟုန်မွန်သစ်ပင်မှ သီးပွင့်လာသည့် ကမ္ဘာဦး မဟာတာအို ရတနာတစ်ပါး ဖြစ်သည်။ သို့သော် စစ်မှန်သောမိစ္ဆာကမ္ဘာမှ ဦးစွာရယူသွားပြီး မိစ္ဆာရတနာအဖြစ် ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။

ထို့ကြောင့် စစ်မှန်သောမိစ္ဆာကမ္ဘာ၏ ကျင့်စဉ်ဖြင့် ထိန်းချုပ်မှသာ အသုံးပြုနိုင်မည် ဖြစ်၏။

စစ်မှန်သောမိစ္ဆာကမ္ဘာသည် သီးခြားကမ္ဘာတစ်ခု ဖြစ်သော်လည်း ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်နှင့် လုံးဝ အဆက်အသွယ် ပြတ်တောက်နေခြင်း မရှိပေ။

ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်တွင်လည်း မိုကျူးမိစ္ဆာမျိုးနွယ်များ ဆင်းသက်ခဲ့သည့် မှတ်တမ်းများ ရှိနေလေသည်။ ထို့ပြင် ပိုင်ရွှီနယ်မြေကို ဖြတ်ကျော်ပြီး စစ်မှန်သောမိစ္ဆာကမ္ဘာသို့ သွားရောက်နိုင်သည့် လျှို့ဝှက်အစီအရင်များ ရှိနေသည်ဟုလည်း ကောလာဟလများ ရှိနေသည်။

ကံကောင်းသည်မှာ ကျုံးရှန်သည် စစ်မှန်သောမိစ္ဆာကမ္ဘာ၏ကျင့်စဉ်တစ်ခုကို လေ့ကျင့်ဖူးခြင်းပင် ဖြစ်သည်။ သူသည်လွန်ခဲ့သော နှစ်ပေါင်းတစ်သိန်းခန့်က မိစ္ဆာချောက်နက်ပင်လယ် တွင် လေ့ကျင့်ခဲ့ဖူး လေသည်။

ထိုပင်လယ်သည် ကြောက်မက်ဖွယ် မိစ္ဆာနယ်မြေနှင့် ဆက်စပ်နေပြီး နှစ်ပေါင်းများစွာကြာတိုင်း မိစ္ဆာကပ်ဘေးများ ကျရောက်တတ်ကာ ရှေးဟောင်းဧကရာဇ်များ၏အောင်မြင်စွာဖိနှိပ်မှုကြောင့်သာ ယခုခေတ်အထိ ငြိမ်းချမ်းစွာတည်ရှိနေခြင်းဖြစ်သည်။

မိစ္ဆာချောက်နက်ပင်လယ်၏အတွင်းပိုင်းတွင် ထူးဆန်းသောစွမ်းအင်များဖြင့်ပြည့်နှက်နေပြီး ငရဲဘုံနှင့် လုံးဝကွဲပြားနေသည့် နတ်ဆိုးစိတ်ဆန္ဒများလည်းပါဝင်နေသည်။

ကျုံးရှန်ပင်လျှင် ဟင်းလင်းပြင်နတ်ဘုရားတံဆိပ်တော်ကြောင့်သာ ထိုချောက်နက်ပင်လယ်ထဲသို့ ဝင်ရဲခြင်းဖြစ်၏။ သို့သည်ပင်လျှင် သူ၏ နတ်ဘုရားအာရုံသည် အနည်းနှင့်အများဆိုသလို ထိုနတ်ဆိုးစိတ်ဆန္ဒ၏မကောင်းမှုစွမ်းအင်များဖြင့် တိုက်စားခြင်းခံခဲ့ရသည်။

ထိုစဉ်က ကျုံးရှန်သည်မိစ္ဆာချောက်နက်ပင်လယ်အတွင်းလှည့်လည်နေသည့်အချိန်၌ ပျက်စီးနေသော ဘုရားကျောင်းတစ်ခုမှ တစ်ပိုင်းတစ်စဖြစ်နေသည့် ကျမ်းစာတစ်ဆောင် ရရှိခဲ့ဖူးသည်။

ကျမ်းစာထဲတွင် ပါဝင်သည့်စာအရေးအသားသည် ကျုံးရှန်သိခဲ့သမျှ စာအရေးအသားများနှင့်လုံးဝမတူညီသော်လည်း ကံကောင်းစွာဖြင့် ရှေးခေတ်လူသားကျင့်ကြံသူတစ်ဦးက ဘာသာပြန်ထားပြီးမှတ်စုတိုများကိုချန်ထားရစ်ခဲ့လေသည်။

ပြစ်မျိုးမဲ့ထင် စစ်မှန်သောမိစ္ဆာကျမ်းစာ။

ထိုကျမ်းစာသည် စစ်မှန်သောမိစ္ဆာကမ္ဘာမှ ကျင့်စဉ်တစ်ခုဖြစ်ပြီး အလွန်နက်နဲဆန်းကြယ်လှကာ ကျင့်စဉ်အောင်မြင်လျှင် ဦးခေါင်းနောက်တွင် စစ်မှန်သောမိစ္ဆာနေမင်း တစ်စင်း ပေါ်လာပြီး ရန်သူဟူသမျှကို ချေမှုန်းပစ်နိုင်သည်ဟု ဆိုထားသည်။

ကျုံးရှန်ရရှိခဲ့သည့် ကျမ်းစာသည် ဆယ်ပုံတစ်ပုံခန့်သာ ပါဝင်သော်လည်း စစ်မှန်သောမိစ္ဆာအငွေ့အသက်များကို ထုတ်ဖော်ရန် လုံလောက်မှုရှိရာ ဤစေတီတော်ကို ထိန်းချုပ်နိုင်မည်ဟု ယုံကြည်ချက်ရှိနေသည်။

'အခွင့်ကောင်းပဲ... သေချာပေါက် အရယူရမယ်...'

'ရှီမင်... ကြမ်းခင်းဈေး ၁၀၀၀ နဲ့ပဲ လေလံဝင်ဆွဲလိုက်...'

ကျုံးရှန်သည် သတိပြန်ဝင်လာပြီး အချိန်လွန်သွားမည် စိုးသဖြင့် အလျင်အမြန် အမိန့်ပေးလိုက်သည်။

"စိတ်ဝင်စားတဲ့သူ တစ်ယောက်မှမရှိဘူးလား"

"အကယ်၍ ဒီစေတီထဲမှာဖုံးကွယ်ထားတဲ့လျှို့ဝှက်ချက်တွေနဲ့ ရတနာတွေကိုဖော်ထုတ်နိုင်ရင် ငရဲကမ္ဘာကြီးမှာလွတ်လွတ်လပ်လပ်လှည့်လည်သွားလာနိုင်ဖို့ဆိုတာ အိပ်မက်ပဲမဟုတ်တော့ဘူးနော်"

ရွှံ့နွံမဟာမိစ္ဆာအရှင်သခင်ကြီးသည် ရောင်းမထွက်ဖြစ်မည်ကို ဆန္ဒမရှိသည်ဖြစ်ရာ ဆက်လက်ပြီး ဆွဲဆောင်လိုက်ပြန်သည်။

ထိုအချိန်တွင်ကြမ်းခင်းဈေးဖြင့် ဈေးခေါ်သံ ထွက်ပေါ်လာသည်။

"တင်း-၀၇၀ အထွတ်အထိပ် မိစ္ဆာနတ်ဘုရားကျောက်တုံး ၁၀၀၀..."

သို့သော်လည်း အခြားမည်သည့် မဟာမိစ္ဆာအရှင်သခင်ကြီးကမျှ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိပေ။

သူတို့သည် အခန်းနံပါတ် ၇၀ ၏ ကြွယ်ဝမှုကို မြင်တွေ့ခဲ့ရပြီး ဖြစ်ရာ ယခုလည်း ပိုက်ဆံပေါလွန်း၍ အသုံးမကျသော ပစ္စည်းတစ်ခုကို ဝယ်ယူသည်ဟုသာ မှတ်ယူလိုက်ကြသည်။

ရွှံ့နွံမဟာမိစ္ဆာအရှင်သခင်ကြီးသည်လည်း မဟာနေမင်း ကောင်းကင်မိစ္ဆာစေတီတော်သည် ပိုင်ရှင်တစ်ရာမက လက်လွဲပြောင်းခဲ့ဖူးပြီးဖြစ်၍ အစစ်အမှန်မိစ္ဆာနတ်ဘုရားများဖြစ်သည့် မိစ္ဆာအရှင်သခင်ကြီးများအကြား၌ ယခုအချိန်တွင် နာမည်မကြီးတော့မှန်းသိ၏။

သို့သော်လည်း လေလံပွဲ၏တက်ကြွနေသောလေထုကို အမှီပြု၍ဈေးကောင်းဖြင့်ရောင်းထွက်ရန်မျှော်လင့်ထားလေသည်။

"..."

လေလံဈေးသည် အပြောင်းအလဲမရှိတည်ငြိမ်နေဆဲဖြစ်၏။

နောက်ဆုံးတွင် အချိန်အတော်အတန်ကြာသည်အထိ ထပ်မံဈေးခေါ်သူ မရှိသဖြင့် ရွှံ့နွံမဟာမိစ္ဆာအရှင်သခင်ကြီးလည်းစည်းမျဉ်းအတိုင်း သုံးကြိမ်ကြေညာကာ အဆုံးသတ်လိုက်ရလေသည်။

ဤသို့ဖြင့် လေလံပွဲ၏ နောက်ဆုံးပိတ်ပွဲ ရတနာသည် ကျုံးရှန်၏ လက်ထဲသို့ ရောက်ရှိသွားပြီ ဖြစ်သည်။

ကျောက်လေလံအိမ်၏ ၂၀၇၈၉ကြိမ်မြောက်လေလံပွဲကြီးသည် အခန်းနံပါတ် တင်း-၇၀ ၏ ကိုယ်ပိုင်ဈေးဝယ်ပွဲအဖြစ် ပြောင်းလဲသွားခဲ့လေသည်။

ရွှံ့နွံမဟာမိစ္ဆာအရှင်သခင်ကြီး၏ကိုယ်ပွားသည် မဟာနေမင်း ကောင်းကင်မိစ္ဆာစေတီတော်ကိုသယ်ဆောင်လျက် အခန်းနံပါတ် တင်း-၀၇၀သို့ ရောက်ရှိလာကာ အထွတ်အထိပ်မိစ္ဆာနတ်ဘုရားကျောက်တုံးများနှင့်လဲလှယ်ယူလိုက်သည်။

လေလံပွဲပြီးဆုံးပြီဖြစ်၍ မိစ္ဆာအရှင်သခင်ကြီးများနှင့် တခြားမိစ္ဆာငယ်များသည်လည်း လေလံကွင်းမှထွက်ခွာသွားကြပြီဖြစ်သည်။

မဟာနေမင်း ကောင်းကင်မိစ္ဆာစေတီတော်သည် အဖိုးမဖြတ်နိုင်အောင်ပင် တန်ဖိုးကြီးသည့် ကမ္ဘာဦး မဟာတာအိုအဆင့်ရတနာဖြစ်သည်။

သို့သော်ယခုတွင်မူ အထွတ်အထိပ် မိစ္ဆာနတ်ဘုရား ကျောက်တုံး ၁၀၀၀ တည်းဖြင့် ကျုံးရှန်လက်ထဲသို့ ရောက်လာပြီဖြစ်သည်။ ရတနာသိုက်ကြီးကို အလကားနီးပါး ရရှိလိုက်ခြင်းနှင့်ပင် တူညီလှသည်။ ယခင်က အပိုသုံးစွဲခဲ့ရသော ကျောက်တုံးပမာဏများနှင့် နှိုင်းယှဉ်လျှင် ယခုအမြတ်အစွန်းသည် ပြောစမှတ်ပြုလောက်ပေသည်။

လီလီဗီသည် ရှီမင်၏ ငွေသုံးကြမ်းမှုကို ရိုးအီနေပြီဖြစ်၍ မည်သို့မျှ မခံစားရတော့ပေ။လေလံပွဲပြီးဆုံးသဖြင့် သူတို့သည် ပဉ္စမအထပ်ရှိ ကုန်းမြေတိုက်သို့ သွားရောက်ရန် စတုတ္ထထပ်၏ ဂိတ်တံခါးဝဆီသို့ထွက်ခွာလာခဲ့ကြသည်။

လေလံကွင်းမှ ရှီမင်တို့ထွက်ခွာသွားချိန်တွင် အရိပ်တစ်ခု နောက်ယောင်ခံ၍လိုက်ပါလာခဲ့သည်။

All Chapters