← Chapters

အခန်း (၂၃၀)

Vol. 23 Ch. 230

အခန်း (၂၃၀)

Vol. 23 Ch. 230

အပိုင်း (၂၃၀)

"ဒီရတနာက ငရဲဘုံက မဟာမိစ္ဆာအရှင်သခင်ကြီးတွေ ပူးပေါင်းပြီး ကောင်းကင်တက်လှမ်းမျှော်စင်ကို လေ့လာတွေ့ရှိချက်တွေအပေါ် အခြေခံကာဖန်တီးထားတဲ့ ကောင်းကင်တက်လှမ်းခြင်းပုံစံငယ်စေတီတော်ပါ..."

"မျှော်စင်အကြောင်း နားလည်သဘောပေါက်ထားသမျှ အချက်အလက်တွေ အကုန်ပါပြီး... မြေပုံအနေနဲ့လည်း အသုံးပြုလို့ ရတယ်..."

"မျှော်စင်ရဲ့ အလွှာတစ်ထောင်နဲ့ ပတ်သက်တဲ့ မှတ်စုတွေလည်း ပါဝင်သလို... ဖန်ဆင်းခြင်းအဆင့် ရတနာတစ်ခုအနေနဲ့လည်း အစွမ်းထက်ပါတယ်..."

"အသေးစိတ်ကိုတော့ ဒီကျောက်စိမ်းပြားထဲမှာ ဖတ်ပြီး... မင်းဘာသာမင်း လေ့လာကြည့်ပေါ့..."

"ကဲ... ငါ့မှာ လုပ်စရာ ရှိသေးလို့... သွားတော့မယ်..."

ရွှံ့နွံမဟာမိစ္ဆာအရှင်သခင်ကြီးသည် ပေါ့ပေါ့ပါးပါးပင် ရှင်းပြလိုက်ပြီး ပစ္စည်းနှစ်ခုကို လေထဲတွင် ထားခဲ့ကာ လှည့်ထွက်သွားလေသည်။

စီးပွားရေးလုပ်နေသည့် မိစ္ဆာအရှင်သခင်ကြီးပီသစွာပင် အလွန် ပြတ်သားမြန်ဆန်လှ၏။

ကျုံးရှန်သည် ထိုနေရာတွင် ရပ်နေရင်း သူ၏နတ်ဘုရားအာရုံဖြင့် ကောင်းကင် တက်လှမ်းခြင်းပုံစံငယ်စေတီတော်နှင့် ကျောက်စိမ်းပြားကို အကြိမ်ကြိမ် စစ်ဆေးကြည့်လိုက်သည်။

မည်သည့် ထူးခြားမှုမှ မတွေ့ရဘဲ အမှန်တကယ်ပင် ရတနာတစ်ခု သက်သက်သာ ဖြစ်ပုံရသည်။

သို့သော် ချောက်နက်မိစ္ဆာအရှင်သခင်၏ ထူးဆန်းသော တောင်းဆိုမှုကို ပြန်စဉ်းစားမိလိုက်သောအခါ ဤကိစ္စတွင် ကြီးမားသော လှည့်ကွက်တစ်ခု ရှိနေသည်ဟု သံသယ ဝင်လာမိသည်။

ထိုလှည့်ကွက်သည် သူ မျှော်စင်တက်မည့် ကိစ္စနှင့် သက်ဆိုင်နေသည်လား။

'သူတို့ ငါ့ရဲ့ အစစ်အမှန် ကိုယ်ပိုင်လက္ခဏာကို ရိပ်မိသွားကြတာဖြစ်နိုင်မလား...'

ကျုံးရှန်သည် စိတ်ထဲတွင် အသေအချာတွေးတောနေမိသည်။ ငရဲဘုံမှ မဟာမိစ္ဆာအရှင်သခင်ကြီးများသည် နှစ်ပေါင်းများစွာ အသက်ရှင်သန်လာကြသူများ ဖြစ်ကြပြီး အလွန် ဉာဏ်များကာ ကောက်ကျစ်စဉ်းလဲသူများ ဖြစ်ကြရာ မည်သူမျှ လျှော့တွက်၍ မရပေ။

လက်ရှိတွင် ကျုံးရှန်သည် တစ်ခုခု မှားယွင်းနေကြောင်း ခံစားမိသော်လည်း မည်သည့်နေရာတွင် မှားယွင်းနေသည်ကို ရှာမတွေ့ဘဲဖြစ်နေသည်။

ကောင်းကင်တက်လှမ်းမျှော်စင်သည် ရှေးဟောင်းခေတ်ကတည်းက တည်ရှိခဲ့သော မွေးရာပါ ရတနာတစ်ပါး ဖြစ်သည်။ ထိုမဟာမိစ္ဆာအရှင်သခင်ကြီးများသည် မျှော်စင်၏ ထိပ်ဆုံးသို့ပင် မရောက်ရှိနိုင်ကြရာ မျှော်စင်ကို ပြုပြင်ပြောင်းလဲရန် ဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်ပေ။ ကျုံးရှန်သည် အချိန်အတော်ကြာ စဉ်းစားသော်လည်း အဖြေမတွေ့သဖြင့် နောက်ဆုံးတွင်လက်လျှော့လိုက်ရသည်။

သူသည် လက်ကို ဝှေ့ယမ်းကာ ရှီမင်ကို ထိန်းချုပ်ထားခြင်းမှ ရပ်စဲလိုက်ပြီး မူလနတ်ဘုရားသန္ဓေသား၏ ဆက်သွယ်မှုကို ပိတ်လိုက်သည်။ ထို့နောက်မှ ရှီမင်ကို ပစ္စည်းများ သိမ်းဆည်းခိုင်းလိုက်သည်။

လောလောဆယ် စစ်ဆေးကြည့်ရှုရန် မလိုအပ်သေးသဖြင့် သူတို့အဖွဲ့သည် ပဉ္စမအထပ်ရှိ အလယ်ဗဟိုဖြစ်သည့် မြို့တော်ကြီးဆီသို့ ဦးတည်ပျံသန်းသွားကြသည်။

သူတို့ ထွက်ခွာသွားပြီး နာရီအနည်းငယ် အကြာတွင် ရေအောက်ချောက်ကမ်းပါး စစ်မြေပြင်ဟောင်းဆီသို့ ရွှံ့နွံမဟာမိစ္ဆာအရှင်သခင်ကြီး ရောက်ရှိလာပြီး ချောက်နက်မိစ္ဆာအရှင်သခင်နှင့် ပြန်လည်တွေ့ဆုံလိုက်သည်။

မိစ္ဆာအိုကြီးနှစ်ကောင်သည် စစ်မြေပြင်ဟောင်းတွင် ရပ်ကာ တီးတိုး ဆွေးနွေးနေကြ၏။

"သူ ကောင်းကင်တက်လှမ်းခြင်းပုံစံငယ်စေတီတော်ကို လက်ခံလိုက်လား..."

"သူ့ကို ယုံအောင် ပြောဖို့အတွက် ငါ့ရဲ့ ချောက်နက်ငရဲဘုံ နှလုံးသားကျင့်စဉ် ငါးပုံတစ်ပုံတောင် ပေးလိုက်ရတာကွ..."

ချောက်နက်မိစ္ဆာအရှင်သခင်က မေးလိုက်သည်။

"ဟားဟား... မင်းကလည်းကွာ... တကယ်လို့ ကောင်းကင်တာအို တံဆိပ်တော်ကိုသာ ရခဲ့မယ်ဆိုရင် ကျင့်စဉ် ငါးပုံတစ်ပုံလောက်က ဘာပြောစရာ ရှိလို့လဲ..."

"ဒီလေလံပွဲမှာ ဒီလောက် အစွမ်းထက်တဲ့ လူသားတစ်ယောက်နဲ့ တွေ့ရလိမ့်မယ်လို့ ထင်မထားခဲ့ဘူး... ဒါ မထင်မှတ်ထားတဲ့ ဆုလာဘ်တစ်ခုပဲ..."

"ကောင်းကင်တာအို တံဆိပ်တော်က လူသားရဲ့ အငွေ့အသက်ကို အာရုံခံမိတာနဲ့ သေချာပေါက် ထွက်ပေါ်လာပြီး သူ့လက်ထဲ ရောက်သွားမှာ..."

"သူ စေတီတော်ကို ယူသွားသရွေ့ ငါတို့ သူ့နေရာကို အချိန်မရွေး သိနိုင်တယ်..."

"သူ မျှော်စင်ထိပ်ဆုံးကို ရောက်နိုင်မှာ မဟုတ်ဘူး... အဲဒီတော့ သေချာပေါက် မိစ္ဆာပျက်သုဉ်းနယ်မြေ ထဲကိုပဲ ပြန်ရောက်လာလိမ့်မယ်..."

"ငါတို့က အဲဒီမှာ တားမြစ်အစီအရင် တစ်ခု ကြိုတင်ပြင်ဆင်ထားပြီး သူ့ကို ဖမ်းချုပ်လိုက်ရုံပဲ... သူ့ရဲ့ ပိုင်ဆိုင်မှု အားလုံးက ငါတို့အတွက် ဖြစ်လာလိမ့်မယ်..."

ရွှံ့နွံမဟာမိစ္ဆာအရှင်သခင်ကြီးက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

ထိုစကားကို ကြားသော်လည်း ချောက်နက်မိစ္ဆာအရှင်သခင်သည် စိတ်မချနိုင်သေးပေ။

"သူ့ကို လျှော့မတွက်နဲ့... ငါ ထင်တာတော့ သူ တစ်ခုခုကို ရိပ်မိနေလောက်ပြီ..."

"တကယ်လို့များ လွဲချော်သွားရင် ငါတို့ တော်တော် နစ်နာသွားလိမ့်မယ်..."

ရွှံ့နွံမဟာမိစ္ဆာအရှင်သခင်ကြီးက ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

"ဟားဟား... မိစ္ဆာအိုကြီးရာ... သတ္တိနည်းလိုက်တာ..."

"ဘယ်သူမှ မျှော်စင်တက်ဖို့ အခွင့်အရေးကို လက်လွှတ်ခံမှာ မဟုတ်ဘူး..."

"ဒီလူသားတွေက တကယ် ဝက်လောက်တောင် ဉာဏ်မရှိကြဘူး... ငါတို့ ငရဲဘုံမှာ လှည့်လည်သွားလာနေတာ နှစ်ပေါင်းများစွာ ကြာပြီ... ဟင်းလင်းပြင် အက်ကြောင်းတွေ အများကြီး တွေ့ထားသလို... သူလျှိုတွေလည်း လွှတ်ထားပြီးပြီ..."

"ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်မှာ ဖရိုဖရဲ ဖြစ်နေတာကိုလည်း ငါတို့ သိပြီးသားပဲ..."

"ဝမ်းနည်းစရာက အဲဒီ အက်ကြောင်းတွေက ကျဉ်းမြောင်းလွန်းလို့ စစ်တပ်ကြီး လွှတ်လို့ မရဘူး...ဒါကြောင့် ကောင်းကင်တာအို တံဆိပ်တော် လိုအပ်နေတာ..."

"အဲဒါရရင် စစ်တပ်ကြီးတစ်ခု ဆန့်နိုင်လောက်တဲ့ဟင်းလင်းပြင် လမ်းကြောင်းဖွင့်ပြီး ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကို တစ်ခါတည်း သိမ်းပိုက်ပစ်မယ်..."

"မရေမတွက်နိုင်တဲ့ ကမ္ဘာငယ်လေးတွေ အကုန်လုံးက ငါတို့ရဲ့ စားကျက်မြေ ဖြစ်လာတော့မှာပါ..."

"စဉ်းစားကြည့်လိုက်တာနဲ့တင် ရင်ခုန်စရာ ကောင်းနေပြီ... ဟားဟားဟား..."

ချောက်နက်မိစ္ဆာအရှင်သခင်၏ မျက်နှာထားကမူ တည်ကြည်လေးနက်နေဆဲ ဖြစ်သည်။

"တကယ်လို့ သူ မျှော်စင်ထိပ်ဆုံးထိ ရောက်သွားရင်ရော..."

"အဲဒီကျရင် ငါတို့ စီစဉ်ထားတာတွေ အကုန် သဲထဲရေသွန် ဖြစ်ကုန်မှာပေါ့..."

ရွှံ့နွံမဟာမိစ္ဆာအရှင်သခင်ကြီးက ပြတ်သားစွာပင် ငြင်းလိုက်သည်။

"မျှော်စင်ထိပ်ဆုံး ရောက်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး..."

"ထိပ်ဆုံးရောက်ဖို့ဆိုတာ တက်လှမ်းခြင်းတာအို ကို အပြည့်အဝ နားလည်သဘောပေါက်မှရမှာ... မဟုတ်ရင် လုံးဝ မဖြစ်နိုင်ဘူး..."

"တကယ်လို့ အဲဒီ တာအိုကိုသာ အပြည့်အဝ နားလည်သွားရင် သံသရာ ၃ ပါးကနေ လွတ်မြောက်ပြီး ဓာတ်ကြီးငါးပါးထဲမှာ ရှိမနေတော့ဘဲ လွတ်မြောက်ခြင်းအဆင့် ရောက်သွားမှာပဲ..."

ရွှံ့နွံမဟာမိစ္ဆာအရှင်သခင်ကြီး၏ ယုံကြည်မှုအပြည့်ရှိပုံကို မြင်သောအခါ ချောက်နက်မိစ္ဆာအရှင်သခင်လည်း ဆက်မပြောတော့ပေ။ သူတို့လုပ်သမျှအရာအားလုံးသည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကို သိမ်းပိုက်ရန်အတွက်သာ ဖြစ်သည်။

ငရဲမဟာကမ္ဘာကြီးသည် ကျယ်ဝန်းသော်လည်း မွေးရာပါ အားနည်းချက်ကြောင့် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်လောက် မကောင်းမွန်ပေ။ သူတို့ လွတ်မြောက်ခြင်းအဆင့်သို့ ရောက်လိုလျှင် ကမ္ဘာနှစ်ခုကြား အတားအဆီးကို ဖောက်ထွင်းပြီး ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်မှ အခွင့်အလမ်းကို ရယူရမည် ဖြစ်သည်။

ထို့ကြောင့် လွန်ခဲ့သော နှစ်သန်းပေါင်းများစွာ အတွင်း မဟာမိစ္ဆာအရှင်သခင်ကြီးများသည် ငရဲဘုံအနှံ့ လှည့်လည်သွားလာပြီး ဟာကွက်များကို ရှာဖွေခဲ့ကြသည်။

ချောက်နက်မိစ္ဆာအရှင်သခင်သည် ချောက်နက်ငရဲဘုံ နှလုံးသားကျင့်စဉ်၏အစွမ်းကို အသုံးပြုပြီး မျက်လုံးကိုယ်ပွားများစွာ ဖန်တီးကာ ငရဲဘုံတစ်ခုလုံးကို စောင့်ကြည့်ခဲ့သည်။ ထို့ကြောင့်ပင် ကျုံးရှန်မူလအစကမ္ဘာကို ဖန်တီးစဥ်က ထိုမျက်လုံးကိုယ်ပွားများထဲမှ တစ်ခုသည် မြင်တွေ့ခဲ့ခြင်း ဖြစ်သည်။

ယခုအခါ ပိတ်ဆို့မှုများ လျော့ရဲလာပြီဖြစ်၍ အလုံးစုံ ပွင့်သွားမည့်နေ့ မဝေးတော့ပေ။ သူတို့သည် နည်းမျိုးစုံဖြင့်အစီအစဉ်များကို ကြိုတင်ပြင်ဆင်ထားခြင်းသာ ဖြစ်သည်။

ချောက်နက်ငရဲဘုံ နှလုံးသားကျင့်စဉ်၏ငါးပုံတစ်ပုံသည် သူ၏ မူလအခြေခံကို မထိခိုက်စေနိုင်သလို ကျင့်စဉ်၏ အဓိကလျှို့ဝှက်ချက်ကိုလည်း ဖော်ထုတ်နိုင်မည် မဟုတ်ပေ။

ကောင်းကင်တက်လှမ်းခြင်းပုံစံငယ်စေတီတော်သည်ကား သားအမိစေတီတော် နှစ်ဆူ ရှိပြီး ကျုံးရှန်ကို ပေးလိုက်သည်မှာ မိခင်စေတီတော်မှ ခွဲထုတ်ထားသော သားစေတီတော် သာ ဖြစ်သည်။ အစစ်အမှန် စေတီတော်သည် မဟာတာအိုအဆင့် စွမ်းအားရှိပြီး ကိုးထပ်မြောက် ကုန်းမြေတိုက်ရှိ မဟာမိစ္ဆာအရှင်သခင်ကြီးများစွာ ပူးပေါင်းထိန်းသိမ်းထားသည်။

ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်သို့ ဆင်းသက်ရန်အတွက် မဟာမိစ္ဆာအရှင်သခင်ကြီးများသည် ကြိုတင်သဘောတူညီမှု ရယူထားကြပြီးဖြစ်သည်။

ငရဲဘုံသည် ဘေးဒုက္ခများပြားသဖြင့် ဤနေရာမှ မိစ္ဆာများသည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ရှိ ကျင့်ကြံသူများထက် ပိုမို စည်းလုံးကြသည်။

သားစေတီတော်၏ လှုပ်ရှားမှုမှန်သမျှကို မိခင်စေတီတော်တွင် မြင်တွေ့နေရမည် ဖြစ်ပြီး ချိပ်ပိတ်ထားလျှင်သော်လည်းကောင်း၊ သိုလှောင်အိတ်ထဲ ထည့်ထားလျှင်သော်လည်းကောင်း၊ ခန္ဓာကိုယ်ထဲ သိမ်းဆည်းထားလျှင်သော်လည်းကောင်း အသုံးမဝင်ပေ။

တည်နေရာကို အချိန်မရွေး သိရှိနိုင်ပြီး လိုအပ်လျှင် အမိန့်ပေးကာ သားစေတီတော်ကို ဖောက်ခွဲပစ်လိုက်နိုင်သေးသည်။

ထို့ပြင်အချိန်အနည်းငယ် ပေးလိုက်ရုံဖြင့် မိခင်စေတီတော်သည် သားစေတီတော်အသစ် တစ်ဆူကို ထပ်မံမွေးဖွားပေးနိုင်ရာ သူတို့ပေးဆပ်လိုက်ရသည့်တန်ဖိုးသည် မပြောပလောက်ပေ။

"ကောင်းပြီလေ... မင်း ဒီလောက် ယုံကြည်မှု ရှိနေမှတော့ မင်းသဘောအတိုင်း လုပ်ကြတာပေါ့..."

"ဒီနေရာက စိတ်ချရတဲ့နေရာ မဟုတ်ဘူး... ငါတို့ မိစ္ဆာပျက်သုဉ်းနယ်မြေကို သွားပြီး ပြင်ဆင်ကြစို့..."

ချောက်နက်မိစ္ဆာအရှင်သခင်က ပြောလိုက်သည်။

မိစ္ဆာအိုကြီးနှစ်ကောင်သည် သဘောတူညီမှု ရရှိသွားကြလျှင် ကိုယ်စီ နည်းစနစ်များ အသုံးပြုကာ သမုဒ္ဒရာချောက်နက်အတွင်းပျောက်ကွယ်သွားကြလေသည်။

....

ထိုအချိန်တွင် ကျုံးရှန်တို့အဖွဲ့သည် ပဉ္စမအထပ် ကုန်းမြေတိုက်၏ မြို့တော်ကြီးသို့ ရောက်ရှိနေပြီ ဖြစ်သည်။

မြို့တော်ကြီးသည် ကြီးမားသော ကျွန်းကြီးတစ်ကျွန်း ဖြစ်ပြီး လေးဖက်လေးလံတွင် လှိုင်းပုတ်ထားသော ကျောက်ကမ်းပါးများ ရှိနေသည်။

ပင်လယ်ထဲတွင် လူမျက်နှာငါးခန္ဓာကိုယ် နှင့်ရေသူထီးများ ကူးခတ်သီချင်းဆိုနေကြကာ သူတို့၏ သီချင်းသံသည် သဲကွဲခြင်းမရှိသော်လည်း ပင်လယ်လှိုင်းသံများကဲ့သို့ မြူးကြွအသက်ဝင်နေသည်။

ယခုအချိန်တွင် မိစ္ဆာသုံးကောင်နှင့် သစ်ပင်တစ်ပင်သည် ကျွန်းပေါ်တွင် ပျံဝဲနေကြ၏။

"လီလီတို့အောက်မှာရှိတဲ့မြို့ကို ပင်လယ်မိစ္ဆာမြို့တော်လို့ခေါ်တယ်လေ..."

လီလီဗီသည် ရှီမင်တို့၃ဦးကိုမိတ်ဆက်ပေးလိုက်သည်။

သူမသည် ဤအဖွဲ့ထဲတွင် ကိုးထပ်ငရဲဘုံ၏ အထပ်တိုင်းကို ရောက်ဖူးသည့်တစ်ဦးတည်းသောသူ ဖြစ်သည်။

စတုတ္ထအထပ်ကုန်းမြေတိုက်၏ ဆူညံပွက်လောရိုက်မှုများနှင့် ယှဉ်လျှင် ဤပဉ္စမအထပ်သည် ပိုမို ပုံမှန်ဆန်ပြီး တည်ငြိမ်သည်။

ဆိတ်ချိုမိစ္ဆာလေး အသွင်ပြောင်းထားသော ကျုံးရှန်ကမူ ထိုအရာများကို ဂရုမစိုက်ပေ။

သူ၏ ခန္ဓာကိုယ်အတွင်းရှိ သန်း ၈၀ ကျော်သော မိမိအတ္တပုံရိပ် များနှင့် လင်းလက်စပြုနေသော စစ်မှန်သောအတ္တပုံရိပ် အနည်းငယ်သည် ချောက်နက်ငရဲမိစ္ဆာအရှင်သခင်ဆီမှ ရရှိထားသည့် ချောက်နက်ငရဲဘုံနှလုံးသားကျင့်စဥ်ကို တညီတညွတ်တည်းလေ့လာဆန်းစစ်နေကြပြီဖြစ်သည်။

ကျုံးရှန်သည် အချိန်အနည်းငယ်မျှပင်ဖြုံးတီးခြင်းမရှိဘဲ ကျင့်ကြံနေခြင်းပင်ဖြစ်လေသည်။

Thank For Reading.

All Chapters