← Chapters

အခန်း (၁၃၁-၁၃၂)

Vol. 14 Ch. 131-132

အခန်း (၁၃၁-၁၃၂)

Vol. 14 Ch. 131-132

လီယန်ချူ

‎

‎​အခန်း (၁၃၁) - နောက်ထပ်စီမံချက်

‎

‎​ကြီးမားသော ဂူသင်္ချိုင်းတစ်ခုနှင့် မိစ္ဆာအလောင်းတစ်လောင်းသည် ဗုဒ္ဓဘာသာ၊ တာအိုဘာသာ ကျွမ်းကျင်သူများနှင့် လောကီထူးခြားဆန်းကျယ်သူ အယောက်ပေါင်း ဆယ်ဂဏန်းကို ဆွဲဆောင်ခဲ့သည်။

‎

‎ယခုအချိန်အထိ သေကျေပျက်စီးမှုများမှာ အလွန်ပင် ပြင်းထန်လှပြီ ဖြစ်သည်။

‎

‎​ချန်အဘွားအိုနှင့် ထိုသံလုံးကို ကိုင်ဆောင်ထားသော ပညာရှိအဘိုးအိုတို့မှာ သိကျွမ်းပုံရပြီး နှစ်ဦးသား တိုက်ရိုက် လက်ရုံးရည် ယှဉ်ပြိုင်နေကြသည်။

‎

‎လှုပ်ရှားမှုများမှာ အလွန်ပင် လျင်မြန်ထက်မြက်လှပြီး တိုက်ကွက်တိုင်းမှာ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။

‎

‎​ချန်အဘွားအိုသည် လက်ထဲမှ သေးငယ်သော ပိုးချည်မျှင်များကို ထိန်းချုပ်ထားပြီး ၎င်းတို့မှာ အလွန်ပင် ထက်မြက်လှသော်လည်း အသေအချာ မကြည့်ပါက လုံးဝ သတိပြုမိနိုင်မည် မဟုတ်ပေ။

‎

‎ပညာရှိအဘိုးအို၏ လက်ထဲမှ သံလုံးမှာမူ ပိုင်ဟုန်းထူ၏ ပျံလွှားဓားသိုင်းကဲ့သို့ပင် လေထဲတွင် ဝဲပျံနေပြီး ချန်အဘွားအိုကို အဆက်မပြတ် ပစ်ပေါက်နေသည်။

‎

‎​သံလုံးမှာ မကြီးမားလှသလို ကြည့်ရသည်မှာလည်း အလွန်အမင်း လေးလံပုံမရပေ။

‎

‎သို့သော် ပေးစွမ်းသော ခံစားချက်မှာမူ တောင်ကြီးတစ်လုံးကဲ့သို့ပင်။

‎

‎ဝဲပျံနေချိန်တွင် ထွက်ပေါ်လာသော လေတိုးသံမှာလည်း အလွန်ပင် ပြင်းထန်လှသည်။

‎

‎​လီယန်ချူ၏ စိတ်ထဲတွင် သံသယအချို့ ရှိနေသည်။

‎

‎အကယ်၍ ထိုလူများသာ ချိကဲဘက်ဂိုဏ်း ၏ နောက်ဆုံးစီမံချက် ဆိုပါက မိမိတို့အဖွဲ့ကို အထင်သေးလွန်းရာ ရောက်နေသည်။

‎

‎အကြောင်းမှာ လူဦးရေအရ မိမိတို့ဘက်က အသာစီးရနေသလို ယွမ်ရိတာအိုဆရာ ကဲ့သို့ ကျွမ်းကျင်သူမျိုးလည်း ရှိနေသေးသည်။

‎

‎ဒဏ်ရာရထားလျှင်ပင် ထိုသုံးဦးက ရင်ဆိုင်နိုင်စွမ်း ရှိမည်မဟုတ်ပေ။

‎

‎​တစ်စုံတစ်ခုသော... သူတို့တွင် နောက်ထပ် ဝှက်ဖဲများ ရှိနေနိုင်သည်မှလွဲ၍

‎​သူ အသေအချာ မစဉ်းစားရသေးမီမှာပင်...

‎

‎​ဝုန်း

‎ဝုန်း

‎ဝုန်း

‎

‎​ချက်ချင်းပင် မြေငလျင်လှုပ်သကဲ့သို့ တုန်ခါသွားပြီး ဤဂူသင်္ချိုင်းအခန်း၏ နေရာတော်တော်များများတွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။

‎

‎ပြင်းထန်သော မီးတောက်များက ဂူသင်္ချိုင်းတစ်ခုလုံးကို နေ့ခင်းဘက်ကဲ့သို့ လင်းထိန်သွားစေသည်။

‎

‎ကျောက်စအစအနများ လွင့်စင်ကာ ဖုန်မှုန့်များ ထူထပ်သွားသည်။

‎

‎​အမိုးခုံးပေါ်ရှိ ကျောက်မျက်ရတနာများ တစ်ခုပြီးတစ်ခု ကြွေကျလာသည် ပတ်ဝန်းကျင်တွင် ပေါက်ကွဲပြီးနောက် ဖြစ်ပေါ်လာသော အနံ့အသက်များသာမက ထူထပ်သော အမည်းရောင် အငွေ့အသက် များလည်း ထွက်ပေါ်လာသည်။

‎

‎ ခဏအတွင်းမှာပင် ပျံ့နှံ့သွားတော့သည်

‎​”သတိထား ဒါက အလွန်ပြင်းထန်တဲ့ အလောင်းအဆိပ် ပဲ “

‎

‎ဝမ်ယွင်ထင်က အော်ဟစ်လိုက်သည်။

‎

‎​အလောင်းအဆိပ် လူတိုင်း၏ စိတ်ထဲ ထိတ်လန့်သွားကြသည်။

‎

‎​ရှန်ဆန်းဆရာတော်သည် ချက်ချင်း ဆုံးဖြတ်ချက်ချကာ နောက်သို့ ဆုတ်လိုက်သည်။

‎

‎ ကိုယ်ပေါ်မှ သင်္ကန်းကို လေထဲသို့ ပစ်တင်လိုက်ရာ သင်္ကန်းမှာ ချက်ချင်းပင် ဆယ်ဆကျော် ကြီးမားသွားသည်။

‎

‎ ဗုဒ္ဓဘာသာ အဆောင်သင်္ကေတများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကာ သင်္ကန်းကို နတ်ဘုရားပစ္စည်းတစ်ခုကဲ့သို့ ခန့်ညားသွားစေသည်။

‎

‎​”သင်္ကန်းနားကို လာကြ “

‎

‎ရှန်ဆန်းဆရာတော်က အော်ပြောလိုက်သည်။

‎

‎​လူတိုင်းမှာ ရှန်ဆန်းဆရာတော်၏ သင်္ကန်းဆီသို့ စုရုံးလာကြသည်။

‎

‎မျက်စိဖြင့် မြင်နေရသော ထူထပ်သည့် အမည်းရောင်အငွေ့များကို သင်္ကန်းမှ ထွက်ပေါ်လာသော ရွှေရောင်ဗုဒ္ဓအလင်းများက တားဆီးထားသည်။

‎

‎ကြီးမားသော ရွှေရောင်အကာအကွယ် အမိုးခုံးတစ်ခု ဖြစ်ပေါ်လာသည်။

‎

‎​ဟူး

‎

‎​ဂူသင်္ချိုင်းအခန်း တစ်ခုလုံးတွင် မီးများ ချက်ချင်း တောက်လောင်လာပြီး စိမ်းဖန့်ဖန့် မီးတောက်များက တစ်ခဏအတွင်း ဂူထဲတွင် ပြည့်နှက်သွားသည်။

‎

‎ဝမ်ယွင်ထင်မှာ လှုပ်ရှားမှု အနည်းငယ် နှေးကွေးသွားသဖြင့် ထိုစိမ်းဖန့်ဖန့် မီးတောက်များက သူ့ကို ဖုံးလွှမ်းသွားတော့သည်။

‎

‎သူသည် မီးတောက်များထဲသို့ ကျရောက်သွားသည်။

‎

‎​ဝမ်ယွင်ထင်သည် မြေပြင်ပေါ်တွင် လူးလှိမ့်ကာ ကိုယ်ပေါ်မှ အဝတ်အစားများကို မြန်မြန်ချွတ်ပြီး လွှင့်ပစ်လိုက်သည်။

‎

‎မျက်နှာတွင် မီးခိုးမှိုင်း အနည်းငယ် စွဲသွားသည်မှလွဲ၍ ဒဏ်ရာရခြင်း မရှိပေ။

‎

‎ သို့သော် ဤမီးမှာ အလွန်ပင် ပြင်းထန်ကြောင်း သူကိုယ်တိုင်သာ သိသည်။

‎

‎သူ၏ ကိုယ်ပေါ်ရှိ မီးရှောင်ပုတီး မှာ တစ်ခဏအတွင်း ကွဲကြေသွားခဲ့ပြီ ဖြစ်သည်။

‎

‎​မီးရှောင်ပုတီးဆိုသည်မှာ သူတို့ကဲ့သို့သော သင်္ချိုင်းတူးသမား များကြားတွင် အလွန်ပင် ရှားပါးလှသော ရတနာဖြစ်ပြီး မီးထဲသို့ ဝင်လျှင်ပင် အနာအဆာ မရှိစေနိုင်ပေ။

‎

‎ အချို့သော ဂူသင်္ချိုင်းကြီးများတွင် ထူးဆန်းသော မိစ္ဆာမီး များ ရှိတတ်သဖြင့် ၎င်းကို ကာကွယ်ရန် သုံးခြင်းဖြစ်သည်။

‎

‎​ယခင်က သူသည် အမည်မသိ နယ်စားကြီးတစ်ဦး၏ ဂူကို တူးစဉ်က လူခုနစ်ဦးပါဝင်ပြီး ရတနာများ ရရှိတော့မည့်အချိန်တွင် ဂူထဲမှ ယင်မီး များ ထွက်ပေါ်လာခဲ့သည်။

‎

‎ယင်မီးဆိုသည်မှာ လူသေအရိုးများကို ထင်းအဖြစ် သုံးကာ၊ အလောင်းဆီ နှင့် ပေါင်းစပ်ထားခြင်း ဖြစ်သည်။

‎

‎ထို့ပြင် တောတောင်ထဲမှ လူသေများကိုသာ စားတတ်သော ထူးဆန်းသော သားရဲများကို အမှုန့်ပြုလုပ်ကာ အောက်လမ်းနည်းလမ်းဖြင့် ဖော်စပ်ထားခြင်း ဖြစ်သည်။

‎

‎၎င်းမှာ တစ်ခါတောက်လောင်ပါက မသေမချင်း မငြိမ်းတတ်သလို အပူချိန်မှာလည်း အလွန်ပင် မြင့်မားလှသည်။

‎

‎​ယခင်က အတူတူတူးခဲ့သော လူခုနစ်ဦးမှာ ခဏအတွင်းမှာပင် ပြာကျသွားခဲ့ပြီး အော်ဟစ်သံပင် မပြုနိုင်ခဲ့ကြပေ။

‎

‎သို့သော် ဝမ်ယွင်ထင်မှာ ထိုမီးရှောင်ပုတီးကြောင့် အသက်ဘေးမှ လွတ်မြောက်ခဲ့ခြင်းဖြစ်ပြီး ယနေ့တိုင် ထိတ်လန့်နေဆဲ ဖြစ်သည်။

‎

‎ သို့သော် ယခုတစ်ကြိမ်တွင်မူ ထိုစိမ်းဖန့်ဖန့် မီးတောက်များ ထိမိရုံနှင့် မီးရှောင်ပုတီး ကွဲကြေသွားခြင်း ဖြစ်သည်။

‎

‎ဆိုလိုသည်မှာ နောက်ထပ် မီးတောက် အနည်းငယ် ထပ်ထိပါက ဝမ်ယွင်ထင် ဧကန်မုချ သေဆုံးပေလိမည်။

‎

‎​ပတ်ဝန်းကျင်မှာ မီးပင်လယ် ဖြစ်နေပြီး လူတိုင်းကို ဝါးမြိုရန် ပြင်နေသည်။

‎

‎ ဆိုးချင်တော့ ဝမ်ယွင်ထင်၏ ဘောင်းဘီပေါ်သို့ စိမ်းဖန့်ဖန့် မီးတောက်တစ်စ စွဲကပ်သွားသည်။

‎

‎​သွားပြီ ဝမ်ယွင်ထင်၏ စိတ်ထဲတွင် ထိုအတွေး ဝင်လာပြီး မျှော်လင့်ချက် ကင်းမဲ့သွားတော့သည်။

‎

‎​ရှပ်

‎

‎​သူ၏ ဘောင်းဘီမှာ ရုတ်တရက် ချက်ချင်းပင် လေးပိုင်းကွဲကာ ပြုတ်ထွက်သွားသည်။

‎

‎သန်မာထွားကျိုင်းသော ခြေတံရှည် နှစ်ချောင်းမှာ ဗလာကျင်းသွားတော့သည်။ အေးစိမ့်စိမ့် ခံစားချက်နှင့်အတူ။

‎

‎​”သွားစို့ “

‎

‎​အလွန်မကြီးမားလှသော ပုံရိပ်တစ်ခုက အော်ဟစ်လိုက်ပြီး ဝမ်ယွင်ထင်၏ လည်ပင်းကို လှမ်းဖမ်းလိုက်သည်။

‎

‎ထို့နောက် ရှန်ဆန်းဆရာတော်၏ သင်္ကန်းဖြင့် ကာကွယ်ထားသော ရွှေရောင်အမိုးခုံးထဲသို့ တစ်ရှိန်ထိုး ခုန်ဝင်လိုက်သည်။

‎

‎​ဝမ်ယွင်ထင်မှာ ထိတ်လန့်နေဆဲဖြစ်ပြီး ထိုအချိန်မှသာ သေချာ ကြည့်လိုက်မိသည်။

‎

‎ ဤလူမှာ အဆုံးအဖြတ် ပြတ်သားပြီး တည်ငြိမ်အေးဆေးလှသော ချင်းယွန်ကျောင်းမှ လီယန်ချူ တာအိုဆရာ ပင် ဖြစ်သည်။

‎

‎​လီယန်ချူ၏ ညာဘက်လက်မှာလည်း လူတစ်ယောက်၏ ခါးပတ်ကို ဆွဲကိုင်ထားသေးသည်။

‎

‎ခန့်ညားထည်ဝါပြီး ဓားရှည်ကို ကိုင်ဆောင်ထားသော၊ ခါးပတ်မှနေ၍ အထမ်းခံရလျှင်ပင် ကြည့်ကောင်းနေဆဲ ဖြစ်သောသူမှာ... သတ်ဖြတ်လိုစိတ် ပြင်းထန်သော လူငယ်ကိုပင် ရဲရဲဝံ့ဝံ့ ဆဲဆိုခဲ့သည့် သူဌေးသားလေး ပိုင်ဟုန်းထူ ပင် ဖြစ်သည်။

‎

‎​နောက်ဆုံးတွင် ဤနှစ်ဦး၏ ကယ်တင်မှုကို ခံလိုက်ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။

‎

‎အာ... မဟုတ်သေးဘူး။ ဒီ ပိုင်သခင်လေးကတော့ ကြည့်ကောင်းနေပေမဲ့ သူလည်း အကယ်ခံလိုက်ရတာပဲ။

‎

‎​”ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် လီယန်ချူ တာအိုဆရာ “

‎

‎ဝမ်ယွင်ထင်က လက်အုပ်ချီ ဂါရဝပြုလိုက်သည်။

‎

‎​သင်္ချိုင်းတူးသမား ဆိုသည်မှာ အမည်နာမ မည်မျှပင် ကောင်းပါစေ၊ အဆင့်နိမ့် အလုပ်တစ်ခုဖြစ်ပြီး လောကီလူသားများ၏ အထင်သေးခြင်းကို ခံရသူများ ဖြစ်သည်။

‎

‎ သင်္ချိုင်းတူးခြင်း၊ သင်္ချိုင်းဖောက်ခြင်းမှာ ပြောရလျှင် နားဝင်မချိုလှပေ။

‎

‎သင်္ချိုင်းတူးသမား အချင်းချင်းကြားတွင်လည်း တစ်ဦးကိုတစ်ဦး လှည့်စားခြင်း၊ သတ်ဖြတ်ခြင်းမှာ ဓမ္မတာပင် ဖြစ်သည်။

‎

‎သို့သော် ဝမ်ယွင်ထင်၏ ယခုစကားမှာ အမှန်တကယ် စိတ်ရင်းပင် ဖြစ်သည်။

‎

‎​လီယန်ချူက အသာအယာ ခေါင်းညိတ်ပြသည်။

‎”အားနာမနေပါနဲ့ “

‎

‎​ရှန်ဆန်းဆရာတော်သည် သင်္ကန်းကို ထိန်းချုပ်ထားပြီး မီးပင်လယ်နှင့် အလောင်းအဆိပ်များ၏ တိုက်ခိုက်မှုကို တားဆီးထားသည်။

‎

‎ ဟွေ့ကျိန်းဆရာတော် ကလည်း သူ၏ အစွမ်းထက်သော ဗုဒ္ဓစွမ်းအားများကို ထုတ်ဖော်ကာ ကူညီပေးနေသည်။

‎

‎ ဗုဒ္ဓဘာသာကျင့်စဉ်များမှာ အမျိုးမျိုးရှိသော်လည်း ကျင့်ကြံထွက်ပေါ်လာသော စွမ်းအားမှာမူ စစ်မှန်သော ဗုဒ္ဓစွမ်းအားများ ဖြစ်သဖြင့် အရင်းအမြစ် တူညီကြသည်။

‎

‎ ဟွေ့ကျိန်းဆရာတော်၏ အကူအညီကြောင့် သင်္ကန်းဖြင့် ပြုလုပ်ထားသော ရွှေရောင်အမိုးခုံးမှာ ပို၍ တည်ငြိမ်သွားသည်။

‎

‎​ရှန်ဆန်းဆရာတော်က ဟွေ့ကျိန်းဆရာတော်ကို အသာအယာ ခေါင်းညိတ်ပြလိုက်သည်။

‎

‎​”ထွက်လာစမ်း “

‎

‎​သူသည် လက်ထဲမှ ခရမ်းရွှေရောင် သပိတ်ကို အပေါ်သို့ မြှင့်တင်လိုက်သည်။

‎

‎သပိတ်ထဲမှ ရွှေရောင်တောက်ပသော နတ်နဂါး ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။

‎

‎​”ဗုဒ္ဓတရားတော်သည် အတိုင်းအဆမဲ့”

‎

‎ရှန်ဆန်းဆရာတော်က အော်ဟစ်လိုက်သည်။

‎

‎​ရွှေရောင်နတ်နဂါးသည် သပိတ်ကို ဝန်းရံကာ လှည့်ပတ်နေတော့သည်။

‎

‎ပတ်ဝန်းကျင်ရှိ အလောင်းအဆိပ်များနှင့် မီးပင်လယ်တို့မှာ ထူးဆန်းသော စွမ်းအားတစ်ခု၏ ဆွဲငင်ခြင်းကို ခံရပြီး ထိုနတ်နဂါးပုံရိပ်၏ ပါးစပ်ထဲသို့ အကုန် စုပ်ယူခြင်း ခံလိုက်ရသည်။

‎

‎ ကြီးမားလှသော ဂူသင်္ချိုင်းအခန်းထဲမှ အမည်းရောင် အလောင်းအဆိပ်နှင့် မီးပင်လယ်တို့မှာ မျက်စိရှေ့တင်ပင် သပိတ်ထဲမှ နတ်နဂါးပုံရိပ်၏ ဝါးမြိုခြင်းကို ခံလိုက်ရသည်။

‎

‎ထိုသည်မှာ ဗုဒ္ဓဘာသာ၏ နတ်နဂါးစောင့်ရှောက်မှု ဆိုသော အလွန်အစွမ်းထက်သည့် တန်ခိုးပညာရပ် ဖြစ်သည်။

‎

‎​ဝုန်း

‎

‎​တောက်ပသော ရွှေရောင်လက်ဝါးတော်တံဆိပ်တစ်ခု ရိုက်ခတ်လာပြီး ထိုနတ်နဂါးပုံရိပ်ဆီသို့ တိုက်ရိုက် ဦးတည်လာသည်။

‎

‎၎င်းမှာ ကွမ်းရှင်းရဟန်းက ရက်စက်စွာ တိုက်ခိုက်လိုက်ခြင်း ဖြစ်သည် သူသည် အပင်ပန်းခံ ကြံစည်ထားသော ထိုသတ်ကွင်းကို ရှန်ဆန်းဆရာတော်က ဖျက်ဆီးလိုက်မည်ကို အဖြစ်မခံနိုင်ပေ

‎

‎​လူတိုင်း၏ မျက်လုံးများမှာ တောင့်တင်းသွားကြသည်။

‎

‎အကယ်၍ ကွမ်းရှင်းရဟန်းက ရှန်ဆန်းဆရာတော်၏ တန်ခိုးကို ဖျက်ဆီးနိုင်ခဲ့ပါက ထိုဂူထဲမှ မီးပင်လယ်နှင့် အလောင်းအဆိပ်များ ပြန်လည် ပျံ့နှံ့သွားပြီး အကျိုးဆက်မှာ ခန့်မှန်း၍ မရနိုင်လောက်အောင် ဆိုးရွားပေလိမည်။

‎

‎​ထိုအချိန်တွင်...

‎

‎​ပုံရိပ်တစ်ခု လျင်မြန်စွာ ထွက်ပေါ်လာပြီး၊ ကိုယ်ပေါ်မှ သွေးချီစွမ်းအား များမှာ မီးဖိုကြီးကဲ့သို့ တောက်လောင်နေကာ တစ်လှမ်း လှမ်းလိုက်ရုံနှင့် လေထဲသို့ ရောက်ရှိသွားသည်။

‎

‎​ရှပ်

‎

‎​ဓားတစ်ချက်က လေထုကို ဖြတ်တောက်လိုက်ပြီး ကွမ်းရှင်းရဟန်း၏ လက်ဝါးတော်တံဆိပ်ကို တိုက်ရိုက် ဖျက်ဆီးပစ်လိုက်သည် ထိုသူမှာ လီယန်ချူ ဖြစ်သည်။

‎

‎​လီယန်ချူ၏ ကိုယ်ပေါ်တွင် မမြင်နိုင်သော ကိုယ်ခန္ဓာအကာကွယ် အား များ ဖုံးလွှမ်းနေပြီး အရှိန်အဝါမှာ တောင်တန်းကြီးတစ်ခုကဲ့သို့ ထူထဲလှသည်။

‎

‎သူသည် လက်ထဲမှ ကျန်ကျောင်းဓားကို မြှောက်လိုက်သည်။

‎

‎ ဓားဦးမှာ ကွမ်းရှင်းရဟန်းတို့ လူစုဆီသို့ ချိန်ရွယ်ထားသည်။

‎

‎​”မင်းတို့လို အညစ်အကြေးတွေကို ဒီနေ့ ငါ အကုန်သတ်ပစ်မယ် “

‎

‎​

‎

‎

‎​အခန်း (၁၃၂) - ဝမ်လင်ကွမ်း ဖိတ်ခေါ်ခြင်း

‎

‎​လီယန်ချူ၏ စိတ်ထဲတွင် သတ်ဖြတ်လိုစိတ်များ ပြင်းထန်စွာ ထွက်ပေါ်လာပြီး အကြည့်များမှာ စူးရှတောက်ပနေသည်။

‎

‎​ချလွန်း

‎

‎​သူသည် လက်ထဲမှ ကျန်ကျောင်းဓားကို နောက်သို့ ဆွဲယူကာ ကွမ်းရှင်းရဟန်းဆီသို့ တိုက်ရိုက် ပြေးဝင် တိုက်ခိုက်လိုက်သည် အလွန်တောက်ပပြီး အရှိန်အဝါကြီးမားသော ဓားစွမ်းအား တစ်ခုသည် လှေကားထစ်များကို အလွှာလိုက် ဖြတ်တောက်သွားသည်။

‎

‎​မာကျောသော မြေပြင်ပေါ်တွင် နက်ရှိုင်းသော မြောင်းကြီးတစ်ခု ဖြစ်ပေါ်သွားတော့သည်

‎

‎​ကွမ်းရှင်းရဟန်းနှင့် အဖွဲ့မှာ မျက်မှောင်ကြုံ့သွားပြီး ဘေးသို့ ချက်ချင်း ရှောင်လိုက်ကြသည် လီယန်ချူ၏ ဓားသွားကို ထိပ်တိုက် မရင်ဆိုင်ဝံ့ကြပေ။

‎

‎​သူသည် လီယန်ချူကို လူသုံးဦး၏ ဝိုင်းရံမှုအတွင်းသို့ ဆွဲခေါ်သွားပြီး အလွန်အန္တရာယ်များပုံရသော ထိုလူငယ်တာအိုဆရာကို အပြတ်အသတ် သတ်ဖြတ်ရန် ကြံစည်နေခြင်း ဖြစ်သည်။

‎

‎​ထိုသံလုံးကို ကိုင်ဆောင်ထားသော ပညာရှိအဘိုးအိုသည် ခြေဖျားဖြင့် မြေပြင်ပေါ်တွင် လျင်မြန်စွာ ဆွဲလိုက်ရာ မိစ္ဆာပုံရိပ် တစ်ခု ထွက်ပေါ်လာသည်။

‎

‎ထို့နောက် လီယန်ချူသည် မမြင်နိုင်သော ကြောက်မက်ဖွယ် ဝိညာဉ်ဆိုးများနှင့် နာကျည်းနေသော ဝိညာဉ်ပေါင်းများစွာ မိမိ၏ စိတ်အာရုံထဲသို့ ပြေးဝင်တိုက်ခိုက်လာသကဲ့သို့ ခံစားလိုက်ရသည်။

‎

‎​ဤသည်မှာ ဖုန်းရွှေအနေအထား ကို အသုံးပြုကာ ယင်အိမ် ကို တည်ဆောက်ပြီး၊ ဝိညာဉ်ဆိုးများနှင့် နာကျည်းနေသော ဝိညာဉ်များ၏ မိစ္ဆာအငွေ့အသက်များကို ဆင့်ခေါ်ကာ ကျိန်စာတိုက် သတ်ဖြတ်ခြင်း အတတ်ပင် ဖြစ်သည်။

‎

‎​လီယန်ချူ၏ ရင်ဘတ်ထဲမှ မြင့်မြတ်ပြီး အရှိန်အဝါကြီးမားသော အငွေ့အသက်တစ်ခု ထွက်ပေါ်လာကာ သူ့တစ်ကိုယ်လုံးကို ကာကွယ်ထားသည်။

‎

‎​"မြင့်မြတ်လှသော စွမ်းအားတော်ရှင် စစ်သူကြီး၊ အပြစ်ဒဏ်ခတ်ရာတွင် တရားမျှတလှသော လင်ကွမ်း ကို ပင့်ဖိတ်ပါ၏ ငါးပါးသော မိုးကြိုးကို အမိန့်ပေးစေခိုင်းကာ မိစ္ဆာနှင့် သရဲတစ္ဆေများကို ဖုန်မှုန့်အဖြစ် ပြောင်းလဲစေသတည်း ကျွန်ုပ်သည် ယခုပင် အရှင်မြတ် ကြွရောက်လာပါရန် ပင့်ဖိတ်ပြီး မိုးကြိုးအစွမ်းဖြင့် ကာကွယ်စောင့်ရှောက်ပေးပါရန် တောင်းခံပါ၏..."

‎

‎​"လင်ကွမ်းဖိတ်ခေါ် ခြင်းအဆောင် ဖွင့် "

‎

‎​လီယန်ချူ၏ အရှိန်အဝါမှာ ရုတ်တရက် မြင့်တက်သွားပြီး အားကောင်းသော နတ်ဘုရားစွမ်းအား များသည် ဟင်းလင်းပြင်များစွာကို ဖြတ်ကျော်ကာ သူ့ခန္ဓာကိုယ်ပေါ်သို့ သက်ဆင်းလာပုံရသည်။

‎

‎​သူသည် သုံးကြိမ်တိုင်တိုင် အဆင့်မြှင့်ထားသော လင်ကွမ်းပင့်ဖိတ်ခြင်းအဆောင် ကို အသုံးပြုလိုက်ခြင်း ဖြစ်သည်။

‎

‎​ယခုအချိန်တွင် လီယန်ချူ၏ မျက်လုံးနှစ်လုံးထဲ၌ နတ်ဘုရားအလင်းတန်းများ ဝန်းရံနေပြီး တစ်ကိုယ်လုံးတွင် ရွှေရောင်အလင်းများ တောက်ပကာ မီးတောက်များ ဝန်းရံနေသကဲ့သို့ ရှိသည်။

‎

‎​ဝမ်လင်ကွမ်း ဆိုသည်မှာ နတ်ဘုရားဘုံ ရှိ လင်ကွမ်းအပါးငါးရာ၏ အကြီးအကဲ ဖြစ်သည်အရှိန်အဝါမှာ တားဆီး၍ မရနိုင်ပေ။

‎

‎​ဤသည်မှာ သူ၏ လူသားခန္ဓာကိုယ်ဖြင့် လင်ကွမ်းဖိတ်ခေါ်ခြင်းအဆောင်ကို ပထမဆုံးအကြိမ် အသုံးပြုကာ မိမိကိုယ်ကိုယ် အစွမ်းမြှင့်တင်ခြင်း ဖြစ်သည်။

‎

‎​နတ်ဘုရားကျင့်စဉ်မှာ လေးနက်လှသော်လည်း စိတ်နှလုံး ဖြူစင်ရိုးသားပြီး တရားသဖြင့် နေထိုင်သူဖြစ်လေလေ၊ ပင့်ဖိတ်ရရှိသော နတ်ဘုရားစွမ်းအားမှာ ပို၍ များပြားလေလေ ဖြစ်သည် ယခုအချိန်တွင် လီယန်ချူမှာ တောက်ပလှသော နေမင်းကြီးကဲ့သို့ ဖြစ်နေပြီး မည်သူမျှ စိုက်မကြည့်ဝံ့ကြပေ။

‎

‎​သူ၏ အကြည့်မှာ သံလုံးကို ကိုင်ဆောင်ထားသော ပညာရှိအဘိုးအိုဆီသို့ ရောက်သွားသည်။

‎

‎​ပညာရှိအဘိုးအိုမှာ စိတ်နှလုံး တုန်လှုပ်သွားတော့သည်။

‎

‎​"ဒီလို အောက်တန်းကျတဲ့ နည်းလမ်းတွေ သုံးနေတာ... မင်း သေချင်နေတာပဲ "

‎

‎​သူ၏ အသံမှာ မိုးကြိုးပစ်လိုက်သကဲ့သို့ ဟိန်းထွက်သွားသည်

‎

‎​ချက်ချင်းပင် ပညာရှိအဘိုးအိုမှာ မသိစိတ်မှ နောက်သို့ သုံးလှမ်းခန့် ဆုတ်သွားရပြီး မိုးကြိုးပစ်ခံရသကဲ့သို့ ခံစားလိုက်ရသည်။

‎

‎​လီယန်ချူမှာ လှုပ်ရှားလိုက်ရာ နောက်တစ်ခဏ၌ ပညာရှိအဘိုးအို၏ ရှေ့မှောက်သို့ ရောက်ရှိသွားပြီး ဓားအလင်းမှာ ပူပြင်းလှသော နေမင်းကဲ့သို့ တောက်ပနေသည် ခြေအောက်ရှိ ဝိညာဉ်ဆင့်ခေါ်ကာ ကျိန်စာတိုက်ထားသော ယင်အိမ်ဖုန်းရွှေအနေအထား မှာလည်း ချက်ချင်းပင် ပျက်စီးသွားတော့သည်။

‎

‎​ပညာရှိအဘိုးအို၏ စိတ်ထဲ လေးလံသွားပြီး လက်ထဲမှ သံလုံးကို လီယန်ချူဆီသို့ ပစ်ပေါက်လိုက်သည် ဤသံလုံးမှာ အလွန်ယုတ်ညံ့သော သင်္ချိုင်းပစ္စည်း တစ်ခုဖြစ်ပြီး နာကျည်းမှုများနှင့် ယုတ်ညံ့သော အင်အားများ ပြည့်နှက်နေသည်။

‎

‎​ဒေါင်

‎

‎​လီယန်ချူသည် ဓားတစ်ချက်ဖြင့် ထိုသံလုံးကို ခုတ်ပိုင်းပစ်လိုက်သည် သံလုံးတစ်ခုလုံးမှာ ထက်မြက်သော သံစအစအနများအဖြစ် ပြောင်းလဲသွားပြီး ပတ်ဝန်းကျင်သို့ လွင့်စင်သွားတော့သည်။

‎

‎​ကုသိုလ်အမှတ် တစ်သောင်း

‎

‎​သံလုံးထဲတွင် ပိတ်လှောင်ထားသော မိစ္ဆာတစ်ကောင်မှာ အပြီးတိုင် သတ်ဖြတ်ခြင်း ခံလိုက်ရသည်။

‎

‎​ကျန်ကျောင်းဓား၏ အရှိန်မှာ မရပ်တန့်ဘဲ ပညာရှိအဘိုးအို၏ ဦးခေါင်းဆီသို့ တိုက်ရိုက် ခုတ်ပိုင်းလိုက်သည် ပညာရှိအဘိုးအို၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှုများ ပေါ်လာသည်၊ မိမိ နှစ်ပေါင်းများစွာ လေ့ကျင့်ထားသော သင်္ချိုင်းပစ္စည်းမှာ ထိုလူငယ်တာအိုဆရာ၏ ဓားတစ်ချက်အောက်မှာတင် ပျက်စီးသွားရသည်တကား။

‎

‎​သူသည် ရင်ဘတ်ထဲမှ ဖုန်းရွှေအိမ်မြှောင် တစ်ခုကို ထုတ်ယူကာ အမြန် လှည့်လိုက်သည်။

‎

‎​နောက်တစ်ခဏတွင်...

‎

‎​သူ၏ ပုံရိပ်မှာ ကွမ်းရှင်းရဟန်း၏ နောက်ကျောဘက်သို့ ရောက်ရှိသွားသည်။

‎

‎​"ဖုန်းရွှေဆရာလား "

‎

‎လီယန်ချူ မျက်မှောင်ကြုံ့သွားသည်။

‎

‎​ချိကဲဘက်ဂိုဏ်း တွင် လုံမန်ကျေးရွာ၌ ကောင်းကင်လဲလှယ်ခြင်း ဖုန်းရွှေအနေအထားကို ပြင်ဆင်ခဲ့ပြီး အသားတောင် မိစ္ဆာကောင်ကြီးကို မွေးမြူခဲ့သော ဖုန်းရွှေဆရာတစ်ဦး ရှိနေသင့်သည်။

‎

‎​သူသည် ကွမ်းရှင်းရဟန်းဆီသို့ သတ်ဖြတ်လိုစိတ် အပြည့်ဖြင့် တိုက်ရိုက် ခုတ်ပိုင်းလိုက်သည်။

‎

‎​ကွမ်းရှင်းရဟန်းသည် လက်ဝါးနှစ်ဖက်ကို စုလိုက်ပြီး ပြင်းထန်စွာ ဦးညွှတ်လိုက်သည် သူ၏ နောက်ကျောတွင် ခန့်ညားထည်ဝါသော ရွှေရောင်ပုံရိပ် တစ်ခု ထွက်ပေါ်လာသည်။

‎

‎​ဤသည်မှာ ဗုဒ္ဓဘာသာ၏ တန်ခိုးပညာရပ် ဖြစ်သည်။

‎

‎​ရှပ်

‎

‎​တောက်ပလှသော ရွှေရောင်ပုံရိပ်ကြီးမှာ တိုက်ရိုက် အပိုင်းပိုင်း ပြတ်သွားတော့သည်။

‎

‎​ကွမ်းရှင်းရဟန်းမှာ ကျန်ကျောင်းဓား၏ အရှိန်ဖြင့် လွင့်ထွက်သွားပြီး ထူထဲသော နံရံကြီးအတွင်းသို့ တိုက်ရိုက် ဝင်သွားတော့သည်။

‎

‎ ထိုဂူသင်္ချိုင်းကြီးမှာ တောင်ကြီးတစ်လုံးကို ထွင်းထုတည်ဆောက်ထားခြင်း ဖြစ်ရာ၊ ကွမ်းရှင်းရဟန်းမှာ လီယန်ချူ၏ ဓားချက်ဖြင့် တောင်တံတိုင်းကြီးအတွင်းသို့ မြုပ်ဝင်သွားခြင်း ဖြစ်သည်။

‎

‎​ကျောက်စအစအနများ အဆက်မပြတ် ကြွေကျလာပြီး နံရံတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားသည်။

‎

‎​လူတိုင်းမှာ မှင်တက်သွားကြသည်

‎

‎​ထိုကွမ်းရှင်းရဟန်းသည် ရှန်ဆန်းဆရာတော်နှင့် ရင်ဘောင်တန်း တိုက်ခိုက်နိုင်ခဲ့သူ ဖြစ်သည်၊ မည်သည့်နည်းလမ်းကို သုံးခဲ့သည် မသိသော်လည်း စောစောက ရှန်ဆန်းဆရာတော်ကဲ့သို့ ကျွမ်းကျင်သူနှင့် ယှဉ်ပြိုင်ခဲ့သော မြင်ကွင်းမှာ လူတိုင်း၏ မျက်စိထဲတွင် ရှိနေဆဲ ဖြစ်သည်။

‎

‎​ထိုကဲ့သို့သော ဗုဒ္ဓဘာသာ၏ မျိုးဆက်သစ် ကျွမ်းကျင်သူကို လီယန်ချူက ဓားတစ်ချက်တည်းနှင့် တောင်ထဲသို့ ရိုက်သွင်းလိုက်လိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြပေ။

‎

‎​လီယန်ချူမှာ ရပ်တန့်မသွားဘဲ အကြည့်များမှာ ရဲရဲတောက်နေကာ စိတ်ထဲမှ တိုက်ခိုက်လိုစိတ်များ ပိုမိုမြင့်တက်လာသည် ဤသို့ ဖြစ်လေလေ၊ နတ်ဘုရားကျင့်စဉ်၏ ရဲရင့်ပြတ်သားမှုနှင့် ကိုက်ညီလေလေ ဖြစ်ပြီး၊ နတ်ဘုရားဘုံမှ စစ်မှန်သော နတ်ဘုရား ဝမ်လင်ကွမ်း ဆီမှ ရရှိသော နတ်ဘုရားစွမ်းအားများမှာ ပို၍ များပြားလာလေလေ ဖြစ်သည်။

‎

‎​ဝူရှင်းရဟန်းမှာ မျက်စိတစ်မှိတ်အတွင်းမှာပင် အသက်ရှူကျပ်လောက်သော ဖိအားကြီးတစ်ခု မိမိရှေ့သို့ ရောက်ရှိလာသည်ကို ခံစားလိုက်ရသည်။

‎

‎​ထျန်းကန်းလက်ဝါး

‎

‎​လီယန်ချူသည် ဝူရှင်းရဟန်းဆီသို့ လက်ဝါးတစ်ချက် ရိုက်လိုက်ရာ၊ အလွန်ထူထဲလှသော သွေးချီစွမ်းအား များမှာ ခန္ဓာကိုယ်မှ ပွင့်ထွက်လာသည်။

‎

‎ ဝူရှင်းရဟန်းမှာ လက်ဝါးနှစ်ဖက်လုံးကို ထုတ်ကာ လီယန်ချူ၏ ထျန်းကန်းလက်ဝါးကို ရွှေရောင်လက်ဝါးပုံရိပ် နှစ်ခုဖြင့် ခုခံလိုက်သည်။

‎

‎​ဘုန်း

‎

‎​အနောက်ဘက်ဒေသ ကုန်းကန်းဂိုဏ်း၏ လျှို့ဝှက်ပညာရပ်များကို တတ်မြောက်ထားသော ဝူရှင်းရဟန်းမှာလည်း လွင့်ထွက်သွားပြီး လက်မောင်းပေါ်ရှိ အဝတ်အစားများမှာ လေထဲတွင် အပိုင်းပိုင်း ပြတ်ထွက်ကုန်သည်။

‎

‎​ဖလူး

‎

‎​ဝူရှင်းရဟန်းမှာ သွေးတစ်ချက် အန်ထုတ်လိုက်ပြီး မျက်လုံးထဲတွင် ထိတ်လန့်မှုများ ပြည့်နှက်သွားသည်။

‎

‎​ဒီလောက်တောင် ပြင်းထန်တာလား

‎

‎​လီယန်ချူသည် နောက်ထပ် လက်ဝါးတစ်ချက်ကို ရိုက်လိုက်ပြန်ရာ၊ ကြီးမားသော လေစီးကြောင်းကြီးတစ်ခု ဖြစ်ပေါ်လာပြီး လက်သည်းခြေသည်းများဖြင့် အစွမ်းပြနေသော နဂါးစိမ်းကြီးတစ်ကောင်နှင့် တူလှသည်။

‎

‎ဝူရှင်းရဟန်းမှာ ယခုတစ်ကြိမ်တွင်မူ ထိပ်တိုက် မရင်ဆိုင်ဝံ့တော့ဘဲ ဘေးသို့ အမြန် ရှောင်လိုက်ရသည်။

‎

‎​လီယန်ချူသည် ခြေတစ်ဖက်ဖြင့် ကန့်လန့်ဖြတ် ကန်လိုက်ရာ၊ လေးလံလှသော စစ်ပုဆိန်ကြီး တစ်လက်ကဲ့သို့ ဝူရှင်းရဟန်း၏ ခါးဆီသို့ တိုက်ရိုက် ဦးတည်သွားသည်။

‎

‎လက်ဝါးနှင့် ခြေထောက် တိုက်ကွက်များမှာ အစီအစဉ်ရှိသော်လည်း ကြည့်ရသည်မှာ တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်သကဲ့သို့ပင်။

‎

‎​လီယန်ချူ၏ ယခုလှုပ်ရှားမှုမှာ အမှန်တကယ်ပင် မယုံနိုင်လောက်အောင် လျင်မြန်လှသည်။

‎

‎​ဝူရှင်းရဟန်း၏ ကိုယ်ပေါ်တွင် ကြောက်မက်ဖွယ်ကောင်းပြီး ရဲရင့်လှသော မိစ္ဆာ တစ်ကောင် ပေါ်လာပြီး ပြန်လည် တိုက်ခိုက်သည်။

‎

‎​ဘုန်း

‎

‎​ရှန်ဆန်းဆရာတော် ခေါ်ဆိုသော ထို အသူရာ မှာလည်း လီယန်ချူ၏ ကန်ချက်ကြောင့် လွင့်ထွက်သွားတော့သည်။

‎

‎ဝူရှင်းရဟန်းမှာ နောက်သို့ ခုနစ်လှမ်း၊ ရှစ်လှမ်းခန့် ဆုတ်သွားရသည်။

‎

‎​ဒေါက် ဒေါက် ဒေါက်

‎

‎​သူသည် ချိကဲဘက်ဂိုဏ်း၏ လူ မဟုတ်ဘဲ၊ အနောက်ဘက်ဒေသ ကျန်းကန်းဂိုဏ်းမှ အလယ်ပိုင်းဒေသ ဗုဒ္ဓဘာသာဂိုဏ်းများအတွင်းသို့ စိမ့်ဝင်စေလွှတ်ထားသော သူလျှို တစ်ဦး ဖြစ်သည်။

‎

‎ဤသို့ လုပ်ဆောင်နိုင်ရန်မှာ စိတ်ဓာတ်ပိုင်းဆိုင်ရာ အလွန်တော်ရုံသာမက ပါရမီမှာလည်း အလွန်ထူးချွန်ရမည် ဖြစ်သည်။

‎

‎သာမန် ဗုဒ္ဓဘာသာ ပါရမီရှင်များထက်ပင် ပို၍ ထူးချွန်ရမည် ဖြစ်သည်။

‎

‎​ဝူရှင်းရဟန်းသည် ယခုတစ်ကြိမ်တွင် ချိကဲဘက်ဂိုဏ်းနှင့် ပူးပေါင်းကာ ထိုသေတွင်းကို ပြင်ဆင်ခဲ့ပြီး ဂူသင်္ချိုင်းထဲမှ နတ်ဘုရားပစ္စည်းကို ရယူရန် ကြံစည်ခဲ့ခြင်း ဖြစ်သည်။

‎

‎ လူအများ၏ ဝိုင်းရံမှုကြားမှာပင် ဝူရှင်းရဟန်းသည် လွတ်မြောက်အောင် ရှောင်တိမ်းနိုင်စွမ်း ရှိသူဖြစ်ရာ၊ ထိုအချက်ကပင် သူ၏ ထူးခြားမှုကို ပြသနေသည်။

‎

‎​သို့သော် ယခုအခါ ဤလူငယ်တာအိုဆရာ၏ တိုက်ကွက်တစ်ကွက်ကိုပင် မခံနိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

‎

‎​ရှန်ဆန်းဆရာတော်၏ မျက်လုံးထဲတွင် အံ့ဩမှုများ ပြည့်နှက်နေသည်။

‎လက်တစ်ချက် လှုပ်ရုံနှင့်တင် လူသုံးဦးလုံးကို နောက်ဆုတ်သွားစေတာလား။

‎

‎​ကွမ်းရှင်းရဟန်းသည် တောင်နံရံအတွင်းမှ ပြန်လည် ထွက်ပေါ်လာသည်၊ သူ၏ အရှိန်အဝါမှာ ကြောက်မက်ဖွယ်ကောင်းလှပြီး တစ်ကိုယ်လုံးတွင် ရွှေရောင်ဗုဒ္ဓအဆောင်များ ဖုံးလွှမ်းနေသည်။

‎

‎သူ၏ မျက်နှာအမူအရာမှာလည်း ပြောင်းလဲသွားပြီး အေးစက်ခက်ထန်နေသည်။

‎

‎တိမ်တိုက်များပေါ်တွင် မြင့်မားစွာ ထိုင်နေပြီး လူသားများကို ငုံ့ကြည့်နေသကဲ့သို့ပင်။

‎

‎​တုန်း တုန်း တုန်း

‎

‎​လီယန်ချူ၏ တိုက်ခိုက်လိုစိတ်များ ပေါက်ကွဲနေသည်။

‎

‎သူသည် ခြေလှမ်းကျဲကြီးများဖြင့် ကွမ်းရှင်းရဟန်းဆီသို့ ပြေးဝင်တိုက်ခိုက်လိုက်သည်၊ သူ၏ ရဲရင့်မှုမှာ အနှိုင်းမဲ့လှသည်။

‎

‎​နတ်ဘုရားဘုံမှ စစ်မှန်သော နတ်ဘုရားတစ်ပါး ဆင်းသက်လာသကဲ့သို့ပင်။

‎

‎​ဝုန်းး

‎

‎​ကွမ်းရှင်းရဟန်းသည် လက်နှစ်ဖက်ကို အောက်သို့ ဖိချလိုက်ရာ၊ ရွှေရောင်တံတိုင်းကြီးတစ်ခု ချက်ချင်း ပေါ်ပေါက်လာပြီး အဆက်မပြတ် မြင့်တက်လာကာ ဗုဒ္ဓဘာသာဝင်တို့၏ လင်စန်းတောင် ကဲ့သို့ ခန့်ညားထည်ဝါလှသည်။

‎

‎ပေါ်လာသည်နှင့်တစ်ပြိုင်နက် ပတ်ဝန်းကျင် ပေတစ်ရာ အတွင်းရှိ နယ်ပယ်ကို ဖုံးလွှမ်းသွားပြီး လီယန်ချူဆီသို့ တိုက်ရိုက် ဖိချလိုက်သည်။

‎

‎​လီယန်ချူ၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှု အစအနမျှ မရှိဘဲ ပို၍ ရဲရင့်သော တိုက်ခိုက်လိုစိတ်များသာ ထွက်ပေါ်လာသည်။

‎

‎သူသည် ကျန်ကျောင်းဓားကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ တိုက်ရိုက် ခုတ်ပိုင်းလိုက်သည်။

‎

‎​တောက်ပလှသော ဓားစွမ်းအား နှင့် ထိုရွှေရောင်တောင်ကြီးတို့ ထိပ်တိုက်တွေ့ဆုံကြလေပြီ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ပေါက်ကွဲထွက်ပေါ်လာတော့သည်။

‎

‎

All Chapters