← Chapters

အခန်း (၁၃၅-၁၃၆)

Vol. 14 Ch. 135-136

အခန်း (၁၃၅-၁၃၆)

Vol. 14 Ch. 135-136

‎​အခန်း (၁၃၅) - ကျော့ကွင်းထဲ ကိုယ်တိုင်တိုးဝင်မိခြင်းလား

​သူသည် ဓားကို မထုတ်တော့ဘဲ တိုက်ရိုက်ပင် အရှိန်အဟုန်ဖြင့် အပြင်းနှင်ဝင်သွားသည်။

​ကိုယ်ပေါ်မှ နတ်ဘုရားအလင်းတန်းများမှာ တောက်ပလာပြီး ကမ္ဘာမြေကို ထွန်းလင်းစေသည်။

​ထိုနာကျည်းနေသော ဝိညာဉ်ဆိုးများမှာ နတ်ဘုရားအလင်းအောက်တွင် ချက်ချင်းပင် အရည်ပျော် ပျောက်ကွယ်သွားကြသည်။

​တားမြစ်မြေ ငရဲပြည်အတွင်း၌ မြင့်မြတ်သော နတ်ဘုရားတစ်ပါး ပေါ်ထွန်းလာသကဲ့သို့ပင်

​ဖုန်းရွှေဆရာ၏ မျက်လုံးထဲတွင် မယုံကြည်နိုင်စရာ အမူအရာများ ပေါ်လာသည်။

​"မဖြစ်နိုင်ဘူး "

​"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"

​သူ၏ အသံမှာ ရုတ်တရက် ရပ်တန့်သွားသည်။

​လီယန်ချူသည် ရှေ့သို့ တက်လှမ်းလိုက်ပြီး ဖုန်းရွှေဆရာ၏ လည်ပင်းကို တိုက်ရိုက် ဖမ်းဆုပ်လိုက်သည်။

​သူ၏ လက်ထဲတွင် အတိုင်းအဆမဲ့ ကြီးမားသော နတ်ဘုရားစွမ်းအားများ ကိန်းအောင်းနေပြီး ကိုယ်ပေါ်မှ သွေးချီစွမ်းအားမှာလည်း ထူထဲပြင်းထန်လှသည်။

​ခဏအတွင်းမှာပင် ဖုန်းရွှေဆရာကို ချုပ်ကိုင်လိုက်သည်။

​"ငါပြောပြီးပြီ၊ မင်းက မတန်ဘူးလို့ "

​ဖုန်းရွှေဆရာသည် ပြင်းထန်သော သတ်ဖြတ်လိုစိတ်ကို ချက်ချင်း ခံစားလိုက်ရပြီး မျက်နှာမှာလည်း ချက်ချင်း ပြာနှမ်းသွားတော့သည်။

​သူ၏ လက်ချောင်းများမှာ အနည်းငယ် လှုပ်ရှားသွားပြီး အိမ်မြှောင်ကို လှည့်လိုက်သည်။

​နောက်တစ်ခဏ၌ သူ ပျောက်ကွယ်သွားသည်။

​ဤသည်မှာ ဖုန်းရွှေအိမ်မြှောင် ၏ ထူးခြားသော ဖုံးကွယ်ခြင်း အတတ်ပညာ ဖြစ်သည်။

​ထိုအိမ်မြှောင်ကို အမှီပြုပြီး သူသည် မိမိကိုယ်ကိုယ် အမြဲတမ်း အရှုံးမရှိသော အခြေအနေတွင် ရှိနေအောင် လုပ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။

​"ငါ့အတွက် ကျန်ခဲ့စမ်း "

​လီယန်ချူသည် လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်ရာ လက်ဝါးစွမ်းအားမှာ အလွန်ပင် ပြင်းထန်လှပြီး မိုးကြိုးနှင့် မီးလျှံများပါ မှိန်ပျပျ ထွက်ပေါ်လာသည်။

​အရှိန်အဝါမှာ တုန်လှုပ်စရာပင်။

​ဤလက်ဝါးချက်မှာ ဟင်းလင်းပြင်ထဲသို့ ရိုက်လိုက်သကဲ့သို့ ဖြစ်သော်လည်း လူရိပ်တစ်ခုမှာမူ ရုတ်တရက် ပေါ်လာသည်။

​ထိုလူရိပ်မှာ မြေပြင်ပေါ်သို့ တိုက်ရိုက် လဲကျသွားသည်။

​၎င်းမှာ စောစောက ပျောက်ကွယ်သွားသော ဖုန်းရွှေဆရာပင် ဖြစ်ပြီး၊ သူ၏ လက်ထဲမှ ကြေးညိုအိမ်မြှောင်မှာမူ အပိုင်းပိုင်း ပြတ်နေပြီ ဖြစ်သည်။

​ကြည်လင်လှသော ဟင်းလင်းပြင်ထဲမှ အဆက်မပြတ်သော နတ်ဘုရားစွမ်းအားများ လီယန်ချူ၏ ကိုယ်ပေါ်သို့ ကျရောက်နေသည်။

​သူ၏ စိတ်ဓာတ်မှာ ပို၍ ရဲရင့်ပြတ်သားလာသည်နှင့်အမျှ ထိုနတ်ဘုရားစွမ်းအားမှာလည်း ပို၍ များပြားလာသည်။

​ဖြစ်နိုင်သည်မှာ ထို အုပ်ချုပ်သူအရှင် ဝမ်လင်ကွမ်း သည် လီယန်ချူကို ကြည့်ရသည်မှာ မျက်စိပသာဒ ဖြစ်နေသောကြောင့် ဖြစ်မည်လား။

​ဤနတ်ဘုရားစွမ်းအားမှာ အလွန်ပင် လွှမ်းမိုးကြီးစိုးလှသည်။

​လီယန်ချူ၏ ဝိညာဉ်နှင့် ခန္ဓာကိုယ်မှာ အချိန်တိုအတွင်း၌ အလွန်အစွမ်းထက်သော အခြေအနေသို့ ရောက်ရှိသွားသည်။

​မူလက တိုက်ပွဲအတွင်း မမြင်နိုင်သော နေရာများကိုလည်း ယခုအခါ အလွယ်တကူပင် အားနည်းချက်များကို ရှာဖွေတွေ့ရှိနိုင်ပြီ ဖြစ်သည်။

​သူသည် လက်ဝါးတစ်ချက် တိုက်ရိုက် ရိုက်ထုတ်လိုက်သည်။

​ဝုန်းးး

​ဖုန်းရွှေဆရာမှာ နက်ရှိုင်းသော ကျင်းကြီးအတွင်းသို့ တိုက်ရိုက် ရိုက်သွင်းခြင်း ခံလိုက်ရပြီး အသားစပုံကြီးအဖြစ် ပြောင်းလဲသွားတော့သည်။

​လီယန်ချူ၏ ကိုယ်ပေါ်မှ အရှိန်အဝါမှာ ခန့်ညားထည်ဝါပြီး တောက်ပလှသည်၊ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် မိုးကြိုးများ ဝန်းရံနေသည်။

​၎င်းမှာ အမှန်တကယ်ပင် နတ်ဘုရားဘုံမှ ဆင်းသက်လာသော မြင့်မြတ်သည့် နတ်မင်းကြီးကဲ့သို့ပင်။

​ထိုအချိန်တွင် ရှန်ဆန်းဆရာတော်နှင့် ဟွေ့ချင်းဆရာတော်တို့သည် အလောင်းဆိပ်မီး ကို ခရမ်းရွှေသပိတ် အတွင်းသို့ ဖမ်းယူပြီးစပင် ရှိသေးသည်။

​သူတို့သည် လီယန်ချူ၏ အရပ်မျက်နှာအနှံ့ သတ်ဖြတ်နှိမ်နင်းနေသည့် လုပ်ရပ်ကို ခုနက ကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။

​၎င်းမှာ အမှန်တကယ်ပင် မယုံကြည်နိုင်စရာပင်။

​အထူးသဖြင့် ထိုဖုန်းရွှေဆရာ၏ နည်းလမ်းများမှာ အလွန်ထူးဆန်းပြီး ခန့်မှန်းရခက်လှသည်၊ သူ့ကို အနိုင်ယူရန်ပင် အလွန်ခက်ခဲလှသည်။

​သူ၏ အတတ်ပညာကို ဖျက်ဆီးပြီး တိုက်ရိုက် အပြတ်အသတ် နှိမ်နင်းသတ်ဖြတ်နိုင်ရန်ဆိုသည်မှာ ပို၍ပင် မလွယ်ကူပေ။

​ပိုင်ဟုန်းထူသည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်၊ စောစောက လီယန်ချူသည် ကွမ်းရှင်းရဟန်းတို့ သုံးဦးကို ရင်ဆိုင်စဉ်က သူလည်း ထွက်ပြီး ကူညီရန် ကြံစည်ခဲ့သည်။

​သို့သော် လီယန်ချူတစ်ဦးတည်းနှင့် သုံးဦးကို ရင်ဆိုင်နေသည်မှာပင် အလွန်တရာ ပြင်းထန်နေသည်ကို မြင်သောအခါ သူ ထိုစိတ်ကူးကို လက်လွှတ်လိုက်သည်။

​သူသည် စိတ်ရင်းအတိုင်းပင် ရှန်ဆန်းဆရာတော်၏ သင်္ကန်းအကာအကွယ်အောက်တွင်သာ နေခဲ့သည်။

​လူတိုင်း စိတ်သက်သာရာရသွားချိန်မှာပင် ဂူသင်္ချိုင်းအခန်းတစ်ခုလုံး ရုတ်တရက် ပြင်းထန်စွာ တုန်ခါလာတော့သည်။

​ဝုန်းးး

​ဝုန်းးး

​ဝုန်းးး

​ကြီးမားသော ကျောက်တုံးကြီးများမှာ အဆက်မပြတ် ပြုတ်ကျလာပြီး၊ ပြင်းထန်စွာ လှုပ်ခါနေကာ ဖုန်မှုန့်များမှာလည်း လွင့်စင်နေသည်။

​"ဒီနေရာ ပြိုကျတော့မယ်"

​"မြန်မြန်သွား"

​"မဟုတ်ရင် ဒီမှာ အရှင်လတ်လတ် မြေမြှုပ်ခံရလိမ့်မယ်"

​ဝမ်ယွင်ထင်သည် ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။

​လူသားတို့၏ အင်အားနှင့် ယှဉ်လျှင် ဤသည်မှာသာ လောကကြီး၏ စွမ်းအား ဟု ခေါ်ဆိုနိုင်ပေလိမည်။

​ထိုနေရာတွင် ရှိနေသူများမှာ ကျင့်ကြံမှု မြင့်မားသော ကျင့်ကြံသူများ ဖြစ်ကြသော်လည်း၊ အကယ်၍ ဤဂူသင်္ချိုင်းကြီးအတွင်း အရှင်လတ်လတ် မြေမြှုပ်ခံရပါက အသက်ရှင်ရန် ခက်ခဲပေလိမည်။

​လီယန်ချူ၏ အကြည့်မှာ စင်မြင့်ထက်သို့ ရောက်သွားသည်၊ မူလက ကြေးညိုခေါင်းတလား ရှေ့တွင် ရပ်နေသော ထို အစီရင်ချပ်ဝတ် မှာ ပျောက်ကွယ်သွားပြီ ဖြစ်သည်။

​မည်သည့်နေရာသို့ ရောက်သွားသည်ကို မသိရပေ

​သူ၏ အကြည့်မှာ ချက်ချင်းပင် စူးရှသွားသည်၊ သို့သော် ယခုအချိန်တွင် မြေငလျင်လှုပ်သကဲ့သို့ တုန်ခါနေပြီး ဂူသင်္ချိုင်းအခန်းမှာလည်း ပြိုကျတော့မည် ဖြစ်သည်။

​ထို့ကြောင့် သူသည် လူတိုင်းနှင့်အတူ အပြင်သို့ ပြေးထွက်ခဲ့သည်။

​ထိုဂူသင်္ချိုင်းအခန်းမှာ တောင်ကို ထွင်းဖောက်ကာ တည်ဆောက်ထားခြင်း ဖြစ်သဖြင့် အကယ်၍ ပြိုကျခဲ့ပါက အင်အားကြီးမားသူပင် ဖြစ်စေ လွတ်မြောက်ရန် ခက်ခဲပေလိမည်။

​လူတိုင်း အပြင်သို့ အပြိုင်အဆိုင် ပြေးထွက်ခဲ့ကြသည်။

​မှောင်မည်းနေသော ဂူလမ်းကြောင်းတစ်ခုအတွင်း၌ မိမိ၏ လက်ချောင်းကိုပင် မမြင်ရလောက်အောင် မှောင်နေသည်။

​"အဟွတ် အဟွတ် အဟွတ်"

​ပိုင်ဟုန်းထူသည် ဖုန်မှုန့်များကြောင့် မွန်းကျပ်ကာ ချောင်းအဆက်မပြတ် ဆိုးနေသည်။

​"ပိုင်ကြီး၊ မင်း ဘာဖြစ်သေးလဲ"

​နောက်ကျောဘက်မှ လီယန်ချူ၏ အသံ ရုတ်တရက် ထွက်ပေါ်လာသည်။

​ပိုင်ဟုန်းထူသည် ပါးစပ်ထဲမှ မြေကြီးများကို ထွေးထုတ်လိုက်ပြီး

"ငါ ဘာမှမဖြစ်ပါဘူး"

ဟု ပြန်ပြောလိုက်သည်။

​သူသည် ရင်ဘတ်ထဲမှ အရည်အသွေးကောင်းမွန်သော မီးခြစ်စံ ကို ထုတ်ယူကာ အသာအယာ မှုတ်လိုက်သည်။

​မီးခြစ်စံမှာ ချက်ချင်း လင်းထိန်လာသည်။

​သူ၏ ပတ်ဝန်းကျင်ကို လင်းထိန်သွားစေသည်။

​မော့ကြည့်လိုက်ရာ လီယန်ချူ၏ ထင်ရှားပြတ်သားသော မျက်နှာကို တွေ့လိုက်ရသည်။

​"မင်းရဲ့ ဒီမီးခြစ်စံက နောက်ဆုံးတော့ အသုံးဝင်လာပြီပဲ "

​လီယန်ချူသည် ပိုင်ဟုန်းထူ ဘာမှမဖြစ်သည်ကို မြင်သောအခါ စိတ်သက်သာရာရသွားသည်။

​စောစောက အခြေအနေမှာ အလွန်ပင် စိုးရိမ်စရာကောင်းလှသည်၊ သူတို့ ဂူလမ်းကြောင်းတစ်ခုအတွင်းသို့ ဆုတ်ခွာလိုက်သည်နှင့် နောက်ကွယ်ရှိ အဓိကဂူသင်္ချိုင်းအခန်းမှာ ချက်ချင်း ပြိုကျသွားပြီး ကျောက်တုံးကြီးများမှာ အထပ်ထပ် ကျဆင်းလာသည်။

​ဘေးပတ်ပတ်လည်ရှိ ဂူလမ်းကြောင်းများမှာလည်း ထိခိုက်မှုရှိပြီး နေရာအတော်များများ ပြိုကျကုန်သည်။

​ကံကောင်းသည်မှာ လူတိုင်းမှာ ကျွမ်းကျင်သော ကျင့်ကြံသူများ ဖြစ်ကြသည်၊ မဟုတ်ပါက ကြေးညိုဂူတံခါးရှိ ပြင်းထန်သော အဆိပ်ငွေ့များ ကြောင့်ပင် အသက်ဆုံးရှုံးနိုင်ပေသည်။

​ယခုအခါ အားလုံးမှာ စောစောက အဓိကဂူသင်္ချိုင်းအခန်းနှင့် ဝေးကွာသွားပြီ ဖြစ်ပြီး၊ အလျင်စလိုနှင့် ကွေ့ကောက်နေသော ဂူလမ်းကြောင်းတစ်ခုအတွင်းသို့ ရောက်ရှိလာခြင်း ဖြစ်သည်။

​ဤကဲ့သို့ လွတ်မြောက်လာသည့် အရှိန်မှာ အလွန်မြန်သည်ဟု ဆိုနိုင်သည်။

​ရှန်ဆန်းဆရာတော်တို့မှာလည်း အနီးအနားတွင် ရှိနေကြသည်။

​ဟွေ့ကျိန်းဆရာတော် တစ်ဦးသာလျှင် မူလကပင် ဒဏ်ရာပြင်းထန်နေသဖြင့် စောစောက ကျောက်တုံးကြီး တစ်တုံးမှာ သူ၏ နောက်ကျောသို့ ကံဆိုးစွာ ကျရောက်ခဲ့သည်။

​အကယ်၍ ဤချင်းလုံကျောင်းတိုက်မှ ဆရာတော်မှာ ဗုဒ္ဓဘာသာ ရွှေကိုယ်ထည် ကို ကျင့်ကြံမထားပါက ထိုတစ်ချက်တည်းနှင့်ပင် အသက်ပျောက်သွားနိုင်ပေသည်။

​ဝမ်ယွင်ထင်ဆိုသည့် ထိုသင်္ချိုင်းတူးသမား မှာ မူလက လမ်းပြအဖြစ် ပထမတန်းတွင် ရှိနေရသူ ဖြစ်သည်။

​အသတ်ခံရရန် အလွန်လွယ်ကူသော နေရာဖြစ်သည်။

​သို့သော် လမ်းတစ်လျှောက် ဘေးအန္တရာယ် အမျိုးမျိုးကို ကြုံတွေ့ခဲ့ရပြီး၊ ခုံးမင်ဆရာတော်နှင့် ဝူအသရဲအိုကြီးကဲ့သို့သော အဆင့်မြင့်ကျွမ်းကျင်သူများပင် ဂူသင်္ချိုင်းအတွင်း သေဆုံးသွားခဲ့ကြသော်လည်း၊ သူကမူ ဘာမှမဖြစ်ဘဲ ဘေးကင်းနေဆဲ ဖြစ်သည်။

​ယခုအခါ လူတိုင်း ထွက်ပေါက်ကို စတင်ရှာဖွေကြရာ ဝမ်ယွင်ထင်မှာ အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လာသည်။

​ဂူသင်္ချိုင်းအတွင်းရှိ ဂူလမ်းကြောင်းများစွာမှာ ခုနက ပြိုကျမှုကြောင့် ပိတ်ဆို့နေသော်လည်း...

​ဝမ်ယွင်ထင်သည် သင်္ချိုင်းတူးသမား၏ ကျွမ်းကျင်မှုဖြင့် ထိုကွေ့ကောက်နေသော လမ်းကြောင်းများကြားမှ ထွက်ပေါက်ကို ရှာဖွေတွေ့ရှိခဲ့သည်။

​"ဒီနေရာက အပြင်ကို သွားတဲ့ အဓိကလမ်းကြောင်း ဖြစ်ရမယ်၊ ဒီနံရံကို ဖောက်လိုက်ရင် ဂူသင်္ချိုင်းအခန်းထဲ ရောက်ပြီး အပြင်ကို ထွက်လို့ရပြီ "

​ဝမ်ယွင်ထင်သည် နံရံတစ်ခုကို ညွှန်ပြကာ လေးနက်စွာ ပြောလိုက်သည်။

​ယွမ်ရိတာအိုဆရာက သူ့ကို တစ်ချက်ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။

​ထို့နောက် ဓားဖြင့် တိုက်ရိုက် ခုတ်ပိုင်းလိုက်သည်။

​ဝုန်းးး

​နံရံမှာ ဟင်းလင်းပြင်ကြီးတစ်ခု ပွင့်သွားသော်လည်း အခြားနေရာများမှာ မလှုပ်မယှက် ရှိနေသည်။

​နံရံပွင့်သွားသည်နှင့် အလင်းရောင်များ ထွက်ပေါ်လာသည်။

​၎င်းမှာ အမှန်တကယ်ပင် အခြားဂူသင်္ချိုင်းအခန်းတစ်ခု ဖြစ်နေသည်။

​လူတိုင်း ဂူသင်္ချိုင်းအခန်းအတွင်းသို့ ဝင်လိုက်သည်နှင့် မီးလျှံများမှာ တစ်ခုပြီးတစ်ခု တောက်လောင်လာသည်။

​ဂူသင်္ချိုင်းအခန်းတစ်ခုလုံး လင်းထိန်သွားတော့သည်။

​၎င်းတို့မှာ ကျောက်ဆစ်ထားသော ဖယောင်းတိုင်ခုံများပင် ဖြစ်သည်။

​သို့သော်...

​လူတိုင်း အထဲသို့ ဝင်ပြီးနောက်တွင်မူ အသက်ရှူရပ်မတတ် ဖြစ်သွားကြပြီး အကြည့်များတွင်လည်း သတိထားမှုများ ပြည့်နှက်နေသည်။

​ဤဂူသင်္ချိုင်းအခန်းအတွင်း၌ လူများမှာ အစီအရီ ပြည့်နှက်နေသည်

​အတိအကျ ပြောရမည်ဆိုလျှင် စစ်သည်ရုပ်တု များပင် ဖြစ်သည်။

​တစ်ခုချင်းစီမှာ ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားပြီး၊ ထက်မြက်သော ကြေးညိုလှံရှည်များကို ကိုင်ဆောင်ထားကာ စစ်မြေပြင်၏ သတ်ဖြတ်လိုသော အရှိန်အဝါများမှာ ရိုက်ခတ်လာသည်။

​သာမန်စစ်သည်ရုပ်တုများသာမက ရဲရင့်ပြတ်သားသော မြင်းစီးစစ်သည်များ၊ လေးနှင့်မြှားကို လွယ်ထားသူများလည်း ပါဝင်ပြီး သူတို့ စီးနင်းထားသော စစ်မြင်းများ၏ အမူအရာမှာလည်း ခန့်ညားလှသည်။

​"ဒါတွေက ခုနက ယင်စစ်သည်လမ်းလျှောက်ခြင်း မှာ ပါတဲ့ ယင်စစ်သည်တွေရဲ့ ကိုယ်ထည်တွေများလား "

​ပိုင်ဟုန်းထူသည် အံ့သြသော မျက်နှာထားဖြင့် တိုးတိုးလေး ပြောလိုက်သည်။

​ထိုစစ်သည်ရုပ်တုများမှာ ထိုနေရာတွင်ပင် မလှုပ်မယှက် ရပ်နေကြသည်။

​မီးအလင်းရောင်မှာ သူတို့၏ မျက်နှာပေါ်သို့ ကျရောက်နေသဖြင့် အနည်းငယ် ကြောက်မက်ဖွယ်ကောင်းနေသည်။

​လူကို စိတ်ထဲမှနေ၍ ချမ်းစိမ့်သွားစေသည်။

​ပိုင်ဟုန်းထူ၏ စကားကြောင့် လူတိုင်း သတိထားမိသွားကြသည်၊ အကယ်၍ ထိုနေရာသည် ထိုယင်စစ်သည်များ၏ မူလခန္ဓာကိုယ်များ ရှိရာနေရာ ဖြစ်နေပါက...

​မိမိတို့အားလုံးသည် ကျော့ကွင်းထဲ ကိုယ်တိုင်တိုးဝင်မိခြင်း ဖြစ်နေပြီလား။

​အခန်း (၁၃၆) - ပျောက်ကွယ်သွားခြင်း

​ထိုဂူသင်္ချိုင်းအခန်းအတွင်းရှိ စစ်သည်ရုပ်တုများမှာ များပြားလှပြီး တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် မည်းနက်နေအောင် ပြည့်နှက်နေသည်။

​ဂူအတွင်းရှိ လေထုမှာလည်း ချက်ချင်းပင် အလွန်တရာ ဖိစီးမွန်းကျပ်လာတော့သည်။

​ဝမ်ယွင်ထင်က လေးနက်စွာ ပြောလိုက်သည်

"ကျွန်တော် အကြည့်မမှားဘူးဆိုရင် ဒီဂူသင်္ချိုင်းအခန်းကနေ ထွက်သွားရင် အပြင်ကိုသွားတဲ့လမ်းကို ရှာတွေ့နိုင်မှာပါ "

​"ဒါပေမဲ့ တကယ်လို့ ဂူတံခါးက ပိတ်ဆို့ခံထားရရင်ဖြစ်ဖြစ်၊ ဒါမှမဟုတ် ဒီထဲက စစ်သည်ရုပ်တုတွေမှာ တစ်ခုခု ထူးဆန်းနေရင်ဖြစ်ဖြစ်..."

​သူ၏ အသံမှာ အနည်းငယ် တိုးညှင်းသွားသည်၊ ဤကဲ့သို့ စစ်သည်ရုပ်တုများ ပြည့်နှက်နေသော ဂူထဲသို့ ရုတ်တရက် ဝင်လာရခြင်းမှာ သူကိုယ်တိုင်လည်း ဖိအားအလွန်များနေသည်။

​အနည်းငယ်မျှ သတိလွတ်သွားသည်နှင့် ဘေးအန္တရာယ်အတွင်း ကျရောက်သွားနိုင်သည်။

​ရှန်ဆန်းဆရာတော်က အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။

​"ကောင်းပြီ၊ ဒါဆိုရင်တော့ ဒကာတော်ပဲ လမ်းပြပေးပါဦး "

​သူသည် ကျင့်ကြံမှုရှိသော မြင့်မြတ်သည့် ဆရာတော်တစ်ပါး ဖြစ်သည်၊ လမ်းတစ်လျှောက်တွင် အဖွဲ့ထဲမှ သစ္စာဖောက် အများအပြား ပေါ်ထွက်ခဲ့သော်လည်း "လူကိုသုံးလျှင် မယုံကြည်ခြင်း မရှိစေရ" ဟူသော မူကို ဆုပ်ကိုင်ထားဆဲ ဖြစ်သည်။

​ထို့ကြောင့် ဝမ်ယွင်ထင်ကို ဆက်လက်ယုံကြည်ရန် ရွေးချယ်ခဲ့သည်။

​သူက သဘောထား ဖော်ပြလိုက်သည်နှင့် လူတိုင်းမှာလည်း စွန့်စားကာ ထိုဂူအတွင်းရှိ စစ်သည်ရုပ်တုများကြားမှ ဖြတ်ကျော်ရန် နောက်ကလိုက်ခဲ့ကြသည်။

​လီယန်ချူနှင့် ပိုင်ဟုန်းထူတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသော်လည်း ဘာမျှမပြောပေ။

​သို့သော် ဝမ်ယွင်ထင်၏ အနားသို့ အနည်းငယ် တိုးကပ်သွားကြသည်။

​ဤတစ်ခေါက် သင်္ချိုင်းထဲသို့ ဆင်းရာတွင် သင်္ချိုင်းအတွင်းရှိ ဘေးအန္တရာယ်မှာ တစ်ဖက်၊ အတူပါလာသူများ၏ အဆက်မပြတ် နောက်ကျောကို ဓားနှင့်ထိုးခြင်း ကသာ လူကို ပို၍ ခေါင်းခဲစေသည်။

​ဝမ်ယွင်ထင်သည် ချက်ချင်းပင် စိတ်လှုပ်ရှားသွားသည်။

​"ဒီတာအိုဆရာ လီယန်ချူက ငါ သူတို့ကို ဒီဂူထဲ ခေါ်လာတာ တစ်ခုခု မသမာတာ လုပ်ဖို့လို့ ထင်နေတာလား မသိဘူး "

​ဝမ်ယွင်ထင်သည် ချင်းယွန်းကျောင်းတိုက်မှ လူနှစ်ဦးကို တစ်ချက်ကြည့်လိုက်သည်။

​ထိုနှစ်ဦးစလုံးမှာ သူ့ကို နွေးထွေးပျူငှာသော အပြုံးများ ပြနေကြသည်ကို တွေ့လိုက်ရသည်။

​ကလောက်

​နားထဲတွင် ရုတ်တရက် အသံတစ်ချက် ကြားလိုက်ရသည်။

​ဝမ်ယွင်ထင်မှာ ချက်ချင်း ထိတ်လန့်သွားပြီး လွှတ်ခနဲ ပြောလိုက်သည်

"ကျွန်တော် သစ္စာဖောက် မဟုတ်ပါဘူး "

​သူသည် ထိုလူနှစ်ဦးက သူ့ကို ဓားနှင့်ခုတ်ပြီး အရိုးပြာ ဖြစ်အောင် လုပ်လိုက်မှာကို ကြောက်နေမိသည်။

​လီယန်ချူမှာ ခဏမျှ ကြောင်သွားသည်။

​ပိုင်ဟုန်းထူက ပြုံးကာ ပြောလိုက်သည်

"ဝမ်ညီအစ်ကို၊ ဘာတွေ ပြောနေတာလဲ "

​"လမ်းတစ်လျှောက်လုံး မင်းပဲ လမ်းပြပေးခဲ့တာလေ၊ တကယ်လို့ မင်းသာ သူလျှိုဆိုရင် ငါတို့ ခုနက လွတ်လာမှာ မဟုတ်ဘူး "

​ဝမ်ယွင်ထင်သည် ရှက်ကိုးရှက်ကန်းနှင့် ရယ်လိုက်မိသည်၊ ထိုအခါမှ သူ ခုနက ကျောက်စအစအနတစ်ခုကို နင်းမိလိုက်ခြင်းဖြစ်ကြောင်း သတိပြုမိတော့သည်။

​ဂူသင်္ချိုင်းကြီး တုန်ခါနေသဖြင့် ထိုအခန်းမှာလည်း ထိခိုက်မှုရှိနေပြီး မြေပြင်ပေါ်တွင် ကျောက်စအစအနအချို့ ရှိနေခြင်း ဖြစ်သည်။

​"ပိုင်သခင်လေးကို ရယ်စရာ ဖြစ်သွားစေပြီ၊ ကျွန်တော် က လူတိုင်းကို ဒီအခန်းထဲ ခေါ်လာတာကြောင့် ချိကဲဘက်ဂိုဏ်း အကြွင်းအကျန်လို့ အထင်မှားခံရမှာ ကြောက်လို့ပါ "

​ဝမ်ယွင်ထင်သည် နူးညံ့သော စာဆိုတစ်ဦးကဲ့သို့ ဝတ်ဆင်ထားသော်လည်း ယခုအချိန်တွင်မူ အနည်းငယ် ပွင့်လင်းရိုးသားပုံ ပေါက်နေသည်။

​ပိုင်ဟုန်းထူက ခပ်ပြုံးပြုံးပင် နေလိုက်သည်။

​လီယန်ချူက တိုးညှင်းစွာ ပြောလိုက်သည်

"ဝမ်ညီအစ်ကို အများကြီး မတွေးပါနဲ့၊ ခုနက ငါတို့ နှစ်ယောက် မင်းအနား ကပ်သွားတာက လမ်းပြဖြစ်တဲ့ မင်းမှာ တစ်ခုခု အပြောင်းအလဲဖြစ်မှာ စိုးလို့ပါ"

​"အခု အားလုံးက ဂူထဲမှာ ပိတ်မိနေတာဆိုတော့ အတူတူ ပူးပေါင်းဆောင်ရွက်သင့်ပါတယ် "

​"အချင်းချင်း သံသယဝင်နေရင် စိတ်ထဲမှာ သကင်္ာမကင်း ဖြစ်လာပြီး မိစ္ဆာတွေနဲ့ လူယုတ်မာတွေရဲ့ အခွင့်ကောင်းယူတာကို ခံရလိမ့်မယ် "

​ထိုစကားများမှာ အလွန်ပင် တရားမျှတပြီး ခန့်ညားလှသည်။

​ဝမ်ယွင်ထင်သည် စိတ်သက်သာရာရသွားကာ လက်ယှက်၍ ဂါရဝပြုလိုက်သည်

"တာအိုဆရာရဲ့ စိတ်ထားက တကယ်ကို လေးစားဖို့ ကောင်းပါတယ်၊ ကျွန်တော်ကပဲ အလွန်အမင်း စိုးရိမ်နေမိတာပါ "

​အဖွဲ့သားများသည် စစ်သည်ရုပ်တုများ၏ အစီအရင်ကြားမှ သတိထားကာ ဖြတ်ကျော်ခဲ့ကြသည်။

​လီယန်ချူ သတိပြုမိသည်မှာ ထိုနေရာရှိ စစ်သည်ရုပ်တု တစ်ခုချင်းစီမှာ ရုပ်ချင်းမတူကြဘဲ အသက်ဝင်လှသည်၊ လူအစစ်နှင့်ပင် တူလှသည်။

​စိတ်ထဲမှလည်း မချီးကျူးဘဲ မနေနိုင်ပေ။

​"ဒီ မဟာရှ မင်းဆက်ရဲ့ စစ်သည်ရုပ်တု ဖုတ်လုပ်တဲ့ နည်းပညာက တကယ်ကို အဆင့်မြင့်လှတယ် "

​စောစောက ယွမ်ရိတာအိုဆရာက နံရံကို ဓားနှင့်ခုတ်လိုက်စဉ်ကပင် စစ်သည်ရုပ်တုများမှာ ထူးခြားမှု မရှိခဲ့ပေ။

​ထိုအချက်ကို ကြည့်ခြင်းအားဖြင့် အသံထွက်ပေါ်ရုံမျှနှင့် ထိုရုပ်တုများကို နိုးထစေမည့် အခြေအနေ မဟုတ်ကြောင်း သိနိုင်သည်။

​အဖွဲ့သားများ အရင်က ယင်စစ်သည်လမ်းလျှောက်ခြင်း နှင့် ကြုံတွေ့ခဲ့ရသည်မှာ အဓိကအားဖြင့် ထိုယင်ယန်ဆရာ လက်ထဲရှိ အမွှေးတိုင် ကြောင့်သာ ဖြစ်ပေလိမည်။

​ဤသည်ကို တွေးမိသောအခါ...

​လီယန်ချူသည် ချိကဲဘက်ဂိုဏ်း၏ ယုတ်မာလှသော ရည်ရွယ်ချက်ကို ပို၍ပင် မုန်းတီးလာမိသည်။

​သူတို့ရဲ့ စိတ်ဓာတ်က တကယ်ကို ရက်စက်လွန်းလှသည်။

​မှောင်မည်းပြီး တိတ်ဆိတ်လှသော ဂူအတွင်း၌ လူတိုင်း၏ ခြေသံနှင့် အသက်ရှူသံမှလွဲ၍ အခြားအသံ မရှိပေ။

​အဖွဲ့သားများ ဂူအခန်းကို အောင်မြင်စွာ ဖြတ်ကျော်ပြီး ဂူတံခါးဝသို့ ရောက်ရှိချိန်မှာပင်...

​အဖွဲ့၏ နောက်ဆုံးမှ လိုက်လာသော ချန်အဘွားအိုက ရုတ်တရက် အော်ဟစ်လိုက်သည်။

​"မကောင်းတော့ဘူး "

​"ဟွေ့ကျိန်းဆရာတော် ပျောက်သွားပြီ "

​လူတိုင်း ချက်ချင်းပင် လှည့်ကြည့်လိုက်ကြပြီး အံ့သြတကြီး ဖြစ်သွားကြသည်။

​တကယ်ပင် ဟွေ့ကျိန်းဆရာတော်၏ ပုံရိပ်ကို မတွေ့ရတော့ပေ။

​လီယန်ချူသည် မျက်မှောင်ကြုတ်ကာ ရှေ့သို့ တက်သွားပြီး မေးလိုက်သည်

"အဘွား၊ ခုနက တစ်ခုခု ထူးခြားတဲ့ အသံများ ကြားလိုက်မိသေးလား "

​ချန်အဘွားအိုက ခေါင်းခါပြသည်၊ သူမ၏ မျက်နှာမှာလည်း လေးနက်နေသည်

"ခုနက ဆရာတော်က ကျွန်မဘေးမှာပဲ ရှိသေးတာ၊ မျက်စိတစ်မှိတ်အတွင်းမှာပဲ ပျောက်သွားတာ "

​လူတိုင်း၏ စိတ်ထဲတွင် အေးစိမ့်သော ခံစားချက်တစ်ခု ပေါ်လာသည်။

​စစ်သည်ရုပ်တုများ ပြည့်နှက်နေသော ထိုအခန်းကို ကြည့်ရင်း စိတ်ထဲတွင် ကျောက်တုံးကြီးတစ်ခုနှင့် ဖိထားသကဲ့သို့ ခံစားလိုက်ရသည်။

​ဤဂူတံခါးဝကို လူတိုင်း မြင်နေရပြီ ဖြစ်ပြီး၊ ၎င်းမှာ ပိတ်ဆို့မနေဘဲ အပြင်ဘက် ဂူလမ်းကြောင်းသို့ ဆက်သွယ်ထားသည်။

​ယခုကဲ့သို့ အချိန်မျိုးမှာမှ အဖွဲ့ထဲမှ လူတစ်ယောက်မှာ အသံတိတ် ပျောက်ကွယ်သွားလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ပေ။

​"လူကို ရှာရမယ်၊ ဒီတစ်ခေါက် သင်္ချိုင်းထဲ ဆင်းရာမှာ သေတဲ့လူက အတော်များနေပြီ "

​ရှန်ဆန်းဆရာတော်၏ အသံမှာ ပြတ်သားနေပြီး ဖုံးကွယ်မရသော ဝမ်းနည်းမှုများလည်း ပါဝင်နေသည်။

​"မှန်တယ်၊ လူကို ရှာမတွေ့ရင် ဒီဂူသင်္ချိုင်းအခန်းတစ်ခုလုံးကို မြေလှန်ပစ်မယ် "

​အံ့ဩစရာကောင်းသည်မှာ ဤစကားကို ပြောလိုက်သူမှာ လမ်းတစ်လျှောက် စကားအလွန်နည်းသော ယွမ်ရိတာအိုဆရာပင် ဖြစ်သည်။

​သူ၏ လက်ထဲမှ ဓားရှည်မှာ အေးစက်သော အလင်းတန်းများ ထွက်ပေါ်နေသည်။

​အပြောင်းအလဲ အမျိုးမျိုး ကြုံတွေ့နေရသော်လည်း ထိုယုံရှင်းကျောင်းတိုက်၏ ကျောင်းထိုင်ဆရာကြီးမှာ ခန့်ညားထည်ဝါသော အရှိန်အဝါ ရှိနေဆဲ ဖြစ်သည်။

​လူတိုင်းသည် ဟွေ့ကျန်းဆရာတော်ကို ရှာဖွေရန် မူလလမ်းအတိုင်း ပြန်လှည့်ခဲ့ကြသည်။

​လီယန်ချူမှာမူ မျက်မှောင်ကြုတ်ထားဆဲ ဖြစ်သည်။

​ခုနက သူကိုယ်တိုင်လည်း မည်သည့်အသံမျှ မကြားလိုက်မိပေ။

​ဟွေ့ကျိန်းဆရာတော်ကဲ့သို့သော ကျွမ်းကျင်သူတစ်ဦးကို အသံတိတ် ပျောက်ကွယ်သွားအောင် လုပ်နိုင်သည်ဆိုပါက...

​ထိုဂူသင်္ချိုင်းအခန်း၏ အန္တရာယ်မှာ ဟိုအဓိကဂူသင်္ချိုင်းထက် မလျော့နိုင်ပေ။

​ဝမ်ယွင်ထင်မှာလည်း မျက်နှာပျက်နေသည်၊ သူသည် မြေပြင်အောက်တွင် ထောင်ချောက်များ ရှိမရှိကို ခြေဖျားဖြင့် အသာအယာ နင်းကာ စမ်းသပ်နေသည်။

​"မဖြစ်နိုင်တာ "

​"ဘာလို့ ရုတ်တရက်ကြီး ပျောက်သွားတာလဲ"

​သူသည် ကိုယ်ခံပညာ အသင့်အတင့် ရှိသော်လည်း ဟွေ့ကျိန်းဆရာတော်ကိုမူ မယှဉ်နိုင်ကြောင်း မိမိကိုယ်ကိုယ် သိသည်။

​ဆိုလိုသည်မှာ...

​သူကိုယ်တိုင်လည်း အချိန်မရွေး ဒုက္ခရောက်သွားနိုင်သည်။

​ရုတ်တရက်

​ဝမ်ယွင်ထင်၏ မျက်နှာမှာ ပျက်သွားပြီး ဘေးပတ်ပတ်လည်ကို အပြင်းအထန် လှည့်ကြည့်လိုက်သည်။

​ခုနကတင် ရှန်ဆန်းဆရာတော်သည် သူ၏ ညာဘက်အနားတွင် ကာကွယ်ပေးထားဆဲ ဖြစ်သည်။

​သို့သော် ယခုအချိန်တွင် ရှန်ဆန်းဆရာတော်မှာ ရုတ်တရက် ပျောက်ကွယ်သွားပြီ ဖြစ်သည်။

​ဝမ်ယွင်ထင်သည် ကျောရိုးမှတစ်ဆင့် ဦးခေါင်းအထိ အေးစိမ့်သွားကာ လက်ခြေများ တုန်ယင်လာတော့သည်။

​ရှန်ဆန်းဆရာတော်သည် ဤခရီးစဉ်ကို ဦးဆောင်သူဖြစ်ပြီး သူ၏ ကျင့်ကြံမှုမှာ အတိုင်းအဆမရှိ နက်ရှိုင်းလှသည်။

​သူတောင်မှ...

​သို့သော် မကြာမီမှာပင် ဝမ်ယွင်ထင်၏ မျက်နှာမှာ လူသေကဲ့သို့ ဖြူလျော့သွားတော့သည်။

​ရှန်ဆန်းဆရာတော် တစ်ဦးတည်း မဟုတ်ပေ၊ ယွမ်ရိတာအိုဆရာ၊ ချန်အဘွားအို၊ လီယန်ချူ၊ ပိုင်ဟုန်းထူ စသည့် လူအားလုံးမှာလည်း ပျောက်ကွယ်သွားကြပြီ ဖြစ်သည်။

​အလွန်ကြီးမားလှသော ဤဂူအတွင်း၌ အသက်မဲ့နေသော စစ်သည်ရုပ်တုများမှလွဲ၍...

​သူတစ်ဦးတည်းသာ ကျန်ရစ်တော့သည်

​"ဒါက ဘယ်လိုဖြစ်ရတာလဲ"

​ဝမ်ယွင်ထင်၏ နောက်ကျောမှာ ချွေးများဖြင့် ချက်ချင်း စိုရွှဲသွားတော့သည်။

​"ရှန်ဆန်းဆရာတော်"

​"ယွမ်ရိတာအိုဆရာ "

​"..."

​"အားလုံးပဲ... ဘယ်ရောက်ကုန်ကြတာလဲ"

​ဝမ်ယွင်ထင်သည် တံတွေးကို ခက်ခဲစွာ မျိုချလိုက်ပြီး ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

​သူ၏ အသံမှာ ဂူအတွင်း၌ ပဲ့တင်ထပ်နေသော်လည်း...

​မည်သူမျှ ပြန်မထူးပေ

​အရပ်မျက်နှာအနှံ့ သတ်ဖြတ်နှိမ်နင်းနိုင်တဲ့ တာအိုဆရာ လီယန်ချူတောင်မှ မရှိတော့ပေ

​ဝမ်ယွင်ထင်သည် ဂူတံခါးဝရှိရာသို့ ရုတ်တရက် မော့ကြည့်လိုက်သည်၊ သူ စိတ်ဓာတ်တွေ ပြိုလဲနေပြီ။

​သူသည် စဉ်းစားမနေတော့ဘဲ မိမိ၏ အမြန်ဆုံး အရှိန်ဖြင့် အပြင်ဘက်သို့...

​ထွက်ပြေးတော့သည်

​သင်္ချိုင်းတူးသမား များသည် ဂူသင်္ချိုင်းများအတွင်း ကျင်လည်ကျက်စားရသူများ ဖြစ်သဖြင့် သူတို့၏ လှုပ်ရှားမှုမှာလည်း အလွန်ပင် လျင်မြန်လှသည်။

​အသက်ရှူသံ အနည်းငယ်အတွင်းမှာပင် သူသည် စစ်သည်ရုပ်တု အစီအရင်များကြားမှ ရုန်းထွက်နိုင်ခဲ့သည်။

​ဂူတံခါးမှာ မျက်စိရှေ့တွင် ရှိနေသည်။

​ဝမ်ယွင်ထင် စိတ်ထဲတွင် အနည်းငယ် သက်သာရာရသွားသည်၊ ဤဂူသင်္ချိုင်းအခန်းမှာ အလွန်ပင် ထူးဆန်းလွန်းလှသည်။

​သူ ဤနေရာကနေ အမြန်ဆုံး ထွက်သွားရမည်။

All Chapters